English Basic Knowledge
12 subscribers
34 photos
2 links
Basic မှတဆင့် အသုံးချနိုင်သော ဘာသာတစ်ခုဖြစ်လာစေရန် အတူတကွ လေ့လာနိုင်ပါသည်။
Download Telegram
Verb အကြောင်း အပိုင်းဆက်

ဒီတစ်ခေါက်တော့ Verb တွေ အမျိုးအစား ခွဲခြားကြည့်ပါမယ်။ Verb အများစုက subject က physically or mentally ဘာလုပ်တယ်ဆိုတာ ပြတဲ့ စကားလုံး ( action words ) တွေ ဖြစ်ပါတယ်။ သူတို့ကို main verb လို့လည်း ခေါ်ကြတယ်။ အဲ့တာကို အမျိုးအစား တစ်ခု အနေနဲ့ သက်မှတ်ကြရအောင်။ ဥပမာအနေနဲ့ ပြောရရင် --

call, play, think, write, knock

example - We played football yesterday.

သူတို့မှာ သက်ဆိုင်ရာ tense အလိုက် ပြောင်းရတဲ့ ပုံစံတွေ ရှိတယ်။ V-2, V-3 နဲ့ V-ing စတဲ့ ပုံစံမျိုးပေါ့။ အဲ့လောက်ထိ ထပ်အသေးမစိတ်တော့ ပါဘူး။

OKay. နောက်တစ်မျိုးကကျတော့ auxiliary verb တွေ အကြောင်းပါ။ ပထမဆုံးပြောရရင် အားလုံးသိထားတဲ့ am, is, are, was, were ဖြစ်ပါတယ်။ Subject က ဘာဖြစ်တယ် ဆိုတာကို ပြောချင်တဲ့ အခါမှာ am, is, are, was, were ကို အသုံးပြုကြတာပါ။ ဥပမာစာကြောင်းကို လေ့လာကြည့်ရအောင်။

example - I am a student.
- It was a unique ring.

သူတို့ရဲ့ မူရင်း verb က Be ဖြစ်ပါတယ်။ Be ရဲ့ V-1 present tense မှာ am, is, are ပါရှိပါတယ်။ V-2 past tense အနေနဲ့ was, were ဆိုပြီး နှစ်မျိုးပဲ ပါရှိပါတယ်။ ကျွန်တော် သတိထားမိသလောက် Word Form ကို စစ်ဆေးတဲ့ မေးခွန်းတွေမှာပဲ be ကို မြင်ဖူးပါတယ်။ သိပ်မသုံးကြဘူးပေါ့။ အဲ့တာကြောင့် am, is, are, was, were တို့ကို Verb to be ဆိုပြီး Verb အုပ်စုတစ်ခုအနေနဲ့ grammar မှာ လေ့လာကြရတာပါ။

Verb to be ပြီးရင် Verb အုပ်စု အနေနဲ့ Verb to do, Verb to have နဲ့ Modal Verbs ဆိုတဲ့ အုပ်စုတွေရှိပါတယ်။ Verb to do အကြောင်း ဆက်ပြောကြရအောင်။ Verb to do ဆိုတာ Subject မှာ ဘာလုပ်တယ် ဆိုတာ ပြောပြတဲ့ စကားလုံးတွေပါ။ Verb to do ထဲမှာ do, does, did တို့ ပါဝင်ပါတယ်။ Present tense အနေနဲ့ do(အများ) does (အနည်း) အသုံးပြုရပါတယ်။ Past tense မှာ တစ်မျိုးတည်း။ did ဖြစ်ပါတယ်။ auxiliary verb မဟုတ်တဲ့ ပုံစံမှာ perfect tense အနေနဲ့ done ဆိုတဲ့စကားလုံး ရှိပါတယ်။ example ဆက်သွားပါမယ်။

example - I do physical exercise.
- What did you do yesterday?

ကျန်တာတွေကို နောက်မှ ဆက်ဆွေးနွေးပါမယ်။ ဒီနေ့တော့ ဒီလောက်ပါပဲဗျ။ အားလုံးပဲ အဆင်ပြေကြပါစေ.
Verbs

အားလုံးပဲ မင်္ဂလာပါဗျ။ ပို့စ်က 2020 ကတည်းက အတော်ကြာထိ မတင်ဖြစ်ဘူး။ ခု 2021 မှ ပြန်တင်ဖြစ်တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ဗျ။

2020 က စာရင်းလက်ကျန်ကို ခု အပြီး ရှင်းကြရအောင်ဗျာ။ Verb အကြောင်းက အပိုင်း (2) ထိ ရှိခဲ့ပါတယ်။ ခုတစ်ခါ အပိုင်း (3) နဲ့ ဇာတ်သိမ်းပါတော့မယ်။

အရင် လေ့လာခဲ့တဲ့ အကြောင်းအရာကို မှတ်မိအောင် ပြန်အစဖော်ရရင် Verb to be နဲ့ Verb to do ဆိုတဲ့ Verb အုပ်စုလို့ သက်မှတ်ထားတဲ့ Auxiliary Verb တွေ အကြောင်းပါ။

ကျန်တဲ့ အုပ်စုတွေကို လေ့လာကြည့်ရအောင်။ အရင်ဆုံး Verb to have ကို လေ့လာကြပါမယ်။ Verb to have အုပ်စုထဲမှာ has (singular), have (plural) နဲ့ had (past) ဆိုပြီး သုံးမျိုးပဲ ပါဝင်ပါတယ်။သူတို့က Main Verb နေရာမှာ ရှိမယ်ဆိုရင် Subject မှာ တစ်စုံတစ်ရာ ရှိတယ်ဆိုတာကို ပြောပြခြင်း ဖြစ်ပါတယ်။

Helping Verb နေရာမှာ ရှိမယ်ဆိုရင်တော့ Perfect Tense ပုံစံ ရေးသားရာမှာ အသုံးပြုနိုင်ပါတယ်။ Perfect Tense မှာ Present နဲ့ Past နှစ်မျိုး ရှိပြန်ပါတယ်။ Form ကို လေ့လာကြည့်ပါမယ်။

- Present Perfect Tense
Sub(singular) + has + V3
Sub(plural) + have + V3

- Past Perfect Tense
Sub + had + V3

နောက်တစ်မျိုးကို ဆက်ကြရအောင်။ Modal Verb တွေ ဖြစ်ပါတယ်။ Modal Verb အုပ်စုထဲမှာ can, could, will, would, shall, should, may, might, must, ought to နဲ့ going to ဆိုပြီး ရှိပါတယ်။ Modal Verb တွေက Main Verb အနေနဲ့ မတည်ရှိနိုင်ပါဘူး။ Auxiliary Verb အဖြစ်သာ တည်ရှိနိုင်ပါတယ်။ Modal Verb တွေ အကြောင်းကို ဒီလောက်နဲ့ပဲ အကျဉ်းချုပ်လိုက်ပါမယ်။

အားလုံးပဲ အဆင်ပြေကြပါစေ …
အဓိက ဇာတ်ပို့များ အကြောင်း

အားလုံးပဲ မင်္ဂလာပါဗျ။ ဒီတစ်ခေါက် ကျွန်တော်တို့ sentence တွေ ရေးတဲ့ အခါ အသုံးပြုများတဲ့ အမျိုးအစားတွေအကြောင်း ပြောပြချင်ပါတယ်။ ကျွန်တော်တို့ ရိုးရှင်းတဲ့ sentence လေးတွေ တည်ဆောက်တဲ့အခါမှာ အဓိက က verb ၊ နောက်ပြီး noun (subject နဲ့ object) တို့ကို အများဆုံး အသုံးပြုရပါတယ်။ Noun နဲ့ Verb က Eight Parts of Speech ထဲမှာ အတော်လေး လူရာဝင်တဲ့ ကောင်တွေလို့ ဆိုရမယ်ဗျ။ ဇာတ်လိုက်မင်းသား နှစ်ယောက်ပေါ့။

ဒါဆို တစ်ချက်ပြန်တွေးကြည့်ရအောင်။ Noun နဲ့ Verb ပြီးရင် ဘယ်ကောင်တွေကို အများဆုံးသုံးလဲ လို့ပေါ့။ ရိုးရှင်းတဲ့ sentence တွေ တည်ဆောက်နိုင်အောင် Eight Parts of Speech ထဲက အရေးကြီး၊ အသုံးများတာတွေ လေ့လာထားသင့်ပါတယ်။
Pronoun, Adjective, Adverb, Conjunction, Preposition နဲ့ Interjection မှာ ဘယ်သူ့ကို အရင်ဆုံး လေ့လာထားသင့်လဲ။

ကျွန်တော်ကတော့ နှစ်မျိုးတွေ့ပါတယ်။ ကျန်တဲ့ကောင်တွေထက် ပိုပြီး အသုံးပြုရလေ့ ရှိမယ်ဗျ။ အဲ့ကောင်တွေက Pronoun နဲ့ Preposition ဖြစ်ပါတယ်။

ဥပမာကို လေ့လာကြည့်ကြရအောင်။ ငြိမ်းချမ်းဆိုတဲ့ ကောင်လေးတစ်ယောက် သူရဲ့ မနက်ခင်းအကြောင်း‌ကို ရေးဖို့ တွေးနေပါတယ်။

I wake up at 6 o’clock. I go to the bathroom. I wash my face.

ရိုးရှင်းတဲ့ sentence တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အထဲမှာ ဘာတွေ သုံးထားလဲ လေ့လာကြည့်ပါ။

ဘာကြောင့်အဲ့လို ထင်တာလဲ ဆိုတာ တစ်ချက်ရှင်းပြချင်ပါတယ်။ Interjection ကတော့ အသုံးကို နည်းတာပါ။ Conjunction က ရိုးရှင်းတဲ့ sentence တွေ ရေးဖို့ အတိုင်းအတာ တစ်ခုထိတော့ လိုပါတယ် (ဒါပေမယ့် သိပ်မလိုဘူး) ။ နောက် Adjective နဲ့ Adverb ကလည်း Pronoun နဲ့ Preposition ပြီးမှ လေ့လာသင့်တာပါ။ အားလုံးက ကျွန်တော် ထင်တာကို ရေးပြတာပါ။ အတွေးချင်း အနည်းငယ် ကွဲလွဲနိုင်ပါတယ်။

အဲ့တာဆို ကျွန်တော်တို့ P & P အကြောင်းကို နောက် post တစ်ခုမှာ စပါမယ်။
Page ကို like & follow လုပ်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေ …..💝💝💖
ဒီတစ်ခေါက်တော့ နောက် P

အရင်တစ်ခေါက်က Eight Parts of Speech ထဲမှာ ရိုးရှင်းတဲ့ sentence တွေ တည်ဆောက်နိုင်ဖို့ ဦးစားပေးလေ့လာသင့်တဲ့ အမျိုးအစား တွေကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒါဆို P & P ကို ဆက်ကြရအောင်။

ပထမ P က Pronoun ပါ။ Pronoun ဆိုတာ Noun တွေရဲ့ အစားသုံးတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ Pronoun အကြောင်းကို ကျွန်တော် Post တွေ ရေးခဲ့ပြီးပါပြီ။ Pronoun အကြောင်းကို အောက်ပါ Link များတွင် လေ့လာနိုင်ပါတယ်။

https://www.facebook.com/115583020142146/posts/172098417823939/

https://www.facebook.com/115583020142146/posts/173827110984403/

https://www.facebook.com/115583020142146/posts/175873524113095/

https://www.facebook.com/115583020142146/posts/185863033114144/

အခြေခံ အနေနဲ့ပဲ ရေးသားခဲ့တာတွေ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။

ဒါဆို နောက် P (Preposition) ကို ဆက်ကြရအောင်ဗျာ။ Preposition ဆိုတာကတော့ noun တစ်ခုနဲ့ တစ်ခုရဲ့ ဆက်စပ်မှု၊ ပတ်သက်မှုကို ပြတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ ဘယ်လိုလဲ ဆိုတော့ လှလှ နဲ့ ရေကန်ဆိုပါတော့။ ဘယ်လိုပတ်သက်မလဲပေါ့။ လှလှက ရေကန်အနီးကို ရောက်နေတယ်။ အဲ့တာလေးကို sentence ရေးပြီး လေ့လာကြည့်ရအောင်။

Hla Hla is near the pool.

ဥပမာ ပေးထားတဲ့ စာကြောင်းမှာ ပါဝင်တဲ့ near က preposition ဖြစ်ပါတယ်။ သူရဲ့ အလုပ်လုပ်ပုံက လှလှက ရေကန်နားမှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ နောက်ထပ် example လေးတွေ ရေးပေးပါ့မယ်။

- He graduated in 1980.
- She is at home.
Preposition ရဲ့ သဘောတရားတော့ နားလည်မယ် ထင်ပါတယ်။ အသေးစိတ်ကို နောက်မှ ဆက်ကြတာပေါ့။

အားလုံးပဲ အဆင်ပြေကြပါစေဗျ …
အားလုံးပဲ မင်္ဂလာပါ။

နိုင်ငံရေးကြောင့် page မှာ စာတွေ မတင်ဖြစ်တာ အတော်ကြာခဲ့ပါတယ်။ ခုလည်း နိုင်ငံရေးအခြေအနေက အဆင်မပြေသေးပါဘူး။

ဒါပေမယ့် English စာနဲ့ ပတ်သက်တာတွေကို နည်းနည်းချင်း ပြန်တင်‌‌သွားပါမယ်။ အသိပညာကို စုဆောင်းလေ့လာပါ။

ဒီမိုကရေစီ ပြန်လည်ရပြီး နိုင်ငံဖွံ့ဖြိုးတိုးတတ်လာချိန်ကျ မိမိတို့က ပညာပြည့်ဝနေဖို့ လိုအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
မြန်မာ ပြည်သူ ပြည်သားများ
စစ်ဘေးအန္တရာယ်ကနေ
အမြန်ဆုံး ကင်းဝေးကြပါစေ …
အားလုံးပဲ မင်္ဂလာပါဗျ။

ခုအချိန်မှာ မြင်ရတဲ့ ပတ်ဝန်းကျင်က အခြေအနေတွေကို အင်္ဂလိပ်စာနဲ့ လေ့လာကြရအောင်။ ပထမဆုံး လေ့လာရမယ့် စာလုံးကတော့ စိတ်မကောင်းဖွယ်မြင်နေရတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ term ပါ။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်လာခဲ့တဲ့ Corona virus ( COVID-19 ) ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဖြစ်ပါတယ်။ ကူးစက်ရောဂါ၊ ကပ်ရောဂါကို epidemic လို့ ခေါ်ပါတယ်။ နောက်ထပ်အဓိပ္ပါယ်အနေနဲ့ အကူးအစက်မြန်သော၊ ပျံ့နှံ့နေသောလို့ မှတ်သားနိုင်ပါတယ်။

နောက်တစ်ခုကတော့ လက်ရှိ ကိုဗစ် third wave နဲ့ ရင်ဆိုင်နေရချိန် ကူညီပေးနေသူတွေကို ခေါ်ဆို သုံးနှုန်းရမယ့် စကားပါ။ Volunteer စေတနာ ဝန်ထမ်းဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ မြန်မာလို အသံထွက်ပြောနေကြပေမယ့် စာလုံးပေါင်းကို လေ့လာသိရှိထားသင့်ပါတယ်။ ဒီစာကနေ volunteer အားလုံးကို လေးစားဂုဏ်ပြုပါတယ်။

နောက်တစ်ခုအနေနဲ့လည်း ကိုဗစ်နဲ့ ပတ်သက်နေတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ စာနာစိတ်ဆိုတဲ့ စကားလုံးလေးကို ပြောပြချင်ပါတယ်။ Sympathetic လို့ ခေါ်ပါတယ်။ လူသားဆန်သူတိုင်း သူတစ်ပါးအပေါ် စာနာစိတ်ရှိကြပါတယ်။ Sympathetic ကို Adjective အနေနဲ့ အဓိပ္ပါယ်ယူရပါတယ်။

နောက်ဆုံးတစ်လုံးကတော့ sympathetic နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတ္တ ဆိုတဲ့ စကားလုံးကို ပြောပြချင်ပါတယ်။ Ego လို့ ခေါ်ပါတယ်။ လူတိုင်း အတ္တနဲ့ မကင်းကြပါဘူး။ ဒါပေမယ့် ကိုယ့်ဖို့ကိုပဲ တွေးနေရင်၊ အတ္တကြီးမားလွန်းရင်တော့ လူမဆန်တော့ပါဘူး။

ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ ခင်ဗျာ။
အားလုံးပဲ ကပ်ရောဂါနဲ့ စနစ်ဆိုးကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။
အားလုံးပဲ UP

အားလုံးပဲ မင်္ဂလာပါဗျ။

ဒီတစ်ခေါက်တော့ ဟိုတစ်လောက လိုင်းပေါ်မှာ ခေတ်ထခဲ့တဲ့ စကားလုံးလေး အကြောင်း ပြောကြရအောင်ဗျ။ up ပေးကြပါ up/up နဲ့ အတော် အပြောများခဲ့ကြပါတယ်။အရင်ဆုံး ဘာကြောင့် up လို့ ပြောကြသလဲ။

အဲ့အကြောင်းကို ရှာကြည့်တာ တိကျတဲ့ အဖြေမတွေ့ခဲ့ဘူးဗျ။ ကျွန်တော် ရှာတာ မနှံ့စပ်တာလည်း ဖြစ်နိုင်ပါတယ်။ up ဆိုတာ post ကို ထောက်ခံတဲ့ အဓိပ္ပါယ်လည်း ရပါတယ်။ နောက်တစ်မျိုးအနေနဲ့ online shop live တွေမှာ up မန့်ချင်းအားဖြင့် discount အနည်းငယ် ရတဲ့ သဘောလို့လဲ ဆိုတာပါတယ်။ ဒါဆိုတော့ ပထမဆုံးအဓိပ္ပါယ်က ပိုဖြစ်နိုင်သလိုပါပဲ။

နောက်တစ်ခု အနေနဲ့ up ရဲ့ အဓိပ္ပါယ်ပါ။ up လို့ ပြောလိုက်ရင် "အပေါ်သို့" လို့ပဲ မြင်ကြပါတယ်။ တကယ်တော့ up ရဲ့မှ အဓိပ္ပါယ်ဟာ ၈ မျိုး ရှိပြီး idioms တွေလည်း ရှိနေပါသေးတယ်။ အဲ့တာတွေတော့ ‌အသေးစိတ် မရေးတော့ပါဘူး။ ဒီ post ရဲ့ အဓိက ရည်ရွယ်ချက်ဆီကို သွားကြရအောင်။

အဓိကကတော့ phrasal verb တစ်ခု အကြောင်းပါ။ verb နဲ့ preposition နဲ့ ပေါင်းရင် phrasal verb တစ်ခု ဖြစ်လာပါတယ်။ give ဆိုတဲ့ verb နဲ့ up ဆိုတဲ့ preposition တို့ ပေါင်းလိုက်တဲ့ အခါ give up ဆိုတဲ့ phrasal verb ရလာပါတယ်။ အဓိပ္ပါယ်ကတော့ အရှုံးပေးသည်။ ပန်းပေးသည် လို့ ရပါတယ်။

လက်ရှိအချိန် မြန်မာနိုင်ငံမှာ ‌ဘေးဒုက္ခ အန္တရာယ်ဆိုး အမျိုးမျိုးနဲ့ တွေ့ကြုံနေရပါတယ်။ စစ်ဘေး အန္တရာယ် ရှိနေသလို ကိုဗစ်ကပ်ရောဂါကလည်း ရှိနေသေးတာမို့ အတော် စိတ်ဆင်းရဲကြရပါတယ်။ အဲ့အခြေအနေအတွက် အင်္ဂလိပ် စကားစုလေးတစ်စုကို ပြောချင်ပါတယ်။

ဘယ်တော့မှ မလုပ်၊ မဖြစ်ဆိုတဲ့ never နဲ့ give up ကို ပေါင်းလိုက်ပါတယ်။ Never give up. စစ်အာဏာရှင် တော်လှန်ရေးမှာ လက်မလျော့ အရှုံးမပေးဖို့ လိုသလို မတော်တဆ ကိုဗစ်ရောဂါ ကူးစက်ခံရခဲ့ရင်လည်း အားမလျော့ အရှုံးမပေးဖို့လိုပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ ခင်ဗျာ။
အားလုံးပဲ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်နိုင်ကြပါစေ။

NEVER GIVE UP.
လွန်ခဲ့သော P အဆက်

ကျွန်တော် Preprosition အကြောင်းကို ရေးခဲ့တာ တော်တော် ကြာပါပြီ။ ပြန်အစဖော်ပေးရရင် P & P ဆိုပြီး Basic Sentence တွေ တည်ဆောက်ရာမှာ သုံးစွဲတတ်ရမယ့် Pronoun နဲ့ Preprosition အကြောင်းကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ Pronoun အကြောင်းကတော့ Basic အတွက် ပြည့်စုံသလောက်နီးပါး ရေးသားပြီးခဲ့ပါပြီ။ Preposition အကြောင်းကလည်း အစပျိုးခဲ့ပြီးသားဖြစ်ပါတယ်။

Revision ပြန်ရရင် Preposition ဆိုတာ Noun တွေ Pronoun တွေနဲ့ အခြားစကားလုံးတွေ ကို ဆက်စပ်ပေးတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အရင်တစ်ခေါက်က ပေးခဲ့တဲ့ example ကိုပဲ ထပ်လေ့လာလို့ရအောင် ရေးပေးလိုက်တယ်။

Hla Hla is near the pool.

Example ထဲမှာ Hla Hla ဆိုတဲ့ Noun နဲ့ the pool ဆိုတဲ့ Noun (place) ကို ဆက်စပ်ပေးထားတဲ့ စကားလုံးက near ဖြစ်ပါတယ်။ Near ကို preposition လို့ သက်မှတ်ကြတယ်။ Near အပြင် တစ်ခြား preposition တွေကို လေ့လာကြရအောင်။ Perposition အများစုက အချိန် (Time) ၊ နေရာ (Place) နဲ့ ဦးတည်ရာ (direction) တွေကို ညွှန်ပြဆက်စပ်ပေးကြပါတယ်။

အခြေခံမှာ ထပ်ပြီး အခြေခံကျလိုက်ပါမယ်။ Time နဲ့ Place ကို ညွှန်ပြတဲ့ Perposition တွေကို အရင်ဆုံး လေ့လာကြပါမယ်။ အသုံးများတဲ့ Preposition တွေကတော့ -

- to, in, at, after, for, since, about, between, near, under, on, over, off

ခု ရေးထားတာက အသုံးများတာတွေပါ။ မပြည့်စုံသေးတာမို့ ကိုယ့်ဘာသာ ဆက်လေ့လာစေချင်ပါတယ်။ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ စကားလုံးတွေများတာမို့ လေ့လာရတာ လွယ်ကူစေမှာပါ။ Example Sentence တွေကို လေ့လာကြည့်ပါ။

I go to bed at night.
I get up in the morning.
Many shops close on sundays.
The books fell off the shelf.
I dived into the river.

Example တွေ လေ့လာပြီးရင် ကိုယ်ပိုင် sentence တွေ တည်ဆောက်စေချင်ပါတယ်။ အားလုံးပဲ English knowledge တွေ တိုးတတ်ကြပါစေ။

စိတ်မွန်းကြပ်နေကြပေမယ့် ကောင်းမွန်တဲ့ အနာဂတ်အတွက် တော်လှန်ရေးမှာ တတ်နိုင်သမျှကူညီရင်း အားမလျော့ပဲ ရှေ့ဆက်ကြရအောင်ဗျာ။
Preposition အကြောင်း (ဒုတိယပိုင်း)

အရင်တစ်ခေါက်က preposition အကြောင်းကို ရေးသားခဲ့ပါတယ်။ မပြီးလိုက်ဘဲ အခြေခံကျတဲ့ Place နဲ့ Time အတွက် preposition တွေကိုပဲ လေ့လာခဲ့ကြတာပါ။ အခြေခံအတွက်ဆို အဲ့နှစ်မျိုးနဲ့တင် Sentence တည်ဆောက်ဖို့အတွက် အဆင်ပြေပါတယ်။

ဒီတစ်ခေါက်တော့ နည်းနည်းပိုမြင့်တဲ့ basic sentence တွေ တည်ဆောက်နိုင်အောင် preposition နောက်တစ်မျိုးကို ဆက်လေ့လာကြရအောင်။ အရင်တစ်ခါကတည်းက basic အတွက်ဆိုပြီး ပြောတဲ့ထဲမှာ ပါပါတယ်။ Preposition of Direction ပဲ ဖြစ်ပါတယ်။ ဦးတည်ရာ လမ်းကြောင်းတွေကို ညွှန်ပြတဲ့ preposition တွေလို့ မြန်မာလို မှတ်သားနိုင်ပါတယ်။ Preposition of Place နဲ့ အနည်းငယ် ဆင်တူပါတယ်။

Preposition of Direction လို့ ဆိုလိုက်တာနဲ့ ဘယ် preposition ကို တန်းမြင်မိလဲဗျ။

Preposition of Direction လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့ to နဲ့ from ကို တန်းပြေးမြင်ပါတယ်။ သူတို့က အမြဲတမ်းထိတွေ့နေရတဲ့ စကားလုံးတွေမလို့ပါ။ ကဲ example ကို ဆက်လေ့လာလိုက်ရအောင်...

Nay Nwe went from Mandalay to Bagan.

အပေါ်က example မှာ နေနွယ်ရဲ့ ခရီးသွားပုံကို ပြောပြပေးထားတယ်။ မန္တလေးမှ ပုဂံသို့ သွားခဲ့တယ်လို့ ရေးထားတာ ဖြစ်ပါတယ်။ နေနွယ်ရဲ့ ထွက်ခွာခဲ့တဲ့နေရာက မန္တလေး၊ ဦးတည်ခဲ့တဲ့ သွားခဲ့တဲ့ နေရာက ပုဂံဆိုတာကို သိနိုင်ဖို့ from နဲ့ to ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

နောက်ထပ် စကားလုံးတွေကို ဆက်လေ့လာကြည့်ပါမယ်။

Other Words : into, beyond, across, along, through, over

Example - The train is going through a tunnel.

စကာလုံး အနည်းငယ်ကိုပဲ ရေးသားပေးထားပါတယ်။ ငယ်ငယ်ကတည်းက သုံးခဲ့ဖူးတဲ့ စကားလုံးတွေမို့ ရင်းနှီးမယ်ထင်ပါတယ်။ နောက်ထပ်ကျန်ရှိတဲ့ စကားလုံးများကိုလည်း ကိုယ်တိုင်လေ့လာကြည့်ပါ။ ကိုယ်တိုင် sentence လေးတွေ တည်ဆောက်ကြည့်ပါ။ Preposition ကလည်း အသုံးပြုတတ်ရင် ပိုမိုကောင်းမွန်တဲ့ Sentence တွေကို ဖြစ်လာစေပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ...
မှတ်မှတ်ရရ - by

အခြေခံ Preposition ကို လေ့လာတဲ့ နေရာမှာ အသုံးများတဲ့ အမျိုးအစားတွေ အကြောင်းကို လေ့လာခဲ့ပြီးပါပြီ။ ခုတစ်ခေါက်တော့ basic sentence တွေအတွက် သုံးတဲ့ preposition တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ ငယ်ငယ်က ကျောင်းမှာ ရေးခဲ့တဲ့ sentence လေးကို အရင်ရေးပြပါမယ်။

I go to school by bus.

ဖတ်စာအုပ်ထဲပါတဲ့ စာကြောင်းပါ။ ရွာက စာသင်ကျောင်းဆိုတော့ Bus မလိုပါဘူးဗျာ။ မ Bus ဘူးဆိုတော့ ကိုယ့်အကြောင်းကို ရေးတဲ့ အခါမှာ ခက်တော့တာပဲ။ မရေးတတ်တော့ ဆရာမမေးပြီး ပြောင်းရေးခဲ့တာက မှတ်မှတ်ရရ ဖြစ်နေတာပါ။

ခုလို အချိန်မှာတော့ ကျောင်းတွေက အဆင်မပြေတဲ့ အခြေအနေရောက်နေပါတယ်။ ဒါကြောင့် ကျောင်းပညာသင်ကြားရေး မလုပ်ဘဲ စာလိုချင်သော ကလေးများရှိပါက English အခြေခံများကို ဖတ်ရှုလေ့လာပြီး ပြန်လည် sharing လုပ်ပေးနိုင်ပါတယ်။ ကူညီပေးကြပါ။ ကဲ ဘယ်လိုပြောင်းရေးလည်း ဆက်သွားရအောင်။

ကျွန်တော် ကျောင်းကို ခြေလျင်သွားသည်’ ဆိုတဲ့ စာကြောင်းအတွက် ဒီလိုရေးပါတယ်။

I go to school on foot.

ခု လေ့လာကြည့်တော့ by foot ဆိုတဲ့ ပုံစံမျိုးလည်း အသုံးပြုလို့ရပါတယ်။ ရှင်းပြရင် ရှုပ်သွားမယ် ထင်တယ်။ by အကြောင်း အရင် ရှင်းကြည့်တာပေါ့။

by ရဲ့ အဓိပ္ပါယ်က ဆယ့်ခြောက်မျိုးတောင် ရှိတယ်ဗျ။ ခု ကျောင်းသွားတဲ့ ဆိုတဲ့ sentence အတွက် သုံးတဲ့ by ကတော့ ခရီးသွားတဲ့အခါ၊ တစ်နေရာမှ တစ်နေရာသို့ သွားလာတဲ့ အခါမှာ ယာဉ်တွေကို အသုံးပြုပြီး သွားလာတာ၊ တစ်စုံတစ်ခုကို အသုံးပြုပြီး ခရီးသွားတဲ့ ပုံစံမျိုး အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ခြေထောက်ကို အသုံးပြုပြီး ကျောင်းသွားတယ်ဆိုတဲ့ ပုံစံမျိုး ရေးသားလို့ ရတာ ဖြစ်ပါတယ်။

I go to school by foot.

On foot အသုံးလည်း လေ့လာကြည့်ကြတာပေါ့။ ခြေထောက်ဆိုတာ ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်တယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ သုံးပြီး သွားလာရွေ့လျားတာမျိုးဆို on foot ခြေလျင်သွားတယ်ဆိုတဲ့ အသုံးမျိုး သုံးရပါတယ်။

On foot က သဘာဝ ကျတယ်။ အဲ့တာကြောင့် အသုံးများတယ်။ By foot ကတော့ သုံးလို့ရတယ်ဆိုတဲ့ အတိုင်းအတာမှာပဲ ရှိတယ်။ ကျွန်တော် လေ့လာမိသလောက် ပြောပြတာပါ။ လိုအပ်တာ ရှိရင်လည်း နားလည်ပေးကြပါဗျ။

အားလုံးပဲ အဆင်ပြေကြပါစေ...