Channel News Independent(CNI)
5.94K subscribers
20.5K photos
7.01K videos
1 file
23.5K links
Offical Telegram account of Channel News Independent (CNI)
Download Telegram
ချန်ပီယံလိဂ်ရှုံးပွဲမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ဟန်ဆီဖလစ်ဝေဖန်

CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၉

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်က အက်သလက်တီကိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲမှာ သူတို့ကို ပယ်နယ်တီပေးပြီး ပြိုင်ဘက်ကစားသမားကို ထုတ်ပယ်သင့်တဲ့ ဆုံးဖြတ်ချက်ကို မပြုလုပ်ခဲ့တဲ့ ဒိုင်လူကြီးကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

ဟန်ဆီဖလစ်က “ဂိုးသမားက ပွဲကိုစတင်တဲ့အချိန် ခံစစ်ကစားသမားက သူ့ရဲ့လက်နဲ့ဘောလုံးကို ရပ်တန့်ပြီး ပြန်စတင်တဲ့အခါ ဒီအခြေအနေမှာ ဘာတွေဖြစ်သွားလဲဆိုတာ ကျနော်မသိပါဘူး။ ကျနော့်အတွက်တော့ ဒါဟာ ဒုတိယအဝါကတ်နဲ့ပယ်နယ်တီပါပဲ။ ဒီနေရာမှာ VAR ကို ဘာလို့မသုံးတာလဲဆိုတာ မသိသလို ဒိုင်လူကြီးက အလွန်တော်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့လက်ခံပြီး လာမယ့်ပွဲကို ပြန်တိုက်ပွဲဝင်ရမယ်”လို့ ပြောခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35629-2026-04-09-04-56-27
👏1
Media is too big
VIEW IN TELEGRAM
လဝကဝန်ထမ်းများ တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားဖြင့် မလဲသင့်

CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၉

မြန်မာနိုင်ငံတွင် လဝက ဝန်ထမ်းများသည် အဂတိတရား ကျူးလွန်၍ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်)များ ထုတ်ပေးခြင်းနှင့် နိုင်ငံသားများ မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင် ရာမှာ လုပ်ငန်းကြန့်ကြာအောင် အချိန်ဆွဲကာ ငွေကြေး တောင်းခံခြင်းဖြင့် တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားနှင့်မလဲ သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေချိန်မှာပဲ တရားဥပဒေ စိုးမိုးမှုအားနည်းလျက်ရှိသည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/35607-2026-04-08-07-28-20
👍1
လူမျိုးစုအားလုံးကို “ဝ”ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်လား

CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၈၀ နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံးကို “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား ထောက်ပြလာကြသည်။

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခွဲပေးရုံဖြင့် မပြီးပြတ်သေး ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35630-2026-04-09-05-42-34
👎1
နိုင်ငံသားမဟုတ်သင့်သူက နိုင်ငံသားဖြစ်ပြီး နိုင်ငံသားဖြစ်သင့်သူက ဘေးရောက်သွားနိုင်

CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉

မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဂတိဖြင့် လုပ်ဆောင်မှုများကြောင့် နိုင်ငံသားမဟုတ်သင့်သူများက နိုင်ငံသားဖြစ်၍ နိုင်ငံသားဖြစ်သင့်သူများက တရားမဝင်မှုဖြင့် ‌ဘေးရောက် သွားမည့် အနေအထားမျိုး မြင်ရကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသားဖြစ်သည်ဆိုပါက အရွယ်ရောက်သည့်အခါ နိုင်ငံသားစိစစ်ရေးကတ်လုပ်ရလျှင် ၎င်းတို့အတွက် မည်သည့်အခက်အခဲမှ ရှိစရာမလိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များအား ရွေးကောက်ပွဲကာလမှလွဲ၍ ကျန်သည့် အချိန်များ၌ လွယ်လင့်တကူ လုပ်၍မရကြောင်း ၎င်းက ပြောသည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/35632-2026-04-09-06-34-07
2😢1
ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ဒေါ့မွန်အတည်ပြု

CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉

ဒေါ့မွန်အသင်းဟာ လာမယ့်ဇွန်လမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် တောင်ပံကစားသမား ဆန်ချိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အတည်ပြုခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို တတိယအကြိမ်မြောက်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားအနေနဲ့ အသင်းထံပြန်လာချင်တယ်ဆိုရင်တော့ သူလက်ရှိရနေတဲ့ လုပ်ခလစာကို အများအပြားလျှော့ယူရမယ်ဆိုတာ လက်ခံဖို့လိုအပ်ပါတယ်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35634-2026-04-09-07-08-32
👍1
အစိုးရအဖွဲ့သစ်နှင့် တပ်တွင်းအပြောင်းအလဲကြား မြန်မာ့နိုင်ငံရေး ဘယ်လိုရှိလဲ

CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉

ရွေးကောက်ပွဲအလွန် ဖွဲ့စည်းလာသည့် အစိုးရအဖွဲ့အစည်းအသစ်နှင့် တပ်မတော် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲများကြား မြန်မာ့နိုင်ငံရေးအခြေအနေ မည်ကဲ့သို့ ရှိလာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်မှုများရှိနေကြသည်။

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲကာ ကျင်းပခဲ့သည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/35635-2026-04-09-07-15-35
🤔1
အိန္ဒိယယဥ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (၇၇) နှစ်မြောက် အခမ်းအနားကျင်းပ

CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၉

အိန္ဒိယယဥ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ(ICCR) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဧပြီလ ၉ ရက်တွင် မြ၀တီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနား၌ သံအမတ်ကြီး H.E. Shri Abhay Thakurက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Minister of State H.E. Shri Kirti Vardhan Singh က မိန့်ခွန်းပြောကြားခဲ့ပါသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35636-2026-04-09-07-32-45
👏1
အီရန်စစ်ပွဲ အပစ်ရပ်ခြင်းဖြင့် ကမ္ဘာပျက်မည့် အခြေအနေကို ရှောင်နိုင်ခဲ့

CNI International News

အစ္စလာမ်မာဘတ်၊ ဧပြီ ၉

ပါကစ္စတန်သည် အမေရိကန်နှင့် အီရန်ကြား စစ်ပွဲကို ယာယီရပ်တန့်နိုင်ရန် ကြားဝင်စေ့စပ်ပေးခဲ့သဖြင့် ကမ္ဘာ ပျက်မည့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ကြောင်း ပါကစ္စတန်အရာရှိများက ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အီရန်နှင့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း ဧပြီ ၈ ရက်တွင် မပြောကြားမီ နာရီပိုင်းအလိုက ပါကစ္စတန်သည် စစ်ပွဲကို ယာယီ ရပ်တန့်နိုင်ရန်အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/35637-2026-04-09-07-40-00

Source: Nikkei Asia
👏1
အမှတ်လျှော့ပြစ်ဒဏ်အပေါ် အယူခံဝင်မှုလက်စတာရှုံးနိမ့်

CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉

ချန်ပီယံရှစ်ကလပ် လက်စတာအသင်းဟာ အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်မှုအတွက် ရမှတ် ၆ မှတ်လျှော့ချခံရမှုအပေါ် အယူခံဝင်ခဲ့တာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့လွတ်လပ်တဲ့ကော်မရှင်တစ်ခုက ဖေဖော်ဝါရီလမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာကြောင့် လက်စတာအသင်းဟာ အဆင့် ၁၇ ကနေ အဆင့် ၂၀ ကို ကျဆင်းသွားခဲ့ပါတယ်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35638-2026-04-09-07-51-10
👏1
Media is too big
VIEW IN TELEGRAM
အိန္ဒိယယဥ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (၇၇) နှစ်မြောက် အခမ်းအနားကျင်းပ

CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၉

အိန္ဒိယယဥ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ(ICCR) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဧပြီလ ၉ ရက်တွင် မြ၀တီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနား၌ သံအမတ်ကြီး H.E. Shri Abhay Thakurက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Minister of State H.E. Shri Kirti Vardhan Singh က မိန့်ခွန်းပြောကြားခဲ့ပါသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35636-2026-04-09-07-32-45
👍1👏1
Media is too big
VIEW IN TELEGRAM
ဧပြီလ ( ၉ ) ရက်နေ့အတွက်ညနေခင်းသတင်းအစီအစဉ်
*******************************************************
- လူမျိုးစုအားလုံးကို “ဝ”ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်လား

- နိုင်ငံသားမဟုတ်သင့်သူက နိုင်ငံသားဖြစ်ပြီး နိုင်ငံသားဖြစ်သင့်သူက ဘေးရောက်သွားနိုင်

- အစိုးရအဖွဲ့သစ်နှင့် တပ်တွင်းအပြောင်းအလဲကြား မြန်မာ့နိုင်ငံရေး ဘယ်လိုရှိလဲ

- တရုတ်နှင့် ရင်ကြားစေ့ရေး လုပ်မည်ဟု ထိုင်ဝမ်အတိုက်အခံ ပြော

- အာရှအစိုးရများ စွမ်းအင်ပြဿနာလျှော့ချဖို့ ထောက်ပံ့ကြေးပေးမည်

- စွမ်းအင်ဈေးမြင့်တက်၍ ထိုင်း ဆွန်ခရမ်ပွဲတော်ကာလ ခရီးသွားကျဆင်း

- လီဗာပူးလ်မှာ အခွင့်အရေးရှိသေးတယ်လို့ အာနီဆလော့ ပြော စသည့်သတင်းများကို တင်ဆက်ပေးထားပါသည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watch-tv-2/35648-2026-04-09-10-37-04
👍21
အီရန်အနီး စစ်အင်အား ဆက်လက်ဖြန့်ကြက်ထားဟု ထရမ့် ပြော

CNI International News

ဝါရှင်တန်၊ ဧပြီ ၁၀

အီရန်နိုင်ငံအနီးတွင် ဖြန့်ကြက်ထားသော အမေရိကန်တပ်ဖွဲ့များသည် ထိုဒေသ၌ပင် ဆက်လက် အခြေစိုက် နေမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြား ခဲ့သည်ဟု Straits Times သတင်းစာက ဖော်ပြခဲ့သည်။

ထို့နောက် အီရန်ဘက်က အမေရိကန်နှင့်ရရှိထားသည့် သဘောတူညီချက်ကို အပြည့်အဝ မလိုက်နာပါက တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ၎င်းက ပြောသည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/35650-2026-04-10-02-56-16

Source: Straits Times
🤬1🤮1
Media is too big
VIEW IN TELEGRAM
လူမျိုးစုအားလုံးကို “ဝ”ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်လား

CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၈၀ နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံးကို “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား ထောက်ပြလာကြသည်။

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခွဲပေးရုံဖြင့် မပြီးပြတ်သေး ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35630-2026-04-09-05-42-34
👎2
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မြွေနှင့်မိကျောင်းများလွှတ်ရန် အိန္ဒိယ စဉ်းစားနေ

CNI International News

နယူးဒေလီ၊ ဧပြီ ၁၀

အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် အရှေ့ဘက်နယ်စပ်ဒေသ တစ်လျှောက်ရှိ အချို့နေရာများတွင် နယ်စပ်စည်းရိုးများ တည်ဆောက်မည့်အစား အစားထိုး နည်းလမ်းတစ်ခုအဖြစ် နယ်စပ်ဒေသရှိ မြစ်များအတွင်းသို့ အဆိပ်ရှိမြွေများနှင့် မိကျောင်းများကို လွှတ်ရန် စဉ်းစားနေကြာင်း The Independent မှ ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးရန်အတွက် ထိုအစီအစဉ်ကို စဉ်းစားနေခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/35651-2026-04-10-03-09-32

Source: The Independent
👏4👍1