ကိုယ့်ဘက် ဒီလို"ဖြစ်နေလို့ ချယ်နယ်မရန်း"ဖြစ်တာပါနော်
ချယ်နယ်ကိုအဆင်ပြေတာနဲ့ ပြန်ရန်း"ပေးသွားပါမယ်အသဲလေးအဆုတ်လေးတို့ရေ
#Mask

❤🔥21😢8👍1🐳1
ကျေးဇူးတင်လွှာ
စာဖတ်သူလေးတို့ရေ
Juneလတွက် Top 10 Chart မှာလူငယ်နှင့်စာပေဆိုတဲ့ဆောင်းပါးလေးက Top 1ရခဲ့ပါတယ်။
လူငယ်နှင့်စာပေ ဆောင်းပါးလေးဆီကနေ မှတ်ချက်တွေလည်းအမျိုးမျိုးရရှိခဲ့ပါတယ်။
ကျွန်မရဲ့ဆောင်းပါးတွေကို အချိန်ပေးဖတ်ရှုပေးတဲ့ စာဖတ်သူလေးတွေကို ကျေးဇူးတင်ပါတယ်ရှင့်။
ဆက်လက်ပြီးတော့လည်း ကြိုးစားသွားပါမယ်ရှင့်💝
အသိပေးစရာလေးလည်းရှိပါတယ်ရှင်
ကျွန်မဘက်မှာနယ်မြေအခြေနေ မကောင်းတာရယ်
မီးတွေအဖြတ်ခံထားရတာရယ်
လိုင်းလည်းရလိုက်မရလိုက်မို့
ယခုလတွက်ဆောင်းပါးတွေရေးဖို့ရာ အခက်ခဲလေးတွေရှိတာမို့ ရေးဖြစ်ဖို့ရာမသေချာသေးပါ။
အခြေနေတွေငြိမ်တာနဲ့ ဆောင်းပါးတွေဆက်လက်ရေးသားသွားမည်ဖြစ်ပါသဖြင့် မမေ့လျော့ဘဲ စောင့်မျှော်ပေးနေမို့ တောင်းဆိုချင်ပါတယ်ရှင်😭❤️
Sarphat အဖွဲ့သူအဖွဲ့သားတွေကိုလည်းကျေးဇူးတင်ပါတယ်ရှင်
ဆုမရတဲ့သူလေးတွေလည်း အားမလျော့ကြပါနဲ့ရှင်
ဆက်ကြိုးစားသွားပါ ဒီလတွက်ဆုကိုဆွတ်ခူးပါ❤️
ရှိတဲ့အားလေးနဲ့စာရေးသားလိုက်တာမို့ စာလေးကိုဒီနေရာမှာပဲရပ်လိုက်ပါတော့မယ်ရှင်
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...
July.4.2024.Thurs
ᗰᗩᖇᑌ
Link https://www.sarphat.com/articles/6838
စာတွေဝင်ရောက်ဖတ်ရှုဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင့်
#Sarphat

❤38👍6
ရှိသမျှအခွင့်အရေးတွေကိုဆုပ်ကိုင်ထားရမှာပဲ
ဘယ်အရာကိုမှဆင်ခြင်ပေးနေလို့မရဘူး 👀❤️
Time Management(အချိန်စီမံခန့်ခွဲမှု)
https://www.sarphat.com/articles/7439
ဘယ်အရာကိုမှဆင်ခြင်ပေးနေလို့မရဘူး 👀❤️
Time Management(အချိန်စီမံခန့်ခွဲမှု)
https://www.sarphat.com/articles/7439
Sarphat
Time Management(အချိန်စီမံခန့်ခွဲမှု) - Maru
လူတိုင်းတစ်နေ့ကို (၂၄)နာရီဆိုတဲ့အချိန်ကို ညီတူညီမျှရရှိကြပါတယ်။ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပိုရတာလည်းမရှိသလို လိုရတာလည်းမရှိပါဘူး။
ဒါဆိုဘာကြောင့် အခြေနေခြင်းတွေကွာခြားသွားရတယ်လို့ထင်ပါသလဲ။
Time Management(အချိန်စီမံခန့်ခွဲမှု)တွေကွာခြားသွားလို့ပဲဖြစ်ပါတယ်။
"15…

❤🔥7❤5🎉1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
ရှိသမျှအခွင့်အရေးတွေကိုဆုပ်ကိုင်ထားရမှာပဲ ဘယ်အရာကိုမှဆင်ခြင်ပေးနေလို့မရဘူး 👀❤️ Time Management(အချိန်စီမံခန့်ခွဲမှု) https://www.sarphat.com/articles/7439
Time Management(အချိန်စီမံခန့်ခွဲမှု)
လူတိုင်းတစ်နေ့ကို (၂၄)နာရီဆိုတဲ့အချိန်ကို ညီတူညီမျှရရှိကြပါတယ်။ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပိုရတာလည်းမရှိသလို လိုရတာလည်းမရှိပါဘူး။
ဒါဆိုဘာကြောင့် အခြေနေခြင်းတွေကွာခြားသွားရတယ်လို့ထင်ပါသလဲ။
Time Management(အချိန်စီမံခန့်ခွဲမှု)တွေကွာခြားသွားလို့ပဲဖြစ်ပါတယ်။
"15 secrets successful people knows about Time Management" စာအုပ်ထဲမှာလည်း *ကိုယ်ပိုင်တဲ့အရာတွေထဲမှာ အချိန်ဟာ တန်ဖိုးအရှိဆုံးမို့ မဖြုန်းပါနဲ့။*လို့လည်းဖော်ပြထားပါတယ်။
Time Management(အချိန်စီမံခန့်ခွဲမှု)ဆိုတာဘာလဲ။
Time Management(အချိန်စီမံခန့်ခွဲမှု)ဆိုတာက တစ်ရက်တာအချိန် (၂၄)နာရီကို အကျိုးရှိရှိအသုံးပြုခြင်းဖြစ်ပါတယ်။ဒါကြောင့်အချိန်စီမံခန့်ခွဲမှု ကောင်းမွန်တဲ့သူတွေက အလုပ်တွေကို အချိန်မီ ပြီးမြောက်ပြီး၊ ကိုယ်ပိုင်ဘဝနှင့် အလုပ်နဲ့ဘဝအကြား ညီမျှမှုရရှိစေပါတယ်။
ကျွန်မရဲ့အချိန်ကို ကောင်းမွန်စွာစီမံပြီးအသုံးမချတဲ့တွက်ဖြစ်လာတဲ့ရလဒ်(ဖြစ်ရပ်)လေးတွေကိုပြောပြချင်ပါတယ်။
ကျွန်မက ကျောင်းသူတစ်ယောက်ဖြစ်ပြီး Time Management(အချိန်စီမံခန့်ခွဲမှု)မထားပါဘူး။ ကျွန်မကတစ်နေ့စာတစ်နေ့ပုံမှန်မလုပ်ပါဘူး။စာသင်ရင်သာသေချာဂရုတစိုက်နားထောင်လိုက်မှတ်ပြီးသင်တဲ့အကျင့်လေးပဲရှိတာပါ။ကျွန်မရဲ့တစ်နေ့တာဟာဆိုရင်စာသင်တယ် အတန်းချိန်တွေပြီးရင် ဆောင်းပါးတွေရေးရင်ရေးတယ်။ မရေးရင်ဖုန်းကြည့်တယ်။အိမ်ကိုကူတယ်။စာအုပ်တွေဖတ်တယ်။ အိမ်စာရေးတယ် အစရှိသဖြင့်ပါပဲ။ ကျောင်းသူတစ်ယောက်ရဲ့တာဝန်ဖြစ်တဲ့ စာကြည့်ခြင်းကိုတော့မလုပ်ပါဘူး။ကုန်ဆုံးချင်သလိုကုန်ဆုံးလိုက်တာပါပဲ။
စာမေးပွဲတွေနီးလာပြီဆိုရင်တော့ ကျွန်မစာကိုပဲ နာရီများစွာထိုင်ပြီးလုပ်ပါတော့တယ်။ကျွန်မရဲ့လုပ်လေ့လုပ်ထရှိတဲ့ ဆောင်းပါးရေးတာတွေ အစရှိသမျှအလုပ်တာဝန်တွေကိုရပ်ပစ်ပြီးလုပ်တာပါပဲ။ မလုပ်လို့လည်းမရပါဘူး မလုပ်ရင်စာမေးပွဲကိုအောင်မှာမဟုတ်ပါဘူး။မိဘတွေကလည်း တနေကုန်စာကြီးပဲလုပ်နေရင်ပြောပါတယ်။သူငယ်ချင်းတွေ စကားဝိုင်းတွေမှာလည်း မပါဝင် စကားပြောနေကြတွေရပ်။ ရလာတဲ့အမှတ်တွေကလည်း နည်းလှပါတယ်။ ဆိုးကျိုးများစွာ ခံစားရတော့တာပါပဲ။
လူငယ်ဘဝမှာထဲက ဒီလိုဆို ကျွန်မရဲ့အနာဂတ်ဟာလည်းမတွေးရဲစရာပါပဲ။ဒါကြောင့် အချိန်စီမံခန့်ခွဲမှုရဲ့အရေးကြီးပုံကို ကိုယ်တိုင်နားလည်လာပါတယ်။
Time Management လုပ်ခြင်းအားဖြင့်
-ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာမယ်။
-ဖိအားလျော့နည်းလာမယ်။
-အချိန်စွဲတတ်တဲ့အကျင့်ပျောက်လာမယ်။
-အချိန်တွေပိုလာမယ်။
-အောင်မြင်မှုတွေခံစားလာရမယ်။
-နောင်တတွေကင်းလာမယ်။
-ရည်မှန်းချက်တွေဆီ အချိန်မီရောက်ရှိမယ်။
-အချိန်ရဲ့တန်ဖိုးကိုနားလည်လာမယ် အစရှိသဖြင့်...။
အချိန်စီမံခန့်ခွဲမှုနည်းလမ်းတွေကတော့
- To-Do List
တစ်နေ့စာလုပ်ရမည့်အလုပ်တွေကို စာရင်းပြုစု။
- Priority Setting
အရေးကြီးသောအလုပ်တွေကို ဦးစားပေးစွာ ဆောင်ရွက်။
- Time Blocking
အချိန်အပိုင်းအခြားတွေ ခွဲပြီး အလုပ်တွေကို အချိန်တစ်ခုချင်းစီသတ်မှတ်၍လုပ်ဆောင်။
- Pomodoro Technique
အချိန် 25 မိနစ်ခန့် အလုပ်လုပ်ပြီး 5 မိနစ် အနားယူ။
- Eisenhower Matrix
အရေးကြီးတာနဲ့ အမြန်ဆုံးလုပ်ဖို့လိုအပ်မှုအလိုက် အလုပ်များကို စီစဉ်။
- Digital Tools
Trello, Asana, Notion, Google Calendar တို့ကဲ့သို့သော digital tools တွေကို အသုံးပြုပြီး အလုပ်တွေကို စီမံခန့်ခွဲ။
Time Management (အချိန်စီမံခန့်ခွဲမှု)လုပ်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦးဘဝနေထိုင်မှုပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားသွားမှာပါ။
အချိန်ကိုကောင်းမွန်စွာစီမံခန့်ခွဲပါ။လူငယ်ဘဝရဲ့အချိန်တွေကို အလကားမဖြုန်းတီးပါနဲ့။နောင်တဆိုတာ နောင်မှရတာမို့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားကာ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...
July.13.2024.Sat

❤45👍3
မြို့ပြနေညီအစ်ကိုမောင်နှမများထံသို့ပေးစာ
ပြည်တွင်းစစ်ကိုသင်ဘယ်လိုထင်ပါသလဲ
စစ်ဖြစ်ရာဒေသမှ စစ်မဖြစ်သေးတဲ့ဒေသတွေဆီသို့ ရေးသားထားတဲ့ ကျွန်မရဲ့စာလွှာလေးအားပေးပို့လိုက်ရပါတယ်ရှင်
https://www.sarphat.com/articles/7505

❤26❤🔥7👍5🍓1
မြို့ပြနေညီအစ်ကိုမောင်နှမများထံသို့ပေးစာ
သို့-မြို့ပြနေတိုင်းရင်းသားညီအစ်ကိုမောင်နှမများ
မှ-သင်တို့၏မိတ်ဆွေᗰᗩᖇᑌ (မာရု)
ချစ်ခင်ရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများရှင်
နေကောင်းကျန်းမာ၍ စီးပွားရေးများအဆင်ပြေကြပါရဲ့လားရှင်။ ကျွန်မ မာရုလည်း ကျန်းမာ၍အဆင်ပြေပါသည်ရှင်။ ကျွန်မတို့ ယခုနေထိုင်နေသော မြန်မာနိုင်ငံကြီးဟာဆိုလျှင် ပြည်တွင်းစစ်များ ဖြစ်နေသည်မှာ အားလုံးလည်းအသိပါ။ ယခုလိုစာလွှာပေးပို့ရသော အကြောင်းရင်းမှာလည်း ဤအကြောင်းကြောင့်ပဲဖြစ်ပါသည်။
မြန်မာနိုင်ငံအခြေနေဟာဆိုလျှင် တိုက်ပွဲဖြစ်နေသည့်နေရာများရှိနေသလို တိုက်ပွဲမဖြစ်သေးသည့်နေရာများစွာလည်းရှိနေပါသည်။
ကျွန်မယခုနေထိုင်နေသော နယ်မြေမှာ တိုက်ပွဲများဖြစ်လျက်နေပါသည်။ တိုက်ပွဲမဖြစ်သေးသော မြို့ပြနေညီအစ်အကိုမောင်နှမများထံကို တိုက်ပွဲဖြစ်လာပါက ရှောင်ရန်ဆောင်ရန်လေးများအား ကျွန်မ၏အတွေ့အကြုံများမှ အနည်းငယ်ပြောပြချင်ပါသည်ရှင်။ ရပ်ရွာနေညီအစ်အကိုမောင်နှမများလည်း အတူတူပါပဲရှင်။ မြို့ပြနေလို့ ခေါင်းစဉ်တပ်ထားတာကိုလည်း စိတ်မကွက်စေချင်ပါဘူးရှင်။ကျွန်မနေထိုင်ရာအတွေ့အကြုံကို အဓိထားရေးသားသွားမည်ဖြစ်ပါသဖြင့် မြို့ပြနေလို့ခေါင်းစဉ်တပ်လိုက်ရခြင်းဖြစ်ပါသည်။
ညီအစ်ကိုမောင်နှများရှင်
တိုက်ပွဲက ဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့လည်း မပေါ့လျော့စေချင်ပါဘူးရှင်။ အသိကိုသတိကပ်ကာ ကြိုတင်ပြင်ဆင်ထားခြင်းက များစွာသောအထောက်အကူရပါလိမ့်မည်ရှင်။
ကျွန်မ၏နေထိုင်မှုအခြေနေ အတွေ့အကြုံအားအနည်းငယ်ကိုပထမဆုံးပြောပြချင်ပါသည်။
"ကျွန်မနေထိုင်ရာ မြို့ကို တိုက်ပွဲဖြစ်မည်ဟုကြားနေခဲ့သည်မှာ အတော်ကြာနေခဲ့လှပါပြီ။သို့သော် အရေးမမူခဲမိပါ။ဘာမှကြိုတင်ပြင်ဆင်ထားခဲ့ခြင်း မရှိသည့်ထဲပါဝင်ခဲ့ပါသည်။ တိုက်ပွဲဖြစ်တော့လည်း ဘယ်လောက်ထိဆိုးနိုင်မှာလည်းဆိုသည့်စိတ်ဖြင့် လျှော့တွက်မိခဲ့ပါသည်။"
ဒီလိုဖြင့် တိုက်ပွဲများ စတင် ဖြစ်လာပါသည်။ ကျွန်မနေထိုင်ရာအိမ်မှာ စစ်တပ် ၂ ခုကြားဖြစ်နေပါတော့သည်။ပထမဆုံးတိုက်ပွဲဖြစ် စတိုက်သည့်နေရာမှာ ကျွန်မနေထိုင်ရာနှင့်ဝေးလှပါသည်။။ ထိုအခါကြမှသာ အိမ်တွင် စားနပ်ရိက္ခာများဝယ်ယူပြီးစုပါတော့သည်။ ယခင်ဈေးများထက် များစွာထိုးတက်သွားပါသည်။ ဓာတ်ဆီဈေးဟာဆိုလျှင်လည်း ၅ဆထိတက်သွားပါသည်။(ဓာတ်ဆီ ၁လီတာ ၃သောင်း)။မီးတွေဟာလည်း လုံးဝမလာတော့ပါဘူး။
ကျွန်မနဲ့နီးရာ စစ်တပ်တစ်ခုမှာလည်း တိုက်ပွဲတွေစပါတော့သည်။တိုက်ပွဲမဖြစ်သေးသည့် ဘေးမှ နောက်စစ်တပ်တစ်ခုမှာလည်း လက်နက်ကြီးများအားပစ်လျက်ရှိပါသည်။တစ်ခါတလေ ကျယ်လွန်းလှ၍ ကျွန်မအိမ်ကိုလာရောက်ထိမှန်နေသည့်အလား အိမ်ခေါင်မိုးများပါတုန်လျက်ရှိနေပါသည်။ လိုင်းတွေလုံးဝပျက်တောက်တော့ပါသည်။ Wifiသည်လည်း မရတော့ပါ။ ဆင်းကဒ်များလည်း လိုင်းသုံးလို့မရ ဖုန်းဆက်လို့သာရပါသည်။နောက်ပိုင်းတွင် ဖုန်းပါဆက်လို့မရတော့ပါ။ မိုင်တဲ တစ်မျိုးသာ ဒေတာနှင့်ဖုန်းပြောခြင်းကိုအသုံးပြုလို့ရပါတော့သည်။ သို့သော်တခါတလေမှသာ ဒေတာသုံးလို့ရခြင်းဖြစ်ပါသည်။(လိုင်းသည်လုံးဝမကောင်းလှပါ)
လေယာဉ်ဖြင့်ဗုံးကြဲသောည
တစ်နေ့သောညဘက်တွင် ကျွန်မနေထိုင်ရာဖြင့်နီးသော နေရာသို့လေယာဉ်ဖြင့် ဗုံးများလာကြဲပါတော့သည်။ အကြောက်ဆုံးညတစ်ညဆိုလျှင်လည်း မမှားပါဘူးရှင်။ရှောင်သူများကရှောင် ရပ်ကွက်ထဲတွင်လူမရှိသလောက်နီးပါးပဲဖြစ်ပါသည်။မြို့မှရှောင်ထွက်သူများလည်းရှိပါသည်။
မကြာမီတွင် မြို့နေရာစုံနီးပါးတိုက်ပွဲ ဖြစ်ပါတော့သည်။ ပစ်လွှတ်သည့်လက်နက်ကြီးများမှာ မြို့တွင်းရှိ ဘုန်းကျောင်း၊လူနေအိမ်များသို့လည်း ကျရောက်ပြီး လူများနှင့်အဆောက်အဦးများ သေကြေပျက်စီးလျက်လည်းရှိ ပါသည်။
အိမ်မှအခြားသို့ပြောင်းရွှေ့နေထိုင်သော ပတ်ဝန်းကျင်မှအိမ်နီးနားချင်းများမှာလည်း ဟိုနေရာမလုံခြုံ၊ဒီနေရာမလုံခြုံဟူသော စိတ်များဖြင့် ရှောင်လိုက်၊ပြန်လာလိုက်ဖြင့် အလုပ်ရှုပ်လျက်ရှိနေပါသည်။
ကျွန်မ၏အိမ်နီးနားချင်းတစ်ယောက်မှာ သူ၏အိမ်ကိုမလုံခြုံနိုင်ဟုထင်သောစိတ်ဖြင့် ဘုန်းကြီးကျောင်းတစ်ခုသို့ သွားရောက်ရှောင်တိမ်းနေထိုင်ရာမှဘုန်းကြီးကျောင်းကိုလက်နက်ကြီးကျ၍ အသက်ဆုံးရှုံးသွားပါသည်။အဖြစ်အပျက်မှာ များစွာပင်။
ကျွန်မ၏နေထိုင်မှုအခြေနေများကို ဒီထက်ပိုပြောပြနေလျှင် စာဆုံးမည်မဟုတ်တော့ပါ။
ညီအစ်ကိုမောင်နှမများရှင်
ကိုယ်နေထိုင်ရာဒေသသည် တိုက်ပွဲများဖြစ်တော့မည်ဟု အသံယဲ့ယဲ့ကလေးများကြားနေရပြီဆိုပါက
-သင်တို့အနေဖြင့်မြို့ထဲမှ ခဏတာရှောင်ထွက်သွားမည်ဆိုပါက ကားများ/ဓာတ်ဆီများနှင့် နေထိုင်မှုအဆင်ပြေစေရန် ကြိုတင်ပြင်ဆင်မှုများလုပ်ထားပါရှင်။
အကယ်၍အကြောင်းအမျိုးမျိုးကြောင့် ကိုယ်နေထိုင်ရာဒေသထဲတွင်ပဲနေမည်ဆိုပါက
-ကြာရှည်ခံမည့် စားသောက်ကုန်များကို ကြိုတင်ဝယ်ယူစုဆောင်းထားပါ။(ဆေးဝါး၊ငါးခြောက်၊အသားတု၊ဆန်၊ဆီ၊ဆား စသဖြင့်...)
ကုန်ဈေးနှုန်းက ကြီးလွန်းတယ်မတတ်နိုင်ပါဘူးမာရုရယ်။ ဒီလို ငြီးထွားနေမယ်ဆိုလျှင် အမျိုးတို့ရေ သင်တို့အမှားကြီးမှားနေပါပြီ။ ကြိုတင် ဝယ်ယူမစုဆောင်းထားဘဲ တိုက်ပွဲများဖြစ်မှဝယ်လျှင် မမျှော်မှန်းထားသောဈေးနှုန်းများကို မျက်လုံးပြူးပြူးလက်တုန်တုန်နဲ့ဝယ်ယူရမှာပါ။
-ဗုံးခိုကျင်းများ ကြိုတင်တူးထားပါ။

❤20👍6☃1🍓1
လူငှားမတူးနိုင်လျှင် ကိုယ်တိုင်တူးပါ။မပျင်းပါနှင့်။ ဗုံးခိုကျင်းတူနည်းများကို သေချာစွာလေ့လာပြီးတူးပါ။ သင့်တို့မှာ ဗုံးခိုကျင်းရှိပါက အလွယ်တကူ အခြားသို့ရှောင်တိမ်းစရာလိုမည် မဟုတ်တော့ပါ။ ညဘက်တွင်လည်း စိတ်အေးစွာဖြင့်အိပ်စက်နိုင်မည် ဖြစ်ပါသည်။မြေတိုက်ရှိသူများသည် မလိုအပ်ပါဘူးရှင်။
-ပါဝါဘန့်များကို အားအပြည့်သွင်းထားပါ။
တိုက်ပွဲဖြစ်ပြီဆိုတာနှင့် မီးသည်သေချာပေါက်ရဖို့အလားလာ မရှိတော့ပါ။ မီးစက်များ၊ ဆိုလာများ အိမ်မှာရှိလျှင်အကောင်းဆုံးပါ။ အဆက်သွယ်မပြတ်ဖို့ကလည်း အရေးကြီးပါသည်။
ဖုန်းများကို ဆိုင်ကယ်တွင်ပါသော ဘက်ထရီအိုးဖြင့် အားသွင်းလို့ရပါသည်။ အားသွင်းကြိုးလေးတော့ ဝယ်ရပါမည်။ ကျွန်မ၏အိမ်တွင် ဤနည်းဖြင့်ဖုန်းကို အားသွင်းပါသည်။ ကိုယ်ကဖုန်းကိုအားသွင်းလိုက်လျှင်လည်း ဘက်ထရီအိုးအားသည် ဆိုင်ကယ်မောင်းလျှင် ပြန်ပြည့်သွားပါသည်။
-မလိုအပ်လျှင် မရှောင်ပါနဲ့။
ဤအချက်သည်လည်းလုံးဝ အရေးကြီးပါသည်။ ကိုယ်နေထိုင်ရာဒေသကို ကျွမ်းကျင်အောင်ပြုလုပ်ထားပါ။ ကိုယ်နေထိုင်ရာအိမ်က လွတ်နိုင်လား လက်နက်ကြီးကျနိုင်လား သေချာဆုံးဖြတ်ပါ။ ရှောင်ခါမှ အသက်ဆုံးရှုံးသွားရသည့်အခြေနေဖြင့် လူများစွာလည်းရှိနေသည့်အတွက် ယခုလိုမဖြစ်ရလေအောင် ဂရုပြုပါ။
တစ်ခုသတိပေးချင်ပါသည်ရှင်။
"သာသနာ့နယ်မြေရှောင်မယ်ကွာ ဘုန်းကျောင်းရှောင်မယ် အဲမှာတော့ဘာမှမဖြစ်လောက်ပါဘူး " ဒီလိုအတွေးမျိုး မထားစေချင်ပါ။ သာသနာ့နယ်မြေသည်လည်း လက်နက်ကြီးများကျ လူများသေတာပါပဲ။ကိုယ်ကရှောင်မည်ဟု ရွေးချယ်လိုက်လျှင်လည်း သေချာရွေးချယ်ပါ။
-သတင်းမှားများ သတိပြုပါ။
သတင်းအမှားလွှင့်သည့် အဖွဲ့ရှိပါသည်ရှင်။
*အိမ်ကနေရှောင်တော့ ဒီမှာအခြေနေမကောင်းဘူး ရှောင်တော့ စသဖြင့်...* သတင်းစုံကြားရမှာပါ။ ကိုယ့်အနေဖြင့် နေထိုင်ရာနယ်မြေမကျွမ်းကျင်လျှင်ခံရမှာပါ။ တည်တည်ငြိမ်ငြိမ် ရှိဖို့တွက်လည်းလိုအပ်ပါသည်။ တစ်ခုခုကြားသည်နှင့် ကြောက်အားကြီးပြီးမယုံပါနှင့်။ ကိုယ်ကအယုံလွယ်ပြီး တခြားကိုရှောင် ထိုအခါကြ မသမာသူလူတစ်စုသည် အိမ်တွင်ကျန်ခဲ့သည့်ပစ္စည်းမှန်သမျှ တက်တက်စက်အောင် ခိုးယူကြပါတော့သည်။ အိမ်ဆိုသည့် အခွံသာကျန်ခဲ့မည်ဖြစ်သည်။
-မည်သူ့ကိုမှ အားမကိုးပါနှင့်။
"ကျွန်တော်/ကျွန်မကဆွေးမျိုးရှိတယ်။အပေါင်းသင်းများတယ်။ ဘာမှပြင်ဆင်ဖို့မလိုအပ်ပါဘူးဗျာ/ရှင်။"
ဒီလိုအတွေးများ လုံးဝမရှိနေပါစေနှင့်။ ဒုက္ခအခက်အခဲက ကိုယ်တင်မဟုတ် တပါးသူပါကြုံတွေ့နေရမှာဖြစ်သည့်အတွက် ကိုယ့်အတွက်ကိုယ်အစစအရာရာပြင်ဆင်ပါ။မည်သူကမှ လွယ်ကူနေမည်မဟုတ်ပါ။
-တီလေးများအား မမွေးပါနှင့်။
ယခုလိုချိန်မှာ တီလေးများ(ခွေး၊ကြောင်၊ယုန် စသဖြင့်...)မမွေးခြင်းက ပို၍ကောင်းလှပါသည်။ သူတို့အတွက်ပါ ပူပန်နေရမည်ကြောင့် ပိုပြီးအပူကြီးလှပါသည်။ မွေးထားလျှင်လည်း သူတို့တွက်ပါကြိုတင်ပြင်ဆင်မှုများ လုပ်ထားဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။ ဤဘက်တွင်များစွာသော တီလေးများကို စွန့်ပစ်မှုများဖြစ်ပေါ်နေပါသည်။
-မလိုအပ်လျှင် အပြင်မထွက်ပါနှင့်။
မလိုအပ်ဘဲ အပြင်ထွက်တာသည်လည်းအသက်အန္တရယ်စိုးရိမ်ရပါသည်။ လက်နက်ကြီးမှန်တာ၊ သေနတ်မှန်တာများဖြစ်နိုင်ပါသည်။ လေယာဉ်များ ဗုံးကြဲ/ လက်နက်ကြီးများ ပစ်လျှင် အပေါ်သို့မော့မကြည့်ပါနှင့်။ မီးပွားများမျက်လုံးထဲဝင်ပြီး မျက်လုံးကိုဆုံးရှုံးရနိုင်ပါသည်။
-အရာရာကိုကြိုတင်ပြင်ဆင်ထားပါ။
ကိုယ့်လုပ်ငန်းအဆက်သွယ်များ၊ အလုပ်တာဝန်များ၊online class များတွက် ကြိုတင်လုပ်ဆောင်ထားခြင်းများ ၊ခွင့်တိုင်ခြင်းများ အစကတည်းကပြုလုပ်ထားပါ။ ပိုက်ဆံများကိုလည်း ဖုန်းထဲထားခြင်းထက် လက်ထဲကိုင်ဆောင်ထားခြင်းက ပို၍ကောင်းလှပါသည်။ရွှေ၊ငွေ၊စာချုပ်များကို ကိုယ်နှင့်တကွဆောင်ထားပါ။
အဝတ်စားများ၊စားသောက်ကုန်၊ဆေးဝါးများကို အရေးပေါ်အိတ်ထား၍ ပြင်ဆင်ထားပါ။ ကိုယ်အကြောင်း ကိုယ်သာအသိဆုံးဖြစ်၍ အကောင်းဆုံးပြင်ဆင်ထားပါ။
ချစ်ခင်ရပါသော ညီအစ်ကိုမောင်နှမများရှင်
ဘယ်အရာကိုမှ မပေါ့ဆပါနှင့်။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးရှင်။မဖြစ်လာသေးတာပါ။အသက်ကို ဉာဏ်စောင့်ပါ၏။ကိုယ့်အတွက်လိုအပ်မည် ထင်သမျှအားလုံးကို ပြင်ဆင်ထားပါ။ပေါ့လျော့ခြင်း၏ဆိုးကျိုးများကို နားလည်ပါ။အစစအရာရာဂရုစိုက်ပါ။
ချစ်ခင်လေးစားစွာဖြင့်
ᗰᗩᖇᑌ (မာရု)
JULY.15.Monday

❤41👍4🍓1
အထက်တန်းစားရေ.aac
595.8 KB
စာအုပ်အမည် - အထက်တန်းစားရေ
ရေးသူ - ပုညခင်
အသံ - Author ᗰᗩᖇᑌ (မာရု)
ရေးသူ - ပုညခင်
အသံ - Author ᗰᗩᖇᑌ (မာရု)
❤🔥23❤11🥰7💋2🆒2🍓1
ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ
အခုရက်ပိုင်းအတွင်း စာဖတ်သူလေးတွေထဲမှာ စာရေးသားတာကို ဝါသနာပါတဲ့သူလေးတွေကို တွေ့ရှိရပါတယ်။ရေးသားချင်ပေမယ့်လည်း ဘယ်လိုရေးသားရမလဲဆိုတာမသိတဲ့အတွက် လာရောက်မေးမြန်းသူတွေလည်းရှိပါတယ်။အခုလိုလေးတွေ မြင်တွေ့နေရတော့ဝမ်းသာပီတိဖြစ်မိတာရယ် ကိုယ်တတ်သလောက်လေးမျှဝေပေးချင်တာတွေကြောင့် အခုဆောင်းပါးလေးမှာ ကျွန်မအနေနဲ့ ရိုးရှင်းတဲ့ ဆောင်းပါးရေးသားနည်းလေးကို မျှဝေပေးသွားပါမယ်ရှင်။
ဆက်လက်ဖတ်ရှုရန်
https://www.sarphat.com/articles/7848

ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ - Maru
အခုရက်ပိုင်းအတွင်း စာဖတ်သူလေးတွေထဲမှာ စာဖတ်တာကိုသာမက စာရေးသားတာကို ဝါသနာပါတဲ့သူလေးတွေကို တွေ့ရှိရပါတယ်။ရေးသားချင်ပေမယ့်လည်း ဘယ်လိုရေးသားရမလဲဆိုတာမသိတဲ့အတွက် လာရောက်မေးမြန်းသူတွေလည်းရှိပါတယ်။အခုလိုလေးတွေ မြင်တွေ့နေရတော့ဝမ်းသာပီတိဖြစ်မိတာရယ် ကိုယ်တတ်သလောက…
❤18🔥2
"သူလိုလူ"
"သူလိုလူ" စာအုပ်သည် ဂျာနယ်ကျော်မမလေးမှ ခင်ပွန်းဖြစ်သူ ဂျာနယ်ကျော်ဦးချစ်မောင်၏ ဘဝဇာတ်ခုံကို ရေးသားထားသော အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်ပါသည်။ ဦးချစ်မောင်၏ ဘဝကလည်း အင်မတန် စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။
ဆက်ဖတ်ရန် https://www.sarphat.com/articles/7963

"သူလိုလူ" - Maru
စာအုပ်အမည်: သူလိုလူ
စာရေးသူ: ဂျာနယ်ကျော်မမလေး
အမျိုးအစား: အတ္ထုပ္ပတ္တိ
အကြံပြုချက်: ၁၀၀ ရာခိုင်နှုန်း ဖြင့် အကြံပြု
"သူလိုလူ" စာအုပ်သည် ဂျာနယ်ကျော်မမလေးမှ ခင်ပွန်းဖြစ်သူ ဂျာနယ်ကျော်ဦးချစ်မောင်၏ ဘဝဇာတ်ခုံကို ရေးသားထားသော အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်ပါသည်။…

❤🔥20👏1
😁36🗿17😢5👍3🙉2🤔1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ အခုရက်ပိုင်းအတွင်း စာဖတ်သူလေးတွေထဲမှာ စာရေးသားတာကို ဝါသနာပါတဲ့သူလေးတွေကို တွေ့ရှိရပါတယ်။ရေးသားချင်ပေမယ့်လည်း ဘယ်လိုရေးသားရမလဲဆိုတာမသိတဲ့အတွက် လာရောက်မေးမြန်းသူတွေလည်းရှိပါတယ်။အခုလိုလေးတွေ မြင်တွေ့နေရတော့ဝမ်းသာပီတိဖြစ်မိတာရယ်…
ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ
အခုရက်ပိုင်းအတွင်း စာဖတ်သူလေးတွေထဲမှာ စာဖတ်တာကိုသာမက စာရေးသားတာကို ဝါသနာပါတဲ့သူလေးတွေကို တွေ့ရှိရပါတယ်။ရေးသားချင်ပေမယ့်လည်း ဘယ်လိုရေးသားရမလဲဆိုတာမသိတဲ့အတွက် လာရောက်မေးမြန်းသူတွေလည်းရှိပါတယ်။အခုလိုလေးတွေ မြင်တွေ့နေရတော့ဝမ်းသာပီတိဖြစ်မိတာရယ် ကိုယ်တတ်သလောက်လေးမျှဝေပေးချင်တာတွေကြောင့် အခုဆောင်းပါးလေးမှာ ကျွန်မအနေနဲ့ ရိုးရှင်းတဲ့ ဆောင်းပါးရေးသားနည်းလေးကို မျှဝေပေးသွားပါမယ်ရှင်။
✨ဆောင်းပါးဆိုတာဘာလဲ
ဆောင်းပါးဆိုတာဟာ သတင်းစာ၊ မဂ္ဂဇင်း၊ ဘလော့ဂ်၊ Sarphat(စာဖတ်) စတဲ့မီဒီယာတွေမှာဖော်ပြတဲ့ စာတမ်းဖြစ်ပြီး သုတ၊ ရသအပြင် သုတရသရောနှောထားတဲ့စာဖြစ်ပါတယ်။
✨ရေးသားနိုင်တဲ့အကြောင်းအရာများ
ရေးသားရာမှာ အသိပညာပေး၊ စီးပွားရေး၊ အနုပညာ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ နည်းပညာ၊ နိုင်ငံရေးစတဲ့အမျိုးမျိုးသောအကြောင်းအရာများကို ရေးသားနိုင်ပါတယ်။
✨ဆောင်းပါးရေးသားနည်း
ဆောင်းပါးရေးသားရာမှာ ငယ်စဉ်က စာစီစာကုံးရေးသားသလို အကြမ်းအားဖြင့်
-ခေါင်းစဉ်
-နိဒါန်း
-စာကိုယ်
-နိဂုံး ပါရှိရပါမယ်။
✨ခေါင်းစဉ်
ဆောင်းပါးတစ်ပုဒ်မှာ ခေါင်းစဉ်ကအရေးကြီးပါတယ်။
ကိုယ်ရေးသားထားတဲ့စာနဲ့ ပေးထားတဲ့ခေါင်းစဉ်ဟာ ကိုက်ညီမှုရှိရပါမယ်။ခေါင်းစဉ်ကောင်းကောင်းပေးတတ်ဖို့လည်းလိုအပ်ပါတယ်။
✨ခေါင်းစဉ်ပေးနည်းများ
- ကိုယ်ရေးမယ့်စာတွေကိုခေါင်းထဲ ပထမဆုံးစီပြီးမှရေးသားတတ်တဲ့သူတွေက စာစရေးတဲ့အခါ ခေါင်းစဉ်ကိုတန်းပေးလိုက်တာကအဆင်ပြေပါတယ်။
-ရေးရင်းနဲ့မှ အကြံဉာဏ်တွေထွက်လာပြီး ကြိုတင်စဉ်းစားစာစီဖို့ အခက်အခဲရှိသူတွေကတော့ စာရေးပြီဆိုတာနဲ့ ခေါင်းစဉ်ကို ဦးစွာမပေးစေချင်ပါဘူး။(ခေါင်းစဉ်ကိုကြည့်ပြီး စာရေးတဲ့တွက် ဒီအကြောင်းအရာကခေါင်းစဉ်နဲ့ မကိုက်ဘူး မလိုက်ဘူးဆိုတဲ့စိတ်တွေဝင်ရောက်ပြီး ရေးသားမှုတွေကို ဘောင်ခတ်သလိုဖြစ်နေတတ်ပါတယ်။ဒီလိုရေးသားတတ်တဲ့သူတွေအနေနဲ့ စာပါအကြောင်းအရာအားလုံးရေးသားပြီးမှ လိုက်ဖတ်မယ့်ခေါင်းစဉ်ကိုရွေးချယ်ပြီးပေးစေချင်ပါတယ်။)
✨နိဒါန်း
ကျွန်မတို့အခုခေတ်က အပြိုင်အဆိုင်များတဲ့ခေတ်ဆိုလည်း မမှားပါဘူး။စာပေါင်းမြောက်များစွာကို Sarphat(စာဖတ်)၊ Facebook စတဲ့အမျိုးမျိုးသော social media တွေမှာဖတ်ရှုလို့ရနေပါပြီ။ ကိုယ့်လိုတက်သစ်စ စာရေးသူလေးအနေနဲ့ စာပေလောကထဲခြေချပြီဆိုတာနဲ့ ကိုယ့်စာကို ဖတ်ချင်လာအောင်ဆွဲဆောင်ရတော့မှာပါ။ဒီတော့ ခေါင်းစဉ်နဲ့ထပ်တူ နိဒါန်းကလည်းအရေးကြီးလာပါတယ်။
✨နိဒါန်းရေးနည်းများ
- နိဒါန်းရေးသားရာမှာ ဖတ်ရှုသူရဲ့ အာရုံကိုဖမ်းစားနိုင်ရပါမယ်။
-တအားရှည်ရှည်ဝေးဝေး မရေးသားဘဲ ကိုယ်ရေးသားသွားမယ့် အကြောင်းအရာကို အစပျိုးပေးရပါမယ်။
နိဒါန်းက ထိထိရောက်ရောက်နဲ့ တိုတိုလေးဖြစ်နေရင်ကောင်းပါတယ်။
✨စာကိုယ်
ကျွန်မတို့ စာကိုယ်စပြီဆိုတာနဲ့ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို စတင်ရေးသားရပါမယ်။
✨ရေးသားနည်းများ(အကြမ်းအားဖြင့်)
-ရေးသားမယ့်အကြောင်းအရာကို အဆိုအမိန့်တစ်ခုနဲ့ဖြစ်စေ အကြောင်းအရာ၊ ဇာတ်လမ်း၊ ပုံပြင်၊ ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ စတင်ရေးသားမယ်ဆိုလည်းအဆင်ပြေပါတယ်။( အဲလိုစပြီးပြီဆိုတာနဲ့ ကိုယ်ရဲ့အမြင် အတွေးတွေကို ဆက်လက်ရေးသားဖော်ပြသွားမယ်ဆို အဆင်ပြေပါတယ်။)
-အကြောင်းရာတစ်ခုနဲ့စတင်ပြီး အဲဒီအတွက် ရှင်းလင်းချက်တွေနဲ့ ရေးသားဖော်ပြမယ်ဆိုလည်းအဆင်ပြတယ်။ အဓိကအချက်တိုင်းကို အချက်အလက်တွေနဲ့ ထောက်ခံပြီး အသေးစိတ်ရှင်းပြပါ။
🌟 သတိပြုရန်
- ကိုယ်နိဒါန်းမှာ အစပျိုးထားတဲ့စာနဲ့ ဆက်စပ်မှုရှိအောင်ရေးသားရပါမယ်။
💫ဆောင်းပါးက ပုံစံအမျိုးမျိုးရှိတာမို့ ရေးသားတဲ့ပုံစံတွေဟာ တစ်ခုနဲ့တစ်ခုတူကြမှာမဟုတ်ပါဘူး။ ရေးသားပါ။ ရေးရင်းနဲ့ ရေးတတ်လာပါလိမ့်မယ်။ ဒါ့အပြင် အခြားသူတွေရဲ့ဆောင်းပါးရေးတဲ့ပုံစံတွေကိုလေ့လာပါ။
🌟ကျွန်မတို့စာကိုယ်စပြီဆိုတာနဲ့ စာတွေက တအားရှည်လာပါတယ်။ အဲ့အခါကြစာကို တဆက်တည်းရေးပြီးဖော်ပြတာထက် စာပိုဒ်လိုက်လေးတွေ ခြား/ခွဲပြီးရေးသားတာက ဖတ်ရှုသူတွေကို မျက်လုံးရှင်းစေမှာပါ။
✨နိဂုံး
ကျွန်မတို့ရဲ့အမြင်တွေ အတွေးတွေကို အားလုံး ရေးချဖော်ပြပြီးရင်တော့ နောက်ဆုံးမှာ နိဂုံးလှလှလေးချုပ်ပြီး အဆုံးသတ်ပေးရပါမယ်။ နိဂုံးမပါရှိတဲ့ ဆောင်းပါးက ပြည့်စုံမှုမရှိသလို စာဖတ်သူ ရင်ထဲ တန်းလန်းကြီးဖြစ်နေမှာပါ။
✨ နိဂုံးရေးနည်းများ
-နိဂုံးမှာ ကျွန်မတို့အပေါ်ကရေးသားလာသမျှ အကြောင်းအရာတွေကို ပြန်လည်ပြောပြကာ အကျဉ်းချုပ်ဆိုပေးရပါမယ်။
-ကိုယ်ပိုင်ဟန်လေးပါထည့်ပြီး နိဂုံးကို အဆုံးသတ်လိုက်ရင် ပြည့်စုံသွားမှာပါ။
🌟သတိပြုရန်
- အဆုံးသတ်မှာ အကြောင်းအရာအသစ်ထည့်သွင်းရေးသားတာကို ရှောင်ရှားရပါမယ်။
ဒါဆို စာစတင်ရေးသားတော့မယ်ဆို ဘယ်လိုအရာတွေကို သတိပြုရမလဲဆိုတာ ဆက်လက်ပြောပြချင်ပါတယ်။
✨အရေး(သို့)အပြော
ဆောင်းပါးကို အရေး(ကျောင်းစာတွေလို)အနေနဲ့ရေးရမလား အပြော(စကားပြောသလို)ရေးရမလား။ ဒီအချက်က ကျွန်မဆောင်းပါး စစရေးတုန်းက တော်တော်လေး အကျပ်ရိုက်စေခဲ့တဲ့အချက်ဆိုလည်း မမှားပါဘူး။ ကျွန်မတို့တွေ ဆောင်းပါးရေးမယ်ဆို အရေးအနေနဲ့ရော အပြောအနေနဲ့ရော ရေးလို့ရပါတယ်။ ကိုယ်ကျွမ်းကျင်ရာအမျိုးအစားပေါ်မူတည်ပြီး ရေးသားလို့ရပါတယ်။

🥰9❤🔥2❤1👍1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ အခုရက်ပိုင်းအတွင်း စာဖတ်သူလေးတွေထဲမှာ စာရေးသားတာကို ဝါသနာပါတဲ့သူလေးတွေကို တွေ့ရှိရပါတယ်။ရေးသားချင်ပေမယ့်လည်း ဘယ်လိုရေးသားရမလဲဆိုတာမသိတဲ့အတွက် လာရောက်မေးမြန်းသူတွေလည်းရှိပါတယ်။အခုလိုလေးတွေ မြင်တွေ့နေရတော့ဝမ်းသာပီတိဖြစ်မိတာရယ်…
ကိုယ်က ၂မျိုးစလုံးနဲ့ရေးတတ်တယ်တယ်ဆိုရင်တော့ ကိုယ့်ရေးသားမယ့်ဆောင်းပါးနဲ့ ကိုယ်အဓိက ဖတ်ရှုစေချင်တဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ဘယ်လိုပုံစံရေးသားရမလဲ ဆုံးဖြတ်ပါ။
✨ကိုးကားချက်
ကျွန်မတို့ဆောင်းပါးတွေ ရေးသားရင် ကိုးကားပြီးရေးသားရတဲ့ ဆောင်းပါးတွေရှိပါတယ်။ ကိုယ်က ကိုးကားပြီးရေးသားမယ်ဆို အချက်အလက်တွေက မှန်ကန်ဖို့လိုအပ်ပါတယ်။ လုံလောက်တဲ့ သုတေသန ပြုလုပ်ပါ။စာများများဖတ်ပါ။
✨ စာလုံးပေါင်းနဲ့ သဒ္ဒါ
စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း မမှားစေဖို့ရာ အရေးကြီးလှပါတယ်။ စာရေးသူတွေအနေနဲ့ စာလုံးပေါင်းအမှား သုံးထားရင် ဖတ်ရှုသူလေးတွေရဲ့ အထင်အမြင်သေးတာကို ခံရနိုင်ပါတယ်။ ကျွန်မအခုရေးသားနေတဲ့ဆောင်းပါးက အပြောအနေနဲ့ရေးသားနေတဲ့ ဆောင်းပါးပုံစံပဲဖြစ်ပါတယ်။ ကျွန်မလိုမဟုတ်ဘဲ အရေးအနေနဲ့ ရေးသားမယ့်သူတွေက သဒ္ဒါအသုံးအနှုန်းမှန်ကန်ရေးကို အထူးသတိပြုရေးသားကြရပါမယ်။
✨ဖတ်ရှုသူနေရာဝင်ရောက်ခြင်း
ကျွန်မတို့တွေ ကိုယ်တိုင်ရေးလိုက်တဲ့ ဆောင်းပါးတွေကို ပြန်လည်ဖတ်ရှုတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဖတ်ရှုသူလို သဘောထားပြီး ဖတ်ရှုတတ်ဖို့လည်းလိုအပ်ပါတယ်။ ဒါမှကိုယ်ရဲ့ လိုအပ်ချက်တွေကို မြင်တွေ့ရပြီး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
✨ဘက်မလိုက်စွာရေးသားခြင်း
စာရေးသူတွေရဲ့ ကလောင်ဟာ အစွမ်းထက်လှပါတယ်။တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း ကလောင်ကိုင်စွဲထားတဲ့စာရေးသူတွေပေါ် မူတည်ပတ်သက်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို ဘက်မလိုက်စွာရေးသားဖို့ လိုအပ်လှပါတယ်။ ဖြောင့်မတ်မှန်ကန်တည်ကြည်တဲ့ စိတ်ထားမျိုးရှိနဲ့ ရေးသားရပါမယ်။
✨စကားလုံးတွေကို ထပ်တလဲလဲသုံးစွဲခြင်း
စာရေးသားရာမှာ စကားလုံးတွေ မထပ်ဖို့သတိပြုရပါမယ်။ အပေါ်ကြောင်းမှာလည်း ကျွန်တော် အောက်ကြောင်းမှာလည်း ကျွန်တော် ဖတ်ရှုရသမျှစာသားမှာ ကျွန်တော်ဟာ မပါမဖြစ်။ ဒီလိုအသုံးအနှုန်းမထပ်ဖို့ သတိပြုရေးသားရပါမယ်။ စကားလုံးနဲ့ ဝေါဟာရ ကြွယ်ဝမှုကတော့ စာဖတ်အားနဲ့ဆိုင်သွားတာမို့ စာဖတ်ပါ။
✨နားလည်မလွယ်တဲ့ စကားလုံးတွေ သုံးစွဲခြင်း
ဆောင်းပါးရေးသားတာက ကိုယ်ဘယ်လောက်ထိတတ်နေ ဝေါဟာရဆန်းဆန်းတွေနားလည်တာကို ကြွားဖို့ရေးသားတဲ့စာမဟုတ်ပါ။ ကိုယ်ရေးသားမယ့်စာကို သာမန်လူတွေ နားလည်နိုင်တဲ့ အသုံးအနှုန်းကိုသာ အဓိကထားပြီး သုံးစွဲပါ။
✨မှတ်ချက်များရယူခြင်း
စာရေးသူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့စာကို အကောင်းအဆိုးမှန်သမျှ ပေးလာတတ်တဲ့ မှတ်ချက်တွေကို ရယူနားထောင်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်စေ စာဖတ်သူလေးတွေကနေဖြစ်စေ ရယူပါ။
ဒီဆောင်းပါးလေးဖတ်ပြီး စာဖတ်သူလေးတွေအနေနဲ့ အနည်းဆုံး စာတစ်ပုဒ်လောက်ကိုတော့ ရေးသားနိုင်လိမ့်မယ်လို့ထင်မြင်မိပါတယ်။ ရေးသားပါ မကြောက်ပါနဲ့။ စတင်ခြင်းက အောင်နိုင်မှုရဲ့ ခရီးတဝက်ပါပဲ။
ဒီဆောင်းပါးက စာရေးသားရတာကို ဝါသနာပါပေမယ့် ဘယ်လိုစတင်ရမလဲ မသိသူလေးတွေတွက် အထောက်အကူဖြစ်ဖို့ရာ ရည်မှန်း၍ ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...
July.22.2024.Mon(20:2)
ᗰᗩᖇᑌ
စာတွေစရေးဖို့အခက်ခဲရှိပါက ကိုယ့်တတ်နိုင်သလောက်ကူညီပေးပါမယ်ရှင် dm @Aries_Maru_Kim

❤14❤🔥3🥰3👍1