𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
6.76K subscribers
4.23K photos
654 videos
102 files
288 links
For Relaxation 🌱


start D.. 27.6.2023
Download Telegram
Faတို့ အိပ်တော့

Gn

#Mask
🤨12🥰5😢4🤓4🌚3😴2👍1😁1🤯1
ထတော့ အပူကင်းတဲ့သဲဆုတ်တို့ရေ
Mn👀❤️

#Mask
🥰12❤7🍓3❤‍🔥1👍1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
မှန်ထဲကရုပ်နဲ့ကင်မရာထဲကရုပ်ဘာကြောင့်ကွာခြားတာလဲ ငါကမှန်ထဲမှာကြကြည့်ကောင်းပြီးတော့ ကင်မရာထဲမှာကြ ဘီလူးမသံပုရာသီးစားတဲ့ရုပ်နဲ့ ဘာလို့လဲ😭 ဒါဟာဘာကြောင့်လဲ ဒါဟာရုပ်ဆိုးလို့ပါ🥹 စတာပါ ဘာကြောင့်လဲဆိုတာသိရဖို့ ဖတ်ရှုလိုက်ပါ။ Author name- ᗰᗩᖇᑌ ဖတ်ရှုရန်Link …
မှန်ထဲကရုပ်နဲ့ကင်မရာထဲကရုပ်ဘာကြောင့်ကွာခြားတာလဲ

ငါကမှန်ထဲမှာကြကြည့်ကောင်းပြီးတော့ ကင်မရာထဲမှာကြ ဘီလူးမသံပုရာသီးစားတဲ့ရုပ်နဲ့ ဘာလို့လဲ😭
စာဖတ်သူလေးတို့ ကြုံနေကြဖြစ်မယ်လို့ထင်ပါတယ်😁

ဒါဟာဘာကြောင့်လဲ

-Reflection(ရောင်ပြန်ခြင်း)
Reversal (ပြောင်းပြန်မြင်ခြင်း)
မှန်ကပြောင်းပြန်မြင်ရတာပါ။
မှန်ထဲမှာမြင်ရတဲ့ကိုယ့်ပုံရိပ်က မှန်ရဲ့ရောင်ပြန်မှုကြောင့် အပြင်ကပုံစံနဲ့ပြောင်းပြန်ဖြစ်ပါတယ်။ ဥပမာ- ကိုယ့်ရဲ့ညာဘက်ကိုမှန်ထဲမှာကြည့်တဲ့အခါ ဘယ်ဘက်အဖြစ်မြင်ရပါတယ်။အလွန်ကို ရိုးရှင်းပြီး မလွယ်ကူတဲ့ အချက်ပါ။ အဓိကအားဖြင့်, ကိုယ့်ကိုယ်ကိုယ်ရဲ့ အစစ်အမှန်ပုံစံကို မမြင်ရပဲ, ပြောင်းပြန်မြင်ရတာပါ။

ကင်မရာထဲမှာကြ ကိုယ့်ရဲ့ပုံရိပ်အစစ်အမှန်ကိုမြင်တွေ့ရတာဖြစ်ပါတယ်။ကင်မရာက စစ်မှန်တဲ့ ပုံရိပ်ကို ဖမ်းယူပြီး, ညာဘက်က ညာဘက်အဖြစ်၊ ဘယ်ဘက်က ဘယ်ဘက်အဖြစ် မြင်ရပါတယ်။


-Lighting(အလင်းရောင်)
ကျွန်မတို့ရဲ့ဦးနှောက်က မှန်ထဲကိုကြည့်တဲ့အခါ အလင်းရောင်ကွဲပြားမှုကိုသတိမပြုမိအောင်အလုပ်လုပ်ကြပါတယ်။

ကင်မရာကကြတော့ အလင်းတွေအရိပ်တွေကိုအကုန်ဖမ်းယူပါတယ်။

-Detail and focus(အသေးစိတ်နှင့်အာရုံစိုက်မှု)
ကျွန်မတို့ကမှန်ထဲမှာဆို အချို့အသေးစိတ်တွေပဲကြည့်ပါတယ်။အများအားဖြင့် ကိုယ့်မျက်နှာ အနီးအနားမှာရှိတဲ့အသေးစိတ်တွေကိုသာမှန်ထဲမှာကြည့်ကြပါတယ်။

ကင်မရာထဲမှာဆိုရင်တော့ တကိုယ်လုံးကိုအသေးစိတ်ကြည့်ကြပါတယ်။ကင်မရာကအနီးကပ်ကနေအဝေးထိပုံရိပ်ကိုဖမ်းယူနိုင်တဲ့အတွက် ကိုယ့်ရဲ့တစ်ကိုယ်လုံးကိုပြည့်ပြည့်စုံစုံမြင်တွေ့နိုင်ပါတယ်။

-Familiarity(နေသားကျခြင်း)
မှန်ကိုနေ့တိုင်းကြည့်တဲ့အတွက် မှန်ရှေ့ရောက်ရင် ပေါ့ပေါ့ပါးပါးနဲ့ ဖိအားမရှိဘဲ လွတ်လပ်စွာကြည့်နိုင်ပါတယ်။

ကင်မရာထဲမှာကြ ပေါ့ပေါ့ပါးပါးမရှိဘဲ တောင့်တောင့်ကြီးဖြစ်နေတာတွေကြောင့် ကိုယ့်ရဲ့ပုံရိပ်ကိုကြည့်ရဆိုးစေပါတယ်။

ဒီအချက်တွေကြောင့်မဟုတ်ဘဲကင်မရာထဲမှာရုပ်ဆိုးနေဆဲဆိုရင်တော့ ဒါဟာသင်အမှန်တကယ်ရုပ်ဆိုးနေတာပဲဖြစ်ပါတယ်(စတာပါ)

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

June.2.2024.Sun(
ᗰᗩᖇᑌ

#Sarphat
#Mask
❤‍🔥18🗿6🥰3👍2😁1
ဆရာချမ်းမြေ့ဝင်းဟောပြောပို့ချမယ့်ပွဲလေးတက်ချင်ပါကလာခဲ့ပါနော်

📌 Zoom Meeting Link -

Topic: “ရသစာပေ အင်္ဂလိပ်-မြန်မာဘာသာပြန်ခြင်း အနုပညာ” ပညာဒါနဆွေးနွေးပွဲ
Time: Jun 9, 2024 07:30 PM Rangoon
Join Zoom Meeting
https://us06web.zoom.us/j/89220347604?pwd=IuhoIo6D5P59AqLs5qTHIvy1fGhgGs.1
Meeting ID: 892 2034 7604
Passcode: 088798
🥰9❤1👍1🍓1
မောနီးးးးးးးးး
ထတော့

#Mask
🥰9❤4
Japan စာသေချာပြန်လေ့လာတော့မယ်😞❤️

#song
#Mask
❤20❤‍🔥4💘2🥰1😁1
Forwarded from đđ°đšđ˛ 𝐎𝐨 𝐀𝐤𝐚𝐲𝐚𝐫 🖊️
ကျွန်တော့်ရဲ့ Channel အသစ်ကလေးဖြစ်ပါတယ်။

Channel ထောင်ရခြင်းရည်ရွယ်ချက်ကတော့

ကျွန်တော်ကိုယ်တိုင်လည်း ကျန်းမာရေးလိုက်စားတော့မှာဖြစ်တာကြောင့် ကျွန်တော့်ရဲ့ ကျန်းမာရေးဗဟုသုတတွေကို ပိုပြီးအကျိုးရှိအောင် စာဖတ်သူလေးတို့ပါလေ့လာသိရှိနိုင်စေဖို့ မျှဝေပေးမှာဖြစ်ပါတယ်။

ကျွန်တော့်လို လူငယ်တစ်ယောက်တောင်လိုက်လုပ်နိုင်တဲ့ ဗဟုသုတတွေတင်ပေးမှာမလို့ စာဖတ်သူလေးတို့အတွက် ကိုယ်တိုင်လက်တွေ့အသုံးချလို့ရမှာပါခင်ဗျာ။

ကိုယ့်ရဲ့ဘဝကျန်းမာရေးအတွက်

ကိုယ့်အားကိုယ်သာကိုးကြမယ်။

ကိုယ့်ကိုယ်ကိုယ် အရင်ကထက်ပိုဂရုစိုက်ကြမယ်။

ပိုချစ်ကြမယ်နော်။❣️

Chanel Info

☑️ Only Health Knowledge

တစ်နေ့ကို အများဆုံး ကျွန်တော် ၃ ပုဒ်ပဲ Run မှာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူလေးတို့အနေနဲ့ အမှန်တကယ်ကို mute ဖို့မလိုအပ်ပါဘူးခင်ဗျာ။

Channel Link - https://t.me/Healthy_Life_by_Haruki

Main - https://t.me/Life_Explored_Channel

Since Date - 9.6.2024

မင်္ဂလာရှိသောနေ့ရက်ကလေး ဖြစ်ပါစေ။☀️

#Haruki
❤‍🔥11🥰4👍2💘2
ဆောင်းပါးရေးချိန်ကြားရသောစကားများ

-သမီးရေ ငရုပ်သီးလေးထောင်ပေးပါဦး

-သမီးရေ ရေလေးတိုက်ပါဦး
ရေအေးနဲ့စပ်ပေးနော်

-သမီးရေ အိုးဖုံးလေးယူပေးပါဦး

-သမီးရေ လာမြည်းကြည့်ပါဦး

-သမီးရေ ဘူးလေးတွေယူပေးပါဦး

-သမီးရေ ဈေးဆိုင်လေးသွားပေးပါဦး

-သမီးရေ အရွက်ခြွေပေးပါဦး🥲

သမီးရေဆိုတဲ့စကားနဲ့ classတောင်မေ့ပြီးမတက်ဖြစ်လိုက်🗿

#myself
#Mask
😁22❤6
မောနီးးးး
ထတော့ထတော့

#Mask
❤‍🔥9
အခြေခံလူတန်းစားတွင်တွေ့ရသောလူတန်းစားတစ်မျိုး

ဒါကိုဖတ်ဖြစ်‌ေအာင်ဖတ်စေချင်ပါတယ် ခုနောက်ပိုင်း ခေတ်ကပျက်လာတာနဲ့အမျှ ရှင်တို့ကိုစိတ်ပူမိပါ၏🥹

https://www.sarphat.com/articles/5736
❤‍🔥5😱5❤1👍1
Forwarded from For you
This media is not supported in your browser
VIEW IN TELEGRAM
သူငယ်ချင်းReplyမပြန်သောအခါ😂😂😂

#Khin
😁36👍1
နင်တော်တော်ပြောင်းလဲသွားတယ်နော်တဲ့

ငါကိုဘယ်အရာတွေက ပြောင်းလဲသွားစေလဲတော့ သူတို့မသိရှာဘူး

သူတို့အလိုကြ ငါ့ကိုနေစေချင်ကြတယ်

ငါဘာတွေကြုံတွေ့နေရလဲသူတို့မသိဘူး

ငါလေ ငယ်ငယ်ရွယ်ရွယ်နဲ့မေ့တတ်လာပြီ

ငါလေ အရာအားလုံးကိုလက်လွှတ်ချင်ပြီ

ဒါမယ့် ငါမလုပ်နိုင်သေးဘူး

ငါလေ ငါ...တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ တစ်နေ့လောက်တော့ နေဖူးချင်ပါရဲ့

ငါလေ...ငါ...

#myself
#Mask
❤38❤‍🔥6💔3🍓2
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
အခြေခံလူတန်းစားတွင်တွေ့ရသောလူတန်းစားတစ်မျိုး ဒါကိုဖတ်ဖြစ်‌ေအာင်ဖတ်စေချင်ပါတယ် ခုနောက်ပိုင်း ခေတ်ကပျက်လာတာနဲ့အမျှ ရှင်တို့ကိုစိတ်ပူမိပါ၏🥹 https://www.sarphat.com/articles/5736
အခြေခံလူတန်းစားတွင်တွေ့ရသောလူတန်းစားတစ်မျိုး

ယေဘူယျအနေနဲ့ လူတန်းစား ၃မျိုးရှိပါတယ်။
၁။ လူချမ်းသာ
၂။ လူလတ်တန်းစား
၃။အခြေခံလူတန်းစားဆိုပြီးတော့ပါ။
အခြေခံလူတန်းစားမှာတွေ့ရလေ့ရှိတဲ့ လူတန်းစားတစ်မျိုးအကြောင်းကိုပြောပြချင်ပါတယ်။

အဲဒီလူတန်းစားကိုလည်းမြင်ဖူးနေကြဖြစ်မယ်လို့ထင်ပါတယ်။ အဲတာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျပြီး ကလေးတွေ တွဲလောင်းနဲ့ အဖေဖြစ်သူက အရက်မူး ကလေးတွေဆိုလည်းကျောင်းမတက်သူကမတက်ရပေါ့။

ဒါဟာဘာကြောင့်ဖြစ်‌ပေါ်လာရတာလဲ။
အချက် ၃ချက်နဲ့ပြောပြသွားချင်ပါတယ်။

၁။ စကားလုံးများကို အချစ်ထင်ခြင်း။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြသူတွေကြောင့်ပါ။
၁၆နှစ်နဲ့လက်ထပ်တာတွေ သဘောမတူရင်ခိုးရာနောက်လိုက်ပြေးတာတွေအစရှိသဖြင့်ပေါ့။ အခုခေတ်ဆိုရင် ၁၄နစ်နဲ့ လက်ထပ်တာတွေထိပါရှိနေပါပြီ။ လက်ထပ်ကြတဲ့အကြောင်းကလည်း အမျိုးမျိုးရှိကြမှာပေါ့။ အိမ်ကသဘောမတူလို့ / အိမ်နဲ့အဆင်မပြေလို့/ ကိုကိုနဲ့တူတူနေချင်ပြီ/ မင်းဟာကမ္ဘာကြီး ဘာညာတော်ကီတွေကောင်းတာကြောင့်ရယ်။

အဓိက ကတော့ တော်ကီတွေကြောင့်ပါသွားတာများပါတယ်။စကားလုံးတွေကို အချစ်ထင်ပြီး ဘဝကိုပုံအပ်လိုက်တာပဲ။ အခုနောက်ပိုင်းပတ်ဝန်းကျင်မှာအကြားရဆုံးက ခုယူ ခုကွဲနေကြတဲ့အိမ်ထောင်ရေးပါပဲ။ အသက်တွေကလည်းငယ်ငယ်လေးတွေ။ ဒီမှာတစ်ခုပြောချင်တာက မလောကြပါနဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ရင် လူငယ်တွေရဲ့အခွင့်အရေးတွေဆုံးရှုံးပါတယ်။

၂။Sex Education(လိင်)ပညာရေးနိမ့်ပါးခြင်း။

ဒါကတော့ ကလေးတွေ တွဲလောင်းဖြစ်နေရခြင်းတရားခံပါပဲ။ Sex Educationကလူတိုင်းသိဖို့လိုအပ်ပါတယ်။ ရှက်စရာလည်းမဟုတ်ပါဘူး။ Sex Education နိမ့်ပါးတာကြောင့် ကလေးတွေအများကြီး ဖြစ်လာရတာပါ။ဒါကက‌လေးများကြီးမွေးတာကိုအပြစ်ပြောချင်တာမဟုတ်ပါဘူး။ ဝင်ငွေနဲ့ မကိုက်တာကိုပြောချင်တာပါ။ ကလေးတွေကို မထိန်းနိုင်တာ မကျွေးနိုင်တာတွေက ဒီကနေစလာတာပါပဲ။ ဒီ Sex Education ကအပျိုဖော်ဝင်ပြီဆိုတာနဲ့ မိဘတွေကနေ ကလေးတွေကိုပြောပြ သင်ကြားသင့်တယ်လို့ ကျွန်မအနေနဲ့ထင်ပါတယ်။ ဒါကိုမိဘတွေအနေနဲ့ကလည်း ရှက်စရာလို့မယူဆသင့်ပါဘူး။

Sex Education နိမ့်ပါးတာက အများကြီးကိုမှ ဆိုးကျိုးတွေရှိပါတယ်။ဒါကိုတချို့က ရှက်စရာလို့ထင်ကြပါတယ်။ ရှက်စရာမဟုတ်ပါဘူးနော်။ ရှက်တယ်ဆိုရင် ကိုယ်ဘာသာကိုယ်လည်း လေ့လာလို့ရပါတယ်။

၃။အလုပ်ကောင်းကောင်းမရှိခြင်း။

ဒီလိုလူတန်းစားတွေမှာ အကြီးဆုံးကလေးတွေက အနစ်နာခံရတော့တာပါပဲ။ ဒါက အဖေပေါ်မူတည်ပါတယ်။အ‌ဖေက မကောင်းဘူးဆိုတာနဲ့ အကြီးကလေးက အမေနေရာရောက်ပြီး အမေဖြစ်သူကအ‌ဖေနေရာရောက်သွားတော့တာပါပဲ။

အဖေဖြစ်သူကအရက်တွေမူးလို့ အမေဖြစ်သူက တအိမ်လုံးစာတွက် ဝမ်းစာရှာရတယ်။ အဲ့တော့ ကလေး‌ကိုကလေးကပြန်ထိန်းရတော့တာပါပဲ။ အကြီးဆုံးကလေးကတော့ ကိုယ့်ရဲ့အငယ်လေးတွေကို ကျောင်းမတက်ဘဲထိန်းရပါတယ်။ အဲကလေးရဲ့ ခံစားချက်ထဲမှာ ကျောင်းတက်ချင်စိတ်တွေဘယ်လောက်ရှိနေမလဲ။ အမေဖြစ်သူကလည်း ကျောင်းဘယ်လောက်ထားချင်လိုက်မလဲ။

အဖေဖြစ်သူက အရက်ဖိုးတောင်း အိမ်ကရှိတာတွေကိုအကုန်ရောင်းစား။ ဒါဆို ကွာရှင်းလိုက်ပေါ့ အိမ်တွက်အထောက်အကူမှမရတာ။ လုံးဝကွာရှင်းလို့ရမယ်မထင်ပါနဲ့။ အဖေဖြစ်သူကလုံးဝကွာရှင်းပေးမှာမဟုတ်ပါဘူး။သူ့အတွက်အနေစားချောင်တဲ့နေရာမို့ လုံးဝကပ်တွယ်နေမှာပါ။

ဒီမှာအခြေနေတစ်ခုရှိပါသေးတယ်။
အဲတာကတော့ ရန်ဖြစ်တာပါပဲ။ အဖေလုပ်ရပ်တွေကို အမေဖြစ်သူကသည်းမခံနိုင်တော့ ရန်တွေဖြစ်ကြတော့တာပါပဲ။ ဒီမှာတအားသနားဖို့ကောင်းတာက ကလေးတွေပါပဲ။ မိဘတွေရန်ဖြစ်ပြီဆိုတာနဲ့ အကြီးကလေးကအငယ်ကလေးတွေကိုချီပြီး အခြားအိမ်မှာသွားကပ်နေရတာပါပဲ။

ဒီလိုမျိုး အခြေခံလူတန်းစားထဲက လူတန်းစားတစ်ရပ်မဖြစ်ရလေအောင် ဆင်ခြင်နိုင်ကြဖို့ရာမျှော်လင့်လျက်ရေးသားလိုက်ရပါတယ်။

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

June.10.2024.Mon
ᗰᗩᖇᑌ

#Sarphat
#Mask
❤‍🔥21❤15🍓2🫡1🆒1
အိပ်တော့ သဲဆုတ်တို့
အဟမ်း စာပို့စရာလူလည်းမရှိဘဲနဲ့
အိပ်ချိန်တန်ပြီ faတို့🫢
Gn

#Mask
🗿11😁6🫡5❤‍🔥3😭3🌚2👍1
This media is not supported in your browser
VIEW IN TELEGRAM
Morning 👀❤️
စကားပြောရင် ညီမလေးလို့ခေါ်🙂🙂

#crd_From_tiktok
#Mask
😁16❤‍🔥6❤3👍1
This media is not supported in your browser
VIEW IN TELEGRAM
မင်းနဲ့ငါကြား wifi လိုင်းကခြား🥹

#crd_From_tiktok
#Mask
😁20💔5👍1
This media is not supported in your browser
VIEW IN TELEGRAM
လူတွေကို တစ်ခါလောက်ယုတ်မာကြည့်လိုက်

ယုတ်မာရတဲ့ အရသာလေးကောင်းတာသိသွားလိမ့်မယ်

စတာနော်အမိတို့👀❤️

#crd_From_tiktok
#Mask
😁24🗿2❤1🤬1🌭1
Englishစာကိုဘယ်လိုလေ့လာကြမလဲ

https://www.sarphat.com/articles/5860
❤‍🔥16👍2
အသဲပေးတဲ့လူစာရင်းကြည့်လို့ရပြီ👀❤️

#Sarphat
#Mask
❤‍🔥48❤4👍2👀2🎉1
မောင်လောရှည်ထောင်းထားတဲ့ channel လေး
တည်ထောင်သူက ရူးနေတာရယ်😭

https://t.me/Kenji_vlog
❤9😁4🍓3🌚1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
Englishစာကိုဘယ်လိုလေ့လာကြမလဲ https://www.sarphat.com/articles/5860
Englishစာကိုဘယ်လိုလေ့လာကြမလဲ

ဘာသာစကားဆိုတာက ကိုယ့်မိခင်ဘာသာစကားအပြင် အခြားသောဘာသာစကားတွေကိုလည်း တတ်မြောက်ထားသင့်ပါတယ်။ ဒါ့အပြင်ကိုမှ English ဘာသာစကားကလည်း အဓိကတတ်မြောက်သင့်တဲ့ဘာသာစကားတစ်ခုပါ။

English စာကိုဘယ်လိုလေ့လာကြမလဲ။

-ပြင်းပျတဲ့စိတ် ရှိရပါမယ်။
ဘာဆိုင်လဲမေးစရာရှိလာပါတယ်။ ပြင်းပျတဲ့စိတ်မရှိရင် ပျင်းရိတဲ့စိတ်ကလွှမ်းမိုးပြီး "ငါဆက်ပြီး မလေ့လာချင်တော့ဘူး"ဆိုပြီး အလွယ်တကူလက်လျော့နိုင်ပါတယ်။

-အခြေခံကနေသင်ယူပါ။
အခြေခံစာကြောင်းတည်ဆောက်ပုံတွေကိုသိသွားရင်လွယ်လွယ်လေးပါ။ ဒီမှာတစ်ခုပြောချင်တာက လေ့လာရာမှာ အဆင့်မကျော်ပါနဲ့။ ကိုယ်ကအခုမှ စလေ့လာမယ့်သူဆိုရင် Movie တွေကြည့်ပြီးလေ့လာတာထက် Sample video တွေကိုကြည့်ပြီးလေ့လာပါ။ Sample video တွေကို VOA Learning English ချယ်နယ်မှာ လေ့လာနိုင်ပါတယ်။ ကိုယ်ကတအားလိုက်နိုင်တဲ့ဘက်ပါရင် Movie တွေကြည့်ပြီးလေ့လာတာကလည်းအဆင်ပြေပါတယ်။

- Vocabulary တွေကိုမကျက်ပါနဲ့။
ကျောင်းသားဘဝတွေကိုအမှတ်ရကြည့်ပါ။ စာကျက်တယ် ပြန်မေ့တယ် ဒီလိုပဲ သံသရာလည်နေခဲ့တာ။

ဒါကြောင့်မို့ အင်္ဂလိပ်စာရဲ့ အဓိကအရေးကြီးတဲ့ Vocab တွေကိုကျက်တာထက် နေ့စဉ်ကြုံတွေ့နေရတဲ့ အတွေ့အကြုံကနေ လေ့လာပါ။ နေ့စဉ်ပြုလုပ်နေကြ အပြုအမူတွေကို အင်္ဂလိပ်လိုတွေးပြီးတော့ ပြောကြည့်ပါ။
ဥပမာ- အိပ်ရာထရင် get up
ရေချိုးခန်းကိုသွားတယ် go to the bathroom
တကယ်လို့စကားလုံးတွေကို မသိရင် Dictionary ကိုသုံးပါ။
Eng-Mn Dictionary ကို လည်းအသုံးပြုလို့ရပါတယ်။
တစ်ခုသတိပြုရမှာက Google translate ကို မသုံးဖို့အကြုံပြုပါတယ်။

စကားလုံးသစ်တွေကို sentence ထဲထည့်ပြီးတည်ဆောက်ပါ။

Games လေးတွေဆော့ပါ။ YouTube မှာ Vocabulary Gamesလို့ရိုက်ထည့်ပြီး ဆော့လို့ရပါတယ်။

ဒါက vocab တွေကိုကျက်တာထက် ပိုမှတ်မိစေပါတယ်။

-Englishလိုပြောရမှာမကြောက်ပါနဲ့။
သူငယ်ချင်းတွေနဲ့Englishလိုစကား‌ပြောလေ့ကျင့်ပါ။တကယ်လို့ကိုယ်ကမပြောရဲဘူးကြောက်တယ်ဆိုရင် ဖုန်းမှာပါတဲ့ Google assistant or Siriနဲ့လေ့ကျင့်ပါ။SAYa app & cake appတို့နဲ့လည်း လေ့ကျင့်လို့ရပါတယ်။

-စာအုပ်တွေဖတ်ပါ။
ကိုယ်ရဲ့levelအလိုက်စာအုပ်တွေဖတ်ပါ။ပုံပြင်စာအုပ်တွေဖတ်ပါ။

-ကိုယ့်ရဲ့ကိုယ်ပိုင်မှတ်စုစာအုပ်လေးထားပါ။
သင်ယူထားသမျှစာတွေကို စာအုပ်ထဲချရေးပြီး ဖတ်ပါ။ဘယ်လောက်ပဲသင်ယူ သင်ယူလေ့ကျင့်မှုမရှိရင် ပြောတတ်မှာမဟုတ်ပါဘူး။

-Self-studyလုပ်ပါ။
ဘယ်လောက်ပဲသင်တန်းတွေတက်တက် self-studyကိုယ်တိုင်လေ့လာဖို့အရေးကြီးပါတယ်။ YouTube, Podcasts, Social Media Platforms တွေဆီကနေလေ့လာပါ။


-တစိုက်မတ်မတ်သင်ယူပါ။
တစ်ပတ်လေ့လာလိုက် ပျင်းလို့တစ်ပတ်နားလိုက် မလုပ်ပါနဲ့။နေ့စဉ်ပြုလုပ်ပါ။ဒါကအရေးကြီးပါတယ်။လူတော်တော်များများက‌ဒီလိုပဲEnglishစာကိုဒီနေ့လုပ်မနက်ဖြန်မလုပ်တာတွေကြောင့် တတ်မေမြာက်မှုပိုင်းအားနည်းပါတယ်။

-Learning Style ကိုသိပါ။
လူတိုင်းမှာ မတူညီသော Learning Style (Visual, Auditory, Kinesthetic) ရှိကြပါတယ်။ ကိုယ့်ကိုယ်ကို ဘယ် Learning Style မှာသာလွန်လဲဆိုတာ ရှာဖွေပါ။ ဥပမာ - Visual learner အတွက် Infographics, Charts, Diagrams တွေက ပိုအဆင်ပြေပါလိမ့်မယ်။လူတစ်ယောက်နဲ့တစ်ယောက်ကလေ့လာပုံချင်းမတူညီကြပါဘူး။ကိုယ်အဆင်ပြေတဲ့ပုံစံကိုလေ့လာပါ။

-အချိန်သတ်မှတ်ပါ။
တစ်နေ့မှာ English လေ့ကျင့်မှုအတွက် အချိန်ကို သတ်မှတ်ထားပါ။ ဥပမာ - နေ့စဉ် ၂၀ မိနစ်စာအင်္ဂလိပ်စာကို ဖတ်ရှုပါ။

-မျှဝေပါ။
သင်ယူထားသမျှကို မျှဝေပါ။ မျှဝေခြင်းက သင်ယူမှုကို ပြန်လည်တိုးတက်စေပါတယ်။

ကိုယ်နဲ့အဆင်ပြေမယ့်လေ့လာမှုပုံစံမျိုးနဲ့သင်ယူပါ။

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

June.14.2024.fri
ᗰᗩᖇᑌ

#Sarphat
#Mask
❤23❤‍🔥5👍3🍓2