Domain Knowledge
2.52K subscribers
188 photos
13 videos
5 files
75 links
သိတာတွေတင်ပေးမယ်

Admin - @DomainKnowledgebot

Domain Knowledge Portfolio- https://domainknowledge.website/
Download Telegram
Meme Down လို့ရမယ့် Website 5 ခု
5
AI Automation Tutorial 1 Part 1 (Google Form က Data တွေကို Google Sheet မှာ Auto ဖြည့်အောင်လုပ်မယ်)
🔥2
🔥 ကိုယ့်လူတို့ စကားပြောကောင်းချင်ကြတယ်မလား? ကိုယ့်ရဲ့ပြောစကားတွေ‌အပေါ် လူတွေစိတ်ဝင်စားမှုရှိစေချင်တယ်မလား? ကိုယ့်ရဲ့စကားပြောပုံကိုကြည့်လိုက်တာနဲ့ လုံးဝလေးစားအားကျရတဲ့ ပုံစံမျိုးပေါ်စေချင်တယ်မလား?

👉🏻 ဆိုတော့ အဲ့လိုဖြစ်ချင်ကြတဲ့ ကိုယ့်လူတို့အတွက် ကျွန်တော်လေ့ကျင့်နေတဲ့ နည်းစနစ်လေးတစ်ခုကို မျှဝေပေးမယ်။
-
💠 ကျွန်တော်မနက်အိပ်ယာနိုးလာပြီဆိုတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ မနက်စာစား၊ လုပ်စရာရှိတာတွေလုပ်တယ်။ ပြီးတော့ အလုပ်မလုပ်ခင် ထိုင်ခုံတစ်ခုမှာထိုင်တယ်။ နောက်ပြီး ဖုန်းကင်မရာကိုဖွင့်၊ ကင်မရာကိုတည့်တည့်ကြည့်၊ Screen Recording ကိုဖွင့်ပြီးတော့ ကိုယ်ပြောချင်တဲ့ Topic တစ်ခုကိုရွေးပြီး အဲ့ဒီ Topic နဲ့သက်ဆိုင်တာတွေကို 15 မိနစ်တိတိထိုင်ပြောလိုက်တယ်။

ပြောလို့ပြီးသွားရင်တော့ Recording လုပ်ထားတာကိုရပ်၊ ဖုန်းကိုဘေးချပြီးတော့ လုပ်ရမယ့်အလုပ်တွေကိုထိုင်လုပ်‌တော့တာပေါ့။

🤔 ဒီနေရာမှာ ကိုယ့်လူတို့ ဘာလုပ်ရမလဲဆိုတော့ ကိုယ်သွင်းထားတဲ့ Recording ကို ချက်ချင်းနားမထောင်နဲ့။ အရေးကြီးတယ်။ ဘာလို့ဆို ဦးနှောက်က အဲ့အချိန်မှာ ကိုယ် 15 မိနစ်ပြောခဲ့တဲ့ အကြောင်းအရာတွေ သူ့ဆီမှာ ပဲ့တင်ထပ်နေသေးတာမို့လို့ အဲ့လို Recoding သွင်းပြီးပြီးချင်းနားထောင်လိုက်ရင် ကိုယ့်ရဲ့လိုအပ်ချက်တွေကို ရှာတွေ့နိုင်မှာမဟုတ်ဘူး။ အဲ့တော့ တနေကုန် ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကိုလုပ်။ လုပ်စရာရှိတဲ့အလုပ်တွေ လုပ်ပြီးသွားပြီဆိုရင်တော့ မနက်က ကိုယ်သွင်းခဲ့တဲ့ Recording ကိုပြန်နားထောင်ကြည့်။

🥴 အဲ့လိုနားထောင်ကြည့်တဲ့အချိန် ကိုယ့်လူတို့ ဘယ်လို Reaction ဖြစ်သွားမလဲဆိုတော့...

"အားးးးးယားးးးးး
ဒါ ငါ့အသံကြီးလား၊ ပြီးတော့ ဘာတွေပြောနေတာတုန်း၊ အသံကြီးကဆိုးလိုက်တာ၊ ခန္တာကိုယ်ကဘယ်လိုကြီးဖြစ်နေတာတုန်း၊ လက်တွေက ဘာဖြစ်နေတာလဲ၊ ပါးစပ်ကကော ဘာဖြစ်နေတာလဲ၊ အသံကလည်းလုံးနေသေးတယ်၊ အူးးးး"

အစရှိသဖြင့်ပေါ့နော်

အသံပေါင်းများစွာလည်းထွက်လာမယ်၊ ကိုယ့်ရဲ့လိုအပ်ချက်ပေါင်း သောင်းခြောက်ထောင်လောက်ကိုလည်း ရှာတွေ့သွားလိမ့်မယ်။
-
📌 ဒီနေရာမှာ ကိုယ့်လူတို့ ကိုယ့်ရဲ့ Recording ကို ပုံစံ 3 မျိုးနဲ့ နားထောင်ရမယ်။

1. ပုံမှန်အတိုင်း ရုပ်ကောအသံကောကြည့်ပြီးနားထောင်။
2. ဖုန်းကိုပိတ်ပြီး Recording အသံကိုပဲနားထောင်။
3. အသံကိုပိတ်ပြီး ကိုယ့်ရဲ့ Recording Video ကိုထိုင်ကြည့်။

အဲ့လိုပုံစံ 3 မျိုးနဲ့နားထောင်ကြည့်ရင် ကိုယ့်ရဲ့ အသံအနေအထား ဘယ်လိုရှိတယ်၊ စကားတွေထစ်နေလား၊ အသံတွေတုန်နေလား၊ အကြောင်းအရာတွေ ထပ်နေလား၊ တောင်စဉ်ရေမရဖြစ်နေလား၊ စကားလမ်းကြောင်းတွေလွဲနေလား၊ စကားပြောတဲ့အချိန် အမူအရာဘယ်လိုဖြစ်နေလဲ၊ ခန္ဓာကိုယ်ကတောင့်တောင့်ကြီးဖြစ်နေလား၊ မျက်နှာအမူအရာကောင်းရဲ့လား၊ မှန်ရဲ့လား၊ Body Language ကော အဆင်ပြေရဲ့လား အစရှိသဖြင့် ကိုယ်မသိထားတဲ့ ကိုယ့်ရဲ့အားနည်းချက်တွေ တစ်ပုံကြီးမှတစ်ပုံကြီးထွက်လာလိမ့်မယ်။
-
အဲ့တော့ ကိုယ့်လူတို့က Recording ကို နားထောင်ပြီးရင် ကိုယ့်ရဲ့ပြင်ရမယ့်အချက်တွေကိုမှတ်ထား၊ နောက်နေ့တွေလည်း ဒီအတိုင်းပဲ Recording သွင်း၊ Recording မှာ ကိုယ်လိုနေတဲ့အချက်‌တွေကိုဖြေးဖြေးချင်းပြင်သွား၊ ညကျပြန်နားထောင်။

အဲ့လိုမျိုး နေ့စဉ်လုပ်သွားမယ်ဆိုရင် ကိုယ့်လူတို့ရဲ့ စကားပြောစွမ်းရည်က အရင်ကနဲ့မတူတော့ဘဲ အတော်လေးကောင်းလာလိမ့်မယ်။ အဟုတ်ပြောတာ။

😉 ကျွန်တော်ဆို အဲ့လိုလေ့ကျင့်နေတာ အတော်လေးတိုးတက်လာတယ်လို့ခံစားမိတယ်၊ တကယ်လည်းတိုးတက်လာတာမို့လို့ ကိုယ့်လူတို့အနေနဲ့ လုပ်ကြည့်ဖို့ ကျွန်တော်ကတော့ အားပေးတယ်။
-
📌 ဘောလုံးကန်တတ်ချင်ရင် ဘောလုံးကန်တတ်အောင်တော့ လေ့ကျင့်ရမယ်မလား

#DomainKnowledge
9🔥1
💠 ကိုယ့်လူတို့အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှုအသစ်တွေရရှိကြပါစေလို့ Domain Knowledge ကနေ ဆုတောင်းပေးလိုက်ပါတယ်ဗျားးးးးးးးး

🎉 အားလုံးပဲ Happy New Year ပါ 🎉
🔥5❤‍🔥21
AI Automation Tutorial 1 Part 2 (Google Form က Data တွေကို Google Sheet မှာ Update လုပ်မယ်)
🫥 Canva EDU account (1 Year) ရပါပြီ

➡️ Price - 5,000 ks

Delivery time - within 12 hours

👉 12 နာရီအတွင်း Email Invite ရောက်လာပါလိမ့်မယ်။
ရောက်လာတဲ့အခါ Join ကို နှိပ်ပြီးတော့ Pro Features အကုန်နီးပါး သုံးလို့ရပါပြီ။

👉 မိမိအနေနဲ့ Canva Edu account မဝယ်ယူခင်၊ အရင်ဆုံး Canva မှာ အကောင့်အရင်ဖွင့်ထားဖို့ လိုအပ်ပါတယ်။
ဝယ်ယူတဲ့အခါမှာ မိမိ Canva အကောင့်ဖွင့်ထားတဲ့ Email မဟုတ်ဘဲ အခြား Email မှားပြီးပို့ရင်တော့ တာဝန်မယူပါဘူးခင်ဗျ။

Resell ယူလိုသူများအနေနဲ့ Admin ဆီမှာ လာရောက်စုံစမ်းဝယ်ယူလို့ရပါပြီ

💵 Payment 💵 💳
Note မှာ ငွေပေးခြေခြင်းသာရေးပေးပါ

ဆက်သွယ်ဝယ်ယူရန်နှင့် Resell ယူရန်
@DomainKnowledgebot
Please open Telegram to view this post
VIEW IN TELEGRAM
5
💠 လက်တလောမှာ Domain Knowledge Founder တစ်ယောက်အနေနဲ့ရော၊ NC Team Member တစ်ယောက်အနေနဲ့ရော NC Premium Community တစ်ခု အကောင်အထည်ပေါ်လာအောင် NC Team Member တွေနဲ့အတူ ကြိုးစားလုပ်ဆောင်နေရတာဆိုတော့ ဒီရက်ပိုင်း Admin အတော်လေးအလုပ်တွေရှုပ်နေပါတယ် 🥴

Next Chapter with Ko Nay Channel ကိုသိပြီးသားသူတွေဆိုရင်တော့ အထူးတလည် ပြောစရာမလိုလောက်တော့ပါဘူး

အခုတည်ဆောက်နေတဲ့ Community က လမ်းပျောက်နေတဲ့လူတွေကို 0 to hero ဖြစ်လာအောင် လမ်းပြခေါ်ဆောင်ပေးသွားမှာဆိုတော့ ကိုယ့်လူတို့သာ ကြိုးစားဖို့စိတ်အားထက်သန်သူတွေဆိုရင် ဒီ video ကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။

https://youtu.be/dq9EJBGEEuU?si=08gFQqVOdR4Zd2Kr
9
💠 မကြာခင် Outline VPN ဝယ်ယူချင်သူတွေနဲ့၊ ပြန်ပြီး Resell လုပ်လိုတဲ့ ကိုယ့်လူတို့အတွက် BoBo VPN Bot မိတ်ဆက်လေးလာပါမယ်။

Free သုံးမယ့်သူတွေအတွက် BoBo VPN Bot မှာ တစ်လကို Free Key တစ်ခုပေးသလို၊ နေ့စဥ် Daily Bonus တွေလည်း ပေးထားတာဆိုတော့ ကိုယ့်လူတို့အကြိုက်ပေါ့ဗျာ။

👉 နောက်ပြီး Referral System လည်းပါတာဆိုတော့ တစ်ယောက်ကို ဖိတ်ခေါ်လိုက်တိုင်း၊ ကိုယ်ကော သူကော နှစ်ယောက်လုံး Data Bonus တွေရမှာဆို‌တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။

😉 Resell လုပ်ချင်သူတွေအတွက်လည်း စျေးသက်သက်သာသာနဲ့ အဆင်ပြေအောင်လုပ်ပေးထားတာဆိုတော့ ကိုယ့်လူတို့ ကိုယ်တိုင်ပဲသုံးသုံး၊ ပြန်ပဲရောင်းရောင်း အိုကေမှာ စိုပြေနေမှာ အသေအချာပဲပေါ့ဗျာ။

📌 ဆိုတော့ BoBo Bot Update လေး မကြာခင်လာပါမယ်။
👀 အားလုံးပဲ Stay Tuned ပါ။
5
Media is too big
VIEW IN TELEGRAM
🎉 Official Launch of BoBo VPN Bot 🎉

App တွေထဲဝင်မရ၊ လိုင်းတွေလည်းမကောင်းလို့ ခံစားနေရတဲ့ ဘိုဘိုတစ်ယောက်၊ အီးတီရဲ့ VPN နဲ့မှပဲ အိုကေမှာ စိုပြေသွားတော့တယ်ဗျာ


🗿 ကိုယ့်လူတို့ရဲ့လိုင်းတွေ ရှယ်လန်းသွားစေဖို့ BoBo VPN Bot လေးလာပါပြီ!

BoBo VPN Bot မှာ ဘာတွေပါမလဲ?

👉 BoBo VPN မှာ Free သုံးချင်သူတွေအတွက် တစ်လကို Free Key တစ်ခုပေးသလို၊ နေ့စဥ် Daily Bonus တွေလည်း ပေးထားပါတယ်။
👉 ဝယ်ပြီးသုံးချင်သူတွေအတွက်လည်း စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင်လို့ လုပ်ဆောင်ပေးထားပါတယ်။
👉 ပြီးတော့ Referral System လည်းပါတာဆိုတော့ ကိုယ့်သူငယ်ချင်းတစ်ယောက်ကို ဖိတ်ခေါ်လိုက်တိုင်း၊ ကိုယ်ရော သူရော နှစ်ယောက်လုံး Data Bonus တွေပြန်ရပါမယ်။
👉 နောက်ပြီး Resell လုပ်ချင်သူတွေအတွက်လည်း စျေးသက်သက်သာသာနဲ့ အဆင်ပြေအောင်လုပ်ပေးထားတာဆိုတော့ ကိုယ့်လူတို့ ကိုယ်တိုင်ပဲသုံးသုံး၊ ပြန်ပဲရောင်းရောင်း အိုကေမှာ စိုပြေနေမှာ အသေအချာပဲပေါ့ဗျာ။

အခုပဲသုံးဖို့ အောက်က Bot လေးကိုနှိပ်လိုက်တော့နော်!
🤖 @BoBo_VPN_bot
Please open Telegram to view this post
VIEW IN TELEGRAM
6
Copyright မငြိတဲ့ သီချင်း Website များ
2
🔥3
💠 ကိုယ်တိုင် Portfolio Website တစ်ခုဖန်တီးလို့ရပါပြီ

👉 ဒီနေ့လိုခေတ်ကြီးမှာ အရင်လို အပြင်ကဝယ်လာတဲ့ CV စာရွက်မှာ ကိုယ့်ရဲ့ Information တွေကို ဖြည့်နေတုန်းလား?
👉 ဒါမှမဟုတ် Canva နဲ့ ကိုယ့်ရဲ့ CV Form ကို လှအောင်ပြင်၊ PDF file ထုတ်ပြီးတော့ အလုပ်လျှောက်နေတုန်းလား?
👉 အခုလို တိုးတက်လာနေတဲ့ခေတ်ကြီးမှာ အလုပ်ရှင်ကို Email ပို့တာဖြစ်ဖြစ်၊ Viber ကနေဖြစ်ဖြစ်၊ အရင်လို CV Form ကြီးပို့နေရတာ မပျင်းဘူးလား?
👉 အဲ့လိုပျင်းနေပြီဆိုရင်တော့ ဒီနေ့လိုခေတ်မှာ ကိုယ့်ကို Interview မဖြေခင်ကတည်းက သဘောကျနေအောင်လို့ CV Form အစား Portfolio Website ‌လေးတစ်ခု မဖန်တီးချင်ဘူးလား?

အဲ့လိုဖန်တီးချင်တယ်ဆိုရင်တော့ ကိုယ့်လူတို့အတွက် Domain Knowledge Channel က ဝန်ဆောင်မှုပေးဖို့အဆင်သင့်ပါပဲ။

📌 ဒါကတော့ ကျွန်တော့်ရဲ့ Domain Knowledge Portfolio Website လေးပါ။
👉 Website Link -
https://domainknowledge.website/
—-
💠 မှာယူမယ့် Customer တွေအနေနဲ့ သိထားရမယ့်အချက်များ

👉 မိမိလိုချင်တဲ့ Portfolio Website ပုံစံကို တစ်ခါတည်း Screenshot နဲ့ဖြစ်စေ၊ ဓာတ်ပုံနဲ့ဖြစ်စေ ပုံနဲ့တကွလာရောက် Service အပ်နှံပေးပါ။
👉 လိုချင်‌သော UI ပုံစံနဲ့ Color အရောင်တွေကို တစ်ခါတည်း‌ပြောပြပေးရပါမယ်။
👉 Website စမလုပ်ခင်အချိန်ကတည်းက လိုချင်သောပုံစံနဲ့ လိုအပ်တဲ့အရာများအားလုံးကို မေးထားမှာဖြစ်တဲ့အတွက် အကယ်လို့ ကိုယ့်လူတို့အနေနဲ့ Website ရဲ့ အချို့သောနေရာတွေကို ပြန်လည်ပြုပြင်ချင်တယ်ဆိုရင်တော့ တစ်ကြိမ်သာပြန်လည်ပြုပြင်ပေးမှာဖြစ်ပါတယ်။

⚠️ Note:

- Portfolio Website တစ်ခုဖန်တီးပြီးတဲ့အခါ Admin လိုမျိုး "domainknowledge.website" ဆိုပြီးပေါ်နေချင်တယ်ဆိုရင်တော့ ကိုယ်ပိုင် Domain နာမည်တစ်ခု ဝယ်ယူရပါလိမ့်မယ်။

- ဒီနေရာမှာ သတိထားရမှာက Domain နာမည်က တစ်ခုနဲ့တစ်ခုစျေးမတူတာဖြစ်တဲ့အတွက် မိမိဘာသာမိမိ Domain နာမည်ချိန်းမချိန်း သေချာစွာစဥ်းစားဖို့လိုပါလိမ့်မယ်။

- Domain နာမည်စျေးက အနည်းဆုံး 5,000 ကနေ သောင်းဂဏန်းလောက်အထိရှိတတ်ပါတယ်။

- ဒါကတော့ ကိုယ်လိုချင်တဲ့နာမည်အပေါ်မူတည်ပြီး စျေးကွာနိုင်ပါတယ်။
Admin ပေးမယ့် Domain Name အတိုင်းသုံးရင်လည်း ရပါတယ်၊ ပြသနာမရှိပါဘူး။

- အဓိကက ကိုယ်ပိုင်နာမည်နဲ့သုံးချင်သူတွေအတွက်ပါ။

- အကယ်လို့ Domain နာမည်ချိန်းချင်ရင်တော့ Admin ကိုပြောလို့ရပါတယ်။

အခုလို ကိုယ်ပိုင် Portfolio Website လေးတစ်ခုလိုချင်တယ်ဆိုရင်တော့ DomainKnowledge မှာ ဆက်သွယ်ဝယ်ယူလိုက်ပါ။

➡️ Price - 50,000 ks

Delivery time - within 3 to 5 days

💵 Payment (Kpay)
Note မှာ ငွေပေးခြေခြင်းသာရေးပေးပါ

ဆက်သွယ်မှာယူရန်
@DomainKnowledgebot
6🔥2🕊1😭1
Domain Knowledge pinned «💠 ကိုယ်တိုင် Portfolio Website တစ်ခုဖန်တီးလို့ရပါပြီ 👉 ဒီနေ့လိုခေတ်ကြီးမှာ အရင်လို အပြင်ကဝယ်လာတဲ့ CV စာရွက်မှာ ကိုယ့်ရဲ့ Information တွေကို ဖြည့်နေတုန်းလား? 👉 ဒါမှမဟုတ် Canva နဲ့ ကိုယ့်ရဲ့ CV Form ကို လှအောင်ပြင်၊ PDF file ထုတ်ပြီးတော့ အလုပ်လျှောက်နေတုန်းလား?…»
ကြိုက်ရာ Down လို့ရမယ့် Telegram Bot