အက်ရှင်အကြမ်း
45.9K subscribers
96 photos
21 videos
87 links
အလုပ်ဆက်သွယ်ရန်👉 @uswan1
Download Telegram
ဂုဏ်ရည်အပ်နှင်း ငြိမ်းချမ်းစေ 太平年 (Swords Into Plowshares)

ဒီဇာတ်ကားလေးကတော့ တွေ့တောင့်တွေ့ခဲ တကယ့်နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေရဲ့ဆုံတွေ့မှုလက်ရာတစ်ခုလို့ ဆိုရပါမယ်

Rating 8.4 ထိရထားခဲ့တဲ့ Guardian ထဲက မင်းသားချော BaiYu နဲ့ Will Love in Spring , Nothing But You အစရှိတဲ့ နာမည်ကြီးကားတွေရဲ့ဇာတ်လိုက်မင်းသမီးချော Zhou YuTong တို့ရဲ့ ဒီဇာတ်ကားလေးက 2026 ကြည့်ရှုသူအမျှော်လင့်ဆုံး ဇာတ်ကားစာရင်းထဲမှာ ပါ၀င်ထားတာမို့ လက်မလွတ်တမ်း ကြည့်သင့်သောပါပဲ


Native Title : 太平年
English Title : Swords Into Plowshares
Starring : Bai Yu, Zhou Yu Tong, Yu Hao Ming, Dong Yong, Zhu Ya Wen, Ni Da Hong
Episodes : 48
Aired : 23 January 2026
Original Network : IQIYI, Mango TV

🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2🥰1👏1
မိုနာ့ခ် နဲ့ ကမ္ဘာဖျက်သတ္တဝါများ [၂၀၂၆] စီစင် ၂
++++++++++++++++++++++++++

အပိုင်းသစ်  ( ၂ )

ဂေါ်ဇီလာပရိသတ်တွေ စောင့်နေတဲ့ မိုနာ့ခ် စီစင် ၂ ထွက်ရှိလာပါပြီ။

Season 1 ရဲ့ အဆက်ကိုမှ ပိုမိုက်တဲ့ အက်ရှင်တွေ၊ ပိုရှုပ်ထွေးတဲ့ ဇာတ်ကွက်တွေနဲ့ ဆက်ပြီး ဆွဲခေါ်သွားမှာပါ။


🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
4👏1
War Machine (2026)

++++++++

W_a-r M_a-c_h-i_n-e (2026) ကတော့  နက်ဖလေ့(စ် )ကနေ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi Action ဇာတ်ကားသစ်လေးပါ။

R_e-a_c-h_e-r စီးရီးနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Alan Ritchson ခေါင်းဆောင်ပါဝင်ထားပြီး၊ အက်ရှင်ကြမ်းကြမ်းနဲ့

ဂြိုဟ်သားစက်ရုပ်တွေ ချကြတဲ့ကားမျိုး ကြိုက်တတ်ရင် သဘောကျမယ့် ဇာတ်ကားပါ။


ဇာတ်လမ်းအကျဉ်း
++++++++++

ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်က နာမည်မရှိဘဲ "81" လို့ပဲ ခေါ်တဲ့ စစ်သားတစ်ယောက် (Alan Ritchson) ပါ။

သူက အာဖဂန်နစ္စတန်စစ်ပွဲမှာ သူ့ညီဖြစ်သူ သေဆုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာရနေတဲ့သူပေါ့။

ညီဖြစ်သူရဲ့ ဆန္ဒဖြစ်တဲ့ အမေရိကန် Army Ranger အထူးတပ်ဖွဲ့ဝင်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့

သူကိုယ်တိုင် ဝင်ရောက်အရွေးခံပါတယ်။

Ranger ဖြစ်ဖို့ နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ "Death March" လို့ခေါ်တဲ့ တောတွင်းစစ်ဆင်ရေးကို ဆင်းရတဲ့အချိန်မှာတော့

ထင်မှတ်မထားတာတွေ ဖြစ်လာပါတော့တယ်။

အဲဒီတောထဲမှာ သူတို့အဖွဲ့ဟာ ကမ္ဘာမြေပြင်က မဟုတ်တဲ့ ဧရာမ စက်ရုပ်ကြီးတစ်ကောင် နဲ့ သွားတိုးပါတော့တယ်။

အဲဒီနောက်မှာတော့ စစ်သင်တန်းဆင်းတဲ့ကားကနေ အသက်လုပြေးရ၊ ချရတဲ့ Survival ဇာတ်လမ်းအဖြစ် အရှိန်မြှင့်သွားပါတော့တယ်။


သုံးသပ်ချက်

ဒီကားက ခေါင်းစားခံပြီး တွေးကြည့်ရမယ့်ကားမျိုး မဟုတ်ဘဲ အက်ရှင်အမိုက်စားတွေ၊ ပစ်ခတ်ခန်းတွေနဲ့ ပေါ့ပေါ့ပါးပါး

အပန်းဖြေကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ P_r-e_d-a_t-o_r လို ဇာတ်လမ်းမျိုးကို T_r-a_n-s_f-o_r-m_e-r_s လို စက်ရုပ်တွေနဲ့

ပေါင်းစပ်ထားတဲ့ ပုံစံမျိုးပေါ့...

Dennis Quaid နဲ့ Stephan James တို့လို မင်းသားတွေလည်း ပါဝင်အားဖြည့်ထားပါတယ်။


🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
8👏7🔥2
Su*be*da*ar (2026)

=====================

"ကျည်ဆန်မိုးကို အံကြိတ်ခံနိုင်ပေမဲ့... သိက္ခာကို စော်ကားလာရင်တော့ ကမ္ဘာမကြေဖြစ်သွားမယ်"

အသက်ကြီးပေမဲ့ အရှိန်မကျသေးတဲ့ မင်းသားကြီး Anil Kapoor ရဲ့ အကြမ်းစား Action Drama ကားသစ်ကြီး Prime Video ကနေ ပူပူနွေးနွေး ထွက်ရှိလာပါပြီခင်ဗျာ။ အသက် ၆၀ ကျော်ပေမဲ့ အက်ရှင်ခန်းတွေကို ကိုယ်တိုင် အားရပါးရ ကြမ်းပြထားတဲ့ မင်းသားကြီးရဲ့ Vibe ကတော့ တကယ့်ကို One Man Army စတိုင်လ်ပါပဲ။

ဇာတ်လမ်းကတော့ အိန္ဒိယစစ်တပ်ကနေ အနားယူပြီး သာမန်အရပ်သားဘဝနဲ့ အေးအေးဆေးဆေး နေထိုင်ဖို ကြိုးစားနေတဲ့ အာဂျွန် ဆိုတဲ့ စစ်မှုထမ်းဟောင်းကြီးအကြောင်းပါ။ သူဟာ အလုပ်တာဝန်တွေကြောင့် အဝေးရောက်နေခဲ့လို သမီးဖြစ်သူ ရှာမာ နဲ့ ဆက်ဆံရေးက အေးစက်နေပြီး အဖေနဲ့သမီးကြား အဆင်မပြေမှုတွေ ရှိနေပါတယ်။ သမီးနဲ့ နားလည်မှုပြန်ယူပြီး အေးချမ်းတဲ့ဘဝလေးကို တည်ဆောက်ဖို ရွာကိုပြန်လာခဲ့ပေမဲ့... သူထင်သလို ဖြစ်မလာခဲ့ပါဘူး။

သူတိုနေတဲ့ဒေသမှာ သဲမှောင်ခိုဂိုဏ်းတွေက ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အင်အားကြီးစိုးနေတာဖြစ်ပြီး... ဒီဂိုဏ်းကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ မာဖီးယားခေါင်းဆောင် အစ်မဘာဘလီဆိုသူနဲ့ လူမိုက်ပရင့်စ်တိုရဲ့ ရမ်းကားမှုတွေက အာဂျွန်တို မိသားစုဆီကိုပါ ရိုက်ခတ်လာတဲ့အခါ…

နိုင်ငံကို ကာကွယ်ဖို ရန်သူကို တိုက်ခိုက်ခဲ့တဲ့ စစ်သားဟောင်းကြီးတစ်ယောက် ကိုယ့်မိသားစု၊ ကိုယ့်အိမ်ကို ကာကွယ်ဖိုအတွက်... ပျောက်ကွယ်နေတဲ့ စစ်သည်တော်စိတ်ဓာတ်ကို ပြန်နှိုးဆွပြီး ဒေသခံ လူမိုက်တွေကို ဘယ်လို တစ်ယောက်တည်း ဝင်ကြိတ်မလဲဆိုတာ အကြမ်းစား ဖိုက်တင်ခန်းတွေနဲ့ ရှုစားရမှာပါ။

ဒီကားမှာ အဓိက ဇာတ်ဆောင် Subedaar ကြီးအဖြစ် Anil Kapoor က ခေါင်းဆောင်ပါဝင်ထားပြီး၊ သမီးဖြစ်သူနေရာမှာ Radhikka Madan၊ ဗီလိန်တွေအဖြစ် Mona Singh နဲ့ Aditya Rawal တိုက အပြိုင်ကြဲ သရုပ်ဆောင်ထားကြပါတယ်။

ရိုးရိုးအက်ရှင်ကားတွေလို ပစ်ခတ်ကြမ်းရမ်းတာ သက်သက်မဟုတ်ဘဲ... သမီးနဲ့အဖေကြားက မိသားစု သံယောဇဉ် ဒရာမာလေးပါ တွဲဖက်မြင်တွေ့ရမှာဖြစ်လို အိန္ဒိယ အက်ရှင်ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါပဲ။


🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
🥰2👏1
Nellikkamp oyil Night Riders (2025

"သရဲဖမ်းကြသူများ"

တမီးလ်နာဒူးနယ်စပ်နားက နယ်လီကမ်ပိုရီလို့ခေါ်တဲ့ နယ်မြို့လေးတစ်မြို့။ယဉ်ကျေးမှုအသီးသီး ဘာသာအသီးသီးနဲ့လူတွေ နေထိုင်ကြပြီးသရဲတစ္ဆေတွေနဲ့ပတ်သက်ပြီးလည်း အယူသီးကြတယ်။

နာမည်အကြီးဆုံးကတော့ ကူလီဆိုတဲ့ မြို့အစောင့်အရှောက်က ညဘက်တွေမှာနယ်မြေကိုစောင့်ရှောက်ဖို့ အတောင်ပံဖြန့်ပြီး လှည့်သွားနေတတ်တယ်တဲ့။ဒီလောက်အယူသီးတဲ့မြို့လေးမှာမှ ညဘက်တွေမှာ ထူးခြားဆန်းကြယ်တဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်နေခဲ့ပြန်ရော။

ဒီမှာပဲ အမှောင်ကြောက်တတ်တဲ့ ရှမ်နဲ့အဖွဲ့က ညဘက်မှာဖြစ်တတ်တဲ့ထူးခြားဖြစ်စဉ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာတော့...။

🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
🥰1👏1
Boyfriend on Demand (2026)

++++++++++++++++++++++++


Blackpink အဖွဲ့ဝင် မမဂျီဆူးရဲ့ ဇာတ်လမ်းတွဲ အသစ်လေးကတော့ ဒီကနေ့မှာ ထွက်ရှိလာခဲ့ပါပြီရှင်။
ဆန်းသစ်တဲ့ဇာတ်လမ်းဖြစ်ပြီး နာမည်ကြီး မင်းသားများကို တစ်စုတဝေးကြီး မြင်ရမယ့်အပြင်
လှပတဲ့ ဖက်ရှင်ပဒဿများကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

Ji Soo နဲ့အတူ Seo In Guk, Yoo In Na, Lee Soo Hyuk, Seo Kang Joon, Lee Jae Wook,
Jay Park, Kim Young Dae, Ong Seong Wu,  Lee Sang Yi, Kim Sung Chul, Lee Hyun Wook
စတဲ့ အခြား နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားကြတာမို့ လက်မလွှတ်သင့်ကြောင်းနော်။

ဇာတ်လမ်း အကျဉ်းချုပ်အနေနဲ့ကတော့...

ဆောမီရယ်ဟာ Webtoon ပီဒီတစ်ယောက်ဖြစ်ပြီး သူ့ခမျာ နေ့မအား ညမအား
အလုပ်ချိန်ဇယားတွေနဲ့ ပြည့်နှက်နေသလို အလုပ်ချိန်အပြီးမှာလည်း တစ်ကိုယ်တည်း
အနားယူပြီး ကုန်ဆုံးနေတတ်သူဖြစ်တဲ့အလျောက် သူမဘဝမှာ ချစ်သူကောင်လေးအပထား
အီစီကလီ ရင်ခုန် စိတ်လှုပ်ရှားမှုဆိုတဲ့ ခံစားချက်နဲ့တောင် အလှမ်းဝးနေသူပါ။

တစ်နေ့မှာတော့ သူမဆီကို device တစ်ခုရောက်ရှိလာခဲ့ပြီး အဲဒီ device ကတစ်ဆင့်
virtual world ထဲမှာ ပြီးပြည့်စုံတဲ့ အမျိုးသားတွေနဲ့ ရိုမန့်စ် အခိုက်အတန့်ကို ခံစားလိုက်ရချိန်
သူမရဲ့ ကွယ်ဝှက်နေတဲ့ အချစ်ဆဲလ်တွေဟာ နိုးထလာခဲ့ပါတော့တယ်။

တစ်ဖက်မှာ အလားတူ Webtoon ပီဒီဖြစ်တဲ့ ဘတ်ဂယောင်းနမ်ကတော့ လုပ်ရည်ကိုင်ရည်တော်ပေမဲ့
အများနဲ့မတူ ကွဲထွက်နေတဲ့ လူဂွစာဖြစ်တဲ့အတွက် မီရယ်ဟာ ဂယောင်းနမ်နဲ့ အလုပ်တွဲလုပ်ရတိုင်း
စိတ်မသက်မသာခံစားရပါတယ်။ သို့သော်လည်း မီရယ်တစ်ယောက် အချစ်ဆဲလ်တွေ
ပွင့်ထွက်လာချိန်မှာ ဂယောင်းနမ်နဲ့ ဘယ်လိုဇာတ်လမ်းတွေဖြစ်လာကြမလဲ…
တင်းမာနေတဲ့ ကြိုးလေးတွေက ဘယ်လိုလှိမ်ယှက်သွားမလဲ... ဆိုတာကို ရင်ခုန်စွာ ကြည့်ရမယ့်
ဇာတ်ကားကောင်းလေးမို့ ပရိသတ်ကြီးတို့ အတူတူခံစားကြည့်ရှုလိုက်ရအောင်နော်။


🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
2🥰2👏2
Blue My Mind (2018

လူသားစင်စစ်ကနေ ရေသူမအဖြစ် သ‌န္ဓေပြောင်းသွားတဲ့ကောင်မလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪


ဒီဇာတ်ကားလေးမှာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ခံစားချက်တွေကို
မြင်ယောင်မိသွားအောင် ရိုက်ပြထားပါတယ်
အများနဲ့တန်းတူဖြစ်နေအောင်
အများနဲ့အံဝင်ခွင်ကြဖြစ်အောင် ကြိုးစားရုန်းကန်နေပေမယ့်
သူမရဲ့ပြောင်းလဲလာတဲ့ သဘာဝတရားကို လွန်ဆန်နိုင်ခြင်းမရှိခဲ့တဲ့
ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးပြထားတာပါ……..
ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နောက်ဆုံးမှ ချပြခဲ့တဲ့ လျှို့ဝှက်ချက်လေးတစ်ခုပါပဲ….
သူမဘာကို ရင်ဆိုင်ကြုံတွေ့နေရတာလဲ လူအများထက်ပိုပြီး
ဘာကြောင့် စိတ်ဖိစီးမှုများနေရတာလဲ ဆိုတာကတော့…

🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
👏32👍1
သိုင်းဆရာချန်ကျန်း (精武陈真:租界风云)
The Wind of JingWu 2026 Movie


ဒါကတော့ အားလုံးသိကြတဲ့သိုင်းသိုင်းပညာရှင်ကြီး ဟော့ယွမ်ကျာရဲ့ တပည့်ဖြစ်သူ ချန်ကျန်းအကြောင်းကို ရိုက်ကူးထားတာပါ


ဇာတ်လမ်းအကျဉ်း

၁၉၁၁ ခုနှစ်မှာ ချန်ကျန်းဟာ သူ့ရဲ့ဆရာဖြစ်သူ ဟော့ယွမ်ကျာအတွက် ကလဲ့စားချေဖို့မတွက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Tong meng huiထဲကို ဝင်ရောက်ခဲ့ပါတယ်

သူက ထျန်းကျင်းမြို့က နိုင်ငံခြားသံရုံးနယ်မြေတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ ဂျပန်တွေ လျှို့ဝှက်ပူးပေါင်းနေမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်
တာဝန်ထမ်းဆောင်နေစဉ်မှာ ချန်ကျန်းဟာ ချောင်းမြောင်းတိုက်ခိုက်ခံရပြီး သူ့ရဲ့ရဲဘော်တွေလည်း အဆိပ်မိတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်

အဲဒီလို ခက်ခဲတဲ့အခြေအနေမှာ အရင်က ရန်သူဖြစ်ခဲ့ဖူးတဲ့ သိုင်းပညာရှင် ကျန့်ရှောက်ယွမ်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး နှစ်ယောက်သား သဘောထားချင်းတိုက်ဆိုင်ကာ လက်တွဲမိသွားကြတဲ့အခါ

နောက်ဆုံးမှာတော့ ချန်ကျန်းကနိုင်ငံခြားသံရုံးနယ်မြေအတွင်းမှာ ဂျပန်သူလျှိုခေါင်းဆောင်နဲ့အတူ အသက်လုတိုက်ပွဲဝင်ပြီး တိုင်းပြည်အတွက် ဘယ်လိုအသက်ပေးကာကွယ်သွားမလဲ

🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
4🥰2
တီရန်ကျယ်နှင့်ဗောဓိရုပ်ပွားတော်ပြိုကျခြင်း

Detective Dee ( 2026 )

ထန်မင်းဆက်ကာလ မြို့ပြင်က ပြိုကျနေတဲ့ ဗော‌ဓိရုပ်ပွားတော်ရဲ့ အကြွင်းအကျန်တွေက တစ်ညတည်းမှာပဲ အံ့ဩဖွယ် နိုးထလာခဲ့ပြီး ကောင်းကင်ယံမှာ မီးနဂါးတစ်ကောင် ပေါ်ထွက်လာပြီး မီးလုံးတွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာကြောင့် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါတယ်

အဲဒီနောက်မှာတော့ စေတီတော်ကြီးဟာလည်း မီးလောင်ကျွမ်းပြီး ပြာအဖြစ် ပြောင်းလဲသွားပါတော့တာ‌ပေါ့ တစ်ဖက်မှာလည်း ဝိညာဉ်လမ်းစဉ်လို့ခေါ်တဲ့ တစ်ပါးသား မိစ္ဆာတွေက ဧကရီ Wu Zetian အနေနဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးလိုပဲ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေမှသာ ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါ

ဒီလို တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်နေချိန်မှာ စုံထောက်ကြီး Di Renjieက အမှုကို စုံစမ်းဖို့ အမိန့်ပေးခြင်း ခံရပေမဲ့ အတိတ်က ရန်ငြိုးရှိခဲ့ဖူးတဲ့ တရားရုံးချုပ်က အရာရှိ Pei Dongsheng နဲ့ အတူတွဲလုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံရတာဖြစ်နေတဲ့အခါ

တစ်ယောက်ကိုတစ်ယောက် မယုံကြည်မှုတွေ ပြင်ပရန်သူတွေရဲ့ နှောက်ယှက်မှုတွေကြားကနေ တီရန်ကျယ်တစ်ယောက် ဒီမီးနဂါးရဲ့နောက်ကွယ်က အမှန်တရားကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ... ...


🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ယခုကား ကြည့်ရန် ကွန်မန်းတွင် လင့်ချပေးထားပါတယ် ⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
4🥰3
W.a.r 2 (2.0.2.5)
===================
❗️❗️❗️❗️❗️

Genre: Action, Adventure, Thriller
လက်ပွားမင်းသားကြီးရီသိက်ရိုရှန်နဲ့ မင်းသားကြီး ရာမာရောင်ဝ် ဂျူနီယာတို့ရဲ့ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြမဲ့ အမိုက်စားအက်ရှင်ဇာတ်ကားကြီး W_A_R - 2 ကြည်တောက်ရှင်းထွက်ရှိလာပါပြီ ခင်ဗျာ။
8
Toxic ( 2026 )

ဇာတ်ကားသစ်မှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ KGFမင်းသား Yash

Yashရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့
Toxic ဇာတ်ကားဟာ လူ့အဖွဲ့အစည်း
အတွင်းရှိ အမှောင်ဘက်ခြမ်း၊ အာဏာ၊ လောဘတွေကို ဖော်ပြမယ့် dark
action drama အမျိုးအစားဖြစ်တယ်လို့
ဆိုကြပါတယ်။ A Fairy Tale for Grown-Ups”
ဆိုတဲ့ ခေါင်းစဥ်ကလည်း
ယခင် fairy tale များကဲ့သို့
ဖြူစင်တဲ့ ဇာတ်လမ်းမဟုတ်ဘဲ
လူကြီးတွေရဲ့ အမှန်တရားနဲ့ ဆိုးရွားတဲ့ အတွေ့အကြုံများကို ကြည့်ရှုသွားရမှာပါ
အထူးစိတ်ဝင်စားစရာ ကောင်းတာကတော့
Yashက ဤကားမှာ ၂ကိုယ်ခွဲ (dual role) သရုပ်ဆောင်ထားတာပါ။
အဖေအဖြစ် တစ်မျိုး၊
သားတစ်ယောက်အဖြစ် တစ်မျိုး
Dual role သရုပ်ဆောင်မှုက
မင်းသားတစ်ဦး၏ သရုပ်ဆောင်နိုင်စွမ်းကို
ပြသရာမှာ အလွန်အရေးကြီးပါတယ်။

Yashက ယခင် K.G.F: Chapter 1 နဲ့
K.G.F: Chapter 2 ဇာတ်ကားများတွက်
Rocky Bhai အဖြစ် သရုပ်ဆောင်ကာ
နာမည်ကျော် action hero အဖြစ်
လူသိများလာခဲ့ပါတယ်။
ဒီဇာတ်ကားကလည်း သူ့ရဲ့
career အတွက် နောက်ထပ် milestone
တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ္။

ချန်နယ်အရင်Joinပြီးမှကြည့်ပါ⬇️

https://t.me/+MsEBezZCCUg1ZGU1

ယခုဗွီဒီယိုကြည့်ရန်⬇️

https://t.me/+ScUmeXbnwNxkZjJl

#Crd
4
ဒီနှစ်ကျင်းပတဲ့ အော်စကာဆုပေးပွဲမှာ အော်စကာပါရထာငးတဲ့ သွေးစုပ်ဖုတ်ကောင်ကား

အော်စကာပါရသွားလို့ ပြန်ကြည့်ချင်မယ်ထင်လို့



35 နှစ်အတွင်း ပထမဦးဆုံး A အဆင့်ကို ပြန်လည်ရရှိခဲ့တဲ့ ဗန်ပိုင်းယားဟော်ရာ ဇာတ်ကား လာပါပြီ။

ရုံတင်တုန်းကလည်း ရီဗျူးကောင်းတွေ ရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ဟော်ရာမူဗီအဖြစ်လည်း သတ်မှတ်ခံထားရပြီး၊ ကြည့်ရှုသူတွေကလည်း ဒီဇာတ်လမ်းဟာ ဗန်ပိုင်းယားတွေကို realistic အဆန်ဆုံး ရိုက်ပြနိုင်တဲ့ကားဖြစ်ကြောင်းချီးကျူးထားပါသေးတယ်။

Cast တွေကလည်း Michael B Jordan, Hailee Steinfeld တို့လို နာမည်ကြီးတွေနဲ့ ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းကတော့ စမုတ်ခ်နဲ့ စတက်ခ်ဆိုတဲ့ အမြွှာညီအစ်ကိုဟာ ချီကာဂိုကနေ ဇာတိဖြစ်တဲ့ မစ္စစ္စပီကို ပြန်လာပြီး သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂျုကလပ် ဖွင့်ဖို့ စတင်ကြိုးစားပါတယ်။
ဒါပေမဲ့ အဲဒီအရပ်ဒေသမှာ ကြောက်ဖို့ကောင်းပြီး အန္တရယ်များတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေပါတယ်။

ဒီလိုနဲ့ အတိတ်ဘဝဆိုးကို မေ့ဖျောက်ပြီး ဘဝသစ်စမဲ့ အမြွှာညီအစ်ကိုဟာ ပိုဆိုးတဲ့ ဘဝအတွေ့အကြုံကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။

ဒီဇာတ်လမ်းမှာ ဘာသာရေး၊ ဂီတ၊ မိသားစုရေးရာ စတဲ့ topic မျိုးစုံကို နှီးနှောပြီး
5😁1
U.l.t.r.a.v.i.o.l.e.t (2.0.0.6)

အနာဂတ်ကမ္ဘာမှာ Hemophages လို့ခေါ်တဲ့သွေးစုပ်သတ္တဝါ ဗီဇပြောင်းလဲသူတွေဟာ လူသားတွေအတွက် အန္တရာယ်ရှိတယ်လို့ သိမြင်ခံထားရပြီး အစိုးရက သုတ်သင်ဖို့ ကြိုးစားနေပါတယ်။ Violetဟာသွေးစုပ်သတ္တဝါ တစ်ဦးဖြစ်ပြီး သူမ့ရဲ့ မိသားစုကို မတရားသတ်ဖြတ်ခံခဲ့ရတဲ့အတွက် အစိုးရကို လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တစ်နေ့မှာ သူမဟာ အရေးပါတဲ့ ဇီဝလက်နက် တစ်ခုကို ခိုးယူဖို့တာဝန်ကျရောက်လာခဲ့ပြီး၊ ထိုလက်နက်ဟာ Six လို့ခေါ်တဲ့ ကလေးတစ်ဦးဖြစ်နေတာကို သိလိုက်ရပါတယ်။ သူ့ကို သတ်ဖို့ ညှင်းပမ်းခံရပေမယ့် Six ဟာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်နိုင်မယ့် သူဖြစ်နေတာကို သိလိုက်တဲ့အခါမှာတော့ Violet ဟာ သူ့ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ သူမဟာ အစိုးရနဲ့ တိုက်ရိုက်တော်လှန်ရင်း၊ သွေးစုပ်သတ္တဝါ တွေရဲ့ မျိုးဆက်အနာဂတ်ကို ပြောင်းလဲပေးနိုင်မယ့် တိုက်ပွဲထဲရောက်သွားပြီး
တကယ်ပဲမျိုးဆက်အနာဂတ်ကိုပြောင်းလဲနိုင်ခဲ့မှာလား
Sixနဲ့သူမနဲ့ ရောဘာတွေဆက်ဖြစ်သွားမှာလဲ
Six ဟာသူတို့ကိုတကယ်ရော ကယ်တင်နိုင်ရဲ့လားကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
2
Pushpa - 3 { 2026 }

သူ့ကို ချိုးဖောက်ဖျက်သွားသူတွေရဲ့ အပြန်အလှန်တုံ့ပြန်မှု၊ နိုင်ငံခြားကုန်သွယ်သူတွေနဲ့ ငြိမ်းချမ်းရေးမရှိတဲ့ စစ်ပွဲတွေ၊ နယ်စပ်တောင်တွေအထိ တောစစ်အဖြစ် ဗုံးတင်သွားတဲ့ ပြသနာကြီးတွေကို တွေ့ရပါမယ်။

Pushpa ဟာ သေဖို့အထိအန္တရာယ်ရှိတဲ့ အခြေအနေတွေထဲမှာပါ “Pushpa thaggede le (Pushpa doesn’t bow down)” ဆိုတဲ့ dialogue နဲ့ ပြန်လည်ပေါ်ထွက်လာတာပဲ ဒီဇာတ်ကားရဲ့ အဓိကအာရုံစိုက်ချက်ဖြစ်ပါတယ်။ သူ့အတွက် မိသားစု၊ မိတ်ဆွေ၊ အဖိုးအဖွားပေါင်းများစွာကိုဆုံးရှုံးရပေမဲ့ Pushpa ဟာ မညံ့မဆုတ်တဲ့ လူတစ်ဦးအနေနဲ့ တိုက်လှန်နေဆဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ သာမန်တောထဲက မုဆိုးတစ်ဦးမဟုတ်တော့ပါ — သူဟာ နိုင်ငံတစ်နိုင်ငံအဆင့်ထိ အန္တရာယ်ဖြစ်လာတဲ့ စစ်ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး သူ့ကိုတားဖို့ နိုင်ငံတစ်ခုလုံးက စစ်တပ်အထိ ရှိလာတာကိုတွေ့ရမှာပါ

ချန်နယ်အရင်Joinပြီးမှကြည့်ပါ⬇️

https://t.me/+GXcNHhMsCEFkNGZl

ယခုဗွီဒီယိုကြည့်ရန်⬇️

https://t.me/c/2006422894/4456

#Crd
11👍2🥰2
သောက်ကျင့်မကောင်းတဲ့ သူဌေးနဲ့အတူ အသက်ရှင်သန်ဖို့ ကြိုးစားရတဲ့ ကောင်မလေး

ーーーーーーーーーーーーーーーーー

ဇာတ်လမ်းအကျဉ်းကတော့ -

အလုပ်အရမ်းကြိုးစားပေမဲ့ မျက်နှာသာအပေးမခံရတဲ့ လင်ဒါ တစ်ယောက်ဟာ သူမရဲ့ အကျင့်မကောင်းတဲ့ အလုပ်ရှင်နဲ့ အတူတူ ကျွန်းတစ်ခုပေါ်မှာ လေယာဉ်ပျံပျက်ကျကာ ကျရောက်ခဲ့ပါတယ် ။

အရင်က ပြဿနာပေါင်းများစွာတက်ခဲ့ပေမဲ့လည်း အခုလိုဒုက္ခရောက်နေတဲ့ အချိန်မှာတော့ အတိတ်က ကိစ္စတွေကိုမေ့ကာ အသက်ရှင်သန်ဖို့ ကြိုးစားကြရပါတော့တယ်။
Media is too big
VIEW IN TELEGRAM
ရှယ်မိုက် ရုံတင်ကားသစ်ကြီး

ーーーーーーーーーーーーーーー


TikTok မှာဇာတ်ကားနာမည် သိပြီးဘယ်ချန်နယ်မှာရှာရမလဲမသိဘူးဖြစ်‌နေရင် အလွယ်သကူးကြည့်လို့ရမဲ့မိန်းချန်နယ်လင့်👇

Joinထား👉 @joinBurmachannel1
👉 https://t.me/joinBurmachannel1
EXလွမ်းမနေနဲ့ ဒီမှာသူမထက်မိုက်သာ‌တွေတင်ပေးထားတယ်👇

Joinလိုက် 👉 @exgyichannel
7
Forwarded from TELEBET MM ADS
This media is not supported in your browser
VIEW IN TELEGRAM
🩸🩸🩸🩸🩸🩸🩸 🩸🩸

အရမ်းကြမ်း အရမ်းအမ်းတဲ့ ဝဘ်ဆိုဒ်ကြီး
🎮💵

ခေတ်မှီဆန်းသစ်တဲ့ ဂိမ်းများ
တိကျမြန်ဆန်တဲ့ ဝန်ဆောင်မှု

အကောင့်သစ်ဘောနပ် 5️⃣0️⃣🔣

နေ့စဥ်ငွေသွင်းဘောနပ် 1️⃣0️⃣🔣

အပတ်စဥ် အရှုးပြန်ပေး 🍐🍉

🌐Website -https://www.telebetmm.com
📱Viber Ph - +959 944456666
Link:   https://msng.link/o?+959944456666=vi
📱Telegram - @telebetmmofficial
📱Line - https://lin.ee/T3zC95K
📱Page - Telebet MM
Link - https://www.facebook.com/profile.php?id=100079743347204
Please open Telegram to view this post
VIEW IN TELEGRAM
1