𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
6.76K subscribers
4.23K photos
654 videos
102 files
288 links
For Relaxation 🌱


start D.. 27.6.2023
Download Telegram
မူးမူး👾

#crd_From_tiktok
#Mask
🤣29❤‍🔥1👍1😁1
ဒီလTop 10 Chart ထဲဝင်နိုင်ဖို့ရာ

Doorway Effect ဆောင်းပါးလေးကိုစာလေးဝင်ဖတ်ပြီး အသဲပေးပေးပါလား သဲဆုတ်တို့👀❤️

Doorway Effect

https://sarphat.com/posts?id=4367

Author name- ᗰᗩᖇᑌ

#Sarphat
#Mask
❤‍🔥13❤2🥱1
📣 ကိုယ့်လူတို့ရေ..

💬 လက်ရှိအချိန်မှာ လူတွေတော်တော်များများ AI နဲ့ အမေးအဖြေလုပ်ကြတယ်..Chatting လုပ်ပြီးစကားတွေပြောနေကြတာဆိုတော့ AI က တော်တော်လေး လူတွေရဲ့ တောင်းဆိုမှု၊ မေးမြန်းမှုတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ တုံ့ပြန်နိုင်တာ တစ်နည်းအားဖြင့် Response လုပ်နိုင်တာတွေ့ရပါတယ်။

⁉️ အဲ့ဒါတွေရဲ့ နောက်ကွယ်မှာ AI တွေက ရောင်းရင်းတို့ရဲ့ ဒေတာတွေကို ဘယ်လို ရယူစုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာနေလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို အင်မတန်မှ အန္တရာယ်များပြီး ကြောက်ဖို့ကောင်းပါတယ် ⚠️


👀 ဒီနေ့မှာတော့ AI ကပြောတဲ့ မောင်ဖြူအကြောင်းလေးပြောပြချင်ပါတယ်။

👀 AI တွေက အင်တာနက်ပေါ်မှာရသမျှ ကိုယ့်လူတို့ရဲ့ အချက်အလက် ဒေတာတွေကို စုဆောင်းတယ်ဆိုတာကိုတော့ အားလုံးသိကြမယ်လို့ ယူဆပါတယ်။

🔹Public Info ဆိုတာဘာလဲ?

🔹 OSINT နဲ့ Social Media တွေမှာ ကိုယ်ရေး အချက်အလက်တွေ ဘယ်လိုရယူနိုင်လဲ စတာတွေကို ပြန်လေ့လာကြည့်နိုင်အောင် ထပ်မံညွှန်းဆို လိုက်ရပါတယ်။

✔️Public Information တွေနဲ့ပက်သက်တဲ့ OSINT အကြောင်း ဖတ်ချင်တယ်ဆိုရင်တော့ အောက်က Link တွေမှာဖတ်နိုင်ပါတယ်။

🔹 https://telegra.ph/AI-and-OSINT-05-23
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥10
ဒီလTop 10 Chart ထဲဝင်နိုင်ဖို့ရာ

Doorway Effect ဆောင်းပါးလေးကိုစာလေးဝင်ဖတ်ပြီး အသဲပေးပေးပါလား သဲဆုတ်တို့👀❤️

Doorway Effect

https://sarphat.com/posts?id=4367

Author name- ᗰᗩᖇᑌ

#Sarphat
#Mask
❤16🥰4😡3
ဒီတစ်ခေါက်မှာတော့ Sarphat appထဲက ကိုယ်သဘောကျတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုမျှဝေပေးလိုက်ပါတယ်

Author- May Phyoe Aung

https://sarphat.com/posts?id=4384
🥰9❤3
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
ဒီလTop 10 Chart ထဲဝင်နိုင်ဖို့ရာ Doorway Effect ဆောင်းပါးလေးကိုစာလေးဝင်ဖတ်ပြီး အသဲပေးပေးပါလား သဲဆုတ်တို့👀❤️ Doorway Effect https://sarphat.com/posts?id=4367 Author name- ᗰᗩᖇᑌ #Sarphat #Mask
Doorway Effect

အမေက မီးဖိုချောင်ထဲက တစ်ခုခုယူခိုင်းလိုက်တာကို ကိုယ်ကဘာမှမယူလာဘဲ ကြက်‌သားကြော်နှိုက်စားပြီးပြန်ထွက်လာ အမေကကိုယ့်လည်းတွေ့ရော "ဘယ်မှာလဲ ငါ့ယူခိုင်းလိုက်တဲ့ဟာ" ဆိုပြီးမေးမှ "အားး သမီးမေ့သွားတယ်" ခုသွားပြန်ယူပေးမယ်ဆိုပြီးတော့ဖြစ်ဖူးကြလား။

ဒါဟာဘာကြောင့်လဲ။

ဒါဟာ Doorway Effect လို့ခေါ်တဲ့ ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ဦးနှောက်‌တွေက မတူညီတဲ့နေရာတွေ ဒါမှမဟုတ် ပတ်၀န်းကျင်အပေါ်အခြေခံပြီး အချက်အလက်‌တွေကို အပိုင်းပိုင်းခွဲထားတာကြောင့် ဒီလိုဖြစ်စဉ်ဖြစ်ပွားရတယ်လို့ ယူဆလို့ရပါတယ်။

ဒါကြောင့် အခန်းတစ်ခန်းကနေ တစ်နေရာကိုသွားခြင်းက ပထမနေရာကို ဘာကြောင့်သွားတယ်ဆိုတာ ခဏမေ့သွားနိုင်ပါတယ်။

ဒီလိုတွေမဖြစ်ရအောင်

-ကိုယ်ဘာကြောင့်သွားမှာဆိုပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။

-အမှတ်အသားလေးလုပ်သွားပါ/ လက်ထဲချရေးသွားတာပဲဖြစ်ဖြစ်လုပ်ပါ။

-ဖြည်းဖြည်းသွားပါ / ခုန်ပေါက်မသွားပါနဲ့။

-အားရုံစူးစိုက်ပြီးလုပ်မယ်ဆိုအဆင်ပြေပါတယ်။

ဒါကစိုးရိမ်စရာမရှိပါဘူး။ လူတိုင်းနီးပါးဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

ကိုယ့်အနေနဲ့ လက်ထဲမှာဖုန်းကိုင်ထားပြီး ငါ့ဖုန်းဘယ်မှာလဲ၊ ငါခုနကဘာလုပ်လိုက်တာလဲ၊ ငါဒါကိုပြောမိလိုက်တာလား ဒီလိုအခြေအနေ‌တွေဖြစ်နေပြီဆိုရင်တော့ အခြေအနေမကောင်းလှပါဘူး။

ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်နေပါပြီ။ ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးဆိုသလိုပါပဲ။ ငါက ငယ်သေးတယ် ဘာမှမဖြစ်ပါဘူးလေဆိုပြီး ပေါ့လျော့မနေသင့်ပါဘူး။

ဒါဆိုရင်ကိုယ့်ကိုယ်ကိုယ်ဘယ်လိုဂရုစိုက်မလဲ

-ဖုန်းတနေကုန်သုံးတာတွေကို လျော့ချပါ။

-အိပ်ရေးဝဝအိပ်ပါ/အိပ်ရေးအပျက်မခံပါနဲ့ ။
(အိပ်ရေးပျက်ခြင်းက မျက်လုံးကွယ် နားမကြားတာတွေထိဖြစ်စေနိုင်ပါတယ်)

-နံနက်စာစားပါ။ (နံနက်စာက အရေးကြီးပါတယ် နံနက်စာမစားရင် ဦးနှောက်ကိုထိပြီး ကြာလာတာနဲ့အမျှ မေ့ဖို့လွယ်ကူပါလိမ့်မယ်)

-ရေများများသောက်ပါ။

-အချိုတွေတအားမစားပါနဲ့။(အစားမသောင်းကျန်းပါနဲ့)

-လေ့ကျင့်ခန်းကိုပုံမှန်လုပ်ပါ။(လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်)

-တရားထိုင်ပါ။

-အလုပ်ကို ၂မျိုး ၃မျိုး တပြိုင်တည်းမလုပ်ပါနဲ့။

-အာရုံစိုက်ပါ။

-စိတ်ဖိစီးမှု လျော့ချပါ။

-အရက်သေစာသောက်စားခြင်းကို တတ်နိုင်သမျှလျှော့ချပါ။

လုံလောက်စွာအနားယူပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ🤍

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...


May.14.2024.Tue
ᗰᗩᖇᑌ


#Sarphat
#Mask
❤22🥰3👏1😢1👀1🆒1
Faတွေရေ အိပ်တော့

Goodnight 🌆


#Mask
😁24👍4❤3😢3💔1
အပူပင်ကင်းတဲ့ကလေးတို့ရေ 🥲

Morning


#Mask
😁16❤6🥰3👍1🤓1
𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀
ဖတ်လို့ရပါပြီ ဝေဖန်သုံးသပ်အကြံပြုပေးပါအုံး👀❤️ https://sarphat.com/posts?id=3208
မင်းတကယ်ကြိုးစားရဲ့လား

"သား မင်းတကယ်ကြိုးစားရဲ့လား"

"ဟုတ်ကဲ့အမေ"

"တကယ်သေသေချာချာကြိုးစားတာအမှန်နော်"

"ဟုတ်ပါတယ်"

"ဒါဆိုမပူနဲ့သား မင်းတကယ်ကြိုးစားနေတာမှန်ရင် မအောင်မြင်စရာမရှိဘူး အောင်မြင်လိမ့်မယ် မကြိုးစားတော့ဘူးဆိုမှသာ တကယ်ရှုံးသွားတာ"

ဒီစာစုလေးက ဆရာဖေမြင့်ရဲ့
✨မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား✨ စာအုပ်ထဲကဖြစ်ပါတယ်။ဒီစာအုပ်လေးက ကျွန်မလက်ရှိဖတ်နေဆဲ စာအုပ်လေးပါ။ဒီစာအုပ်လေးရဲ့ ပထမဆုံးမှာဆိုရင် ဂျွန်ဟာရိုးလ်ဂျွန်ဆင်အကြောင်း ကိုပြောပြထားပါတယ်။
ဂျွန်ဟာရိုးလ်ဂျွန်ဆင်က လူမည်းဆင်းရဲသားလေးဘဝကနေ အမေရိကန်ပုံနှိပ်ထုတ်ဝေရေးလောကရဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဘဝကိုရောက်ရှိခဲ့သူဖြစ်ပါတယ်။
သူရဲ့မိသားစုဟာဆင်းရဲပါတယ်။
💢ဒီမှာအဓိကပြောပြချင်တာကတော့ သူရဲ့အမေအကြောင်းပါ💢
သူရဲ့အမေဟာတကယ်ကိုလေးစားစရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။နာမည်ကတော့ ဂါးထရုဂျင်ကင်းစ် ဖြစ်ပါတယ်။သူ(မ)မှာ သံမဏိလိုကြံခိုင်မာကျောတဲ့စိတ်ဓာတ်ရှိပါတယ်။ အမျိုးသားဖြစ်သူကစောစောစီးစီးဆုံးသွားတယ် တစ်နှစ်အကြာမှာနောက်အိမ်ထောင်ပြုတယ်။
သူ(မ)အမျိုးသားနဲ့ သားဖြစ်သူနဲ့မတည့်တာတွေမရှိဘူး။
သူတို့မြို့မှာ နီဂရိုးလူငယ်တွေအတွက်အထက်တန်းကျောင်းမရှိဘူး။ဒါကလည်းသူတို့ခေတ်က လူဖြူ လူမည်းခွဲခြားမှုတွေပါ။ အခုခေတ်မှာတော့ အဲလိုခွဲခြားမှုတွေမရှိတော့ပါဘူး။ ဂျွန်ဟာရိုးလ်ဂျွန်ဆင်က အသက် (၁၃)နှစ်မှာ ရှစ်တန်းတက်ပါတယ်။ အဲ့ဒီအချိန်မှာ ဂျွန်ဟာရိုးလ်ဂျွန်ဆင်က သူ့ကိုယ်သူ အခြားသူတွေလိုမျိုး ဒါက ငါ့ဘဝတွက် နောက်ဆုံးအဆင့်ပါလား...နိမ့်ပါးနုံချာတဲ့ဘဝမှာ ရပ်တည်ကျင်လည်ရတော့မှာပါလား...ဆိုပြီးတွေးပြီးပူပန်နေခဲ့ပါတယ်။
ဒါပေမယ့် သူမှားသွားပါတယ်။အမေဖြစ်သူ ဂါးထရုဂျင်ကင်းစ်က သူ့ကို ထိုက်ထိုက်တန်တန်ပညာသင်ကြားပေးပြီး အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်လာစေချင်တာပါ။ သူ(မ)ရဲ့ခံယူချက်က
✨ဘယ်သူမဆို ကိုယ်တကယ်လိုချင်တဲ့အရာကို တကယ်ကြိုးစားရင် ရကိုရလိမ့်မယ်✨
လို့ လုံးဝစိတ်ချယုံကြည်သူမျိုးဖြစ်ပါတယ်။သူ(မ)ဟာ သားဖြစ်သူကို ရှီကာဂိုမြို့မှာ ကျောင်းဆက်ထားနိုင်အောင်ကြိုးစားပါတယ်။ သားဖြစ်သူဂျွန်ဟာရိုးလ်ဂျွန်ဆင် ရှစ်တန်းသာပြီးသွားတယ် ရှီကာဂို ကိုသွားဖို့ ခရီးစရိတ်ကမပြည့်မီလာပါဘူး။သူ(မ)ဟာ သားဖြစ်သူကိုခေါ်လိုက်ပြီး "ရှီကာဂိုသွားဖို့ ခရီးစရိတ်ပြည့်တဲ့အထိ ငါ့သားရှစ်တန်းမှာပဲဆက်တက်ရမယ်"လို့ပြောပါတယ်။သားဖြစ်သူကို လျှောက်သွား‌နေမှာမလိုလားတဲ့အတွက်ဖြစ်ပါတယ်။ ရှစ်တန်းကိုပြန်တက် လိုအပ်ရင် အကြိမ်ကြိမ်ထပ်တက်။
လူတွေက သူတို့ကိုရယ်ကြပါတယ်။ သူ(မ)ကတော့ ဘာဖြေရှင်းချက်မှမပေးပါဘူး။ ဒါပေမယ့် သူ(မ)က
✨ဖြစ်ရမယ်လို့စွဲစွဲမြဲမြဲယုံကြည်မယ် ကိုယ်ရွေးချယ်ထားတဲ့ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလဲရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး✨
လို့ဆိုခဲ့ပါတယ်။ဒီလိုနဲ့ သူ(မ)အလုပ်တွေကို ဖိလုပ်တယ် အိပ်မက်ကို ဆက်မက်တယ် ပိုက်ဆံဆက်စုတယ်။ တစ်နှစ်ကျော်အကြာမှာ‌တော့ လိုအပ်နေတဲ့ ငွေပြည့်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ရှီကာဂိုသွားဖို့လုပ်ပါတယ်။ ဒါပေမယ့် သူ(မ)အမျိုးသားဟာ စိုးရိမ်တကြီးတားဆီးပါတယ်။ တအားအေးပြီး အလုပ်လက်မဲ့ ဒုက္ခသည်တွေတန်းစီနေတာ အေးခဲပြီးသေဆုံးသွားနိုင်တယ် စသဖြင့်ပေါ့...။ သူ(မ)ကတော့ အရဲစွန့်ကာအမျိုးသားဖြစ်သူကို ထားခဲ့ပြီး သားဖြစ်သူနဲ့ ထွက်လာခဲ့ပါတော့တယ်။ ရှီကာဂိုမှာသူ(မ) အိမ်စေ အလုပ်လုပ်တယ်။ တစ်နှစ်ခန့်အကြာမှာ အမျိုးသားဖြစ်သူ လိုက်လာတယ်။ သားဖြစ်သူ ဂျွန်ဟာရိုးလ်ဂျွန်ဆင်ကလည်း အထက်တန်းဆက်တက်တယ်။ အခြေခံပညာအဆင့်မြင့်တန်းတွေကို ဂုဏ်ထူးနဲ့အောင်တယ်။ သူ(မ) ရည်မှန်းထားတဲ့အတိုင်း သားဖြစ်သူကလည်း အောင်မြင်တဲ့သူတစ်ဦး ဖြစ်လာတယ်။

ကျွန်မဒီစာအုပ်ကိုဖတ်ဖြစ်တာ ဒီ April လအတွင်းမှာပါ။ ကျွန်မဒီစာအုပ်ကိုမဖတ်ခင် စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်လိုဖြစ်နေတာ။ ကိစ္စတစ်ခုကိုမလုပ်နိုင်လောက်ဘူး ငါအဆင်မပြေလောက်ဘူးထင်ပါရဲ့ ဖြစ်နေတာ။ စတောင်မစရသေးဘူး စစ်မရောက်ခင် မြှားကုန် ဆိုသလိုဖြစ်နေတာ။ အဲဒါနဲ့ဒီစာအုပ်ကိုဖတ်ဖြစ်တယ်။ ဂျွန်ဟာရိုးလ်ဂျွန်ဆင်ရဲ့ အမေ ဂါးထရုဂျင်ကင်းစ်ပြောတဲ့ "မင်းတကယ်ကြိုးစားရဲ့လား" ဒီစာကြောင်းကိုဖတ်လိုက်ရတဲ့အချိန် ငါတကယ်ကြိုးစားရဲ့လား ငါကိုယ်ငါဘာလို့မလုပ်နိုင်ဘူးထင်နေရတာလဲ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။
တကယ်ကြိုးစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ် နောင်တရစရာမရှိဘဲ အဆင်ပြေပြေချောချောမွေ့မွေ့အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။

စာဖတ်သူလေးတို့ရော ကိုယ့်ကိုယ်ကိုယ်မလုပ်နိုင်ဘူးထင်နေလား??

တကယ်ရောကြိုးစားကြရဲ့လား...

April.17.2024
ᗰ𝐚𝐫𝐮


#Sarphat
#Mask
❤23👍5🥰3❤‍🔥2🍓1
လူငယ်တွေအနေနဲ့ ကိုယ့်မိခင်ဘာသာစကားအပြင် အခြားသောဘာသာစကားကို လေ့လာသင်ယူသင့်ပါတယ်

သင်ချင်တာပေါ့ ပိုက်ဆံမတတ်နိုင်ဘူးလေ😕

ဒါဆိုရင်တော့

ဘာသာစကားမျိုးစုံကို freeသင်ကြားပေးနေတဲ့ Channel
လေးကို မျှ‌ဝေပေးလိုက်ပါတယ်"

https://t.me/LMDBonlineclass

#freeclass
#Mask
🥰14❤4👍2❤‍🔥1
အမေက မီးဖိုချောင်ထဲက တစ်ခုခုယူခိုင်းလိုက်တာကို ကိုယ်ကဘာမှမယူလာဘဲ ကြက်‌သားကြော်နှိုက်စားပြီးပြန်ထွက်လာ အမေကကိုယ့်လည်းတွေ့ရော "ဘယ်မှာလဲ ငါ့ယူခိုင်းလိုက်တဲ့ဟာ" ဆိုပြီးမေးမှ "အားး သမီးမေ့သွားတယ်" ခုသွားပြန်ယူပေးမယ်ဆိုပြီးတော့ဖြစ်ဖူးကြလား။

ဒါဟာဘာကြောင့်လဲ။

ဟုတ်ကဲ့ဆက်သိချင်ရင် သွားဖတ်လို့ရပါပြီရှင့်👀❤️

Author name- ᗰᗩᖇᑌ

https://sarphat.com/posts?id=4367

#Sarphat
#Mask
🥰10👍3❤2❤‍🔥1😡1
Sarphat app က ကိုယ်ကြိုက်တဲ့ဆောင်းပါးတစ်ပုဒ်ကိုမျှဝေပေးလိမ့်ပါတယ်

Author - မြ(စံကားဝါမြေ)

https://sarphat.com/posts?id=4039

#Sarphat
#Mask
🥰9❤3