English Basic Knowledge
12 subscribers
34 photos
2 links
Basic မှတဆင့် အသုံးချနိုင်သော ဘာသာတစ်ခုဖြစ်လာစေရန် အတူတကွ လေ့လာနိုင်ပါသည်။
Download Telegram
Basic English

အရင်တစ်ပတ်က Present Tense အကြောင်း ပြောပြခဲ့ပြီးပါပြီ။ ခုတစ်ခါ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ရေးသားဖို့ လေ့လာကြပါစို့။ ဖြစ်ခဲ့တဲ့ အကြောင်းအရာဆိုတော့ ဖြစ်ခဲ့တဲ့ ကာလ၊အတိတ်ကာလ(Past Tense) ဖြစ်ပါတယ်။

အတိတ်ကာလ(Past Tense) ကို သေချာ ပိုင်းခြားလိုက်ရင် branches - 4 မျိုး ရပါမယ်။ ခုလေ့လာကြမယ့် Tense ကတော့ လေးမျိုးထဲက တစ်မျိုးဖြစ်တဲ့ Simple Past Tense ရိုးရိုးအတိတ်ကာလ ပါ။ Past Simple လို့လည်း ခေါ်ကြပါတယ်။

ကျွန်တော်တို့ Past Simple Verb ကို လိုချင်ရင် အများအားဖြင့် Verb တွေမှာ -ed ပေါင်းပေးရတယ်။
Example : worked, cleaned, posted

တစ်ချို့ ပုံစံမကျတဲ့ irregular verd တွေကတော့ တစ်မျိုးပေါ့။
Example : wrote, slept, got

ဟုတ်ပြီ။ ကို့ဘာသာ sentence ရေးရင် past simple ကို သုံးလို့ အဆင်ပြေနေပြီ ဆိုပေမယ့် Verb form မေးခွန်းတွေကြရင် ဘယ်လို သိရမလဲ။

အရင် tense (present simple) မှာ signal words အကြောင်းပြောခဲ့သလိုပဲ ခု past simple မှာလည်း signal words ရှိပါတယ်။ Signal words တွေက yesterday, in 2018, last night, last week, two days ago, before အစရှိသဖြင့်ပေါ့ဗျာ။

ကဲ example sentences တွေလေး လေ့လာကြရအောင်။အရင်လို ရှင်းမပြတော့ဘူး‌။ ကို့ဘာသာ လေ့လာကြည့်ပါ။ အဆင်မပြေရင် comments မှာ ဝင်‌ဆွေးနွေးပေါ့။ ဒါပေမယ့် အားလုံး နားလည်နိုင်မယ့် sentences တွေကိုပဲ ရေးပြမှာပါ။ 😁😁

(1) I phoned you last night.
(2) Thura wrote this story two months ago.

ဆက်လက် လေ့လာကြည့်စေချင်ပါတယ်ဗျ။🔥
Basic English
"Yesterday is gone.
မနေ့က ပြီးဆုံးခဲ့ပါပြီ။
Tomorrow has not yet come.
မနက်ဖြန်က ဖြစ်မလာသေးပါဘူး။
We have only today.Let us begin.
ကျွန်ုပ်တို့ ပိုင်တာ ဒီနေ့ပဲ ရှိတာ။
ဒါကြောင့် စတင်ကြပါစို။"
Mother Teresa
သိပ်ကောင်းတဲ့ စကားပုံလေးပါ။

ကျွန်တော်တို့‌ လေ့လာခဲ့တဲ့ Tense တွေပါပဲ။ အဓိက tense တွေက present (ပစ္စုပ္ပန်) , past (အတိတ်) နဲ့ ဖြစ်မလာသေးတဲ့ ကာလ (future) တို့ ဖြစ်ပါတယ်။ Present နဲ့ past အကြောင်းတော့ တင်ပြီးပါပြီ။ ခု future tenseကို အကြောင်း ဆက်လက်လေ့လာကြပါစို့။

Future tense ဆိုတော့ သူရဲ့ စာကြောင်းအဆုံးမှာ လိမ့်မည် နဲ့ ဆုံးပါတယ်။ ဒီတစ်ခါတော့ example ကို အရင်ပေးပြီး လေ့လာကြရအောင်။

E.g - Thuta will go to Singapore after Covid-19.

အခုအချိန်မှာ Covid-19 ကူးစက်ရောဂါချိန် ဖြစ်ပါတယ်။ ဒါကြောင့် လက်ဆေးကြပါ။

ဥပမာပေးထားတဲ့ sentence လေးက နောင် ဖြစ်လာမယ့် အချိန်အတွက် ရေးသားထားပါတယ်။ future tense တွေကို အနာဂတ်အချိန်တွေ အတွက်နဲ့ မျော်လင့်ချက်တွေ၊ ဆက်တိုက် ဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်ချက်‌တွေအတွက် သုံးကြပါတယ်ဗျ။

သုံးထားတဲ့ verb ကို လေ့လာကြည့်ပါ။ အားလုံးပဲ ကြားဖူး မြင်ဖူးပါတယ်။အခုသုံးထားတဲ့ will go မှာ will က modal verb ပါ။

Future tense တွေ ရေးတဲ့ အခါမှာ modal verbs တွေကို အသုံးပြုပါတယ်။ အသုံးပြုပုံက modal verb + main verb ပုံစံမျိုး ဖြစ်ပါတယ်

Signal words ‌တွေ အကြောင်း ဆက်ပြောရအောင်ဗျာ။
Signal words - tomorrow, next week, next month, in 2021, expect, hope, believe , think , probably …

နောက်ဆုံး example sentence လေးနဲ့ နိဂုံး ချုပ်ပါမယ်။
I think you will be okay .
Photo : Mother Teresa
Pronoun Role

Noun တစ်ခုကို ထပ်ခါထပ်ခါ သုံးနေရရင် တကယ်အဆင်မပြေပါဘူး။

ဖတ်ရတဲ့သူ စိတ်ထဲမှာ ထောက်သလိုလို၊မှားသလိုလို၊ရိုးသလိုလို ဖြစ်နေတတ်ပါတယ်။ ‌ဒီလိုပဲ ရေးတဲ့သူဘက်မှာလည်း စာကြောင်းတွေက ထုံသလိုလို ထပ်သလိုလို ဖြစ်နေတတ်ပါတယ်။

‌Ko Chan Thar is rich. Ko Chan Thar can buy many cars. Ko Chan Thar can buy many condos.

How do you think about these sentences ? ကျွန်တော်ပြောခဲ့သလို ခံစားမိလား။ တစ်ခုခုပေါ့။

အဲ့တာတွေအတွက် ဖြေရှင်းနည်း ရှိပါတယ်။ ဖြေရှင်းပေးနိုင်မည့် နည်းကတော့ ခေါင်းစဉ်မှာပါ။

နောက်တစ်ရက်မှ ဆက်လေ့လာကြပါစို့။
- Pronoun Roll -
( Part - 2 )

Pronoun ရဲ့ မြန်မာအဓိပ္ပာယ်ကတော့ နာမ်စားဖြစ်ပါတယ်။နာမ်(noun)ရဲ့အစားသုံးသောပုဒ်ပေါ့ ။Nounတစ်ခုခုကို sentenceတိုင်းမှာ ထပ်ချည်းတလဲလဲ အသုံးပြုနေရင် sentence တွေက မသေသပ်နိုင်တော့ပါဘူး။

ဒါ့အပြင် grammar နည်းအရ မမှားဘူးလို့ဆိုနိုင်သောလည်း ချို့ယွင်းချက်တော့ရှိနေပါ‌သေးတယ်။ဒါကြောင့် ပြည့်စုံသေသပ်တဲ့ sentence များဖြစ်လာဖို့အတွက် pronoun ကလိုအပ်လာပြန်ပါတယ်။ထို့ကြောင့် အင်္ဂလိပ်စာရဲ့ အခြေခံဖြစ်တဲ့ eight parts of speech ထဲမှာ ပါဝင်လာပုံရပါတယ်။

Pronoun အကြောင်းကို ဖော်ပြပေးရမယ်ဆိုရင်တော့ ပထမဆုံးအနေဖြင့် person သုံးမျိုးကို မိတ်ဆက်ပေးပါရစေ......
(1) First person(ပြောသူနာမ်စား)
(2)Second person(ကွားနာသူနာမျစား)
(3)Third preson(အပြောခံနာမ်စား)တို့ဖြစ်ပါတယ်။

(1) First Person

First person ထဲမှာတော့ I အုပ်စုနဲ့ We အုပ်စုတို့ပါဝင်ပါတယ်။I အုပ်စုက အနည်းနာမ်အတွက်သုံးပြီး We အုပ်စုကိုတော့အများနာမ်အတွက် သုံးပါတယ်။ပြောတဲ့personကတစ်ယောက်တည်း အနည်းဖြစ်နေရင် I အုပ်စုကိုသုံးရပါတယ်။တစ်ယောက်တည်းမဟုတ်ဘဲ အများဖြစ်နေရင်တော့ We အုပ်စု သုံးရမယ်ဆိုတဲ့ သဘောပါပဲ။

(2) Second Person

Second person မှာတော့ You အုပ်စုပဲပါဝင်ပါတယ်။ Youအုပ်စုက အနည်းအများအတူပဲမို့ ကြားနားသူကို လိုက်ပြီး ခွဲခြားရန်မလိုတော့ပေ။ဒါပေမယ့် Reflexive pronoun(ကိုယ်ပိုင်)ကတော့ အနည်းအများရှိသေးတာမို့ ခွဲခြားသုံးရပါမယ်။အနည်းဆိုရင် yourself ကိုသုံးပြီး အများဖြစ်ရင်တော့ yourselves ကိုသုံးရပါမယ်။ Subjectနေရာမှာသုံးသော pronoun, object နေရာမှာသုံးသော pronoun စသဖြင့် အမျိုးအစားတွေကိုတော့ နောက်တစ်ပတ်မှပဲ ဖော်ပြပေးပါမယ်။ဒါဖြင့် ဆွေးနွေးလက်စ person ဆီကို ပြန်သွားကြရအောင်။

(3) Third Person

Third person မှာတော့ He,She,It,They ဆိုတဲ့ အုပ်စုလေးမျိုးပါဝင်လာပါတယ်။အပြောခံနာမ်စားက သက်ရှိလူအနည်းဖြစ်ရင် ကျား၊မ လိုက်ပြီး ခွဲခြားရပြန်ပါတယ်။ ကျားဆိုရင်တော့ He အုပ်စုကိုသုံးပြီး မ ဆိုရင်တော့ She အုပ်စုကိုသုံးရပါမယ်။ အပြောခံနာမ်စားက သက်မဲ့ နှင့်တိရစ္ဆာန် အနည်းကိန်းဖြစ်လျှင် It အုပ်စုကို သုံးရပါမယ်။ နောက်ဆုံးကျန်တဲ့ They အုပ်စုကိုတော့ သက်ရှိ၊သက်မဲ့ အများကိန်းအားလုံးအတွက် သုံးရပါမယ်နော်။
Basic Pronoun (5) မျိုး

Basic ဆိုတဲ့အတိုင်း ငယ်ငယ်က သင်ဖူးတာလေးကို ပြန်ဆွေးနွေးပါမယ်။ ဒီတစ်ခါတော့ (5) မျိုးခွဲထားပါတယ်။

(1) Subject Pronoun

အရင်တစ်ပတ်က ပြောပြခဲ့တဲ့ person တွေအတွက် အသုံးပြရတဲ့ ပထမဆုံး pronoun ဖြစ်ပါတယ်။ လူတစ်ယောက် ( first person or second person or third person ) ရဲ့ အစား subject နေရာမှာ pronoun တစ်ခု သုံးရမယ်ဆိုရင် subject pronoun ကို အသုံးပြုရပါမယ်။

Subject pronoun တွေကတော့ I, We, You, They, He, She, It တို့ ဖြစ်ပါတယ်။

Example : U Hla is a teacher. He teaches English Subject.

နောက် sentence မှာ He ကို U Hla ရဲ့ subject နေရာမှာ အစားသုံးထားပါတယ်။

(2) Object Pronoun

Object pronoun ကလည်း subject pronoun နဲ့ ဆင်တူပါပဲ။ Noun ရဲ့ အစား object နေရာမှာ pronoun တစ်ခု သုံးရတော့မယ် ဆိုရင် object pronoun ကို အသုံးပြုရပါတယ်။

Object pronoun တွေကတော့ me, us, you, them, him, her, it တို့ ဖြစ်ပါတယ်။ example လေ့လာကြည့်ရအောင်။

Example : The teacher told us to try hard.

(3) Possessive Adjective (ပိုင်ဆိုင်မှုပြ adjective)

ဒါကတော့ ထူးခြားမှုတစ်ခုပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက possessive adjective ကို သင်ပေးခဲ့ပါတယ်။ Pronoun ထဲ ထည့်သင်ပေးခဲ့တော့ pronoun ပဲ မှတ်နေခဲ့တာ။ ငယ်ငယ်က သေချာ ဂရုမစိုက်မိတာလည်း ဖြစ်မှာပေါ့။

ခေါင်းစဉ်မှာ ရေးထားတဲ့အတိုင်း ပိုင်ဆိုင်မှုကို ပြဖို့ လိုတဲ့ အခါ သုံးရပါတယ်။ adjective ဆိုတော့ နောက်က noun လိုက်ပေးဖို့ လိုအပ်ပါတယ်။

Possessive adjective တွေက ဘာတွေလဲဆိုတော့ my, our, your, their, his, her, its တို့ ဖြစ်ပါတယ်။ let's go to example.

Example : This is your book.

(4) Possessive Pronoun (ပိုင်ဆိုင်မှုပြ pronoun)

Possessive adjective နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် သူက pronoun မလို့ နောက်က noun လိုက်ပေးစရာ မလိုပါဘူး။

mine, ours, yours, theirs, his, hers, its တို့ ဖြစ်ပါတယ်။

Example : This is mine.

နောက် တစ်မျိုးကို နောက်တစ်ပတ်မှ ဆက်ပါမယ်။

ကျန်းမာကြပါစေ ...💐💐
BASIC ENGLISH
PRONOUN (Conclusion)
Pronoun တွေအကြောင်း ရေးခဲ့တာ အတော်များခဲ့ပါပြီ။ လေ့လာသူများအတွက် ပိုပြီးသေချာအောင် google မှာ ရှာကြည့်တော့ ကွဲပြားမှုတွေက အများကြီး။ တစ်ချို့က ငယ်ငယ်က သင်ထားတဲ့အတိုင်း ၅ မျိုးပေါ့ဗျာ။ တစ်ချို့က ၇ မျိုး၊ တစ်ချို့က ၈ မျိုး စသည်ဖြင့် တွေ့ရပါတယ်။
ဒါက pronoun နဲ့ ပတ်သက်တဲ့ နောက်ဆုံး post ပါ။ အခု page က Basic Learner တွေ အတွက် ဖြစ်တာမို့ Basic အကြောင်းပဲ ဆွေးနွေးပါ့မယ်။ Basic အတွက်ဆို pronoun (၄) မျိုး လေ့လာပါမယ်။ အဲ့ (၄) မျိုးက generalized ချုပ်ထားတာ ဖြစ်ပါတယ်။
ကဲ ပထမတစ်မျိုးအကြောင်း ပြောကြရအောင်ဗျာ။ တစ်ခုသိထားရမှာက ကျွန်တော်တို့လေ့လာထားတဲ့ အကြောင်းအရာတွေ တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ Let start it…

(1) Personal Pronoun
Personal Pronoun ထဲမှာ ပါဝင်တဲ့ Pronoun တွေက subject နဲ့ object အစား သုံးတဲ့ pronoun တွေ ဖြစ်ပါတယ်။ I, We, You, They, He, She, It (Subject အစား အသုံးပြုတဲ့ Pronoun များ) နဲ့ me, us, our, them, him, her, its (Object အစား အသုံးပြုတဲ့ Pronoun များ) ပါဝင်ပါတယ်။
Example ကိုတော့ နှစ်မျိုးပဲ ရေးပေးပါ့မယ်။ ကျန်တဲ့ စကားလုံးများကိုတော့ ကို့ဘာသာ ရေးကြည့်စေချင်ပါတယ်။
1) My name is David. I am the youngest in my family.
2) My mom is kind. Everybody likes her.

(2) Reflexive Pronoun !!!!
အရင် တစ်ပတ်က ကျန်ခဲ့တဲ့ Pronoun ပါ။ ဆက်လေ့လာကြတာပေါ။ Reflexive ဆိုတာ ကိုယ်တိုင် ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ။ တစ်စုံတစ်ခုကို ကိုယ်တိုင်လုပ်တာတဲ့နေရာမှာ အသုံးပြုရပါတယ်။ ဒါလည်း သိပြီးသား ဖြစ်မှာပါ။ ကဲ စကားလုံးတွေ ဆက်ပြောတာပေါ့။
Reflexive Pronoun ထဲမှာ ပါရှိတဲ့ စကားလုံးတွေကတော့ myself, ourselves, yourself, yourselves, themselves, himself, herself နဲ့ itself တို့ ပါရှိပါတယ်။ ဆက်ပြီးတော့ example ရေးပါမယ်။
- Michael is looking at himself in the mirror.

(3) Interrogative Pronoun
Interrogative pronoun တွေကတော့ ကျွန်တော်တို့ အသုံးများတဲ့ အထဲမှာ ပါတယ်ဗျ။ ဒါပေမယ့် နည်းနည်းစိမ်းနေမလား မသိဘူးဗျ။ Interrogative pronoun တွေကို မေးခွန်းတွေ မေးဖို့ အသုံးပြုပါတယ်။ ကိုယ် မသိတဲ့ အရာတစ်ခုကို မေးဖို့ သုံးတဲ့ word တစ်ခုကို interrogative pronoun လို့ ခေါ်ပါတယ်။ စကားလုံးလေးတွေကို ဆက်ပြောကြတာပေါ့။ စကားလုံးတွေက who, whom, which, whose, what တို့ ဖြစ်ပါတယ်။ ကဲ example .
- What are you talking about ?

(4) Demonstrative Pronoun
Demonstrative ဆိုတာကတော့ ထင်ရှားအောင် ညွန်ပြတာ ဖြစ်ပါတယ်။ Demonstrative pronoun ကို တစ်စုံတစ်ခုကို ညွန်ပြတဲ့အခါ သုံးတဲ့ pronoun လို့ သက်မှတ်ကြပါတယ်။ ပါဝင်တဲ့ စကားလုံးတွေက this, that, these, those တို့ ဖြစ်ပါတယ်။ နောက် example ဆက်သွားပါမယ်။
- Did you drop this ?
အင်္ဂလိပ်စာ အခြေခံများ ရရှိနိုင်ပါစေလို့ ဆုတောင်းရင်း …
Basic English

Hello, everyone. အားလုံးပဲ မင်္ဂလာပါဗျ။ ဒီနေ့ ကျွန်တော်တို့ sentence ရဲ့ အခရာ၊ အဓိက ကျတဲ့ အရာ တစ်မျိုးအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခု ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ Verb အကြောင်းပဲ ဖြစ်ပါတယ်။ အရင်ကလည်း Verb နဲ့ ပတ်သက်ပြီး Tense သုံးမျိုး အကြောင်းကို လေ့လာခဲ့ပြီးပါပြီ။ အစက နောက် topic တစ်ခုကို ဆက်ရေးဖို့ လုပ်ခဲ့ပေမယ့် နောင် topic အကြောင်း မရေးခင်ကို verb အကြောင်းက စာပိုဒ် (3) ပိုဒ်လောက် ဖြစ်လာတယ်။ ဒါကြောင့် verb အကြောင်းကို အရင်ရေးဖို့ ပြန်လည်ကြိုးစားခဲ့ရပါတယ်။
အခုအပိုင်းမှာ ရှေ့က လေ့လာပြီးတဲ့ tense အကြောင်းလည်း ဆက်စပ်ပါဝင်မှာ ဖြစ်ပါတယ်။ အဓိက လေ့လာမှာကတော့ verb ရဲ့ sentence မှာ အရေးပါပုံ နဲ့ sentence တစ်ခုကို မြင်တဲ့အခါ sentence pattern အရ ဘယ်လို ခွဲခြား လေ့လာရမလဲ ဆိုတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ Sentence ခွဲခြားရာမှာ ပထမဆုံးအနေနဲ့ sentence မှာပါတဲ့ verb ကို လေ့လာရပါမယ်။
Sentence ကြီးတစ်ခုလုံးဟာ verb အပေါ်မှာ မူတည်နေပါတယ်။ တစ်ခါတစ်လေ Subject မပါတဲ့ Sentence ( Imperative Sentences ) တွေကို မြင်ဖူးကြမယ် ထင်ပါတယ်။ ဥပမာ ပြရလျှင် “ Introduce yourself.” , “ Sit down.” တစ်ခုခုကို လုပ်ခိုင်းတဲ့ sentence တွေမှာ subject မလိုဘူး။ ဒါကြောင့် ဘာတွေမပါပါ အနည်းဆုံး verb တစ်လုံးတော့ပါမှ sentence ဖြစ်လာမှာပါ။ Verb ကနေမှ Subject က ဘာလုပ်တယ်/ ဘာဖြစ်တယ်/ ဘာရှိတယ် ဆိုတာ သိနိုင်ပါမယ်။ Ok. ဒါကတော့ verb ရဲ့ အရေးကြီးမှု ဖြစ်ပါတယ်။
နောက်ထပ် သိရှိနိုင်တာကတော့ Sentence ရဲ့ ဖြစ်ပေါ်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အတိတ်မှာ ဖြစ်ခဲ့တာလား၊ လက်ရှိမှာ ဖြစ်နေတာလား၊ အနာဂတ်မှာ ဖြစ်လာမယ့်အရာ လား ဆိုတာကို ခွဲခြားသိရှိနိုင်ပါတယ်။ အရင် post တစ်ခုမှာ ကျွန်တော် ကာလ သုံးမျိုး ( Present, Past & Future ) ကိုအကြောင်း ရေးသားခဲ့ ပါတယ်။ အဲ့တာတွေက ရိုးရှင်းတဲ့ Sentence တွေ ရေးသားရာမှာ အထောက်အကူရစေနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ လုပ်နေဆဲ ကိစ္စ ဒါမှမဟုတ် အတိတ်မှာ ဖြစ်ခဲ့ပြီးတဲ့ ကိစ္စ တွေကို ရေးသားချင်ရင်တော့ tense တွေ အကြောင်းကို ဆက်လေ့လာရပါမယ်။
Verb အကြောင်းကို နောက်ထပ် ထပ်ဖော်ပြစရာ ကျန်ရှိပါသေးတယ်ဗျ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားလိုက်ပါမယ်။
အားလုံးပဲ အဆင်ပြေကြပါစေ …
I hope that you are okay
Verb အကြောင်း အပိုင်းဆက်

ဒီတစ်ခေါက်တော့ Verb တွေ အမျိုးအစား ခွဲခြားကြည့်ပါမယ်။ Verb အများစုက subject က physically or mentally ဘာလုပ်တယ်ဆိုတာ ပြတဲ့ စကားလုံး ( action words ) တွေ ဖြစ်ပါတယ်။ သူတို့ကို main verb လို့လည်း ခေါ်ကြတယ်။ အဲ့တာကို အမျိုးအစား တစ်ခု အနေနဲ့ သက်မှတ်ကြရအောင်။ ဥပမာအနေနဲ့ ပြောရရင် --

call, play, think, write, knock

example - We played football yesterday.

သူတို့မှာ သက်ဆိုင်ရာ tense အလိုက် ပြောင်းရတဲ့ ပုံစံတွေ ရှိတယ်။ V-2, V-3 နဲ့ V-ing စတဲ့ ပုံစံမျိုးပေါ့။ အဲ့လောက်ထိ ထပ်အသေးမစိတ်တော့ ပါဘူး။

OKay. နောက်တစ်မျိုးကကျတော့ auxiliary verb တွေ အကြောင်းပါ။ ပထမဆုံးပြောရရင် အားလုံးသိထားတဲ့ am, is, are, was, were ဖြစ်ပါတယ်။ Subject က ဘာဖြစ်တယ် ဆိုတာကို ပြောချင်တဲ့ အခါမှာ am, is, are, was, were ကို အသုံးပြုကြတာပါ။ ဥပမာစာကြောင်းကို လေ့လာကြည့်ရအောင်။

example - I am a student.
- It was a unique ring.

သူတို့ရဲ့ မူရင်း verb က Be ဖြစ်ပါတယ်။ Be ရဲ့ V-1 present tense မှာ am, is, are ပါရှိပါတယ်။ V-2 past tense အနေနဲ့ was, were ဆိုပြီး နှစ်မျိုးပဲ ပါရှိပါတယ်။ ကျွန်တော် သတိထားမိသလောက် Word Form ကို စစ်ဆေးတဲ့ မေးခွန်းတွေမှာပဲ be ကို မြင်ဖူးပါတယ်။ သိပ်မသုံးကြဘူးပေါ့။ အဲ့တာကြောင့် am, is, are, was, were တို့ကို Verb to be ဆိုပြီး Verb အုပ်စုတစ်ခုအနေနဲ့ grammar မှာ လေ့လာကြရတာပါ။

Verb to be ပြီးရင် Verb အုပ်စု အနေနဲ့ Verb to do, Verb to have နဲ့ Modal Verbs ဆိုတဲ့ အုပ်စုတွေရှိပါတယ်။ Verb to do အကြောင်း ဆက်ပြောကြရအောင်။ Verb to do ဆိုတာ Subject မှာ ဘာလုပ်တယ် ဆိုတာ ပြောပြတဲ့ စကားလုံးတွေပါ။ Verb to do ထဲမှာ do, does, did တို့ ပါဝင်ပါတယ်။ Present tense အနေနဲ့ do(အများ) does (အနည်း) အသုံးပြုရပါတယ်။ Past tense မှာ တစ်မျိုးတည်း။ did ဖြစ်ပါတယ်။ auxiliary verb မဟုတ်တဲ့ ပုံစံမှာ perfect tense အနေနဲ့ done ဆိုတဲ့စကားလုံး ရှိပါတယ်။ example ဆက်သွားပါမယ်။

example - I do physical exercise.
- What did you do yesterday?

ကျန်တာတွေကို နောက်မှ ဆက်ဆွေးနွေးပါမယ်။ ဒီနေ့တော့ ဒီလောက်ပါပဲဗျ။ အားလုံးပဲ အဆင်ပြေကြပါစေ.
Verbs

အားလုံးပဲ မင်္ဂလာပါဗျ။ ပို့စ်က 2020 ကတည်းက အတော်ကြာထိ မတင်ဖြစ်ဘူး။ ခု 2021 မှ ပြန်တင်ဖြစ်တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ဗျ။

2020 က စာရင်းလက်ကျန်ကို ခု အပြီး ရှင်းကြရအောင်ဗျာ။ Verb အကြောင်းက အပိုင်း (2) ထိ ရှိခဲ့ပါတယ်။ ခုတစ်ခါ အပိုင်း (3) နဲ့ ဇာတ်သိမ်းပါတော့မယ်။

အရင် လေ့လာခဲ့တဲ့ အကြောင်းအရာကို မှတ်မိအောင် ပြန်အစဖော်ရရင် Verb to be နဲ့ Verb to do ဆိုတဲ့ Verb အုပ်စုလို့ သက်မှတ်ထားတဲ့ Auxiliary Verb တွေ အကြောင်းပါ။

ကျန်တဲ့ အုပ်စုတွေကို လေ့လာကြည့်ရအောင်။ အရင်ဆုံး Verb to have ကို လေ့လာကြပါမယ်။ Verb to have အုပ်စုထဲမှာ has (singular), have (plural) နဲ့ had (past) ဆိုပြီး သုံးမျိုးပဲ ပါဝင်ပါတယ်။သူတို့က Main Verb နေရာမှာ ရှိမယ်ဆိုရင် Subject မှာ တစ်စုံတစ်ရာ ရှိတယ်ဆိုတာကို ပြောပြခြင်း ဖြစ်ပါတယ်။

Helping Verb နေရာမှာ ရှိမယ်ဆိုရင်တော့ Perfect Tense ပုံစံ ရေးသားရာမှာ အသုံးပြုနိုင်ပါတယ်။ Perfect Tense မှာ Present နဲ့ Past နှစ်မျိုး ရှိပြန်ပါတယ်။ Form ကို လေ့လာကြည့်ပါမယ်။

- Present Perfect Tense
Sub(singular) + has + V3
Sub(plural) + have + V3

- Past Perfect Tense
Sub + had + V3

နောက်တစ်မျိုးကို ဆက်ကြရအောင်။ Modal Verb တွေ ဖြစ်ပါတယ်။ Modal Verb အုပ်စုထဲမှာ can, could, will, would, shall, should, may, might, must, ought to နဲ့ going to ဆိုပြီး ရှိပါတယ်။ Modal Verb တွေက Main Verb အနေနဲ့ မတည်ရှိနိုင်ပါဘူး။ Auxiliary Verb အဖြစ်သာ တည်ရှိနိုင်ပါတယ်။ Modal Verb တွေ အကြောင်းကို ဒီလောက်နဲ့ပဲ အကျဉ်းချုပ်လိုက်ပါမယ်။

အားလုံးပဲ အဆင်ပြေကြပါစေ …