မြန်မာစာတန်းထိုးဇာတ်ကားများ မြန်မာစာတန်းထိုးကားများ
98.2K subscribers
2.11K photos
9 videos
2.01K links
Admin အကောင့်👇
@PPChannelAdmin
Download Telegram
အသက်နှစ်ပေါင်း ၅၀၀ ရှိနေတဲ့ အလှပြင်ဆရာမ ဗင်ပိုင်ယားမလေးနဲ့ ဘယ်အလုပ်မှကောင်းကောင်းမလုပ်ဘဲ မင်းသားရူးရူးနေတဲ့ကောင်လေးတို့ရဲ့ ဟာသဇာတ်လမ်းလေး


Beautiful Vampire [2018]


Beautiful Vampire [2018]

အသက်က နှစ်ပေါင်း ၅၀၀ ရှိနေတဲ့ အလှပြင်ဆရာမတစ်ဖြစ်လဲ ဗင်ပိုင်ယားမလေး Ran , နှစ်ပေါင်း၅၀၀လုံး ငွေကိုကြိုးစားရှာပေမယ့် အမြဲတမ်းမွဲနေသော ဗင်ပိုင်ယားမလေး , ဗင်ပိကိုယ်နံ့စ်သော်လည်း လူ့သွေးကို မစားသုံးဘဲ တိရစ္ဆာန်ရဲ့သွေးကိုဘဲ စားသုံးတဲ့ ဗင်ပိုင်ယားမလေး Ran ဟာ

တစ်ညမှာတော့ သူမရဲ့အရင်က သူငယ်ချင်းမလေး Jin-yi နဲ့ ကိုယ်နံ့နဲ့တူတဲ့   Lee So Nyun ဆိုတဲ့ လက်ကြောမတင်း ဘယ်အလုပ်မှကောင်းကောင်းမလုပ်ဘဲ နိုင်ငံခြားမှာ နေပြီး ပြန်လာတဲ့ မင်းသားရူးရူးနေတဲ့လူနဲ့ တွေ့ဆုံပြီး နောက်ပိုင်းမှာတော့ ....

ရမ်ဟာ သူမ ဗန်းပိုင်းယားအဖြစ်စတင်ပြောင်းလဲခဲ့ချိန်တုန်းက သူငယ်ချင်းမလေး Jin-yi ကို လုပ်ခဲ့မိတဲ့ အမှားကြောင့် Jin-yi ဘယ်လိုဖြစ်သွားလဲဆိုတာ ...
ဗင်ပိုင်ယားမလေး Ran အမြဲတမ်းရယ်စရာဖြစ်အောင်လုပ်တတ်တဲ့ Lee So Nyun အိမ်တွေကို သူ့ရဲ့ကလေးလေးသဖွယ် ထိန်းသိမ်းစုစည်းရတာ ကြိုက်တဲ့ Lee So Nyun ရဲ့အမေတို့ကြားက အလွဲလေးများ ....
vampire ဇာတ်ကားဆိုပေမယ့် exciting ထက် ဟာသက ပိုများနေတာမို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ ...
2
ဇာတ်လမ်းတွဲကောင်းလေးတွေ ကြည့်ဖို့ Main Channel လေးတွေကို Join ထားပေးကြပါအုံးနော် 💖

အသစ်ထွက်ရုပ်ရှင်ကားကောင်းများ
➡️https://t.me/PowerRangersMmSub01

နေထူးနိုင်ကားတွေကြည့်ရန်
➡️https://t.me/nayhtoonaing123

မြန်မာဇာတ်ကားအစုံကြည့်ရန်
➡️https://t.me/ksebdubr

မြင့်မြတ်ဇာတ်ကားတွေကြည့်ရန်
➡️https://t.me/stomovie3

ဇာတ်ကားကောင်းတွေကြည့်ရန်
➡️https://t.me/addlist/fK1TGyQZgBdkODQ9

Tiktokကနေဇာတ်ကားအသစ်တွေကြည့်ရန်
➡️https://www.tiktok.com/@pp747355clz?_t=ZS-8t5OupBWHhK&_r=1

ကြော်ညာစုံစမ်းရန်
➡️ @MecChannelAdmin
Please open Telegram to view this post
VIEW IN TELEGRAM
Cinderella (2006)

စင်ဒရဲလားပုံပြင်အဖြေရှာရမယ့် ကိုရီးယားသည်းထိတ်ရင်ဖိုကား လာပါပြီ။အထက်တန်းကျောင်းသူလေး ဟျွန်းဆုဟာ
ပလက်စတစ်ဆာဂျရီဆရာဝန်ဖြစ်တဲ့ မိခင်လက်အောက်မှာ မင်းသမီးတစ်ပါးလို ကြီးပြင်းလာရပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ သူ့အမေဆီမှာ ခွဲစိတ်မှုခံယူခဲ့တဲ့သူငယ်ချင်းတွေ
သံသယဝင်ဖိုကောင်းတဲ့ အကြောင်းရင်းတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတော့တယ်။
တစ်ချိန်တည်းမှာပဲ သူနဲ့မျက်နှာချင်းတူတဲ့ ကလေးမလေးတစ်ယောက်ရှိတဲ့အကြောင်း ရှာတွေ့သွားတဲ့အခါ…။
1
💡

Beautiful Days(2018)

ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Beautiful Days ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားလေးမှာ မင်းသမီးကြီး Lee Na-Young က အဓိကပါဝင် သရုပ်ဆောင်ထားပြီး
မင်းသားကတော့ Search/The tale of nokdu စတဲ့ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ထားတဲ့ မင်းသား Jang Dong-Yoon ပါ
မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ လူတွေရဲ့ ဘဝကို ရိုက်ကူးပြသထားပါတယ်
ဇာတ်လမ်းအကျဉ်း
မြောက်ကိုရီးယား အမျိုးသမီး ခိုလှုံသူတစ်ယောက်ဟာ တရုတ်ဘက်မှာ ကိုရီးယားအမျိုးသားတစ်ယောက်နဲ့ အခြေကျပြီး မိသားစုဘဝတည်ထောင်ခဲ့ပါတယ်
ဒါပေမယ့် တစ်ရက်မှာတော့ ယောက်ျားနဲ့ သားကို ထားခဲ့ပြီး ထွက်သွားခဲ့ပါတယ်
ကျန်ခဲ့တဲ့ သားဖြစ်သူဟာ သူမကို နာကျည်းနေခဲ့တာပေါ့
ဒီလိုနဲ့ တစ်နေ့ သူတို့တွေ ပြန်တွေ့ကြတဲ့အခါ
Please open Telegram to view this post
VIEW IN TELEGRAM
ဇာတ်လမ်းတွဲကောင်းလေးတွေ ကြည့်ဖို့ Main Channel လေးတွေကို Join ထားပေးကြပါအုံးနော် 💖

အသစ်ထွက်ရုပ်ရှင်ကားကောင်းများ
➡️https://t.me/PowerRangersMmSub01

နေထူးနိုင်ကားတွေကြည့်ရန်
➡️https://t.me/nayhtoonaing123

မြန်မာဇာတ်ကားအစုံကြည့်ရန်
➡️https://t.me/ksebdubr

မြင့်မြတ်ဇာတ်ကားတွေကြည့်ရန်
➡️https://t.me/stomovie3

ဇာတ်ကားကောင်းတွေကြည့်ရန်
➡️https://t.me/addlist/fK1TGyQZgBdkODQ9

Tiktokကနေဇာတ်ကားအသစ်တွေကြည့်ရန်
➡️https://www.tiktok.com/@pp747355clz?_t=ZS-8t5OupBWHhK&_r=1

ကြော်ညာစုံစမ်းရန်

➡️ @MecChannelAdmin
Please open Telegram to view this post
VIEW IN TELEGRAM
Lorelei: The Witch of the Pacific Ocean (2005)

ဇာတ်လမ်းအစက ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖက်ဆစ် ဂျပန်နဲ့ နာဇီ ဂျာမဏီတို့ လျှို့ဝှက်စီမံကိန်းတွေကို လုပ်ကြတယ်။ နာဇီတပ်တွေ ကျရှုံးချိန်မှာ ဟစ်တလာဟာ ဂျပန်အင်ပါယာကို နောက်ဆုံးလက်ဆောင်အနေနဲ့ I-507 နည်းပညာနဲ့ ရေငုပ်သင်္ဘောတစ်စီးလုံးကို လက်လွှဲပေးလိုက်တယ်။ ဂျပန်တွေကလည်း အာရှဘက်မှာ အခြေအနေမကောင်းဘူး။ ဟီရိုရှီးမားနဲ့ နာဂါဆာဂီ မြို့ကြီး ၂ မြို့ Atomic ဗုံးတွေ ကြဲချခံရအပြီး အမေရိကန်တွေဟာ တတိယ Atomic Bomb ကို တိုကျိုမြို့ပေါ် ကြဲချဖို့ B-29 ဗုံးကြဲလေယာဉ်အုပ်စုကို လေယာဉ်တင်သင်္ဘောနဲ့ သယ်ဆောင်လာတယ်။ အဲ့ဒီအကြောင်းကို သိတဲ့အခါ စစ်ဦးစီးချုပ် အာဆာကူရာက ဒီရေတပ်တော်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ဖို့ ရေတပ်တော်မှူး ဗိုလ်မှူးကြီး မာဆာမီကို I-507 ရေငုပ်သင်္ဘောရဲ့ ဦးစီးမှူးအနေနဲ့ စေလွှတ်ခဲ့တယ်။

တပ်တော်မှူး မာဆာမီဟာ ဂျပန်ရေတပ်တော်မှာ ရန်သူ့သင်္ဘောဖျက်ဘီလူး ဆိုပြီး နာမည်ပြောင်ရထားတဲ့လူဖြစ်တယ်။ တပ်တော်မှူး မာဆာမီ စဉ်းစားမိတာက ပုံမှန်ဆို ဒီလိုကြားဖြတ်တိုက်ခိုက်ဖို့အတွက်ဆို ရေငုပ်သင်္ဘောအုပ်စုကို အထောက်အကူတွေနဲ့ စေလွှတ်ပေမယ့် ဒီတစ်ခါကျ တစ်စီးတည်းသာ စေလွှတ်ခဲ့တယ်။ ရေငုပ်သင်္ဘောရဲ့ ပုံစံက အရမ်းခေတ်မှီပြီး ထူးဆန်းတဲ့ လျှို့ဝှက်နည်းပညာတွေနဲ့ ပြည့်နှက်နေလို့ သူတို့ကိုယ်တိုင်လည်း အကျွမ်းတဝင်မရှိသေးဘူး။ တစ်ဖက်မှာလည်း အမေရိကန်တွေက ဒီနည်းပညာမြင့် ရေငုပ်သင်္ဘော I-507 ကို ခြေရာခံလိုက်နေတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ရေငုပ်သင်္ဘော Bonefish ကို အပြုတ်နှံသွားရုံတင်မကဘဲ I-400 တွေထက် အဆပေါင်းများစွာ အန္တရာယ်ရှိတယ်လို့ သတင်းရထားလို့ ဒီရေငုပ်သင်္ဘောကိုသာ ရလိုက်ရင် သူတို့ရဲ့ ပြိုင်ဘက်တွေကို နည်းပညာ ခြေရာဖြတ်နိုင်တော့မှာမို့ အမေရိကန်အတွက်လည်း အရေးကြီးတယ်။

ဒီလောက်ဆို ဇာတ်ကားက ကြည့်မကောင်းမှာ မပူရတော့မှန်း သိလောက်ပါပြီ။ Death Note ထဲမှာ Light ရဲ့ချစ်သူ ရှီအိုရီ နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Yuu Kashii လဲ ပြန်ပါလာတယ်။ နောက်ပြီး ဒီဇာတ်ကားက စာရေးဆရာ ဟရူတိုရှီ ဖုကူအီရဲ့ Best-Selling စာအုပ်ဖြစ်တဲ့ “Lorelei” ကို ဇာတ်ညွှန်းရေးရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
Coin Locker Girl ( 2015)

ဒီကား လေးမှာဆိုရင် မင်းသမီး အဓိကဦးစား ပေး ဇာက် ကားတစ် ကားဖြစ် ပြီး Drama/Crime ဇာတ် ကားတစ် ကားပါ...

အဓိက role တွေ  အ နေနဲ့ Goblin ဇာတ် ကားမှ မင်းသမီး kim Go-eunမှ မာ အီ ယောင်းအဖြစ် သရုပ်  ဆောင် ထားပြီး  နောက် ထပ်  ဇာတ်  ဆောင် အ နေဖြင့် မင်းသမီးကြီးKim Hye-sooမှ သရုပ်  ဆောင် ထားပါတယ်

  မင်းသားအ နေနဲ့လဲ
အားလုံးသိကြတဲ့ love in the moonlight ထဲမှ မင်းသား လေး park bo-gumမှသရုပ်  ဆောင် ထားပါတယ်  ဇာတ် လမ်းအ နေနဲ့က အီ ယောင်းဟာ စွန့်ပစ် ခံက လေးတစ်  ယောက် ဖြစ် ပြီး  ငွေတိုး ချေးစားတဲ့လုပ် ငန်းကိုလုပ် တဲ့ မာဝူဟီးက  မွေးစားထားခဲ့ပါတယ်

  မာဝူဟီးဟာ အီ ယောင်းအပြင်  အခြားက လေး တွေကိုလဲ  မွေးစားထားပြီး သူ့လုပ် ငန်းအတွက်  ခ်ိ င်း စေခဲ့ပါတယ် သူ့အတွက်  အသုံးမဝင် ရင်   ခွေး တောင် မထားပဲ သတ် ပစ် တဲ့သူမျိုးလဲ ဖြစ် ပါတယ်

အီ ယောင်းဟာ တစ် ခြားက လေး တွေနဲ့မတူပဲ  အေးတိ အေးစက်  မိုက်တိမိုက် ကန်းပုံစံမျိုးနဲ့ ကြီးပြင် လာခဲ့ပြီး မင်းသားနဲ့ တွေ့ပြီးဘယ် လို ပြောင်းလဲဆိုတာမာလုပ် ငန်းက  ငွေ ချေးတဲ့လုပ် ငန် အပြင်  ဘာ တွေလုပ်  နေ သေးလဲ ဆိုတာ korea နိုင် ငံရဲ့ ဒုစရိုက်  လောကကို မျက် ဝါးထင် ထင်  မြင်  တွေ့ အောင်ရိုက် ကူးထားတဲ့အပြင်  မင်းသမီးနှစ်  ယောက်  ဂိုဏ်းစတား တွေအဖြစ် သဘာဝကျကျသရုပ်  ဆောင် ထားပြီး rating IMDb 6.8/10ရရှိထားတဲ့ ဇာတ် ကားတစ် ကားဖြစ် ပါတယ်
1
ဇာတ်လမ်းတွဲကောင်းလေးတွေ ကြည့်ဖို့ Main Channel လေးတွေကို Join ထားပေးကြပါအုံးနော် 💖

အသစ်ထွက်ရုပ်ရှင်ကားကောင်းများ
➡️https://t.me/PowerRangersMmSub01

နေထူးနိုင်ကားတွေကြည့်ရန်
➡️https://t.me/nayhtoonaing123

မြန်မာဇာတ်ကားအစုံကြည့်ရန်
➡️https://t.me/ksebdubr

မြင့်မြတ်ဇာတ်ကားတွေကြည့်ရန်
➡️https://t.me/stomovie3

ဇာတ်ကားကောင်းတွေကြည့်ရန်
➡️https://t.me/addlist/fK1TGyQZgBdkODQ9

Tiktokကနေဇာတ်ကားအသစ်တွေကြည့်ရန်
➡️https://www.tiktok.com/@pp747355clz?_t=ZS-8t5OupBWHhK&_r=1

ကြော်ညာစုံစမ်းရန်

➡️ @MecChannelAdmin
Please open Telegram to view this post
VIEW IN TELEGRAM
Alive (2020)

မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ…

သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲ

ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ
ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ
ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ

trailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့်
ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါ

ထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင်
သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်"
1
Rampant (2017)

ချင်နိုင်ငံရဲ့ ပဏ္ဏာဆက်နိုင်ငံဖြစ်နေတဲ့ ဂျိုဆွန်းရဲ့နိုင်ငံရေးကို အဓိကချယ်လှယ်ထားသူကဝန်ကြီး ကင်မ်ဂျာဂျွန်း.လက်ရှိနန်းတင်ထားတဲ့ မင်းကြီးက သားနှစ်ယောက်ရှိပေမယ့် တစ်ယောက်က နိုင်ငံရေးသဘောတူညီချက်အရ ချင်နိုင်ငံကို ပို့ထားရတဲ့ လီချန်း လီချန်းကအဲ့ခေတ်မှာအတော်ဆုံးတိုက်ခိုက်ရေးပညာရှင်။ ဒါကြောင့်လည်းချင်နိုင်ငံဘုရင်ကသူ့ကိုခေါ်ထားရတာ၊ ဂျိုဆွန်းမှာ ကျန်ခဲ့တဲ့သားကြီးလီယွန်းကလည်း ခေသူမဟုတ်။ချင်နိုင်ငံကိုရရာလက်နက်နဲ့ တော်လှန်ဖို့လုပ်နေသူ။ဒါပေမဲ့ ချင်နိုင်ငံနဲ့ ပနံသင့်တဲ့ဝန်ကြီးကင်မ်ဂျာဂျွန်းရဲ့စနက်နဲ့ ဇီဝိန်ချုပ်သွားရ။တစ်ချိန်တည်းမှာပဲဂျယ်မူပိုဆိုတဲ့ဆိပ်ကမ်းမြို့မှာလည်းနိုင်ငံခြားကုန်သင်္ဘောကတစ်ဆင့်ပါလာတဲ့ Zombie virus ကလဲစပြီးပြန့်နေချိန်မှာပဲဂျိုဆွန်းကိုပြန်လာတဲ့မင်းသားလီချန်းတစ်ယောက်ဂျိုဆွန်းမြေကိုစနင်းတဲ့အချိန်မှာပဲထူးဆန်းတဲ့အဖြစ်ပျက်တွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကြုံတွေ့သောအခါ.ဝန်ကြီးရာထူးရတာအားမရသေးဘဲမင်းကြီးဖြစ်ဖို့ပါကြံနေတဲ့ကင်မ်ဂျာဂျွန်းရဲ့လျှို့ဝှက်အစီအစဉ်တွေကဘာတွေလဲ။အလျှင်အမြန် ပြန့်နှံ့နေတဲ့ Zombie တွေရဲ့အန္တရာယ်ကနေကောဂျိုဆွန်းပြည်သူတွေလွတ်မြောက်နိုင်မလား။
ဇွန်ဘီကားကိုမှဟာသပြောင်းရိုက်ထားရုံလေးတင်မဟုတ်ပါဘူး....
ဇာတ်လမ်းအချိုးအကွေ့လေးတွေဟာလဲတဝါးဝါးရယ်နေတဲ့ဇာတ်ကားကောင်းလေးပါ။

ဇာတ်လမ်းအညွှန်း...
လူသားတွေရဲ့လေ့လာစမ်းသပ်မှုတွေလွန်ကျွံပြီး ဘေးထွက်ဆိုးကျိုးတွေထွက်လာတဲ့တစ်နေ့..
ကိုရီးယားနိုင်ငံရဲ့လူသူသိပ်မရောက်တဲ့ချောင်ကျကျမြို့ငယ်သေးသေးလေးမှာနေ့စဉ်ဘဝတွေဟာပုံမှန်အတိုင်းရိုးရိုးရှင်းရှင်းလေးလည်ပတ်နေစဉ်မှာပဲ..
.ဗဟုသုတနည်းတဲ့တောင်သူတောင်သားတွေဆီအတွက် ခပ်ကြောင်ကြောင်ပါလို့ထင်ရတဲ့လူငယ်လေးတစ်ယောက်ရောက်လာပါတယ်။
ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို..
တစ်မြို့လုံးဒင်းလက်ချက်နဲ့ပွက်လောရိုက်လို့ပါပဲ။
အဲ့အပြင်မြင်းကိုချိုတပ်ပေးသလိုဖြစ်ချင်တော့မြို့ကဓာတ်ဆီဆိုင်အစုတ်ပိုင်တဲ့ ပက်မျိုးနွယ်မိသားစုနဲ့သွားပေါင်းလိုက်တဲ့အခါ ငါးပါးတင်မဟုတ်ဘူး
သံဃာစင်ပါမှောက်ပုံများ..
Horror နဲ့ Comedy ကိုအချိုးကျကျလေးပေါင်းစပ်ပြီးကောင်းကောင်းဖျော်ဖြေမှုပေးမဲ့ဇာတ်ကားလေးဖြစ်ပါတယ်...
The Villainess (2017)

The Villainess (2017)

ဇာတ်လမ်းအကျဉ်းကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေးပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်

သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကိုဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ ကတိပဲဖြစ်ပါတယ်

ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး

အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့

ဒီကားက ဟိုးအရင်က ဂျက်မတို့လို အမျိုးသမီးအက်ရှင်ကားတွေကို ပြန်သတိရသွားစေတယ်

ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျုးသံတွေကိုလဲ အများကြီး ရထားတဲ့ ကားလေးပါ
1
BL ဇာတ်ကားတွေကြည့်ရန်
➡️https://t.me/MrHtetVersion

မြင့်မြတ်ကားတွေကြည့်ရန်
➡️https://t.me/MoviesLinkMmSb

မြန်မာရုပ်ရှင်ကားတွေကြည့်ရန်
➡️https://t.me/tewlkl

ကာတွန်းကားတွေကြည့်ရန်
➡️https://t.me/Yyyyyy099

ဗီဂျေးကားတွေကြည့်ရန်
➡️https://t.me/Shikf07

နိုင်ငံခြားကားတွေကြည့်ရန်
➡️https://t.me/MyanmarZKarsone0

တစ်နေရာတည်းမှာဇာတ်ကားအစုံကြည့်ရန်
🇩🇪➡️https://t.me/addlist/fK1TGyQZgBdkODQ9

Tiktok ကနေဇာတ်ကားကောင်းတွေကြည့်ရန်
➡️https://www.tiktok.com/@pp747355clz?_t=ZS-8t5OupBWHhK&_r=1
Please open Telegram to view this post
VIEW IN TELEGRAM
1
Train to busanလိုပဲ စိတ်လှုပ်ရှားစရာအပြည့်နဲ့ကြည့်ရမယ့် ကိုရီးယား Animation ဇာတ်ကား

Seoul Station (2016)


IMDb rating 6.1 ရထားတဲ့ korea animationကားလေးဖြစ်ပါတယ်။
Train to busan မထွက်ခင်က ထွက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းက
ဆိုးလ်ရထားဘူတာကို ဗိုင်းရပ်ကူးနေတဲ့ အိမ်ယာမဲ့တယောက် ရောက်လာတာကနေ တမြို့လုံးကို ပြန့်သွားပြီး
လူတွေအကုန်လုံးနီးနီးကို ကူးကုန်ပါတယ်။ ဘူတာမှာ အိပ်ကြတဲ့ အိမ်ယာမဲ့တချို့နဲ့ မြို့ကလူတချို့ပဲ
အသက်ရှင် ကျန်ပါတော့တယ်။ ဟီဆန်ဆိုတဲ့ ကောင်မလေးကလည်း သူ့ရည်းစားနဲ့ စကားများပြီး
ဘူတာကို ရောက်လာပြီး ဗိုင်းရပ်ကူးထားတဲ့ လူတွေ လိုက်လို့ ပြေးရင်းနဲ့ ဒုက္ခရောက်နေလို့ သူ့ကောင်လေးနဲ့ သူ့အဖေက လိုက်ရှာကြပါတယ်။
အဲ့ဖြစ်စဉ်တစ်ခုမှာ သူမကိုရော သူ့အဖေနဲ့သူ့ကောင်လေးက ရှာတွေ့ပါ့မလား။ ဗိုင်းရပ်ကူးထားတဲ့
လူတွေကိုရော ဘယ်လို ရှင်းကြမလဲ ဆိုတာကတော့………
Train to busanလိုပဲ စိတ်လှုပ်ရှားစရာ ဇာတ်ကား‌ကောင်း‌လေးတကား ဖြစ်ပါတယ်။
1
ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကား


May 18 (2007)


ဒီဇာတ်လမ်းကတော့ 1980 ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက်စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အကြောင်းလေးပါ
အေးချမ်းနေတဲ့မြို့တစ်မြို့မှာ ရုတ်တရက်ဆိုသလို သူပုန်တွေကိုတိုက်ထုတ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ်
Min Woo ရဲ့တစ်ဦးတည်းသော ညီလေး Jun Woo တစ်ယောက် သူငယ်ချင်းဖြစ်သူမတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတော့တယ်
ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာကစစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်…
ရုန်းရင်းဆန်ခတ်တွေဖြစ်ရင်းကနေ Jun Woo တစ်ယောက်သေနတ်ပစ်ခံထိပြီး သေဆုံးခဲ့ရပါတော့တယ်
အဲ့အချိန်မှာ Min Woo တစ်ယောက် ကြေကွဲမဆုံးဖြစ်ပြီး ဂွမ်ဂျူမြို့သူမြို့သားတွေနဲ့ပူးပေါင်းကာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီးပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ကြည့်ရှု့ခံစားလိုက်ကြပါဦး
The Attorney (2013)

အထက်တန်းကျောင်းသာ အောင်တဲ့ ဆုန်းဝူရှစ် ဟာ တစ်ဆင့်ချင်းကြိုးစားပြီးနောက် ၀တ်လုံတော်ရ ရှေ့နေဖြစ်လာခဲ့ပါတယ် လက်ရှိမှာတော့ဘူဆန်မြို့မှာ အခွန်ဥပဒေနဲ့ပတ်သက်တာကို အဓိကထားလုပ်ဆောင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ် သူရှေ့နေဖြစ်လာရတဲ့ တစ်ခုတည်းသော အကြောင်းက မိသားစုအတွက်ဝမ်းစာရှာနိုင်ဖို့ ငွေရဖို့ပါ ….ဒါကြောင့် သူဟာ ငွေရဖို့ဆို ဘာမဆိုလုပ်ပြီး သူ့ရုံးခန်းလူသိဖို့ လုပ်ငန်းလိပ်စာကဒ်တွေ လိုက်ဝေခဲ့ပါတယ်….သူ့ပုံစံက ရှေ့နေဆိုတာထက် စီးပွားရေးသမားတစ်ယောက်နဲ့ ပိုတူပါတယ်….ဒါပေမဲ့တစ်နေ့မှာတော့ သူ့ကျေးဇူးရှင်ဖြစ်တဲ့စားသောက်ဆိုင်ပိုင်ရှင် အဒေါ်ကြီးတစ်ယောက်ရဲ့သား အမှုအခင်းဖြစ်ရာကနေ သူ့ရဲ့ခံယူချက်နဲ့ အတွေးအခေါ်အားလုံးပြောင်းသွားပြီးအမှုအတွက် ရှေ့နေလိုက်ဖို့ ကြိုးစားတဲ့အခါ …
ကောလဟာလသတင်းကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ မင်းသမီးအမှုကို စုံးစမ်းဖော်ထုတ်သွားမယ့်လဇာတ်ကား


Tabloid Truth (2014)
Remember (2022)

“ပျက်နေတဲ့ကား… လက်​​ပေါ်က​သွေး... သေနတ်တစ်လက်... ငါက ဘာလို့ဒီကိုရောက်နေတာလဲ?"

ဦးနှောက်မှာ အကျိတ်တည်နေပြီး အသက် ၈၀ အရွယ် အယ်လ်ဇိုင်းမားလူနာတစ်ဦးဖြစ်တဲ့ ဟန်ဖီဂျူ။ ဂျပန်ကိုလိုနီခေတ်မှာ ဂျပန်လိုလားတဲ့ အုပ်စုတွေကြောင်း မိသားစုဝင်အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။

သူ့ရဲ့မိန်းမ ဆုံးပါးသွားပြီးနောက် ဖီဂျူဟာ အနှစ် ၆၀ ကြာ အစီအစဉ်ဆွဲခဲ့တဲ့ လက်စားချေမှုကို စတင်ခဲ့ပါတော့တယ်။

ဖီဂျူ အချိန်ပိုင်းအလုပ်လုပ်ရင်း ခင်မင်ခဲ့တဲ့ အသက် ၂၀ အရွယ် အချိန်ပိုင်းအလုပ်သမား အင်ဂယူ ကို တစ်ပတ်လောက် ကားမောင်းဖို့ အကူအညီတောင်းလိုက်ပါတယ်။

"နဂိုက ဒီလိုလူပဲလား? သရုပ်မှန်က ဘာလဲ?! အတူတူ ပန်းကန်ဆေးဖူးခဲ့တဲ့သူရော ဟုတ်ရဲ့လား?"

ဘာအကြောင်းမှမသိဘဲ ဖီဂျူနောက်လိုက်ခဲ့တဲ့ အင်ဂယူဟာ ပထမဆုံး လက်စားချေတဲ့နေရာရဲ့ စီစီတီဗီကင်မရာထဲ ပါသွားပြီး အဓိကသံသယရှိသူဖြစ်လာခဲ့ပါတယ်။

ရဲတွေ စုံစမ်းစစ်ဆေးမှုတွေကြားမှာမှ မေ့ပျောက်သွားတဲ့ မှတ်ဥာဏ်တွေနဲ့အတူ တိုက်ခိုက်ရင်း ဖီးဂျူက သူရဲ့လက်စားချေမှုကို ဘယ်လိုလုပ်ဆောင်သွားမှာလဲ...?
အဓ္ဓမပြုကျင့်ခံရတဲ့သမီးလေးအတွက် ပြန်လက်စားချေမယ့် ဖခင်တစ်ယောက်ရဲ့အကြောင်းကို ပြံဖော်ထားတဲ့ ဇာတ်ကား


Broken (2014)
New Year Blues(2021)​

လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ချစ်ဖူးကြမှာပါပဲအသက်အရွယ်အပိုင်းအခြား နေထိုင်ပုံတွေအရချစ်ပုံချစ်နည်းတွေ မတူညီကောင်း မတူညီနိုင်ပေမယ့်ကျွန်တော်တို့အားလုံးက အချစ်ကိုခံစားဖူးကြပါတယ်
ဆိုတော့ဗျာ.
ဒီကားက ကိုးရီးယားအချစ်ဇာတ်လမ်းတွေထဲမှာ ကွဲထွက်နေတဲ့ကားလို့ ပြောလို့ရတယ်ဗျCinematography လှတယ် …..မတူညီတဲ့ အတွဲ ၄ တွဲရဲ့ plot တွေက ရိုးရိုးရှင်းရှင်းလေးနဲ့အဆုံးထိစိတ်ဝင်စားအောင်ဆွဲခေါ်သွားမှာတော်တော်လေးကို sweet ဖြစ်ပြီး..Heartwarming ဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပြီးတော့ ရိုက်ကွင်းရိုက်ကွက်တွေလည်း တော်တော်လေးကိုလှတယ်စုံတွဲတွေဆိုရင်တော့ အတူကြည့်ကြပါ …..FA တွေအနေနဲ့ကတော့ မခံစားဖူးတဲ့အချစ်ကိုဒီရုပ်ရှင်ကနေတစ်ဆင့် ခံစားကြည့်ပြီးနောက် relationship တည်ဆောက်တဲ့အခါ …..ဆောင်ရန်ရှောင်ရန်တွေကို မှတ်သားနိုင်ဖို့ Must watch ပါပဲ

ပါတဲ့ မင်းသား၊ မင်းသမီးတွေက နာမည်ကြီး မင်းသား၊ မင်းသမီးတွေဆိုတော့ဇာတ်လမ်းမကောင်းရင်တောင် ကြည့်ရတာ အတော်တန်နေပြီဇာတ်လမ်းက ကောင်းတော့ သကာပေါ် ပျားရည်လောင်းသလို ချိုသထက်ချိုပေါ့ဗျာ။
Sunflower (2006)

ရထားပေါ်မှာ လူငယ်တစ်ယောက်ဟာ စာအုပ်လေးဖတ်ရင်း ပါးစပ်ကရေရွတ်နေတယ် နောက်ဘယ်တော့မှရန်မဖြစ်တော့ဘူး
နောက်ဘယ်တော့မှ မသောက်တော့ဘူး နောက်ဘယ်တော့မှ မငိုတော့ဘူးဆိုတဲ့စကားတွေပေါ့ သူပုံစံကြည့်ရတာ ပီဘီကလေး ငယ်လေးနဲ့တူတယ် ခပ်ကုတ်ကုတ်နဲ့အားလုံးကိုကြောက်ရွံနေတဲ့ပုံ….
တကယ်တော့သူဟာ အတိတ်တုန်းက တမြို့လုံးကြာက်ရတဲ့လူမိုက်…လူသတ်မှုဖြစ်လို့ထောင် ၁၀ နှစ်ကျရာကနေ လွတ်ရက်စေ့ လို့ဇာတိမြို့ကိုပြန်လာခဲ့တယ်..သူဟာမိဘမဲ့သူဖြစ်ပေမဲ့ ဆက်ပြီးမမိုက်ချင်တော့လို့ လူမိုက်ဂိုဏ်းအဖွဲ့တွေဆီသွားမနေပဲ သူ့ကိုချစ်တဲ့မိသားစုတစ်စုအိမ်မှာသွားနေခဲ့တယ် အဲ့ဒီအိမ်လေးမှာ စားသောက်ဆိုင်လေးလည်းရှိတယ် အဲ့ဒီဆိုင်လေးရဲ့နာမည်က နေကြာပန်းတဲ့…တကယ်တော့ အဲ့ဒီဆိုင်ဟာ အန္တရယ်ဆိုးကြီးကျရောက်နေတယ် အဲ့ဒါကဘာလဲဆိုတော့ လွှတ်တော်အမတ်လုပ်မဲ့သူတစ်ယောက် က အဲ့ဒီဆိုင်ကိုသိမ်းယူဖျက်ဆီးပြီး အဆောက်အဦးတစ်ခု ဆောက်ချင်လို့ပါပဲ….

ကဲ လူလိမ္မာလေးတစ်ယောက်အတိတ်တုန်းက ဘာလိုတွေမိုက်ခဲ့လဲ သူ့ကိုမွေးစားခဲ့တဲ့မိသားစုနဲ့ရောဘယ်လိုပတ်သတ်မှုရှိလဲ အမတ်လုပ်မဲ့လူနဲ့အတူရှိတဲ့ ဂိုဏ်းစတားအဖွဲ့တွေကိုရောဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ပရိတ်သတ်ကြီးခံစားကြည့်လိုက်ပါဦး