Channel News Independent(CNI)
5.93K subscribers
20.6K photos
7.04K videos
1 file
23.6K links
Offical Telegram account of Channel News Independent (CNI)
Download Telegram
Media is too big
VIEW IN TELEGRAM
ငြိမ်းချမ်းရေးအတွက် စီးပွားရေးနှင့်ပညာရေး မြှင့်တင်ရန်လို

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂

မြန်မာနိုင်ငံတွင် လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် စီးပွားရေးနှင့်ပညာရေးကို မြှင့်တင်ရန်လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဆိုးရွားလာခဲ့ပြီး လူငယ်များကြား လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရန် စိတ်အား ထက်သန်မှု ပြင်းထန်လျက်ရှိနေသည်။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/political-2/politics-local/35033-2026-03-11-06-24-56
👍1👏1
ငြိမ်းချမ်းရေးအတွက် ဖြစ်သင့်သည်ကိုသာ ဆောင်ရွက်ကြရန် ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထု အကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကိုသာ ဆောင်ရွက်ကြရန် နိုင်ငံတော်လုံခြုံ‌ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်က နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/political-2/politics-local/35058-2026-03-12-05-44-44
👏1
ကုလားတန်စီမံကိန်း ၂၀၂၇ တွင် ပြီးစီးပါက နယ်မြေအေးချမ်းမည်ဟု ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ် ၁၂

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီချက်ရေးထိုးကာ လုပ်ဆောင်လျက်ရှိသည့် ကုလားတန် မြစ် စီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် အပြီးလုပ်ဆောင်နိုင်ပါက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ အေးချမ်းသွားမည်ဟု ယုံကြည်ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35059-2026-03-12-05-52-07
👏1
လုပ်ခလစာပိုရမှာကို ငြင်းပြီး ရှော်လ်ကေးထံ ဂျက်ကိုပြောင်းခဲ့

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ် ၁၂

မန်စီးတီးနဲ့ အင်တာမီလန်အသင်း တိုက်စစ်မှူးဟောင်းဂျက်ကိုဟာ ရှော်လ်ကေးအသင်းမှာထက် ပြင်သစ်လီဂူး-၁ မှာဆိုရင် တစ်နှစ်ကို ယူရို ၁ သန်းပိုပြီးရနိုင်ပေမယ့် ဒါကိုငြင်းပယ်ပြီး ရှော်လ်ကေးအသင်းထံ ပြောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဂျက်ကိုဟာ ရှော်လ်ကေးအသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါက ငွေကြေး အကြောင်းပြချက်ကြောင့်မဟုတ်ပါဘူး။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/local-news-2/local-sport/35060-2026-03-12-05-59-02
🤬1
အီရန်စစ်ပွဲမှာ ဒဏ်ရာရသည့် အမေရိကန်စစ်မှုထမ်း ၁၄၀ အထိရှိလာ

CNI International News

ဝါရှင်တန်၊ မတ်လ ၁၂

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်ကိုဆင်နွှဲသည့် စစ်ပွဲ စတင်ချိန်ကတည်းက အမေရိကန် စစ်မှုထမ်း ၁၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်က အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်၏ မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ ဒဏ်ရာရသူ အများစုမှာ ပြင်းထန် မှု မရှိသည့် သာမန်ဒဏ်ရာများသာ ဖြစ်သည်ဟု ဆိုသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35061-2026-03-12-06-04-12

Source: အယ်လ်ဂျာဇီးယား
👏1
NSPNC နှင့် သဘောတူထားသည့် ၄၃ ချက်ကို လွှတ်တော်၌ ဦးစားပေးဆွေးနွေးနိုင်

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂

လာမည့် လွှတ်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီတို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြင်ဆင်ရန် သဘောတူညီမှု ရရှိထားသည့် ၄၃ ချက်ကို ဦးစားပေးဆွေးနွေးလာနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ပြောသည်။

ထိုသို့ ဆွေးနွေးသည့်အခါတွင် တပ်မတော်သားကိုယ်စားလှယ်များမှလည်း ကန့်ကွက်မှုနည်းပါးလိမ့်မည်ဟု မြင်ကြောင်း၊ လာမည့် ၅ နှစ်အတွင်း ၎င်း ၄၃ ချက်နှင့်ပတ်သက်၍ ဖော်ဆောင်လာနိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/political-2/politics-local/35062-nspnc-30
👍1👏1
အက်သလက်တီကိုမှာ ဆက်ရှိမယ်လို့ ဂရစ်ဇ်မန်း အတည်ပြု

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ် ၁၂

မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ ပြင်သစ်ကစားသမားဟောင်း ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဂရစ်ဇ်မန်းက “ကျနော် ဒီမှာအလွန်ကောင်းမွန်နေသလို ကိုယ့်ကိုကိုယ်လည်း အလွန်ပျော်ရွှင်နေပါတယ်။ ကွင်းထဲမှာ ကျနော်လုပ်နေတဲ့အရာတွေက ကျနော်ဘာလဲဆိုတာပြသနေပြီး စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အဆုံးထိနေဖို့က ကျနော့်ရဲ့အတွေးထဲမှာရှိပါတယ်”လို့ Movistar TV ကိုပြောခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/35064-2026-03-12-07-14-56
👍1👏1
Media is too big
VIEW IN TELEGRAM
မတ်လ ( ၁၂ ) ရက်နေ့အတွက်ညနေခင်းသတင်းအစီအစဉ်
******************************************
- ငြိမ်းချမ်းရေးအတွက် ဖြစ်သင့်သည်ကိုသာ ဆောင်ရွက်ကြရန် ပြော

- NSPNC နှင့် သဘောတူထားသည့် ၄၃ ချက်ကို လွှတ်တော်၌ ဦးစားပေးဆွေးနွေးနိုင်

- ကုလားတန်စီမံကိန်း ၂၀၂၇ တွင် ပြီးစီးပါက နယ်မြေအေးချမ်းမည်ဟု ပြော

- အင်ဒိုက အိန္ဒိယ၏ BrahMos ဒုံးကျည်များကို ဝယ်ရန်သဘောတူ

- ဟော်မုဇ်ရေလက်ကြားအနီး အီရန်သင်္ဘောများကို ကန် တိုက်ခိုက်

- တရုတ်နှင့် မြောက်ကိုရီးယားကြား ရထားပြေးဆွဲမည်

- ကမ္ဘာ့ဖလားပြိုင်ပွဲကို အီရန်မယှဉ်ပြိုင်ဘူးလို့အတည်ပြု စသည့်သတင်းများကို တင်ဆက်ပေးထားပါသည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watch-tv-2/35073-2026-03-12-10-03-45
👍1
Media is too big
VIEW IN TELEGRAM
ကုလားတန်စီမံကိန်း ၂၀၂၇ တွင် ပြီးစီးပါက နယ်မြေအေးချမ်းမည်ဟု ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ် ၁၃

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီချက်ရေးထိုးကာ လုပ်ဆောင်လျက်ရှိသည့် ကုလားတန် မြစ် စီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် အပြီးလုပ်ဆောင်နိုင်ပါက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ အေးချမ်းသွားမည်ဟု ယုံကြည်ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35059-2026-03-12-05-52-07
👍2👏1
အီရန်ပဋိပက္ခကြောင့် ရေနံဈေးမြင့်တက်ပြီး စတော့ရှယ်ယာများထိုးကျ

CNI International News

တိုကျို၊ မတ် ၁၃

အီရန်က အီရတ်ရှိ ရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို ပြိုလဲစေမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် မတ် ၁၂ ရက်က အာရှစျေးကွက်တွင် ရေနံစျေးနှုန်းများ မြင့်တက်ခဲ့ပြီး ရှယ်ယာစျေးနှုန်းများ ကျဆင်းသွားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ထို့ပြင် အီရန်၏ ခြိမ်းခြောက်မှုများကြောင့် နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏ စံချိန်တင် အရန်ရေနံထုတ်ယူမှုသတင်းမှာ မှေးမှိန်သွားခဲ့သည်။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/political-2/politics-local/35074-2026-03-13-03-57-15

Source:CNA
👍1😱1
Media is too big
VIEW IN TELEGRAM
ငြိမ်းချမ်းရေးအတွက် ဖြစ်သင့်သည်ကိုသာ ဆောင်ရွက်ကြရန် ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထု အကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကိုသာ ဆောင်ရွက်ကြရန် နိုင်ငံတော်လုံခြုံ‌ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်က နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/political-2/politics-local/35058-2026-03-12-05-44-44
👍1👏1
အီရတ်ရှိ အီတလီစစ်အခြေစိုက်စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ

CNI International News

ဘဂ္ဂဒက်၊ မတ် ၁၃

အီရတ်နိုင်ငံ ကာဒစ္စတန်ဒေသရှိ အီတလီစစ်အခြေစိုက်စခန်းတစ်ခုသည် ညအချိန် လေကြောင်း တိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အီတလီကာကွယ်ရေးတာဝန်ရှိသူများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှဖော်ပြခဲ့သည်။

အာဘေးလ် (Erbil) မြို့ရှိ အီတလီစစ်စခန်းသည် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ကြီးဌာနသတင်းရင်းမြစ်များက ဒရုန်းတစ်စင်းသည် အီတလီစစ်ဘက်သုံးယာဉ်တစ်စီးကို ဖျက်ဆီးသွားခဲ့ပြီး ထိုဖြစ်စဉ်သည် မတော်တဆဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35075-2026-03-13-04-10-15

Source:ရိုက်တာ
👍1👏1
ဘေးကင်းဖို့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုအီရန်မပါဝင်သင့်လို့ ထရမ့် ပြော

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ အီရန်ဘောလုံးအသင်းကို ကြိုဆိုမှာဖြစ်ပေမယ့် သူတို့ရဲ့ဘေးကင်းဖို့အတွက် မပါဝင်သင့်ဘူးလို့ ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က “အီရန်အမျိုးသားဘောလုံးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေနဲ့ဘေးကင်းလုံခြုံဖို့အတွက် ဒီမှာရှိနေဖို့က သင့်တော်တယ်လို့ ကျနော်တကယ်မထင်ကြောင်း” Truth Social မှာ ကြာသပတေးနေ့က ရေးတင်ထားခဲ့တာပါ။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/local-news-2/local-sport/35076-2026-03-13-04-20-28
1🤬1😢1
သက်ဆင်၏ ရှေ့နေများက ခံဝန်ဖြင့် လွတ်ငြိမ်းလျှောက်ထား

CNI International News

ဘန်ကောက်၊ မတ် ၁၃

အကျဉ်းချခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏ ရှေ့နေများက ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခွင့်အတွက် လိုအပ်သော စာရွက်စာတမ်းများကို တင်ပြထားကြောင်း The Nation မှ ဖော်ပြခဲ့သည်။

စာရွက်စာတမ်းများကို တင်ပြခြင်းသည် ပထမအဆင့်ဖြစ်ပြီး နောက်တစ်ဆင့်မှာ အကျဉ်းဦးစီးဌာနက ဆက်လက်သုံးသပ်ရန်ဖြစ်ကြောင်း သက်ဆင်၏ ရှေ့နေဖြစ်သူ ဝင်းယတ် ချတ်မွန်ထရီ (Winyat Chatmontri) က ပြောကြားခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35077-2026-03-13-04-32-24

Ref: The Nation
👍1🤔1
နိုင်ပွဲ ၁၀၀ အမြန်ဆုံးပြည့်တဲ့ဗီလာနည်းပြအဖြစ် အမ်မရီမှတ်တမ်းတင်

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲမှာ လိုင်လီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် နည်းပြအူနှိုင်းအမ်မရီဟာ နိုင်ပွဲ ၁၀၀ အမြန်ဆုံးပြည့်တဲ့ အက်စတွန်ဗီလာအသင်းနည်းပြအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊နိုဝင်ဘာလမှာ အက်စတွန်ဗီလာအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြအူနှိုင်းအမ်မရီဟာ ပြိုင်ပွဲစုံပွဲပေါင်း ၁၈၁ ပွဲကိုင်တွယ်အပြီးမှာ နိုင်ပွဲ ၁၀၀ ပြည့်ခဲ့တာပါ။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/local-news-2/local-sport/35078-2026-03-13-04-43-57
👏2
ဖက်ဒရယ်ကိုနားလည်လျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခွင့်မပြုစရာမရှိ

CNI News

၂၀၂၆ ခုနှစ်၊ မတ် ၁၃

ဖက်ဒရယ်စနစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ပါဝင်သော်လည်း မြန်မာနိုင်ငံ၌ အချို့သော လူပုဂ္ဂိုလ်များသည် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သီးခြားနားလည်နေကြကြောင်း၊ ဖက်ဒရယ်စနစ်ကို နားလည်ပါက ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခွင့်မပြုစရာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35079-2026-03-13-04-46-04
👍1🤬1
Media is too big
VIEW IN TELEGRAM
NSPNC နှင့် သဘောတူထားသည့် ၄၃ ချက်ကို လွှတ်တော်၌ ဦးစားပေးဆွေးနွေးနိုင်

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

လာမည့် လွှတ်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီတို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြင်ဆင်ရန် သဘောတူညီမှု ရရှိထားသည့် ၄၃ ချက်ကို ဦးစားပေးဆွေးနွေးလာနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ပြောသည်။

ထိုသို့ ဆွေးနွေးသည့်အခါတွင် တပ်မတော်သားကိုယ်စားလှယ်များမှလည်း ကန့်ကွက်မှုနည်းပါးလိမ့်မည်ဟု မြင်ကြောင်း၊ လာမည့် ၅ နှစ်အတွင်း ၎င်း ၄၃ ချက်နှင့်ပတ်သက်၍ ဖော်ဆောင်လာနိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။

Website တွင်ဖတ်ရှုရန်- - - -https://cnimyanmar.com/index.php/political-2/politics-local/35062-nspnc-30
👍1👏1
န်မာနိုင်ငံက စစ်အာဏာရှင် မြောက်များစွာနှင့် ရင်ဆိုင်နေရဟု ပြော

CNI News

၂၀၂၆ ခုနှစ်၊ မတ် ၁၃

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲအစည်းများနှင့် ပြည်သူလူထုတိုသည် စစ်အာဏာရှင်ကို မကြိုက်ဘူးဟု ဆိုသော်လည်း လက်တွေ့တွင် စစ်အာဏာရှင်ပေါင်းမြောက်များစွာနှင့် ရင်ဆိုင်နေရသည့် တိုင်းပြည် ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဋ္ဌာနသို ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/35081-2026-03-13-05-08-47
😢1
Media is too big
VIEW IN TELEGRAM
စီးပွားရေး၊ လုံခြုံရေး၊ နည်းပညာနဲ့ပတ်သက်ပြီး ယာယီသမ္မတ ဘာပြောလဲ

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် စတင်ကျင်းပသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ် အဖွင့်မိန့်ခွန်းတွင် စီးပွားရေး၊ လုံခြုံရေး၊ နည်းပညာနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရသည့် လွှတ်တော်အမတ်များ ပါဝင်သည့် မြန်မာ့မျက်နှာစာသစ် ဖိုရမ်ကို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative)က ဦးဆောင်၍ မတ်လ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ ဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)တွင် ကျင်းပလျက်ရှိသည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watch-tv-2/35084-2026-03-13-06-35-16
🤔1
Media is too big
VIEW IN TELEGRAM
လက်နက်ကိုင်ပဋိပက္ခတိုင်း နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရမည်

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

စစ်ပွဲတိုင်း၊ လက်နက်ကိုင် ပဋိပက္ခတိုင်း နိုင်ငံရေးနှင့်မလွတ်ကင်းသည့်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် စတင်ကျင်းပသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ် အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

၂၀၂၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရသည့် လွှတ်တော်အမတ်များ ပါဝင်သည့် မြန်မာ့မျက်နှာစာသစ် ဖိုရမ်ကို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative)က ဦးဆောင်၍ မတ်လ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ ဖိုရမ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)တွင် ကျင်းပလျက်ရှိသည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watch-tv-2/35083-2026-03-13-06-09-43
1👍1
နိုင်ငံသားတိုင်း တစ်ဦးချင်းဝင်ငွေတိုးဖို့ ဘယ်လိုဖန်တီးလို့ရနိုင်လဲ

CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

မြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်း တစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး အတွက် အစိုးရသစ်တစ်ရပ်အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သင့်သလဲဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူ များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား သုံးသပ်မှုများရှိနေကြသည်။

တက်လာမည့် အစိုးရအနေဖြင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းများမှတဆင့် အလုပ်အကိုင်များကို ဖန်တီးပေးရန်လိုအပ်ကြောင်း၊ ကုန်စျေးနှုန်းနှင့် ညီမျှသည့် လုပ်ခလစာ ကိုလည်း အစိုးရအနေဖြင့် သတ်မှတ်ပေးသင့်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-business/35086-2026-03-13-07-13-58
1🤔1