The Power of Consistency
4.52K subscribers
21 photos
9 files
19 links
Download Telegram
Upper Intermediate level ကနေ Advanced level ကိုသွားဖို့ဆိုရင် vocabulary တွေကို များများပိုသိဖို့ လိုအပ်လာပါပြီ။ C1 levelမှာဆိုရင် Englishလို ကိုယ့်အကြောင်းကို သူများတွေ စိတ်ဝင်စားအောင် အပြည့်အဝဖော်ပြတတ်ဖို့ဆိုရင် စာလုံးရေ 6000-8000 အထိ လိုအပ်ပါတယ်။
ဒီ English Vocabulary in Use-Advanced level စာအုပ်ထဲမှာဆိုရင် new words and expressions 3000ကျော်ကို စိတ်ဝင်စားဖွယ် exercisesတွေ၊ activitiesတွေ, sentences တွေ, conversations တွေနဲ့ self studyလုပ်လို့ရတာမို့လို့ B2ကနေ C1 သွားမယ့်သူတွေအတွက် အသုံးဝင်မယ့် စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်နော်။
exercises တွေလုပ်ပြီးတဲ့အခါမှာလဲ စာအုပ်အနောက်က Answer keyနဲ့ တိုက်ကြည့်လို့ရပါတယ်။
❤9
English for Everyday Activities: A Picture Process Dictionary ဆိုတဲ့ စာအုပ်လေးက ကိုယ့်ရဲ့ နေ့စဥ်ဘဝမှာ အသုံးပြုတဲ့ Vocabulary တွေနဲ့ useful ဖြစ်တဲ့ Phrasesတွေကို ပုံလေးတွေနဲ့ ကြည့်ပြီး လေ့လာရတဲ့စာအုပ်လေးဖြစ်တာကြောင့် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။
နေ့စဥ်ဘဝမှာ အသုံးများတဲ့ lessonပေါင်း 61ခုပါပါတယ်။ lesson တစ်ခုစီတိုင်းကလဲ အောက်ကပုံအတိုင်း တစ်မျက်နှာစီပဲရှိတာကြောင့် လေ့လာရတဲ့သူအတွက်လဲ ပေါ့ပေါ့ပါးပါးလေးနဲ့ funဖြစ်စေပါတယ်
❤16👍2🔥1
👍5❤3😍1
C1 level သွားမယ့်သူတွေအတွက် Vocabulary နဲ့ Idiomsအပိုင်းကို အဓိကလေ့လာလို့ရတဲ့ စာအုပ်ကောင်းတစ်အုပ်ကို sharing လုပ်ပေးချင်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် Vocabulary လေ့လာဖို့ Topics တွေအများကြီးပါဝင်ပြီး ပြန်လေ့ကျင့်ဖို့ Exercises တွေလဲ အများကြီးပါပါတယ်။ Word formation တွေဖြစ်တဲ့ Prefixes, suffixes, Compound Adjectives တွေအပြင်၊ Confusing Word Pairs, Difficult Verb Pairs အစရှိတာတွေကိုလဲ လေ့လာရမှာဖြစ်ပါတယ်။
Learners တွေအနေနဲ့ new wordsတွေကို လေ့လာတဲ့အခါမှာ နားလည်အောင်ကြိုးစားပြီး Exercises တွေလုပ်တဲ့အဆင့်မှာပဲ ရပ်လိုက်တာမဟုတ်ဘဲ ဒီစာလုံးအသစ်တွေကို ကိုယ့်ရဲ့ active vocabulary ဖြစ်လာတဲ့အထိ ယုံကြည်မှုရှိရှိ အသုံးပြုနိုင်အောင် တကယ်လက်တွေ့ Conversation တွေထဲမှာ ပြန်ထည့်သုံးတာ၊ စာရေးတဲ့အခါထည့်သုံးတာတွေ လုပ်ဖို့လိုအပ်ပါတယ်နော်။
❤15👍3
BJ-THOMAS-Advanced-Vocabulary.pdf
2.7 MB
Share BJ-THOMAS-Advanced-Vocabulary.pdf
❤47🍓1
Englishစာ A1 level ကနေ C1 level အထိ Diplomaအတန်းတွေကို freeတက်လို့ရမယ့် Alison Website ကို sharing လုပ်ပေးချင်ပါတယ်။ Certificate ပါလိုချင်ရင်တော့ သတ်မှတ်ထားတဲ့ fees တော့ပေးရပါတယ်။ ဒါအပြင် English စာနဲ့ပက်သက်ပြီး English for Business Administration, English for Tourism, TEFL အစရှိတဲ့ Free courseပေါင်း 55ခုတောင်ပါဝင်ပါတယ်။

Website link- https://alison.com/tag/english-language
❤25👍2🔥2👏2
❤12🍓1
ဒီနေ့မှာတော့ Intermediate levelအတွက် English Speaking နဲ့ Writing အပိုင်းမှာ ပိုပြီး natural and accurate ဖြစ်ဖို့ အရမ်းအသုံးဝင်တဲ့ Collocation တွေကို လေ့လာဖို့ English Collocation In Useဆိုတဲ့စာအုပ်လေးကို Sharingလုပ်ပေးချင်ပါတယ်။
အရင်ဆုံး Collocation ဆိုတာ ကိုယ်အသုံးပြုတဲ့ English စကားကို ပိုပြီး သဘာဝကျကျနဲ့ မှန်ကန်အောင်လို့ တွဲသုံးရတဲ့ pair or group of words ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ဆိုရင်- ကိုယ်က အမှားနည်းနည်းလုပ်မိသွားပြီလို့ပြောချင်ရင် I did a few mistakes ဆိုပြီး ပြောမိသွားနိုင်ပါတယ်၊ အဲ့လိုပြောမိတဲ့အခါမှာလဲ အခြားသူတွေအတွက် နားတော့လည်နိုင်ပေမဲ့ ပိုမှန်ကန်အောင်နဲ့ natural ဖြစ်ဖို့ဆိုရင် I made a few mistakes ဆိုပြီး သုံးရင် အကောင်းဆုံးပါပဲ။ ဒီလိုမျိုးတွေ သိဖို့ဆိုရင် collocation တွေများများ လေ့လာရပါမယ်။

ဒီစာအုပ်ထဲမှာဆိုရင် လေ့လာစရာ Topics တွေအများကြီးနဲ့ လေ့ကျင့်ဖို့ Exercisesတွေလဲ အများကြီးပါပါတယ်နော်။
❤25👍5
❤26🔥3👍2
Beginner နဲ့ Intermediate level အတွက် vocabulary တွေကို ရုပ်ပုံနဲ့ အသံကိုတွဲမှတ်ပြီး လေ့လာလို့ရတဲ့ LanguageGuide.org ဆိုတဲ့ website ကို sharing လုပ်ပေးချင်ပါတယ်။
ဒီ website က Visual Learners တွေအတွက် အရမ်းကို သင့်တော်ပါတယ်။ လေ့လာစရာ Vocabulary Topics ပေါင်း( 80 )ပါဝင်ပါတယ်။ လေ့လာပြီးတာနဲ့ Speaking challenge နဲ့ Listening challenge ဆိုပြီး Exercise ပြန်လုပ်လို့ရပါတယ်။
ပုံလေးတွေကို ထောက်လိုက်ရင် စာလုံးကိုမြင်ရပြီး အသံလဲကြားရပါတယ်။ လေ့လာရတာ ပေါ့ပေါ့ပါးပါးနဲ့ funဖြစ်စေပါတယ်နော်။

Website link - https://www.languageguide.org/english/vocabulary/
❤33💋2
❤11👍3
Grammar သီးသန့် Exercises တွေအများကြီးကို လေ့ကျင်ချင်တဲ့သူတွေ၊ Grammar နဲ့ပက်သက်တဲ့ exercises တွေကို စာသင်ခန်းမှာ ပြန်အသုံးပြုချင်တဲ့ ဆရာမတွေအတွက် Home of English Grammar ဆိုတဲ့ website ကို sharing လုပ်ပေးချင်ပါတယ်။
website ထဲမှာပဲ ကိုယ့်လေ့ကျင့်ချင်တဲ့ ခေါင်းစဥ်ကိုရွေးပြီး လေ့ကျင့်လို့ရသလို၊ pdf file အနေနဲ့ download ဆွဲပြီးမှ offline ပြန်လေ့လာလို့လဲ ရပါတယ်။

website link - https://www.englishgrammar.org/exercises/
❤30🥰1
❤9👍1
Kindergarten ကနေ 8th Grade အထိ Englishစာသင်တဲ့ ဆရာမတွေ၊ Reading practice လုပ်ချင်တဲ့ English Learners တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ reading passages တွေ အစုံရှိပြီး၊ audio လဲပါတဲ့ ReadWorks ဆိုတဲ့ free website ကို sharingလုပ်ပေးချင်ပါတယ်။

ဒီ website ထဲမှာဆိုရင် reading လုပ်ဖို့ စာပိုဒ်တွေကို ကိုယ်စိတ်ဝင်စားတဲ့ Topicအလိုက်၊ Gradeအလိုက် ရွေးချယ်ပြီး ဖတ်လို့ရပါတယ်။ အသံ fileလဲ ပါတာမို့လို့ တစ်ခါထဲ တွဲပြီး နာထောင်လို့ရပါတယ်။ ပြီးရင် Vocabulary Activity နဲ့ စာပိုဒ်နဲ့ ပက်သက်တဲ့ Question Setလဲ ပြန်ပြီးလေ့ကျင့်လို့ရပါတယ်။

ဝင်ပြီးလေ့လာဖို့အတွက် အရင်ဆုံး gmailနဲ့ accဖွင့်ရပါတယ်နော်။

website link - https://www.readworks.org/find-content#!contentTab:search/q:/g:/t:/pt:/features:/
❤13