𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
6.74K subscribers
4.23K photos
654 videos
102 files
288 links
For Relaxation 🌱


start D.. 27.6.2023
Download Telegram
ကိုယ့်ရဲ့စာအရေးအသား‌တွေကနေ ကိုယ့်ရဲ့အကြောင်း ဘာတွေသတိထားမိလဲ👀❤️

Author ᗰᗩᖇᑌ

#myself
#Mask
👀16❤‍🔥7
ရုပ်ချောသဘောကောင်း ဖော်ရွေတဲ့မင်"က မင်္ဂလာနံနက်လေးပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်👀❤️

#Mask
24🥰3🗿3😁2👀1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
လူငယ်နှင့်စာပေ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသူနိုင်ငံသားတွေဘယ်လောက်စာဖတ်တယ်ဆိုတဲ့ပေါ်မူတည်ပါတယ်။ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံကလူတွေက စာတွေတအားဖတ်ကြပါတယ်။ ဥပမာ အိန္ဒိယ၊ ထိုင်း ၊ တရုတ် စသဖြင့်...။ နိုင်ငံတစ်နိုင်ငံမှာ သဘာဝသယံဇာတတွေပေါကြွယ်တာထက်…
လူငယ်နှင့်စာပေ

စာဘာကြောင့်ဖတ်သင့်တာလဲဆိုပြီးတွေးဖူးလား။

ဆရာဦးအောင်သင်းကပြောဖူးပါတယ်။
"မင်းကိုယ်မင်းချစ်ရင် ပညာသင်ပါ။စာဖတ်ပါ။
မိဘကိုချစ်ရင် ပညာသင်ပါ။စာဖတ်ပါ။
တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင် ပညာသင်ပါ။စာဖတ်ပါ"

ကျွန်မတို့ဘာကြောင့်ပညာသင်နေတာလဲ။ဘာကြောင့်စာဖတ်သင့်တာလဲ။ ရည်မှန်းချက် အကြောင်းအရင်းရှိမှသာ ကျွန်မတို့ပြုလုပ်ဆောင်ရွက်နေတဲ့အရာတွေက အရေးပါမှာပါ။

နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသူနိုင်ငံသားတွေဘယ်လောက်စာဖတ်တယ်ဆိုတဲ့ပေါ်မူတည်ပါတယ်။

ဖွံဖြိုးတိုးတက်တဲ့နိုင်ငံကလူတွေက စာတွေတအားဖတ်ကြပါတယ်။ ဥပမာ အိန္ဒိယ၊ ထိုင်း ၊ တရုတ် စသဖြင့်...။

နိုင်ငံတစ်နိုင်ငံမှာ သဘာဝသယံဇာတတွေပေါကြွယ်တာထက် လူ့သယံဇာတအရင်းအမြစ်ပေါများဖို့အရေးကြီးပါတယ်။ ဘယ်လောက်ပဲသယံဇာတတွေပေါများပါစေ လူ့သယံဇာတမဖွံ့ဖြိုးဘူးဆိုရင် အဲ့နိုင်ငံ(ကျွန်မတို့နိုင်ငံ)မဖွံ့ဖြိုးမတိုးတက်နိုင်ပါဘူး။

-စာဖတ်ခြင်းကအတွေးတွေကိုပြောင်းလဲပေးပါတယ်။


ကျွန်မရဲ့အရင်တုန်းကပညာသင်ကြားရတဲ့ရည်ရွယ်ချက်က နိုင်ငံခြားထွက်ဖို့ပါပဲ။ ကျွန်မအခြားနိုင်ငံတွေကို သဘောကျတယ်။ မြန်မာနိုင်ငံထက်ကိုပိုသဘောကျတယ်။

ကျွန်မနောက်ပိုင်းစာတွေဖတ်လာတော့ ကျွန်မအတွေးတွေမှားယွင်းနေမှန်းသိခဲ့ရတယ်။ ဒီနိုင်ငံမှာမွေးတယ် ဒီရေကိုသောက်တယ် ဒီကပညာကိုသင်ကြားတယ်။ အဲဒါကိုမှ ဒီကပညာကို အခြားနိုင်ငံတွက် သွားပြီးအသုံးပြုမလို့တဲ့လေ။

ဘာကြောင့်လဲ။ကျွန်မဘာကြောင့်အခြားနိုင်ငံတွေကို သွားချင်နေရတာလဲ။

ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံတွေကဖွံ့ဖြိုးတိုးတက်နေလို့ပဲ။
သူတို့နိုင်ငံကို သွားမယ့်အစား ကျွန်မရဲ့နိုင်ငံကို ဖွံဖြိုးတိုးတက်အောင်လုပ်ပါမယ်။ နောက်လာမယ့် ညီလေးညီမလေးတွေကို ဖွံ့ဖြိုးတိုးတက်တရားမျှတပြီးအေးချမ်းတဲ့နိုင်ငံမှာ နေနိုင်အောင် ကျွန်မတို့အခုထဲကကြိုးစားရမယ်။ တလွဲအသိတွေမဝင်အောင် တတ်စွမ်းသမျှအသိပညာတွေကို သင်ကြားပေးပါမယ်။

ကျွန်မရဲ့ပညာသင်ကြားရခြင်း ရည်ရွယ်ချက်က လုံးဝပြောင်းလဲသွားတာပါပဲ။


-စာဖတ်ခြင်းက အမူအကျင့်များ ပြောင်းလဲ‌စေပါတယ်။

စာဖတ်တာကမေ့မှာပဲဟာ ဘာလို့ဖတ်နေမှာလဲဆိုပြီး‌မေးသူတွေရှိပါတယ်။ ကျွန်မကြားဖူးတဲ့ ပုံပြင်လေးပြောပြချင်ပါတယ်။ အတိုချုပ်‌ပြီးပြောပြပေးပါမယ်။

ဆရာနဲ့တပည့် ၂ယောက်ရှိပါတယ်။ တပည့်ဖြစ်သူက ဆရာကိုမေးတယ် "စာတွေသာအများကြီးဖတ်နေရတာ ဖတ်ပြီးရင် မေ့သွားတာကို ဒါဆိုဘာကြောင့်စာဆက်ဖတ်နေရတာလဲဆရာ"တဲ့။
အဲတာနဲ့ဆရာဖြစ်သူက တပည့်ဖြစ်သူကို ညစ်ပတ်နေတဲ့ဇကာတစ်ခုပေးပြီး မြစ်က ရေကိုခပ်လာဖို့ခိုင်းလိုက်ပါတယ်။ တပည့်ကလည်းဆရာဖြစ်သူကို မလွန်ဆန်နိုင်တာနဲ့ သွားခပ်တာပေါ့။ ရေကခပ်လိုက် ပြန်ကျလိုက်နဲ့ ညနေ‌သာစောင်းသွားတယ် ရေကတော့လုံးဝပါမလာဘူး။ ဒါနဲ့ဆရာကြီးဆီပြန်သွားပြီး "ဆရာခိုင်းတာကို ကျွန်တော်မလုပ်နိုင်ခဲ့ဘူး"လို့ပြောပါတယ်။အဲအခါမှာ ဆရာဖြစ်သူက "မင်းမလုပ်နိုင်ခဲ့တာမဟုတ်ပါဘူး ဇကာကိုကြည့်လိုက်ပါဦး"လို့ပြောပါတယ်။ ဇကာက မယုံကြည်နိုင်လောက်အောင် သန့်ရှင်းစင်ကြယ်နေတာကိုတပည့်ဖြစ်သူကတွေ့လိုက်ရပါတယ်။အဲ့အခါမှဆရာက "ပြီးခဲ့တဲ့ခေါက်က ဘာကြောင့်စာဖတ်ရလဲဆိုပြီး မင်းမေးခဲ့တယ်။ ဒါကမင်းမေးခွန်းတွက်အဖြေပဲ"ဆိုပြီး ပြောလိုက်ပါတယ်။

ဒါဆိုစာဖတ်သူ‌တို့လည်းသဘောပေါက်လောက်ပါပြီ။

-စာဖတ်ခြင်းကတိုးတက်စေပါတယ်။

ကျွန်မတို့အနေနဲ့ ဘယ်အရာကိုလုပ်လုပ် ပြီးစလွယ်မလုပ်သင့်ပါဘူး။ စာဖတ်လား ဖတ်တယ်။ ဖတ်တယ်ဆိုရုံလောက်ပဲဖတ်ရင်တော့ တိုးတက်ပြောင်းလဲမှာမဟုတ်ပါဘူး။ ဦးနှောက်ဖောက်စားတတ်ရပါမယ်။ စာဖတ်ပြီးရင် တွေးတောပါ။ ယူတတ်ရပါမယ် အသုံးချတတ်ရပါမယ်။အသုံးချရပါမယ်။

-သူများထက်ခေါင်းတစ်လုံးသာစေပါတယ်။

ကျွန်မတို့ငယ်ငယ်ကဆို လူကြီးတွေကအကြောင်းအရာတစ်ခုခုပြောပြပြီဆို ပါးစပ်ကြီးဟပြီး နားထောင်တတ်ကြပါတယ်။ဒါကငယ်စဉ်ခါပဲကောင်းတာပါ။ ကျွန်မတို့အရွယ်ရောက်ရောက်လာပြီဆို ကိုယ်နဲ့ရွယ်သူတွေထက် အသိပညာမနိမ့်ကျနေဖို့လိုအပ်ပါတယ်။ ဒါကြောင့်စာဖတ်ပါ။

-လူတွေကိုပိုပြီးနာလည်ပေးလာနိုင်မယ်။

ဗဟုသုတရချင်လို့ဆိုပြီး သုတကြီးပဲဖတ်နေဖို့မလိုပါဘူး။ ရသစာပေတွေကိုလည်း ဖတ်ပါ။ အခြားသူတွေရဲ့ အတွေး ဘဝဇာတ်လမ်း အခက်အခဲတွေကိုဖတ်ရှုခြင်းက လူသဘာဝကိုပိုနားလည်လာစေပါတယ်။ဘဝဇာတ်လမ်းတွေကလည်း လူတွေအကြောင်းပိုပြီးနားလည်လာစေပါတယ်။

-ကျန်းမာရေးကောင်းမွန်စေပါတယ်။

ကျန်မာရေးရှုထောင့်ကနေကြည့်ရင် တစ်နေ့ကို နာရီဝက်လောက်စာပုံမှန်ဖတ်ပေးခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကြစေပါတယ်။ စာဖတ်ရင်း စိတ်ဖိစီးတွေလျော့လာပြီး ‌အိပ်ပျော်စေပါတယ်။

ဒါကစာဖတ်ရင်ရလာမယ့်အကျိုးကျေးဇူးအနည်းငယ်ပဲ ဖြစ်ပါတယ်။

-စာဖတ်ခြင်းကိုအလေ့အကျင့်ဖြစ်အောင် လုပ်ပါ။
-စိတ်ဝင်စားမှုရှိသော စာအုပ်များကိုရွေးချယ်ဖတ်ရှုပါ။
-မျှဝေပါ။

ကိုယ့်ကိုယ်ကိုယ်ချစ်ရင် စာဖတ်ပါ။
ကိုယ့်ကိုယ်ကိုယ်တွက် စာဖတ်ပါ။
ဘဝအတွက် စာဖတ်ပါ။
မိသားစုတွက် စာဖတ်ပါ။
မိမိနိုင်ငံတွက် စာဖတ်ပါ။

စာဖတ်ခြင်းက သင့်ဘဝကိုပြောင်းလဲပေးပါလိမ့်မယ်။

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

June.22.2024.Sat
Maru(မာရု)

#Sarphat
#Mask
❤‍🔥1810👍3🥰2🤩1🫡1
ဒီနေ့သာ ရှင်သန်ရမယ့်နောက်ဆုံးနေ့ဖြစ်ခဲ့ရင်

ရေးစရာရှိတဲ့အိမ်စာတွေကို မရေးဘဲပစ်ထားလိုက်မှာ😞

စုထားတဲ့ပိုက်ဆံတွေကို မုန့်တွေဝယ်စားလိုက်မယ်

ခံစားချက်ဆောင်းပါးတစ်ပုဒ်ကို ရေးသားမယ်

ချစ်ရသူတွေကို ချစ်တယ်လို့ပြောမယ်

အကောင်းဆုံးလွတ်လွတ်လပ်လပ် နေမယ်

ဒီလောက်ပါပဲ ဘာမှမမျှော်လင့်တော့ပါဘူး

#myself
#Mask
🕊14❤‍🔥8👀4😢2👍1🐳1😭1
ဒီခုံလေးဘယ်သူလိုချင်လဲ🥲
#crd
#flower
🔥32😁10🗿82
အသဲ အဆုတ်တို့

Gn

#Mask
14🥰5❤‍🔥2🌚2🔥1
မောနီးးးးးးးးးးးးးးးးးး

#Mask
9❤‍🔥6👍1
Forwarded from Ko Aung ငွေတုရောင်းဝယ်ရေး
"ဂျင်းထည့်နည်း အနုပညာ"

#Nick
😁277🗿4👍1
Ko Aung ငွေတုရောင်းဝယ်ရေး
{𝙉𝙞𝙘𝙠}_𝑻𝒉𝒆_𝑳𝒊𝒇𝒆_𝑶𝒇_𝑩𝒐𝒐𝒌_ဂျင်းထည့်ခြင်း_အနုပညာ.pdf
စာအုပ်ကောင်း‌ေတွဖတ်ချင်ရင်လာခဲ့သဲဆုတ်တို့ ကိုယ်လဲရှိပါ၏👀❤️

https://t.me/trbooksharing008
🥰12🍓2💋2
ဒီနေ့က Channel 1နှစ်ပြည့်တဲ့နေ့လေးပေါ့ သဲဆုတ်တို့ရယ်🥹

ဒါမယ့်ကိုယ်ဘက်ကအခက်ခဲလေးတွေရှိတာကြောင့် ဘာမှဆိုဘာမှ အဲလိုဖြစ်သွားပါတယ်😞

အစကဆောင်းပါးလက်ဆောင်ရေးပြီးပေးမို့ကို

ပျော်ရွှင်ပါစေနော်👀❤️
အရာအားလုံးတွက်ကျေးဇူးပါသဲဆုတ်တို့


#oneyear
#Mask
🎉6228❤‍🔥6👍5
Morning 👀

#Mask
🥰5🍓54❤‍🔥3
ကိုယ့်ဘက် ဒီလို"ဖြစ်နေလို့ ချယ်နယ်မရန်း"ဖြစ်တာပါနော်

ချယ်နယ်ကိုအဆင်ပြေတာနဲ့ ပြန်ရန်း"ပေးသွားပါမယ်အသဲလေးအဆုတ်လေးတို့ရေ

#Mask
❤‍🔥21😢8👍1🐳1
ကိုယ်ရဲ့‌ ဆောင်းပါးပထမရတယ်👀❤️

#Mask
44🎉16❤‍🔥5👏3🍓2👍1🤩1🏆1
ကျေးဇူးတင်လွှာ

စာဖတ်သူလေးတို့ရေ

Juneလတွက် Top 10 Chart မှာလူငယ်နှင့်စာပေဆိုတဲ့ဆောင်းပါးလေးက Top 1ရခဲ့ပါတယ်။

လူငယ်နှင့်စာပေ ဆောင်းပါးလေးဆီကနေ မှတ်ချက်‌တွေလည်းအမျိုးမျိုးရရှိခဲ့ပါတယ်။

ကျွန်မရဲ့ဆောင်းပါးတွေကို အချိန်ပေးဖတ်ရှုပေးတဲ့ စာဖတ်သူလေးတွေကို ကျေးဇူးတင်ပါတယ်ရှင့်။

ဆက်လက်ပြီးတော့လည်း ကြိုးစားသွားပါမယ်ရှင့်💝

အသိပေးစရာလေးလည်းရှိပါတယ်ရှင်

ကျွန်မဘက်မှာနယ်မြေအခြေနေ မကောင်းတာရယ်
မီးတွေအဖြတ်ခံထားရတာရယ်
လိုင်းလည်းရလိုက်မရလိုက်မို့

ယခုလတွက်ဆောင်းပါးတွေရေးဖို့ရာ အခက်ခဲလေးတွေရှိတာမို့ ရေးဖြစ်ဖို့ရာမသေချာသေးပါ။

အခြေနေတွေငြိမ်တာနဲ့ ဆောင်းပါးတွေဆက်လက်ရေးသားသွားမည်ဖြစ်ပါသဖြင့် မမေ့လျော့ဘဲ စောင့်မျှော်ပေးနေမို့ တောင်းဆိုချင်ပါတယ်ရှင်😭❤️

Sarphat အဖွဲ့သူအဖွဲ့သားတွေကိုလည်းကျေးဇူးတင်ပါတယ်ရှင်

ဆုမရတဲ့သူလေးတွေလည်း အားမလျော့ကြပါနဲ့ရှင်
ဆက်ကြိုးစားသွားပါ ဒီလတွက်ဆုကိုဆွတ်ခူးပါ❤️

ရှိတဲ့အားလေးနဲ့စာရေးသားလိုက်တာမို့ စာလေးကိုဒီနေရာမှာပဲရပ်လိုက်ပါတော့မယ်ရှင်


သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

July.4.2024.Thurs
ᗰᗩᖇᑌ

Link https://www.sarphat.com/articles/6838

စာတွေဝင်ရောက်ဖတ်ရှုဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင့်

#Sarphat
#Mask
38👍6
Hello hello
သတိရလို့🌝

#Mask
31🗿9😭4👍3🔥3💔2❤‍🔥1🥰1😁1😐1👻1
Hello👀❤️

#Mask
❤‍🔥64👀2👍1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
ရှိသမျှအခွင့်အရေးတွေကိုဆုပ်ကိုင်ထားရမှာပဲ ဘယ်အရာကိုမှဆင်ခြင်ပေးနေလို့မရဘူး 👀❤️ Time Management(အချိန်စီမံခန့်ခွဲမှု) https://www.sarphat.com/articles/7439
Time Management(အချိန်စီမံခန့်ခွဲမှု)

လူတိုင်းတစ်နေ့ကို (၂၄)နာရီဆိုတဲ့အချိန်ကို ညီတူညီမျှရရှိကြပါတယ်။ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပိုရတာလည်းမရှိသလို လိုရတာလည်းမရှိပါဘူး။

ဒါဆိုဘာကြောင့် အခြေနေခြင်းတွေကွာခြားသွားရတယ်လို့ထင်ပါသလဲ။

Time Management(အချိန်စီမံခန့်ခွဲမှု)တွေကွာခြားသွားလို့ပဲဖြစ်ပါတယ်။

"15 secrets successful people knows about Time Management" စာအုပ်ထဲမှာလည်း *ကိုယ်ပိုင်တဲ့အရာတွေထဲမှာ အချိန်ဟာ တန်ဖိုးအရှိဆုံးမို့ မဖြုန်းပါနဲ့။*လို့လည်းဖော်ပြထားပါတယ်။

Time Management(အချိန်စီမံခန့်ခွဲမှု)ဆိုတာဘာလဲ။

Time Management(အချိန်စီမံခန့်ခွဲမှု)ဆိုတာက တစ်ရက်တာအချိန် (၂၄)နာရီကို အကျိုးရှိရှိအသုံးပြုခြင်းဖြစ်ပါတယ်။ဒါကြောင့်အချိန်စီမံခန့်ခွဲမှု ကောင်းမွန်တဲ့သူ‌တွေက အလုပ်တွေကို အချိန်မီ ပြီးမြောက်ပြီး၊ ကိုယ်ပိုင်ဘဝနှင့် အလုပ်နဲ့ဘဝအကြား ညီမျှမှုရရှိ‌စေပါတယ်။

ကျွန်မရဲ့အချိန်ကို ကောင်းမွန်စွာစီမံပြီးအသုံးမချတဲ့တွက်ဖြစ်လာတဲ့ရလဒ်(ဖြစ်ရပ်)လေးတွေကိုပြောပြချင်ပါတယ်။

ကျွန်မက ကျောင်းသူတစ်ယောက်ဖြစ်ပြီး Time Management(အချိန်စီမံခန့်ခွဲမှု)မထားပါဘူး။ ကျွန်မကတစ်နေ့စာတစ်နေ့ပုံမှန်မလုပ်ပါဘူး။စာသင်ရင်သာသေချာဂရုတစိုက်နားထောင်လိုက်မှတ်ပြီးသင်တဲ့အကျင့်လေးပဲရှိတာပါ။ကျွန်မရဲ့တစ်‌နေ့တာဟာဆိုရင်စာသင်တယ် အတန်းချိန်တွေပြီးရင် ဆောင်းပါးတွေရေးရင်ရေးတယ်။ မရေးရင်ဖုန်းကြည့်တယ်။အိမ်ကိုကူတယ်။စာအုပ်တွေဖတ်တယ်။ အိမ်စာရေးတယ် အစရှိသဖြင့်ပါပဲ။ ကျောင်းသူတစ်ယောက်ရဲ့တာဝန်ဖြစ်တဲ့ စာကြည့်ခြင်းကိုတော့မလုပ်ပါဘူး။ကုန်ဆုံးချင်သလိုကုန်ဆုံးလိုက်တာပါပဲ။

စာမေးပွဲတွေနီးလာပြီဆိုရင်တော့ ကျွန်မစာကိုပဲ နာရီများစွာထိုင်ပြီးလုပ်ပါတော့တယ်။ကျွန်မရဲ့လုပ်လေ့လုပ်ထရှိတဲ့ ဆောင်းပါးရေးတာတွေ အစရှိသမျှအလုပ်တာဝန်တွေကိုရပ်ပစ်ပြီးလုပ်တာပါပဲ။ မလုပ်လို့လည်းမရပါဘူး မလုပ်ရင်စာမေးပွဲကိုအောင်မှာမဟုတ်ပါဘူး။မိဘ‌တွေကလည်း တနေကုန်စာကြီးပဲလုပ်‌နေရင်ပြောပါတယ်။သူငယ်ချင်း‌တွေ စကားဝိုင်းတွေမှာလည်း မပါဝင် စကားပြောနေကြတွေရပ်။ ရလာတဲ့အမှတ်‌တွေကလည်း နည်းလှပါတယ်။ ဆိုးကျိုးများစွာ ခံစားရတော့တာပါပဲ။

လူငယ်ဘဝမှာထဲက ဒီလိုဆို ကျွန်မရဲ့အနာဂတ်ဟာလည်းမတွေးရဲစရာပါပဲ။ဒါကြောင့် အချိန်စီမံခန့်ခွဲမှုရဲ့အရေးကြီးပုံကို ကိုယ်တိုင်နားလည်လာပါတယ်။

Time Management လုပ်ခြင်းအားဖြင့်
-ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာမယ်။
-ဖိအားလျော့နည်းလာမယ်။
-အချိန်စွဲတတ်တဲ့အကျင့်ပျောက်လာမယ်။
-အချိန်တွေပိုလာမယ်။
-အောင်မြင်မှုတွေခံစားလာရမယ်။
-နောင်တတွေကင်းလာမယ်။
-ရည်မှန်းချက်တွေဆီ အချိန်မီရောက်ရှိမယ်။
-အချိန်ရဲ့တန်ဖိုးကိုနားလည်လာမယ် အစရှိသဖြင့်...။

အချိန်စီမံခန့်ခွဲမှုနည်းလမ်းတွေကတော့

- To-Do List
တစ်နေ့စာလုပ်ရမည့်အလုပ်တွေကို စာရင်းပြုစု။

- Priority Setting
အရေးကြီးသောအလုပ်‌တွေကို ဦးစားပေးစွာ ဆောင်ရွက်။

- Time Blocking
အချိန်အပိုင်းအခြားတွေ ခွဲပြီး အလုပ်တွေကို အချိန်တစ်ခုချင်းစီသတ်မှတ်၍လုပ်‌ဆောင်။

- Pomodoro Technique
အချိန် 25 မိနစ်ခန့် အလုပ်လုပ်ပြီး 5 မိနစ် အနားယူ။

- Eisenhower Matrix
အရေးကြီးတာနဲ့ အမြန်ဆုံးလုပ်ဖို့လိုအပ်မှုအလိုက် အလုပ်များကို စီစဉ်။

- Digital Tools
Trello, Asana, Notion, Google Calendar တို့ကဲ့သို့သော digital tools တွေကို အသုံးပြုပြီး အလုပ်‌တွေကို စီမံခန့်ခွဲ။

Time Management (အချိန်စီမံခန့်ခွဲမှု)လုပ်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦးဘဝနေထိုင်မှုပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားသွားမှာပါ။

အချိန်ကိုကောင်းမွန်စွာစီမံခန့်ခွဲပါ။လူငယ်ဘဝရဲ့အချိန်တွေကို အလကားမဖြုန်းတီးပါနဲ့။နောင်တဆိုတာ နောင်မှရတာမို့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားကာ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

July.13.2024.Sat
ᗰᗩᖇᑌ


#Sarphat
#Mask
45👍3
မြို့ပြနေညီအစ်ကိုမောင်နှမများထံသို့ပေးစာ

ပြည်တွင်းစစ်ကိုသင်ဘယ်လိုထင်ပါသလဲ

စစ်ဖြစ်ရာဒေသမှ စစ်မဖြစ်သေးတဲ့ဒေသတွေဆီသို့ ရေးသားထားတဲ့ ကျွန်မရဲ့စာလွှာလေးအားပေးပို့လိုက်ရပါတယ်ရှင်

https://www.sarphat.com/articles/7505

#Sarphat
#Mask
26❤‍🔥7👍5🍓1