𝐄𝐫 𝐆𝐮𝐢𝐝𝐞 𝐛𝐲 𝐓𝐫. 𝐊𝐚𝐲
1.99K subscribers
310 photos
2 videos
12 files
52 links
Learning made fun with Tr. Kay! Your friendly online tutor. Join for study motivation and guidance! 👩🏻‍🏫📚📌
Download Telegram
"📚🖊️ER မှာ Transition Words Usage တွေကမိမိရဲ့အမှတ်များ၊မများနဲ့သက်ဆိုင်နေပါ့မလား။ ထည့်မသုံးလဲအမှတ်ရနိုင်မလား။🙇🏻‍♀️ "

ကျောင်းသားတော်တော်များများကတော့ ER မှာ ミConnection Wordsミ အနေနဲ့ Transition စကားလုံးတွေကိုသုံးလာနေပြီဖြစ်ပါတယ်။ အသေးစိတ်အားဖြင့်အဲ့ဒီစကားလုံးတွေကို မိမိရေးမဲ့ စာပိုဒ်တွေမှာအသုံးပြုခြင်းဖြင့် စာကြောင်းကိုချောမွတ်စေပြီးဖတ်ရတဲ့အခါမှာလဲဆီလျော်မှုရှိနေပါတယ်။ ဒုတိယအချက်အနေနဲ့ ER သည် computer based test ဖြစ်တာကြောင့်စစ်ဆေးမှုအပိုင်းမှာ GED ကသတ်မှတ်ထားတဲ့ Rules တွေနဲ့ညီမှသာအမှတ်အပြည့်ရနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Transition Words တွေကိုသူ့‌နေရာနဲ့သူထည့်‌ရေးခြင်းဖြင့်မိမိရဲ့ Writing Scores ကိုတစ်ဖက်တစ်လှမ်းကနေပံ့ပိုးပေးရာရောက်မှာဖြစ်ပါတယ်။

👤ဒါဆို Transition Words တွေများများသုံးမယ်၊ဒါမှအမှတ်များကြီးရမှာ။
👩🏻‍🏫မဟုတ်ပါဘူးနော်...ဒါကတော့ကျောင်းသားတော်တော်များများလွဲမှားတဲ့အယူအဆပါ။စဉ်းစားကြည့်ပါ မိမိက Cafe ဆိုင်ရဲ့ပိုင်ရှင်ဖြစ်ပါစို့။ ကော်ဖီဖျော်ဖို့ ကော်ဖီအမှုန့်ကိုလိုတာထက်ပိုပြီးထည့်လိုက်တဲ့အခါ တခြားလိုအပ်တဲ့ Ingredients တွေကလဲ ကော်ဖီရဲ့မူလအရသာကိုထိန်းနိုင်မယ်လို့ထင်ပါသလား။ ကော်ဖီမှုန့်တွေအများကြီးထည့်လိုက်တဲ့အခါ အရသာကခါးသက်သက်ဖြစ်ပြီး ‌သောက်လိုက်တဲ့သူဖို့လဲစိတ်မကျေနပ်စရာနဲ့ bad review တွေရရှိလာနိုင်ပါတယ်။ ☕💡

ဒီလိုပါပဲ ER ရဲ့ Transition Words တွေကိုလိုတာထက်သုံးမိတဲ့အခါ Logical Reasoning မဖြစ်နေတော့ဘဲ မိမိရေးထားတဲ့စာပြန်ဖတ်ရင်တောင်ထောက်နေတတ်ပါတယ်။ ပိုဆိုးတာကအဲ့လိုကြောင့်နဲ့ မိမိရဲ့အမှတ်တွေပါလျော့နိုင်တယ်ဆိုတာပါပဲ🤦🏻‍♀️🤷🏻‍♀️
ဒါကြောင့်မို့ ER အတွက် Transition Words ဘယ်အချိန်မှာဘယ်စကားလုံးသုံးရမလဲဆိုတာတီချယ်ကမကြာခင်အချိန်တိုအတွင်းမှာမျှဝေပေးသွားမှာမို့လို့ Please remain connected! ပါနော်။🙆🏻‍♀️💗

#TrKay
❤16🥰4🐳1
𝐄𝐫 𝐆𝐮𝐢𝐝𝐞 𝐛𝐲 𝐓𝐫. 𝐊𝐚𝐲 pinned «Warmly welcome to my 𝐄𝐫 𝐆𝐮𝐢𝐝𝐞 𝐛𝐲 𝐓𝐫. 𝐊𝐚𝐲's Channel✨🎀 GED မှာကျောင်းသားတော်တော်များများကခက်တယ်လ်ို့ပြောလေ့ရှိတဲ့ Reasoning Through Language Arts( RLA ) ရဲ့ Er ပိုင်းမှာဆိုရင်အမှတ်အပြည့်နဲ့အချိန်အတိုအတွင်းမှာရေးနိုင်ဖို့ဆိုတာတကယ်ရောလွယ်ကူပါ့မလား။ ဘယ်လိုနည်းလမ်းတွေက…»
Hello.. Welcome back to my channel again👩🏻‍🏫💕

Extended Response ရဲ့အမှတ်ပေးမှုအပိုင်းမှာမပါမရှိဖြစ်တဲ့ Connection Words or Transition Words တွေရဲ့ဘယ်အပိုင်းမှာဘယ်လိုစကားလုံး‌ကိုသုံးရင်သင့်လျော်မလဲ?‌ ဒီအတွက် Transition Words တွေနဲ့ပက်သက်တဲ့စကားလုံးတွေရဲ့အ‌ရေးကြီးပုံကိုဉပမာလေးတွေနဲ့တွဲပြီး Tr.Kay နဲ့အတူတူအချိန်ခနလေးပေးပြီးလေ့လာကြည့်ရအောင်။🙆🏻‍♀️🔎

✓To Add or Show Similarity
(စာကြောင်းမှာထပ်ထည့်ချင်တာ သို့မဟုတ် တူညီကြောင်းပြချင်တာဆိုရင်)
🔎🗣️

In addition (ထပ်ပြီးပြောရမယ်ဆိုရင်): The hotel had a great location; in addition, the staff was very friendly.

Furthermore (နောက်ထပ်): The evidence is compelling; furthermore, eyewitness accounts corroborate the story.

Moreover (ထိုထပ်ပို၍): The project is on schedule; moreover, it's under budget.

Besides(အဲ့တာတွေအပြင်): He speaks French fluently; besides, he knows some Spanish.

Similarly(ခပ်ဆင်ဆင်အနေနဲ့): The first study showed positive results; similarly, the follow-up research confirmed these findings.

Likewise(ထိုနည်းတူ): The students were attentive; likewise, the teacher was enthusiastic.

✓To Show Contrast or Difference
(စာကြောင်းနှစ်ခုရဲ့ဆန့်ကျင်ဘက်ကိုပြောမည်ဆိုလျှင်)
🤦🏻‍♀️❌

However(သို့သော်ငြားလည်း): The weather was beautiful; however, it was very windy.

On the other hand(အခြားတစ်ဖက်မှာတော့): Exercise is beneficial for health; on the other hand, overexertion can be harmful.

In contrast(ဆန့်ကျင်ဘက်အနေနဲ့): City life is fast-paced; in contrast, rural life is often more tranquil.

Nevertheless(ဘယ်လိုပဲဖြစ်ဖြစ်): He was tired; nevertheless, he continued working.

Despite(မည်သို့ပင်ဖြစ်စေ): Despite the challenges, the team persevered.

Although(သို့သော်): Although it was raining, they decided to go for a walk.

✓To Show Cause and Effect
(အကျိုးအကြောင်းဆက်စပ်မှုကိုပြောမည်ဆိုလျှင်)
📈📉

Therefore(အဲ့တာကြောင့်): The data was inconclusive; therefore, we need to conduct further research.

Thus(ထို့ကြောင့်): The price of oil increased; thus, the cost of gasoline rose.

Consequently(အကျိုးဆက်အနေနဲ့): He didn't study; consequently, he failed the exam.

As a result(ရလဒ်အားဖြင့်): The storm was severe; as a result, many trees were uprooted.

Since(ထိုကတည်းက): Since you're not feeling well, you should stay home.

✓To Show Sequence or Time
(အစီစဉ် သို့မဟုတ် အချိန်ကိုပြမည်ဆိုလျှင်)
📝🕰️

First(ပထမဦးစွာ): First, gather all the necessary materials.

Second(ဒုတိယအနေနဲ့): Second, begin the assembly process.

Then(ပြီးရင်): We went to the park; then, we had ice cream.

Next(နောက်တစ်ခု): Next, add the eggs to the mixture.

Finally(နောက်ဆုံးအနေနဲ့): Finally, bake for 30 minutes.

✓To Conclude or Summarize
(စာပိုဒ်ကိုနိဂုန်းချုပ်၍အဆုံးသတ်မည်ဆိုလျှင်)
📖🖌️

In conclusion(အချုပ်အားဖြင့်): In conclusion, the evidence strongly supports our hypothesis.

To summarize(အကျဉ်းချုပ်ရလျှင်): To summarize, the main points are A, B, and C.

In short(အတိုချုပ်ပြောရမည်ဆိုလျှင်): In short, the project was a success.

Therefore(ထို့ကြောင့်): Therefore, we recommend implementing these changes.

ဒီ Transition Words တွေကို မိမိရဲ့ Intro, Body , Conclusion စတာတွေမှာသင့်တော်သလို အသုံးပြုပြီး စာကြောင်းတွေနဲ့ မိမိရဲ့အိုင်ဒီယာတွေကြားမှာ ချောမွေ့ပြီး ယုတ္တိရှိတဲ့ ဆက်သွယ်မှုကို ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ခုနကတီချယ်ပြောခဲ့သလိုအလွန်အကျွံ သုံးရင်တော့ သဘာဝမကျတဲ့အသွင် ဖြစ်သွားနိုင်တာကိုလည်း သတိပြုရပါမယ်နော်။📌🙅🏻‍♀️

Hope you learned something new today! Feel free to check out more on my channel.🙆🏻‍♀️💗

#TrKay
❤32👏3🤗1
ကျောင်းသားတော်တော်များများက Formal Style ရေးသားနည်းမှာအခက်တွေ့ပြီးအမှားများနေတာကိုသတိထားမိပါတယ်။ Extended Response မှာ Formal Style နဲ့ရေးသားနိုင်ဖို့ဆိုတာတကယ်ရောလွယ်ကူပါ့မလား🙇🏻‍♀️💭 ဘယ်အချက်တွေကိုရှောင်ရင် မိမိရဲ့ Writing Scores ကိုမြင့်စေမှာလဲ? မစိုးရိမ်ပါနဲ့.. Tr.Kays' channel က Formal Style ရေးသားနည်းအတွက် သတိထားစရာအချက်လေးတွေကို မျှဝေတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။

➜Objective Tone ကိုယ်ပိုင်ထင်မြင်ချက်၊ ခံစားချက် ဒါမှမဟုတ် ဘက်လိုက်မှုတွေကို ရေးသားတာရှောင်ရှာရပါ။မယ်။ ဉပမာအနေနဲ့ "I think that... " "I believe that or I agree that" စတဲ့မိမိကိုယ်နှိုင်းပြီးရေးသားတာမျိုးတွေအပြင် စိတ်ခံစားချက်လွန်ကဲတဲ့ အဲ့ဒီစကားလုံးတွေကို သုံးမိနေပြီဆိုရင် သတိထားပြီးပြင်ဖို့လိုနေပါပြီနော်။

➜Third-Person Perspective ယေဘုယျအားဖြင့် တတိယလူပုဂ္ဂိုလ်နေရာဖြစ်တဲ့ ( He, She, It, They) တို့ကိုမိမိရဲ့ Writing Paragraph ထဲမှာထည့်သုံးလို့ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ ( I, We, You) တို့ကိုသုံးလိုက်ရင် မိမိရဲ့ဘက်လိုက်မှုအရေးသဘောဆောင်သွားတာမို့ ‌သတိထားရှောင်ကျဉ်ရမဲ့အချက်ဖြစ်ပါတယ်။

➜Precise Language ဆိုတာလေးနက်ပြီးအဓိပ္ပာယ်ပြည့်စုံတဲ့စကားလုံးတွေကိုဆိုလိုတာပါ။ မိမိရဲ့အတွေးအမြင်တွေကို ဖော်ပြဖို့ တိကျပြီး မှန်ကန်တဲ့ ဝေါဟာရတွေကို သူ့နေရာနဲ့သူရေးသားရခြင်းပါ။တစ်နည်းအားဖြင့် ER မှာတီချယ်တို့တွေနေ့စဉ်ပြောနေကျ ဘန်းစကား၊ ဒေသသုံးစကားနဲ့ အခြားသောအတိုကောက်စကားလုံးတွေကိုထည့်ရေးလို့မရပါဘူး။ (ဥပမာအနေနဲ့ - don't, can't) လိုမျိုးပေါ့ပေါ့ပါးပါး စကားလုံးတွေကို ရှောင်ရှား‌ရပါမယ်။

‌➜Complex Sentence Structure အရ စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းဆက်နွယ်တဲ့အခါမှာ မိမိသုံးမဲ့စကားလုံးတွေက မရှုပ်ထွေးတတ်ဖို့သတိထားရပါမယ်။
ဉပမာအနေနဲ့
❎(Let's eat MgMG)ဘာသာပြန်ကြည့်ရင် ‌မောင်မောင့်ကိုစားရအောင်ဖြစ်နေပါတယ်။ တကယ်တမ်းမှန်ကန်တာက
✅(Let's eat, MgMG)
"မောင်မောင်ရေ...စားကြမယ်" လို့ဖြစ်ရမှာပါ။

➜Proper Grammar and Mechanics ER ရေးပြီးတာနဲ့ မိမိရေးထားတဲ့ Paragraphs တွေကိုပြန်စစ်ဆေးရပါမယ်။ အဓိကကတော့ သဒ္ဒါ၊ ပုဒ်ဖြတ်ပုဒ်ရပ်၊ အက္ခရာအကြီးအသေးနဲ့ စာလုံးပေါင်းသတ်ပုံများကို အထူးဂရုစိုက်ပြီးစစ်‌ဆေးရပါမယ်။ ဒီလိုနေရာတွေမှာ အမှားတွေ၊ သတ်ပုံအမှားတွေရှိနေခဲ့ရင် Writing အနှစ်သာရကိုကျဆင်းစေပြီး အမှတ်လည်းလျော့နိုင်ပါတယ်နော်။

➜Absence of Informal Elements သတိထားစရာအရေးအကြီးဆုံးကတော့စကားပြောရာတွင် ထည့်ပြောလေ့ရှိတဲ့စကားလုံးတွေ (ဥပမာ - "like," "you know") စတဲ့ စကားလုံးတွေကို Extended Response မှာထည့်သုံးတာတွေကိုရှောင်ကျဉ်ရပါမယ်ရှင်။ အခုတင်ဆက်ပေးသွားတာကတော့ ER ရေးသားတဲ့အခါ အရေးကြီးတဲ့သတိထားစရာအချက်တွေကို မျှဝေပေးသွားတာပဲဖြစ်ပါတယ်ရှင်👩🏻‍🏫💬

Thank you for your time. I will be sharing more information soon, so don't miss out – join my channel!🙆🏻‍♀️💗

#TrKay
❤26👨‍💻2💘1
Hi everyone...🙋🏻‍♀️🎀
ဒီတစ်ခါမှာတော့ Extended Response ရေးသားတဲ့အခါမှာ အမှတ်များများရဖို့အတွက် အရေးကြီး‌တဲ့အဓိကအချက်လေးတွေကို Tr. Kay ရဲ့ချယ်နယ်လေးကနေဖော်ပြပေးလိုက်ရပါတယ်ရှင်
။

1. Strong Thesis Statement and Well-Developed Argument: မိမိထောက်ခဲ့ပြီးရေးသားတဲ့စာပိုဒ်တစ်ခုချင်းစီမှာဘယ်သူ့ဘက်ကို ရပ်တည်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း နဲ့ သက်သေ (Evidence)နှင့်တကွ ရေးသားဖော်ပြရပါမယ်။ ER မှာပါတဲ့ Argument နှစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး ဘယ်အချက်က ပိုခိုင်မာတဲ့ အထောက်အထားတွေနဲ့ ထောက်ခံထားတယ်ဆိုတာကို မိမိရေးသားတဲ့အခါမှာ တိကျစွာငြင်းခုံရပါမယ်။ မိမိရဲ့ထင်မြင်ချက်ကို ရေးတာမဟုတ်ဘဲ ဘယ်စာပိုဒ်ကပိုကောင်းတဲ့အထောက်အထားတွေ သုံးထားလဲဆိုတာပို မိမိရဲ့ Formal Style အတွင်းမှာရေးသားရမှာဖြစ်ပါတယ်။

2.Using Specific and Relevant Evidence from the Passages
: မိမိရေးသားမဲ့ စာပိုဒ်နှစ်ခုထဲက တိကျတဲ့ အချက်အလက်တွေ(Information)၊ ဥပမာတွေ(Example)နဲ့အထောက်အထား(Fact)တွေကို ထည့်သွင်း‌ရေးသားရပါမယ်။ အထောက်အထားတွေကို ကိုးကားပြီး ဘယ်စာ‌ကြောင်းကမိမိရဲ့ အဓိကအချက်ကို ထောက်ခံတယ်၊ မထောက်ခံပါဘူး ဆိုတာကို‌ရေးပေးရပါမယ်။ဒါပေမယ့်အထောက်အထားတွေ(Fact)ကို ဖော်ပြရုံနဲ့မလုံလောက်ပါဘူး။ ဘာကြောင့် အဲဒီအထောက်အထားတွေက အရေးပါပြီး မိမိရဲ့ Response ကိုဘယ်လိုအားကောင်းစေလဲဆိုတာပါရေးသားနိုင်ရပါမယ်။

3. Well-Organized Essay Structure:
✿⁠ Intro စာပိုဒ်မှာ မိမိထောက်ခံပြီးရေးသားမဲ့စာကြောင်ူတွေရဲ့အဓိကအချက်ကို ရှင်းရှင်းလင်းလင်း ရေးသာပေးရပါမယ်။
✿⁠ Body Paragraph မှာကတော့အဓိကအချက်ကို ထောက်ခံတဲ့ အကြောင်းပြချက်တစ်ခုစီအတွက် Body 1, Body2, Body3 လိုမျိုးအပိုဒ်ခွဲပြီး အထောက်အထားတွေနဲ့ ရှင်းပြဖို့လိုအပ်ပါတယ်။ စာပိုဒ်ရဲ့တစ်ခုချင်းစီမှာလည်းအကြောင်းအရာစာကြောင်း (Topic sentence) ပါဝင်သင့်ပါတယ်။
✿⁠ á€”္ဏက်ဆုလး Conclusion မှာ‌တော့မိမိရဲ့ အဓိကရေးခဲ့တဲ့အချက်‌တွေကို နိဂုံးချုပ်ခြင်းဖြင့်အဆုံးသတ်ပေးရပါမယ်။

4. Clear and Concise Language: ဒါကတော့တိကျပြီး ရှင်းလင်းတဲ့ စကားလုံးတွေကို သုံးရမဲ့သတိထားသင့်စရာတစ်ခုဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့ ဝါကျတွေ (Complex Sentence Structure) နဲ့ အသုံးအနှုန်းတွေကို ရှောင်ရပါမယ်။ စကားလုံးတွေနဲ့ စာကြောင်းတွေကိုရောပြီးသုံးရတဲ့အခါမှာ Slang တွေကိုလုံးဝမသုံးဖို့လိုအပ်ပါတယ်။

5. Correct Grammar, Spelling, and Punctuation: သဒ္ဒါ၊ စာလုံးပေါင်းနှင့် ပုဒ်ဖြတ်ပုဒ်ရပ် များကိုမှန်ကန်စွာ အသုံးပြုတတ်ရပါမယ်။ ER ရေးပြီးတဲ့အခါ မိမိရဲ့စာပိုဒ်တစ်ခုချင်းစီတွေကိုပြန်စစ်နိုင်မှသာ ဘယ်နေရာမှာမှားတယ်၊ ဘာတွေလိုခဲ့လဲဆိုတာ ထိုးထွင်းသိမြင်နိုင်မှာပါ။ ဒါ့ကြောင့်မို့ မှန်ကန်တဲ့ သဒ္ဒါ၊ စာလုံးပေါင်းနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်တွေကို အသုံးပြုခြင်းက မိမိရဲ့ Writing ကို ပိုမို‌ချောမွတ်စေပြီး အမှတ်ကောင်းရဖို့ အထောက်အကူ ဖြစ်စေပါတယ်ရှင်။

အချုပ်အားဖြင့် ER အမှတ်များများရဖို့ဆိုရင် ခိုင်မာတဲ့ ငြင်းခုံမှု၊ စာပိုဒ်တွေက အထောက်အထားတွေနဲ့ ထောက်ခံမှု၊ စနစ်တကျ ဖွဲ့စည်းမှုနဲ့ ရှင်းလင်းတဲ့ ဘာသာစကား အသုံးပြုမှုတွေက အဓိကကျပါတယ်။ မိမိရဲ့ထင်မြင်ချက်ထက် ပေးထားတဲ့ စာပိုဒ်တွေထဲက ဘယ်အချက်က ပိုခိုင်မာလဲဆိုတာကို အခြေခံပြီး တိတိကျကျရေးသားနိုင်မှသာ လိုချင်တဲ့အမှတ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။👩🏻‍🎓👨🏻‍🎓🥇
That's everything I wanted to share with you all. Thank you for your engagement and your time, and have a good night 🙆🏻‍♀️💗


#TrKay
❤17👍2
Greetings, and welcome back, learners.👩🏻‍🏫📒 RLA ရဲ့ Extended Response ရေးသား‌တဲ့အခါ စကားလုံးက ၃၀၀ မှ ၅၀၀ အတွင်းရေးမှလိုချင်တဲ့ Scores ရမယ်ဆိုတာသိပြီးပြီလား။ ဘာ့ကြောင့် အဲ့လိုရေးဖို့အရေးကြီးတာလဲ..? ဆိုတာကိုပိုပြီးနားလည်သွားအောင် Tr.Kay's Channels ကနေရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။📚🔎

□Suggested Paragraph Length: GED ရဲ့ Guide Line အရ ER မှာစာပိုဒ်လေးပိုဒ်မှ ခုနစ်ပိုဒ်ခန့် ရေးသားရန် အကြံပြုထားပြီး၊ စာပိုဒ်တစ်ခုတွင် သုံးကြောင်းမှ ခုနစ်ကြောင်း ပါဝင်သင့်တယ်ဆိုပြီးသတ်မှတ်‌ပေးထားပါတယ်။ ဒါ့ကြောင့် သဘာဝအားဖြင့် တွက်ကြည့်မယ်ဆိုရင် စာလုံးရည် ၃၀၀-၅၀၀ ကြားရှိ‌နေတာကြောင့်ပဲဖြစ်ပါတယ်။

□Demonstrating Writing Skills: ပထမအချက်ကပြောထားတဲ့အတိုင်းမလိုက်နာဘဲ 300 အောက်ရေးတာတို့၊ 500 ထက်ကျော်လွန်ပြီး စာလုံးရည်ကိုဖောင်းကား‌အောင်ရေးသားခြင်းက မိမိရဲ့ Argument အရေးအသားကိုမှိန်ကျစေပြီး မျှော်မှန်းထားတဲ့အမှတ်နဲ့လည်းပဲ လွဲချော်စေနိုင်ပါတယ်။

□Fully Developed Argument: မိမိရေးသားတဲ့စာပိုဒ်တွေကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာပြီး ခိုင်လုံသော အထောက်အထားများ(well-supported argument)၊ သက်သေများ(evidence)၊
ဉပမာများ(example)ဖြင့်ရေးသားပြီး စာလုံးရည်ကို ပိုတာ၊လ်ိုတာမရှိရလေအောင်သေသေသပ်သပ်ရေးသားရမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ ER မှာဘာ့ကြောင့်သတ်မှတ်ထားတဲ့စားလုံးရည်အတွင်း‌ရှိ‌နေမှသာ အမှတ်ရမယ်ဆိုတာနားလည်ပြီလို့ မျှော်လင့်ပါတယ်။ အဆိုပါဖော်ပြသွားတဲ့အချက်သုံးချက်ကိုသေချာလေးမှတ်သားဖို့အရေးကြီးပါတယ်။ အဓိက တီချယ်အကြံ‌ပြုချင်တာကတော့ Extended Response ကိုစာလုံးရည် ၄၀၀ ကျော်ကျော်လောက်ရေးနိုင်ရင်ကိုပဲမိမိရဲ့ Argument ကလုံလောက်နေမှာပဲဖြစ်ပါတယ်ရှင်။
Thank you for your time and attention. I hope you perform well on your exam.🙆🏻‍♀️💗


#TrKay
❤10👍2🍓2🥰1
🍀ER Guide by Tr.Kay's Channel ရဲ့သင်္ကြန်ဆုတောင်းမင်္ဂလာ☘️

မင်္ဂလာရှိသောသင်္ကြန်အချိန်အခါ‌လေးမှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအပေါင်း ဘေးရန်ကင်းကွာ၊ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီး မိမိတို့လိုချင်တဲ့ ပညာရေးပန်းတိုင်၊ အလုပ်အကိုင်အခွင့်အလမ်းများလဲ တိုးတက်အောင်မြင်ကြပါစေရှင်။
ထို့အပြင် ကပ်ကြီးသုံးပါးရန်မှလည်းကျော်လွှားပြီး အေးချမ်းသာယာပါစေကြောင်းဆုတောင်းမေတ္တာပို့သလ်ိုက်ရပါတယ်။ လူ့ဘဝဟာ အင်မတန် သက်တမ်းတိုပါတယ်။ တိုတဲ့ သက်တမ်းကာလမှာ အချိန်ရှိစဉ် ဘာသာတရား၊ အောင်မြင်မှုနဲ့ မိမိဘဝရပ်တည်မှုအတွက် ကြိုးစားဖို့ အချိန်နည်းနေကြပါပြီ။ ဒါကြောင့် တရားရေအေး ဆည်းကပ်မှုနဲ့ နှစ်သစ်မင်္ဂလာအချိန်အခါကစပြီး ကြိုးစားအားထုတ်မှုနဲ့အတူနှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း Tr.Kay မှဆုမွန်ကောင်းပို့သလိုက်ရပါတယ်ရှင်။🙆🏻‍♀️💗

#TrKay
❤9💘4🐳1
မိမိရဲ့ Extended Response ကိုအဓိက အပိုင်းသုံးပိုင်းနဲ့ အကဲဖြတ်အမှတ်ပေးမယ်ဆိုတာသိရဲ့လား။ အဲ့တာတွေကဘာတွေလဲ..? ဘာကြောင့်အရေးကြီးရတာလဲ..? မစိုးရိမ်ပါနဲ့။Tr.Kay ကပိုပြီးနားလည်သဘောပေါက်အောင် ကျောင်းသားတွေအတွက်မျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်။👩🏻‍🏫📌


1️⃣Analysis of Arguments and Use of Evidence (2 points):
စာပိုဒ်နှစ်ခုထဲက အကြောင်းပြချက်တွေကိုရေးသားရတဲ့အခါမှာ မိမိကဘယ်လောက် နားလည်ပြီးသုံးသပ်နိုင်လဲဆိုတာစစ်ဆေးမှာဖြစ်ပါတယ်။ အဓိကအားဖြင့်ဘယ်အကြောင်းပြချက်က ပိုအားကောင်းတယ်ဆိုတာကို ထောက်ခံဖို့ စာသားထဲက တိကျပြီးသက်ဆိုင်တဲ့ အထောက်အထားတွေကို ဘယ်လောက် ထိရောက်စွာ အသုံးပြုနိုင်လဲဆိုတာရယ်၊ မိမိရဲ့အရေးအသားဟာ 'ထိုအကြောင်းပြချက်တွေကို သုံးသပ်တဲ့အလုပ်ကိုပဲ အာရုံစိုက်ထားသလား၊ ဒါမှမဟုတ် စာသားကို အကျဉ်းချုပ်တာ (သို့) မိမိရဲ့ ထင်မြင်ချက်ကို ပြောနေတာလား' ဆိုတာစစ်ဆေးပြီးအမှတ်ပေးတဲ့အပိုင်းပဲဖြစ်ပါတယ်။

2️⃣Development of Ideas and Organizational Structure (2 points): ဘယ်အကြောင်းပြချက်တွေကတော့ မိမိရဲ့အဓိကအချက် (thesis) ကို ဘယ်လောက်ထိ ရှင်းရှင်းလင်းလင်းနဲ့ ယုတ္တိရှိရှိ တင်ပြနိုင်လဲဆိုတာကိုစစ်ဆေးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်စာသားထဲက Evidence တွေနဲ့ ပံ့ပိုးပြီး မိမိရဲ့ အိုင်ဒီယာကို ဘယ်လောက်ကောင်းအောင်ရေးသားနိုင်လဲဆိုတာအပြင် ရှင်းလင်းတဲ့ နိဒါန်း (Intro)၊ ကိုယ်ထည်ပိုဒ်တွေ(Body)နဲ့ နိဂုံး(Conclusion)နဲ့အတူ မိမိရဲ့ Essay ကိုတကယ်ပဲထိရောက်စွာ ဖွဲ့စည်းနိုင်ရဲ့လား ဆိုတာကိုပါစစ်ဆေးတာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ Transition Words တွေကို မှန်ကန်စွာသုံးတတ်ရဲ့လားဆိုတာပါစစ်ဆေးပြီးအမှတ်ပေးခြင်းဖြစ်ပါတယ်။

3️⃣Clarity and Command of Standard English Conventions (2 points): Standard English ကိုအသုံးပြုပြီး မိမိရဲ့အိုင်ဒီယာနဲ့စာပိုဒ်ရေးသားတဲ့အခါထိရောက်စွာ‌သုံးထားလား၊မသုံးထားလား ဆိုတာစစ်ဆေးတာပဲဖြစ်ပါတယ်။ ဝါကျတည်ဆောက်ပုံ၊ သဒ္ဒါ၊ ပုဒ်ဖြတ်ပုဒ်ရပ်၊ စာလုံးပေါင်းနဲ့ စကားလုံးရွေးချယ်မှုတွေကို ဂရုတစိုက်ပြန်စစ်ရပါမယ်။ သိထားသင့်တာကတစ်ချို့အသေးအဖွဲ အမှားတွေက ဖယ်ရှောင်သွားလို့ရပေမဲ့လည်း၊ ဖယ်ရှောင်တာတွေများလာတဲ့အခါ ကြီးမားတဲ့အမှားကြီးတစ်ခုဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့်မို့ကျောင်းသားတွေ ဂရုစိုက်သင့်ဆုံးသည် စာကိုဖြေပြီးတိုင်း ပြန်စစ်ဖို့လိုအပ်တာပါပဲ။ ဒီအပိုင်းမှာထည့်သွင်းအမှတ်ယူခြင်းသည် မိမိရဲ့ ပြန်လည်စစ်ဆေးနိုင်မှုအပေါ်မှာ မူတည်နေတာကြောင့်ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ Extended Response ရဲ့အမှတ်ပေးစည်းမျဉ်းအကြောင်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။

Always remember, you can't change the past studying you've done, but you can control your mindset and effort right now. Focus on staying calm, reading carefully, and doing your best on each question..!🙇🏻‍♀️💓

#TrKay
❤16👏5👍1
May I have your attention please⁉️

RLA ရဲ့ Extended Response ကပုံမှန်ဆိုရင် တစ်နှစ်မှာ ခေါင်းစဉ်နှစ်ခုကိုပဲပေးပြီးလှည့်မေးတာပါ။ 2025 ရဲ့နှစ်စမှာဆို အားလုံးသိကြတဲ့အတိုင်း Green Energy နဲ့ High-speed Rail ဆိုတဲ့ခေါင်းစဉ်အသစ်နှစ်ခုကို set အပေါ်မူတည်ပြီးမေးတာပါ။ Tr.Kay ဖြေဆိုခဲ့တုန်းက Green Energy ပဲပါလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အခုတလော လေးလပိုင်းမှာ ဖြေဆိုသူတွေထံကနေကြားနေရတာက Robotics အပြင် Bio_Corn , Technology နဲ့အပ်စပ်တဲ့ ခေါင်းစဉ်တွေပါလာတာတယ်ဆိုပြီး ကြားနေရတယ်ပေါ့။ 2024 တုန်းကပါလာခဲ့တဲ့ ခေါင်းစဉ်တွေပါထပ်မေးလာတယ်ဆိုပြီး တစ်ချို့ကလည်း‌ယူဆနေကြတယ်။ အခြေအနေကဘယ်သူမှမသိနိုင်တာမို့ Topics ငြိမ်သွားချိန်နိုင်လဲရှိသလို၊ ထပ်အသစ်သစ်တွေပါနိုင်တာလဲဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ GED ဘက်ကတော့ ဘာမှတုံ့ပြန်ခြင်းမရှိသေးတာမို့ မိမိအဆင်သင့်ဖြစ်တဲ့အချိန်မှသာ ဝင်ဖြေဖို့ အားလုံးကိုအကြံပေးချင်ပါတယ်။ ဘယ်လိုပဲ ခေါင်းစဉ်ကပြောင်းပြောင်း ER ရဲ့ Format ကိုအသုံးချပြီး ရေးသားနိုင်ရင် အမှတ်ပြည့်ရနိုင်ပါတယ်ရှင်။📝📚

Focus on thorough preparation and a confident approach to your exam. Take the necessary time to navigate this stage of your academic journey successfully.👩🏻‍🎓👨🏻‍🎓

#TrKay
😭16🍓5❤3
Extended Response ရေးသားတဲ့အခါမှာပြီးပြီးရောရေးတတ်တဲ့သူလေးတွေရှိကြလား။ အဲ့လိုမျိုးရေးလို့ပဲ မိမိရဲ့အမှတ်တွေအတွက်စိုးရိမ်ရတယ်ဆိုတာကိုရော သိထားပါသလား။ ဒီတစ်ခေါက်မှာတော့ Writing အတွက်သတိထားသင့်စရာအချက်လေးတွေကို ‌Tr.Kay's channel လေးကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။👩🏻‍🏫💗


- Read the prompt and passages carefully. Make sure you understand the task and the arguments presented.
စာပိုဒ်တွေကို ဂရုတစိုက် ဖတ်ပါ။ ပေးထားတဲ့စာပိုဒ်နှစ်ခုက တင်ပြထားတဲ့ Argument တွေကို သေချာနားလည်အောင် ဖတ်ပါ။

- Plan your essay before writing. Create a brief outline to organize your thoughts and evidence.
မိမိရဲ့ Extended Response ကိုမရေးသားခင် ဘယ်အပိုဒ်မှာဘယ်စာကြောင်းရေးမယ်ဆိုတာကအစ ကြိုတင်ပြီး Plan ဆွဲထားရပါမယ်။ မိမိရဲ့ idea နဲ့ evidence တွေကိုလည်း outline လေးလုပ်ထားပါ။

- Identify the main points and supporting evidence in each passage. Take notes if it helps.
စာပိုဒ်တစ်ခုစီမှာပါတဲ့ အဓိကအချက်တွေနဲ့ အထောက်အထား (evidence)တွေကို ဖော်ထုတ်ပါ။ Note တွေထုတ်ထားရင် အထောက်အကူဖြစ်နိုင်ပါတယ်။

- Focus on analyzing the arguments, not just summarizing them. Explain why one argument is better supported than the other, using specific examples from the texts.
Argument တွေကို အကျဉ်းချုပ်ရုံနဲ့ မလုံလောက်ပါဘူး။ ခွဲခြမ်းစိတ်ဖြာဖို့ အာရုံစိုက်ပါ။ ဘာကြောင့် စာပိုဒ်တစ်ခုက ကျန်တစ်ခုထက် ပိုကောင်းတယ်ဆိုတာကို စာသားတွေထဲက တိကျတဲ့ ဥပမာတွေကို သုံးပြီး ရေးသားပေးရပါမယ်။

- Use evidence from both passages to support your claims. Don't just focus on one side.
မိမိ‌ရဲ့ Argument ကို ထောက်ခံဖို့ စာပိုဒ်နှစ်ခုစလုံးက အထောက်အထားတွေကို အသုံးပြုပြီး‌‌ရေးသားရပါမယ်။

- Maintain a formal tone and use precise language. Avoid slang and personal opinions.

မိမိရဲ့အထင်အမြင်၊ အတွေးအခေါ်တွေနဲ့ slang တွေကိုထည့်သွင်းရေးသာတာမျိူးမရှိရပါဘူး။

- Manage your time effectively. Stick to your planned schedule to ensure you complete the essay.
Time Management သည် Extended Response ရေးသားတဲ့အခါမှာအရေးကြီးပါတယ်။ အဲ့တာကြောင့်မို့ 45 minutes အတွင်းမှာ အချိန်ရှိရှိအသုံးချတတ်ဖို့လ်ုအပ်ပါတယ်။ Er အတွက် Time Management လုပ်နည်းလေးကိုတင်ပေးထားပါတယ် ⤵️⏰

https://t.me/Educationalsections/7


- Proofread your essay for grammar, spelling, and punctuation errors.
သဒ္ဒါ၊ စာလုံးပေါင်းနဲ့ ပုဒ်ဖြတ်ပုဒ်ရပ် အမှားတွေရှိ၊မရှိသေချာစစ်ဆေးပါ။

By understanding these facts and practicing your essay writing skills, you can increase your confidence and improve your score on the GED Extended Response.🙆🏻‍♀️📚

#TrKay
❤20🔥1
Good Evening Everyone🙆🏻‍♀️🎀

သတင်းကောင်းလေးတစ်ခုပြောပြပေးပါမယ်ရှင်။ ယခုအခါမှာ‌တော့ Bright Youths Hub Organization နဲ့အတူပူးပေါင်းပြီး Tr.Kay ကနေ RLA Reading+ Er အပိုင်းကိုသင်ကြားပေးမှာဖြစ်ပါတယ်။ ဒါ့‌ကြောင့်မို့ Preparation ပြီးထားတဲ့သူများအပြင်၊ ခုမှစလေ့လာသူများနဲ့ Self-study သမားများလဲ သင်ကြားနိုင်ပါတယ်ရှင်။ မိမိအနေနဲ့ RLA အပိုင်းမှာ အားနည်းမှုလိုအပ်ချက်များမရှိလေရအောင် တီချယ်ကေ ကနေအကောင်းဆုံးသင်ကြားပေးမှာမို့ ဝင်ရောက် join ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ လူအကန့်သတ်ရှိတာမို့ မြန်မြန်လေးလက်ဦးဖို့တော့လိုပါတယ်ရှင်။ သင်တန်းအပ်နှံဖို့အတွက်⤵️
https://docs.google.com/forms/d/e/1FAIpQLSc3bUC6mr2I5sFISv4oKUC7zIYov2EluNL5l56AzdzKBGmnUw/viewform

#TrKay with love👩🏻‍🏫💗
❤19💘2