မိမိရဲ့ Extended Response ကိုအဓိက အပိုင်းသုံးပိုင်းနဲ့ အကဲဖြတ်အမှတ်ပေးမယ်ဆိုတာသိရဲ့လား။ အဲ့တာတွေကဘာတွေလဲ..? ဘာကြောင့်အရေးကြီးရတာလဲ..? မစိုးရိမ်ပါနဲ့။Tr.Kay ကပိုပြီးနားလည်သဘောပေါက်အောင် ကျောင်းသားတွေအတွက်မျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်။👩🏻🏫📌
1️⃣Analysis of Arguments and Use of Evidence (2 points):
စာပိုဒ်နှစ်ခုထဲက အကြောင်းပြချက်တွေကိုရေးသားရတဲ့အခါမှာ မိမိကဘယ်လောက် နားလည်ပြီးသုံးသပ်နိုင်လဲဆိုတာစစ်ဆေးမှာဖြစ်ပါတယ်။ အဓိကအားဖြင့်ဘယ်အကြောင်းပြချက်က ပိုအားကောင်းတယ်ဆိုတာကို ထောက်ခံဖို့ စာသားထဲက တိကျပြီးသက်ဆိုင်တဲ့ အထောက်အထားတွေကို ဘယ်လောက် ထိရောက်စွာ အသုံးပြုနိုင်လဲဆိုတာရယ်၊ မိမိရဲ့အရေးအသားဟာ 'ထိုအကြောင်းပြချက်တွေကို သုံးသပ်တဲ့အလုပ်ကိုပဲ အာရုံစိုက်ထားသလား၊ ဒါမှမဟုတ် စာသားကို အကျဉ်းချုပ်တာ (သို့) မိမိရဲ့ ထင်မြင်ချက်ကို ပြောနေတာလား' ဆိုတာစစ်ဆေးပြီးအမှတ်ပေးတဲ့အပိုင်းပဲဖြစ်ပါတယ်။
2️⃣Development of Ideas and Organizational Structure (2 points): ဘယ်အကြောင်းပြချက်တွေကတော့ မိမိရဲ့အဓိကအချက် (thesis) ကို ဘယ်လောက်ထိ ရှင်းရှင်းလင်းလင်းနဲ့ ယုတ္တိရှိရှိ တင်ပြနိုင်လဲဆိုတာကိုစစ်ဆေးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်စာသားထဲက Evidence တွေနဲ့ ပံ့ပိုးပြီး မိမိရဲ့ အိုင်ဒီယာကို ဘယ်လောက်ကောင်းအောင်ရေးသားနိုင်လဲဆိုတာအပြင် ရှင်းလင်းတဲ့ နိဒါန်း (Intro)၊ ကိုယ်ထည်ပိုဒ်တွေ(Body)နဲ့ နိဂုံး(Conclusion)နဲ့အတူ မိမိရဲ့ Essay ကိုတကယ်ပဲထိရောက်စွာ ဖွဲ့စည်းနိုင်ရဲ့လား ဆိုတာကိုပါစစ်ဆေးတာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ Transition Words တွေကို မှန်ကန်စွာသုံးတတ်ရဲ့လားဆိုတာပါစစ်ဆေးပြီးအမှတ်ပေးခြင်းဖြစ်ပါတယ်။
3️⃣Clarity and Command of Standard English Conventions (2 points): Standard English ကိုအသုံးပြုပြီး မိမိရဲ့အိုင်ဒီယာနဲ့စာပိုဒ်ရေးသားတဲ့အခါထိရောက်စွာသုံးထားလား၊မသုံးထားလား ဆိုတာစစ်ဆေးတာပဲဖြစ်ပါတယ်။ ဝါကျတည်ဆောက်ပုံ၊ သဒ္ဒါ၊ ပုဒ်ဖြတ်ပုဒ်ရပ်၊ စာလုံးပေါင်းနဲ့ စကားလုံးရွေးချယ်မှုတွေကို ဂရုတစိုက်ပြန်စစ်ရပါမယ်။ သိထားသင့်တာကတစ်ချို့အသေးအဖွဲ အမှားတွေက ဖယ်ရှောင်သွားလို့ရပေမဲ့လည်း၊ ဖယ်ရှောင်တာတွေများလာတဲ့အခါ ကြီးမားတဲ့အမှားကြီးတစ်ခုဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့်မို့ကျောင်းသားတွေ ဂရုစိုက်သင့်ဆုံးသည် စာကိုဖြေပြီးတိုင်း ပြန်စစ်ဖို့လိုအပ်တာပါပဲ။ ဒီအပိုင်းမှာထည့်သွင်းအမှတ်ယူခြင်းသည် မိမိရဲ့ ပြန်လည်စစ်ဆေးနိုင်မှုအပေါ်မှာ မူတည်နေတာကြောင့်ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ Extended Response ရဲ့အမှတ်ပေးစည်းမျဉ်းအကြောင်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။
Always remember, you can't change the past studying you've done, but you can control your mindset and effort right now. Focus on staying calm, reading carefully, and doing your best on each question..!🙇🏻♀️💓
#TrKay
❤16👏5👍1
May I have your attention please⁉️
RLA ရဲ့ Extended Response ကပုံမှန်ဆိုရင် တစ်နှစ်မှာ ခေါင်းစဉ်နှစ်ခုကိုပဲပေးပြီးလှည့်မေးတာပါ။ 2025 ရဲ့နှစ်စမှာဆို အားလုံးသိကြတဲ့အတိုင်း Green Energy နဲ့ High-speed Rail ဆိုတဲ့ခေါင်းစဉ်အသစ်နှစ်ခုကို set အပေါ်မူတည်ပြီးမေးတာပါ။ Tr.Kay ဖြေဆိုခဲ့တုန်းက Green Energy ပဲပါလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အခုတလော လေးလပိုင်းမှာ ဖြေဆိုသူတွေထံကနေကြားနေရတာက Robotics အပြင် Bio_Corn , Technology နဲ့အပ်စပ်တဲ့ ခေါင်းစဉ်တွေပါလာတာတယ်ဆိုပြီး ကြားနေရတယ်ပေါ့။ 2024 တုန်းကပါလာခဲ့တဲ့ ခေါင်းစဉ်တွေပါထပ်မေးလာတယ်ဆိုပြီး တစ်ချို့ကလည်းယူဆနေကြတယ်။ အခြေအနေကဘယ်သူမှမသိနိုင်တာမို့ Topics ငြိမ်သွားချိန်နိုင်လဲရှိသလို၊ ထပ်အသစ်သစ်တွေပါနိုင်တာလဲဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ GED ဘက်ကတော့ ဘာမှတုံ့ပြန်ခြင်းမရှိသေးတာမို့ မိမိအဆင်သင့်ဖြစ်တဲ့အချိန်မှသာ ဝင်ဖြေဖို့ အားလုံးကိုအကြံပေးချင်ပါတယ်။ ဘယ်လိုပဲ ခေါင်းစဉ်ကပြောင်းပြောင်း ER ရဲ့ Format ကိုအသုံးချပြီး ရေးသားနိုင်ရင် အမှတ်ပြည့်ရနိုင်ပါတယ်ရှင်။📝📚
Focus on thorough preparation and a confident approach to your exam. Take the necessary time to navigate this stage of your academic journey successfully.👩🏻🎓👨🏻🎓

😭16🍓5❤3
Extended Response ရေးသားတဲ့အခါမှာပြီးပြီးရောရေးတတ်တဲ့သူလေးတွေရှိကြလား။ အဲ့လိုမျိုးရေးလို့ပဲ မိမိရဲ့အမှတ်တွေအတွက်စိုးရိမ်ရတယ်ဆိုတာကိုရော သိထားပါသလား။ ဒီတစ်ခေါက်မှာတော့ Writing အတွက်သတိထားသင့်စရာအချက်လေးတွေကို Tr.Kay's channel လေးကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။👩🏻🏫💗
- Read the prompt and passages carefully. Make sure you understand the task and the arguments presented.
စာပိုဒ်တွေကို ဂရုတစိုက် ဖတ်ပါ။ ပေးထားတဲ့စာပိုဒ်နှစ်ခုက တင်ပြထားတဲ့ Argument တွေကို သေချာနားလည်အောင် ဖတ်ပါ။
- Plan your essay before writing. Create a brief outline to organize your thoughts and evidence.
မိမိရဲ့ Extended Response ကိုမရေးသားခင် ဘယ်အပိုဒ်မှာဘယ်စာကြောင်းရေးမယ်ဆိုတာကအစ ကြိုတင်ပြီး Plan ဆွဲထားရပါမယ်။ မိမိရဲ့ idea နဲ့ evidence တွေကိုလည်း outline လေးလုပ်ထားပါ။
- Identify the main points and supporting evidence in each passage. Take notes if it helps.
စာပိုဒ်တစ်ခုစီမှာပါတဲ့ အဓိကအချက်တွေနဲ့ အထောက်အထား (evidence)တွေကို ဖော်ထုတ်ပါ။ Note တွေထုတ်ထားရင် အထောက်အကူဖြစ်နိုင်ပါတယ်။
- Focus on analyzing the arguments, not just summarizing them. Explain why one argument is better supported than the other, using specific examples from the texts.
Argument တွေကို အကျဉ်းချုပ်ရုံနဲ့ မလုံလောက်ပါဘူး။ ခွဲခြမ်းစိတ်ဖြာဖို့ အာရုံစိုက်ပါ။ ဘာကြောင့် စာပိုဒ်တစ်ခုက ကျန်တစ်ခုထက် ပိုကောင်းတယ်ဆိုတာကို စာသားတွေထဲက တိကျတဲ့ ဥပမာတွေကို သုံးပြီး ရေးသားပေးရပါမယ်။
- Use evidence from both passages to support your claims. Don't just focus on one side.
မိမိရဲ့ Argument ကို ထောက်ခံဖို့ စာပိုဒ်နှစ်ခုစလုံးက အထောက်အထားတွေကို အသုံးပြုပြီးရေးသားရပါမယ်။
- Maintain a formal tone and use precise language. Avoid slang and personal opinions.
မိမိရဲ့အထင်အမြင်၊ အတွေးအခေါ်တွေနဲ့ slang တွေကိုထည့်သွင်းရေးသာတာမျိူးမရှိရပါဘူး။
- Manage your time effectively. Stick to your planned schedule to ensure you complete the essay.
Time Management သည် Extended Response ရေးသားတဲ့အခါမှာအရေးကြီးပါတယ်။ အဲ့တာကြောင့်မို့ 45 minutes အတွင်းမှာ အချိန်ရှိရှိအသုံးချတတ်ဖို့လ်ုအပ်ပါတယ်။ Er အတွက် Time Management လုပ်နည်းလေးကိုတင်ပေးထားပါတယ် ⤵️⏰
https://t.me/Educationalsections/7
- Proofread your essay for grammar, spelling, and punctuation errors.
သဒ္ဒါ၊ စာလုံးပေါင်းနဲ့ ပုဒ်ဖြတ်ပုဒ်ရပ် အမှားတွေရှိ၊မရှိသေချာစစ်ဆေးပါ။
By understanding these facts and practicing your essay writing skills, you can increase your confidence and improve your score on the GED Extended Response.🙆🏻♀️📚
#TrKay
❤20🔥1
Good Evening Everyone🙆🏻♀️🎀
သတင်းကောင်းလေးတစ်ခုပြောပြပေးပါမယ်ရှင်။ ယခုအခါမှာတော့ Bright Youths Hub Organization နဲ့အတူပူးပေါင်းပြီး Tr.Kay ကနေ RLA Reading+ Er အပိုင်းကိုသင်ကြားပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ Preparation ပြီးထားတဲ့သူများအပြင်၊ ခုမှစလေ့လာသူများနဲ့ Self-study သမားများလဲ သင်ကြားနိုင်ပါတယ်ရှင်။ မိမိအနေနဲ့ RLA အပိုင်းမှာ အားနည်းမှုလိုအပ်ချက်များမရှိလေရအောင် တီချယ်ကေ ကနေအကောင်းဆုံးသင်ကြားပေးမှာမို့ ဝင်ရောက် join ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ လူအကန့်သတ်ရှိတာမို့ မြန်မြန်လေးလက်ဦးဖို့တော့လိုပါတယ်ရှင်။ သင်တန်းအပ်နှံဖို့အတွက်⤵️
https://docs.google.com/forms/d/e/1FAIpQLSc3bUC6mr2I5sFISv4oKUC7zIYov2EluNL5l56AzdzKBGmnUw/viewform
#TrKay with love👩🏻🏫💗

Google Docs
Bright Youths Hub ( GED RLA ပညာဒါန အတန်း )
Form လေးကို မှန်ကန်တဲ့ Information တွေနဲ့ အပြီးအထိ ဖြည့်ပေးပါနော်ရှင့်🤗💌
❤19💘2
သင်တန်းလေးက ချက်ချင်းကိုလူပြည့်သွားပါပြီရှင်။ လူတွေတောင်သတ်မှတ်ထားတဲ့ ဦးရေထက်ပိုများနေလို့ လျှော့ဖို့တောင်လုပ်နေရပါတယ်။ Join ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။🥰💖
#TrKay
#TrKay
❤10😭4😢3
အားလုံးပဲ မင်္ဂလာပါရှင်။ Extended Response ရဲ့ Format အပိုင်းလေးကို Tr.Kay's Channel မှမေတ္တာဖြင့်မျှဝေပေးမှာဖြစ်ပါတယ်။👩🏻🏫💖
ER ရဲ့ Format ရေးသားခြင်းကို တီချယ့်ရဲ့အိုင်ဒီယာအပြင်၊ Files တွေထဲကမှတစ်ဆင့် အကျဉ်းချုပ်ပြီး Formal Style ဖြစ်အောင်သေချာလေးရေးပေးထားတာပဲဖြစ်ပါတယ်။ တီချယ့်ရဲ့ရည်ရွယ်ချက်ကတော့ ဖြေဆိုမည့်ကျောင်းသား၊သူအတွက် ပညာဒါနအနေနဲ့အလှူလေးတစ်ခုပြုလုပ်ခြင်လို့ပါ။ လိုအပ်တဲ့သူတွေအတွက် အသုံးချလို့ရအောင် ရှဲခွင့်ပါပေးထားပါတယ်ရှင်။ တီချယ်ရေးထားတာကတော့ စုစုပေါင်း 5 ပိုဒ်ဖြစ်ပြီး၊ အခြား Information တွေကို မိမိအရေးသားထဲ ထည့်ရတာလွယ်ကူအောင်လည်း အတတ်နိုင်ဆုံး အရိုးရှင်းဆုံးနည်းလမ်းလေးနဲ့ ရေးသားထားတာဖြစ်ပါတယ်။ အခုရေးသားထားတဲ့ Format လေးက တီချယ် ER ရေးခဲ့တုန်းကအသုံးချခဲ့တဲ့ပုံစံလေးဖြစ်ပါတယ်။ ဒါကိုမှ မိမိကသေချာလေးပြုစုပြီးရေးမယ်ဆိုရင် တီချယ့်လို 6/6 Full Scores ကိုပါရနိုင်တယ်နော်။✨🤭
အားလုံးပဲ စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုနိုင်ပြီး ER မှာအခက်အခဲမရှိ အချိန်တိုအတွင်းမှာ အမှတ်အပြည့်ဖြင့်ထိထိရောက်ရောက်ရေးသားနိုင်ကြပါစေလို တီချယ်ကေက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။🙆🏻♀️♥️
#TrKay
❤🔥35❤12
ER ရေးတဲ့အခါ Author ရဲ့နာမည်ကိုနာမ်စားအဖြစ်နဲ့"he," "she," and "they" တို့ကိုသူံးလို့ရတယ်ဆိုတာသိပါသလား။ စာရေးသူရဲ့နာမည်ကိုပဲ ခနခနပြန်ရည်ညွှန်းနေခြင်းက မိမိရဲ့အရေးအသားကိုပိုပြီး Boring ဖြစ်စေပါတယ်။ ဒါကြောင့်ပိုပြီးနားလည်သွားဖို့အတွက် Tr.Kay's Channel ကနေလေ့လာကြည့်ရအောင်နော်။✨💡
✿Extended Response✿ မှာပေးထားတဲ့ Argument နှစ်ခုကိုသုံးသပ်ပြီး ဘယ်သူ့အမြင်က ပိုခိုင်လုံလဲဆိုတာကို ရွေးချယ်ပြီး မိမိရဲ့အိုင်ဒီယာနဲ့ရေးသားရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီလိုရေးသားတဲ့အခါမှာလည်း စာရေးသူတွေရဲ့ နာမည်၊ နာမ်စား၊ အလုပ်အကိုင်၊ နဲ့ အဖွဲ့အစည်းစတာတွေကို ရည်ညွှန်းဖို့လိုအပ်ပါတယ်။ သို့သော်ကျောင်းသားတွေအခက်တွေ့ကြတာက တစ်ခါတစ်လေပေးထားတဲ့ Author ရဲ့နာမည်တွေက ယောင်္ကျားလေးလား၊ မိန်းကလေးလား ဆိုတာကိုသေချာမခွဲတတ်တာပါဘဲ။ သိထားရမှာက GED ရဲ့စာမေးပွဲစစ်ပုံက Computer Based ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလိုမျိုးကိစ္စတွေအတွက် မိမိအဆင်ပြေစေမဲ့နာမ်စားကိုသုံးလိုက်ရင်ကို အမှတ်ရပါတယ်။ ER မှာအဓိကစစ်မဲ့အပိုင်းသုံးပိုင်းကိုပဲ သူတို့က Focus ထားတာမို ဒီလိုမျိုးနာမ်စားတွေအတွက် Panic ဖြစ်စရာမလိုပါဘူးနော်။
သူတို့မေးခွန်းစစ်တာဘယ်လိုမျိုးလဲဆိုတာ https://t.me/Educationalsections/24ဒီမှာတင်ပေးထားပါတယ်။
ဒါ့ကြောင့်မို့ Author ရဲ့အမည်ကို "He" (အမျိုးသား)၊ "She" (အမျိုးသမီး) ဒါမှမဟုတ် "They" (အများကိန်း) ဆိုတဲ့ နာမ်စားတွေကို သုံးတာဟာ သဒ္ဒါအရမှန်ကန်ပြီး စာကို ရှင်းရှင်းလင်းလင်း ရေးသားဖို့အတွက် အထောက်အကူပြုစေပါတယ်။ ဒါပေမဲ့လည်း နာမ်စားတွေကို သုံးတဲ့အခါ ဘယ်သူ့ကို ရည်ညွှန်းနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရေးသားဖို့တော့လိုပါတယ်နော်။ နာမ်စားနဲ့ သူ့ရဲ့မူလနာမ် (antecedent) တို့ဟာလိုက်လျောညီထွေဖြစ်နေရမှလည်း မိမိရဲ့အရေးအသားက ချောမွတ်စေမှာဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် "သူ"၊ "သူမ" နဲ့ "သူတို့" "he," "she," and "they" ဆိုတဲ့ နာမ်စားတွေက Standard part of Academic Writing လဲဖြစ်သလို ER မှာသုံးဖို့ခွင့်ပြုထားပါတယ်။။ ဒါ့ကြောင့်မို့ Author ရဲ့ Gender ကို မိမိအဆင်ပြေသလို အမျိုးသားနာမ်စားဖြစ်စေ၊ အမျိုးသမီးနာမ်စားဖြစ်စေသုံးလို့ရပြီး၊ မိမိသုံးလိုက်တဲ့ နာမ်စားတွေကြောင့်ပဲအမှတ်လျှော့မလားဆိုတာစိတ်ပူစရာမလိုတော့ပါဘူးနော်။
Believe in yourself, take consistent action, and never underestimate the power of your own potential. You've got this! 💪🏻💕
#TrKay
❤31👍2❤🔥1🥰1
Hello Everyone....👋🏻♥️ ဒီတစ်ခေါက်ပြောပြချင်တာလေးကတော့ Ready Test မှာ ER ကိုဘာလို့ရေးသင့်တာလဲဆိုတာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကတော့ တီချယ့်ရဲ့အမြင်နဲ့ရေးထားတာမို့ တစ်ချို့အင်တာနက်လဲကောင်း၊ နေရာလဲတတ်ဆိတ်ရဲ့သားနဲ့ Extended Response ကိုမရေးဘဲထားခဲ့တဲ့ ပြီးပြီးရောသူတွေအတွက်ရည်ရွယ်တာပဲဖြစ်ပါတယ်။🙇🏻♀️📌
╭────── · · ୨୧ · · ──────╮
ကျောင်းသားတော်တော်များများက ER ကိုမရေးကြဘူးဆိုတာအကြောင်းမျိုးမျိုးရှိလို့ဆိုတာ နားလည်ပါတယ်။ သို့သော် တကယ်တမ်း Real ဖြေရတဲ့အခါ မိမိအနေနဲ့မဖြေခင်ဘယ်လောက်ပဲလေ့ကျင့်ထားပါစေ အချိန်မလောက်နိုင်တာတွေ၊ စိတ်လှုပ်ရှားရခြင်း နဲ့ အလွဲအချော်လေးတွေ ရှိနိုင်တယ်ဆိုတာ ထည့်သွင်းစဉ်းစားသင့်ပါတယ်ရှင်။ Ready မှာ ER အတွက်အမှတ်ထည့်မတွက်ပေမဲ့ ရေးလိုက်လို့ မိမိမှာဆိုးကျိုးတစ်ခုမှမရှိပါဘူးနော်။ မိမိရဲ့ Typing Skill အပြင် Understanding Argument တစ်ခုလုံးကိုပိုင်နိုင်အောင်ရေးသားနိုင်လားဆိုတာကိုပါ သိနိုင်ပါတယ်။ ဒါ့ကြောင့်မို့ Ready Test မှာ ER ရေးရင် ရှိလာမဲ့အကျိုးကျေးဇူး (၆)မျိုးကိုပြောပြပေးပါမယ်။
࿔❀ မိမိရေးသားခဲ့တဲ့ Er ကအချိန်မလောက်ခဲ့ရင်တောင်ဘယ်လိုတွေလိုအပ်နေတယ်၊ ကိုယ်ကဘယ်အပိုင်းကိုဂရုစိုက်လ်ုက်ရင် အချိန်ကပိုလောက်နိုင်မလဲဆိုတာ အစစဉ်းစားပြင်ဆင်စရာအချက်လေးတွေပေါ်နိုင်ပါတယ်။
࿔❀ မိမိအားမရခဲ့တဲ့အပိုင်းလေးတွေ၊ အိုင်ဒီယာလေးတွေက Real မှာဆိုဘယ်နေရာမှာ ဘယ်လိုလေးပြင်ရင်တော့ မိမိအတွက်အချိန်လောက်မလဲဆိုတာပါ သိနိုင်ပါတယ်။
࿔❀ Real မှာဖြေခဲ့ရင်လည်း Author နှစ်ယောက်လုံးရဲ့ Argument ရဲ့သတိထားစရာ၊ အရေးကြီးစရာအချက်လေးတွေကို မြန်မြန်ရှာတွေ့နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မိမိက ရေးခဲ့ဖူးတာဖြစ်တာမို့ ဘယ်စာပိုဒ်မှာ (Evidence) တွေရှိနေတယ်ဆိုတာ ရင်းနှီးနေလို့ပဲဖြစ်ပါတယ်။
࿔❀ တကယ့်စာမေးပွဲမှာ ဖြေနေရတဲ့အတိုင်းအတွေ့အကြုံကိုခံစားမိရတာမို့ Real Test ဖြေရတဲ့အခါမှာလည်း မိမိရဲ့ Anxiety ကိုလျော့ကျစေပြီး အကောင်းဆုံးဖြေဆိုနိုင်မှာမို့လို့ပဲဖြစ်ပါတယ်။
࿔❀ Format ကိုကျောင်းသားနီးပါးတိုင်းကျက်ကြတာပါ။ နောက်ဆုံး မိမိက Ready မှာ ကျက်ပြီးသားချရေးခဲ့ရင်တောင် အပြည့်အစုံရေးနိုင်ရဲ့လား။ ဘယ်နေရာမှာစာကြောင်းကျန်ခဲ့လဲဆိုတာပါ Screenshot ရိုက်ပြီး ပြန်စစ်လို့ရပါတယ်။ ဒါဆို Real ဖြေတဲ့အခါ စာကြောင်းတွေမကျန်ခဲ့အောင်သတိထားနေမှာပဲဖြစ်ပါတယ်။
࿔❀ Real အတွက်ပါ တစ်ခါထဲလေ့ကျင့်ပြီးသားဖြစ်တာမို့ မရေးခဲ့တဲ့သူနဲ့ယှဉ်ရင် မိမိကတစ်ပန်းသာပါတယ်။ ဘာလို့လဲဆိုရင် မရေးခဲ့တဲ့တစ်ချို့က တီချယ်ပြောပြခဲ့တဲ့အချက်တွေလို သူတို့ရဲ့အားနည်းချက်ကိုမသိနိုင်လို့ပဲဖြစ်ပါတယ်။
စစမှာတော့ ER ရေးတဲ့အခါဘယ်သူမှပြည့်စုံတယ်ရယ်လို့မရှိပါဘူး။ Reading အပိုင်းမှာလည်း အားစိုက်သလို။ Writing အပိုင်းမှာလဲပေါ့လို့မရပါဘူး။ ဒါ့ကြောင့်မို့ Ready မှာတောင် Thinking Questions တွေကြိုးစားပြီးဖြေနိုင်သေးတာ Writing Essay မှာမဖြေပဲထားခဲ့လ်ိုက်တာက မတရားဘူးလို့ထင်မြင်မိပါတယ်။ ဒါကလည်းတီချယ့်အတွက်မဟုတ်ဘဲ ဖြေမဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်တကယ်တမ်းစာမေးပွဲနဲ့ထိတွေ့တဲ့အခါ မိမိကိုယ်ကိုယ် ကြောက်စိတ်ဝင်တာမျိုး၊ အရေးအသားပိုင်းမှာစိုးရိမ်ပူပန်မှုအပြင်၊ ER မှာအားနည်းနေသလိုခံစားနေရတာမျိုးဖြစ်နေတာသည် Ready Test မှာမရေးခဲ့တာနဲ့အပ်စပ်နေတယ်ဆိုတာလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်ရှင်။
╰────── · · ୨୧ · · ──────╯
အခုပြောပြသွားတာလေးကတော့ Ready မှာ ER ရေးခြင်းဖြင့်ရရှိလာမဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်ရှင်။ ဒါ့ကြောင့်မို့ ER ရေးသင့်၊မရေးသင့်သည် မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်မူတည်နေတာအတွက်ကြောင့် ဒီပိုစ့်ကြောင့်ပဲရေးရမယ်ဆိုတာမျိုးတော့ မထင်ချင်ပါဘူးရှင်။ ရှင်းပြသွားတဲ့ အချက်လေးတွေကိုနားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ရင်းနဲ့ပဲ ဒီနေရာမှာနိဂုံးချုပ်လိုက်ရပါတယ်ရှင်။🎀💭

❤24👍3👏2❤🔥1
ဒါလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ RLA Free Class မှာ တက်ခွင့်ရတဲ့ကျောင်းသားစာရင်းလေးပါရှင်။ အားလုံးပဲ Congratulations ပါနော်..🥰 အကောင်းဆုံးနဲ့နားလည်ရအလွယ်ဆုံးသင်ကြားပေးပါမယ်လို့ ဂတိပေးပါတယ်ရှင့်။
❤19😭1
ER ကိုလေ့ကျင့်ပြီးတိုင်း စစ်ခိုင်းလို့ရတဲ့ AI တွေအများကြီးထဲမှ စာမေးပွဲနဲ့အမှတ်အနီးစပ်ဆုံးတူအောင်ပေးနိုင်တဲ့ AI လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ Gemini လေးပါ။ Gemini ကမိမိရဲ့အရေးအသားတွေရဲ့အားနည်းချက်နဲ့လိုအပ်ချက်တွေကိုတစ်ခုချင်းစီထောက်ပြပေးတဲ့အပြင် ဘယ်နေရာမှာဘယ်လိုလေးပြင်လိုက်ရင်တော့ မိမိရဲ့ Writing Skill ကိုမြင့်စေတယ်ဆိုတာကအစပြောပြပေးတာမို့ ER ရေးပြီးတိုင်းစစ်ခိုင်းဖို့ ဆရာတွေမရှိရင်လဲ တကယ်ကိုအသုံးဝင်စေမှာပါ။📙📘📗
╭──────────.★..─╮
တခြား AI တွေနဲ့လည်းစစ်ခိုင်းလို့ရပေမဲ့ ဘာ့ကြောင့် Gemini(bard ai) ကပိုပြီးမိမိအတွက်အဆင်ပြေစေလဲဆိုတာကိုပြောပြပေးပါမယ်နော်။ Gemini ကတစ်ခြား AI တွေလိုဝင်ရတာနှောင့်နှေးစေတဲ့အထဲမှာမပါပါဘူး။ အင်တာနက်လိုင်းဆွဲအားကောင်းတာနဲ့ Chrome ကနေတစ်ဆင့် Website ထဲတိုက်ရိုက်ဝင်ပြီး မိမိသိချင်တာတွေအပြင် ER ကိုပါစစ်ခိုင်းလို့ရပါတယ်။ သူ့ရဲ့ Response ကလည်းမြန်ပြီးတော့ အချိန်တိုအတွင်းမှာ မိမိရဲ့အရေးအသားကောင်းခြင်း၊မကောင်းခြင်းကိုပါ တစ်ခါထဲသိနိုင်တာမို့ အထောက်ကူပြုတဲ့ AI လို့ပြောရပါမယ်။ ဒါဆို Gemini နဲ့ဘယ်လိုစစ်ခိုင်းလို့ရမလဲဆိုတာပြောပြပေးပါမယ်ရှင်။
ပထမဆုံးအနေနဲ့ မိမိရေးထားတဲ့စာပိုဒ်ကို Copy and Paste ချပါ။ ပြီးတာနဲ့ Do u think my writing is formal? Pls rate ..../6 ဆိုတာပါတစ်ခါထဲရေးပြီးပို့လိုက်ပါ။ ဘာလို့သူ့ကို Rate ခိုင်းတာလဲဆိုရင် ER မှာအမှတ်(6) မှတ်နဲ့ဆုံးဖြတ်ပေးလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် Gemini ရဲ့အမှတ်ပေးမှုကလည်း ER အမှတ်ပေးတာနဲ့ 80% လောက်နီးစပ်ပါတယ်။
https://t.me/Educationalsections/24 ဒါကတော့ ER ရဲ့အမှတ်ပေးစည်းမျဉ်းအကြောင်းတင်ပေးထားတာဖြစ်ပါတယ်။🧚🏻♀️
Gemini နဲ့စစ်ခိုင်းပြီးတာနဲ့သူ့ရဲ့ Response ပေါ်မူတည်ပြီး မိမိအားနည်းတဲ့နေရာတွေ၊ အမှားများတတ်တာတွေအပြင် လိုအပ်တာလေးတွေပါတစ်ခါထဲမှတ်ပြီး နောက်ရေးသားတဲ့အခါပြင်ဆင်လို့ရပါတယ်။ ဒီလိုနဲ့ပဲ ER လေ့ကျင့်ပြီးတဲ့အခါတိုင်း Gemini နဲ့စစ်ပေးရင် မိမိအတွက်အကျိုးကျေးဇူးအများကြီးရှိလာပြီး Writing အတွက်တိုးတက်လာမယ်ဆိုတာ နားလည်လောက်ပြီလို့မျှော်လင့်ပါတယ်ရှင်။✨
https://gemini.google.com/ ဒါကတော့ Gemini ရဲ့လင့်လေးပါရှင်။
╰─..★.──────────╯
Set specific times for focused study and stick to them as much as possible. Routine can build good habits and reduce procrastination!
#TrKay
❤30🥰3💘1
Good Evening ပါရှင်...🧚🏻♀️🧚🏻♀️
Extended Response ကိုခုမှစလေ့ကျင့်မဲ့သူလေးတွေအတွက် PDF ဖိုင်လေးတစ်ခုရှဲပေးချင်ပါတယ်။ ဒါလေးကတော့တီချယ်ခုလေးတင်လုပ်ပေးထားတာပါ။ ခုမှစလေ့ကျင့်မဲ့သူလေးတွေအတွက် ဒီလိုစာပိုဒ်လေးတွေကပိုပြီးအဆင်ပြေပြီး စာလုံးလေးတွေကလည်း နားလည်စေမှာမို့ လေ့ကျင့်ကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်။ ခုစာပိုဒ်တွေကိုတီချယ်က Mc Graw-Hill Workbook ထဲကယူပြီးပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်နော်။

❤18💘1