Dream Bags Organization
1K subscribers
730 photos
11 videos
225 links
Dream Bags Organization နှင့်အတူ နွေးထွေးသောကမ်းလက်များကို မျှဝေပါ။
Download Telegram
ရေငန်ဝင်ရင် စိုက်ထားတဲ့ သီးနှံတွေ ငန်ကုန်မှာလား? 🧂🌾

"ရေငန်ဝင်တယ်ဆိုတော့ စိုက်ထားတဲ့ စပါးတွေ၊ ဟင်းသီးဟင်းရွက်တွေ ငန်ကုန်ပြီး ဟင်းချက်ရင် ဆားထည့်စရာမလိုတော့ဘူးလား?" 🤔💭

တွေးကြည့်ရင် ဟာသလိုလို ဖြစ်နေပေမဲ့ တကယ့်အမှန်တရားကတော့ ရေငန်ဝင်ရောက်ခြင်း (Saltwater Intrusion - SWI) ကြောင့် သီးနှံတွေ ငန်မလာပါဘူး။ ဒါပေမဲ့ ရေငန်ဝင်ရောက်ပြီဆိုရင်တော့ သီးနှံတွေကို စိုက်ပျိုးလို့မရပဲ လုံးဝ ပျက်စီးဆုံးရှုံးသွားရတာပါပဲ။ 🌾

မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ မှာ အခုလို ရေငန်ဝင်ရောက်မှုပြဿနာကို အဓိက စိန်ခေါ်မှုတစ်ခုအနေနဲ့ ရင်ဆိုင်နေရပါတယ်။

⚠️ ရေငန်က သီးနှံတွေကို ဘယ်လိုဖျက်ဆီးတာလဲ?

ပင်လယ်ရေငန်ထဲမှာပါတဲ့ ဆိုဒီယမ်ဓာတ် (Sodium) ဟာ စိုက်ပျိုးရေးအတွက် အဓိက အန္တရာယ်ပါပဲ။ မြေဆီလွှာထဲမှာ ဆိုဒီယမ်ဓာတ်တွေ များလာတဲ့အခါ:

🌾မြေဆီလွှာ ဆားပေါက်ခြင်း/ဆပ်ပြာပေါက်ခြင်း ဖြစ်ပေါ်ပြီး မြေဆီလွှာဖွဲ့စည်းပုံ ပျက်စီးသွားပါတယ်။
🌾အပင်တွေက မြေကြီးထဲကနေ အာဟာရဓာတ်နဲ့ ရေကို စုပ်ယူစားသုံးနိုင်စွမ်း မရှိတော့ဘဲ ခြောက်သွေ့နာမကျန်းဖြစ်ကာ သေဆုံးကုန်ပါတယ်။
🌾ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ စံသတ်မှတ်ချက်အရ ရေထဲမှာ အငန်ဓာတ် 1 ppt (Parts per thousand) ထက် ကျော်လွန်တာနဲ့ စိုက်ပျိုးသီးနှံတွေကို စတင်ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် စိုက်ပျိုးရန်မသင့်လျော်တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။

ကုန်းတွင်းပိုင်းကို ရေငန်တွေ ဘယ်အချိန်မှာ ဝင်လာတာလဲ? 🗓🌊

မိုးရာသီကုန်လို့ ခြောက်သွေ့တဲ့ရာသီ (ဒီဇင်ဘာလကနေ ဧပြီလအထိ) ရောက်လာတဲ့အခါ ကုန်းတွင်းပိုင်းကနေ စီးဆင်းတဲ့ ရေချိုပမာဏက သိသိသာသာ လျော့နည်းသွားပါတယ်။ အထူးသဖြင့် မတ်လနဲ့ ဧပြီလ နွေရာသီတွေမှာ ပင်လယ်ဒီရေတက်မှုက အမြင့်ဆုံးကို ရောက်ရှိပြီး မြစ်ခွဲတွေကတစ်ဆင့် ကုန်းတွင်းပိုင်းဆီ ရေငန်တွေ အပြင်းအထန် တိုးဝင်လာပါတယ်။

ဒါကြောင့် မြစ်ဝကျွန်းပေါ်အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေဖြစ်တဲ့ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ ကျုံပျော်၊ ပုသိမ် နဲ့ လပွတ္တာခရိုင် တွေမှာ နွေစပါးနဲ့ နွေသီးနှံတွေ စိုက်ပျိုးဖို့အတွက် အဓိက အကန့်အသတ်တွေ ဖြစ်လာပြီး စိုက်ဧကတွေ လျော့နည်းလာရတာပါ။

🌍 တရားခံက ဘယ်သူလဲ?
ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ Climate Change ဖြစ်စဉ်တွေက SWI ပြဿနာကို ပိုမိုဆိုးရွားစေပါတယ်။

🌊ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း: ကမ္ဘာ့အပူချိန်ကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ရေငန်တွေကို ကုန်းတွင်းပိုင်းဆီ ပိုမိုတွန်းပို့နေပါတယ်။
🌊ဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ မုန်တိုင်းဒီရေတွေကြောင့် ရေငန်တွေ လယ်ယာမြေထဲအထိ ရုတ်တရက် လျှံတက်လာတတ်ပါတယ်။
မိုးခေါင်ရေရှားမှု ကြာရှည်လာတဲ့အခါ မြစ်တွေထဲမှာ ရေချိုအင်အားနည်းသွားပြီး ပင်လယ်ရေငန်တွေက ပိုမိုဝေးကွာတဲ့ ကုန်းတွင်းပိုင်းဒေသတွေအထိ ဝင်ရောက်လာပါတယ်။

🌱 ဆားငန်ရေအန္တရာယ်ကနေ ဘယ်လို ပူးပေါင်းကာကွယ်ကြမလဲ?

ဒီပြဿနာက တစ်နိုင်ငံလုံးရဲ့ စားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်လာနိုင်တာမို့ အခုကတည်းက ရေတို/ရေရှည် ကာကွယ်နည်းတွေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်…..

💡 ချက်ချင်းလုပ်လို့ရမယ့် ရေတိုအစီအစဉ်တွေကတော့ - လယ်သမားကြီးတွေအနေနဲ့ ကိုယ့်လယ်ကန်သင်းတွေကို မြှင့်ထားတာမျိုး၊ ရေငန်ဝင်နိုင်တဲ့ ချောင်းမြောင်းတွေမှာ ယာယီရေထိန်းတမံတွေ၊ ချောင်းပိတ်မြောင်းပိတ်တွေကို သက်ဆိုင်ရာဌာနတွေနဲ့ လက်တွဲပြီး ဆောင်ရွက်ကြတာမျိုးဖြစ်ပါတယ်။

🚀 ရေရှည်အတွက် နည်းဗျူဟာတွေအနေနဲ့ကတော့ - ဆားငန်ဒဏ်ခံနိုင်တဲ့ သီးနှံမျိုးစေ့တွေ (Salt-tolerant crops) ကို ပြောင်းလဲစိုက်ပျိုးဖို့ လေ့လာတာ၊ စနစ်ကျတဲ့ ရေတံခါးကြီးတွေ တည်ဆောက်တာနဲ့ နွေစပါးအောင်ရေအတွက် မြေအောက်ရေကို စနစ်တကျ ရှာဖွေအသုံးပြုတာမျိုးတွေ လုပ်သွားရမှာပါ။

🌍 တစ်ဖက်ကလည်း အဓိကတရားခံဖြစ်တဲ့ Climate Change ကို လျှော့ချနိုင်ဖို့ နေ့စဉ်ဘဝမှာ Carbon Footprint တွေကို တတ်နိုင်သလောက် လျှော့ချမယ်၊ သစ်ပင်တွေ အများကြီးစိုက်ပြီး သဘာဝပတ်ဝန်းကျင်ကို အမြဲဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်နော်။🌱


ရာသီဥတုဖောက်ပြန်တာတွေက လူသားတွေရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ တကယ့်ကို အဝေးကြီးမဟုတ်ဘဲ တိုက်ရိုက်ပတ်သက်နေပါတယ်။

Dreamers လေးတို့ဒေသမှာရော ထူးခြားတဲ့ ရာသီဥတုအပြောင်းအလဲတွေ ကြုံနေရတာမျိုးရှိလား?
အခုပြောပြခဲ့တဲ့ ရေငန်ဝင်တာမျိုးတွေရော ကြားဖူး၊ကြုံဖူးကြလား?
ကွန်မန့်မှာ အမြင်ချင်းဖလှယ်သွားကြဦးနော်! 👇

#DreamBagsOrg
#GreenBack
#SaltwaterIntrusion
#Content_by_Su
#Graphic_by_Oliver
4
ပျော်ရွှင်စရာ အီဒုလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) အခါသမယဖြစ်ပါစေ

ယနေ့ကျရောက်သော အစ္စလမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အီဒုလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) နေ့ အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် စီးပွားလာဘ်လာဘများ တိုးကြွယ်ဝခြင်း စသည့် ကောင်းခြင်းမင်္ဂလာများ ရရှိပါစေကြောင်း ကျွန်တော်တို့ Dream Bags Organization မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

🌱𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our Facebook Page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account - @dreambagsorganization

#DreamBagsOrg
#EidDay
#EidMubarak
#HappyEidDay
3
🌍 𝐒𝐚𝐯𝐞 𝐄𝐚𝐫𝐭𝐡, 𝐒𝐚𝐯𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰 🌱

ကမ္ဘာကြီးကပေးနေတဲ့ သတိပေးချက်တွေကို ကျွန်တော်တို့ ဘယ်ချိန်အထိ လျစ်လျူရှုထားဦးမှာလဲ? ⚠️

မနှစ်ကထက် ဒီနှစ်ပိုပူလာတယ်ဆိုတဲ့ စကားကို လူတိုင်း နားရေဝလောက်အောင် ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဒီနှစ်တွေမှာ မိုးမမှန်တာ၊ မိုးခေါင်ရေရှားတာ စတဲ့ ဖြစ်စဉ်တွေဟာလည်း ကမ္ဘာကြီးပြောင်းလဲနေပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းတွေပါ။ 🔔

ဒါတွေကို လျစ်လျူရှုပြီး ကိုယ်နဲ့ မဆိုင်သလို နေနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးကို ကယ်တင်ဖို့ နောက်ကျသွားပါလိမ့်မယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ Dream Bags Organization ကနေပြီးတော့ တစတစ ဆုတ်ယုတ်လာတဲ့ ကမ္ဘာကြီးကို သတိထားမိစေဖို့အတွက် အထူးအစီအစဉ်တစ်ခုကို စီစဉ်ထားပါတယ်။

🌍 လာမယ့် 𝐉𝐮𝐧𝐞 လတစ်လလုံးမှာ Dream Bags Organization ကနေပြီးတော့ “𝐒𝐚𝐯𝐞 𝐄𝐚𝐫𝐭𝐡, 𝐒𝐚𝐯𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰” လို့ခေါ်တဲ့ Social Campaign ကို လုပ်ဆောင်သွားမှာဖြစ်ပြီး‌တော့ ဒီ Campaign မှာ ရာသီဥတုဖောက်ပြန်မှုထဲက တစ်ခုဖြစ်တဲ့ အယ်နီညိုဖြစ်စဉ်အကြောင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ မျှဝေပေးသွားမှာပါ။ 📢

ဒါ့အပြင် လူငယ်တွေကိုယ်တိုင်ပါဝင်နိုင်အောင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုနဲ့ ပတ်သတ်ပြီး ဖော်ညွှန်းထားတဲ့ အနုပညာလက်ရာတွေကို မျှဝေပြီး ပါဝင်နိုင်မယ့်အပြင် ဒီ Campaign မှာ ပါဝင်သူတိုင်းကို ကျွန်တော်တို့ Dream Bags Organization ကနေပြီးတော့ အမှတ်တရ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 တွေ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။🏅

ဒီ Campaign ကို ပါဝင်ဖို့အတွက် ဆောင်းပါး၊ စာတို၊ ကဗျာ၊ ပန်းချီ၊ ဓာတ်ပုံ၊ Video၊ Digital Art စသဖြင့် မည်သည့် အနုပညာလက်ရာကိုမဆို ကိုယ့်ရဲ့ Personal Account မှာ #GreenBackxElNiño #SaveEarthSaveTomorrow #ArtforEarth #YouthForClimate စတဲ့ Hashtag တွေနဲ့အတူ တွဲတင်ပေးရမှာ ဖြစ်ပါတယ်။

📌 စည်းကမ်းတစ်ခုအနေနဲ့ ပါဝင်ရမယ့် အနုပညာလက်ရာ အမျိုးအစားတွေကို ကန့်သတ်ထားခြင်းမရှိပေမဲ့ AI အသုံးပြုပြီး လုပ်ဆောင်ထားတဲ့ အနုပညာလက်ရာတွေကိုတော့ လက်ခံသွားမှာ မဟုတ်ပါဘူး။ 🚫

ကိုယ့်ရဲ့ Personal Account မှာ မျှဝေပြီးသွားပြီဆိုရင်တော့ Certificate ထုတ်ယူဖို့ရာအတွက် Campaign မှာပါဝင်ထားကြောင်း 𝐏𝐨𝐬𝐭 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭, 𝐏𝐨𝐬𝐭 𝐋𝐢𝐧𝐤 စတာတို့နဲ့အတူ ကိုယ်ပါဝင်ထားတဲ့ အနုပညာလက်ရာများနဲ့ ကိုယ့်နာမည်အရင်းကို 𝐝𝐫𝐞𝐚𝐦𝐛𝐚𝐠𝐬𝐨𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦 ကို ပေးပို့ရမှာဖြစ်ပါတယ်။📩

ဒီ Campaign ကို ပါဝင်ချင်တဲ့သူတွေအနေနဲ့ 𝐉𝐮𝐧𝐞 လ 𝟏 ရက်နေ့ကနေပြီးတော့ 𝟏𝟓 ရက်နေ့အထိ ပါဝင်နိုင်မှာဖြစ်ပြီးတော့ ပါဝင်ထားတဲ့ အနုပညာလက်ရာတွေထဲက အချို့ကိုလည်း ကျွန်တော်တို့ရဲ့ Dream Bags Organization ရဲ့ Social Media Account တွေမှာ ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ ကမ္ဘာကြီးရဲ့ အနာဂတ်ကို ကျွန်တော်တို့ရဲ့ အနုပညာလက်ရာတွေနဲ့အတူ တစ်ထောင့်တစ်နေရာကနေ လူတွေ သတိထားမိစေဖို့အတွက် အခုပဲပါဝင်လိုက်စို့နော်…. 🙌

🌏 ကမ္ဘာကြီးဟာ ကျွန်တော်တို့ရဲ့ အိမ်ပါ။ ကမ္ဘာကြီးကိုချစ်တယ်ဆိုရင် ဒီ Campaign မှာ အတူပါဝင်ဖို့ မမေ့ပါနဲ့။ ကမ္ဘာကြီးရဲ့ စကားသံတွေကို ကျွန်တော်တို့ရဲ့ အနုပညာလက်ရာတွေနဲ့အတူ အခုပဲ ထုတ်ဖော်လိုက်ကြစို့။

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our Facebook Page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account - @dreambagsorganization

#DreamBagsOrg
#GreenBackxElNiño
#SaveEarthSaveTomorrow
#ArtforEarth
#YouthForClimate
3
ကိုယ့်ရဲ့ ကိုရီးယာအိပ်မက်ကို အခုပဲ အကောင်အထည်ဖော်လိုက်ကြစို့

ငယ်ငယ်က ရုပ်ရှင်တွေ၊ ဒရာမာတွေထဲမှာ မြင်ခဲ့ရတဲ့ ကိုရီးယားနိုင်ငံမှာ ကိုယ်ကိုယ်တိုင်သွားရောက်ပြီး ပညာသင်ကြားနိုင်ဖို့အတွက် ဘာတွေလိုအပ်မယ်လို့ထင်လဲ?

တကယ်လို့ ကိုရီးယားမှာ ပညာသင်ကြာမယ်ဆိုရင် ကိုယ်တက်မယ့်တက္ကသိုလ်တွေအကြောင်းနဲ့ အဲ့ဒီတက္ကသိုလ်တွေက ဘယ်လိုကျောင်းသားမျိုးတွေနဲ့ ဘယ်လို လိုအပ်ချက်တွေကို ဖြည့်ဆည်းရမယ်ဆိုတာ ကိုယ့်အနေနဲ့ သိရှိထားဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာ ကိုရီးယားနိုင်ငံကာ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသွားရောက်ပြီး သင်ကြားချင်ကြတဲ့ Dreamers လေးတို့အတွက် ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (3) ကျောင်း အကြောင်းနဲ့ သူတို့ရဲ့ Admission Requirement တွေကို ဖော်ပြပေးလိုက်ပါတယ်။

🏰 Seoul National University (SNU)

ကိုရီးယားနိုင်ငံရဲ့ နံပါတ် ၁ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Seoul National University က လက်ရှိမှာ ကမ္ဘာ့တက္ကသိုလ်အဆင့် ၅၈ မှာရှိပြီးတော့ တက္ကသိုလ်တွင်း ကောလိပ်ပေါင်း ၁၆ ခုမှာ ဘွဲ့ကြိုသင်တန်း ၈၅ ခုကို ဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း နှစ်သောင်းကျော်တက်ရောက်နေပြီး International Student 16% အထိ လက်ခံထားတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

SNU ကို တက်ရောက်ဖို့အတွက် အစိုးရအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ် ဒါမှမဟုတ် IGCSE, ACT, SAT စတဲ့ နိုင်ငံတကာ အထက်တန်းအောင်လက်မှတ်တွေ ရှိထားရမှာပါ။  GED, homeschooling, cyberlearning စတဲ့ အသိအမှတ်ပြုလက်မှတ်တွေကို လက်မခံပါဘူး။

ဒါ့အပြင် English ဒါမှမဟုတ် Korean Proficiency Score တစ်ခုခုရှိထားရမှာဖြစ်ပြီး Korean Proficiency Score အတွက် Topik Level 3 အထက်၊ English Proficiency Score အတွက် TOEFL 80, IELTS Band 6.0 အထက် ရှိထားဖို့ လိုအပ်ပါတယ်။ Recommendation နဲ့ Essay စတဲ့ တခြားသောလိုအပ်ချက်တွေလည်း ရှိသေးတာမလို့ အသေးစိတ်ကိုတော့ ကျောင်း Website မှာ ဖတ်ရှုနိုင်ပါတယ်။

🏰 Korea Advanced Institute of Science and Technology (KAIST)


ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းနည်းပညာတက္ကသိုလ်တစ်ခုဖြစ်တဲ့ KAIST က လက်ရှိမှာ ကမ္ဘာ့တက္ကသိုလ်အဆင့် ၇၀ မှာ ရှိပြီးတော့ ကောလိပ် ၆ ခုနဲ့ ကျောင်း ၂ ကျောင်းမှာ ဌာနပေါင်း ၃၃ ခုကျော်အထိ ဖွင့်လှစ်ထားပြီးတော့ လက်ရှိမှာ ကျောင်းသားပေါင်း တစ်သောင်းကျော်တက်ရောက်နေပြီး International Student 11% အထိ လက်ခံထားတဲ့ ကိုရီးယားနိုင်ငံရဲ့ အဆင့် ၂ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။


KAIST ကို လျှောက်ထားမယ်ဆိုရင်တော့ အစိုးရအသိမှတ်ပြု အထက်တန်းအောင်လက်မှတ်အပြင် SAT, ACT, GCE A Level စတဲ့ နိုင်ငံတကာ အထက်တန်းအောင်လက်မှတ်များကိုလည်း လက်ခံပြီးတော့ International Program များအတွက် TOEFL 83, IELTS 6.5, TOEIC 720 ရရှိထားဖို့ လိုအပ်ပါတယ်။


Duolingo English Test လိုမျိုး at home/ online test system နဲ့ ဖြေဆိုထားတဲ့ English Proficiency Score တွေကို လက်မခံတဲ့အတွက် အဲ့ဒီ Certificate တွေကို အသုံးပြုပြီး လျှောက်ထားလို့ရမှာ မဟုတ်ပါဘူး။


🏰 Yonsei University

True Beauty ဇာတ်လမ်းတွဲထဲက Yonsei University က ကိုရီးယားနိုင်ငံရဲ့ အဆင့် ၃ မှာရှိနေတဲ့ ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၈၆ မှာ တည်ရှိနေပြီးတော့ ကျောင်းသားပေါင်း နှစ်သောင်း နီးပါးကို လက်ခံသင်ကြားနေပြီး International Student 17% အထိ လက်ခံထားတဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။


ကျောင်းလျှောက်ထားဖို့ရာအတွက် အစိုးရအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ကို သက်ဆိုင်ရာ School System ဒါမှမဟုတ် Semester အလိုက် လက်ခံသွားမှာဖြစ်ပြီး ပုံသေသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ GED လိုမျိုး High School Diplomas တွေနဲ့ homeschooling, distance education စတာတွေကိုတော့ လက်ခံမှာမဟုတ်ပါဘူး။


ဒါ့အပြင် English or Korean Proficiency Test Score ရှိထားရမှာဖြစ်ပြီးတော့ English Proficiency Test မှာတော့ ဘယ်လို Certificate မျိုးကို လက်ခံတယ်ဆိုပြီး မဖော်ပြထားပေမဲ့ Korean Proficiency Test မှာတော့ Topik 3 or 4 လောက်ထိ ရှိထားဖို့ လိုအပ်ပါတယ်။


ဒါဆိုရင်တော့ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းကျောင်းသုံးကျောင်းဖြစ်တဲ့ SNU, KAIST နဲ့ Yonsei University တွေအကြောင်းနဲ့ သူတို့ရဲ့ Admission Requirements တွေကိုလည်း သိရှိသွားမယ်လို့ထင်ပါတယ်။


ထိပ်တန်းကျောင်းတွေဖြစ်တဲ့အလျောက် ဝင်ခွင့်ရဖို့လည်း ခက်ခဲပေမဲ့ ကိုယ်သာသေချာလေး ကြိုးစားပြီးပြင်ဆင်မယ်ဆိုရင် ကိုယ်လည်း ဒီထိပ်တန်းကျောင်းတွေက ကျောင်းသား တစ်ယောက်ဖြစ်နိုင်ပါတယ်။


🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our Facebook Page - h
ttps://www.facebook.com/share/18TkJENqnK/

Our Telegram Channel - h
ttps://t.me/DreamBagsOrg

Our Tiktok Account - @dr
eambagsorganization

#
DreamBagsOrg
#SundayTalks
#Top3UniversitiesinKorea
#KoreaUniversities
3
📢 Don’t Forget! Share Your Helping Hands With Us 🤝

ကိုယ်က ပညာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်လား? ဒါမှမဟုတ် ကိုယ်တက်ကျွမ်းတဲ့ပညာတစ်ခုနဲ့ ကိုယ့်ရဲ့ Community ကို အကျိုးပြုချင်ပေမဲ့ ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ရမှန်းမသိလို့ လမ်းပျောက်နေတာလား? 🌱

ဒါဆိုရင်တော့ Dream Bags Organization ကနေ သင့်ရဲ့ ကမ်းလက်တွေကို ဖမ်းဆုပ်ဖို့အတွက် အဆင်သင့်ရှိနေပါပြီ။ 2026 ခုနှစ်ရဲ့ ကျန်တဲ့ 6 လတာ ကာလကို Dream Bags ရဲ့ New Member တစ်ဦးအနေနဲ့ ဖြတ်သန်းဖို့အတွက် ဒီအခွင့်အရေးကို အခုပဲ အရယူလိုက်ပါနော်…

Dream Bags Organization ကနေပြီးတော့ ပိုမိုကောင်းမွန်တဲ့ ကမ်းလက်တွေနဲ့အတူ ကိုယ့်ရဲ့ Community ကို ပြန်လည်အကျိုးပြုနိုင်ဖို့ရာအတွက် Volunteer Recruitment Batch 2 ကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ 🚀

ဒီ Volunteer Recruitment Batch 2 မှာ ခန့်အပ်သွားမယ့် Position တွေကတော့-

📌 Media Department အတွက် စာအရေးအသားမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး ကိုယ့်ရဲ့ Content Writing Skills မြှင့်တင်ချင်တဲ့သူတွေအတွက် Content Writer 4 Posts
📌 လက်ရာမြောက်တဲ့ Design တွေနဲ့ Portfolio လှလှလေးတည်ဆောက်ချင်တဲ့သူတွေအတွက် Graphic Designer 3 Posts
📌 Video တွေကနေတဆင့် ကိုယ့်ရဲ့ Skills တွေကို ပြသချင်တဲ့သူတွေအတွက် Video Editor 2 Posts
📌 လူအများနဲ့ ပေါင်းသင်းဆက်ဆံရတာ ကြိုက်တဲ့သူတွေအတွက် PR 3 Posts ကို ခေါ်ယူသွားမှာ ဖြစ်ပြီးတော့
📌 HR Department အတွက် HR Officer 2 Posts အပြင် Dream Bags Organization ကနေ ဖွင့်လှစ်တဲ့ အတန်းတွေမှာ Facilitate လုပ်ပေးဖို့ရာအတွက် Class Facilitator 2 Posts ကိုပါ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာ၊ဆရာမတစ်ယောက်အနေနဲ့ အတွေ့အကြုံ ဒါမှမဟုတ် ပညာဒါနပြန်လည်မျှဝေချင်တဲ့သူတွေအတွက် ဘာသာစကားအပြင် တခြားသောပညာရပ်တွေအတွက် Instructor 3 Posts ကိုလည်း ခေါ်ယူသွားမှာပါ။ 📚

Dream Bags Organization ကတော့ မြန်မာပြည်က လူငယ်တွေအတွက် နိုင်ငံတကာအိပ်မက်တွေကို ပြန်လည်အကောင်အထည်ဖော်ပြီး ဆန္ဒတွေ ပြန်လည်ပြည့်ဝစေဖို့အတွက် ကူညီပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကျွန်တော်တို့ချစ်တဲ့ ကမ္ဘာမြေကြီးအတွက်ပါ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 🌍

Dream Bags Organization ဟာ Youth Organization တစ်ခုဖြစ်တဲ့အတွက် လူငယ်တွေနဲ့အတူတူ လုပ်ကိုင်ရမှာဖြစ်ပြီး Online Based Organization မလို့ အိမ်ကနေပြီးတော့ ဘယ်မှမသွားရဘဲ ကိုယ်တက်ကျွမ်းတဲ့ Skills တွေနဲ့ Community ကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ 💻

Volunteer Term ကာလတစ်ခုကို Probation ကာလ အပါအဝင် 5 လကြာမြှင့်မှာ ဖြစ်ပြီးတော့ လျှောက်ထားသူတွေအနေနဲ့ June 14th (Sunday) နောက်ဆုံးထားပြီး လျှောက်ထားဖို့ရန်လိုအပ်ပါတယ်။ Volunteer လျှောက်ထားဖို့ရာအတွက် သက်ဆိုင်ရာ Positions များအတွက် Experience မရှိသူများလည်း လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားသူများထဲမှာ Interview အတွက် Shortlist ရရှိသူများကို Email ကနေ အကြောင်းကြားပေးသွားမှာဖြစ်တဲ့အတွက် Form ဖြည့်သွင်းတဲ့အခါ ကိုယ်လက်ရှိအသုံးပြုနေသည့် မှန်ကန်သော Email လိပ်စာများကို ထည့်သွင်းပေးဖို့ တောင်းဆိုပါတယ်။ 📧

🔗 Application Form Link:
https://forms.gle/j8yWGoSUg6WoP9Vg7

Volunteer Recruitment ကာလက June 1 ရက်နေ့ကနေ 14 ရက်နေ့ထိပဲမလို့ Dream Bags Organization နဲ့အတူ ကမ်းလက်တွေကို အတူတူမျှဝေဖို့အတွက် ဒီအခွင့်အရေးကို အခုပဲ ရယူလိုက်ကြရအောင်ပါ။ 🤝

အသေးစိတ်သိရှိလိုသော အကြောင်းအရာများကို Dream Bags Organization ရဲ့ Facebook Page Messenger, Telegram Group, Tiktok Chatbox တို့မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 💙

𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our Facebook Page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account - @dreambagsorganization

#DreamBagsOrg
#Volunteer_Recruitment_Batch2
#Volunteer_Recruitment
#Share_Your_Helping_Hands_With_Us
5
အယ်နီညို (El Niño) ဆိုတာ ဘာလဲ? သူက ရာသီဥတုကို ဘယ်လို ပြောင်းလဲပစ်တာလဲ 🌍🔥

အခုတလော ရာသီဥတု သိသိသာသာ ပိုပူလာတာနဲ့အမျှ မိုးလေဝသသတင်းတွေမှာ "စူပါ အယ်နီညို (Super El Niño)" အကြောင်း ခဏခဏ ကြားနေရပါတယ်။ ရာသီဥတုပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ အင်အားပြင်းတဲ့ အယ်နီညိုဖြစ်စဉ် စတင်နိုင်ခြေ ၈၂ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့လည်း သိရပါတယ်။

အယ်နီညိုဆိုတာ ဘာလဲ? 🤔

"El Niño" ဆိုတာ စပိန်ဘာသာစကားအရ "ကောင်လေး" လို့ အဓိပ္ပာယ်ရပါတယ်။ ဟိုးအရင်က ပီရူးနိုင်ငံက တံငါသည်တွေဟာ ခရစ္စမတ်ကာလ ရောက်ခါနီးတိုင်း ပစိဖိတ်သမုဒ္ဒရာထဲက ရေနွေးစီးကြောင်းကြောင့် ငါးဖမ်းမရတော့တဲ့ ဖြစ်စဉ်ကို သတိပြုမိရာကနေ ဒီနာမည်ကို ပေးခဲ့ကြတာပါ။

သိပ္ပံနည်းကျ ပြောရရင်တော့ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ရေမျက်နှာပြင် အပူချိန်တွေ ပုံမှန်ထက် ပိုပူလာတဲ့ သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

အယ်နီညိုက ဘာကြောင့် ဖြစ်ရတာလဲ? 💨

ဒါကို နားလည်ဖို့ဆိုရင်တော့ ပုံမှန်နှစ်တွေနဲ့ အယ်နီညိုနှစ်တွေရဲ့ ကွာခြားချက်ကို ကြည့်ရပါမယ်။ 👀

ပုံမှန်နှစ်တွေမှာဆိုရင် ပစိဖိတ်သမုဒ္ဒရာပေါ်မှာ တိုက်ခတ်တဲ့ အရှေ့လေ (Trade Winds) တွေက ရေမျက်နှာပြင်ပေါ်က ရေနွေးတွေကို အာရှတိုက်ဘက် (အနောက်ဘက်) ကို တွန်းပို့ပေးပါတယ်။ အဲဒီအခါ အာရှဒေသမှာ ရေနွေးတွေကြောင့် မိုးတိမ်တွေဖြစ်ပြီး မိုးကောင်းကောင်းရွာပါတယ်။ 🌧

အယ်နီညိုနှစ်တွေမှာကျတော့ အကြောင်းအမျိုးမျိုးကြောင့် အဲဒီတိုက်နေကျလေတွေက အားနည်းသွားပါတယ်။ ရေနွေးတွေကို အရှေ့ဘက်ကနေ အနောက်ဘက်ကို မတွန်းနိုင်တော့ဘဲ အမေရိကတိုက်ဘက် (အရှေ့ဘက်) မှာပဲ သွားအိုင်နေပါတော့တယ်။

🔄 ကမ္ဘာ့ရာသီဥတုအပေါ် သက်ရောက်မှု

ရေနွေးတွေ ရှိတဲ့ဘက်မှာ မိုးတိမ်တွေဖြစ်ပြီး မိုးရွာတတ်တာမို့လို့ ရေနွေးတွေ အိုင်ကျန်ခဲ့တဲ့ အမေရိကတိုက်ဘက်မှာ မိုးတွေ အလွန်အမင်းရွာပြီး ရေကြီး၊ မြေပြိုတာတွေ ဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း ရေနွေးစီးကြောင်း ဆုံးရှုံးသွားတဲ့ အာရှနဲ့ သြစတြေးလျဘက်မှာကျတော့ မုတ်သုံလေ အားနည်းသွားပြီး မိုးခေါင်တာ၊ အပူလှိုင်းဖြတ်တာနဲ့ တောမီးလောင်တာတွေကို ရင်ဆိုင်ရပါတော့တယ်။

ဒါကြောင့် အယ်နီညိုဆိုတာ ဒေသတစ်ခုတည်းတင်မကဘဲ တစ်ကမ္ဘာလုံးရဲ့ ရာသီဥတု၊ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ ဖူလုံမှုအထိ ကမောက်ကမ ဖြစ်စေနိုင်တဲ့ အင်အားပြင်း သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ⚠️

နောက် Post မှာတော့ Dreamers လေးတို့အတွက် ဒီနှစ် ဇွန်လမှာ ကြုံလာရမယ့် စူပါအယ်နီညိုရဲ့ သက်ရောက်မှုတွေနဲ့ လက်ရှိမှာ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို ဆက်လက်မျှဝေပေးသွားပါမယ်။ 🛡

အခုတလော ရာသီဥတု ပြောင်းလဲလာတာနဲ့ ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လို ထူးခြားမှုတွေ သတိထားမိလဲ ကွန်မန့်မှာ အမြင်ချင်းဖလှယ်သွားကြဦးနော်။ 👇

🌱𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our Facebook Page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account - @dreambagsorganization

#DreamBagsOrg
#GreenBack
#SuperElNino2026
#GreenBackxElNiño
#ClimateAwareness
#SaveEarthSaveTomorrow
#ArtforEarth
#YouthForClimate
2
This media is not supported in your browser
VIEW IN TELEGRAM
နှစ် ၁၀၀ အတွင်း မြန်မာပြည်မှာ ဘယ်လိုမျိုး ရာသီဥတုပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရလဲ?

🌏 ယနေ့ကျရောက်တဲ့ World Environment Day ကို ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ Dream Bags Organization ကနေပြီးတော့ ၁၉၂၆ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို သတိထားမိစေဖို့ရာ ရည်ရွယ်ပြီး ဒီ Video လေးကို တင်ဆက်လိုက်ရပါတယ်။

📌 နောင်နှစ် ၁၀၀ အတွင်းမှာ ကမ္ဘာ့ရာသီဥတုက ပိုဆိုးသွားမလား? ပိုကောင်းလာမလား? ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် လုပ်ဆောင်ရမယ့် အဖြေတစ်ခုဖြစ်ပါတယ်။

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our Facebook Page - https://www.facebook.com/share/18TkJENqnK/

Our Telegram Channel - https://t.me/DreamBagsOrg

Our Tiktok Account - @dreambagsorganization

#DreamBagsOrg
#WorldEnvironmentDay
#WorldEnvironmentDay2026
5
Unhappy World Ocean Day 💧


ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ 70% ကို သမုဒ္ဒရာကြီးက လွှမ်းခြုံထားပြီး သမုဒ္ဒရာကြီးဟာ များစွာသော သက်ရှိတွေနဲ့ ကမ္ဘာကြီးရဲ့ ဂေဟစနစ်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သမုဒ္ဒရာကြီးဟာ ယနေ့ခေတ်မှာ ဘာတွေရင်ဆိုင်နေရလဲဆိုတာကို သင်သိပါသလား?

နေ့စဉ်စွန့်ပစ်နေတဲ့ ပလတ်စတစ်လိုမျိုး မဆွေ့မြေ့နိုင်တဲ့ အရာဝတ္ထုတွေက ရေစီးကြောင်းတွေရဲ့အဆုံး သမုဒ္ဒရာကြီးမှာ နှစ်စဉ်တန်ပေါင်း သန်းနဲ့ချီ စုပြုံသလာသလို ကမ္ဘာ့အပူချိန်မြင့်တက်မှုကြောင့် သမုဒ္ဒရာအပူချိန်လည်း တစနဲ့ တစမြင့်တက်လာပါတယ်။ ဒါ့အပြင် သန္တာကျောက်တန်းများပျက်စီးခြင်း၊ သမုဒ္ဒရာအက်စစ်ဓာတ်မြင့်မားခြင်း စတာတွေက ရေနေသတ္တဝါတွေအတွက် ခြောက်လန့်မှုတစ်ခုဖြစ်သလို ငါးအလွန်အကျွံဖမ်းဆီးခြင်းတွေကြောင့် ငါးမျိုးစိမ်တွေလည်း လျော့နည်းလာပါတယ်။ ရေနံနဲ့ ဓာတ်ယိုဖိတ်မှုတွေက သမုဒ္ဒရာညစ်ညမ်းမှုကို ဖြစ်စေခဲ့သလို ‌ကမ်းခြေဂေဟစနစ်တွေကိုလည်း ပျက်စီးလာစေပါတယ်။

ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ သမုဒ္ဒရာကြီးရင်ဆိုင်နေရတဲ့ အခက်အခဲတွေဖြစ်ပြီး ဒါတွေက လူတွေအတွက် ဘေးအန္တရာယ်ကို ယူဆောင်လာနိုင်ပါတယ်။ ယနေ့ကျရောက်တဲ့ World Ocean Day မှာ သမုဒ္ဒရာကြီးရဲ့ အခက်အခဲတွေကို သတိထားမိစေဖို့ ဝမ်းနည်းစွာ မျှဝေလိုက်ရပါတယ်။

🌱 𝐃𝐫𝐞𝐚𝐦 𝐁𝐚𝐠𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 နှင့်အတူ နွေးထွေးသော ကမ်းလက်များကို မျှဝေပါ။

Our Facebook Page -
https://www.facebook.com/share/18TkJENqnK/

Our Telegram Channel -
https://t.me/DreamBagsOrg

Our Tiktok Account -
@dreambagsorganization

#DreamBagsOrg
#WorldOceanDay
#WorldOceanDay2026
4