Channel News Independent(CNI)
5.92K subscribers
20.5K photos
7.02K videos
1 file
23.5K links
Offical Telegram account of Channel News Independent (CNI)
Download Telegram
ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဧည့်ခံ

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

မြန်မာနိုင်ငံကို ‌ရောက်ရှိလာသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဧည့်ခံခဲ့ခြင်း ဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35197-2026-03-19-05-18-26
1👏1
သံသယကြီးပြီး ကန့်သတ်ချက်ရှိလျှင် ဆွေးနွေးရေး မဖြစ်နိုင်

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သံသယ ကြီးပြီး ကန့်သတ်ချက်ရှိလျှင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အမှန်တကယ် လိုလားပါက သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့များ အနေဖြင့် ကြိုတင်ကန့်သတ်ချက်များ၊ စည်းကမ်းချက်များမရှိလျှင် ဆွေးနွေးရသည်မှာ ပို၍ လွယ်ကူမည်ဟုထင်ကြောင်း ဇိုမီးအမျိုးသားပါတီ(ZNP)မှ ပြောရေးဆိုခွင့်ရှိသူ ပူပူထန်က CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35201-2026-03-19-06-26-56
2👍1
ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ ဒေါ့မွန်အသင်း ဆွေးနွေး

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

ဒေါ့မွန်အသင်းဟာ အက်စတွန်ဗီလာအသင်းမှာ အငှားကစားနေတဲ့ ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေတာကြောင့် သူဟာနွေရာသီမှာ အသင်းဟောင်းထံ အပြီးသတ် ပြန်လာဖွယ်ရှိနေပါတယ်။

ဆန်ချိုနဲ့ ယူနိုက်တက်အသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိပေမယ့် ကလပ်အသင်းက သူ့ကို ထွက်ခွာခွင့်ပြုဖို့ ရှိနေတာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35202-2026-03-19-06-50-28

Source: Dailymail
👏1
အီရန်က ပင်လယ်ကွေ့အာရပ်နိုင်ငံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်

CNI International News

တီဟီရန်၊ မတ်လ ၁၉

အစ္စရေး၊ အမေရိကန်နှင့် စစ်ပွဲဖြစ်ပွားနေသည့် အီရန်သည် ပင်လယ်ကွေ့အာရပ်နိုင်ငံ အချို့ကို ဒုံးကျည်များ၊ ဒရုန်း များဖြင့် ဆက်လက် ပစ်ခတ်နေသဖြင့် အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်တွင် သေဆုံးမှုများ၊ ပျက်စီးမှုများ၊ လုပ်ကြံ သတ်ဖြတ်မှုများ ပြည့်နှက်နေသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့ပြင် အီရန်ပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသကို ကျော်လွှန်ပြီး စွမ်းအင် အကျပ်အတည်းကို ဖြစ်စေခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35204-2026-03-19-07-03-20

Source: အယ်လ်ဂျာဇီးယား
👏1
လပခတိုင်းမှာ PDF ၅၀၀ ကျော် လက်နက်ချအလင်းဝင်

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၅၀၆ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် မန္တလေးမြို့တွင် လက်နက်ချ အလင်းဝင်ရောက် လာသူများအား မိဘ များထံ ပြန်လည် အပ်နှံခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35203-pdf-31
2👏1
ယူနိုက်တက်ကစားသမား ၃ ဦးကိုခေါ်ယူဖို့ တူချယ်လ်ကို တိုက်တွန်း

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

ယူနိုက်တက်အသင်းယာယီနည်းပြမိုက်ကယ်ကာရစ်က အသင်းရဲ့အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ မက်ဂွဲယား၊ကိုဘီမေနူးနဲ့လုပ်ခ်ရှောတို့ကို အင်္ဂလန်အသင်းလူစာရင်းထဲခေါ်ယူဖို့ နည်းပြတူချယ်လ်ကို တိုက်တွန်းခဲ့ပါတယ်။

တူချယ်လ်ဟာ အင်္ဂလန်အသင်းကို နည်းပြအဖြစ်စတင်ပြီးကိုင်တွယ်ကတည်းက အက်စတွန်ဗီလာနဲ့ ဘာစီလိုနာ အသင်းမှာ အငှားကစားတဲ့ ရက်ရှ်ဖိုဒ့်ကလွဲပြီး ဘယ်ယူနိုက်တက်အသင်းကစားသမားကိုမှ လူစာရင်းထဲ ခေါ်ယူခဲ့ ခြင်းမရှိတာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35206-2026-03-19-07-16-31

Source: Besoccer
1😱1
စုံ/မ သတ်မှတ်ချက်က ခရီးသွားနှင့်ကုန်ထုတ်ကဏ္ဍကို ထိခိုက်

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

မြန်မာနိုင်ငံတွင် စက်သုံးဆီပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် “စုံ” ရက်၊ “မ” ရက် ခွဲခြားကာ မော်တော်ယာဥ် ကန့်သတ်မောင်းနှင်စေခြင်း သတ်မှတ်ချက်က ခရီးသွားကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် ထိခိုက်မှုများ ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံ‌ခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-business/35208-2026-03-19-07-41-46
1👍1👏1
လက်နက်ကိုင်များကို Time Frame ပေးပြီး ညှိရန်လိုဟု ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်နက်ကိုင်သူပုန်များအား အချိန်သတ်မှတ်ချက် (Time Frame) ပေးပြီး ညှိနှိုင်းရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က လွတ်လပ်ရေး ရရှိခဲ့သော်လည်း မတ်လမှ စတင်ကာ ပြည်တွင်း စစ် ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အထိ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာခဲ့ပြီးဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35209-time-frame
👍3🤔1
Media is too big
VIEW IN TELEGRAM
မတ်လ ( ၁၉ ) ရက်နေ့အတွက်ညနေခင်းသတင်းအစီအစဉ်
*******************************************************
- သံသယကြီးပြီး ကန့်သတ်ချက်ရှိလျှင် ဆွေးနွေးရေး မဖြစ်နိုင်

- လက်နက်ကိုင်များကို Time Frame ပေးပြီး ညှိရန်လိုဟု ပြော

- စုံ/မ သတ်မှတ်ချက်က ခရီးသွားနှင့်ကုန်ထုတ်ကဏ္ဍကို ထိခိုက်

- ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ကန်တောင်းဆိုမှု တရုတ် လျစ်လျူရှု

- တရုတ်က သတ္တုတွင်းကဏ္ဍအတွက် ဒေါ်လာ ၁၂၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံ

- အီရန်က အစ္စရေးကို ကလပ်စတာဗုံးများဖြင့် တိုက်ခိုက်

- လီဗာပူးလ်နဲ့တွေ့ရမှာကို PSG နှစ်သက်မှာမဟုတ်ဘူး စသည့်သတင်းများကို တင်ဆက်ပေးထားပါသည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watch-tv-2/35220-2026-03-19-09-48-29
3👍1
Media is too big
VIEW IN TELEGRAM
သံသယကြီးပြီး ကန့်သတ်ချက်ရှိလျှင် ဆွေးနွေးရေး မဖြစ်နိုင်

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သံသယ ကြီးပြီး ကန့်သတ်ချက်ရှိလျှင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အမှန်တကယ် လိုလားပါက သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့များ အနေဖြင့် ကြိုတင်ကန့်သတ်ချက်များ၊ စည်းကမ်းချက်များမရှိလျှင် ဆွေးနွေးရသည်မှာ ပို၍ လွယ်ကူမည်ဟုထင်ကြောင်း ဇိုမီးအမျိုးသားပါတီ(ZNP)မှ ပြောရေးဆိုခွင့်ရှိသူ ပူပူထန်က CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35201-2026-03-19-06-26-56
3👍3😁1🤔1
Media is too big
VIEW IN TELEGRAM
လက်နက်ကိုင်များကို Time Frame ပေးပြီး ညှိရန်လိုဟု ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်နက်ကိုင်သူပုန်များအား အချိန်သတ်မှတ်ချက် (Time Frame) ပေးပြီး ညှိနှိုင်းရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က လွတ်လပ်ရေး ရရှိခဲ့သော်လည်း မတ်လမှ စတင်ကာ ပြည်တွင်း စစ် ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အထိ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35209-time-frame
2👍1
တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ တွင် ကျူးကျော်မည်မဟုတ်ဟု အမေရိကန်ပြော

CNI International News

တိုင်ပေ၊ မတ်လ ၂၀

တရုတ်သည် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက မတ်လ ၁၈ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း အယ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ထိန်းချုပ်ရန် ၎င်း၏ နှစ်ရှည်လများ ရည်မှန်းချက်ကို ဆက်လက် အကောင်အထည် ဖော်နေသော်လည်း လာမည့်နှစ်တွင် တရုတ်ပြည်မကြီး အနေဖြင့် ကျူးကျော်တိုက်ခိုက်မှု စတင်လိမ့်မည်ဟု မျှော်လင့်မထားကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့များ၏ နောက်ဆုံးထုတ်ပြန်သော အစီအရင်ခံစာ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35221-2026-03-20-03-36-45

Source: အယ်ဂျားဇီးယား
👏1😁1
ထိုင်းဝန်ကြီးချုပ်အဖြစ် အနူတင် ပြန်လည်ခန့်အပ်ခံရ

CNI International News

ဘန်ကောက်၊ မတ်လ ၂၀

ထိုင်းနိုင်ငံတွင် ဘူဂျထိုင်းပါတီ ခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် မတ်လ ၁၉ ရက်၌ ပြုလုပ်သည့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုအရ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ် ခန့်အပ် ခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ယခုရလဒ်သည် နိုင်ငံရေး ပဋိပက္ခများနှင့် မတည်ငြိမ်မှုများ ရေရှည်ကြုံတွေ့ခဲ့ရသည့် ထိုင်းနိုင်ငံအတွက် ရှားရှား ပါးပါး တည်ငြိမ်မှု ကာလတစ်ခုကို ဆောင်ကြဉ်း ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35222-2026-03-20-04-22-26

Source: ဘန်ကောက်ပို့စ်
👍21
သတင်းတွေ ပေါက်ကြားမှု ချယ်လ်ဆီး ဖော်ထုတ်ဖြေရှင်း

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

ချယ်လ်ဆီးအသင်းဟာ PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် နှစ်ကျော့စလုံး မတိုင်မီ အသင်းသတင်းတွေ ပေါက်ကြားအောင် ပြုလုပ်ခဲ့တဲ့သူကို ဖော်ထုတ်ပြီး ဖြေရှင်းခဲ့တယ်လို့ နည်းပြရိုစီနီယာက ပြောခဲ့ပါတယ်။

ရိုစီနီယာက “ဘယ်သူလဲဆိုတာ ကျနော်တို့ သိပါတယ်။ ဒါက ကျနော့်အတွက် ဒါမှမဟုတ် အသင်းအတွက် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ပါဘူး။ ဘယ်ကလာတယ်ဆိုတာ ကျနော်တို့သိပြီး ဒီအခြေအနေကို ကျနော်တို့ ဖြေရှင်းပြီးပါပြီ”လို့ အဲဗာတန်အသင်းနဲ့ပွဲမတိုင်မီမှာ ပြောခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35223-2026-03-20-04-23-23

Source: Dailymail
1👍1😁1
ဆော်ဒီ၏ SAMREF ရေနံချက်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

CNI International News

ရီးယာ့ဒ်၊ မတ်လ ၂၀

ဆော်ဒီနိုင်ငံ ပင်လယ်နီကမ်းခြေ ရန်ဘူး (Yanbu) ဆိပ်ကမ်းမြို့ရှိ ဆမ်မရာ(SAMREF) ရေနံချက်စက်ရုံသည် မတ်လ ၁၉ ရက်က ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဆော်ဒီအာဏာပိုင်များက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပျက်စီးဆုံးရှုံးမှု အခြေအနေကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ လက်ရှိတွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသာ ပြောဆိုခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35224-samref

Source: အေပီ
3👍2👏1
ဂွီမာရေ့စ်အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခံရဖွယ်ရှိ

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

နယူးကာဆယ်အသင်းဟာ ဘရာဇီးလ်ကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ်အတွက် ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ်ဖို့ အသင့် ဖြစ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်က လိုင်ယွန်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ဘရူနိုဂွီမာရေ့စ်ဟာ နယူးကာဆယ်အသင်း အတွက် အဓိကကျတဲ့သူတစ်ဦးအဖြစ် ခြေစွမ်းပြသနေတာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35225-2026-03-20-04-37-40

Source: Metro
👍1👎1