Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.3K subscribers
3.86K photos
93 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Who can help?
ဘယ်သူ ကူညီပေးနိုင်မလဲ။

Who knows the answer?
အဖြေကို ဘယ်သူသိကြလဲ။

Who wants to try?
ဘယ်သူ ကြိုးစားကြည့်ချင်လဲ။

Any volunteers?
လုပ်ကြည့်ချင်တဲ့သူ ရှိလား။

Good job!
တော်လိုက်တာ သားတို့/သမီးတို့။

Well done!
အရမ်းတော်တယ်ကွယ်။

Excellent work!
တကယ်ထူးချွန်တာပဲ။

Keep it up!
ဒီအတိုင်း ဆက်ကြိုးစားသွားကြနော်။

That’s correct.
မှန်ပါတယ်။

That’s not quite right.
နည်းနည်းလေး လွဲနေသေးတယ်နော်။

Try again.
နောက်တခေါက် ထပ်ကြိုးစားကြည့်ပါဦး။

Don’t worry.
ဘာမှစိတ်မပူနဲ့နော်။

You can do it.
သားတို့/သမီးတို့ လုပ်နိုင်မှာပါ။

Thank you for listening.
အားလုံးပဲ နားထောင်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။

အသုံးချကြည့်နော်။

မေတ္တာဖြင့်
#ဆရာထက်ဇော်ထူး

#crd_to_owner_with_respect
❤16
အဝင်မလွယ်
အထွက်ခက်တဲ့
အလုပ်ထဲမှာ
ကျောင်းဆရာ၊ ဆရာမအလုပ်ကထိပ်ဆုံးကပဲ။
ဝါသနာပါလို့ပဲလုပ်လုပ်၊
အခြေအနေအရပဲလုပ်လုပ်

သင်ကြားရေးလောကထဲရောက်ပြီးရင်
ပြန်ရုန်းထွက်ဖို့အရမ်းကိုခက်သွားပြီ

ဘာကြောင့်လဲ

ဝင်ငွေကြောင့်လား.. no ပါ

လျော်ကြေးပေးရလို့လား no ပါ

စာချုပ်ချုပ်ထားရလို့လား..no ပါ

အထက်ကချုပ်ကိုင်မှုကြောင့်လားno ပါ

တစ်ခုတည်းသောအကြောင်းပြချက်ကတော့
ကလေးတွေနဲ့သံယောဇဉ်ပါပဲ

အထက်ကပေးတဲ့ဖိအား၊
ဘေးကပေးတဲ့ဖိအား၊ အောက်ကပေးတဲ့ဖိအား၊
မိသားစုကပေးတဲ့ဖိအားတွေကို

ကြံ့ကြံ့ခံရင်ဆိုင်ပြီးဒီအလုပ်ကို
ဖက်တွယ်နေတာဒီသံယောဇဉ်ကြောင့်ပဲပေါ့

တပည့်လေးတွေနဲ့စကားပြောနေရရင်၊
စာသင်နေရရင်ကိုအရာအားလုံးကိုမေ့ပြီး
ပျော်ရွှင်နေရတာဒီသံယောဇဉ်တွေကြောင့်ပဲပေါ့

အမျိုးသမီးကျောင်းဆရာမလေးတွေဆိုပိုဆိုး

မွေးရာပါဗီဇအရ မိခင်စိတ်ကပါလာလေတော့
ဆရာတွေထက်ကိုပိုပြီးဒဏ်ခံနိုင်ကြရှာတယ်

စာမေးပွဲတွေနီးလာပြီဆိုရင်လည်း
ကိုယ့်ကလေးတွေအတွက်

စိုးရိမ်စိတ်နဲ့ရင်တမမမ၊ ဖင်တကြွကြွဖြစ်ရတာ
မိဘတွေထက်မပိုတောင်မလျော့ဘူး

ဒါပေမယ့်ခေတ်တွေကပြောင်းလာပါပြီ

ကိုယ်စာသင်ခဲ့ရဖူးပေမယ့်
ဒီကလေးကကိုယ့်တပည့်ပါလို့
ထုတ်မပြောရဲတော့တဲ့ခေတ်ကိုရောက်လာပြီ

ကိုယ့်ကိုယ်ဆရာလို့ သတ်မှတ်မှသာဆရာပေါ့

မသတ်မှတ်တော့လည်း သူတို့သဘောပေါ့

ဒါပေမယ့်နောက်ထပ်တပည့်ပေါင်းများစွာကို
ပြုစုပျိုးထောင်ရင်းဒီလောကထဲမှာ
ဒီဆရာ၊ ဒီဆရာမတွေဆက်ရှိနေဦးမှာပါ

ကိုယ့်ခန္ဓာကိုယ်ကြီးက
ဒီဝန်ကိုထမ်းနိုင်သေးတဲ့အချိန်အထိပါ

#crd_to_owner
❤18👍5🥰1
အခန်းတွဲတာ
အပိုင်းခွဲတာ
အပိုင် လွှတ်တာ ဆင်ခြင်စရာ။
❤3
ကြုံဖူးကြလား
Ai ကတော့ အတော်စကားတတ်နေပါပြီ


ယဉ်ကျေးလိမ္မာလိုက်တဲ့ ဂျန်မနိုင်း

ဟား ဟား

ကြားဖူးတဲ့ ဟာသလို

တရားပွဲတစ်ခုမှာ
ဘုရားဒကာက ဘုရားစင်ကနေ ကျောက်ဆင်းတုတော် ပင့်တာကို အောက်က ပုဆိုးစပါ ရောနှော မ,မိပြီး ရှေ့ဆုံးကနေ ပင့်လာသတဲ့။

တရားနာ ပရိတ်သတ် ကံကောင်းချက်က ဘုရားရော ဖွားဖက်တော်ရော အတူ ဖူးမြှော်လိုက်ရတော့ ပြုံစိစိ ရယ်ကြသတဲ့။

ဘုရားဒကာက အမှန်မသိဘဲ

"ရယ်စရာ မဟုတ်ဘူးဟ၊
ကြည်ညိုစရာကြီး၊
ကြည်ညိုကြ
ကြည်ညိုကြ"လို့ ပြောလေသတဲ့။

အခုလည်း
ငါ့ ကြည်ညိုလေးစား တရိုတသေ ပြောတာဆိုလို့ ဂျမီနိုင်းတစ်ခု ရှိတာ နေမှာ။

"ကြည်ညိုစေသတည်း"
"ကြည်ညိုစေသတည်း"
👍4❤3
ခရိုင်အဆင့်(ဗဟိုအဆင့်) လူရည်ချွန်
ရွေးချယ်ရေးစစ်‌ဆေးခြင်းအချိန်ဇယား

#Lyc
#education
2025 -2026 ပညာသင်နှစ်
ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲမှထွက်ရှိလာသည့်
အသေးစိတ်အညွှန်းဇယားအရ
Grade 5 မြန်မာစာအတွက် သင်ခန်းစာခေါင်းစဉ် ၃၅ ခု ရှိသည့်အနက် သင်ခန်းစာ ၂၁ ခုကို အသုံးပြုထားပြီး မေးခွန်းနမူနာ အဖြစ်ထွက်ရှိလာပါပြီ

🎯အသေးစိတ်အညွှန်းဇယားအတိုင်းအဓိကထားပြီးကျက်မှတ်လေ့ထားရပါမယ်🎯👍👍👍

🎯၁။ သတ်ပုံအမှန် ၁၀ ပုဒ် (၁၀ မှတ်)
၁။တောင်ကြီးဖဝါးအောက်
၂။ စွမ်းရည်ကိုယ်စီ
၃။ မြည်သံစွဲ
၄။ ရိုးတစ်လျှောက်
၅။ ရွှေတိဂုံစေတီတော်
၆။ သတင်းစာဖတ်ကြမယ်
၇။ စကားထာ
၈။ စိန်ဗေဒါ
၉။ အညွှန်းစာဖတ်ကြရအောင်
၁၀။ အေးထွန်းနှင့်ပဲရှည်သီးပင်များ

🎯၂။(က) ကွက်လပ်ဖြည့် ၅ ပုဒ် (၁၀ မှတ်)
၁။ တောင်ကြီးဖဝါးအောက်
၂။ ရွှေတိဂုံစေတီတော်
၃။ စကားထာ
၄။ စိန်ဗေဒါ
၅။ ဆိုရိုးစကား

🎯၂။(ခ) ခက်ဆစ် ၅ လုံး ( ၁၀ မှတ် )
၁။ စွမ်းရည်ကိုယ်စီ
၂။ ရွှေတိဂုံစေတီတော်
၃။ စိန်ဗေဒါ
၄။ အာဇာနည်ခေါင်းဆောင်
၅။ အေးထွန်းနှင့် ပဲရှည်သီးပင်များ

🎯၃။(က) ဝါကျ ၅ လုံး ( ၅ မှတ် )

၁။ စွမ်းရည်ကိုယ်စီ
၂။ ရွှေတိဂုံစေတီတော်
၃။ စိန်ဗေဒါ
၄။ အာဇာနည်ခေါင်းဆောင်
၅။ ထမနဲ

၃။(ခ) စကားဆက် ၅ ပုဒ် ( ၅ မှတ် )
စကားဆက်လေ့ကျင့်ခန်းများလေ့ကျင့်ထားရန်

🎯၄။ ၃မှတ်တန် မေးခွန်းတို ၅ ပုဒ်ဖြေ ( ၁၅ မှတ်)
၁။ စွမ်းရည်က်ိုယ်စီ
၂။ သတင်းစာဖတ်ကြမယ်
၃။ အာဇာနည်ခေါင်းဆောင်
၄။ ထမနဲ
၅။ လိမ္မာကြတော့မယ်

🎯၅ ။ စာပိုဒ်ဖြေ ၃ ပုဒ်ဖြေ ( ၁၀ မှတ် )

အဖိုးတန် ဇီဝဇိုးငှက်ကလေး

🎯၆။ (က) ဆိုလိုရင်းအဓိပ္ပာယ် ၃ ပုဒ်ဖြေ ( ၁၅ မှတ် )

၁။ ဆုံးမစာ
၂။ မြစ်ဧရာ
၃။ ပြည်ထောင်စုခရီးသည်

🎯၆။(ခ) စီကုံးရေးဖြေ
သင်နှစ်သက်သော အစားအစာပြုလုပ်နည်း (၁၀ မှတ်)

၆။(ခ) စာစီစာကုံး ( ၁၀ မှတ်)

#AUNGEdu
#2025-2026
#grade5
#မြန်မာစာ
#နမူနာမေးခွန်းသုံးသပ်ချက််
#မူရင်းပို့စ်ကိုရှယ်ခြင်းဖြင့်မျှဝေပေးကြပါခင်ဗျာ

မူရင်းပို့စ်မှာ G 5 မြန်မာစာနဲ့ ပတ်သတ်သမျှ

ထပ်ထည့်ပြီးမျှဝေပေးသွားပါမယ်
❤13👍1
"အမေ... သားပါ၊ KPay ကနေ ပိုက်ဆံ ၅ သိန်းလောက် အမြန်လွှဲပေးပါ" လို့ ဖုန်းလာရင် ချက်ချင်းမလွှဲလိုက်ပါနဲ့!

ဒီနေ့ခေတ်မှာ "သူခိုးက ဓားပြတိုက်တာ" ထက် "AI နဲ့ လိမ်တာ" က ပိုကြောက်စရာကောင်းနေပါပြီ။ ဘာလို့လဲဆိုတော့ နည်းပညာက ကျွန်တော်တို့ရဲ့ "အယုံကြည်ရဆုံးအရာ" ဖြစ်တဲ့ မိသားစုဝင်တွေရဲ့ အသံနဲ့ မျက်နှာကိုပါ အတုခိုးလာနိုင်လို့ပါပဲ။

"အမေ... သားပါ၊ အဖမ်းခံထိလို့၊ KPay ကနေ ပိုက်ဆံ ၅ သိန်းလောက် အမြန်လွှဲပေးပါ" ဆိုတဲ့ တုန်တုန်ရီရီအသံကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ မိဘတိုင်း ရင်ဘတ်တစ်ခုလုံး ဒိန်းခနဲ ဆောင့်ခုန်သွားတတ်ကြပါတယ်။ အသံကလည်း ကိုယ့်သားသမီးအသံ အစစ်၊ နာမည်လည်းခေါ်တယ်၊ ငိုသံပါပါနေတော့ ပြာပြာသလဲလဲနဲ့ ပိုက်ဆံလွှဲမိကြတာ သဘာဝပါပဲ။ ဒါပေမဲ့ သတိထားကြပါ၊ ဒါဟာ တကယ့်အဖြစ်အပျက် မဟုတ်ဘဲ "ကျားဖြန့်" လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက AI နည်းပညာကို အသုံးပြုပြီး သင့်မိသားစုကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်နိုင်ပါတယ်။ ၂၀၂၅-၂၆ ကာလမှာ နယ်စပ်ဘက်က ငွေလိမ်ဂိုဏ်းတွေဟာ နည်းပညာတွေ ဝယ်သုံးလာကြပြီး အရင်လို ရိုးရိုးလိမ်တာမျိုး မဟုတ်တော့ဘဲ Generative AI လက်နက်တွေကို ကိုင်စွဲထားကြပါပြီ။ သူတို့က သင့်သားသမီး၊ သင့်ခင်ပွန်း သို့မဟုတ် ဇနီးရဲ့ အသံကို ၁၀၀ ရာခိုင်နှုန်း တူအောင် AI Voice Cloning နည်းပညာနဲ့ တုပနိုင်သလို၊ Video Call ခေါ်ရင်တောင် မျက်နှာကို Deepfake နည်းပညာနဲ့ အစားထိုးပြီး လိမ်လည်နိုင်တဲ့အဆင့်ကို ရောက်နေပါပြီ။

သူတို့က သင့်အသံကို ဘယ်ကရသလဲဆိုရင် အဖြေကတော့ Social Media ပါပဲ။ သင် TikTok မှာ ကပြထားတဲ့ Video လေးတွေ၊ Facebook Stories မှာ သူငယ်ချင်းတွေနဲ့ ရယ်မောပြောဆိုနေတဲ့ Video တွေ၊ ဒါမှမဟုတ် Group Chat တွေထဲက Voice Notes တွေထဲကနေ သင့်အသံဖိုင် (၃) စက္ကန့်စာလောက် ရလိုက်တာနဲ့ AI က သင့်လေသံ၊ အသံအနိမ့်အမြင့်၊ ရယ်သံကအစ အကုန် ကူးယူနိုင်ပါပြီ။ ပြီးတာနဲ့ သူတို့က ကွန်ပျူတာမှာ စာရိုက်ထည့်လိုက်ရုံနဲ့ သင့်အသံအတိုင်း စကားပြောထွက်လာတာဖြစ်လို့ "ငါ့သားအသံ ငါမှတ်မိတာပေါ့" ဆိုတဲ့ ယုံကြည်မှုကို သူတို့က အခွင့်ကောင်းယူ တိုက်ခိုက်ကြတာပါ။ ဒါကြောင့် ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ "Safe Word" လို့ခေါ်တဲ့ မိသားစု လျှို့ဝှက်စကား သတ်မှတ်ထားခြင်းပါပဲ။ ဒီနေ့ည ထမင်းဝိုင်းမှာ မိသားစုတွေ တိုင်ပင်ပြီး "ငါတို့အိမ်ကလူတွေ ဒုက္ခရောက်လို့ ပိုက်ဆံလိုရင် 'ငါးပိရည်' သို့မဟုတ် 'ပုဂံဘုရား' ဆိုတဲ့ စကားလုံး ပါအောင် ပြောရမယ်၊ အဲဒါမပါရင် ဘယ်သူမှ မယုံကြေး" ဆိုပြီး သတ်မှတ်ထားလိုက်ပါ။ AI က အသံတူအောင် လုပ်နိုင်ပေမယ့် သင့်မိသားစုရဲ့ လျှို့ဝှက်စကားကိုတော့ ဘယ်လိုမှ မသိနိုင်ပါဘူး။

နောက်ထပ် သတိထားရမယ့်အချက်ကတော့ Messenger သို့မဟုတ် Viber ကနေ ဖုန်းဆက်ပြီး "လိုင်းမကောင်းဘူး" လို့ အကြောင်းပြကာ ပိုက်ဆံလွှဲခိုင်းတဲ့ အခြေအနေမျိုးပါ။ AI Voice တွေက တခါတလေ စက်သံပေါက်တာ၊ စကားထစ်တာတွေကို ဖုံးကွယ်ဖို့ Scammer တွေက အင်တာနက်လိုင်းမကောင်းသလို ဟန်ဆောင်တတ်ကြပါတယ်။ ဒါကြောင့် သားသမီးက ဒုက္ခရောက်နေပြီလို့ Messenger က ဆက်လာရင် ဖုန်းချက်ချင်းချပြီး သူ့ရဲ့ ဖုန်းနံပါတ်အစစ် (Ooredoo/Atom/MPT) ကို ပြန်ခေါ်ပါ၊ ဒါမှမဟုတ် သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆီ လှမ်းဆက်မေးပါ၊ ပြာပြာသလဲလဲနဲ့ KPay သို့မဟုတ် Wave ကနေ ချက်ချင်း ငွေမလွှဲလိုက်ပါနဲ့။ မြန်မာလူမျိုးတွေက သားသမီးအရေးဆိုရင် အရာရာပုံအောတတ်ကြတဲ့ အားနာတတ်တဲ့ စိတ်ကို "ကျားဖြန့်" တွေက အခွင့်ကောင်းယူနေတာဖြစ်လို့ ကိုယ်ချွေးနည်းစာနဲ့ရှာထားတဲ့ ပိုက်ဆံကို AI သုံးတဲ့ သူခိုးတွေလက်ထဲ မပါသွားပါစေနဲ့။ ဒီစာကို ဖတ်ပြီးရင် ပြီးပြီးရော မထားဘဲ ကိုယ့်အဖေအမေ၊ ဘကြီးဘွားကြီးတွေကို အခုပဲ ဖုန်းဆက်ပြီး ဒီအန္တရာယ်အကြောင်း သတိပေးကာ "Safe Word" သတ်မှတ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
❤14👍2
🍁5C ဆိုတာက ၂၁ ရာစုမှာ အောင်မြင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ ဒါတွေကို မကျင့်သုံးနိုင်သေးတာဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ။

🌿ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် 5C အကြောင်းကို နားလည်ကြဖို့လိုပါတယ်။

🔳 Critical Thinking: ပြဿနာကို အဖြေရှာတတ်ခြင်း (အလွတ်ကျက်တာထက် ပိုအရေးကြီးပါတယ်)။
🔳 Creativity: အသစ်သစ်သော အိုင်ဒီယာများ ထုတ်နိုင်ခြင်း။
🔳Collaboration: အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ခြင်း။
🔳Communication: မိမိအယူအဆကို သူတစ်ပါးနားလည်အောင် ပြောဆိုနိုင်ခြင်း။
🔳 Citizenship / Character: လူမှုပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ရှိခြင်း။

🍀 "စာမေးပွဲအမှတ်" မှ "စွမ်းဆောင်ရည်" ဆီသို့ ပြောင်းလဲခြင်း
#အမှတ်ကိုပဲ ကြည့်တဲ့စနစ်ရှိနေသရွေ့ အလွတ်ကျက်တာက ပျောက်မှာမဟုတ်ပါဘူး။ ဆရာတွေအနေနဲ့ စာသင်ခန်းထဲမှာ အောက်ပါအတိုင်း စတင်ပြောင်းလဲနိုင်ပါတယ် -
🔳 စာအုပ်ထဲကအတိုင်း ပြန်မေးတာထက် "မင်းသာဆိုရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ မေးခွန်းမျိုးတွေကို မေးပါ။
🔳 အုပ်စုလိုက် ပရောဂျက် (Group Project) တွေ လုပ်ခိုင်းပြီး တဦးနဲ့တဦး ကူညီတတ်အောင် သင်ပေးပါ။

🍀 နည်းပြ (Facilitator) အခန်းကဏ္ဍကို ပြောင်းလဲခြင်း
ဆရာဆိုတာ စာဖတ်ပြရုံတင်မဟုတ်ဘဲ ကျောင်းသားတွေ ကိုယ်တိုင်တွေးနိုင်အောင် လမ်းပြပေးသူ ဖြစ်ရပါမယ်။ "ငါပြောတာ နားထောင်" ဆိုတဲ့ပုံစံကနေ "မင်းတို့ ဘယ်လိုထင်လဲ" ဆိုတဲ့ ပုံစံကို ပြောင်းလဲကျင့်သုံးသင့်ပါတယ်။

🍀 အသိပညာပေးခြင်း (Awareness)
မိဘတွေကလည်း အမှတ်များမှ စာတတ်တယ်လို့ ယူဆနေကြတာ ဖြစ်တဲ့အတွက် ကျောင်းတွေအနေနဲ့ မိဘတွေကို တွေ့ဆုံပြီး ခေတ်သစ်ပညာရေးရဲ့ သဘောသဘာဝကို ရှင်းပြဖို့ လိုပါတယ်။ စက်ရုပ်လို အလွတ်ကျက်နိုင်တဲ့သူတွေဟာ အနာဂတ် AI ခေတ်မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသွားနိုင်တယ်ဆိုတာကို သိမြင်လာအောင် လုပ်ရပါမယ်။
🔳 အဓိက အနှစ်ချုပ်
စနစ်တစ်ခုလုံးကို ချက်ချင်းပြောင်းဖို့ ခက်ပေမဲ့ ဆရာ၊ ဆရာမ တစ်ဦးချင်းစီက မိမိရဲ့ စာသင်ခန်းထဲမှာ ဒီ 5C ထဲက အချက်လေးတွေကို နည်းနည်းချင်း ထည့်သွင်းသင်ကြားပေးခြင်းအားဖြင့် အပြောင်းအလဲကို စတင်နိုင်ပါတယ်။

သားဇံ(ပညာရေးခရီးသည်)
❤22👍3🥰1