K.G.F မြန်မာစာတန်းထိုးဇာတ်ကား
30K subscribers
397 photos
227 videos
358 links
Download Telegram
Forwarded from CM
Venom: The Last Dance (2024)

အကြည်ဗားရှင်ရပြီနော်


အက်ဒီ ဘရော့ တစ်ယောက် No way Home ကြောင့် အခြား universe ကိုရောက်သွားရာကနေ မိမိ universe ကိုပြန်ရောက်သွားတဲ့ အခါမှာတော့ ရာဇဝတ်သားအနေနဲ့ Fbi agent လက်ထဲကနေ ပြေးနေရပါတယ် ။

တစ်ဖက်မှာ ဇီဝမျိုးစိတ် တွေရဲ့ ဖန်းတီးရှင်ဖြစ်သူ နူးလ် ဟာ သူ အကျဉ်းကျရာကနေ လွတ်မြောက်ဖို့အတွက် ဗီနွန် ဆီက Cortex ဆိုတဲ့သော့ကို ယူဖို့ ဂြိုလ်သားတွေကို ကမ္ဘာပေါ် စေလွှတ်လိုက်ပါတယ် ။

ထိုအချိန်မှာ Fbi လက်ထဲကနေ ထွက်ပြေးနေရတဲ့ အက်ဒီဘရော့ နဲ့ ဗီနွန် တို့နှစ်ယောက် ကမ္ဘာမြေပေါ် ကျူးကျော်လာတဲ့ ဂြိုလ်သားတွေနဲ့ ဘယ်လိုရင်ဆိုင်ကြရမလဲ ။
👍3214
Forwarded from CM
L.....e.....e (2024) ဇာတ်ကားသစ်
-------------------

ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့
လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။
လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ်
စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက်
တစ်ယောက်ပါ။
ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်
စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေ
စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီး
စစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီး
ရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။
ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာ
Eternal Sunshine of the Spotless Mind ရဲ့ Cinematographer
ဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်က
သရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေ
ဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်
ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်
မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။
အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်း
ကြိုပြီး သတိပေးထားချင်ပါတယ်။
 
👍204👏3
Forwarded from CM
𝗔.....𝗥.....𝗠 (𝟮𝟬𝟮𝟰) ဇာတ်ကားသစ်
===========

ဒီဇာတ်ကားကတော့ တွေ့နေ့ကျအိန္ဒိယကားတွေလို မျက်နှာတွေပဲလိုက်ပြထားတာမဟုတ်ဘဲ တကယ့်အစစ်အမှန်တွေနော်။
လုံးဝဆွဲဆောင်ထားတာကတော့ 3D effectရော CGI တွေရောက ရှယ်ကိုရိုက်ပြထားတာပါပဲ။ ဇာတ်ကားရဲ့ဇာတ်လမ်းကရိုးရိုးလေးပါ။  မျိုးဆက်၃ဆက်အကြောင်းပြန်ပြောင်းပြောပြပြီး စွန့်စားမှုတွေ စိန်ခေါ်မှုတွေ အနှေးပြကွက်တွေအမြန်ပြကွက်တွေက တခြားဇာတ်ကားတွေနဲ့ယှဥ်ကြည့်လိုက်ရင် လုံးဝအပြတ်အသတ်ကြီးပါပဲ။👍

ဇာတ်လမ်းကတော့👇

မိုးကောင်းကင်ကနေရုတ်တရက်ကြွေကျလာတဲ့ ကြယ်ကျောက်တုံးကြီးနဲ့ပြုလုပ်ထားတဲ့ ရွှေစင်မီးအိမ်ရုပ်တုလေးကဇာတ်လမ်းရဲ့အသက်ပါ။ ဘုရင့်ဆီက ဆုလာဘ်အဖြစ်ရခဲ့ပြီး ကာရီပူရမ်နယ်မြေထဲကိုချင်းနင်းဝင်ရောက်လာခဲ့တယ်။ ရွာသူရွာသားတွေအတွက် အိပ်ယာဝင်ပုံပြင်လိုဖြစ်ခဲ့တဲ့ ဂုဏ်ယူရတဲ့အတိတ်အကြောင်းတွေပေါ့။

ဖြစ်ချင်တော့ အဲ့ဒီမီးအိမ်က မန်နီယန်ဆိုတဲ့ မင်းသားတို့အဘိုးက ခိုးသွားတဲ့အခါ..
သူခိုးရဲ့မြေးဆိုပြီး မျိုးဆက်၃ဆက်တိုင်အောင်အပြောအဆိုခံခဲ့ရတယ်။

သူဘာကြောင့်ခိုးခဲ့တာလဲ...။ သူတို့ကိုးကွယ်နေတဲ့ အဲ့ဒီမီးအိမ်ရုပ်တုလေးက မင်းကြီးပေးလိုက်ကတည်းက အတုကြီးဆိုတာ သိသွားမယ်ဆိုရင်ရော...။ 3D effectတွေကြည့်ရတာနဲ့တင် ရှယ်တန်တဲ့ဇာတ်ကားမို့ အခုdownပြီးကြည့်လိုက်တော့နော်💚
👍4127
Forwarded from CM
Enemy at the Gates (2001)

ဒုတိယ ကမ္ဘာစစ်မှာ ဂျာမန်တွေ စတာလင်ဂရက်မြို့ကို အသိမ်းလက်နက်ရော အင်အားပါမမျှတဲ့ အတွက်ရုရှားတို့အလဲလဲအကွဲကွဲ ခံခဲ့ကြရပါတော့တယ်။စစ်ဗိုလ်ကြီး ခရူးရှက်က တပ်နီတော်ကို စိတ်ဓာတ်တက်ကြွစေဖို့ ဟီးရိုးတစ်ယောက်လိုအပ်လာခဲ့တဲ့ အခါ သိုးထိန်းလေး ဘ၀ကနေ စစ်ထဲရောက်လာခဲ့တယ် စနိုက်ပါ Jude Law ဟာ ၊ တိုက်ပွဲတွေရဲ့ သူရဲကောင်း ၊ ရုရှားတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့တယ်။လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ အချိန်ပေးပြီး ကြည့်လ်ိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။
👍242👏1
Forwarded from CM
Subservience (2024)

မင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထွက်ပါတယ်။မင်းသားနဲ့မင်းသမီးဖန်တွေအတွက်တော့ ဒါက ရှယ်ကြမ်း ရှယ် လန်းတဲ့ကားပေါ့နော်...ဇာတ်လမ်းကတော့ Sci-Fi, Thriller အမျိုးအစားဖြစ်ပြီး စူးရှတဲ့ သရုပ်ဆောင် ၂ ယောက်ကို AI ရုပ်ရှင်ကားနဲ့တွဲဖက်ပေးထားတာ မျိုးပါ။အဲလစ်ဆိုတဲ့စက်ရုပ်မလေးကို အိမ်အလုပ်ကူဖိုအတွက် ဝယ်ယူမိ တဲ့နောက်မှာ...AI စက်ရုပ်တွေရဲ့ မမြင်ရတဲ့ မှားယွင်းမှုနဲ့ မထင်မှတ်တဲ့ ရှုပ်ထွေးမှု တွေကိုပါ အိမ်ပေါ်ခေါ်တင်မိသလိုဖြစ်လာတဲ့အခါမှာတော့...။
👍2512
KANGUVA (2024) အက်ရှင် ဇာတ်ကြမ်း ဇာတ်ကားသစ်ကြီး

Commingsoon

ဒီနှစ်ထဲထွက်နိုင်ခြေရှိတဲ့ရာဂျူဘိုင်း_ခေါ်_ဆူရီယမင်းသားရဲ့ဇာတ်ကားသစ်
👍12023👏9👎6
Forwarded from CM
PUSHPA 2 ထရေလာစာတန်းထိုး👆

အာလူးအာဂျွန်၊ ရာရှ်မီကား
👍10647🥰17
Forwarded from CM
Brahmastra (2022) မြန်မာစာတန်းထိုး

ဒီဇာတ်ကားမှာ Lead Role တွေအနေနဲ့ ရန်ဗီးကပူး..အာလီယားဘတ်..အမီတာဘဂျမ်းနဲ့
မြွေမင်းသမီးလေး မွန်နီးရွိုင်းတို့က သရုပ်ဆောင်ထားပြီး Cameo အနေနဲ့ ရှာရွတ်ခန်း ဒီပီကားပါဒူကွန်
တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီ စတဲ့မင်းသား မင်းသမီးကြီးတွေအပြင်
တခြားသရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ပေးထားပါတယ်...

ကဲ...အခု ဇာတ်လမ်းဘက်ကိုလှည့်မယ်

တစ်ရက် ဟိမဝန္တာတောင်ပေါ်မှာ တရားကျင့်ကြံအားထုတ်နေတဲ့ ရသေ့ရဟန်းတွေဆီကို
အလင်းတန်းတစ်ခုကျရောက်လာခဲ့ပြီး ဘုရားသခင်က သူတို့ကို အက်စသရ(စွမ်းအင်လက်နက်)တွေ
ချီးမြှင့်ခဲ့တယ်

အဲ့ဒီအက်စသရတွေနဲ့အတူ Lord Shiva ရဲ့ Almighty Weapon ကြီးဖြစ်တဲ့
ဗရမာစသရပါ ပေါ်ပေါက်လာခဲ့တယ် အဲ့ဒီအက်စသရကို ပိုင်ဆိုင်တဲ့သူဟာ
လောကခပ်သိမ်းကို အသစ်တစ်ဖန် ဖန်ဆင်းနိုင်သလို အရာခပ်သိမ်းကိုလည်း ဖျက်ဆီးနိုင်စွမ်းရှိတယ်...
👍83
Forwarded from CM
ရှက်သီဟာ လက်ကြောမတင်းတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပြီး ၊ သူငယ်ချင်းတွေနဲ့အတူ ခိုးလိုက် ဆိုးလိုက်နဲ့ ပေတေနေသူ ဖြစ်ပါတယ်...

ဒီလိုနေရင်း တစ်နေ့တော့ လူသတ်မှုနဲ့ ထောင်ကျပြီး နှစ်ပေါင်းအတော်ကြာမှ ပြန်လွတ်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဆီကနေ အိတ်ကိုလုဖို့ကြိုးစားရင်း သူဟာ အဲ့ဒီအမျိုးသမီးရဲ့ သားဖြစ်ကြောင်း...

သူ့အဖေဟာ အာဒီမူရိုင်းဆိုတဲ့ ရှေးကျတဲ့ သိုင်းပညာရှင်ကြီးဖြစ်ပြီး လူတစ်စုရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ကြောင်း သိလိုက်ရပြီး သူတို့နေထိုင်တဲ့ မြို့မှာတင်ရှိနေတဲ့ ရန်သူတွေကို လက်စားပြန်ချေဖို့ အကြောင်း ဖန်လာပါတော့တယ်.....
👍5
Forwarded from CM
ဒီဇာတ်ကားကတော့ သိပ်ပြီး ညွှန်းစရာတောင် မလိုတော့ဘူး ထင်ပါရဲ့ဗျာ။

ဇာတ်ကားတိုင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖိုက်တင်လှလှတွေ သုံးပြီး ရိုက်တတ်တဲ့ ကွန်မန်ဒိုမင်းသားလို့ အများခေါ်တဲ့ Vidyut Jammwalရဲ့ ဒီနေ့ထွက် ကားသစ်တစ်ကားပါပဲ။

ဇာတ်လမ်းအစမှာတော့ ဇနီးမောင်နှံဘဝနဲ့ စမြင်ရပါတယ် ဇနီးချောလေးဟာ နှလုံးနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လုပ်ဖို့ လိုလာခဲ့တယ်။

အားလုံးကို ရင်းရမယ့် ခွဲစိတ်မှုမို့ ဒီခွဲစိတ်မှုဟာ အောင်မြင်ဖို့ သူတို့ဇနီးမောင်နှံအတွက် တော်တော် အရေးကြီးပါတယ်။

မမျှော်လင့်ဘဲ ဆေးရုံကို လက်နက်ကိုင်တွေရောက်လာခဲ့ပါတော့တယ်။

အဲ့ဒီအချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ ဆေးရုံမှာပဲ ရှိနေချိန်ပါပဲ။

လက်နက်ကိုင်တွေနဲ့ သူတို့ ဇနီးမောင်နှံ ဘယ်လို ပတ်သက်နေလဲ၊ ဘယ်လိုဆHက်ဖြစ်ကြမလဲ၊

လက်နက်ကိုင်အဖွဲ့တွေက ဘယ်လို အကြောင်းကြောင့် ဒီဆေးရုံအတွင်းကို ရောက်လာခဲ့လဲ မင်းသားကြီးကရော ဘယ်လိုမျိုး ခုခံတိုက်ခိုက် ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။
👍163
ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့...

သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့

ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲအခွင့် အရေးပေးလိုက်ပါတယ်...

အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့...

ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ်...

တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ်...

အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက
လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ...

ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ..?

သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲ..? ဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်.....
👍126😁1
Forwarded from CM
Dilwale [2015]မြန်မာစာတန်းထိုး
===========

ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး ကဂျိုး တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်းမပြောခင်..ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်။

အဲဒါကတော့ ဒီဇာတ်ကားမှာ ရှုခင်းနဲ့ ဆက်တင်ကိုအထူးဂရုပြုပြီး ဖျော်ဖြေရေးဆန်ဆန် အရောင်အသွေးစုံလင်အောင်ဖန်တီးထားတဲ့အကြောင်းပါ။

အရောင်အသွေးစုံခင်မှုအပိုင်းမှာ တစ်နေရာမှ မလစ်ဟင်းအောင် ဂရုပြုထားပြီး ပန်းချီကားတစ်ချပ်လို ဖန်တီးတင်ဆက်ထားတာ လှပလွန်းပါတယ်။

ဇာတ်လမ်းပုံစံကတော့ မိသားစုတွေရဲ့ ရန်ငြိုးကြောင့် ချစ်ရက်နဲ့ ကွဲကွာနေကြတဲ့ ချစ်သူနှစ်ဦး ကံကြမ္မာအလှည့်အပြောင်းတစ်ချိုးမှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ………။

ဇာတ်လမ်းကို သွက်သွက်လက်လက်တစ်နည်း…
လွမ်းလွမ်းဆွေးဆွေးတဖုံ….
ရယ်ရယ်မောမောတစ်သွယ်…

ပုံစံမျိုးစုံ တင်ဆက်ရာမှာ သီချင်းတွေနဲ့ နောက်ခံ သံစဉ်တီးလုံးတွေက အတော်လေးလိုက်ဖက်ညီပြီး ဇာတ်လမ်းကို အကောင်းမွန်ဆုံးထောက်ပံ့ပေးသွားတာတွေ့ရပါတယ်။

ဖျော်ဖြေရေးဆန်လွန်းတဲ့ ဇာတ်ကားဖြစ်ပြီး
ဇာတ်ကားကြာမြင့်ချိန်ကလဲ ၂ နာရီခွဲလောက်ရှိတဲ့အတွက် အေးအေးဆေးဆေး အနားယူ…
အချိန်ယူ ခံစားကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။
👍137