𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
6.76K subscribers
4.23K photos
654 videos
102 files
288 links
For Relaxation 🌱


start D.. 27.6.2023
Download Telegram
Water manifestation


ဒီနေ့တော့ Auraက water manifestation လေးအကြောင်းပြောပြချင်ပါတယ်။
ဒီနည်းလမ်းလေးက အရမ်းကိုလွယ်ကိုပါတယ်။ကိုယ့်ဆန္ဒတွေလည်း အမြန်ဆုံးပြည့်ဝပါတယ်နော်။

လိုအပ်တဲ့ ပစ္စည်းကတော့ ဖန်ခွက် အကြည်ရောင်တစ်ခွက်နဲ့ ရေပဲလိုပါတယ်။

ပထမဆုံး ဖန်ခွက်ထဲကို ကိုယ်သောက်နိုင်မဲ့ ရေပမာဏထည့်ပါ။
ပြီးရင် အဲ့ဖန်ခွက်ကိုကိုင်ပြီး ကိုယ်ဖြစ်ချင်တာကို ပြောပါ။

ဥပမာ- သူ့စီက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကို ရလို့ အရမ်းကိုပျော်ရွှင်ပါတယ်။
-စာမေးပွဲမှာ အမှတ်များတဲ့အတွက်လည်း အရမ်းကို ပျော်ရွှင်ပါတယ် ။

အဲ့သလိုမျိုးကိုယ်ဖြစ်ချင်တာကိုရွတ်ပါ ။ရွတ်တဲ့အချိန်မှာလည်း တကယ်ဖြစ်နေသလို ခံစားချက်ထည့်ပေးပါ။သောက်နေတုန်း ကိုယ့်ဆန္ဒဖြစ်လာတာကို မြင်ယောင်ပေးပါ။

ဒီနည်းလေးက အရမ်းကိုလွယ်ကူပြီး အမြန်ဆုံးပြည့်ဝပါတယ်နော်။

Auraကတော့ နေ့တိုင်းလုပ်ဖြစ်ပါတယ်ရှင်။

#Aura
#Caleyar
9.1.2026
❤22🔥1
ㅌူးㅅန်းㄹိုက်ㄷါ
ㄴားㄹယ်ㄲယ် 🙂‍↔️🙌


ဘာသာပြန်
ဟိုင်း။
ဘာလုပ်။
စားပြီးပြီလား။
ခင်ချင်လို့။


#𝓛𝓲𝓵𝔂 ☾ K̰̃҉⃠☽ #𝐍𝐊𝐌 ကုမုဒြာ
#funny #from_fb #credit
🤣19❤2
Energy မြင့်မားပြီး အမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်ချင်တယ်ဆိုရင်
ကိုယ့်ဘေးနားက negative energy ရှိတဲ့လူတွေရှောင်လိုက်ပါ။

ငွေကြေးနဲ့ပတ်သတ်ရင်လည်း အမြဲမရှိဘူးငြီးငြူနေတဲ့လူတွေနဲ့သာ ဝေး"ရှောင်။အဲ့လို ငြီးငြူသံ‌တွေကြောင့် ကိုယ့်စီပါ လာဘ်ပိတ်စေတဲ့ သူတို့ negative energy တွေရောက်လာလိမ့်မယ်။


Negative energy ရှိတဲ့ ဘူကောင်တွေနဲ့ဝေး" သာရှောင်နေ။ကိုယ်တိုင်ကလည်း positive mindset ကိုထားပေး။ဒါဆို အရင်ကနဲ့မတူဘဲ အဆင်ပြေမှုလေတွေရရှိလာလိမ့်မယ်။

#Auar
❤21
လူရယ်လို့ဖြစ်လာရင် ကိုယ်ချစ်ရတဲ့လူကိုတော့ အမြဲတမ်းအနားမှာရှိစေချင်ကြတာပဲ။ကိုယ်ချစ်တဲ့လူစီကနေလည်း တူညီတဲ့ချစ်ခြင်းမျိုးလိုချင်ကြတာပါပဲ။

ဒါမဲ့ အဆုံးထိအတူရှိမယ် မရှိဘူးဆိုတာကတော့ ကိုယ်နဲ့သူရဲ့ ရေစက်တွေနဲ့လည်းဆိုင်တာပါပဲ။

တွေ့ဆုံခြင်းတွေက ဝဋ်ကြွေးဆပ်ဖို့လည်းရှိသလို၊အတူပေါင်းဖက်ရဖို့လည်းရှိတယ်။
ဘယ်လိုအကြောင်းကြောင့်တွေ့ဆုံရပါစေ ကိုယ်ကနောင်တရမဲ့လူမဖြစ်ပါစေနဲ့။ကိုယ်တတ်နိုင်တာလုပ်ပေးပါ။အကောင်းဆုံးချစ်ပေးပါ။ဝဋ်ကြွေးကြောင့်ဆုံရတယ်ဆိုတောင် သင်ခန်းစာယူပြီး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ပြင်ဆင်လို့ရတယ်။

ဆုံတွေ့ရရင်လည်းအကြောင်းဖန်ပြီးဆုံရသလို ကွကွာချိန်ကျရင်လည်း စကားလေးတစ်ခွန်းကြောင့်တောင် အပြီးသတ်ဝေးသွားနိုင်တယ်။

လူတစ်ယောက်နဲ့ ဆုံရခြင်း မဆုံရခြင်းက သူ့အချိန်နဲ့သူ သတ်မှတ်ပြီးသားပါပဲ။


#Aura
#Caleyar
❤19🍓1
Reading the books by ears

အခုလူငယ်တော်"များ" က စာဖတ်ဖို့အချိန်မရှိတာ၊social media အသုံးများပြီးစာမဖတ်ဖြစ်တာ အစရှိတဲ့ အကြောင်းတွေကြောင့် စာအုပ်တွေ သိပ်မဖတ်ဖြစ်ကြပါဘူး။

ကလျာကိုယ်တိုင်လည်း အရင်လောက်စာအုပ်ကိုမဖတ်ဖြစ်ပါဘူး။ကျောင်းစာတွေနဲ့မအားတာရော ပျင်းနေတာတွေရောကြောင့်ပါ။

ဒါမဲ့အခုနောက်ပိုင်း စာအုပ်ကို မျက်စိနဲ့‌သေချာလေးမဖတ်ဖြစ်ပေမဲ့ နားနဲ့တော့ ဖတ်ဖြစ်ပါတယ်။

YouTubeနဲ့shwenote ကနေ စာအုပ်တွေနားထောင်ဖြစ်ပါတယ်။မနက်ခင်းသန့်ရှင်းရေးလုပ်နေချိန်၊အဝတ်စားသိမ်းချိန်၊skin careနေချိန်၊နေ့ခင်းအလုပ်လုပ်ရင်း အမြဲ နားနဲ့စာဖတ်ပါတယ်။အကြာကြီးမဖတ်နိုင်တောင် အနည်းဆုံး ၁၀မိနစ်လောက်တော့ နားထောင်ပါတယ်။
စာအုပ်အနှစ်ချုပ်တွေ၊စာပေဟောပြောပွဲတွေ၊ကိုယ်လေ့လာနေတဲ့ spiritual အကြောင်းတွေ ကို အမြဲလေ့လာနားထောင်ဖြစ်ပါတယ်။

သူ့ရဲ့အားသာချက်ကတော့ အချိန်အကြာကြီးမပေးရပဲ စာအုပ်တစ်ခုလုံးရဲ့ ဆိုလိုရင်းကိုနားလည်တာ၊စာပေဟောပြောပွဲဆိုလည်း စာရေးဆရာတွေဆီက သူတို့အတွေ့ကြုံတွေကို အတုယူလို့ရတာ၊မျက်လုံးထိခိုက်မှုနည်းပါးတာ၊အာရုံစူးစိုက်မှုကောင်းတာ တွေပဲဖြစ်ပါတယ် ။

နားနဲ့စာဖတ်ဖို့ သပ်"အချိန်ပေးနေစရာမလိုပါဘူး။ကိုယ်တစ်ခုခုလုပ်နေတဲ့အချိန်လေးမှာ ဖတ်လို့ရပါတယ်။

စာအုပ်တွေကို မဖတ်ဖြစ်တောင် ဗဟုသုတအမြဲရဖို့ အချိန်လေးခဏပေးပြီး နားနဲ့စာဖတ်လိုက်နော်။

#Aura
13.1.2026
❤18
‎ငှက်မွေးလေး ကျဆင်းသည့်အလား
‎ခြေဖဝါးနုနုလေး မြေကြီးနှင့်ထိသည့်ခိုက်
‎ဟန်ချက်ညီစွာ ဆံကေသာပါ
နိမ့်ချည် မြင့်ချည်ဖြင့်
‎ကာရန်ညီစွာ လှနေတော့သည်။
‎မေတ္တာတရားဟာ အချစ်သံစဥ်ဆို
‎မမရဲ့နားဆွဲသံဟာ အချစ်၏ပဲ့တင်သံပင်။

#Bluesky #မမ
❤20
Affirmation (အတည်ပြုရွတ်ဆိုခြင်း)

Affirmation ဆိုတာက ကိုယ်ယုံကြည်လိုတဲ့အခြေနေ၊စိတ်ကူးဒါမှမဟုတ် ကိုယ်ဖြစ်ချင်တဲ့အရာတွေ စိတ်ထဲ ဒါမှမဟုတ် နှုတ်ကနေ ထပ်ခါထပ်ခါ ရွတ်ဆိုခြင်းပဲဖြစ်တယ်။

ဥပမာ- ငါဟာ ဆွဲဆောင်မှုရှိပြီး ညို့ငင်အားကောင်းတဲ့သူဖြစ်တယ်။
ငါဟာ တကယ်ကို ထူးချွန်တဲ့သူဖြစ်တယ်။

Affirmation ကိုရွတ်တဲ့အခါ လက်ရှိပစ္စပ္ပုန်မှာဖြစ်နေသလို အနေထားနဲ့ရွတ်ရပါတယ်။ ဒါ့အပြင် Affirmation ကိုတွေ အနည်းဆုံး21 ရက်တိတိရွတ်ဆိုပေးရပါတယ်။ဘာလို့လဲဆိုတော့ သိပ္ပလေ့လာချက်တွေအရ လူသားတွေရဲ့စိတ်ဟာ အကျင့်တစ်ခုကို စွဲမြဲဖို့ အချိန် 21ရက်ကြာပါတယ်။ကလျာတို့စိတ်ကိုလည်း reprogram လုပ်ဖို့ Affirmation ရွတ်တာကို 21ရက်တိတိရွတ်ပေးရပါတယ်။ အဲ့တာမှ မသိစိတ်မှာ သွားစွဲပြီး တကယ်ဖြစ်လာမှာပါ။


Affirmation ရွတ်ဆိုခြင်းက စိတ်ကို ပေါ့ပါးစေတယ်။မကောင်းမြင်စိတ်ကို လျော့ကျစေပြီး ကောင်းမွန်တဲ့အတွေးတွေကို တွေးလာနိုင်စေပါတယ်။ကိုယ်လိုချင်တဲ့အရာ၊ကိုယ်ရည်မှန်းတဲ့အရာကို နေ့စဉ်ရွတ်ဆိုတဲ့အတွက် ကိုယ့်ပန်းတိုင်ကို အာရုံအပြည့်စူးစိုက်နိုင်ပါတယ်။ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်းတိုးလာစေပါတယ်။


ကလျာ့တုန်းက Affirmation ၊ manifestation တွေအကြောင်းမသိပါဘူး။လွန်ခဲ့တဲ့နှစ်က break upဖြစ်တဲ့အချိန်မှာ ညအိပ်ခါနီးစိတ်ပေါ့အောင် ရွတ်ပါတယ်။သူပြန်လာမယ်ဆိုတာကိုရော ရွတ်ပါတယ်🥲။ ရွတ်ပြီးရက်ပိုင်းအတွင်း စိတ်မှာ အဲ့အရာတွေ တကယ်ဖြစ်လာမယ်လို့ ယုံကြည်လာပါတယ်။တစ်ပတ်လောက်နေတော့ ကိုယ်တောင်ဆက်သွယ်စရာမလိုပါဘူး။ညကြီး သူ့ဟာသူတောင်းပန်ပြီး ပြန်အဆင်ပြေဖို့ လမ်းစလာပါတယ်။ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း အရင်ကထက် ပိုကြည်လင်လာပါတယ်။အခုနောက်ပိုင်းဆို စိတ်တွေရှုပ်ချိန်၊ မကောင်းတာတွေးမိချိန်မှာ သူ့ရဲ့ဆန့်ကျင်ဘက် ကောင်းတာကို ပြောင်းတွေးလိုက်ပါတယ်။affrimation အဖြစ် ရွတ်လိုက်ပါတယ်။အရင်လိုမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာမှာ တကယ်ကို နေလို့ကောင်းပါတယ်။
ဒါကြောင့်မို့ Affirmation အကြောင်းကို သိသလောက်လေးမျှဝေလိုက်တာပါနော်။သိချင်တာရှိမေးလို့ရပါတယ်။


#Aura
#Caleyar
16.1.2026
❤22❤‍🔥1
အခုနောက်ပိုင်း အဆင်မပြေမှုတွေကြုံနေတဲ့အချိန်မှာ ငါမှဖြစ်နေရလားဆိုတဲ့အတွေးနဲ့စိတ်ထက် ဒါက ငါ့ကို စမ်းသပ်နေတာလို့ပဲတွေးပြီး ကျော်ဖြတ်လာနိုင်တယ်။

အရင်လို ဒါတွေကငါ့မှပဲဖြစ်ရလားဆိုပြီး တွေးနေရင် စိတ်ကပိုပင်ပန်းရတယ်။စိတ်က မကြည်လေ အခြေနေတွေပိုစိုးလေပဲ။

ဒါကြောင့် အခက်အခဲတွေကြုံလာရင် ဒါက ငါ့ကိုစမ်းသပ်နေတာ ၊ဒီအရာက ရက်ပိုင်းတွင်း သူ့ဟာနဲ့သူပြေသွားမှာလို့တွေးပါ။ကိုယ်မထင်ထားတဲ့နေရာကနေလည်းအဆင်ပြေသွားတာမျိုးရှိလာပါလိမ့်မယ်။


#Aura
#Caleyar
❤23
လူတွေတော်တော်များများက သူများစီက အာရုံစိုက်တာခံချင်၊ အချစ်ခံချင်၊ လက်ဆောင်ပေးတာခံချင်ကြတယ်။

မရရင် ကိုယ်ပဲ စိတ်ညစ်ရမယ်။

ကိုယ့်ကိုယ်ကိုယ်သာ ကြိုးစား၊ ကိုယ်ရည်ကိုယ်သွေးကြည့်။

အောင်မြင်လာတဲ့တစ်နေ့ မလိုချင်ပါဘူးဆိုပြီး ငြင်းလွှတ်ရတဲ့ထိ လာပြီး ဖားကြပါလိမ့်မယ်။

ပေးချင်တဲ့message လေးကတော့ တခြားသူများစီမှ attention ရယူချင်နေမယ့်အစား မိမိကိုယ်သာ ကြိုးစားပါ။

ကိုယ့်ကိုယ်ကိုယ် မြေသြဇာကျွေးပါ
ရေလောင်းပါ

အသီးသီးရင် ခူးစားဖို့
လာကြပါလိမ့်မယ်။😁

#Bluesky
❤26
😆🤌




#𝓛𝓲𝓵𝔂 ☾ K̰̃҉⃠☽ #𝐍𝐊𝐌 ကုမုဒြာ
#funny #from_fb #pic_crd
🤣22❤3👍1🍾1
(Healthy Habits)

ရေသောက်ခြင်း – နေ့စဉ် လုံလောက်စွာရေသောက်ပါ 💧
အိပ်ချိန်မှန်မယ် – နေ့စဉ် ၇–၈ နာရီအိပ်ပါ 😴
အစားအသောက်ကျန်းမာစွာ စားမယ် – အသီး၊ ဟင်းသီးဟင်းရွက်များ စားပါ 🍎🥦
ခန္ဓာကိုယ်လှုပ်ရှားမှု – အားကစား၊ ကောင်းမွန်တဲ့ အလှုပ်အရှားများ ⚽🏃‍♀️💃
မျက်နှာသန့်ရှင်းမှု – မနက်စောစော၊ ညနေမှာ မျက်နှာဆေးပါ 🧴

အပေါင်းအဖော်နဲ့အပျော် – စိတ်ကျန်းမာရေးအတွက် ရယ်စရာကောင်းတဲ့ အချိန်ဖြုန်းပါ 😄💖

#amoon
❤17
"The power of gratitude"

Manifestation လို့ပြောလိုက်ရင် gratitude ဆိုတဲ့ ကျေးဇူးတင်ခြင်းက မပါမဖြစ်ပါ‌။
ကျေးဇူးတင်ခြင်းဆိုတာ ကိုယ့်မှာရှိတဲ့အရာတွေကို သေးသေးလေးကစ ကျေးဇူးတင်တာ၊အတိတ်ကအရာတွေကို ကျေးဇူးတင်တာ၊အနာဂတ်မှာ ဖြစ်ချင်တဲ့အရာတွေကို ကျေးဇူးတင် နေထိုင်ခြင်းပဲဖြစ်ပါတယ်။

ကျေးဇူးတင်လိုက်တယ်ဆိုရင် ကျွန်တော်တို့ စိတ်က လက်ခံနိုင်စွမ်းမြင့်လာတာနဲ့အတူ ကောင်းမွန်တဲ့ energy, frequency တွေကို ထုတ်လွှင့်ပါတယ်။အဲ့လိုကောင်းမွန်တဲ့ energy များလေလေ manifestation တွေအမြန်ပြည့်ဝလေလေပါပဲ။

Gratitude (ကျေးဇူးတင်ခြင်း)ကို စလုပ်ချင်ရင် ပထမဆုံးက ကိုယ့်မှာဖြစ်နေသမျှအရာအားလုံးကို လက်ခဲတတ်ခြင်းကစပါတယ်။
ကိုယ့်ရဲ့ လက်ရှိပစ္စပ္ပုန်မှာဖြစ်နေတဲ့ ကောင်းတာတွေရော၊မကောင်းတာတွေရော အရာအားလုံးကို လက်ခံလိုက်ပါတယ်။ပြီးရင် ကိုယ့်ဘဝမှာ ကျေးဇူးတင်စရာတွေကို စတင်ရှာဖွေပါ။ဘယ်အရာပဲနေပါစေ စိတ်ထဲက လှိုက်"လှဲ" ကျေးဇူးတင်ပါ။

ဥပမာ-မနက်ခင်းနိုးလာရင် ဒီနေ့နိုးထရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ဒီအရွယ်ထိရောက်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ပေးတဲ့ မိဘနှစ်ပါးကိုလည်းကျေးဇူးတင်ပါတယ်။ဒီနေ့မှာဝင်လာမဲ့ ငွေတွေကိုလည်းကျေးဇူးတင်ပါတယ်။

အဲ့လိုမျိုးလေး ကျေးဇူးတင်ကြည့်ပါ။ကျေးဇူးတင်စကားပြောချိန် စိတ်ထဲက အစစ်အမှန်ခံစားချက်နဲ့ပြောပါ။(၁၀)ရက်လောက်လုပ်ရင်ကို သိသာတဲ့ result တွေရလာပါလိမ့်မယ်။

ကျေးဇူးတင်ခြင်းကြောင့် ကလျာတို့ စိတ်တွေဟာ ကြည်လင်လာတယ်။လက်ခံနိုင်စွမ်းလည်းမြင့်မားလာပါတယ်။စိတ်ရောကိုယ်ရော အကြည်ဓာတ်ရရှိစေတယ်။
လိုချင်ရာကို အလွယ်တကူ ရရှိစေပါတယ်။ positive mindset ကိုလည်းရရှိစေပါတယ်။ ဒါတွေက ကလျာ့အတွေ့အကြုံအရ ရရှိတဲ့ result တွေပါ။

ဒါဆို အခုပဲ ကိုယ့်ဘေးနားက ကျေးဇူးတင်ရမဲ့အရာလေးတွေကို ကျေးဇူးတင်လိုက်ကြပါနော်။


#Aura
#Caleyar
❤18
စက္ကူပန်း, စက္ကူပန်း
Myaing & Ketho, Myaing & Ketho
အဖြူရောင်ရော်ရွက်ဝါလို💓

#Mask
Please open Telegram to view this post
VIEW IN TELEGRAM
❤13🍓2❤‍🔥1
KBZကိုပဲ နှိပ်စက်လှချည်လား ထင်ထားတာ
Bagan keyboardကပါ အနာပေါ် ဆားပတ်တယ်ဗျာ...😰

တော်ပြီ keyboard ပြောင်းပြီ✋🤨

#Bluesky #funny
🤣25❤3
Snack စားချင်တဲ့အချိန် Junk food မစားဘဲ ဒီကျန်းမာတဲ့ Snack များကို ရွေးချယ်ကြရအောင် 💚✨

🍎 ကျန်းမာရေးကောင်းစေတဲ့ Snack များ (Healthy Snack List)

1️⃣ ပန်းသီး 🍏
ဗီတာမင်များ ပါဝင်ပြီး အားကို ကောင်းစေပါတယ်။
2️⃣ ငှက်ပျောသီး 🍌
စွမ်းအင်မြင့်စေပြီး အစာကြေစနစ်ကို ကောင်းစေပါတယ်။
3️⃣ ပဲမျိုးစုံ 🥜
Protein ပါဝင်လို့ ခန္ဓာကိုယ်အားကောင်းစေပါတယ်။ (အနည်းငယ်သာ စားပါ)
4️⃣ ယောဂတ် yogurt 🥛
အစာကြေစနစ်အတွက် ကောင်းပြီး ကျန်းမာရေးအတွက် အသင့်တော်ပါတယ်။
5️⃣ ဟင်းသီးဟင်းရွက်များ 🥕🥒
Carrot, Cucumber စတာတွေကို အလွယ်တကူစားနိုင်ပါတယ်။
6️⃣ ကြက်ဥပြုတ် 🥚
Protein မြင့်ပြီး အချိန်ကြာ တည်စေပါတယ်။
7️⃣ သစ်သီးဖျော်ရည် (သကြားမထည့်ပါနဲ့) 🥤
သဘာဝသစ်သီးဖျော်ရည်က အကောင်းဆုံးပါ။

#amoon
❤23🍓2🤔1