K.G.F မြန်မာစာတန်းထိုးဇာတ်ကား
30K subscribers
402 photos
229 videos
363 links
Download Telegram
Forwarded from CM
Media is too big
VIEW IN TELEGRAM
𝖵.𝖾.𝗇.𝗄.𝗒 𝖬.𝖺.𝗆.𝖺 [2019]
4👍1
Forwarded from CM
Bollywoodမှာအာဝုလေးပထမဆုံးအကယ်ဒမီရတဲ့ကား

IMDb - 9.1 / 10

လူတစ်ယောက်ကို ပြောင်းလဲစေတာက
အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...

ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး
တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"

ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ
ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့
ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်

အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့
ခွေးလေးတစ်ကောင်

အဲဒီခွေးလေးကို သူမမွေးချင်လို့
မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ
ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး
ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်

သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို
နူးညံ့ပျော့ပျောင်းလာစေပြီး
ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို
အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့

လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌
အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင်
ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့
အကြောင်း ရိုက်ကူးပြသထားတဲ့
မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့်
ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်
👍121
Forwarded from CM
ပွတ်ရှ်ပါ (1)ကို တောင်းထားသူများအတွက်

ဆင်းရဲသားတစ်နေ့လုပ်တစ်နေ့စား ပွတ်ရှ်ပါးဟာ ဆင်းရဲပေမဲ့ ဘယ်တော့မှအောက်ကျို့မခံပါဘူး။
အကြောက်တရားကင်းမဲ့ပြီး သခင်စိတ်အပြည့်ရှိသူပါ။
တစ်နည်းအားဖြင့် လူ့ဂလန့်ပေါ့။
သူဟာ တစ်နေ့တော့ အလွန်ရှားပါးတဲ့ အနီရောင် စန္ဒကူးပင်ခုတ်ပြီး မှောင်ခိုလုပ်တဲ့ ဂိုဏ်းတစ်ခုမှာအလုပ်သွားလုပ်ရတယ်။
ထုံးစံအတိုင်း မှောင်ခိုသမားတွေကို ရဲလိုက်ဖမ်း၊သူ့ကိုမိတော့ ရိုက်ပြီး စစ်မေးတာတောင် ရိုက်တဲ့ရဲကို မောမှာစိုးလို့ ရေတိုက်ခိုင်းလောက်အောင် ဘုဂလန့်ပါပဲ။
နောက်ထပ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အက်ရှင်အကြမ်းစားတွေနဲ့၊တကယ့်အမိုက်စား ပြောဆိုချက်တွေအနဲ့ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားဟာ ပရိသတ်တွေကြား‌အားပေးမှုအများအပြားရရှိထားပြီး
Rating ကလည်းရှယ်မို့ လုံး၀လက်မလွှတ်သင့်တဲ့ ‌ဇာတ်ကားပါလို့ ညွှန်းလိုက်ပါရစေ
12👍8
Forwarded from CM
Am.....aran (2024) “မသေမျိုး” ဇာတ်ကားသစ်

IMDb – 8.5/10
အသစ်ထွက်ရှိလာတဲ့ တောင်ပိုင်းမင်းသား ဆီဗာကာသီကေယန်ရဲ့ တမီးလ်ရုပ်ရှင်ကားကြီးကို
တင်ဆက်ပေးလိုက်ပါတယ်။ ဝင်ငွေအနေနဲ့ရော ပရိသတ်အားပေးမှုရော ကောင်းကောင်းရခဲ့တဲ့
ရုပ်ရှင်လည်းဖြစ်ပါတယ်။

မူကွန်…။ ငါးတန်းကတည်းက ဗိုလ်လောင်းသင်တန်းကျောင်းကို ကွင်းဆင်းလေ့လာရေးသွားရပြီး
ဗိုလ်လောင်းတွေရဲ့ စစ်ချီသံ…ယူနီဖောင်း…ရိုင်ဖယ်နဲ့
ကိုယ်နေဟန်ထားတွေကိုကြည့်ပြီး စစ်သားတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့သူ။
မိခင်ကြီး အတန်တန်တားနေတဲ့ကြားက ချစ်သူလေးရဲ့ အားပေးမှုနဲ့အတူ လက်ရွေးစင်တပ်ဖွဲ့ထဲဝင်ဖို့ ကြိုးစားခဲ့တဲ့ မူကွန်။
ချစ်ရတဲ့သမီးနဲ့မိန်းမ၊ မိသားစုကိုပစ်ထားခဲ့ပြီး တပ်ခွဲမှူးအသစ်အနေနဲ့ နယ်စပ်အနီးတစ်နေရာမှာ တာဝန်ကျချိန်။
လွှတ်တော်ကိုအကြမ်းဖက်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်သမားတစ်ယောက်ကို သေဒဏ်ပေးပြီးတဲ့နောက်
အကြမ်းဖက်သမားတွေဘက်က တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာတဲ့အခါမှာတော့…။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

🎬ဇာတ်ကားကြည့်ရန်ချန်နယ်လင့်အရင်Joinပေးပါနော်🔗🔻

👉 ချန်နယ်အရင်joinပါ 👇

https://t.me/+VF8xrTTpYfRjYWQ1

👉 Movieလင့်👇👇👇

https://t.me/c/2484127392/274

#Credit
👍141
Forwarded from CM
Fury (2014)

IMDb (8.1/10)

၁၉၄၅ ခုနှစ်၊ ဧပြီလ။ 
ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။

အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့ 
နာဇီ ဂျာမနီနိုင်ငံအား
အမေရိကန်မှ
နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။

အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ
ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကားကို
ဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှုတွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
👍62
Forwarded from CM
Unbroken
2014 ‧ War/Drama ‧ 2h 17m

Repost ✔️

မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။

ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။
တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။
IMDb Rating(7.2/10) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

စစ်ပြီးနောက် ဆက်ဖြစ်တဲ့အကြောင်းအရာတွေကိုတော့ slideshow နဲ့ဆက်ပြပါတယ်။ Louie က အိမ်ထောင်ကျပြီး သားသမီး နှစ်ယောက်ရပါတယ်။ Phil လည်း အသက်ရှင်လွတ်မြောက်ခဲ့ပြီး သူ့ချစ်သူနဲ့လက်ထပ်ပါတယ်။ Mutsuhiro “Bird” Watanabe က ထိပ်တန်းဂျပန်စစ်ရာဇဝတ်ကောင် ၄၀ စာရင်းမှာပါပေမယ့် ထွက်ပြေးပုန်းရှောင်နေခဲ့လို့ ဥပေဒေရှေ့မှာ တရားမျှတမှုနဲ့ ရင်မဆိုင်ခဲ့ရပါဘူး။ Louie ဟာ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေးခဲ့ပြီး အများစုနဲ့တွေ့ဆုံခဲ့ပါတယ်။ Watanabe ကတော့ Louie ကို အတွေ့မခံခဲ့ပါဘူး။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ဂျပန်နိုင်ငံ နာဂါနို မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မီးရှုးတိုင်ကို သယ်ဆောင်ပေးခဲ့ပါတယ်။ သူ့ပြေးခဲ့တဲ့နေရာက အရင်က သူနေခဲ့ရတဲ့ စစ်သုံ့ပန်းစခန်းတွေထဲက တစ်ခုရဲ့ အနီးမှာရှိပါတယ်။ အပိတ် title မှာတော့ Louis Zamperini ဟာ အသက် ၉၇ နှစ် ဇူလိုင်လ ၂ ရက် ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကို ပြသသွားပါတယ်။

ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အခါမှာတော့ ဘယ်သူမှချိုးဖျက်လို့မရတဲ့ ခိုင်မာတဲ့ယုံကြည်ချက်တွေအကြောင်းကို အတွေးနယ်ချဲ့နေမိပါတော့တယ်။


🎬ဇာတ်ကားကြည့်ရန်ချန်နယ်လင့်အရင်Joinပေးပါနော်🔗🔻

👉 ချန်နယ်အရင်joinပါ 👇

https://t.me/+VF8xrTTpYfRjYWQ1

👉 Movieလင့်👇👇👇

https://t.me/c/2484127392/280

#Credit
👍62
Forwarded from Movie ရုံတင် အီ♦️
ဘောလီးဝုဒ်ဘုရင်ကြီးရှာရွတ်ခမ်းတို့သားဖနှစ်ယောက်ရှယ်ကြမ်းဦးမည့်ဇာတ်ကားသစ်

THE KING (2025) ဇာတ်ကားသစ်

အသက်ကြီးပေမယ့်မပျက်စီးသေးပဲအောင်မြင်နေဆဲ

ဘောလီးဝုဒ်ဘုရင်ကြီး ရှာရွတ်ခမ်းနဲ့ သမီးဖြစ်သူ

ဆိုဟာနာ တို့ အတူကြမ်းပြဦးမည့်ဇာတ်ကားသစ်

သားဖနှစ်ယောက်ကို တစ်ကားတည်း အတူမြင်တွေ့ရမဲ့ ကာသစ်ကြီး


🎬ဇာတ်ကားကြည့်ရန်ချန်နယ်လင့်အရင်Joinပေးပါနော်🔗🔻

👉 ချန်နယ်အရင်joinပါ 👇

https://t.me/+9tHSUnkIpvwzOWQ1

👉 Movieလင့်👇👇👇

https://t.me/c/2217372086/525

#Credit
👍56🥰43💩2
Forwarded from CM
La.....al Sin.....gh Cha.....ddha [2022]

Comedy, Drama, Romance

ကဲ ကဲ လူရှင်းမယ် လူရှင်းမယ်
အားလုံးစောင့်မျှော်နေကြတဲ့ အမီခန်းရဲ့ ကားသစ်ကြီးလာပါပြီ 🎉..

Forrest Gump Remake ကားလည်းဖြစ်
မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူး

နာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့
အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်

"လိုင်" ဆိုတဲ့ကောင်လေးဟာ ဉာဏ်ရည်အိုင်ကျူ နိမ့်ပါးတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ခြေထောက်ကလည်း မသန်စွမ်းတဲ့သူတစ်ယောက်ပေါ့

ဒါပေမယ့် သူ့အမေက သူ့ကို သူဟာ ဘာမှကွဲပြားနေတဲ့သူ မဟုတ်ကြောင်းနဲ့သူဟာ ဘာမဆိုတတ် စွမ်းနိုင်ကြောင်းကို အမြဲတမ်း သင်ပြပေးတယ်

အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံနေရတဲ့ သူတစ်ယောက်ကျောင်းရောက်တော့ သူ့ဘက်မှာရပ်တည်ပေးတဲ့ပထမဆုံးသူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရတယ်

သူကတော့ "ရူပါ" တဲ့

အဲဒီလိုနဲ့ ရူပါဟာ သူ့ဘဝ သူ့အနာဂတ် သူ့အိပ်မက်ဖြစ်လာတယ်ရူပါတစ်ခွန်းဆို တစ်ခွန်း သူ မဆိုင်းမတွလုပ်တတ်လာတယ်သူ့အမေနဲ့ ရူပါဟာ သူ့ဘဝရဲ့ အကောင်းဆုံးလူတွေပေါ့

အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့
အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ်

စစ်ထဲလည်း ဝင်ဖူးခဲ့တယ် ဘဝကြီးမှာ သူမလုပ်ဖူးတာ မရှိလောက်အောင်အစုံသူလုပ်ခဲ့တယ်

"လိုင်" ဆိုတဲ့ ကောင်လေးဟာဉာဏ်ရည်နိမ့်ပါးသူဖြစ်လင့်ကစား လူတကာထက် တော်တယ်

လူတကာထက် စိတ်ဓာတ်ကောင်းတယ် လူတကာထက် ရိုးသားတယ်

လူတကာထက် ဇွဲကြီးတယ် လူတကာထက် အစွဲအလမ်းကြီးတယ်

သူဟာ တကယ့်ကို အတုယူထိုက်တဲ့ စံနမူနာတစ်ယောက်အဖြစ်လူတိုင်းရဲ့နှုတ်ဖျားမှာ စွဲထင်ကျန်ရစ်တဲ့သူဖြစ်ခဲ့တယ်

ဒီကားလေးဟာ Forrest Gump ကို ပြန်ရိုက်ထားတာဖြစ်တဲ့အပြင်မင်းသားကလည်း အမီခန်းဖြစ်နေတော့ အိန္ဒိယအငွေ့အသက်တွေနဲ့ တစ်မူဆန်းသစ်ပြီး တကယ့်ကိုကြည့်လို့ကောင်းနေမှာ အသေအချာပါပဲ

အဲဒါကြောင့် ကြည့်ဖြစ်အောင် ကြည့်ကြဖို့ အခုလိုပဲ တိုက်တွန်းလိုက်ပါရစေရှင်
👍10
Forwarded from CM
P-i-c-k-e-t 43 (2015)

Salaar ထဲက ပရာဘာစ် သူငယ်ချင်းနေရာ
သရုပ်ဆောင်တဲ့ မင်းသား Pruthviraj ရဲ့
၂၀၁၅ ကထွက်တဲ့ Picket 43 ဇာတ်ကားက
IMDB rating 7.2 ရထားပြီး ပရိသတ်တွေ
တောင်းဆိုလာလို့ B-Town က ဘာသာပြန်
တင်ဆက်လိုက်ပါတယ်။

မွေးရပ်မြေကိုတမ်းတနေတဲ့ နှစ်နိုင်ငံနယ်စပ်စောင့်
စစ်သားနှစ်ယောက် မတည့်အတူနေရာကနေ ခင်မင်
ရင်းနှီးသွားပြီး သူတို့ရဲ့ မတူတဲ့ဘဝတွေ၊ မတူညီတဲ့
ခံစားချက်တွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံအပေါ်ထားတဲ့
သဘောထားတွေ၊ အနှစ်သာရအပြည့်နဲ့ ရင်ထဲမှာ
တစ်ခုခုကျန်ခဲ့စေမယ့်ကားလေးဖြစ်ပါတယ်။

ဟာရီကတော့ အိန္ဒိယစစ်တပ်မှာ အမူထမ်းနေရပြီး
လက်ရှိတာဝန်ကိုတော့ အစောင့်‌စစ်သားတိုင်းသေပြီး
အပစ်အခတ်များတဲ့ နယ်စည်းရိုး အမှတ် 43 မှာ
တစ်ယောက်တည်း သွားစောင့်ရမှာ ဖြစ်ပါတယ်။
သူ့မှာနောက်ဆံတင်းစရာ ချစ်သူနဲ့ အမေဖြစ်သူ
ကျန်နေပါတယ်။ ဒါမယ့်လည်း တာဝန်အရဆိုတော့
စစ်ခွေးလေး ဘက်ကာဒီနဲ့ အတူ နယ်စပ် ခြံစည်းရိုး
43 စခန်းမှာ တကိုယ်တည်း ကင်းစောင့်ရပါတယ်။
တစ်ဖက်မှာ ပါကစ္စတန်စစ်သား မိုရှာရက်ဖ်ကလည်း
မိန်းမနဲ့ သားသမီးတွေကိုထားခဲ့ပြီး တစ်ကိုယ်တည်း
ကင်းစောင့်နေရပါတယ်။ ဒီလိုနဲ့ တောင်ကုန်းပေါ်မှာ
စကားပြောစရာ သူတို့၂ယောက်ပဲရှိတော့ မတည့်တဲ့
နှစ်နိုင်ငံက စစ်သားအချင်းချင်း တဖြည်းဖြည်းနဲ့
ခင်မင်လာကြပြီး အတွေးအမြင်ဖလှယ်၊ စကားတွေ
ပြောရင်း တစ်ယောက် ခံစားချက်ကိုတစ်ယောက်
နားလည်လာကြပါတယ်။ တနေ့ သူတို့ နှစ်ယောက်
စောင့်နေတဲ့ စခန်းကို စစ်သွေးကြွတွေလာတိုက်ကြတဲ့
အခါမှာတော့ သူတို့တွေ ဘယ်လိုပူးပေါင်းခုခံကြမလဲ။
တစ်နိုင်ငံနဲ့တစ်နိုင်ငံရော အပြန်အလှန်ခွင့်လွှတ်ပြီး
နားလည်ပေးနိုင်ကြမလားဆိုတာကို အဓိပ္ပာယ်ပေါင်း
များစွာနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး။
👍9😁1
Forwarded from ကာတွန့်🥰
Luca (2021)

ဒစ်စနေးနဲ့ ပစ်စာ တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အနီမေးရှင်း လှလှလေး တစ်ကားလာပါပြီ။

ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ အီတလီအခြေခံ ကာတွန်းလေးဖြစ်လို့ အီတလီ စကားလေးတွေ ညှပ်ပြောတာ၊ အီတလီနာမည်တွေ၊ အစားအသောက်တွေ ပါတာများပါတယ်။

လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာနေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။ ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။

အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူ
ကုန်းပေါ်ကို ခိုးတက်သွားမိတယ်။

အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီး ဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။ ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။

သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါ အတူပါဝင်ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့

ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦး။


👉 Movieလင့်👇👇👇

https://t.me/stomovie8/4159
https://t.me/stomovie8/4159

#Credit
👍42
Forwarded from CM
Bajirao Mastani [2015]

တည်တည်ငြိမ်ငြိမ်နဲ့ အေးဆေးလေး ကော်ဖီလေးသောက်ရင်း ဒရာမာဆန်ဆန် ဇာတ်ကားကောင်းကို ကြည့်ချင်သပဆိုရင်တော့..ဒီကားလေးကိုပဲ ရွေးချယ်လိုက်ပါ ။

ဇာတ်လမ်းအညွှန်း
•••••••••••••••••••••

စစ်သူရဲကောင်း ဘာဂျီရော၀် ဟာ စစ်ပရိယာယ်
ကြွယ်၀လှပြီး တိုင်းပြည်ရဲ့အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး ဖြစ်ပါတယ်။

သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း ပိုင်ဆိုင်ထားသူပါ။

တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး  မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက် ပေးပါရန် အကူညီတောင်းခံလာခဲ့သည်။

ဘာဂျီရော၀်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင် ရရှိခဲ့လေသည်။

ထို့နောက် ဘာဂျီရော၀်ဟာ မင်းသမီးလေးကို ချစ်မြတ်နိုးလာပြီး သူမပြန်ခင်အချိန်မှာ သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။

မင်းသမီး မာစတီးနီ တို့တိုင်းပြည်မှာတော့ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့် တောင်းခြင်းလို့ အဓိပါ္ပယ် သက်ရောက်ပြီး ဘာဂျီရော၀် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကိုတယုတယ..သိမ်းထားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်းအနေဖြင့်
👍42
Forwarded from ကာတွန့်🥰
မြေအောက်မြို့တော်မှာ နေကြတဲ့ရှေးဟောင်း မံမီသုံးကောင်ဟာ ယနေ့ခေတ်လန်ဒန်မြို့ပေါ်ကို မတော်တဆရောက်လာတဲ့အခါ.....

Mummies ( 2023 ) 📱
================

ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။

ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။

အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတို့ရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို့ အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖို့လိုတယ်လို့ ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။

အဲဒီအလောင်းတွေကို မံမီတွေလို့ခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လို့ခေါ်ရာကနေ ဆင်းသက်လာတာပါ။

အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။


🎬ဇာတ်ကားကြည့်ရန်ချန်နယ်လင့်အရင်Joinပေးပါနော်🔗🔻

👉 ချန်နယ်အရင်joinပါ 👇

https://t.me/+WxvtSsqkIfMzMzk1

👉 Movieလင့်👇👇👇

https://t.me/c/2150404424/496

#Credit
👍31
Forwarded from CM
Arundhati [2009] မြန်မာစာတန်းထိုး
==============

IMDB rating 7.2/ 10

Horror,

ဒီဇာတ်ကားလေးဟာနှစ်ဘ၀ကလဲ့စားကားအဖြစ် လူသိများခဲ့ပြီး IMDB rating 7.2/ 10 ရရှိထားတဲ့အတွက် ဇာတ်ကားကောင်း တစ်ကားလားလို့ မေးခွန်းထုတ်ဖို့ မလိုအပ်တော့ပါဘူး

ဇာတ်လမ်းအကျဉ်း
~~
ဟိုက်ဒရာဘတ် ဆိုတဲ့မြို့လေးမှာ အာနန္ဒသီ နာမည်ရှိ မိန်းကလေး မင်္ဂလာဆောင် ကျင်းပမယ့်ဇာတ်၀င်ခန်းနဲ့ အစပျိုးထားပါတယ်

သူမရဲ့ အဘိုးကေတာ့ သူမတို့ ငယ်စဉ်ကဇာတိဆီသွားရောက်ပြီး မင်္ဂလာဆောင် ချိန်ရက်မြတ်ကို သွားယူခဲ့ပါတယ် မြို့လေးနာမည်ကတော့ ဂတ်ဝဲ မြို့လေးပါ။

မြို့၀င် နေရာလေးနဲ့ အနည်းငယ်ဝေးတဲ့ နေရာမှာတော့ အိမ်အိုဟောင်းလိုလို နန်းတော်လိုလို ရှိနေပါတယ်။

အဲ့ဒီနေရာ မှာတော့ မကောင်းဆိုးဝါး ဝိညာဉ် တစ္ခုဟာ ဂူသွင်း ပိတ်ထားခံရပါတယ် တစ်ညမှာတော့ အာနန္ဒသီ ရဲ့အဘိုးစေခိုင်းမှုကြောင့် ဆူရွီလာ ဆိုတဲ့ အိမ်ဖော်မလေးဟာ သူမရဲ့ယောက်ျားနှင့်အတူ ဟိုက်ဒရာဘတ် ရွိ အာနန္ဒသီ တို့ဆီ မင်္ဂလာဆောင် ရက်မြတ်တွက်စာစောင် ကို ပေးရန်အသွား အိမ်အိုကြီးရဲ့ ဝိညာဉ် က တားဆီးလိုက်ပါတယ်။
👍12🥰21
Forwarded from CM
Fateh (2025)😅
============
IMDb: 7.7/10
Genre: Crime/Thriller/Action
Language: Hindi

၂၀၂၅မှာ အိန္ဒိယအက်ရှင်ကောင်းတွေ စိတ်ဝင်စားလာဖို့ကောင်းလာတဲ့အတိုင်း အခုအက်ရှင်ကားကြီးကလည်း အလန်းကြီးဖြစ်ပါတယ်။

ဂန်းစတားဟောင်းကြီး ဖာတက်ရှ်က သူ့အရင်အတိတ်ကဘဝကို ချန်ထားခဲ့ပြီး ပွန်ဂျာ့မှာ ဘဝအသစ်စနေချိန်မှာ ရွာသူလေးတစ်ယောက်က ချေးငွေအက်ပ်တစ်ခုကြောင့်နဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းနဲ့ ပက်သက်မိသွားပါတယ်။

အဲ့လိုကနေ ရွာသူလေးကို လိုက်ရှာပြီးကယ်တင်ရာကနေ ဖာတက်ရှ်တစ်ယောက် ဒီဆိုက်ဘာရာဇဝတ်အသိုင်းအဝိုင်းတစ်ခုလုံးကိုပါ ဘယ်လိုလိုက်ရှာပြီး ဖြိုချပစ်ဖို့ လုပ်မလဲဆိုတာ ကြည့်ရှုရမယ့်ကားလေးဖြစ်တဲ့အပြင် ပစ်တာခတ်တာကအစ တကယ်ပီပင်လွန်းတဲ့အတွက် အစစ်လားလို့တောင်ထင်ရစေပြီး အရမ်းမိုက်တဲ့ ကားလေးဖြစ်တဲ့အတွက် စောင့်ကြည့်ပေးကြပါဦး

Review By Bella
Translated By Htet Shweyi, Bella, Kyaw Zin

🎬ဇာတ်ကားကြည့်ရန်ချန်နယ်လင့်အရင်Joinပေးပါနော်🔗🔻

👉 ချန်နယ်အရင်joinပါ 👇

https://t.me/+9tHSUnkIpvwzOWQ1

👉 Movieလင့်👇👇👇

https://t.me/c/2217372086/558

#Credit
👍152🥰1