အားလုံးပဲ မင်္ဂလာပါ။
နိုင်ငံရေးကြောင့် page မှာ စာတွေ မတင်ဖြစ်တာ အတော်ကြာခဲ့ပါတယ်။ ခုလည်း နိုင်ငံရေးအခြေအနေက အဆင်မပြေသေးပါဘူး။
ဒါပေမယ့် English စာနဲ့ ပတ်သက်တာတွေကို နည်းနည်းချင်း ပြန်တင်သွားပါမယ်။ အသိပညာကို စုဆောင်းလေ့လာပါ။
ဒီမိုကရေစီ ပြန်လည်ရပြီး နိုင်ငံဖွံ့ဖြိုးတိုးတတ်လာချိန်ကျ မိမိတို့က ပညာပြည့်ဝနေဖို့ လိုအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
မြန်မာ ပြည်သူ ပြည်သားများ
စစ်ဘေးအန္တရာယ်ကနေ
အမြန်ဆုံး ကင်းဝေးကြပါစေ …

အားလုံးပဲ မင်္ဂလာပါဗျ။
ခုအချိန်မှာ မြင်ရတဲ့ ပတ်ဝန်းကျင်က အခြေအနေတွေကို အင်္ဂလိပ်စာနဲ့ လေ့လာကြရအောင်။ ပထမဆုံး လေ့လာရမယ့် စာလုံးကတော့ စိတ်မကောင်းဖွယ်မြင်နေရတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ term ပါ။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်လာခဲ့တဲ့ Corona virus ( COVID-19 ) ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဖြစ်ပါတယ်။ ကူးစက်ရောဂါ၊ ကပ်ရောဂါကို epidemic လို့ ခေါ်ပါတယ်။ နောက်ထပ်အဓိပ္ပါယ်အနေနဲ့ အကူးအစက်မြန်သော၊ ပျံ့နှံ့နေသောလို့ မှတ်သားနိုင်ပါတယ်။
နောက်တစ်ခုကတော့ လက်ရှိ ကိုဗစ် third wave နဲ့ ရင်ဆိုင်နေရချိန် ကူညီပေးနေသူတွေကို ခေါ်ဆို သုံးနှုန်းရမယ့် စကားပါ။ Volunteer စေတနာ ဝန်ထမ်းဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ မြန်မာလို အသံထွက်ပြောနေကြပေမယ့် စာလုံးပေါင်းကို လေ့လာသိရှိထားသင့်ပါတယ်။ ဒီစာကနေ volunteer အားလုံးကို လေးစားဂုဏ်ပြုပါတယ်။
နောက်တစ်ခုအနေနဲ့လည်း ကိုဗစ်နဲ့ ပတ်သက်နေတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ စာနာစိတ်ဆိုတဲ့ စကားလုံးလေးကို ပြောပြချင်ပါတယ်။ Sympathetic လို့ ခေါ်ပါတယ်။ လူသားဆန်သူတိုင်း သူတစ်ပါးအပေါ် စာနာစိတ်ရှိကြပါတယ်။ Sympathetic ကို Adjective အနေနဲ့ အဓိပ္ပါယ်ယူရပါတယ်။
နောက်ဆုံးတစ်လုံးကတော့ sympathetic နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတ္တ ဆိုတဲ့ စကားလုံးကို ပြောပြချင်ပါတယ်။ Ego လို့ ခေါ်ပါတယ်။ လူတိုင်း အတ္တနဲ့ မကင်းကြပါဘူး။ ဒါပေမယ့် ကိုယ့်ဖို့ကိုပဲ တွေးနေရင်၊ အတ္တကြီးမားလွန်းရင်တော့ လူမဆန်တော့ပါဘူး။
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ ခင်ဗျာ။
အားလုံးပဲ ကပ်ရောဂါနဲ့ စနစ်ဆိုးကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။

အားလုံးပဲ UP
အားလုံးပဲ မင်္ဂလာပါဗျ။
ဒီတစ်ခေါက်တော့ ဟိုတစ်လောက လိုင်းပေါ်မှာ ခေတ်ထခဲ့တဲ့ စကားလုံးလေး အကြောင်း ပြောကြရအောင်ဗျ။ up ပေးကြပါ up/up နဲ့ အတော် အပြောများခဲ့ကြပါတယ်။အရင်ဆုံး ဘာကြောင့် up လို့ ပြောကြသလဲ။
အဲ့အကြောင်းကို ရှာကြည့်တာ တိကျတဲ့ အဖြေမတွေ့ခဲ့ဘူးဗျ။ ကျွန်တော် ရှာတာ မနှံ့စပ်တာလည်း ဖြစ်နိုင်ပါတယ်။ up ဆိုတာ post ကို ထောက်ခံတဲ့ အဓိပ္ပါယ်လည်း ရပါတယ်။ နောက်တစ်မျိုးအနေနဲ့ online shop live တွေမှာ up မန့်ချင်းအားဖြင့် discount အနည်းငယ် ရတဲ့ သဘောလို့လဲ ဆိုတာပါတယ်။ ဒါဆိုတော့ ပထမဆုံးအဓိပ္ပါယ်က ပိုဖြစ်နိုင်သလိုပါပဲ။
နောက်တစ်ခု အနေနဲ့ up ရဲ့ အဓိပ္ပါယ်ပါ။ up လို့ ပြောလိုက်ရင် "အပေါ်သို့" လို့ပဲ မြင်ကြပါတယ်။ တကယ်တော့ up ရဲ့မှ အဓိပ္ပါယ်ဟာ ၈ မျိုး ရှိပြီး idioms တွေလည်း ရှိနေပါသေးတယ်။ အဲ့တာတွေတော့ အသေးစိတ် မရေးတော့ပါဘူး။ ဒီ post ရဲ့ အဓိက ရည်ရွယ်ချက်ဆီကို သွားကြရအောင်။
အဓိကကတော့ phrasal verb တစ်ခု အကြောင်းပါ။ verb နဲ့ preposition နဲ့ ပေါင်းရင် phrasal verb တစ်ခု ဖြစ်လာပါတယ်။ give ဆိုတဲ့ verb နဲ့ up ဆိုတဲ့ preposition တို့ ပေါင်းလိုက်တဲ့ အခါ give up ဆိုတဲ့ phrasal verb ရလာပါတယ်။ အဓိပ္ပါယ်ကတော့ အရှုံးပေးသည်။ ပန်းပေးသည် လို့ ရပါတယ်။
လက်ရှိအချိန် မြန်မာနိုင်ငံမှာ ဘေးဒုက္ခ အန္တရာယ်ဆိုး အမျိုးမျိုးနဲ့ တွေ့ကြုံနေရပါတယ်။ စစ်ဘေး အန္တရာယ် ရှိနေသလို ကိုဗစ်ကပ်ရောဂါကလည်း ရှိနေသေးတာမို့ အတော် စိတ်ဆင်းရဲကြရပါတယ်။ အဲ့အခြေအနေအတွက် အင်္ဂလိပ် စကားစုလေးတစ်စုကို ပြောချင်ပါတယ်။
ဘယ်တော့မှ မလုပ်၊ မဖြစ်ဆိုတဲ့ never နဲ့ give up ကို ပေါင်းလိုက်ပါတယ်။ Never give up. စစ်အာဏာရှင် တော်လှန်ရေးမှာ လက်မလျော့ အရှုံးမပေးဖို့ လိုသလို မတော်တဆ ကိုဗစ်ရောဂါ ကူးစက်ခံရခဲ့ရင်လည်း အားမလျော့ အရှုံးမပေးဖို့လိုပါတယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ ခင်ဗျာ။
အားလုံးပဲ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်နိုင်ကြပါစေ။
NEVER GIVE UP.

လွန်ခဲ့သော P အဆက်
ကျွန်တော် Preprosition အကြောင်းကို ရေးခဲ့တာ တော်တော် ကြာပါပြီ။ ပြန်အစဖော်ပေးရရင် P & P ဆိုပြီး Basic Sentence တွေ တည်ဆောက်ရာမှာ သုံးစွဲတတ်ရမယ့် Pronoun နဲ့ Preprosition အကြောင်းကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ Pronoun အကြောင်းကတော့ Basic အတွက် ပြည့်စုံသလောက်နီးပါး ရေးသားပြီးခဲ့ပါပြီ။ Preposition အကြောင်းကလည်း အစပျိုးခဲ့ပြီးသားဖြစ်ပါတယ်။
Revision ပြန်ရရင် Preposition ဆိုတာ Noun တွေ Pronoun တွေနဲ့ အခြားစကားလုံးတွေ ကို ဆက်စပ်ပေးတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အရင်တစ်ခေါက်က ပေးခဲ့တဲ့ example ကိုပဲ ထပ်လေ့လာလို့ရအောင် ရေးပေးလိုက်တယ်။
Hla Hla is near the pool.
Example ထဲမှာ Hla Hla ဆိုတဲ့ Noun နဲ့ the pool ဆိုတဲ့ Noun (place) ကို ဆက်စပ်ပေးထားတဲ့ စကားလုံးက near ဖြစ်ပါတယ်။ Near ကို preposition လို့ သက်မှတ်ကြတယ်။ Near အပြင် တစ်ခြား preposition တွေကို လေ့လာကြရအောင်။ Perposition အများစုက အချိန် (Time) ၊ နေရာ (Place) နဲ့ ဦးတည်ရာ (direction) တွေကို ညွှန်ပြဆက်စပ်ပေးကြပါတယ်။
အခြေခံမှာ ထပ်ပြီး အခြေခံကျလိုက်ပါမယ်။ Time နဲ့ Place ကို ညွှန်ပြတဲ့ Perposition တွေကို အရင်ဆုံး လေ့လာကြပါမယ်။ အသုံးများတဲ့ Preposition တွေကတော့ -
- to, in, at, after, for, since, about, between, near, under, on, over, off
ခု ရေးထားတာက အသုံးများတာတွေပါ။ မပြည့်စုံသေးတာမို့ ကိုယ့်ဘာသာ ဆက်လေ့လာစေချင်ပါတယ်။ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ စကားလုံးတွေများတာမို့ လေ့လာရတာ လွယ်ကူစေမှာပါ။ Example Sentence တွေကို လေ့လာကြည့်ပါ။
I go to bed at night.
I get up in the morning.
Many shops close on sundays.
The books fell off the shelf.
I dived into the river.
Example တွေ လေ့လာပြီးရင် ကိုယ်ပိုင် sentence တွေ တည်ဆောက်စေချင်ပါတယ်။ အားလုံးပဲ English knowledge တွေ တိုးတတ်ကြပါစေ။
စိတ်မွန်းကြပ်နေကြပေမယ့် ကောင်းမွန်တဲ့ အနာဂတ်အတွက် တော်လှန်ရေးမှာ တတ်နိုင်သမျှကူညီရင်း အားမလျော့ပဲ ရှေ့ဆက်ကြရအောင်ဗျာ။

Preposition အကြောင်း (ဒုတိယပိုင်း)
အရင်တစ်ခေါက်က preposition အကြောင်းကို ရေးသားခဲ့ပါတယ်။ မပြီးလိုက်ဘဲ အခြေခံကျတဲ့ Place နဲ့ Time အတွက် preposition တွေကိုပဲ လေ့လာခဲ့ကြတာပါ။ အခြေခံအတွက်ဆို အဲ့နှစ်မျိုးနဲ့တင် Sentence တည်ဆောက်ဖို့အတွက် အဆင်ပြေပါတယ်။
ဒီတစ်ခေါက်တော့ နည်းနည်းပိုမြင့်တဲ့ basic sentence တွေ တည်ဆောက်နိုင်အောင် preposition နောက်တစ်မျိုးကို ဆက်လေ့လာကြရအောင်။ အရင်တစ်ခါကတည်းက basic အတွက်ဆိုပြီး ပြောတဲ့ထဲမှာ ပါပါတယ်။ Preposition of Direction ပဲ ဖြစ်ပါတယ်။ ဦးတည်ရာ လမ်းကြောင်းတွေကို ညွှန်ပြတဲ့ preposition တွေလို့ မြန်မာလို မှတ်သားနိုင်ပါတယ်။ Preposition of Place နဲ့ အနည်းငယ် ဆင်တူပါတယ်။
Preposition of Direction လို့ ဆိုလိုက်တာနဲ့ ဘယ် preposition ကို တန်းမြင်မိလဲဗျ။
Preposition of Direction လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့ to နဲ့ from ကို တန်းပြေးမြင်ပါတယ်။ သူတို့က အမြဲတမ်းထိတွေ့နေရတဲ့ စကားလုံးတွေမလို့ပါ။ ကဲ example ကို ဆက်လေ့လာလိုက်ရအောင်...
Nay Nwe went from Mandalay to Bagan.
အပေါ်က example မှာ နေနွယ်ရဲ့ ခရီးသွားပုံကို ပြောပြပေးထားတယ်။ မန္တလေးမှ ပုဂံသို့ သွားခဲ့တယ်လို့ ရေးထားတာ ဖြစ်ပါတယ်။ နေနွယ်ရဲ့ ထွက်ခွာခဲ့တဲ့နေရာက မန္တလေး၊ ဦးတည်ခဲ့တဲ့ သွားခဲ့တဲ့ နေရာက ပုဂံဆိုတာကို သိနိုင်ဖို့ from နဲ့ to ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
နောက်ထပ် စကားလုံးတွေကို ဆက်လေ့လာကြည့်ပါမယ်။
Other Words : into, beyond, across, along, through, over
Example - The train is going through a tunnel.
စကာလုံး အနည်းငယ်ကိုပဲ ရေးသားပေးထားပါတယ်။ ငယ်ငယ်ကတည်းက သုံးခဲ့ဖူးတဲ့ စကားလုံးတွေမို့ ရင်းနှီးမယ်ထင်ပါတယ်။ နောက်ထပ်ကျန်ရှိတဲ့ စကားလုံးများကိုလည်း ကိုယ်တိုင်လေ့လာကြည့်ပါ။ ကိုယ်တိုင် sentence လေးတွေ တည်ဆောက်ကြည့်ပါ။ Preposition ကလည်း အသုံးပြုတတ်ရင် ပိုမိုကောင်းမွန်တဲ့ Sentence တွေကို ဖြစ်လာစေပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ...

မှတ်မှတ်ရရ - by
အခြေခံ Preposition ကို လေ့လာတဲ့ နေရာမှာ အသုံးများတဲ့ အမျိုးအစားတွေ အကြောင်းကို လေ့လာခဲ့ပြီးပါပြီ။ ခုတစ်ခေါက်တော့ basic sentence တွေအတွက် သုံးတဲ့ preposition တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ ငယ်ငယ်က ကျောင်းမှာ ရေးခဲ့တဲ့ sentence လေးကို အရင်ရေးပြပါမယ်။
I go to school by bus.
ဖတ်စာအုပ်ထဲပါတဲ့ စာကြောင်းပါ။ ရွာက စာသင်ကျောင်းဆိုတော့ Bus မလိုပါဘူးဗျာ။ မ Bus ဘူးဆိုတော့ ကိုယ့်အကြောင်းကို ရေးတဲ့ အခါမှာ ခက်တော့တာပဲ။ မရေးတတ်တော့ ဆရာမမေးပြီး ပြောင်းရေးခဲ့တာက မှတ်မှတ်ရရ ဖြစ်နေတာပါ။
ခုလို အချိန်မှာတော့ ကျောင်းတွေက အဆင်မပြေတဲ့ အခြေအနေရောက်နေပါတယ်။ ဒါကြောင့် ကျောင်းပညာသင်ကြားရေး မလုပ်ဘဲ စာလိုချင်သော ကလေးများရှိပါက English အခြေခံများကို ဖတ်ရှုလေ့လာပြီး ပြန်လည် sharing လုပ်ပေးနိုင်ပါတယ်။ ကူညီပေးကြပါ။ ကဲ ဘယ်လိုပြောင်းရေးလည်း ဆက်သွားရအောင်။
ကျွန်တော် ကျောင်းကို ခြေလျင်သွားသည်’ ဆိုတဲ့ စာကြောင်းအတွက် ဒီလိုရေးပါတယ်။
I go to school on foot.
ခု လေ့လာကြည့်တော့ by foot ဆိုတဲ့ ပုံစံမျိုးလည်း အသုံးပြုလို့ရပါတယ်။ ရှင်းပြရင် ရှုပ်သွားမယ် ထင်တယ်။ by အကြောင်း အရင် ရှင်းကြည့်တာပေါ့။
by ရဲ့ အဓိပ္ပါယ်က ဆယ့်ခြောက်မျိုးတောင် ရှိတယ်ဗျ။ ခု ကျောင်းသွားတဲ့ ဆိုတဲ့ sentence အတွက် သုံးတဲ့ by ကတော့ ခရီးသွားတဲ့အခါ၊ တစ်နေရာမှ တစ်နေရာသို့ သွားလာတဲ့ အခါမှာ ယာဉ်တွေကို အသုံးပြုပြီး သွားလာတာ၊ တစ်စုံတစ်ခုကို အသုံးပြုပြီး ခရီးသွားတဲ့ ပုံစံမျိုး အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ခြေထောက်ကို အသုံးပြုပြီး ကျောင်းသွားတယ်ဆိုတဲ့ ပုံစံမျိုး ရေးသားလို့ ရတာ ဖြစ်ပါတယ်။
I go to school by foot.
On foot အသုံးလည်း လေ့လာကြည့်ကြတာပေါ့။ ခြေထောက်ဆိုတာ ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်တယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ သုံးပြီး သွားလာရွေ့လျားတာမျိုးဆို on foot ခြေလျင်သွားတယ်ဆိုတဲ့ အသုံးမျိုး သုံးရပါတယ်။
On foot က သဘာဝ ကျတယ်။ အဲ့တာကြောင့် အသုံးများတယ်။ By foot ကတော့ သုံးလို့ရတယ်ဆိုတဲ့ အတိုင်းအတာမှာပဲ ရှိတယ်။ ကျွန်တော် လေ့လာမိသလောက် ပြောပြတာပါ။ လိုအပ်တာ ရှိရင်လည်း နားလည်ပေးကြပါဗျ။

Basic Preposition အတွက် နိဂုံးချုပ်
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခဲ့ပါပြီ။ နှစ်ဟောင်းက လက်ကျန်အလုပ်လေးတွေကို နှစ်သစ်အစပိုင်းမှာ အပြီးသတ်ပါတော့မယ်ခင်ဗျာ။ ဒီတစ်ခုကတော့ Basic Preposition ရဲ့ ဇာတ်သိမ်းပိုင်းဖြစ်ပါတယ်။ အရင်ပို့စ်တွေနဲ့ အဆုံးသတ်လို့ ရပေမယ့် အသိပညာ အသစ်တစ်ခု ဖြစ်လာမယ် မျှော်လင့်လို့ ဒီပို့စ်နဲ့ အဆုံးသတ်ရခြင်း ဖြစ်ပါတယ်။
Preposition အကြောင်း အခြေခံအတွက် ရေးသားခဲ့တာ လုံလောက်သလောက် ဖြစ်နေပါပြီ။ ဒါပေမယ့် ခုပို့စ်က ကျနော်တို့ သုံးဖူးတဲ့ စကားစုလေးတွေ အကြောင်းပါ။ စကားစု ကို အင်္ဂလိပ်လို ပြောရရင် phrase ပေါ့ဗျာ။ ဘယ်လို Phrase မျိုးတွေလည်း လေ့လာကြည့်ရအောင်ဗျာ။
ထုံးစံအတိုင်း မူလတန်းလောက်က သိခဲ့တဲ့ စကားစုလေးနဲ့ စကြရအောင်။ “_ရှေ့မှာ” ဆိုတဲ့ စကားစုပေါ့။ အင်္ဂလိပ်စကားစုလေး ခေါင်းထဲ ပေါ်လာမယ် ထင်ပါတယ်။ ကျနော် တန်းမပြောရတဲ့ ရည်ရွယ်ချက်က ပြန် စဉ်းစားပြီ ခေါင်းထဲ ရောက်လာစေချင်လို့ပါ။
အားလုံးတွေးမိလောက်ပြီ ထင်ပါတယ်။ ‘in front of’ ဆိုတဲ့ စကားလုံးလေးပါ။ Example ကို အရင်ဖတ်ကြည့်တာပေါ့။
- I’m standing in front of my house.
ကျနော်က ကျနော့ အိမ်ရှေ့မှာ မတ်တပ်ရပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ‘in front of’ ဆိုတဲ့ စကားစုက Preposition ပါ။ အရင် ပြောခဲ့တဲ့ Preposition တွေ ( from, to, by, etc ) နဲ့ ဘာကွာခြားသွားလဲဆိုတော့ သူက စကားစုဖြစ်နေတာပါ။ ကွာခြားချက်ရှိတော့ နာမည်တစ်မျိုးနဲ့ သက်မှတ်ကြပါတယ်။
Preposition Phrase တွေဆိုတော့ Phrase ကို Adj အနေနဲ့ ပြောင်းပြီး Phrasal Preposition လို့ ခေါ်ကြပါတယ်။ နောက်တစ်မျိုးအနေနဲ့ Compound လို့လည်း ခေါ်ကြပါသေးတယ်။ Phrasal Preposition အချို့ကို လေ့လာကြည့်ပါ။ ရင်းနှီးတဲ့ စကားလုံးလေးတွေလည်း ပါပါတယ်။
- because of, up to, out of, in spite of, due to, over to
Phrasal Preposition အချို့ပဲ ဖြစ်ပါတယ်။ ဆက်လက်လေ့လာကြည့်နိုင်ပါတယ်။
အားလုံးပဲ ပျော်စရာ နှစ်သစ်တစ်ခု ဖန်တီးနိုင်ပါစေဗျ...

နောက်တစ်မျိုး ဆက်ကြတာပေါ့
Eight parts of speech ကို basic sentence တွေ တည်ဆောက်နိုင်ဖို့ အရေးကြီးဆုံး အမျိုးအစားများကို ခွဲခြားလေ့လာခဲ့ရာ Noun, Verb, Pronoun, Preposition တို့ကို လေ့လာခဲ့ပြီးပါပြီ။ ခုတစ်ခါ Conjunction အကြောင်း လေ့လာဖို့ တွေးမိပါတယ်။
လေးမျိုးပြီးတဲ့အခါ ကျန်ခဲ့တဲ့ လေးမျိုးမှာ အရေးကြီးဆုံးအမျိုးအစားကို ရှာကြည့်တော့ အကုန်လုံးက အရေးကြီးနေပါတယ်။ ဒါပေမယ့် basic sentence တွေကို တည်ဆောက်ရာမှာ အသုံးများ/အများသုံးတဲ့ စာလုံး အမျိုးအစားတွေပဲ အဓိက ထားကြည့်မိတဲ့အခါ အသုံးပြုမှု ကွာခြားတာကို တွေ့ရပါတယ်။
Interjection ကတော့ အသုံးနည်းပါတယ်။ ကျန်တဲ့ သုံးမျိုး adjective, adverb နဲ့ conjunction မှာ adverb က Verb ကို အထောက်အကူပြု ညွှန်းဆိုတဲ့ အမျိုးအစားဖြစ်တာကြောင့် ခဏ နောက်ကို ရွှေ့ထားလို့ ရမယ် ထင်ပါတယ်။ adjective ကလည်း Noun ကို အထူးပြုတာပါပဲ။ ဒါပေမယ့် သူက adverb ထက် ပိုလေးနက်တယ်။
Conjunction နဲ့ adjective မှာ ရွေးရခက်ပါတယ်။ဒါပေမယ့် conjunction ကို ပို prefer ဖြစ်မိလို့ သူ့ကို အရင်ဆုံးလေ့လာကြတာပေါ့ဗျာ။ ဒီတစ်ခေါက်တော့ နည်းနည်းပဲ စထားလိုက်ပါမယ်။
Conjunction are connectors.
Conjunction က ဆက်သွယ်ပေးသူတွေ ဖြစ်ပါတယ်တဲ့။ ဘာတွေ ဆက်သွယ်ပေးသလဲဆိုတာကို နောက်တစ်ပတ်မှာ ဆက်လေ့လာကြတာပေါ့။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ...
29.1.2021

Conjunction အကြောင်း
အားလုံးပဲ မင်္ဂလာပါ။ ကျနော်လည်း ခုတစ်လော အလုပ်လေးတွေ ရှိနေလို့ မတင်ဖြစ်တာ အတော်ကြာသွားပါတယ်။ ကဲ ဒီနေ့တော့ စလိုက်ရအောင်ဗျာ.
အရင်လက ပြောခဲ့တာလေးနဲ့ ပြန်စကြရအောင်။ Conjunction are connectors လို့ ပြောခဲ့ပါတယ်။ ဘာတွေ ဆက်သွယ်ပေးသလဲဆိုတာကို example sentence မှာ လေ့လာကြည့်ကြပါမယ်။
example - We have smartphones and laptops.
ပထမဆုံး ဥပမာပေးထားတဲ့ စာကြောင်းကို လေ့လာကြည့်ကြမယ်ဗျာ။ Sentence က basic sentence ဖြစ်လို့ နားလည်မယ်ထင်ပါတယ်။ and ကတော့ Conjunction ပါ။ ဘာလို့လဲဆိုရင် smartphones နဲ့ laptop ဆိုတဲ့ စကားလုံးတွေကို ဆက်ပေးထားလို့ ဖြစ်ပါတယ်။
Conjunction ကို မသုံးဘဲ ရေးကြည့်ကြမယ်ဆိုရင်
- We have smartphones.
- We have laptops.
စာကြောင်းက နှစ်ကြောင်းဖြစ်သွားပါတယ်။ ပုံစံတူ စာကြောင်းတွေ ဖြစ်တဲ့အတွက် စာဖတ်ရတဲ့သူအတွက်လည်း အဆင်မပြေပါဘူး။ Eight Parts of Speech ကို မပိုင်နိုင်သေးသူလို့ သက်မှတ်နိုင်ပါတယ်။
အဲ့တာကြောင့် ပုံစံတူ စာကြောင်းမှ မတူညီတဲ့ စကားလုံးတွေကို conjunction နဲ့ တွဲပေးလိုက်ခြင်းအားဖြင့် ပိုမို ကောင်းမွန်သော Sentence တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။
Conjunction တွေထဲမှာ အသုံးအများဆုံး စကားလုံးတွေကတော့ and, but နဲ့ or တွေပါ။ နောက်ထပ် အသုံးများတာတွေကတော့ for, nor, by, yet နဲ့ so တို့ ဖြစ်ပြီး FANBOYS လို့ အလွယ် မှတ်ထားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဒီလောက်နဲ့ပဲ နားပါမယ်...
အားလုံးပဲ အဆင်ပြေကြပါစေ...
19/2/2022