Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18.3K subscribers
3.87K photos
96 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဝန်ထမ်းများ၏ လစာနှုန်းထားများ အဆင့်ဆင့်တိုးပြင်ဆင်သတ်မှတ်ထားမှု အခြေအနေ
❤4
၁၉၆၁ ကျွန်းဆွယ်အားကစားပြိုင်ပွဲ
ယခုလက်ရှိဆီးဂိမ်း အမည်ရသော ‌အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို ၁၉၅၉ ခုနှစ်တွင်စတင်ကျင်းပခဲ့ပြီး ယင်းအချိန်က အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲအမည်ဖြင့်ကျင်းပခဲ့သည်။

ပထမအကြိမ်ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စတင်ကျင်းပခဲ့ရာ ထိုင်း၊ ဘားမား၊ မလေးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ လာအို အစရှိသော ၆ နိုင်ငံပြိုင်ပွဲ၀င်ခဲ့ပြီး ယိုးဒယား က ရွှေတံဆိပ် ၃၅ ခု ဖြင့် ပထမဆွဲကာ ဘားမား က ရွှေ ၁၁ ခုဖြင့် ဒုတိယချိတ်ခဲ့သည်။

ဒုတိယအကြိမ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ကျွန်တော်တို့ မြန်မာ(ဘာမား)၊ ရန်ကုန်မြို့တော်တွင် ဒီဇင်ဘာ ၁၁ မှ ၁၆ ရက်နေ့အထိကျင်းပခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ စတင်ပါ၀င်လာခဲ့ကာ နိုင်ငံပေါင်း ၇ နိုင်ငံ၊ အားကစားသမားပေါင်း ၈၀၀ ကျော်၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရန်ကုန်မြို့တော် အောင်ဆန်းအားကစားကွင်းကြီးတွင် ဖွင့်ပွဲကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတကြီး ဦးမန်းဝင်းမောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထူးခြားချက်တစ်ရပ်အနေဖြင့် ကျွန်းဆွယ်အားကစားဖွင့်ပွဲသို့ မြန်မာနိုင်ငံသို့ ခဏရောက်ရှိနေသော အစ္စရေးနိုင်ငံ၀န်ကြီးချုပ် ဘင်ဂူရီယန်လည်း မြန်မာနိုင်ငံ၀န်ကြီးချုပ် ဦးနု နှင့်အတူတက်ရောက်ခဲ့ခြင်းဖြစ်သည်။

မူလပထမက တောင်ဗီယက်နမ်နိုင်ငံတွင်ကျင်းပရန်စီစဉ်ခဲ့သော်လည်း အဆင်မပြေသဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ နိုင်ငံအလိုက် ရွှေတံဆိပ်တွင် မြန်မာက ရွှေတံဆိပ် ၃၅ ဆုဖြင့်ပထမရပြီး ထိုင်းက ရွှေ ၂၁ ခုဖြင့် ဒုတိယ ရခဲ့သည်။ မြန်မာ နှင့် ထိုင်းတို့ ဘက်ပေါင်းစုံတွင်လက်ရည်တူကာလများဟုသက်မှတ်နိုင်သည်။

ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကြီး၏ ဖွင့်ပွဲမီးရှုးတိုင်ကို နိုင်ငံ့ဂုဏ်‌ဆောင်အားကစားသမားကြီးဖြစ်‌သော ကာယဗလဦးဇော်၀ိတ်က သယ်ဆောင်ပေးခဲ့သည်။

Reference - ခေတ်ဟောင်းသတင်းစာများကပြောပြသော ၁၂ လရာသီအဖြစ်အပျက်များ

Photo Credit - Wikipedia
❤6
" နှစ်စဉ် ရွှေဈေး တက်နှုန်းများ "

1938 = 50 ကျပ်
1950 = 180 ကျပ်
1960 = 240 ကျပ်
1962 = 260 ကျပ်
1970 = 460 ကျပ်
1975 = 1800 ကျပ်
1980 = 2400 ကျပ်
1982 = 3000 ကျပ်
1984 = 4500 ကျပ်
1988 = 10500 ကျပ်
1989 = 13000 ကျပ်
1990 = 15000 ကျပ်
1991 = 20000 ကျပ်
1992 = 22000 ကျပ်
1993 = 26500 ကျပ်
1994 = 26500 ကျပ်
1995 = 30000 ကျပ်
1996 = 45000 ကျပ်
1997 = 46000 ကျပ်
1998 = 50000 ကျပ်
1999 = 50000 ကျပ်
2000 = 63500 ကျပ်
2001 = 103700 ကျပ်
2002 = 190000 ကျပ်
2003 = 190000 ကျပ်
2004 = 225000 ကျပ်
2005 = 309500 ကျပ်
2006 = 431000 ကျပ်
2007 = 577000 ကျပ်
2008 = 600000 ကျပ်
2009 = 616600 ကျပ်
2010 = 672900 ကျပ်
2011 = 730400 ကျပ်
2012 = 771300 ကျပ်
2013 = 660000 ကျပ်
2014 = 673100 ကျပ်
2015 = 750400 ကျပ်
2016 = 867000 ကျပ်
2017 = 937300 ကျပ်
2018 = 1056000 ကျပ်
2019 = 1190000 ကျပ်
2020 = 1310000 ကျပ်
2021 = 1780000 ကျပ်
2022 = 2800000 ကျပ်
2023 = 3715000 ကျပ်
2024 = 6100000 ကျပ်
2025 = 9020000 ကျပ်

2024 နှင့် 2025 မှာ တနှစ်ကို သိန်း ၃၀ ဈေးတက်ထားပါတယ်
လာမည့်နှစ် ဘယ်လောက်တက်မှာလဲ မေးစရာ ဖြစ်လာပြီ ...

#goldbprice@EducationalChannelMM #goldprice
❤12👍3
Please sit down.
ထိုင်ကြပါဦး။

Stand up, please.
မတ်တပ်ရပ်ကြပါ။

Raise your hand.
လက်ထောင်ကြပါ။

Listen carefully.
သေချာနားထောင်ကြနော်။

Pay attention.
အာရုံစိုက်ကြပါ။

Open your books to page [number].
စာအုပ် စာမျက်နှာ [နံပါတ်] ကို ဖွင့်ကြပါ။

Close your books.
စာအုပ်တွေ ပိတ်ထားကြပါ။

Take out your notebooks.
မှတ်စုစာအုပ်တွေ ထုတ်ကြပါ။

Put your pens down. ဘောပင်တွေ ချထားကြပါ။

Pick up your pencils. ခဲတံတွေ ကောက်ကိုင်ကြပါ။

Write your name at the top. အပေါ်ဆုံးမှာ ကိုယ့်နာမည်ရေးကြပါ။

Read the instructions.
ညွှန်ကြားချက်တွေကို ဖတ်ကြည့်ကြပါ။

Work quietly.
တိတ်တိတ်လေး အလုပ်လုပ်ကြပါ။

Don’t talk.
စကားမပြောကြနဲ့နော်။

Speak louder, please.
နည်းနည်းကျယ်ကျယ် ပြောပါဦး။

Repeat after me.
ဆရာ/ဆရာမ နောက်က လိုက်ဆိုကြပါ။

Work in pairs.
နှစ်ယောက်တတွဲ အလုပ်လုပ်ကြပါ။

Work in groups of [number].
[အရေအတွက်] ယောက်တဖွဲ့ အလုပ်လုပ်ကြပါ။ (ဥပမာ - သုံးယောက်တဖွဲ့)

Find a partner.
ကိုယ့်နဲ့တွဲဖက်လုပ်မယ့်သူ ရှာကြပါ။

Share your ideas.
ကိုယ့်အကြံဉာဏ်တွေ ပြောပြကြပါဦး။

Take turns.
အလှည့်ကျ လုပ်ကြပါ။

Wait your turn.
ကိုယ့်အလှည့်ရောက်အောင် စောင့်ကြပါ။

Line up, please.
တန်းစီကြပါ။

Walk, don’t run.
ဖြည်းဖြည်းလမ်းလျှောက်ကြပါ။ မပြေးကြနဲ့နော်။

Come to the front.
ရှေ့ကိုထွက်ခဲ့ပါ။

Go back to your seat.
ကိုယ့်နေရာမှာ ပြန်ထိုင်ကြပါ။

Face the board.
ကျောက်သင်ပုန်း/ဘုတ်ဘက် လှည့်ကြပါ။

Look at the screen. Screen ကို ကြည့်ကြပါ။

Watch carefully.
သေချာကြည့်ထားကြနော်။

Listen to your classmates.
အတန်းဖော်တွေ ပြောတာကို နားထောင်ပေးကြပါ။

Ask questions if you don’t understand.
နားမလည်တာရှိရင် မေးကြနော်။

Answer the question.
မေးခွန်းကို ဖြေပါ။

Give an example.
ဥပမာတခုလောက် ပေးပါဦး။

Explain your answer.
ကိုယ့်အဖြေကို ရှင်းပြပါဦး။

Show your work. .
လုပ်ထားတာ/တွက်ထားတာ ပြပါဦး။

Check your answers.
ကိုယ့်အဖြေတွေ ပြန်စစ်ကြပါ။

Correct your mistakes.
အမှားတွေ ပြန်ပြင်ကြပါ။

Erase the board.
ကျောက်သင်ပုန်း/ဘုတ်ကို ဖျက်ပေးပါဦး။

Write on the board.
ကျောက်သင်ပုန်း/ဘုတ်ပေါ်မှာ ရေးပါ။

Draw a picture.
ပုံတပုံ ဆွဲကြပါ။

Color the picture.
ပုံကို ဆေးရောင်ခြယ်ကြပါ။

Cut out the shape.
ဒီပုံစံလေးကို ညှပ်ထုတ်ကြပါ။

Glue it on the paper.
စက္ကူပေါ်မှာ ကော်နဲ့ကပ်ကြပါ။

Pass out the papers.
စာရွက်တွေ ဝေကြပါ။

Collect the papers.
စာရွက်တွေ ပြန်သိမ်းကြပါ။

Hand in your homework.
အိမ်စာတွေ လာထပ်ကြပါ။

Take out your homework.
အိမ်စာတွေ ထုတ်ကြပါ။

Put your things away.
ကိုယ့်ပစ္စည်းတွေ သေသေချာချာ သိမ်းကြပါ။

Clean up your desk.
ကိုယ့်စားပွဲကို သန့်ရှင်းရေးလုပ်ကြပါ။

Throw away the trash.
အမှိုက်တွေ သွားပစ်ကြပါ။

Push in your chair.
ကုလားထိုင်တွေ ပြန်သွင်းထားကြပါ။

Be quiet, please.
တိတ်တိတ်လေး နေကြပါနော်။

Settle down.
အားလုံး ငြိမ်ငြိမ်လေး နေကြပါ။

Calm down.
စိတ်အေးအေးထားကြနော်။

Stop talking.
စကားပြောတာ ရပ်ကြတော့။

Listen to the instructions.
ညွှန်ကြားချက်တွေကို သေချာနားထောင်ကြပါ။

Follow the rules.
စည်းကမ်းတွေကို လိုက်နာကြပါ။

Raise your hand to speak.
စကားပြောချင်ရင် လက်အရင်ထောင်ကြပါ။

Don’t interrupt.
ကြားဖြတ်မပြောကြနဲ့နော်။

Wait for your turn to speak.
ကိုယ့်အလှည့်ရောက်မှ ပြောကြပါ။

Use your inside voice.
အသံတိုးတိုးနဲ့ ပြောကြနော်။

Respect your classmates.
အတန်းဖော်အချင်းချင်း လေးစားကြပါ။

Be kind.
အချင်းချင်း ကြင်နာကြပါ။

Help each other.
တယောက်နဲ့တယောက် ကူညီကြပါ။

Work together.
အတူတူ ပူးပေါင်းလုပ်ဆောင်ကြပါ။

Try your best.
အကောင်းဆုံးဖြစ်အောင် ကြိုးစားကြပါ။

Don’t give up.
အားမလျှော့ကြနဲ့နော်။

Keep going.
ဆက်လုပ်သွားကြပါ။

Take a break.
ခဏနားကွဦး။

Time’s up.
အချိန်စေ့သွားပြီနော်။

Five minutes left.
ငါးမိနစ်ပဲ ကျန်တော့တယ်နော်။

Start now.
ကဲ အခုစကြတော့။

Stop now.
ကဲ ရပ်ကြတော့။

Let’s begin.
ကဲ စကြရအောင်။

Let’s review.
ပြန်ပြီးလေ့လာကြရအောင်။

Let’s practice.
လေ့ကျင့်ခန်းလုပ်ကြရအောင်။

Let’s play a game.
ကစားနည်းလေးတခု ကစားကြရအောင်။

Let’s sing a song.
သီချင်းလေးတပုဒ် ဆိုကြရအောင်။

Let’s read together.
အတူတူ ဖတ်ကြရအောင်။

Let’s write a story.
ပုံပြင်တပုဒ် ရေးကြရအောင်။

Let’s solve this problem.
ဒီပုစ္ဆာကို အတူတူတွက်ကြရအောင်။

Let’s discuss.
အတူတူ ဆွေးနွေးကြရအောင်။

Let’s brainstorm.
အားလုံး အတူတူစဉ်းစားပြီး အကြံထုတ်ကြရအောင်။

Let’s summarize.
အကျဉ်းချုပ် ပြန်ပြောကြရအောင်။

Let’s move on.
ကဲ နောက်တခု ဆက်သွားကြရအောင်။

Let’s finish up.
ကဲ အပြီးသတ်ကြရအောင်။
❤14
Who can help?
ဘယ်သူ ကူညီပေးနိုင်မလဲ။

Who knows the answer?
အဖြေကို ဘယ်သူသိကြလဲ။

Who wants to try?
ဘယ်သူ ကြိုးစားကြည့်ချင်လဲ။

Any volunteers?
လုပ်ကြည့်ချင်တဲ့သူ ရှိလား။

Good job!
တော်လိုက်တာ သားတို့/သမီးတို့။

Well done!
အရမ်းတော်တယ်ကွယ်။

Excellent work!
တကယ်ထူးချွန်တာပဲ။

Keep it up!
ဒီအတိုင်း ဆက်ကြိုးစားသွားကြနော်။

That’s correct.
မှန်ပါတယ်။

That’s not quite right.
နည်းနည်းလေး လွဲနေသေးတယ်နော်။

Try again.
နောက်တခေါက် ထပ်ကြိုးစားကြည့်ပါဦး။

Don’t worry.
ဘာမှစိတ်မပူနဲ့နော်။

You can do it.
သားတို့/သမီးတို့ လုပ်နိုင်မှာပါ။

Thank you for listening.
အားလုံးပဲ နားထောင်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။

အသုံးချကြည့်နော်။

မေတ္တာဖြင့်
#ဆရာထက်ဇော်ထူး

#crd_to_owner_with_respect
❤16
အဝင်မလွယ်
အထွက်ခက်တဲ့
အလုပ်ထဲမှာ
ကျောင်းဆရာ၊ ဆရာမအလုပ်ကထိပ်ဆုံးကပဲ။
ဝါသနာပါလို့ပဲလုပ်လုပ်၊
အခြေအနေအရပဲလုပ်လုပ်

သင်ကြားရေးလောကထဲရောက်ပြီးရင်
ပြန်ရုန်းထွက်ဖို့အရမ်းကိုခက်သွားပြီ

ဘာကြောင့်လဲ

ဝင်ငွေကြောင့်လား.. no ပါ

လျော်ကြေးပေးရလို့လား no ပါ

စာချုပ်ချုပ်ထားရလို့လား..no ပါ

အထက်ကချုပ်ကိုင်မှုကြောင့်လားno ပါ

တစ်ခုတည်းသောအကြောင်းပြချက်ကတော့
ကလေးတွေနဲ့သံယောဇဉ်ပါပဲ

အထက်ကပေးတဲ့ဖိအား၊
ဘေးကပေးတဲ့ဖိအား၊ အောက်ကပေးတဲ့ဖိအား၊
မိသားစုကပေးတဲ့ဖိအားတွေကို

ကြံ့ကြံ့ခံရင်ဆိုင်ပြီးဒီအလုပ်ကို
ဖက်တွယ်နေတာဒီသံယောဇဉ်ကြောင့်ပဲပေါ့

တပည့်လေးတွေနဲ့စကားပြောနေရရင်၊
စာသင်နေရရင်ကိုအရာအားလုံးကိုမေ့ပြီး
ပျော်ရွှင်နေရတာဒီသံယောဇဉ်တွေကြောင့်ပဲပေါ့

အမျိုးသမီးကျောင်းဆရာမလေးတွေဆိုပိုဆိုး

မွေးရာပါဗီဇအရ မိခင်စိတ်ကပါလာလေတော့
ဆရာတွေထက်ကိုပိုပြီးဒဏ်ခံနိုင်ကြရှာတယ်

စာမေးပွဲတွေနီးလာပြီဆိုရင်လည်း
ကိုယ့်ကလေးတွေအတွက်

စိုးရိမ်စိတ်နဲ့ရင်တမမမ၊ ဖင်တကြွကြွဖြစ်ရတာ
မိဘတွေထက်မပိုတောင်မလျော့ဘူး

ဒါပေမယ့်ခေတ်တွေကပြောင်းလာပါပြီ

ကိုယ်စာသင်ခဲ့ရဖူးပေမယ့်
ဒီကလေးကကိုယ့်တပည့်ပါလို့
ထုတ်မပြောရဲတော့တဲ့ခေတ်ကိုရောက်လာပြီ

ကိုယ့်ကိုယ်ဆရာလို့ သတ်မှတ်မှသာဆရာပေါ့

မသတ်မှတ်တော့လည်း သူတို့သဘောပေါ့

ဒါပေမယ့်နောက်ထပ်တပည့်ပေါင်းများစွာကို
ပြုစုပျိုးထောင်ရင်းဒီလောကထဲမှာ
ဒီဆရာ၊ ဒီဆရာမတွေဆက်ရှိနေဦးမှာပါ

ကိုယ့်ခန္ဓာကိုယ်ကြီးက
ဒီဝန်ကိုထမ်းနိုင်သေးတဲ့အချိန်အထိပါ

#crd_to_owner
❤18👍5🥰1
အခန်းတွဲတာ
အပိုင်းခွဲတာ
အပိုင် လွှတ်တာ ဆင်ခြင်စရာ။
❤3