Channel News Independent(CNI)
5.91K subscribers
20.6K photos
7.05K videos
1 file
23.7K links
Offical Telegram account of Channel News Independent (CNI)
Download Telegram
ရှမ်းနီအမျိုးသားနေ့ ကျင်းပ

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၅

(၄၉၉)နှစ်မြောက် ဒသမအကြိမ် ရှမ်းနီအမျိုးသားနေ့ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နှင့် ၁၄ ရက်ထိ ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ နမ့်တောမြို့နယ်အတွင်းမှာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35106-2026-03-15-13-21-07
4👏1🎉1
Media is too big
VIEW IN TELEGRAM
ရှမ်းနီအမျိုးသားနေ့ ကျင်းပ

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၅

(၄၉၉)နှစ်မြောက် ဒသမအကြိမ် ရှမ်းနီအမျိုးသားနေ့ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နှင့် ၁၄ ရက်ထိ ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ နမ့်တောမြို့နယ်အတွင်းမှာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35106-2026-03-15-13-21-07
3👏2🎉1
ဟော်မုဇ်ရေလက်ကြားကို နိုင်ငံစုံမှ စစ်သင်္ဘောများရောက်မည်ဟု ထရမ့် ပြော

CNI International News

ဝါရှင်တန်၊ မတ်လ ၁၆

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဆက်ပြီး ဖွင့်လှစ်ထားနိုင်ရန်အတွက် နိုင်ငံအများအပြားက စစ်သင်္ဘောများ စေလွှတ်သွားလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲသည် ၁၅ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့်ကို သယ်ယူပို့ဆောင်နေသည့် ဟော်မုဇ်ရေလက် ကြားသည် လက်ရှိတွင် ပိတ်ဆို့ခံထားရသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35107-2026-03-16-04-10-29

Source: အယ်လ်ဂျာဇီးယား
😁2🤬2👍1
ပါကစ္စတန်က အာဖဂန်၏ စစ်စခန်းများကို ထပ်မံတိုက်ခိုက်

CNI International News

အစ္စလာမ်မာဘက်၊ မတ်လ ၁၆

ပါကစ္စတန်တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အကြမ်းဖက်သမားများ ပုန်းအောင်းသည့် နေရာများကို အောင်မြင်စွာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့ကြောင်း ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35110-2026-03-16-04-22-23

Source: အယ်လ်ဂျာဇီးယား
👏2
ပြည်သူ့လွှတ်တော် စတင်ကျင်းပ

CNI News

၂၀၂၆ ခုနှစ်၊ မတ် ၁၆

တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပလျက်ရှိသည်။

ထိုအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ကတိသစ္စာပြုကြမည်ဖြစ်သလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ကို ရွေးချယ်မည်ဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35108-2026-03-16-04-19-24
👏3👍2👎1
ဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တင်မြှောက်

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆

ယနေ့ (မတ်လ ၁၆ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့၌ ဦးခင်ရီကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။

ဦးခင်ရီသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။

၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌလည်း ဖြစ်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌကို ဆက်လက် ရွေးချယ်နေကြသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35112-2026-03-16-04-33-25
👍5👎1🎉1
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းကို တင်မြှောက်

CNI News

၂၀၂၆ ခုနှစ်၊ မတ် ၁၆

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယ​နေ့(မတ် ၁၆ ရက်)တွင် ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးမောင်​မောင်အုန်းကို ရွေးချယ် တင်​မြှောက်ခဲ့သည်။

ဦး​မောင်​မောင်အုန်းသည် ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​​ထောင်စုဝန်ကြီး အဖြစ် ထမ်း​ဆောင်​နေသူဖြစ်သည်။

ထိုပြင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးခင်ရီအား ပြည်သူ့လွှတ်​တော် ဥက္ကဋ္ဌအဖြစ် ​ရွေးချယ်တင်မြှောက်ခဲ့သည်။

Websiteတွင်ဖတ်ရှုရန်.....https://cnimyanmar.com/index.php/political-2/politics-local/35114-2026-03-16-04-47-07
2👎1👏1
ကွန်းဖရန့်လိဂ်နဲ့ လီဗာပူးလ် ကျေနပ်သင့်လို့ ဆိုဘို့ဆလိုင်း ပြော

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆

လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ကွင်းလယ်လူ ဆိုဘို့ဆလိုင်းက သူတို့အနေနဲ့ စိတ်ပျက်စရာပုံစံတွေ ဆက်ပြီး ရှိနေမယ်ဆိုရင် ကွန်းဖရန့်လိဂ်နဲ့ ကျေနပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဆိုဘို့ဆလိုင်းက “ကျနော်တို့ဟာ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ကွန်းဖရန့်လိဂ်နဲ့ ကျေနပ်သင့်တာကြောင့် နိုးထလာရပါမယ်။ ဘာလို့ ဒီလိုဖြစ်နေလဲဆိုတာကို ရိုးရိုးသားသားပြောရရင် ကျနော် မသိပါဘူး။ ပထမပိုင်းမှာ ကျနော်တို့ဟာ အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒီလိုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ အတူတူထိုင်ပြီး ဆွေးနွေးကြမှာဖြစ်သလို အတူလက်တွဲ လုပ်ဆောင်သွားရမယ်”လို့ ပြောခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35115-2026-03-16-05-11-42

Source: ESPN
1😁1
မြောက်ကိုရီးယားက အတွဲလိုက် ဒုံးပစ်လောင်ချာများကို စမ်းသပ်

CNI International News

ပြုံယမ်း၊ မတ်လ ၁၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် မတ်လ ၁၄ ရက်က ၆၀၀ မမ ကာလီဘာ အတွဲလိုက် ဒုံးပစ်လောင်ချာ ၁၂ စင်း စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး နောက် မြောက်ကိုရီးယား၏ ဒုံးပစ်လောင်ချာများ စမ်းသပ်သည့် သတင်းအား မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်.....https://cnimyanmar.com/index.php/political-2/politics-local/35116-2026-03-16-05-13-44

Source: ရိုက်တာ
👏2👍1
တစ်ဦးချင်းစံချိန်ထက် ယူနိုက်တက်အဆင့် ရပ်တည်မှု ကောင်းဖို့ဆန္ဒရှိ

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူ့အတွက် တစ်ဦးချင်း စံချိန်မှတ်တမ်းတွေထက် ရာသီကုန်ချိန်မှာ အသင်းအဆင့် ရပ်တည်မှုကောင်းဖို့ ဆန္ဒရှိနေပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ကျနော့် အသင်းဖော်တွေအတွက် ကျနော် လုပ်ပေးနိုင်ခဲ့လို့ ပိုပြီးဂုဏ်ယူသလို ကျေနပ်မိ ပါတယ်။ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်၊ ပျော်ရွှင်နိုင်အောင် ဒီလိုအခိုက်အတန့်တွေ ပေးရတာကို ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဒါက ကျနော့်အတွက် ကြီးမားတဲ့အောင်မြင်မှုပါ။ ဒါပေမယ့် ကျနော့်အတွက် အဓိက အောင်မြင်မှုကတော့ ရာသီကုန်ချိန်မှာ အသင်းထိပ်ဆုံး နေရာနားမှာ ရှိနေဖို့ပါပဲ”လို့ ပြောခဲ့ပါတယ်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35117-2026-03-16-05-20-46

Source: Metro
4👏2
အိမ်နီးချင်းနိုင်ငံကြီးက ဒီမိုကရေစီမဟုတ်လျှင် တပ်အခန်းကဏ္ဍ မြင့်မား

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကြီးသည် ဒီမိုကရေစီနိုင်ငံ မဟုတ်သည့်အခါတွင် တပ်၏ အခန်းကဏ္ဍက မြင့်မားကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် လူဦးရေများပြားသည် နိုင်ငံတစ်နိုင်ငံ၏ ခြိမ်းခြောက်မှုကိုလည်း ခံနေရသောကြောင့် အရပ်သား အစိုးရ သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်နိုင်စွမ်း မရှိဘူးဟု တပ်မတော်က စဉ်းစားပုံရကြောင်း၊ ထို့ကြောင့် တပ်မတော်၏ အခန်းကဏ္ဍမှာ ကြီးမားသည်ဟု သတ်မှတ်ကြကြောင်း ၎င်းက ပြောသည်။

Websiteတွင်ဖတ်ရှုရန်.....https://cnimyanmar.com/index.php/political-2/politics-local/35118-2026-03-16-06-03-00
2😁2👍1👏1😱1
EAO များသည် ဖက်ဒရယ်ထက် ကိုယ်ကျိုးစီးပွားကို ဦးတည်နေဟု ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များသည် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေးထက် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်နေကြသည့် သဘောမျိုး မြင်တွေ့ရသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် လက်နက်ကိုင်လမ်းစဥ်ချုပ်ငြိမ်း‌‌ရေးသည် ခက်ခဲကြောင်းလည်း ၎င်းကပြောသည်။

Websiteတွင်ဖတ်ရှုရန်.....https://cnimyanmar.com/index.php/political-2/politics-local/35119-eao-33
👍62🤬1
အက်ရှ်လေကိုးလ်ကို စီဆီနာအသင်း နည်းပြအဖြစ် ခန့်အပ်

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆

အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ကို စီးရီးဘီကလပ် စီဆီနာအသင်းက ဒီရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

သူ့မျိုးဆက်မှာ အကောင်းဆုံးဘယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အက်ရှ်လေကိုးလ်ဟာ ၂၀၁၉ ခုနှစ်မှာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဒါက သူ့ရဲ့ပထမဆုံးအသင်းကြီး နည်းပြရာထူးဖြစ်တာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35122-2026-03-16-07-55-28
👏2
အိမ်နီးချင်းအား မတိုက်ရန် အီရန်ကို ဟားမာ့စ်တိုက်တွန်း

CNI International News

ကိုင်ရို၊ မတ်လ ၁၆

အီရန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများကို ပစ်မှတ်မထားရန် အီရန်၏ မဟာမိတ်ဖြစ်သည့် ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ဟားမာ့စ်အဖွဲ့က အီရန်အစိုးရအား တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သို့သော် အီရန်အနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တုန့်ပြန်ပိုင်ခွင့် ရှိသည်ဟုလည်း ဟားမာ့စ်အဖွဲ့က ထပ်လောင်းအတည်ပြုခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35123-2026-03-16-08-14-49

Source: ရိုက်တာ
👍2👏2
ကမ္ဘာ့ဖလား ပလေးအော့ဖ်အတွက် မက္ကဆီကိုထံ အီရတ်လာမယ်

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ် ၁၆

အီရတ်အသင်းဟာ သူတို့ရဲ့ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲအတွက် မက္ကဆီကိုနိုင်ငံထံ လာရောက်မယ်လို့ နိုင်ငံအသင်းရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်ဒ်နန်ဒါဂျယ်လ်က ပြောခဲ့ပါတယ်။

အီရတ်အသင်းနည်းပြ ဂရေဟမ်အာနိုးလ်က အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ခရီးသွားလာမှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ သူတို့ရဲ့ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ မကြာသေးမီမှာ ပြောထားခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35124-2026-03-16-08-33-05
2👍1😁1
TNLA က ညှိနှိုင်းရန် ကမ်းလှမ်းခဲ့သော်လည်း MNDAA အတွေ့မခံဟု ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ် ၁၆

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ တပ်ခေါင်းဆောင်များအနေဖြင့် ညှိနှိုင်းရန် ပြင် ဆင်ကမ်းလှမ်းခဲ့သော်လည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်မှ အတွေ့မခံကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။

သက်ဆိုင်ရာ တပ်ဖွဲ့များမှ ခေါင်းဆောင်အချင်းချင်း ယခုအချိန်တွင် စကား‌ပြောဆိုကြမှသာ အဖြေတစ်ခု ထွက်လာမည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။

Websiteတွင်ဖတ်ရှုရန်....https://cnimyanmar.com/index.php/political-2/politics-local/35120-tnla-mndaa
👍3👏2