မြန်မာစာတန်းထိုးဇာတ်ကားများ မြန်မာစာတန်းထိုးကားများ
98.2K subscribers
2.11K photos
9 videos
2.01K links
Admin အကောင့်👇
@PPChannelAdmin
Download Telegram
The Show Must Go On (2007)

လူမိုက်ဘဝနဲ့ မိသားစုအတွက် ပိုက်ဆံတွေထောက်ပံ့ပေးနေရတဲ့ ဂျန်အင်ဂူ တစ်ယောက်
ဒယ်ချန်းဆောက်လုပ်ရေးကို အပိုင်သိမ်းပြီးနောက်ပိုင်းမှာ ရန်သူတွေပေါများလာခဲ့ပါတယ်…

တစ်ဘက်မှာလည်း သူယုံကြည်အားကိုးရတဲ့ ဥက္ကဌကြီးရဲ့ညီဖြစ်သူက သူ့ကိုချောက်တွန်း အကောက်ကြံနေပြီးတော့
တစ်ဘက်မှာလည်း မိသားစုအတွက် အိမ်အသစ်လေးရအောင် ပိုက်ဆံတွေကြိုးစားရှာဖွေနေရပါတယ်

မိသားစုအတွက်အသက်ရှင်နေရတဲ့ ဂန်အင်ဂူတစ်ယောက်
ဒီလူမိုက်ဘဝကလွတ်မြောက်ချင်ပေမယ့် လွတ်မြောက်ဖို့အကြောင်းမဖန်လာခဲ့ပါဘူး
အဲ့လိုနဲ့ပဲ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး…။
1
Tiger Running (2023)

ထိုင်းဟာသကား မျှော်နေကြသူတွေအတွက် အူတက်အောင်ရယ်ရမယ့် ဇာတ်ကားအသစ်စက်စက်လေး ရပါပြီနော်

ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့…ပေတေဆိုးမိုက်နေတဲ့ လူဆိုးလေး Cheetah ဟာ
တစ်ရက်မှာတော့ ဘယ်သူတွေမှန်းမသိတဲ့ လူတချို့က ရိုက်နှက်သွားတာကို ခံလိုက်ရပါတယ်

အဲဒီလို ရိုက်နှက်ခံရပြီး သေလုမြောပါး ဖြစ်နေတဲ့ Cheetah ကို
ကယ်တင်လိုက်တဲ့သူကတော့ ဘုန်းကြီးကျောင်းသား ကျောင်းဆရာလေး Tuay ပါ

ဒါပေမဲ့ Tuay အတွက် အံ့အားသင့်စရာကတော့ သူကယ်လိုက်တဲ့သူဟာ သူနဲ့တစ်ထေရာတည်းတူတဲ့သူ ဖြစ်နေတာပါပဲ။
ဒါကြောင့် Tuay ဟာ Cheetah လို ဟန်ဆောင်ပြီး ရိုက်နှက်သွားသူတွေကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်

Tuay ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီး ရိုက်နှက်သွားသူတွေကို ရှာတွေ့သွားမလား၊ Cheetah ကရော ပြန်သတိရလာပါ့မလား၊
Tuay နဲ့ Cheetah က ဘာလို့ ရုပ်ချင်းတူနေကြတာလဲ ဆိုတဲ့ မြှုပ်ကွက်လေးတွေကိုတော့ ရယ်ရင်းမောရင်းပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။
1
ဧရာမဘီလူးကြီးတို့နယ်မြေကို လူပိစိလေး ရောက်ရှိသွားသောအခါ..


J_a-c_k T_h-e G_i-a_n-t S_l-a_y-e_r ( 2013 )

အညွှန်း* 🔽🔽🔽

ဒီရုပ်ရှင်ဟာ ၂၀၁၃ ခုနှစ်မှာ မူရင်းအင်္ဂလိပ် ဝတ္ထုဖြစ်တဲ့ Jack the giant Killer နဲ့ Jack and the Beanstalk ဆိုတဲ့စာအုပ်နှစ်အုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။

ကောင်းကင်နဲ့ မြေကြီးအကြားက ဂွမ်တူဝါ ဆိုတဲ့ နယ်မြေတစ်ခုမှာ ဧရာမလူသန်ကြီးတွေနေကြပါတယ်။ လူပြည်က ဘုန်းတော်ကြီးတွေဟာ ဘုရားသခင်နဲ့ဆက်သွယ်နိုင်ဖို့ မှော်ပညာနဲ့ပြုလုပ်ထားတဲ့ ပဲစေ့တွေကိုမြေပြင်မှာစိုက်လိုက်ရာက ပေါက်လာတဲ့အပင်ကြီးတွေဟာ ထိုအကောင်ကြီးတွေ နေထိုင်ရာတိုင်းပြည်ကိုတည့်တည့်ရောက်သွားပါတယ်။
အဲဒီမှာ သူတို့တွေ့လိုက်ရတာက ငြိမ်းချမ်းတဲ့ကာင်းကင်ဘုံမဟုတ်ပဲ သွေးဆာနေတဲ့လူသန်ကြီးတွေဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ အပင်ကြီးတွေကနေတဆင့် လူ့ပြည်ကိုဆင်းသက်လာပြီး လူသားတွေကို ရ!က်စ!က်ကြ!မ်းကြု!တ်စွာစားသောက်ကြတဲ့ လူသန်ကြီးတွေကိုတားဆီးဖို့ သူတို့နှလုံးသားနဲ့လုပ်ထားတဲ့ သရဖူတစ်ခုကို ဘုရင်ကြီးအဲရစ်ကပြုလုပ်ခဲ့ပြီး လူသန်ကြီးတွေကို နေရင်းအရပ်ကိုပြန်ပို့နိုင်ခဲ့ပါတယ်။
Op*era*tion R*ed S*ea (2019)
-------------------------------------------

ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်တုန်းက ယီမင် ပြည်တွင်းစစ်မှာ ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသားတွေကိုကယ်ထုတ်ခဲ့ခြင်းဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ထားတာပါ။

ဒီဇာတ်ကားထဲမှာ ရေဝိုင်ယာမှာ အစိုးရရယ် တော်လှန်ရေးတပ်တွေရယ် အကြမ်းဖက်သမားတွေရယ် ကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ရေဝိုင်ယာမှာရှိတဲ့ တရုတ်ပြည်သူပြည်သားတွေက ပိတ်မိနေပါတော့တယ်ဒီလို ပိတ်မိနေတာကို အနားမှာရှိနေတဲ့ တရုတ်ရေတပ်သင်္ဘောကို ကယ်ထုတ်ဖို့ တာဝန်ပေးအပ်တော့တာပေါ့။

ဒါ့အပြင် သတင်းထောက်မလေး ရှီနန်နဲ့တွေ့ပြီး ကိတ်ဝါ(ယူရေးနီးယား) ကိစ္စကိုပါ သိလိုက်ရတဲ့ အချိန်မှာတော့…..ကိုယ်နဲ့ မရင်းနှီးတဲ့ နိုင်ငံတစ်ခုမှာ ကိုယ့်လူလေးလက်တစ်ဆုပ်စာနဲ့ ရာချီတဲ့ မိုက်ရူးရဲ အကြမ်းဖက်သမားတွေလက်ထဲကနေ ဓားစားခံတွေကို အချိန်မှီ ဘယ်လို ကယ်ထုတ်မလဲ

ဒါ့အပြင် အားလုံးကို ခြိမ်းခြောက်လာနိုင်တဲ့ ကိတ်ဝါ (ယူရေနီးယား) ကိစ္စကိုကော ဘယ်လိုရှင်းမလဲဆိုတာ
Train to Busan (2016)

IMDb 7.6

ဂုံယူ, မာဒုံဆော့, ချွဲအူရှစ် စတဲ့မင်းသားကြီးတွေပါဝင်ထားပြီးဇွန်ဘီကားလို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိလောက် တဲ့အထိ အောင်မြင်ပြီးတေ့ာ ဆုကြီးတွေ အများကြီးရရှိခဲ့တဲ့"Train to Busan" ရုပ်ရှင်ကားကြီးကို ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။

ဇာတ်လမ်းကတော့

ဆော့ဝူ(Gong Yoo)ဟာ ငွေကြေးစီမံမန်နေဂျာတစ် ယောက်ဖြစ်ပြီး အလုပ်ကိုပဲ အရမ်းဦးစားပေးလွန်းတဲ့ အတွက်သမီးလေးကို အချိန်မပေးနိုင်ဖြစ်နေပါတယ်။

တစ်နေ့မှာတော့ သမီးဖြစ်သူက သူ့မွေးနေ့မှာ ဘူဆန်မှာရှိတဲ့ အမေဆီကို သွားချင်တယ်လို့ အတင်းပူဆာတဲ့အတွက်အလုပ်တွေကိုပစ်ပြီး လိုက်ပို့ရပါတော့တယ်။အဲဒီနေ့မှာပဲ ဇွန်ဘီပိုးက နိုင်ငံအနှံ့စတင်ပျံ့နှံ့နေပြီးသူတို့စီးတဲ့ ရထားပေါ်မှာလည်း ဇွန်ဘီအကိုက်ခံထားရတဲ့သူ တစ်ယောက် ပါလာပါတယ်။

အဲဒီသူကနေတစ်ဆင့် ရထားတစ်စီးလုံးနီးပါးပါ ဇွန်ဘီပိုးကူး စက်သွားတဲ့အတွက်သူတို့ ဒီရထားပေါ်ကနေ လွတ်မြောက်အောင် ဘယ်လို ကြိုးစားကြမလဲမင်းသား၃ယောက် ပူးပေါင်းပြီး ဇွန်ဘီတွေကို ဘယ်လို တိုက်ခိုက်တိုက်ခိုက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်ပါ တယ်..
1
Harbin (2024)
******
IMDb... 8.2

ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူ
Park Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့
ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ်
မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။

၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ "ကိုရီးယား-ဂျပန်" စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ်
စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ်
တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။
၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ လွတ်လပ်ရေး
ရရှိဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဘုရင်ခံကို လုပ်ကြံသတ်ဖြတ်ဖို့ စစ်ဆင်ရေးကို အစချီခဲ့ပါတယ်။
ဒီ စစ်ဆင်ရေးကို ကိုရီးယား တပ်မတော်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ဂျွန်းဂွန်း (Hyun Bin) က
ဦးဆောင်ခဲ့ပြီး  လွတ်လပ်ရေး လှုပ်ရှားမှု မဟာမိတ် အဖွဲ့ဝင်တွေနဲ့ အတူ သတင်းအချက်အလက်တွေ
စုဆောင်းကာ ရုရှားတခွင်ကို လှည့်လည် သွားလာရင်း စစ်ဆင်ရေး ဆင်နွှဲပါတော့တယ်။
ဇာတိ‌‌သွေး၊ ဇာတိမာန် အပြည့်နဲ့ တိုက်ပွဲဝင်သွားမဲ့ ဒီ စစ်ဆင်‌ရေးကြီးဟာ စွန့်စားမှုတွေ၊စွန့်လွှတ်မှုတွေ
ကြားထဲကနေ အောင်မြင်သွားနိုင်မလားဆိုတာကို ‌ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။
1
Secret Zoo(2019)

ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်းထယ်ဆူက ရှေ့နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ JH မှာတရားဝင်ဝန်ထမ်းဖြစ်ဖို့ အမြဲအိမ်မက်နေခဲ့သူပါ။တစ်နေ့တော့သူ့အတွက်တရားဝင်ဝန်ထမ်းဖြစ်ဖို့အခွင့်အရေးတစ်ခုကလည်း ကျရောက်လာပါတယ်။အဲ့ဒါကတော့ အကြွေးနဲ့သိမ်းခံရတော့မယ့်နိုင်ငံခြားကဝယ်ယူထားတဲ့တိရိစ္ဆာန်ရုံတစ်ခုကို ဦးစီးပေးဖို့ကုမ္ပဏီကခိုင်းစေလာပါတယ်။ကြည့်ရင်တော့လွယ်တယ်ထင်ရပေမယ့်တကယ်သွားကြည့်တဲ့အခါမှာတော့ ထူးခြားတာကအဲ့တိရိစ္ဆာန်ရုံမှာ ပြစားလို့ရတဲ့ တိရိစ္ဆာန် တစ်ကောင်မှမရှိတာပါပဲ။ကျန်တဲ့ အသေးအမွှားတိရိစ္ဆာန်လေးတွေပဲကျန်ခဲ့ပြီး တခြား တန်ဖိုးကြီးတိရိစ္ဆာန်တွေကအကြွေးကြောင့်ရောင်းစားခံလိုက်ရတဲ့ အခြေအနေပါ။အဲ့ဒီလို ပြစားစရာတိရိစ္ဆာန်တောင်မရှိတဲ့တိရိစ္ဆာန်ရုံကြီးကို ဂန်းထယ်ဆူကို ၃လအတွင်းဦးစီးပြီး အကြွေးသိန်းတစ်သောင်းကို JH ကဆပ်ခိုင်းထားပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်တွေမရှိတဲ့ တိရိစ္ဆာန်ရုံကိုဦးစီးပြီး အကြွေးဆပ်ဖို့ရှိသမျှအကြံထုတ်ရပါတော့ပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်ရုံကြီးကို ဘယ်လိုလည်ပတ်အောင်လုပ်မလဲ။အကြွေး ဘယ်လိုဆပ်မလဲဆိုတာကတော့ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်စေချင်ပါတယ်။။ပိတ်ရက်မှာဒီကားလေးနဲ့ ရယ်မောပြီးအနားယူခံစားကြည့်စေချင်ပါတယ်။
The Thieves (2012)

ဇာတ်လမ်းကတော့ အသက်အရွယ်စုံ အမျိုးသားအမျိုးသမီးတွေ ပါဝင်တဲ့ ကိုရီးယားအဆင့်မြင့် သူခိုးအဖွဲ့ ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ

ထိပ်တန်း တန်ဖိုးကြီးပစ္စည်းတွေ ကိုရအောင်ခိုးကြတဲ့ သူခိုးအဖွဲ့ ကိုရီယားကနေခဏရှောင်ပြီး မကာအိုကတရုတ် အဖွဲ့နဲ့ပိုခက်ခဲတဲ့ ပစ္စည်းကိုပေါင်းပြီးခိုးဖို့
နာမည်ကြီးသူခိုး မကာအိုပတ်လို့ ခေါ်တယ့်လူကစီစဉ်ခဲ့ပါတယ်

မကာအိုပတ် ကဘယ်လို ခိုးဖို့ စီစဉ်ပြီး လုပ်ထားလဲ ၊ မကာအိုပတ်လို့ခေါ်တဲ့သူမှာရော ဘာနောက်ကြောင်းတွေရှိလဲ ၊သူတို့ခိုးမယ် စိန်ပွင့်ကြီးကိုရောခိုးနိုင်ကြမလား ၊တရုတ်အဖွဲ့မှာရော ဘယ်လိုလူမျိုးတွေပါလဲ ၊
သူခိုးဆိုတဲ့အတိုင်းတစ်ယောက်နဲ့တစ်ယောက် ယုံကြည့်ရပါ့မလား ၊စိန်ပွင့်ကို ပိုင်ဆိုင်ထားတယ့်သူကရော ဘယ်လိုလူမျိုးလဲ ၊သူတို့ဖြတ်ကျော်ရမယ့် အခက်ခဲတွေကို ရော အားလုံးဖြတ်ကျော်နိုင်ပါ့မလား

မကောင်းတာလုပ်တဲ့သူမှာလဲ စစ်မှန်တဲ့ခံစားချက်တွေရှိပြီး လူဆိုတာ ကိုယ်ကလွဲ မယုံရ ဆိုတာတွေကိုဒီဇာတ်ကားမှာတွေ့ရမှာပါ

စတန့်ပြကွက်တွေ နဲ့အတူဟာသရသကိုပါ ခံစားရပါလိမ့်မယ်။ဒီဇာတ်ကားကိုချုံပြောရရင် တော်တော်မိုက်တယ့် ဇာတ်ကားပါ
Don't Click (2012)

ဒီဇာတ်ကားလေးရဲ့ဇာတ်ဆောင်ကတော့K drama fan တွေရဲ့အချစ်တော်မလေး Park Bo Yong ပဲဖြစ်ပါတယ်
ချစ်ရာကောင်းတဲ့မင်းသမီးချောလေးက ဒီတစ်ခါတော့
ကြောက်တတ်သူများမကြည့်သင့်တဲ့ဒီဇာတ်ကားမှာ ဖခင်ဟာအမေရိကားမှာအလုပ်သွားလုပ်နေပြီး ညီမလေးနဲ့ ၂ယောက်ထဲနေကာအစ်မကြီးတစ်ယောက်ရဲ့တာဝန်ကိုထမ်းနေရတဲ့မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းတော့ ရုန်းကန်နေရတဲ့မိသားစုလေးဖြစ်တဲ့အလျောက် ညီမလေးဟာ YouTube ဗီဒီယို တင်ပြီးကျော်ကြားမှုနဲ့ ဝင်ငွေရှာပါတယ် ဗီဒီယိုအဆန်းတွေကြည့်ရတာလဲခုံမင်တယ်ဒီလိုနဲ့ တားမြစ်ဗီဒီယိုတစ်ခုကိုကြည့်မိတာနေ ပြဿနာစတော့တာပါပဲdon’t click ဆိုတဲ့အတိုင်းclick မိပြီဆိုတာနဲ့ အဆုံးထိကြည့်ရသတဲ့ကြည့်မိတဲ့သူတိုင်းဟာလဲ အဖြစ်ဆိုးတွေနဲ့ ကြုံရပါတယ်အဲ့ဒီဗီဒီယိုရဲ့နောက်ကွယ်ကဇာတ်လမ်းဟာဘယ်လိုဖြစ်သလဲသူတို့ညီအစ်မ၂ယောက်ကကောဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်ည ၁၂ နာရီလောက်အချိန်မျိုးမှာထိုင်ကြည့်တာတော့ပိုအရသာရှိတာပေါ့
1
Veteran  (2015)

စုံထောက်မင်းသားကြီး Hwanh Jung Minရဲ့နာမည်ကြီးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဒီကားလေးဟာဆိုရင် IMDb rating 7အထိရခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။

ဇာတ်လမ်းလေးကတော့ အာဏာရှိပြီး ချမ်းသာတဲ့သူတွေဟာ ငွေကြေးခဝါချမှု
မူးယစ်ရမ်းကားမှုတွေကိုကျူးလွန်ခဲ့ပေမယ့် ငွေကြေးနဲ့အရာရာကို လုပ်ယူလို့ရကြပါတယ်။

ဆန်ဂျင်းလုပ်ငန်းစုရဲ့သားဖြစ်သူ ဒါရိုက်တာချိုဟာလည်း  စိတ်ထင်ရာရိုင်းစိုင်းလေ့ရှိပြီး
ငွေကြေးအာဏာကိုအသုံးပြုပြီးတော့ ထိန်းချုပ်ထားပါတယ်။

တစ်နေ့မှာတော့ ဆိုးလ်မြို့နယ်စုံထောက်ရဲ့ သူငယ်ချင်းဖြစ်သူဟာ ကုမ္ပဏီနဲ့ပြဿနာဖြစ်ပြီးတော့ ဒါရိုက်တာချိုဟာလက်လွန်ပြီးတော့ သတ်သေမှုပုံစံမျိုးဖန်တီးခဲ့တယ်။

အဲ့နောက်မှာတော့ စုံထောက်ကလည်း လိုက်လံစုံစမ်းနေရင်းက ဒါရိုက်တာချိုရဲ့ လူသတ်မှုကိုကျူးလွန်မှုအပါအဝင် ငွေကြေးခဝါချမှု မူးယစ်ရမ်းကားမှု အရွယ်မရောက်သေးတဲ့လူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပါ ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။

အာဏာရှိတဲ့သူက အာဏာကိုအသုံးပြုပြီးတားဆီးပုံ အမှန်တရားကိုနှစ်သက်တဲ့စုံထောက်ကလည်း
အခက်အခဲတွေကြားထဲက ဘယ်လိုမျိုးဖော်ထုတ်မလဲဆိုတာကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။
1
Target (2023)

Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊ Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီ

ဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို
အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ်
လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်..
ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို
တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ်
တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ
ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ်
တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ..
ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်
Baghead ( 2024 )
=============
နေစရာမရှိလို့ အကူအညီမဲ့နေတဲ့ အိုင်းရစ်စ် ဆိုတဲ့ အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ၊တစ်နေ့မှာတော့ အဖေဆုံးသွားလို့အတည်ပြုပေးဖို့ အဆက်အသွယ်ရလာတယ်၊သူ့အဖေရဲ့ ပိုင်ဆိုင်မှုကိုကြည့်လိုက်တော့ ရှေးဟောင်းအဆောက်အဦကြီး ဖြစ်နေပါတော့တယ်၊ ဝမ်းသာအားရနဲ့ သူ့အဖေရဲ့အဆောက်အဦမှာ စနေဖြစ်ခဲ့ပါတယ်။ သူမသိခဲ့တာက စာချုပ်မှာ လက်လွှဲယူတဲ့စာချုပ်မှာ လက်မှတ်ထိုးမိတာနဲ့ ပြန်လှည့်လို့မရတဲ့ လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ၊အကြောင်းကတော့ မြေအောက်ခန်းမှာ ရှိနေတဲ့ စုန်းမတစ်ကောင်ကိုပါ လက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ၊စုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်၊

အဲဒါကို တလွဲ အသုံးချခဲ့တဲ့လူတွေကတော့ ဇာတ်သိမ်းမလှခဲ့ကြပါဘူး၊ဒါတွေကို မသိသေးတဲ့ အိုင်းရစ်တယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာ။
The Child Who Would Not Come (2021)
__

IMDB (6.2/10)

Horror ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကိုရီးယား Horror ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်

(IMDB 6.2) ရရှိထားပြီးတော့ ဒါရိုက်တာ ယူယောင်းဆွန်းရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်..ဒီဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Yoon-seok Jeong , So-hye Kim , Kyu Hyun Lee တို့ဖြစ်ကြပါတယ်

လူမှုဆက်ဆံရေးတွေ အများအားဖြင့် ကျောင်းတွေမှာ ကြောက်စရာအကောင်းဆုံးအကြီးအမားဆုံးအရာကတော့ အမေ့ခံရတာပါပဲ

ကြောက်စရာကောင်းတဲ့အရာတွေဟာ လုပ်ငန်းသင်ဆရာမလေးဂျောင်ဆူအာက ကျောင်းကို မလာတဲ့ကျောင်းသားလေး ဘူယောင်းဆော့နဲ့ တွေ့ရာကနေ စတင်ခဲ့ပါတယ်

အတန်းတွင်းလူခေါ်တဲ့နာမည်စာရင်းထဲမှာရှိပေမယ့် အခေါ်မခံရတဲ့ကျောင်းသားတစ်ယောက်အကြောင်းပိုပြီး သိချင်လာလေလေ၊ ကြောက်စရာကောင်းတဲ့အဖြစ်တွေ ပိုမိုပြီး ဖြစ်ပျက်လာလေလေဆိုတော့ ဘယ်လိုမျိုး မြုပ်ကွက်တွေနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင် တင်ဆက်ထားလဲဆိုတာကိုတော့
Night of the Missing (2023) ဇာတ်ကားသစ်
****
Night of the Missing ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယ်မြို့ကလေးတစ်မြို့မှာ
ဇာတ်အိမ်တည်ထားပါတယ်။ နယ်မြို့လေးရဲ့ မုန်တိုင်းထန်နေတဲ့ ခရစ္စမတ်အကြိုညမှာ
ရဲစခန်းကို အမျိုးသမီးတစ်ယောက် တိုင်ချက်လာဖွင့်လို့ အမျိုးသမီးရဲမှူးဟာ စခန်းကို
အပြေးအလွှားရောက်လာပြီး စစ်ချက်လာယူရပါတယ်။
စခန်းနံရံမှာ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအများအပြားကပ်ထားပြီး
တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဓါတ်ပုံတစ်ခုချင်းစီကို နာမည်ခေါ်ကာ
တစ်ယောက်ချင်းစီ ပျောက်ဆုံးခဲ့ရပုံ အသေးစိတ်ကို ဖွင့်ဟပါတော့တယ်။
မှုခင်းမှတ်တမ်းမှာ ပျောက်ဆုံးလို့ပဲအမှုပိတ်လိုက်ပေမယ့် အမျိုးသမီးရဲ့
တိုင်ကြားချက်အရ ပျောက်ဆုံးသူတိုင်းဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုခုကြောင့်
သေဆုံးရတယ်ဆိုတာ သိလာရပါတယ်။
သေဆုံးသွားသူတွေဟာ တစ်နည်းနည်းနဲ့ ကျန်ရစ်သူတွေကို အချက်ပေးတတ်တာကြောင့်
စခန်းကိုတိုင်ချက်လာဖွင့်သူ အမျိုးသမီးဟာလည်း ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူက
သူဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာ ....
I Am a Hero

ဟီဒဲအို ဟာ အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး မအောင်မြင်သေးတဲ့ ကာတွန်းဆရာတစ်ယောက်ဖြစ်ပါတယ်။အတူနေ ချစ်သူ ရှိပြီး ကာတွန်းဆွဲတဲ့အလုပ်ကိုဇောက်ချ လုပ်နေပေမဲ့ အရံ ကာတွန်းဆရာဘဝကနေတိုးတက်မလာပါ။

အကြွေးတွေလဲတင် ချစ်သူကလဲ ငြိုငြင်လာ ဟီဒဲအို ဘ၀ မှာ စိတ်ညစ်စရာတွေပဲ များနေခဲ့ပါတယ်။တစ်ရက်မှာတော့ ဟီဒဲအို တို့ မြို့မှာဘဲ ခွေးကိုက်ခံရာကနေကူးစက်တက်တဲ့ရောဂါတစ်မျိုး ပျံ့နှံ့ လာပြီးဟီဒဲအို ၏ အနီးဆုံး သူများကို ကူးစက်ခဲ့သော်အခါ.....

#Credit
1
The Forbidden Play (2023)
=====================
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်တုန်းက မြန်မာပြည်မှာရုံတင်သွားခဲ့တဲ့ ဂျပန် Horror, Thriller ဇာတ်ကား The Forbidden Play (2023) ကို တင်ဆက်ပေးလိုက်ပါတယ်။

ယာဉ်တိုက်မှုမတော်တဆဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ အီဟာရမီယူကီ (Ihara Miyuki) ရုတ်တရက် ဆုံးသွားတဲ့အခါမှာ သားဖြစ်သူ အီဟာရဟာရုတို (Ihara Haruto) က သွားလေသူမိခင်ကို အသက်ပြန်ရှင်လာဖိုအတွက် လက်ချောင်းတစ်ချောင်းကို ဖြုတ်ယူ၊ သူတို့အိမ်နောက်ဖေးမှာ မြေမြှုပ်နှံပြီး မိခင်ဖြစ်သူ အသက်ပြန်ရှင်လာဖို့အတွက် နေ့တိုင်းဆုတောင်းပေးနေရာကနေ ထိတ်လန့်ဖွယ်ရာတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

Credit CM
KKN di Desa Penari:(2023)
===================
💯% Highly Recommend.

ဒီဇာတ်လမ်းစပေါ်လာပုံကလဲထူးဆန်းပါတယ်။တွစ်တာမှာအကောင့်တစ်ခုကနေ ဒီဇာတ်လမ်းကိုရေးသားခဲ့တာပါ။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးစိတ်ဝင်စားမှုများလာလို့ ရုပ်ရှင်ရိုက်ကူးတဲ့ထိပါ ဖြစ်လာခဲ့ပါတယ်။

ဇာတ်ကားရဲ့ခေါ်ဆောင်မှုကဘယ်လောက်အားကောင်းလဲဆိုရင် အပြင်မှာလူတွေက ဒီဇာတ်လမ်းထဲကရွာကိုတကယ် လိုက်ရှာကြတဲ့အထိပါပဲတဲ့။အညွှန်းကိုတော့ရေးမပေးတော့ပါဘူးနော်၊အရမ်းကောင်းလွန်းလို့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါဗျ။
နာမည်ကြီးမင်းသမီး Ruth Wilson ပါဝင်သရုပ်ဆောင်ထားပြီးတော့ IMDB Rating 5.8 နဲ့ Rotten Tomato 75% ရရှိထားပါတယ်။
Heavy Drama ဇာတ်ကားတစ်ပုဒ်ဖြစ်လို့ ဇာတ်ကားကိုအေးအေးဆေးဆေးနဲ့ ခံစားပြီးကြည့်တတ်တဲ့သူတွေ အတွက်ပဲအဆင်ပြေပါလိမ့်မယ်။

ဇာတ်လမ်း အကျဉ်းကတော့ ၁၅ နှစ်ကြာ အိမ်ကနေ စိတ်နာစရာဇာတ်လမ်းတွေကြောင့်ထွက်သွားခဲ့တဲ့ Alice တစ်ယောက် ဖခင်ဆုံးပါးခဲ့ချိန်မှာ စိတ်လေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။
သူရဲ့မောင်ဖြစ်သူ Joe နဲ့ ဆက်ဆံရေးကိုပြန်တည်ဆောက်နေချိန်မှာ အတိတ်ကနာကျင်စရာများကိုပြန်အမှတ်ရပြီးခံစားရတာတွေ ဒီလယ်ကိုဘယ်သူအမွေဆက်ခံသင့်မဆက်ခံသင့်အငြင်းပွားကြ ပြီးတော့ သူတို့ အဆင်ပြေသွားကြပါမလား။
အတိတ်ကအရိပ်ဆိုးတွေကရောရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။
Mr. Go (2013)

အသက်၁၅နှစ်ပဲရှိသေးတဲ့ ဆပ်ကပ်ဆရာမလေး wei wei ဟာ သူ့အဖိုးဆုံးပါးသွားတဲ့အချိန်မှာ ဆပ်ကပ်ကနေဂေါ်ရီလာ Ling Ling နဲ့အတူထွက်လာပါတော့တယ်
သူ့အဖိုးဟာဘေ့စ်ဘောကို အရမ်းကြိုက်တဲ့သူဖြစ်ပြီး Ling Ling ကိုလည်းနေ့စဉ်လေ့ကျင့်ပေးခဲ့ပါတယ်

အဲ့တာတွေကြောင့်ပဲ Ling Ling ရဲ့ဘေ့စ်ဘောရိုက်ချက်တွေဟာ လူတကာမျက်စိကျစရာ ဖြစ်လာပါတော့တယ်... တကယ်လက်တွေ့သမား အေးဂျင့် Sung Chung Su ဟာသိသိချင်းပဲ တောင်ကိုရီးယားရဲ့ မေဂျာလိဂ်မှာဝင်ကစားစေခဲ့ပါတယ်

အောင်မြင်ဖိုမပြောနဲ့ ပုံမှန်နေရာရဖို တောင်မလွယ်ကူခဲ့ပါဘူး... တကယ့်မေ၈ျာလိဂ်ကြီးမှာ Ling Ling နဲ့သူ့အုပ်ထိန်းသူ Wei wei တိုနေရာတစ်နေရာကို ရပါမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်