Digital Service
263 subscribers
38 photos
28 videos
19 links
Telegram နဲ့ပါတ်သက်သော service အကုန်ရသည်
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
❤5
This media is not supported in your browser
VIEW IN TELEGRAM
❤4
💗🔣💗🅰💗


💗💗💗💗🅰💗🅰💗


🅰💗💗


🅰️🅰️🅰️🅰️🅰️🅰️
Please open Telegram to view this post
VIEW IN TELEGRAM
❤8🐳1
Forwarded from Digital Service
🔠🔡🔡🔡🔡🔡🔡🔡🔡

အထူးလျှော့ဈေး
Dec 25|ည 12:00 အထိသာ


🎀🎀🎀🎀🎀🎀🎀🎀

❗️❗️❗️❗️❗️❗️❗️

✅ 3 months - 60000 MMK
55000 MMK
✅ 6 months - 80000 MMK
75000 MMK

✅ 12 Months - 145000 MMK
133500 MMK

🎀🎀🎀🎀🎀🎀🎀🎀

Admin » @MaharYarzar
Please open Telegram to view this post
VIEW IN TELEGRAM
❤2
8️⃣🔣3️⃣0️⃣
Please open Telegram to view this post
VIEW IN TELEGRAM
❤3🔥2
Forwarded from Digital Service
Telegram account နှင့်
Channel တွေခိုင်မာစေဖို့


၁။ အကောင့်ခိုင်မာစေဖို့

1. Telegram user တွေမှာ မှားယွင်းနေတဲ့အသိတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Premium ဝယ်လိုက်ရင် အကောင့်ခိုင်တယ်ဆိုတဲ့ အချက်ပါ။ တကယ်တော့ Premium ဝယ်ခြင်းနဲ့ အကောင့်ခိုင်မာခြင်းက တစ်ခြားစီပါ။ အနည်းငယ်အထောက်အကူပြုတယ်ဆိုပေမယ့် Term of use မှာပါတဲ့အချက်တွေကို မလိုက်နာခဲ့ရင်တော့ premium ဝယ်ထားလည်း အကောင့်ကျမှာပါပဲ။

2. အချက်အနေနဲ့ကတော့ ပုံမှာပြထားတဲ့ setting / Privacy and Security ထဲက Two-Step Verification နဲ့ Passcode Lock ကို on ပေးထားပါ။ Devices နေရာမှာ မသုံးတော့တဲ့/အရင်ကဝင်ထားဖူးတဲ့ ဖုန်း/ကွန်ပျူတာ တွေကို session clear လုပ်ထားပါ။

3. အကောင့်ကို ဖုန်း / gmail နှစ်ခုလုံးနဲ့ ချိတ်ပြီး verify လုပ်ထားပါ။

4. Username ထည့်ပါ။ တစ်ချို့က account display name နဲ့ username ကို အတူတူထင်ကြပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်မြင်နေကြတာက Display Name ပါ။ username ဆိုတာကတော့ အကောင့်လင့်လို့ခေါ်ကြတဲ့ ' @ ' နဲ့စတဲ့ဟာပါ။ Username ထည့်နည်းကိုလည်း ကျွန်တော်တင်ပေးထားပြီးသားပါ။ ဥပမာ ကျွန်တော့် username ဆို @MaharYarzar ပါ။ ဒါလေးထည့်တာက ဘာမှမခဲယဉ်းပါဘူး ဒါပေမယ့် အရမ်းအသုံးဝင်ပါတယ်။ Username ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ထပ်နေ/တူနေတာမရှိတဲ့အတွက် ကိုယ့် username ကိုပေးပြီးဝင်မယ်ဆို တစ်ခြားအကောင့်ကိုရောက်မသွားနိုင်တာမို့ လူလိမ်တွေရန်ကလည်း ကင်းဝေးပါလိမ့်မယ်။

5. Term Of Use မှာပါတဲ့အချက်တွေကိုလိုက်နာပါ။ အချက်တွေကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး။ Fb တို့ဘာတို့မှာပါတဲ့အချက်မျိုးတွေပါပဲ။ သူတို့ခွင့်ပြုမထားတဲ့စာမျိုုးတွေ၊ ပုံတွေ၊ မူဗီတွေ Privat chat မှာတောင် အချင်းချင်းမပို့မိပါစေနဲ့။ Copyright နဲ့ပါတ်သက်ပြီး Telegram က အတော်လည်းလွတ်လပ်ခွင့်ပေးထားခဲ့တာပါ။ ဒါပေမယ့်အခုနောက်ပိုင်း အတော်လေးတင်းကြပ်လာတာတွေ့ရပါတယ်။ ဒါကြောင့်မို့ အရင်လိုလက်လွတ်စပယ်မလုပ်မိပါစေနဲ့။ ဟိုအရင်ကတော့ တယ်လီဂရမ်အကောင့်တစ်ခုဆိုတာ ဘာမှတန်ဖိုးမရှိပေမယ့် အခုနောက်ပိုင်း တယ်လီဂရမ်မှာ AD လုပ်တဲ့အကောင့်တွေ၊ ချန်နယ်ထောင် စီးပွားရေးလုပ်နေတဲ့အကောင့်တွေဆို သိန်းပေါင်း ဆယ်ချီ/ရာချီတန်ဖိုးရှိနေပါပြီ။

Edit-
6. ပြောဖို့ကျန်ခဲ့လို့ပါ။ တယ်လီဂရမ်ကို လုပ်ငန်းသုံးအနေနဲ့ အသုံးပြုနေတဲ့သူတွေအနေနဲ့ Premium အပြင် VPN ကိုလည်း premium ဝယ်သုံးစေချင်ပါတယ်။ Free VPN တွေက server တွေအမျိုးမျိုးပြောင်းချိတ်တဲ့အတွက် ကျဖို့အခွင့်အလမ်း အရမ်းများပါတယ်။ Premium VPN တစ်လစာမှ မြန်မာငွေ ငါးထောင်ခြောက်ထောင်ပဲရှိပါတယ်။

စာရှည်သွားပြီမို့ ချန်နယ်တွေခိုင်မာစေဖို့ကို
နောက် post တစ်ခုနဲ့တင်ပေးပါမယ်ဗျ

👍 Love You All 👍

Term Of Use ကိုဖတ်ချင်ရင် ဒီကိုနှိပ်ပါ။
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Digital Service
Digital Service
Telegram account နှင့် Channel တွေခိုင်မာစေဖို့ ၁။ အကောင့်ခိုင်မာစေဖို့ 1. Telegram user တွေမှာ မှားယွင်းနေတဲ့အသိတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Premium ဝယ်လိုက်ရင် အကောင့်ခိုင်တယ်ဆိုတဲ့ အချက်ပါ။ တကယ်တော့ Premium ဝယ်ခြင်းနဲ့ အကောင့်ခိုင်မာခြင်းက တစ်ခြားစီပါ။ …
Telegram ချန်နယ်တွေ ခိုင်မာစေဖို့

ချန်နယ်တွေခိုင်မာစေဖို့ကတော့ အထွေအထူးသိပ်မရှိပါဘူး

1. Term Of Use ကိုလိုက်နာပါ။ ခွင့်မပြုထားတာတွေမတင်ပါနဲ့။ Copyright ကိုသတိထားပါ။
Copyright မလွတ်တာတွေတင်နေတဲ့ Movie channel တွေ 18+ channel တွေအနေနဲ့ တင်မယ်ဆို Private channel လုပ်ထားပါ။ Private ဆို ရုတ်တရက်မကျပါဘူး။ Public ဆိုရင်တော့ ကျမှာပါ။ မကျခဲ့ရင်တောင် Copyright ငြိပါတယ်။ ကျွန်တော်ချန်နယ်ဝယ်တဲ့အခါ အဲ့အချက်ကိုသေခြာစစ်ပါတယ်။
Copyright ငြိထားတဲ့ချန်နယ်တစ်ခုကို စစ်တဲ့ tool တွေရှိပါတယ်။ အလွယ်နည်းနဲ့စစ်ချင်ရင်တော့ Channel Name ကို search box မှာရိုက်ရှာကြည့်ပါ။ မတွေ့ခဲ့ရင်တော့ Copyright ငြိထားလို့ပါ။

2. Admin ကို ကြုံရာလူမခန့်ပါနဲ့။ ကိုယ်မသိတဲ့ Bot တွေကို admin မထည့်ပါနဲ့။ Bot တွေကို admin ထည့်ရင်လည်း Admin right ကို ဖွင့်သင့်တာပဲဖွင့်ပေးပါ။ မလိုအပ်တဲ့ခလုတ်တွေကို ပိတ်ပေးထားပါ။

3. ချန်နယ်ကို Level တင်နိုင်သလောက်တင်ထားပါ။ ပုံမှာပြထားတဲ့ Channel Setting / Statistics ထဲက Boosts ထဲမှာ ကိုယ့်ချန်နယ်ရဲ့ Boost link ကိုယူပြီး Premium user တွေကိုနှိပ်ခိုင်းခြင်းဖြင့် Level တင်နိုင်ပါတယ်။ ဒါကလည်း ချန်နယ်ခိုင်မာစေဖို့ အထောက်အကူဖြစ်စေသလို၊ chnnel blue mark (status icon) ထည့်တာ၊ background ပြောင်းတာ စသဖြင့် level အလိုက် အလှဆင်နိုင်ပါတယ်။ ကျွန်တော်တို့ဆော့နေတဲ့ Airdrop game တွေရဲ့ task တွေမှာ boost our channel ဘာညာဆိုပြီး လုပ်ခိုင်းတဲ့ဟာတွေက လိုအပ်လို့လုပ်ခိုင်းတာပါ။ boost ကလည်း ချန်နယ်ရဲ့ sub အနည်းအများအလိုက် လိုအပ်ပါတယ်။ လူများလေ boost များများလိုလေပါပဲ။

4. Boost Tool တွေနဲ့ sub မတိုးပါနဲ့။ sub 1k ကိုဘယ်လောက်ဆိုပြီး ဆားဗစ်ပေးတဲ့သူတွေရှိပါတယ်။ တစ်ချို့ချန်နယ်ရောင်းစားသူတွေက real sub နည်းနည်းလေးကို အဲ့လို boost ပြီး ရောင်းကြတာတွေရှိတယ်။ အဲ့လိုချန်နယ်ဆို လူအစစ်တွေတိုးနေတာမဟုတ်ဘဲ bot နဲ့တိုးထားတာမို့ အရေအတွက်ပဲရှိတာပါ။ အလွယ်နည်းကတော့ ရှိတဲ့ sub နဲ့ new post ရဲ့ view ကိုချိန်ကြည့်လို့ရပါတယ်။ statistics ထဲမှာလည်း sub တိုးတဲ့ graph ကိုကြည့်ပြီး သိနိုင်ပါတယ်။ အဲ့လိုတိုးထားခြင်းက ချန်နယ်ခိုင်မာဖို့အတွက် အန္တရယ်ရှိပါတယ်။

5. နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ Channel Owner ရဲ့အကောင့်ဟာ အပေါ်ပို့စ်မှာပါတဲ့အချက်တွေကို သေခြာလိုက်နာပြီး သန့်သန့်ရှင်းရှင်းသုံးဖို့လိုပါတယ်။ Owner အကောင့်ပျက်မှတော့ ချန်နယ်ပါဆုံးပြီပေါ့။ အခြားအကောင့်ကို Admin ထည့်ထားလို့ ချန်နယ်သုံးလို့ရနေသေးတယ်ဆိုရင်တောင် Owner နဲ့ Admin မှာ လုပ်လို့ရတာတွေအများကြီးကွာပါတယ်။ ဥပမာ ကိုယ့်ချန်နယ် monetization ရခဲ့ရင်တောင် ငွေထုတ်ပြီးသုံးလို့ရမှာမဟုတ်တော့ပါဘူး။ တန်ဖိုးကြီးတဲ့ချန်နယ်တွေပိုင်ဆိုင်ထားတယ်ဆိုရင် အကောင့်ရော၊ ချန်နယ်ကိုပါ စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်းသုံးစေချင်ပါတယ်။

အလုပ်တွေကောင်းပြီး
ဝင်ငွေတွေတိုးကြပါစေဗျ

ချန်နယ်အရောင်းအဝယ်အတွက် သီးသန့်ချန်နယ်လေးတစ်ခုလုပ်ဖို့အစီအစဉ်ရှိတာမို့ လုပ်ဖြစ်ခဲ့ရင်လည်း Join ပေးကြပါဦးလို့ ကြော်ငြာဝင်လိုက်ပါတယ်ဗျ😁

👍 Love You All 👍
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤5
Forwarded from Digital Service
Telegram ရဲ့ Term Of Use ကို
အမေးများလို့မို့ တင်ပေးလိုက်ပါတယ်ဗျ
ကျွန်တော်လည်း ကိုယ်တိုင်တော့
ဘာသာပြန်ထားတာမဟုတ်ဘူးဗျ😁
Ai ကိုရေးခိုင်းထားတာပါ။
Ai ကို တွင်တွင်ကျယ်ကျယ်လေး သုံးစေချင်တယ်
အခြားသူတစ်ယောက်ကိုသွားမေးနေမယ့်အစား Ai ကိုမေးလိုက်တာပိုအဆင်ပြေပါတယ်။ english လိုသိမှ သုံးလို့ရတာမျိုးမှမဟုတ်တော့တာ မြန်မာလိုမေးရင် မြန်မာလိုပြန်ဖြေပေးနေတာပဲကို။
နောက်ပိုင်းအချိန်ရရင်တော့ Ai သုံးနည်းလေးတွေလည်း တင်ချင်တင်ပေးပါမယ်။


Ai ရေးပေးထားတဲ့အတိုင်း အကုန်ပြန်တင်ပေးလိုက်ပါတယ်ဗျ

တယ်လီဂရမ် အသုံးပြုသူများ ရှောင်ကျဉ်ရမည့်အချက်များ
တယ်လီဂရမ်ကို လုံခြုံစွာ နှင့် တာဝန်ယူမှုရှိစွာ အသုံးပြုဖို့အတွက် အောက်ပါအချက်များကို ရှောင်ကျဉ်သင့်ပါတယ်။
1. မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းများကို ချိုးဖောက်ခြင်း:
* မတရားသော လုပ်ငန်းများ ပြုလုပ်ခြင်း
* အခြားသူတစ်ဦးတစ်ယောက်ကို ထိခိုက်စေနိုင်သော ပြောဆိုမှုများ ပြုလုပ်ခြင်း
* လိမ်လည်လှည့်ဖြားမှုများ ပြုလုပ်ခြင်း
* တခြားသူတစ်ယောက်၏ အခွင့်အရေးကို ချိုးဖောက်ခြင်း
2. မသင့်လျော်သော အကြောင်းအရာများကို မျှဝေခြင်း:
* အကြမ်းဖက်မှုကို လှုံ့ဆော်သော အကြောင်းအရာများ
* လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ
* ကလေးသူငယ်များကို ထိခိုက်စေနိုင်သော အကြောင်းအရာများ
3. အခြားသူတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မတရားသုံးစွဲခြင်း:
* အခြားသူတစ်ယောက်၏ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ မျှဝေခြင်း
4. Spam ပို့ခြင်း:
* တူညီသော အကြောင်းအရာကို ထပ်ခါတပါး ပို့ခြင်း
* အခြားသူတစ်ယောက်ကို အနှောင့်အယှက်ပေးနိုင်သော အကြောင်းအရာများကို ပို့ခြင်း
5. Bot နှင့် Auto Message များကို အသုံးပြုခြင်း:
* အခြားသူတစ်ယောက်ကို အနှောင့်အယှက်ပေးနိုင်သော Bot နှင့် Auto Message များကို အသုံးပြုခြင်း
အရေးကြီး: တယ်လီဂရမ်၏ Terms of Service ကို အသေအချာဖတ်ရှုပြီး လိုက်နာပါ။ သင်၏ အကောင့်ကို ပိတ်သိမ်းခံရနိုင်သည်။
အကြံပြုချက်: တယ်လီဂရမ်ကို လုံခြုံစွာ အသုံးပြုနိုင်ရန်အတွက် Two-factor authentication (2FA) ကိုဖွင့်ထားပါ။
မှတ်ချက်: ဤသည်မှာ အတိုချုပ်ဖော်ပြချက်ဖြစ်ပြီး တယ်လီဂရမ်၏ Terms of Service တွင် ပိုမိုအသေးစိတ်အချက်အလက်များကို ဖော်ပြထားပါသည်။
Disclaimer: ဤသည်မှာ ဥပဒေဆိုင်ရာ အကြံပေးချက် မဟုတ်ပါ။
အပိုအချက်: တယ်လီဂရမ်အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် Telegram ကွန်ရက်စာမျက်နှာကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အကယ်၍ သင်သည် တယ်လီဂရမ်အသုံးပြုစဉ် ပြဿနာတစ်ခုခုကို ကြုံတွေ့ရပါက တယ်လီဂရမ်၏ အကူအညီစင်တာကို ဆက်သွယ်ပါ။
မေးခွန်းများရှိပါက မေးမြန်းနိုင်ပါသည်။
❤4👍3
This media is not supported in your browser
VIEW IN TELEGRAM
Telegram မှာ အရေးကြီးတဲ့
အကောင့် username ထည့်နည်းပါ။

အရင်ကလည်း ပုံတွေနဲ့ တင်ပေးဖူးပါတယ်

မလုပ်တတ်သေးတဲ့သူတွေ
တစ်ဆင့်ချင်းကြည့်ပြီး သေခြာလေးလုပ်ပေးထားပါဗျ။

စတားဝယ်တာ၊ premium ဝယ်တာ၊
တစ်ယောက်ယောက်ကို
ကိုယ့်ရဲ့အကောင့်ပေးချင်တဲ့အခါ
Username ထည့်ထားမှ
အဆင်ပြေပါမယ်။

Username မရှိရင်
အကောင့်ပျက်လွယ်ပြီး၊
အကောင့်ပျက်လို့ ပြန်လိုက်တဲ့အခါလည်း
Username ရှိမှအဆင်ပြေပါမယ်။
❤15
Media is too big
VIEW IN TELEGRAM
စတားခံပြီးတင်ထားတဲ့ပို့စ်တွေကို
ကြည့်တဲ့နည်းလးပါ။

စတားပို့စ်ဆိုတာ
ဒီတိုင်းကြည့်ရင်မမြင်ရဘဲ
သတ်မှတ်ထားတဲ့ စတားကို
ပေးလိုက်မှ ကြည့်လို့ရမှာဖြစ်ပါတယ်။

စတားပို့စ်တွေကိုဖွင့်ကြည့်ဖို့
ကိုယ့်အကောင့်ထဲမှာ
စတားဝယ်ဖြည့်ထားရပါမယ်

စတားဖြည့်ပြီးပြီဆိုရင်
ကိုယ်ကြည့်ချင်တဲ့ချန်နယ်ကို
ပြန်သွားပြီး
ကြည့်ချင်တဲ့ပို့စ်ကို
ဗီဒီယိုထဲမှာပြထားသလို
ဖွင့်ကြည့်ရမှာပါ။

စတားဆိုတာ ဘာမှန်းမသိသေးရင်
ဘယ်လိုအသုံးဝင်မှန်းမသိသေးရင်

ဒီမှာဝင်ကြည့်ပေးပါ 👇
https://t.me/DigitalService83/21
❤23👍3
Forwarded from Digital Service
🌟🌟🌟🌟🌟🌟🌟🌟🌟🌟
............................................................
ချန်နယ်ထောင်နည်း ➡️ကြည့်ရန်နှိပ်ပါ


Tg အကောင့်နှင့် ချန်နယ်ချိတ်ခြင်း ➡️ကြည့်ရန်နှိပ်ပါ


Channel Comment Box ဖွင့်နည်း ➡️ကြည့်ရန်နှိပ်ပါ


Channel Direct Message Box ➡️ ကြည့်ရန်နှိပ်ပါ


Channel မှာ Subscriber များအောင် ➡️ ကြည့်ရန်နှိပ်ပါ


ချန်နယ် owner တွေသတိပြုရမည့်အချက်များ ➡️ကြည့်ရန်နှိပ်ပါ


ချန်နယ်ကနေငွေဝင်တဲ့ Monetization အကြောင်း ➡️ကြည့်ရန်နှိပ်ပါ


Monetization ကရတဲ့ TON Coin တွေထုတ်ဖို့ TonKeeper wallet ဖွင့်နည်း ➡️ကြည့်ရန်နှိပ်ပါ


Monetization နဲ့ပါတ်သက်ပြီး အမေးအများဆုံးမေးခွန်းများ ➡️ ကြည့်ရန်နှိပ်ပါ


Button Post ခလုတ်တပ်ခြင်းအကြောင်း ➡️ ကြည့်ရန်နှိပ်ပါ


Premium အကြောင်း ➡️ကြည့်ရန်နှိပ်ပါ


Acc Username ➡️ ကြည့်ရန်နှိပ်ပါ


Tg မှာအရေးကြီးတဲ့ Username ထည့်နည်း➡️ ကြည့်ရန်နှိပ်ပါ


Telegram Business မှာ ဘာတွေသုံးလို့ရလည်း➡️ ကြည့်ရန်နှိပ်ပါ


စတားအကြောင်း ➡️ ကြည့်ရန်နှိပ်ပါ


Star အကြောင်း
လူမေးများသောမေးခွန်းများ ➡️ကြည့်ရန်နှိပ်ပါ


Switch Off Ads ➡️ကြည့်ရန်နှိပ်ပါ


Forward
မူရင်းနာမည်မပေါ်အောင် Forward လုပ်နည်း ➡️ကြည့်ရန်နှိပ်ပါ



Emoji Title ပြုလုပ်နည်း ➡️ကြည့်ရန်နှိပ်ပါ



Start Page
ကိုယ့်ရဲ့ CB ကို ပထမဆုံး ရောက်လာမယ့်သူတွေ
မြင်ရမယ့် Greeting Message အား
စိတ်ကြိုက်ပြုပြင်ခြင်း➡️ကြည့်ရန်နှိပ်ပါ



Quick Reply အသုံးပြုနည်း ➡️ကြည့်ရန်နှိပ်ပါ


Channel setting ထဲက Boost အကြောင်း➡️ကြည့်ရန်နှိပ်ပါ


Premium Emoji သုံးနည်း ➡️ကြည့်ရန်နှိပ်ပါ


Message Effect သုံးနည်း ➡️ကြည့်ရန်နှိပ်ပါ

Character Formatting
စာလုံးရေးနည်းများ ➡️ကြည့်ရန်နှိပ်ပါ

ချန်နယ်တွေမှာ အလွယ်တကူရှာဖွေနည်းများ ➡️ကြည့်ရန်နှိပ်ပါ


ချန်နယ်မှာ စိတ်ကြိုက် reaction ထားပေးခြင်း ➡️ကြည့်ရန်နှိပ်ပါ


Channel Setting ထဲက Affiliate Program ဆိုတာ ➡️ကြည့်ရန်နှိပ်ပါ


Crypto Wallet များအကြောင်း ➡️ကြည့်ရန်နှိပ်ပါ


Tonkeeper Wallet ဖွင့်နည်း ➡️ ကြည့်ရန်နှိပ်ပါ


Telegram အကောင့်အပြီးဖျက်နည်း ➡️ကြည့်ရန်နှိပ်ပါ


channel/bot promote (ကြော်ငြာ/ads) လုပ်ရန်
လိုအပ်ချက်များ ➡️ ကြည့်ရန်နှိပ်ပါ


Tg ချန်နယ် အုံနာချိန်းနည်း ➡️ ကြည့်ရန်နှိပ်ပါ


ချန်နယ်အုံနာအကောင့်များ သတိပြုရန်နှင့် Spam ထိ/မထိစစ်နည်း ➡️ ကြည့်ရန်နှိပ်ပါ


channel background ပြောင်းချင်ရင် ➡️ ကြည့်ရန်နှိပ်ပါ


Unverify Token (တုံကင်အတု) ➡️ ကြည့်ရန်နှိပ်ပါ


Ads (Boost Service)နဲ့ပါတ်သက်ပြီး သိလိုသမျှ ➡️ ကြည့်ရန်နှိပ်ပါ-၁ ကြည့်ရန်နှိပ်ပါ-၂


Channel Promote(ADS) လုပ်သော Owner များသို ➡️ ကြည့်ရန်နှိပ်ပါ


ဂရုတွေမှာ အော်တိုစာပြန်တဲ့ Rose Bot ထည့်နည်း ➡️ ကြည့်ရန်နှိပ်ပါ


Auto Reaction Bot For Channel/Group
ဂရု/ချန်နယ်တွေမှာ reaction bot ထည့်နည်း ➡️ ကြည့်ရန်နှိပ်ပါ


ပို့စ်တွေကို ကော်ပီကူးတဲ့အခါ
premium emoji များမပျက်အောင်ကူးနည်း ➡️ ကြည့်ရန်နှိပ်ပါ


channel promote (ADS) ကိုယ်တိုင်လုပ်နည်း ➡️ ကြည့်ရန်နှိပ်ပါ

Premium Sticker တွေ Emoji တွေ ကိုယ်တိုင်လုပ်နည်း(paid) ➡️ ကြည့်ရန်နှိပ်ပါ

Telegram Channel တွေ ဘောင်ဝင်တန်းဝင်ဖြစ်ဖို ➡️ ကြည့်ရန်နှိပ်ပါ

Canva မှာ Table/ဇယားဆွဲနည်း ➡️ ကြည့်ရန်နှိပ်ပါ

Canva ဖြင့် line များဆွဲနည်း ➡️ ကြည့်ရန်နှိပ်ပါ

Printer Driver များဒေါင်းရန်ချန်နယ် ➡️ ကြည့်ရန်နှိပ်ပါ



⏰⏰⏰⏰⏰⏰⏰⏰⏰
Please open Telegram to view this post
VIEW IN TELEGRAM
❤11👍1
Please open Telegram to view this post
VIEW IN TELEGRAM