English Basic Knowledge
12 subscribers
34 photos
2 links
Basic မှတဆင့် အသုံးချနိုင်သော ဘာသာတစ်ခုဖြစ်လာစေရန် အတူတကွ လေ့လာနိုင်ပါသည်။
Download Telegram
Basic English (Just 3 minutes)
ခုတစ်လော ပို့စ်တွေကတော့ object နဲ့ ပတ်သက်ပြီး ရေးသားထားတာပါ။ ဥပမာ - direct object နဲ့ indirect object တို့ အကြောင်း၊သူတို့ကို အသုံးပြုရင် ဘယ်နေရာမှာ ထားရမယ်၊ဘာတွေနဲ့ တွဲသုံးရမယ် စသည်ဖြင့် ပြောပြထားပါတယ်။ ပြန်လေ့လာလိုလျှင် အောက်က စာတန်းလေးကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။

https://www.facebook.com/115583020142146/posts/160341475666300/

ကျွန်တော်တို့ အရင် လေ့လာခဲ့တုန်းက sentence pattern တစ်ခုကို မှတ်မိကြသေးလားဗျ။ subject complement ပါတဲ့ sentence pattern ပါ။ ပြန် မှတ်သားလို့ ရအောင် ရေးပြပါမယ်။

Sub + Linking Verb + Subject Complement

Subject မှာ သူ့ complement ရှိတယ်ဆိုရင် object မှာကော ရှိမလား ……?

ဟုတ်ကဲ့။ ရှိသလား မရှိဘူးလားဆိုတော့ ရှိပါတယ်။ Object Complement ရှိပါတယ်။ Complement ဆိုတဲ့ သဘောတရားချင်းကတော့ အတူတူပါပဲ။ ဒါကြောင့်မို့ ဘယ်လို သုံးကြလဲ လေ့လာကြည့်ပါ။ example ဖော်ပြပေးပါမယ်။

Sunflower makes May Phyu happy.🌻💁

Complement ဆို‌တဲ့ သဘောကို ထပ်ပြောပြရမယ်ဆိုရင် object ကို rename လုပ်တာ ဒါမှမဟုတ် object ဘာဖြစ်တယ် ဆိုတာကို ဖော်ပြပေးတာပါ။

‌example လေးမှာလည်း နောက်က happy က May Phyu ဘာဖြစ်တယ် ဆိုတာကို ဖော်ပြပေးပါတယ်။

Sentence pattern __
Sub + Verb + Object + Object Complement

အားလုံးပဲ အဆင်ပြေကြပါစေ …
#objectcomplement
Basic English
Sentence patterns တွေ အကြောင်း ပြောနေတာ အတော်များခဲ့ပြီ။ အမျိုးအစားပေါင်းလည်း (5) မျိုးထိ ရေးသားခဲ့ပါတယ်။ ခုတစ်ခုကတော့ နောက်ဆုံးပါ။ ကျွန်တော်တို့အားလုံး ငယ်ငယ်ရေးခဲ့တဲ့ စာကြောင်းလေးနဲ့ လေ့လာကြတာပေါ့။

Example - Nandar goes to school.
နန္ဒာ ကျောင်းသို့ သွားသည်။ ရေးထားတဲ့ example sentence ကို ‌eight parts of Speech နဲ့ ပြန်ချိတ်ကြည့်ရအောင်ဗျာ။ Nandar ကတော့ Noun ၊ goes ကတော့ verb ၊ to က Preposition ၊ school က noun - place noun ပါ။

Eight parts of Speech နဲ့ ချိတ်ပြီး sentence pattern နဲ့ ပြန်ချိတ်ရရင် Nandar က subject ၊ goes ကတော့ အတူတူပဲ verb ၊ to နဲ့ school ကို တော့ တွဲပြောရပါမယ် adverbial ။ သူကတော့ နည်းနည်း ကြားဖူးဖို့ ခက်ခဲမယ်။ အများစုက adverb လို့ပဲ သုံးကြတာမလို့ to school ကို adverb phrase လို့ သက်မှတ်လို့လည်း ရပါတယ်။

လူ သိနည်းတဲ့ adverbial အကြောင်း သိသလောက် ပြောပြပါမယ်။ သူကတော့ အချိန်တွေ၊နေရာတွေနဲ့ အမူအရာတွေကို ဖော်ပြပေးတဲ့ ၊ စာကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့ စကားလုံး တစ်လုံး သို့မဟုတ် စကားစုတစ်ခု ဖြစ်ပါတယ်။

adverbial နဲ့ adverb ကြားမှာ နည်းနည်းလေး ကွာခြားတာရှိပါတယ်။ အဲ့‌အကြောင်းကို နောက်မှ ဆက်ဖော်ပြပေးပါ့မယ်။

ခုတော့ sentence pattern ကို မှတ်သားလိုက်ရအောင်။
Sub + Verb + Adverbial

English sentence ရေးဖို့ sentence pattern (6) မျိုးကို လေ့လာခဲ့ပြီးပါပြီ။ Own sentence ကို တည်ဆောက်‌နိုင်ပါပြီ။

အားလုံးပဲ အိမ်မှာနေပြီး အင်္ဂလိပ်စာ လေ့လာနိုင်ကြပါစေ...
#adverbial
ဒီတစ်ခါမှာတော့ ........
Sentence တစ်ကြောင်းရဲ့အရေးကြီးဆုံးဖြစ်တဲ့ verb အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

Verbကိုရေးပြီဆိုတာနဲ့ သူ့ရဲ့အဓိကဖြစ်တဲ့
Tense (ကာလ)ကိုလည်း ထည့်တွေးဖို့လိုပါလိမ့်မယ်။

အဓိကအားဖြင့် tenseသုံးမျိုးရှိပါတယ်။
ဒါတွေကတော့-
(1)Present tense (ပစ္စုပ္ပန်ကာလ)
(2) Past tense (အတိတ်ကာလ)
(3) Future tense (အနာဂတ်ကာလ) တို့ဖြစ်ပါတယ်။

အဲ့ tense သုံးမျိုးကိုထပ်ပြီး ဖြန့်ကျက်လေ့လာလျှင် နောက်ထပ် branchesများရှိလာပါတယ်။
စုစုပေါင်းကတော့(12)မျိုးရှိပါတယ်။သူတို့ကိုတော့ နောက်တစ်ပတ်မှပဲ ဖော်ပြပေးသွားပါ့မယ်။

ပထမဆုံးအနေဖြင့် ရိုးရိုးပစ္စုပ္ပန်ကာလဖြစ်တဲ့
Simple Present Tense ကို လေ့လာကြည့်ကြရအောင်။

ထိုကာလကို လုပ်ရိုးလုပ်စဉ်၊ဖြစ်ရိုးဖြစ်စဉ်အချိန်တွေမှာ အသုံးပြုပါတယ်။ထို့ပြင် မပြောင်းလဲတဲ့ ထာဝရအမှန်တရား (universal truth)တွေမှာလည်း အသုံးပြုပါသေးတယ်။

Pattern formကတော့ V-1,V-1(s,es) ပဲဖြစ်ပါတယ်။ Subject ကိုကြည့်ပြီးအနည်းဆိုရင် Verb မှာ s/es ထည့်ပြီး ၊အများမှာဆိုရင် s/es ထည့်ပေးဖို့ မလိုပါ။

Present simple tense လို့လည်း ခေါ်သေးတဲ့ ထိုကာလရဲ့ အချက်ပြစကားလုံး(signals)တွေကတော့ - usually, always, sometimes,once, twice အစရှိသည်တို့ဖြစ်ပါတယ်။

ဥပမာလေးကို လေ့လာကြည့်ကြရအောင်။
(1) Mg Mg always goes to the school on foot.
(2) The sun rises from the East.

အထက်မှာ ပေးထားတဲ့ examples တွေကို လေ့လာကြည့်ရရင် ----
example 1 မှာက signal word ( always ) ပါနေတယ်။ အမြဲတမ်း ကျောင်းသွားတဲ့ သဘောမို့ V-1 သုံးရတယ်။ Sub ဖြစ်တဲ့ Mg Mg က တစ်ယောက်တည်း အနည်းမို့ V-1 မှာ -es ထည့်ပေးရပါတယ်။

example 2 မှာလည်း ဒီလိုပါပဲ။ စကြာဝဋာ အမှန်တရား ( Universal truth ) မို့ V-1 သုံးရပါတယ်။ -s/-es ထည့်တာတော့ ကိုယ့်ဘာသာ ဆက်လေ့လာကြည့်ကြပါ။
အဆင်ပြေမယ် ထင်ပါတယ်ဗျ ……
Basic English

အရင်တစ်ပတ်က Present Tense အကြောင်း ပြောပြခဲ့ပြီးပါပြီ။ ခုတစ်ခါ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ရေးသားဖို့ လေ့လာကြပါစို့။ ဖြစ်ခဲ့တဲ့ အကြောင်းအရာဆိုတော့ ဖြစ်ခဲ့တဲ့ ကာလ၊အတိတ်ကာလ(Past Tense) ဖြစ်ပါတယ်။

အတိတ်ကာလ(Past Tense) ကို သေချာ ပိုင်းခြားလိုက်ရင် branches - 4 မျိုး ရပါမယ်။ ခုလေ့လာကြမယ့် Tense ကတော့ လေးမျိုးထဲက တစ်မျိုးဖြစ်တဲ့ Simple Past Tense ရိုးရိုးအတိတ်ကာလ ပါ။ Past Simple လို့လည်း ခေါ်ကြပါတယ်။

ကျွန်တော်တို့ Past Simple Verb ကို လိုချင်ရင် အများအားဖြင့် Verb တွေမှာ -ed ပေါင်းပေးရတယ်။
Example : worked, cleaned, posted

တစ်ချို့ ပုံစံမကျတဲ့ irregular verd တွေကတော့ တစ်မျိုးပေါ့။
Example : wrote, slept, got

ဟုတ်ပြီ။ ကို့ဘာသာ sentence ရေးရင် past simple ကို သုံးလို့ အဆင်ပြေနေပြီ ဆိုပေမယ့် Verb form မေးခွန်းတွေကြရင် ဘယ်လို သိရမလဲ။

အရင် tense (present simple) မှာ signal words အကြောင်းပြောခဲ့သလိုပဲ ခု past simple မှာလည်း signal words ရှိပါတယ်။ Signal words တွေက yesterday, in 2018, last night, last week, two days ago, before အစရှိသဖြင့်ပေါ့ဗျာ။

ကဲ example sentences တွေလေး လေ့လာကြရအောင်။အရင်လို ရှင်းမပြတော့ဘူး‌။ ကို့ဘာသာ လေ့လာကြည့်ပါ။ အဆင်မပြေရင် comments မှာ ဝင်‌ဆွေးနွေးပေါ့။ ဒါပေမယ့် အားလုံး နားလည်နိုင်မယ့် sentences တွေကိုပဲ ရေးပြမှာပါ။ 😁😁

(1) I phoned you last night.
(2) Thura wrote this story two months ago.

ဆက်လက် လေ့လာကြည့်စေချင်ပါတယ်ဗျ။🔥
Basic English
"Yesterday is gone.
မနေ့က ပြီးဆုံးခဲ့ပါပြီ။
Tomorrow has not yet come.
မနက်ဖြန်က ဖြစ်မလာသေးပါဘူး။
We have only today.Let us begin.
ကျွန်ုပ်တို့ ပိုင်တာ ဒီနေ့ပဲ ရှိတာ။
ဒါကြောင့် စတင်ကြပါစို။"
Mother Teresa
သိပ်ကောင်းတဲ့ စကားပုံလေးပါ။

ကျွန်တော်တို့‌ လေ့လာခဲ့တဲ့ Tense တွေပါပဲ။ အဓိက tense တွေက present (ပစ္စုပ္ပန်) , past (အတိတ်) နဲ့ ဖြစ်မလာသေးတဲ့ ကာလ (future) တို့ ဖြစ်ပါတယ်။ Present နဲ့ past အကြောင်းတော့ တင်ပြီးပါပြီ။ ခု future tenseကို အကြောင်း ဆက်လက်လေ့လာကြပါစို့။

Future tense ဆိုတော့ သူရဲ့ စာကြောင်းအဆုံးမှာ လိမ့်မည် နဲ့ ဆုံးပါတယ်။ ဒီတစ်ခါတော့ example ကို အရင်ပေးပြီး လေ့လာကြရအောင်။

E.g - Thuta will go to Singapore after Covid-19.

အခုအချိန်မှာ Covid-19 ကူးစက်ရောဂါချိန် ဖြစ်ပါတယ်။ ဒါကြောင့် လက်ဆေးကြပါ။

ဥပမာပေးထားတဲ့ sentence လေးက နောင် ဖြစ်လာမယ့် အချိန်အတွက် ရေးသားထားပါတယ်။ future tense တွေကို အနာဂတ်အချိန်တွေ အတွက်နဲ့ မျော်လင့်ချက်တွေ၊ ဆက်တိုက် ဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်ချက်‌တွေအတွက် သုံးကြပါတယ်ဗျ။

သုံးထားတဲ့ verb ကို လေ့လာကြည့်ပါ။ အားလုံးပဲ ကြားဖူး မြင်ဖူးပါတယ်။အခုသုံးထားတဲ့ will go မှာ will က modal verb ပါ။

Future tense တွေ ရေးတဲ့ အခါမှာ modal verbs တွေကို အသုံးပြုပါတယ်။ အသုံးပြုပုံက modal verb + main verb ပုံစံမျိုး ဖြစ်ပါတယ်

Signal words ‌တွေ အကြောင်း ဆက်ပြောရအောင်ဗျာ။
Signal words - tomorrow, next week, next month, in 2021, expect, hope, believe , think , probably …

နောက်ဆုံး example sentence လေးနဲ့ နိဂုံး ချုပ်ပါမယ်။
I think you will be okay .
Photo : Mother Teresa
Pronoun Role

Noun တစ်ခုကို ထပ်ခါထပ်ခါ သုံးနေရရင် တကယ်အဆင်မပြေပါဘူး။

ဖတ်ရတဲ့သူ စိတ်ထဲမှာ ထောက်သလိုလို၊မှားသလိုလို၊ရိုးသလိုလို ဖြစ်နေတတ်ပါတယ်။ ‌ဒီလိုပဲ ရေးတဲ့သူဘက်မှာလည်း စာကြောင်းတွေက ထုံသလိုလို ထပ်သလိုလို ဖြစ်နေတတ်ပါတယ်။

‌Ko Chan Thar is rich. Ko Chan Thar can buy many cars. Ko Chan Thar can buy many condos.

How do you think about these sentences ? ကျွန်တော်ပြောခဲ့သလို ခံစားမိလား။ တစ်ခုခုပေါ့။

အဲ့တာတွေအတွက် ဖြေရှင်းနည်း ရှိပါတယ်။ ဖြေရှင်းပေးနိုင်မည့် နည်းကတော့ ခေါင်းစဉ်မှာပါ။

နောက်တစ်ရက်မှ ဆက်လေ့လာကြပါစို့။
- Pronoun Roll -
( Part - 2 )

Pronoun ရဲ့ မြန်မာအဓိပ္ပာယ်ကတော့ နာမ်စားဖြစ်ပါတယ်။နာမ်(noun)ရဲ့အစားသုံးသောပုဒ်ပေါ့ ။Nounတစ်ခုခုကို sentenceတိုင်းမှာ ထပ်ချည်းတလဲလဲ အသုံးပြုနေရင် sentence တွေက မသေသပ်နိုင်တော့ပါဘူး။

ဒါ့အပြင် grammar နည်းအရ မမှားဘူးလို့ဆိုနိုင်သောလည်း ချို့ယွင်းချက်တော့ရှိနေပါ‌သေးတယ်။ဒါကြောင့် ပြည့်စုံသေသပ်တဲ့ sentence များဖြစ်လာဖို့အတွက် pronoun ကလိုအပ်လာပြန်ပါတယ်။ထို့ကြောင့် အင်္ဂလိပ်စာရဲ့ အခြေခံဖြစ်တဲ့ eight parts of speech ထဲမှာ ပါဝင်လာပုံရပါတယ်။

Pronoun အကြောင်းကို ဖော်ပြပေးရမယ်ဆိုရင်တော့ ပထမဆုံးအနေဖြင့် person သုံးမျိုးကို မိတ်ဆက်ပေးပါရစေ......
(1) First person(ပြောသူနာမ်စား)
(2)Second person(ကွားနာသူနာမျစား)
(3)Third preson(အပြောခံနာမ်စား)တို့ဖြစ်ပါတယ်။

(1) First Person

First person ထဲမှာတော့ I အုပ်စုနဲ့ We အုပ်စုတို့ပါဝင်ပါတယ်။I အုပ်စုက အနည်းနာမ်အတွက်သုံးပြီး We အုပ်စုကိုတော့အများနာမ်အတွက် သုံးပါတယ်။ပြောတဲ့personကတစ်ယောက်တည်း အနည်းဖြစ်နေရင် I အုပ်စုကိုသုံးရပါတယ်။တစ်ယောက်တည်းမဟုတ်ဘဲ အများဖြစ်နေရင်တော့ We အုပ်စု သုံးရမယ်ဆိုတဲ့ သဘောပါပဲ။

(2) Second Person

Second person မှာတော့ You အုပ်စုပဲပါဝင်ပါတယ်။ Youအုပ်စုက အနည်းအများအတူပဲမို့ ကြားနားသူကို လိုက်ပြီး ခွဲခြားရန်မလိုတော့ပေ။ဒါပေမယ့် Reflexive pronoun(ကိုယ်ပိုင်)ကတော့ အနည်းအများရှိသေးတာမို့ ခွဲခြားသုံးရပါမယ်။အနည်းဆိုရင် yourself ကိုသုံးပြီး အများဖြစ်ရင်တော့ yourselves ကိုသုံးရပါမယ်။ Subjectနေရာမှာသုံးသော pronoun, object နေရာမှာသုံးသော pronoun စသဖြင့် အမျိုးအစားတွေကိုတော့ နောက်တစ်ပတ်မှပဲ ဖော်ပြပေးပါမယ်။ဒါဖြင့် ဆွေးနွေးလက်စ person ဆီကို ပြန်သွားကြရအောင်။

(3) Third Person

Third person မှာတော့ He,She,It,They ဆိုတဲ့ အုပ်စုလေးမျိုးပါဝင်လာပါတယ်။အပြောခံနာမ်စားက သက်ရှိလူအနည်းဖြစ်ရင် ကျား၊မ လိုက်ပြီး ခွဲခြားရပြန်ပါတယ်။ ကျားဆိုရင်တော့ He အုပ်စုကိုသုံးပြီး မ ဆိုရင်တော့ She အုပ်စုကိုသုံးရပါမယ်။ အပြောခံနာမ်စားက သက်မဲ့ နှင့်တိရစ္ဆာန် အနည်းကိန်းဖြစ်လျှင် It အုပ်စုကို သုံးရပါမယ်။ နောက်ဆုံးကျန်တဲ့ They အုပ်စုကိုတော့ သက်ရှိ၊သက်မဲ့ အများကိန်းအားလုံးအတွက် သုံးရပါမယ်နော်။
Basic Pronoun (5) မျိုး

Basic ဆိုတဲ့အတိုင်း ငယ်ငယ်က သင်ဖူးတာလေးကို ပြန်ဆွေးနွေးပါမယ်။ ဒီတစ်ခါတော့ (5) မျိုးခွဲထားပါတယ်။

(1) Subject Pronoun

အရင်တစ်ပတ်က ပြောပြခဲ့တဲ့ person တွေအတွက် အသုံးပြရတဲ့ ပထမဆုံး pronoun ဖြစ်ပါတယ်။ လူတစ်ယောက် ( first person or second person or third person ) ရဲ့ အစား subject နေရာမှာ pronoun တစ်ခု သုံးရမယ်ဆိုရင် subject pronoun ကို အသုံးပြုရပါမယ်။

Subject pronoun တွေကတော့ I, We, You, They, He, She, It တို့ ဖြစ်ပါတယ်။

Example : U Hla is a teacher. He teaches English Subject.

နောက် sentence မှာ He ကို U Hla ရဲ့ subject နေရာမှာ အစားသုံးထားပါတယ်။

(2) Object Pronoun

Object pronoun ကလည်း subject pronoun နဲ့ ဆင်တူပါပဲ။ Noun ရဲ့ အစား object နေရာမှာ pronoun တစ်ခု သုံးရတော့မယ် ဆိုရင် object pronoun ကို အသုံးပြုရပါတယ်။

Object pronoun တွေကတော့ me, us, you, them, him, her, it တို့ ဖြစ်ပါတယ်။ example လေ့လာကြည့်ရအောင်။

Example : The teacher told us to try hard.

(3) Possessive Adjective (ပိုင်ဆိုင်မှုပြ adjective)

ဒါကတော့ ထူးခြားမှုတစ်ခုပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက possessive adjective ကို သင်ပေးခဲ့ပါတယ်။ Pronoun ထဲ ထည့်သင်ပေးခဲ့တော့ pronoun ပဲ မှတ်နေခဲ့တာ။ ငယ်ငယ်က သေချာ ဂရုမစိုက်မိတာလည်း ဖြစ်မှာပေါ့။

ခေါင်းစဉ်မှာ ရေးထားတဲ့အတိုင်း ပိုင်ဆိုင်မှုကို ပြဖို့ လိုတဲ့ အခါ သုံးရပါတယ်။ adjective ဆိုတော့ နောက်က noun လိုက်ပေးဖို့ လိုအပ်ပါတယ်။

Possessive adjective တွေက ဘာတွေလဲဆိုတော့ my, our, your, their, his, her, its တို့ ဖြစ်ပါတယ်။ let's go to example.

Example : This is your book.

(4) Possessive Pronoun (ပိုင်ဆိုင်မှုပြ pronoun)

Possessive adjective နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် သူက pronoun မလို့ နောက်က noun လိုက်ပေးစရာ မလိုပါဘူး။

mine, ours, yours, theirs, his, hers, its တို့ ဖြစ်ပါတယ်။

Example : This is mine.

နောက် တစ်မျိုးကို နောက်တစ်ပတ်မှ ဆက်ပါမယ်။

ကျန်းမာကြပါစေ ...💐💐