𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
6.76K subscribers
4.23K photos
654 videos
102 files
288 links
For Relaxation 🌱


start D.. 27.6.2023
Download Telegram
တစ်ခုခုလုပ်တိုင်း တစ်ခုခုရအောင်ယူ

မောတယ် ရောက်တာနဲ့ ရေးထားတဲ့စာတန်းတင်ရတာ🥲

https://sarphat.com/posts?id=5492
❤‍🔥11
ကျွန်မရဲ့စာသင်အတွေ့အကြုံများ

ကျောင်းသား/သူတွေ ဖတ်ကြည့်‌ပါ👀❤️

https://sarphat.com/posts?id=5552
🥰6❤4🔥1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
တစ်ခုခုလုပ်တိုင်း တစ်ခုခုရအောင်ယူ မောတယ် ရောက်တာနဲ့ ရေးထားတဲ့စာတန်းတင်ရတာ🥲 https://sarphat.com/posts?id=5492
တစ်ခုခုလုပ်တိုင်း တစ်ခုခုရအောင်ယူ

ကျွန်မရဲ့ အားလပ်ချိန်အချို့ကို ကာတွန်းတွေကိုကြည့်ရင်း ကုန်ဆုံးပါတယ်။ ကျွန်မကြည့်ဖြစ်တဲ့ကာတွန်းတွေက WOA - Myanmar Fairy Tales ကထုတ်လွင့်တဲ့ ကာတွန်းတွေအများဆုံးပဲဖြစ်ပါတယ်။ သူရဲ့ကာတွန်းတွေက မြန်မာလိုအသံသွင်းပြီး ပြန်လည်ထုတ်လွှင့်တဲ့ ကာတွန်းတိုလေးတွေပါ။ ကျွန်မရဲ့ ဝါသနာတွေထဲမှာ အသံသရုပ်ဆောင်ရတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန်မအဲ့ကာတွန်းတွေကြည့်ပြီးတော့ အသံနေအသံထားတွေလေ့လာပြီး အတန်းက project တွေ ဇာတ်လမ်းတွေလုပ်တဲ့အခါ အသံကိုသေချာလေး ပီပြင်အောင် သဘာဝကျအောင်သွင်းပါတယ်။

ကဲပါ လိုရင်းလေးကိုသွားကြရအောင်

ကာတွန်းကားတွေကြည့်ရင်း နောက်ပိုင်း သတိထားမိလာတာလေးတစ်ခုရှိပါတယ်။ သူကအပျင်းပြေ စိတ်ဝင်စားဖို့တစ်ခုထဲမဟုတ်ဘဲ လူ့သဘာဝတွေ အတုယူစရာတွေအများကြီးပါတာကိုပါပဲ။ ဒီထဲကမှ အနည်းငယ်ကိုဖော်ပြချင်ပါတယ်။

ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ လူတွေက အခြားသူတွေနဲ့မတူ တမူထူခြားတဲ့လူတွေကိုဆိုရင် မြေတောင်မြှောက်ပေးတာ ရှားပါတယ်။ ဒါ့အပြင် ဟိုးးအောက်ဆုံးထိ ဆွဲချတတ်ပါသေးတယ်။အဲဒီထူးခြားတဲ့လူက သူ့တို့တွက် အကျိုးရှိတာတစ်ခုခုမလုပ်ပေးမခြင်း သူ့ဘာသာသူ လေပေါ်ပဲပျံနိုင်ပါစေဦး အလကားအချည်းနှီးပါပဲ။ တကယ်လို့ အဲ့ဒီလူက အောင်မြင်တာတစ်ခုခုဖြစ်ဖြစ် သူတိုတွက် အကျိုးရှိတာတစ်ခုခုကိုသာလုပ်ပေးလိုက်ရင်တော့ မဟော်သဓာရဲ့ သာလေးများလားအောက်မေ့ရတယ်ဆိုပြီး ချီးမွမ်းခန်း ကျေးဇူးတင်ခန်းတွေဖွင့်ပါတော့မယ်။

ကျွန်မတို့တွေအနေနဲ့ လူတွေကိုဘယ်လောက်ပဲကူညီနေခဲ့ပါစေ တကြိမ်လောက်မကူညီလိုက်ရင်တော့ ကူညီခဲ့စဉ်ကကျေးဇူးတင်စကားမကြားခဲ့ရပေမယ့် မကူညီရင်တော့ အတင်းစကားကိုကြားရပါလိမ့်မယ်။ သူပေါ့ ငါ ဒါလေးအကူညီတောင်းတာကို ကူညီလို့ရရဲ့သားနဲ့မကူညီပေးဘူးလေ စသဖြင့်ပါပဲ။ လူတွေက ကိုယ့်မှာရှိတဲ့ပြဿနာကိုပဲစိတ်ဝင်စားကြပြီး အခြားသူ‌ရဲ့အခက်အခဲတွေကိုတော့ မမြင်ပေးတတ်ကြပါဘူး။

အများစုသောရန်သူတွေက အနီးအနားကသူငယ်ချင်းတွေဖြစ်တာများပါတယ်။


အပျော်အပါးမက်သူတွေ ဆိုးသွမ်းသူတွေက သူတို့ဆီက အရာအားလုံးဆုံးရှုံးသွားမှ နောင်တရတတ်တာများပါတယ်။နောင်တဆိုတဲ့အတိုင်း နောင်မှတရတဲ့အရာမို့ ကိုယ့်မှာရှိ‌တဲ့အရာတွေကိုတန်ဖိုးထားရပါမယ်။(ကာတွန်းထဲမှာတော့ မှော်ပညာတွေနဲ့ ရွှီးရွှမ်းဆိုပြီး ပြန်ရတာပေါ့လေ လက်တွေ့ဘဝမှာတော့ ရွှီးရွှမ်းဆိုပြီး ပြန်မရနိုင်ပါဘူး တန်ဖိုးထားတတ်ရပါမယ်)

စည်းလုံးခြင်းကအင်အားဖြစ်ပါတယ်။ ကျွန်မတို့မောင်နှမတွေ အနေနဲ့ ဘယ်အချိန်တွေမှာဘယ်လောက်ပဲ ရန်တွေဖြစ်ကိုက်နေပါစေ ခက်ခဲတဲ့အချိန်တွေကို တူတူကျော်ဖြတ်ရပါမယ်။တူတူ စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်ခြင်းက အဆိုးထဲကအကောင်းတစ်မျိုးကိုပိုင်ဆိုင်ထားခြင်းပါပဲ။

ကိုယ့်ရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် အခြားသူ‌ရဲ့ဘဝကိုမ ဆုံးရှုံး‌ မပျက်ဆီးစေပါနဲ့။ ကိုယ့်ရဲ့ စွဲလန်းမှု မာနတွေ ပေါ့ပျက်တဲ့လုပ်ရပ်တွေဟာ အခြားသူရဲ့ မျှော်လင့်ချက် ဝါသနာ ရည်မှန်းချက် အသက်တွေထိဆုံးရှုံးစေနိုင်ပါတယ်။

နောက်ဆုံးပြောကြားချင်တာကတော့ ကျွန်မတို့တွေအနေနဲ့ ဘယ်အရာကိုပဲလုပ်လုပ် သင်ခန်းစာတစ်ခုခု အသိပညာတစ်ခုခုကိုရယူတတ်ရပါမယ်။ စာအုပ်တွေဖတ်လား ဖတ်ရုံဖတ်နေလို့ကတော့ ဘာမှရလာမှာ မဟုတ်ဘူး။ စာအုပ်ထဲက ဗဟုသုတတွေ ပညာရပ်တစ်ခုခုရအောင် ဖတ်ရပါမယ် ယူတတ်ရပါမယ်။ ဘယ်အရာမဆို ယူတတ်ရင် တစ်ခုခုကတော့ရစမြဲပါပဲ။

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

June.6.2024.Thurs
ᗰᗩᖇᑌ

#Sarphat
#Mask
❤‍🔥13❤7👍2💯2🍓1
မယ်ညိုရဲ့_ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာ_မင်းပဲ.pdf
9.4 MB
မယ်ညိုရဲ့ "ငါကျူးလွန်မိတဲ့ ကံတစ်ပါးဟာ မင်းပဲ"

စာအုပ်အလှူရှင် = pink_bby
🥰53❤47😢7👍6
ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ

https://sarphat.com/posts?id=5585
🥰15👍3
မောလယ်

လိုင်းရပြီ👀❤️

#Mask
👏11🍾4🗿2💘2👍1🔥1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
Hello Hello https://sarphat.com/posts?id=5627
National Best friends day

ဒီနေ့ June 8ရက်လေးက National Best friends dayလေးပါ။ဒီနေ့လေးမှာ အရင်ဆုံးတန်းမြင်တာကတော့ ကိုယ့်ရဲ့အတန်းထဲကသူငယ်ချင်လေးတွေကိုပဲ။

ကိုယ်ဒီ Sarphat မှာစာစရေးတော့ အရင်ဆုံးကိုယ့်ရဲ့စာတွေကိုဖတ်ပေးဖို့ ပူဆာမိတာဟာ သူငယ်ချင်းတွေကိုပါပဲ။

စာ‌တွေရေးပြီးတိုင်း ဖတ်ပေးမို့အမြဲ ပြောမိတဲ့သူတွေကလည်း သူငယ်ချင်းတွေကိုပါပဲ။

ကိုယ် Sarphat မှာ ဆရာ/ဆရာမတွေအကြောင်း အတန်းထဲက အကြောင်းတွေရေးတင်ရင် သူတို့အကြောင်းရေးပေးဖို့ပြောတဲ့ သူငယ်ချင်းလေးတွေ ဟုတ်ရေးပေးသွားဖို့ရှိပါတယ်။

online ကနေစသိပြီး ခင်ရတာဆိုပေမယ့်
ခင်မင်မှုတွေကရင်ထဲကလာတဲ့ အစစ်အမှန်တွေကြီးပါပဲ။

ကိုယ်ကအတန်းရဲ့ ပန်းနုသွေးလေးလုပ်မိတာကလည်း ဒီသူငယ်ချင်းတွေကိုချစ်လို့ လုပ်မိတာပါ။

အတန်းကနေထွက်သွားတဲ့သူငယ်ချင်းလေးတွေကိုလည်း အမြဲသတိတရရှိနေပါတယ်။အဆင်ပြေကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ပြီးတော့ ရှေ့လျောက်လည်း အတန်းထဲမှာ လူယုတ်မာလေးလုပ်သွားဖို့ရှိပါတယ်။ဆရာတွေရှေ့မှာတော့ ပန်းနုသွေးအဖြစ်နဲ့ပဲနေသွားမှာပါ🤭

အားလုံးချစ်တယ်နော်❤️

မော်ကနေပြီးတော့ သတိတရနဲ့ စာရေးသားပေးလိုက်ရပါတယ်။

June.8.2024.Sat
ᗰᗩᖇᑌ

#Sarphat
#Mask
🥰12💘5🤝3👍1🤔1🤬1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
National Best friends day ဒီနေ့ June 8ရက်လေးက National Best friends dayလေးပါ။ဒီနေ့လေးမှာ အရင်ဆုံးတန်းမြင်တာကတော့ ကိုယ့်ရဲ့အတန်းထဲကသူငယ်ချင်လေးတွေကိုပဲ။ ကိုယ်ဒီ Sarphat မှာစာစရေးတော့ အရင်ဆုံးကိုယ့်ရဲ့စာတွေကိုဖတ်ပေးဖို့ ပူဆာမိတာဟာ သူငယ်ချင်းတွေကိုပါပဲ။ …
ဒါကအတန်းက သူငယ်ချင်းတွေတွက်ပေါ့လေ

ကိုယ့် ချယ်နယ်က သဲဆုတ်တို့ကတော့ ကိုယ့်ရဲ့အချစ်‌လေးတွေမို့ မတူဘူးပေါ့😁

#Mask
😁13❤5👀1
ငယ်ငယ်ကမိုးရွာပြီဆိုရင် မိုးကဘာလို့ရွာတာလဲ

နတ်သမီး/နတ်သားတွေ သေးပေါက်ချတာလား

မဖြစ်နိုင်ပါဘူး သူတို့မှာလည်းအိမ်သာရှိမှာပေါ့

ဒါဆို ထမင်းအိုးတည်ဖို့ဆန်ဆေးတာပဲဖြစ်ရမယ်

ဟုတ်တယ်ဒါပဲဖြစ်နိုင်တယ် သူတို့ကလူများတော့ ဆေးရတာများပြီးမိုးကကြီးလာတာဖြစ်မယ်ဆိုပြီး မိုးရွာခြင်းကိုအဖြေထုတ်ခဲ့ဖူးတယ်🥲

စာတွေဝင်ရောက်ဖတ်ရှုနိုင်ပါပြီ
✨ Author name- ᗰᗩᖇᑌ
Link- https://www.sarphat.com/authors/7238

#myself
#Mask
😁22
Grammar သင်တန်းလေးပြန်လာပါပြီ👀❤️

Basic English Grammar(Jun, Free)'
- သင်တန်းစမည့်နေ့ - 8.Jun.2024
- သင်တန်းပြီးမည့်နေ့ - 30.Jun.2024
- သင်တန်းချိန်- စနေ၊တနင်္ဂနွေ (1:00pm to 3:00pm)
- သင်တန်းကာလ- 4weeks

ဒီသင်တန်းကို အခြေခံမရှိသေးသူတွေတက်ရောက်နိုင်ပါတယ်

Telegramကနေ liveသင်မှာဖြစ်ပါတယ်

သင်တန်းကြေးကရော??

Free ပါ

🌟သင်တန်းကဒီနေ့စပါတယ်
တက်မယ်ဆိုအခုjoinမှ မှီပါမယ်



တက်ရောက်မယ်ဆိုပါက
Link- https://t.me/+rIafO7o6U0czYTVl

#freeclass
#Mask
🥰8❤3👍1
Faတို့ အိပ်တော့

Gn

#Mask
🤨12🥰5😢4🤓4🌚3😴2👍1😁1🤯1
ထတော့ အပူကင်းတဲ့သဲဆုတ်တို့ရေ
Mn👀❤️

#Mask
🥰12❤7🍓3❤‍🔥1👍1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
မှန်ထဲကရုပ်နဲ့ကင်မရာထဲကရုပ်ဘာကြောင့်ကွာခြားတာလဲ ငါကမှန်ထဲမှာကြကြည့်ကောင်းပြီးတော့ ကင်မရာထဲမှာကြ ဘီလူးမသံပုရာသီးစားတဲ့ရုပ်နဲ့ ဘာလို့လဲ😭 ဒါဟာဘာကြောင့်လဲ ဒါဟာရုပ်ဆိုးလို့ပါ🥹 စတာပါ ဘာကြောင့်လဲဆိုတာသိရဖို့ ဖတ်ရှုလိုက်ပါ။ Author name- ᗰᗩᖇᑌ ဖတ်ရှုရန်Link …
မှန်ထဲကရုပ်နဲ့ကင်မရာထဲကရုပ်ဘာကြောင့်ကွာခြားတာလဲ

ငါကမှန်ထဲမှာကြကြည့်ကောင်းပြီးတော့ ကင်မရာထဲမှာကြ ဘီလူးမသံပုရာသီးစားတဲ့ရုပ်နဲ့ ဘာလို့လဲ😭
စာဖတ်သူလေးတို့ ကြုံနေကြဖြစ်မယ်လို့ထင်ပါတယ်😁

ဒါဟာဘာကြောင့်လဲ

-Reflection(ရောင်ပြန်ခြင်း)
Reversal (ပြောင်းပြန်မြင်ခြင်း)
မှန်ကပြောင်းပြန်မြင်ရတာပါ။
မှန်ထဲမှာမြင်ရတဲ့ကိုယ့်ပုံရိပ်က မှန်ရဲ့ရောင်ပြန်မှုကြောင့် အပြင်ကပုံစံနဲ့ပြောင်းပြန်ဖြစ်ပါတယ်။ ဥပမာ- ကိုယ့်ရဲ့ညာဘက်ကိုမှန်ထဲမှာကြည့်တဲ့အခါ ဘယ်ဘက်အဖြစ်မြင်ရပါတယ်။အလွန်ကို ရိုးရှင်းပြီး မလွယ်ကူတဲ့ အချက်ပါ။ အဓိကအားဖြင့်, ကိုယ့်ကိုယ်ကိုယ်ရဲ့ အစစ်အမှန်ပုံစံကို မမြင်ရပဲ, ပြောင်းပြန်မြင်ရတာပါ။

ကင်မရာထဲမှာကြ ကိုယ့်ရဲ့ပုံရိပ်အစစ်အမှန်ကိုမြင်တွေ့ရတာဖြစ်ပါတယ်။ကင်မရာက စစ်မှန်တဲ့ ပုံရိပ်ကို ဖမ်းယူပြီး, ညာဘက်က ညာဘက်အဖြစ်၊ ဘယ်ဘက်က ဘယ်ဘက်အဖြစ် မြင်ရပါတယ်။


-Lighting(အလင်းရောင်)
ကျွန်မတို့ရဲ့ဦးနှောက်က မှန်ထဲကိုကြည့်တဲ့အခါ အလင်းရောင်ကွဲပြားမှုကိုသတိမပြုမိအောင်အလုပ်လုပ်ကြပါတယ်။

ကင်မရာကကြတော့ အလင်းတွေအရိပ်တွေကိုအကုန်ဖမ်းယူပါတယ်။

-Detail and focus(အသေးစိတ်နှင့်အာရုံစိုက်မှု)
ကျွန်မတို့ကမှန်ထဲမှာဆို အချို့အသေးစိတ်တွေပဲကြည့်ပါတယ်။အများအားဖြင့် ကိုယ့်မျက်နှာ အနီးအနားမှာရှိတဲ့အသေးစိတ်တွေကိုသာမှန်ထဲမှာကြည့်ကြပါတယ်။

ကင်မရာထဲမှာဆိုရင်တော့ တကိုယ်လုံးကိုအသေးစိတ်ကြည့်ကြပါတယ်။ကင်မရာကအနီးကပ်ကနေအဝေးထိပုံရိပ်ကိုဖမ်းယူနိုင်တဲ့အတွက် ကိုယ့်ရဲ့တစ်ကိုယ်လုံးကိုပြည့်ပြည့်စုံစုံမြင်တွေ့နိုင်ပါတယ်။

-Familiarity(နေသားကျခြင်း)
မှန်ကိုနေ့တိုင်းကြည့်တဲ့အတွက် မှန်ရှေ့ရောက်ရင် ပေါ့ပေါ့ပါးပါးနဲ့ ဖိအားမရှိဘဲ လွတ်လပ်စွာကြည့်နိုင်ပါတယ်။

ကင်မရာထဲမှာကြ ပေါ့ပေါ့ပါးပါးမရှိဘဲ တောင့်တောင့်ကြီးဖြစ်နေတာတွေကြောင့် ကိုယ့်ရဲ့ပုံရိပ်ကိုကြည့်ရဆိုးစေပါတယ်။

ဒီအချက်တွေကြောင့်မဟုတ်ဘဲကင်မရာထဲမှာရုပ်ဆိုးနေဆဲဆိုရင်တော့ ဒါဟာသင်အမှန်တကယ်ရုပ်ဆိုးနေတာပဲဖြစ်ပါတယ်(စတာပါ)

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

June.2.2024.Sun(
ᗰᗩᖇᑌ

#Sarphat
#Mask
❤‍🔥18🗿6🥰3👍2😁1
ဆရာချမ်းမြေ့ဝင်းဟောပြောပို့ချမယ့်ပွဲလေးတက်ချင်ပါကလာခဲ့ပါနော်

📌 Zoom Meeting Link -

Topic: “ရသစာပေ အင်္ဂလိပ်-မြန်မာဘာသာပြန်ခြင်း အနုပညာ” ပညာဒါနဆွေးနွေးပွဲ
Time: Jun 9, 2024 07:30 PM Rangoon
Join Zoom Meeting
https://us06web.zoom.us/j/89220347604?pwd=IuhoIo6D5P59AqLs5qTHIvy1fGhgGs.1
Meeting ID: 892 2034 7604
Passcode: 088798
🥰9❤1👍1🍓1
မောနီးးးးးးးးး
ထတော့

#Mask
🥰9❤4
Japan စာသေချာပြန်လေ့လာတော့မယ်😞❤️

#song
#Mask
❤20❤‍🔥4💘2🥰1😁1
Forwarded from đđ°đšđ˛ 𝐎𝐨 𝐀𝐤𝐚𝐲𝐚𝐫 🖊️
ကျွန်တော့်ရဲ့ Channel အသစ်ကလေးဖြစ်ပါတယ်။

Channel ထောင်ရခြင်းရည်ရွယ်ချက်ကတော့

ကျွန်တော်ကိုယ်တိုင်လည်း ကျန်းမာရေးလိုက်စားတော့မှာဖြစ်တာကြောင့် ကျွန်တော့်ရဲ့ ကျန်းမာရေးဗဟုသုတတွေကို ပိုပြီးအကျိုးရှိအောင် စာဖတ်သူလေးတို့ပါလေ့လာသိရှိနိုင်စေဖို့ မျှဝေပေးမှာဖြစ်ပါတယ်။

ကျွန်တော့်လို လူငယ်တစ်ယောက်တောင်လိုက်လုပ်နိုင်တဲ့ ဗဟုသုတတွေတင်ပေးမှာမလို့ စာဖတ်သူလေးတို့အတွက် ကိုယ်တိုင်လက်တွေ့အသုံးချလို့ရမှာပါခင်ဗျာ။

ကိုယ့်ရဲ့ဘဝကျန်းမာရေးအတွက်

ကိုယ့်အားကိုယ်သာကိုးကြမယ်။

ကိုယ့်ကိုယ်ကိုယ် အရင်ကထက်ပိုဂရုစိုက်ကြမယ်။

ပိုချစ်ကြမယ်နော်။❣️

Chanel Info

☑️ Only Health Knowledge

တစ်နေ့ကို အများဆုံး ကျွန်တော် ၃ ပုဒ်ပဲ Run မှာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူလေးတို့အနေနဲ့ အမှန်တကယ်ကို mute ဖို့မလိုအပ်ပါဘူးခင်ဗျာ။

Channel Link - https://t.me/Healthy_Life_by_Haruki

Main - https://t.me/Life_Explored_Channel

Since Date - 9.6.2024

မင်္ဂလာရှိသောနေ့ရက်ကလေး ဖြစ်ပါစေ။☀️

#Haruki
❤‍🔥11🥰4👍2💘2
ဆောင်းပါးရေးချိန်ကြားရသောစကားများ

-သမီးရေ ငရုပ်သီးလေးထောင်ပေးပါဦး

-သမီးရေ ရေလေးတိုက်ပါဦး
ရေအေးနဲ့စပ်ပေးနော်

-သမီးရေ အိုးဖုံးလေးယူပေးပါဦး

-သမီးရေ လာမြည်းကြည့်ပါဦး

-သမီးရေ ဘူးလေးတွေယူပေးပါဦး

-သမီးရေ ဈေးဆိုင်လေးသွားပေးပါဦး

-သမီးရေ အရွက်ခြွေပေးပါဦး🥲

သမီးရေဆိုတဲ့စကားနဲ့ classတောင်မေ့ပြီးမတက်ဖြစ်လိုက်🗿

#myself
#Mask
😁22❤6
မောနီးးးး
ထတော့ထတော့

#Mask
❤‍🔥9
အခြေခံလူတန်းစားတွင်တွေ့ရသောလူတန်းစားတစ်မျိုး

ဒါကိုဖတ်ဖြစ်‌ေအာင်ဖတ်စေချင်ပါတယ် ခုနောက်ပိုင်း ခေတ်ကပျက်လာတာနဲ့အမျှ ရှင်တို့ကိုစိတ်ပူမိပါ၏🥹

https://www.sarphat.com/articles/5736
❤‍🔥5😱5❤1👍1