𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
6.75K subscribers
4.23K photos
654 videos
102 files
288 links
For Relaxation 🌱


start D.. 27.6.2023
Download Telegram
2025ရဲ့ နောက်ဆုံးရက်လေးရောက်ပီနော်။ morning❤️

#amoon
❤21
ဒီလောကကြီးမှာလေ....

အတော်ဆုံးဆိုတဲ့ တော်တဲ့သူတွေများပါတယ်။

အလှဆုံးဆိုတဲ့ သိပ်လှပတဲ့သူတွေလည်းများပါတယ်။

ဒါကြောင့်မင်းက အပျော်ရွှင်ဆုံးသာမန်လူသားလေး
ဖြစ်ရင်ရပါပြီ။

အပျော်ရွှင်ဆုံး သာမန်လူအဖြစ် ရှင်သန်သွားရင်ရပါပြီ။


lavenderpan -လာဗန်ဒါပန်



Happy New Year! 🤍🤍
May this new year bring you peace, gentle moments, and happiness.


𓄹𝅄🫧᪲꧔
#𝓛𝓲𝓵𝔂 ☾ K̰̃҉⃠☽ #𝐍𝐊𝐌 ကုမုဒြာ
𓄹𝅄🫧᪲꧔
#quote #pic_crd #for_you
❤15
နှစ်သစ်မှာ စိတ်ချမ်းသာဖို့က အဓိကပါ

ထို့ကြောင့် 1.1.2026ကို အပြုံးများ၊ ချစ်ရသူများနှင့် သောက ကင်းဝေးတဲ့ရပ်ဝန်းလေးမှာ အေးချမ်းစွာ နေသွားပါနော်

လက်လွှတ်သင့်တဲ့တာတွေ လက်လွှတ်ပြီး ကိုယ့်အရည်အချင်း ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားမယ့်ရပ်ဝန်းလေးကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ

ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ

အနာဂတ်တက်လမ်းများကို ရှာဖွေတွေ့ရှိနိုင်သူများ ဖြစ်ကြပါစေ

ချစ်ရသူများနှင့် တူတူဖြတ်သန်းသွားနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်🥰


#Bluesky #newyear
🔥50💯41🥰40❤37❤‍🔥37👍36😍30🎉25🤩25
🤩🎉 Happy New Year!
Thank you all for your support and love ✨😭

#amoon
❤18🍓1
ကြိုး စားပါ။

ကြိုးကုန်ရင် အသစ်ဝယ်ပါ။😆🫰



Good morning 🍀💚



#𝓛𝓲𝓵𝔂 ☾ K̰̃҉⃠☽ #𝐍𝐊𝐌 ကုမုဒြာ
#funny #from_fb #pic_crd
🤣21
"Overthinking"

အတွေးလွန်ခြင်းတဲ့။အခုတလော ကိုယ့်ပတ်ဝန်းကျင်မှာ အတွေးလွန်တယ်ဆိုတဲ့အကြောင်း မကြာခဏကြားရတယ်။အထူးသဖြင့် Aura တို့လို ဆယ်ကျော်သက် တွေစီကနေပိုကြားရတယ်။
ကိုယ်တိုင်ကလည်း အရင်က အတွေးလွန်ခဲ့ဖူးတယ်။အခုထိလည်းတစ်ခါတစ်ရံလွန်မိသေးတယ်။အတွေးလွန်ခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိူးက ပိုများပါတယ်။

🍀 ဘယ်လိုလူမျိုးတွေက overthinking ဖြစ်တတ်လဲ။သူတို့ရဲ့စိတ်အခြေနေကရော ဘယ်လိုလဲ?

များသောအားဖြင့် ကိစ္စတစ်ခုခုကို အသေးစိတ်ကစ ခွဲခြမ်းစိတ်ဖြာတတ်တဲ့လူတွေ၊တစ်ခုခုဆုံးဖြတ်ဖို့ အချိန်ကြာစဉ်းစားတတ်တဲ့လူတွေ၊အတိတ် ဒါမှမဟုတ် အနာဂတ်ကို တွေးတောတတ်တဲ့လူတွေ၊ကိစ္စသေးငယ်တာလေးကို အကြီး"ထင်ပြီး ပိုမိုတွေးတတ်တဲ့လူတွေ၊ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ကိုယ့်ပေါ်အမြင်ကို ဂရုစိုက်တတ်တဲ့လူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

Aura ဆို တခြားလူ‌ေတွကိုယ့်ပေါ်ဘယ်လိုမြင်လဲ၊ဆက်ဆံလဲဆိုတာတွေကို မလိုအပ်ပဲ ဂရုစိုက်မိလို့ အတွေးလွန်ခဲ့ရတာတွေရှိပါတယ်။

🍀အတွေးလွန်တတ်တဲ့လူအများစုရဲ့စိတ်ဟာ ပုံမှန်လူတွေထက် ပိုပြီး စိတ်စွမ်းအင်မြင့်ပါတယ်။စိတ်ကစွမ်းအင်မြင့်တဲ့အတွက် ကိုယ်က overthinking ဖြစ်တဲ့အခါ မကောင်းတာကိုပိုတွေးမိရင် အဲ့အတွေးတွေကို တစ်ခါတစါရံ manifestလုပ်မိတတ်ပါတယ်။ကိုယ်တွေးလိုက်တဲ့မ‌ေကာင်းတဲ့အတွေးက တကယ်ဖြစ်လာရင် ကိုယ်ပဲ ပိုစိတ်ညစ်ရ၊overthinkinပိုဖြစ်ရပါတယ်။
Overthinking ဖြစ်တဲ့အခါ အတွေးတွေရဲ့ 100%မှာ 85%လောက်က မကောင်းတာတွေးမိဖို့များပါတယ်။

🍀အတွေးလွန်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာမှာဆို စိုးရိမ်စိတ်များတာ၊စိတ်ဓာတ်ကျတာ၊အကောင်းမြင်စိတ်နည်းပါးတာ၊ကိုယ့်ဟာကိုယ် ယုံကြည်မှုအားနည်းတာတွေဖြစ်နိုင်ပါတယ်။အတွေးလွန်ခြင်းကြောင့် ကိုယ့်ရဲ့ဆက်ဆံရေးတွေမှာလည်း မလိုအပ်တာတွေဖြစ်လာနိုင်ပါတယ်။

🍀ရုပ်ပိုင်းဆိုင်ရာမှာလည်း ခေါင်းကိုက်တာတွေ၊အိပ်မပျော်တာတွေ၊အစာခြေစနစ် ယိုယွင်းတာတွေဖြစ်လာနိုင်ပါတယ်။

ကောင်းကျိုးထက်ဆိုကျိုးက တကယ်ကိုပိုများပါတယ်။

✨ဆိုတော့ အတွေးလွန်ခြင်းကို ဘယ်လိုထိန်းချုပ်ကြမလဲ။


Aura ကတော့ သတိပြုမိအောင်‌ေနပါတယ်။ကိုယ့်ဟာကိုယ်အတွေးလွန်လာပြီဆို အတွေးလွန်တာကို သတိပြုမိပြီး ဆက်မတွေးဖြစ်အောင်လုပ်ပါတယ်။
✨အတွေးလွန်တာနဲ့ တခြားအရာကို အာရုံပြောင်းလုပ်လိုက်ပါ။
✨ဝင်လေထွက်လေရှုပြီးတရားထိုင်ပါ။
✨ကိုယ်တွေးနေတဲ့အတွေးတွေကို စာအုပ်ထဲချရေးလိုက်ပါ။
✨အကောင်းမြင်စိတ်ထားပါ။မကောင်းတာတွေးမိပြီဆိုကောင်းတာ‌ေတွကို ပြောင်းတွေးပါ။အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့နေပါ။

✨ Affirmation နားထောင်တာ စိတ်မြူးစေမဲ့ သီချင်းလေးနားထောင်တာတွေလုပ်ပါ။

✨yoga၊ workout ဖြစ်"လုပ်ပါ။


အဓိကကတော့ အတွေးလွန်ပြီဆိုရင် ငါအတွေးလွန်နေတယ်ဆိုတာကို သတိပြုပါ။🍀

#Aura
#Caleyar
#knowledge
2.1.2026
❤20🥰2🍓1
မနက်ဖန်ဆို လွတ်လပ်ရေးနေ့တဲ့။

လူတိုင်းစိတ်မှာတော့ စိုးရိမ်မှုတွေ၊ပူပန်မှုတွေနဲ့ ရှင်သန်နေရတဲ့ နေ့ရက်တွေဆို ပိုမှန်မလားပဲ။

#Aura
❤11💔4❤‍🔥1
တန်ဖိုးထားတတ်ပါစေ!!!

ကျွန်တော်တို့လူတွေရဲ့ သဘောသဘာဝအရ ရှိနေအရာတစ်ခုကို တန်ဖိုးထားမှုနည်းပါတယ်။တစ်ချို့အရာတွေဆိုရင် တန်ဖိုးရှိမှန်းတောင်မသိကြပါဘူး။ဘယ်တော့မှ အဲ့တန်ဖိုးသိလည်း ဆိုတော့ မရှိတော့တဲ့အချိန်၊ပြန်ရှာမရတော့တဲ့အချိန်၊လုံးဝမရှိတော့တဲ့ချိန်မှ တန်ဖိုးရှိမှန်းသိကြတာ။ကျွန်တော်တိုယ်တိုင်လည်း တစ်ချို့အရာတွေကို အရင်က ရှိနေတုန်းတန်ဖိုးထားရကောင်းမှန်းမသိတော့ပါဘူး။

ပိုက်ဆံရှိနေတုန်းမှာ သူ့တန်ဖိုးကိုမသိပဲ သုံးချင်သလိုသုံး။မရှိတော့တဲ့အချိန်မှာ ဘယ်လောက်ရှာရခက်ပြီးတန်ဖိုးရှိလဲသိလာကြတယ် ။သယံဇာတတွေ ၊သဘာဝအရင်းမြစ်တွေရှိနေတုန်းလည်း တန်ဖိုးရှိမှန်းမသိသလို တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူးး။တကယ့်သဘာဝဘေးဆိုးကျိုးတွေဖြစ်လာမှ တန်ဖိုးထားရကောင်းမှန်းသိလာကြတယ်။

ထိုနည်းတူပဲ ကောင်းမွန်တဲ့လူတစ်ယောက် ကိုယ့်ဘေးနားရှိနေရင်တောင် အချို့က ဒီလူဟာတန်ဖိုးရှိကြောင်းမသိကြဘူး။ ဒီလူ့တန်ဖိုးကိုလည်းမသိကြပါဘူး။မသိတာထက် မြင်အောင်မကြည့်နိုင်တာလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။

relationship မှာပဲဖြစ်စေ၊ friendship မှာပဲဖြစ်စေ၊familyမှာပဲဖြစ်စေ ကျွန်တော်တို့က ကိုယ့်အပေါ်တကယ်ကောင်းတဲ့လူရဲ့ တန်ဖိုးကို မြင်တတ်ဖို့၊တန်ဖိုးထားတတ်ဖို့လိုပါတယ်။ကိုယ့်ဘေးနားမှာ ကောင်းမွန်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်"၊လက်တွဲဖော် ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်"ရှိနေတာက toxic people တွေရှိနေတာထက် အဆပေါင်းများစွာသာပါတယ် ။

ဒါပေမဲ့ လူအများစုက ကိုယ့်အပေါ် အရမ်းကောင်းနေ၊အရမ်းအလိုလိုက်နေ၊အနစ်နာ‌ခံနေရင် အဲ့လူကို ပေါ့"တန်"ပဲတွေးကြပါတယ်။ လူဆိုတာကလည်း သူ့သည်းခံမှုနဲ့သူပါပဲ။ခင်များအပေါ်ဘယ်လောက်ကောင်းနေပါစေ ခင်များသာ သူ့တန်ဖိုးကို လုံးဝမမြင်ဘူးဆိုရင် သူဟာဆက်ပြီး ခင်များဘေးနားရှိနိုင်မှာမဟုတ်ပါဘူး။သူဟာသေချာပေါက် တစ်နေ့မှာ လုံးဝစွန့်ခွာသွားပါလိမ့်မယ်။ သူ‌လုပ်ပေးသမျှ၊ကူပေးခဲ့သမျှကို လုပ်ပေးမဲ့လူ ကူပေးမဲ့လူ မရှိတော့မှ ခင်များဟာ အဲ့လူတစ်ယောက်ရဲ့တန်ဖိုးကို သိလာပါလိမ့်မယ် ။ပစ္စည်းတစ်ခုဆိုရင်တောင် ကိုယ့်ပေါ်တကယ်အကျိုးပြုရင် ကောင်း"မွန်"အသုံးချတတ်ဖို့လိုပါတယ်။မဟုတ်သူလည်း ပျက်စီးသွားမှာကိုးး။

ဒါကြောင့် ကျွန်တော်တို့က ဘေးနားမှာရှိနေတဲ့အရာတွေ ‌ကို တန်ဖိုးထားတတ်တဲ့အကျင့်ရှိဖို့လိုတယ်။ဘယ်အရာကိုမှပေါ့"တန်"မတွေးပါနဲ့ ။ ခင်များကိုယ်တိုင်လည်း အခြားလူတစ်ယောက်က ခင်များတန်ဖိုးကို မသိကျိုးကျွန်ပြုရင်မကြိုက်သလို တခြားတစ်ယောက်ကရော ကြိုက်ပါ့မလား။ ဟင်းရွက်ကန်စွန်းရွက်တောင်မှ သူ့တန်ဖိုးနဲ့သူရှိပါတယ် ။လူဆို‌တာတော့ပြောမနေပါနဲ့။ကျွန်တော်ကိုယ်တိုင်လည်း တန်ဖိုးမထားခဲ့မိလို့ ဆုံးရှံးခဲ့ဖူးပါတယ်။ပြန်လိုချင်တဲ့အချိန် လုံးဝရှိမနေတော့ပါဘူး။ ပြောချင်တာက ဘယ်လိုအရာပဲဖြစ်"အဲဒီအရာရဲ့ တန်ဖိုးကို မြင်အောင်ကြည့်ပါပါ။တန်ဖိုးလည်းထားတက်ပါစေ ။အရာရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာလည်း နားလည်တတ်ပါစေ။

ခင်များဟာ ဘေးနားမှာရှိနေတုန်း တန်ဖိုးမထားတက်ရင်တော့ ခင်များဆီမှာ ကျန်ခဲ့မှာက ဝမ်းနည်းစရာ နောင်တတရားတွေပါပဲ။

ဒီစာလေးကို ဖတ်ပြီးတဲ့အချိန်ကစပြီး ကိုယ့်ဘေးနားက အရာတွေ ၊လူတွေရဲ့ တန်ဖိုးကို မြင်လာပြီး တန်ဖိုးထားတက်မယ်လို့ ယုံကြည်မိပါတယ်။

#foryourlife
#knowledge
#caleyar
@Channel_by_Mask
❤16🍓1
လွတ်လပ်ရေးနေ့တဲ့

လွပ်လပ်ရေးကို အရယူခဲ့ရတာ မလွယ်ကူခဲ့ပါဘူး...
ရရှိပြီးသား လွပ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ
ကျွန်ုပ်တို့ တာဝန်သာလျှင်ဖြစ်တယ်....

ဆိုတော့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် နိုင်ငံ့တာဝန်တွေ၊ အသက်စွန့်တာတွေထိ လုပ်နေရမှ မဟုတ်ပါဘူး။

မိမိကိုယ်ကို အရင်ထိန်းကျောင်းပါ။

အမှိုက်ကို တွေ့ရာမပစ်ဘဲ အမှိုက်ဗုံးထဲသို့ စနစ်တကျ ပစ်ခြင်းသည်ပင် နိုင်ငံသားကောင်းတစ်ယောက်ကို ဖြစ်စေသည်။

အကြီးအကျယ်ကြီးတွေ တာဝန်ထမ်းဆောင်နေမှ မဟုတ်ဘဲ မိမိတစ်ကိုယ်စာ တာဝန်ယူမှုမှ စ၍ နိုင်ငံသားကောင်း ဖြစ်စေပေမည်။

မိမိမှစ၍ မိသားစု၊ ရပ်ရွာ၊ မြို့၊ တိုင်း၊ နိုင်ငံအထိ တာဝန်ယူဆောင်ရွက်နိုင်သည်။

လွတ်လပ်သောနိုင်ငံတွင် မိမိကိုယ်ကို တာဝန်ယူတတ်ခြင်းဖြင့် နိုင်ငံ့အကျိုးကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ကြပါစို့....


#Bluesky #independenceday
❤21🍓1
How do subliminalas work?


Subliminalas တွေဟာ လူတွေကို ဘယ်လိုအကျိုးပြုပြီး အလုပ်လုပ်သလဲ။

ကလျာတို့ လူသားတွရဲ့စိတ်မှာ  conscious and subconscious mind (သိစိတ်နဲ့ မသိစိတ်) ဆိုပြီး ၂မျိုးရှိပါတယ်။


ကိုယ် တွေးလိုက်တဲ့ အတွေးတွေက မသိစိတ်မှာ အမြစ်တွယ်တဲ့အခါ အဲ့အတွေးတွေက တကယ်ကို လက်တွေ့ဖြစ်လာပါတယ် ။ဒါကို ကလျာတို့က manifest ဖြစ်တယ်လို့ခါ်ပါတယ်။

များ သောအားဖြင့် ကလျာတို စိတ်ကို reprogram လုပ်ဖို့ Affirmation တွေ နားထာင်ကြပါတယ်။အဲ့အခါ Affirmation တွေကို နားကကြားရသလို သိစိတ်မှာလည်း ကြားရတဲ့အတွက် မကောင်းတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။


ဥပမာ- ကိုယ်exကို ပြန်လိုချင်လို့ Affirmation နားထာင်ကြတယ် ။အဲ့အခါ Affirmation မှာက "သူငါ့စီကို ပြန်လာတယ် "ဆိုပြီး  á€€á€­á€Żá€šá€ˇá€şá€žá€­á€…ိတ်နဲအနဏးက ကြားရတယ်။
အဲ့သိစိတ်ကပဲ logicကျတဲ့အရာ‌ေတွကို ‌ေတွးမိတတ်တယ်။"သူငါ့စီ ပြန်လာမှာမဟုတ်တော့ပါဘူး"  á€Ąá€…ရသိတဏတွ္ပ္ဍအ။

Subliminalတွမှာက အဲ့လိုမဟုတ်ဘူး။ကိုယ့်သိစိတ်က ပြင်ပ အသံ သီချင်းသံဖြစ်" ကြားရလိမ့်မယ်။ အသိစိတ်မှာကျ နောက်က သိစိတ်မကြားရတဲ့ Affirmation ကို ကြားရမယ်။နားထောင်တာ ကြာလာတာနဲ့အမျှ မသိစိတ်မှာ အဲ့အရာတွေက တကယ်စွဲထင်ပြီး manifest ဖြစ်လာပါတယ်။

How to listen subliminalas?



Subliminalas နား‌ေထာင်တဲ့အခါ စိတ်ကို ပေါ့ပါးစွာထားရပါမယ်။နားထောင်နေချိန် ကိုယ်ဖြစ်ချင်တာကို မြင်ယောင်ပါ ။တကယ်ဖြစ်လာလို့ ပျော်ရွှင်တဲ့ ခံစားချက်ထည့်ပါ။နားထောင်ပြီးတဲ့အချိန်လည်း positive အတွေးတွေကို တွေးပါ။ရက်ဆက်ပြီး 1လဆိုတစ်လ နား ထောင်ပါ။ ဒီနေ့ နားထောင်လိုက် ၊မနက်ဖန် နားမ‌ေထာင်လိုက်ဆို resultက ရှိလာမှာ မဟုတ်ပါဘူး။

ကိုယ်တိုင်က 50% subliminal က 50%ပါ။
ဘာactionမှ မရှိပဲ ဒါကြီး တစ်နေကုန်နားထောင်‌ေနလို့ ဖြစ်လာမှာလည်းမဟုတ်ပါဘူး။

Manifestation နဲ့ပတ်သတ်ပြီးနားမလည်တာ သိချင်တာရှိ မေးခဲ့လို့ရပါတယ်နော်။


#Aura
#caleyar
6.1.20206
❤10
တစ်ခါတစ် လေ တစ်ချိန်တည်း အဆင်မပြမှု‌‌ေတွများတဲ့အခါ ဒါမှမဟုတ် ဘာကြောင့်မပြေမှန်းမသိတဲ့ ရက်တွေရှိတယ်။ဒါကတော့ လူတိုင်းနီးပါး ဖြစ်ဖူးကြပါတယ်။ကလျာကိုယ်တိုင်လည်း တစ်ခါတစ်လေ ဘာကအဆင်မ‌ေပြမှန်းမသိဘဲ စိတ်တွေပင်ပန်းတဲ့ နေ့ရက်တွေ ရှိပါတယ်။

အဲ့လိုဖြစ်လာတဲ့အခါ ဘာမှမလုပ်တော့ဘဲ ခဏလောက် အနားယူလိူက်ပါ။ ငိုချင်ရင်လည်းငိုချလိုက်ပါ။လက်လျော့ခိုင်းတာလည်းမဟုတ်ပါဘူး။ကိုယ်က ငိုလို့ ပျော့ညံ့တာလည်းမဟုတ်ပါဘူး။
ခဏအနားယူပါ။ပြီးရင် မပြေတာကို စဉ်းစားကြည့်ပါ။စာအုပ်ထဲကို မပြေတဲ့အရာတွေ ချရေးကြည့်ပါ။
ပြီးရင် ဘယ်လိုပြေအောင်လုပ်ရမလဲဆိုတာကို နည်းလမ်းရှာပါ။တစ်ခါတစ်လေ ကိုယ့်တွက် မပြေဘူးလို့ထင်နေတဲ့အရာက အသေးမွှားလေးဖြစ်နေတတ်တယ်။

တစ်ချို့လူတွေက ငိုရင် လူပျော့ လူညံ့တဲ့။ကလျာ့အမြင်ကတော့ ငိုတိုင်း လူပျော့မဟုတ်ပါဘူး။ဇွဲမရှိတဲ့လူလည်းမဟုတ်ပါဘူး။တကယ့်လူပျော့က ငိုပြီး ဆက်ပြီးမကြိုးစားတဲ့လူပါ။

ဒါကြောင့် စိတ်တွေပင်ပန်းလာတဲ့အခါ အနားယူပါ၊ငိုရင်ငိုချပါ ။ အချိန်တစ်ခုသတ်မှတ်ပါ။ပြီးရင် အရာရာကို ရှေ့ဆက်ပါ။

#Aura
#knowledge
#caleyar
❤16👍1😁1
တစ်ချို့သောလူတွေက ကိုယ်ကောင်းစားဖို့ တခြားလူကို ချနင်းတယ်။

တစ်ချို့က ကိုယ်နာမည်ရဖို့ တခြားလူကို နာမည်ဖျတ်တယ်။

ဘဝမှာကြောက်စရာအကောင်းဆုံးက အဲ့လိုလူ‌မျိုးတွေပဲ။

#Aura
👍6💯5🍓2🤣1
ကိုကိုဖြူလုံးနဲ့တဖြတ်


#Mask
❤32🍓2💘2