Channel M (Reviews Channel)
137 subscribers
4 photos
Admin Acc - @Myint_MH @Tg_Thoon
Main Channel 🖇🔗👇🏻
https://t.me/Myint_MH7
Download Telegram
Never Twice (2019) Mmsub
အခုတစ်ခါမှာတော့ FOF ပရိသတ်ကြီးအတွက် ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် MBC မိသားစုဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

မင်းသားကတော့ ကိုရီးယား ပရိသတ်တွေနဲ့မစိမ်းတဲ့ moonlight drawn by clouds , radio romance တို့မှာပါဝင်ခဲ့တဲ့ မင်းသား Na hae joon (kwak-dong yeon) ဖြစ်ပြီးမင်းသမီးကတော့ school 2017 ,I'm not a robot ဇာတ်ကားတွေမှာ ပါဝင်တဲ့ Geum Bak ha (Park se wan) က
ဇာတ်ကားက ဒရာမဇာတ်လမ်းဖြစ်ပြီး မိသားစုကားလေးဖြစ်ပါတယ်။

Bak ha က ပူပူနွေးနွေးလက်ထပ်ထားတဲ့မိန်းကလေးတစ်ယောက်ပါ။ကံမကောင်းစွာနဲ့ ခင်ပွန်းကဆုံးပါးသွားပြီးတဲ့နောက် သူ့ဘဝကိုဘယ်လိုရပ်တည်မလဲ Hae joonကလည်း အရမ်းအောင်မြင်တဲ့ ဟိုတယ်တစ်ခုက မြေးပါ အဲ့ဒါအပြင် နောက်ထပ်ဇာတ်ဆောင်တွေက မင်းသမီးကြီး Bok mak rye(Youn yuh jung) လည်းပါဝင်ထားပါတယ်။

သူကတော့ တည်းခိုခန်းဖွင့်ထားပါတယ် သူ့ရဲ့တည်းခိုခန်းက ရက်ရှည်နေမယ့်သူတွေပဲနေလို့ရတာပါ။Bak ha က ခင်ပွန်းဆုံးပြီးနောက်တည်းခိုခန်းကို အမှတ်မထင်ရောက်တဲ့အခါ ချမ်းသာတဲ့ hae joonနဲ့ ဘယ်လို တွေ့ဆုံမလဲ ဆိုတာကတော့ စောင့်ကြည့်ပေးကြပါဦးနော်..

Crd
လျှို့ဝှက်ဆန်းကြယ် နန်ယန်းမြေဝယ် (南部档案)
Archives: The Nanyang Mystery

ဒီဇတ်ကားမှာတော့ ဝါရင့်မင်းသားချောတွေဖြစ်တဲ့ Zhang Xincheng နဲ့ Ding Yuxi တိုက စုံထောက်ညီအစ်ကို Double Lead (Bromance) အဖြစ် အဓိကတွဲဖက်သရုပ်ဆောင်ထားကြပြီး၊ မင်းသမီးချော Jiang Peiyao၊ ဝါရင့်မင်းသားကြီး Fu Dalong နဲ့ Liu Lingzi တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ပါးနပ်ထက်မြက်တည်ကြည်တဲ့ အေးဂျင့်ကျန်းဟိုင်ရှား/ကျန်းဟိုင်ရှာ(Ding Yuxi)နဲ့ ညဏ်ထက်ပေမဲ့ ပေါက်ကရလုပ်တတ်လွန်းသူ အေးဂျင့်ကျန်းဟိုင်လုန်/ကျန်းဟိုင်ယန်(Zhang Xincheng)တို့ရဲ့ သေတစ်ပန်သက်ဆုံးBrotherhoodက ကံကြမ္မာဆိုးကြားမှာ ဘယ်လိုရှင်သန်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း~

ဇာတ်ကြောင်းလေးကတော့ ၁၉ ရာစုအစောပိုင်း ၁၈၇၀ ပြည့်လွန်နှစ်တွေမှာ တရုတ်ပြည်ရဲ့ လူဦးရေထက်ဝက်နီးပါး သေကျေပျက်စီးခဲ့ရတဲ့ သမိုင်းဝင် "တင်းဝု ငတ်မွတ်ခေါင်းပါးမှုကပ်ဘေး"ကနေ မြစ်ဖျားခံထားပါတယ်။ အဲဒီလို ပြင်းထန်လှတဲ့ ဘဝလှိုင်းတံပိုးတွေကြားမှာ မိဘမဲ့အောက်ခြေလူတန်းစားဘဝကနေ ရုန်းကန်ခဲ့ရတဲ့ ကျန်းဟိုင်လုန်/ကျန်းဟိုင်ယန်နဲ့ ကျန်းဟိုင်ရှား/ကျန်းဟိုင်ရှာတို့ဟာ ကျန်းမိသားစုရဲ့ ကယ်တင်မှုကိုခံရပြီး ပင်လယ်ရပ်ခြားက ထူးဆန်းဆန်းပြားတဲ့ ဖြစ်ရပ်တွေကို စုံစမ်းမှတ်တမ်းတင်ရတဲ့ တောင်ပိုင်းမော်ကွန်းတိုက်ရဲ့ ထိပ်တန်းအေးဂျင့်တွေ ဖြစ်လာခဲ့ကြပါတယ်။

သူတို့နှစ်ဦးသား အိမ်ပြန်ချင်ကြတဲ့ရေတ‌စ္ဆေများဆိုတဲ့အမှုကို လိုက်လံစုံစမ်းနေရာကနေပြီးတော့ ဖန်ဟွားသန္တာကျောက်တန်းအမှုဆီကို ဦးတည်လို့လာခဲ့ပါတယ်။ ဒီအမှုကတော့ ၁၉၀၆ခုနှစ်မှာ တရုတ်နိုင်ငံရှမန်ကနေ မလေးရှားနိုင်ငံက မလက်ကာ(Malacca)ကို သွားတဲ့ ပင်လယ်ရေကြောင်းလမ်းမှာရှိတဲ့ ဖန်ဟွားသန္တာကျောက်တန်းအနီးမှာ ကုန်တင်သင်္ဘောတွေဟာ ရာသီဥတုကောင်းနေပါလျက်နဲ့ အစအနမကျန် ပျောက်ဆုံးကုန်ပြီး အလောင်းလည်းမကျန်၊ ဓားပြတောင်းငွေလည်း မရှိပါဘူး။ "ပင်လယ်ကြမ်းပြင်က သဲကန္တာရထဲမှာ သင်္ဘောတွေကို မျိုချတဲ့ နဂါးကြီးရှိတယ်" ဆိုတဲ့ ကောလာဟလကြောင့် တောင်ပိုင်းမော်ကွန်းတိုက်ပင်လယ်ရေကြောင်းရုံးကနေ သူတို့နှစ်ယောက်ကို အသေးစိတ်စုံစမ်းဖို့ အထူးတာဝန်ပေးလွှတ်လိုက်ပါတော့တယ်။

သူတို့နှစ်ဦးသား အမှုကိုနက်နက်နဲနဲ လိုက်လံစုံစမ်းကြည့်တဲ့အခါမှာတော့ ပျောက်ဆုံးသွားတဲ့ လူတွေအားလုံးဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင် မော့ယွင်ကောင်းနဲ့ သူ့လက်ပါးစေChen Xifengတို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးတော့ ရေအောက်ကိုနစ်မြုပ်သွားတဲ့ သင်္ဘောပျက်တွေထဲကနေ အဆိပ်အပြင်းဆုံး ကပ်ရောဂါပိုးဖြစ်တဲ့ ပလိပ်ရောဂါမျိုးစေ့ငါးမျိုးကို တူးဖော်ဖို့အတွက် အတင်းအဓမ္မခိုင်းစေခံရတဲ့ ကျွန်လုပ်သားတွေ ဖြစ်နေကြတာကို သိလိုက်ရပြီးတော့ ပိုပြီး ကြောက်စရာကောင်းတာက ရောဂါပိုးမပြန့်ပွားအောင် ကျွန်လုပ်သားကို အသုံးချပြီးတာနဲ့ နေလှန်းအခြောက်ခံ သတ်ပစ်ကြတာပါပဲ။

စစ်ဘုရင် မော့ယွင်‌ကောင်းက ဆည်းဆာမြက်ကိုသုံးပြီးတော့ ပလိပ်ရောဂါဖြန့်ဖို့ လုပ်နေတယ်လို့ သံသယရှိလာလို့ ထပ်မံစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရင်းနဲ့ ဒါဟာ တကယ်တမ်းမှာ ကျန်းမိသားစုဝင်တွေကို ပင်လယ်ပြင်မှာ လက်စ‌ဖျောက်ဖို့ထောင်ထားတဲ့ သေမင်းထောင်ချောက်တစ်ခုဖြစ်နေခဲ့မှန်း သိလိုက်ရပါတယ်။ ထောင်ချောက်ကနေ ဖောက်ထွက်ဖို ကြိုးစားရင်း ကျန်းဟိုင်ရှား တစ်ယောက် ကိုယ်တစ်ပိုင်းသေသွားခဲ့ရပေမဲ့လည်း သူ့ရဲ့အရင်းနှီးဆုံးညီအစ်ကို ကျန်းဟိုင်ယန်တစ်ယောက်ကို‌တော့ သဲလွန်စတွေအားလုံးက ညွှန်ပြနေတဲ့ နန်အန်းဆိုတဲ့ သင်္ဘောကြီးပေါ် ကို တင်ပေးလိုက်ပါတော့တယ်။ နန်အန်းသင်္ဘော ရှမန်ကိုဆိုက်လို့ ရှမန်မြေကို ကျန်းဟိုင်ယန်/ကျန်းဟိုင်လုန်တစ်ယောက် ခြေချလိုက်တဲ့အခိုက်အတန့်ကနေစပြီး သူတို့နှစ်ဦးသားရဲ့ စစ်မှန်တဲ့ ကံကြမ္မာဆိုးကြီးက အရှိန်အဟုန်နဲ့ စတင် လည်ပတ်ပါတော့တယ်။

ကျန်းဟိုင်ရှားရဲ့ အရင်းနှီးဆုံးသူငယ်ချင်းအတွက် စတေးခံပုံတွေ ကျန်းဟိုင်ယန်ရဲ့ တစ်ကိုယ်တော်လက်စားချေပုံတွေနဲ့ အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ ကျန်းမိသားစုရဲ့ သမိုင်းကြောင်းတွေ ကံကြမ္မာလှည့်ကွက်တွေကို ရသအစုံအလင်နဲ့ မြင်တွေ့ခံစားရမှာဖြစ်လို့ သမုဒ္ဒရာအလယ်က ကျန်းမိသားစုရဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ သင်္ဘောကြီးနန်အန်း‌ပေါ်မှာ လိုက်ပါစီးနင်းဖို့ အဆင်သင့်ပြင်ထားလိုက်ကြပါဦးနော်။

Reviewed by Luna
Encoded by Feng
Translated by GC Chinese Team
My Undead Yokai Girlfriend (2024) Mmsub

Episode (1To8) စ/ဆုံး

ငယ်ငယ်တုန်းကတည်းက လူကြောက်တတ်တဲ့ ဟာချီဆိုတဲ့ကောင်လေးဟာ
လူမှုဆက်ဆံရေးပိုင်းမှာ အားနည်းတဲ့အတွက်နဲ့ ကျောင်းမှာ အမြဲ အနိုင်ကျင့်ခံ
ဖြစ်နေရတဲ့သူတစ်ယောက်ပေါ့။

တစ်ရက်ကျတော့ သူတို့အတန်းထဲက ကိုအုကီ ရှိကာဇိုနိုဆိုတဲ့ ကောင်လေး ရုတ်တရက်
ပျောက်ဆုံးသွားပါတယ်။ ကိုအုကီ ရှိကာဇိုနိုဟာလည်း ကြောင်တောင်တောင်ပုံစံလေးပေမဲ့
သူဟာ မှော်ပညာကို စွဲလန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ကိုအုကီ ရှိကာဇိုနို မပျောက်ခင် နောက်ဆုံးတင်ခဲ့တဲ့ ဆိုရှယ်မီဒီယာက စတိုရီမှာ
အချစ်ဂါထာတစ်ခုကို ဟာချီနဲ့ သူ့သူငယ်ချင်း တာနူကီတို့ ရှာတွေ့ခဲ့ကြပြီး
ဟာချီတစ်ယောက် လိုက်လုပ်တဲ့အခါ နတ်ဆိုးမြေခွေးကို ချိတ်ပိတ်ထားရာကနေ
လွှတ်လိုက်သလိုဖြစ်ပြီးတော့ နတ်ဆိုးမြေခွေးဟာ ကမ္ဘာမြေကို ရောက်လာပါတော့တယ်။

အိဇီနဲ့ ဟာချီတို့ရဲ့ ချည်နှောင်မှုတွေကနေ ဘာတွေဆက်ဖြစ်မလဲ ........

အိဇီတစ်ယောက် ကမ္ဘာမြေပေါ်ရောက်လာပြီးနောက်မှာရော သူ့အတွက်
ဘာတာဝန်တွေရှိနေဦးမှာလဲ .....

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က လူသားမိသားစုနဲ့ဖြစ်ခဲ့ရတဲ့ ရန်ငြှိုးတွေအပေါ်
လက်စားချေလိုတဲ့ အိဇီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ ဆိုတာတွေကို
စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
Never-Ending Summer (2026 Ongoing) Mmsub
ဇာတ်လမ်းအညွှန်း >>>

စာတော်ပြီး စိတ်ဓာတ်ကြံ့ခိုင်လှတဲ့ကျောင်းသူလေး ကျိုးဝမ်ဟာ အသည်းအသန်ဖျားနာနေတဲ့အဘွားကို ကယ်တင်နိုင်မဲ့နည်းလမ်းကို အပူတပြင်းရှာဖွေနေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူဆီကနေတောင် အကူအညီမရခဲ့တဲ့နောက်မှာတော့ ကျိုးဝမ်ဟာ မိခင်ရဲ့လင်ပါသားဖြစ်သူ ဂျစ်လည်းဂျစ် ဆိုးလည်းဆိုးတဲ့လူငယ်လေး လုရှီးရှောင်ဆီကို တမင်ချဉ်းကပ်ခဲ့ပါတော့တယ်။ အဲလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လုရှီးရှောင်ကတစ်ဆင့် အဘွားရဲ့ခွဲစိတ်မှုအတွက် လိုအပ်တဲ့ငွေကြေးကို ရယူဖို့ပါပဲ။

ဒါပေမဲ့ ကျောင်းပြီးသွားတဲ့နွေရာသီကာလအတွင်းမှာတော့ ကျိုးဝမ်နဲ့လုရှီးရှောင်တို့ဟာ မရေရာမှုတွေ၊ ရင်ထဲကအတားအဆီးတွေကို အတူတူဖြတ်သန်းရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက် ဘဝရဲ့အခက်အခဲနဲ့အလှည့်အပြောင်းတွေကိုပါ အပြန်အလှန်ကူညီကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခါးသီးလှတဲ့လူ့လောကရဲ့လက်တွေ့အရှိတရားတွေက ပျိုမျစ်ဆွတ်ပျံ့နေတဲ့အချစ်ခရီးလမ်းလေးကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့တဲ့အပြင် ကြီးမားတဲ့အထင်လွဲမှားမှုတွေကြောင့် သူတို့နှစ်ယောက်ဟာ ဝေးကွာသွားခဲ့ရပါတော့တယ်။

(၁၀) နှစ်ကြာပြီးနောက်မှာတော့ အလုပ်ခွင်ထဲမှာ နှစ်ဦးသား မထင်မှတ်ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အတိတ်ကနာကျင်မှုတွေကို ရင်ထဲက ထုတ်မပစ်နိုင်သေးတဲ့လုရှီးရှောင်ဟာ ကျိုးဝမ်ကို အလုပ်ခွင်ထဲမှာအနားမရအောင် အမျိုးမျိုး နှိပ်စက်ခဲ့ပေမဲ့ တကယ်တော့ ကျိုးဝမ်အပေါ်ထားတဲ့ သူ့အချစ်တွေက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူးဆိုတာကို ပြန်လည်သတိပြုမိလာခဲ့ပါတယ်။ အတိတ်က မေ့လျော့နေခဲ့ကြတဲ့ စက်ရုံမတော်တဆမှုတစ်ခုရဲ့နောက်ကွယ်ကအမှန်တရားကို နှစ်ယောက်သား အတူတူပူးပေါင်းဖော်ထုတ်ရင်းနဲ့ပဲ နှလုံးသားနှစ်ခုဟာ တစ်ကျော့ပြန်ဆွဲငင်ခြင်းခံရပြီး ပြန်လည်နီးစပ်သွားခဲ့ကြပါတော့တယ်။

ဒီဇာတ်လမ်းက အသည်းကွဲပြီးမှ ပြန်ဆုံတဲ့အမျိုးအစားဖြစ်တဲ့အပြင် ပရိသတ်တွေကို အစပိုင်းမှာ ငိုအောင်လုပ်ပြီးမှ အချိုပြန်ကျွေးမယ့် Melodrama ကောင်းလေးတစ်ခုဖြစ်သလို မြင်ရခဲတဲ့ဇာတ်အိမ်မျိုးလေးမို့ ကြည့်ရှုသူအပေါင်းလည်း နွေအလယ်မှာ လွမ်းနာကျသလို ခံစားရမှာ အသေအချာပါပဲနော်။

#NeverEndingSummer
Class Of Lies (2019) Mmsub

ဇာတ်လမ်းအကျဥ်း
စုံထောက်မှုခင်းကားများကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်တာကတော့ OCN လိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ Class Of Lies ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။

အထက်တန်းကျောင်းတစ်ကျောင်းမှာဖြစ်ပွားခဲ့တဲ့လူသတ်မှုအကြောင်းပဲဖြစ်ပါတယ် ထိုကျောင်းမှာပြစ်မှုတွေအများကြီးဖြစ်ပွားခဲ့ပေမယ့်ထိုအမှုတွေအတွက်အပြစ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူးတဲ့နော်။ဘာကြောင့်လဲဆိုတော့
ကျောင်းသားတွေကအရွယ်မရောက်သေးလို့ပဲဖြစ်ပါတယ်။

Gi Moo Hyukဟာအောင်မြင်မှုအမြင့်ဆုံးရှေ့နေတစ်ယောက်ပါကိစ္စတစ်ခုကြောင့်သူရဲ့ဂုဏ်သိက္ခာတွေဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့ Moohyukအထက်တန်းကျောင်းတစ်ခုရဲ့ယာယီခန့်ထားခြင်းခံရတဲ့ကျောင်းဆရာတစ်ယောက်ဖြစ်လာပါခဲ့ပါတယ်။

သူဟာအခြေခံအားဖြင့်ပိုက်ဆံကိုသာဂရုစိုက်ပြီးအခုလိုကျောင်းဆရာအဖြစ်လုပ်တာကလည်းသူရဲ့ရှေ့နေဆိုတဲ့ဂုဏ်သက္ခာကိုပြန်အဖတ်ဆယ်ဖို့အတွက်ပါသူ့ကိုယ်ကျိုးအတွက်သာထိုအထက်တန်းကျောင်းကိုသွားလိုက်တဲ့အခါမှာတော့ရာဇ၀တ်မှုဖြစ်ပွားမှုနဲ့စတင်ကြုံတွေ့ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့Moo Hyukဟာထိုရာဇ၀တ်မှုတွေဖြစ်ပွားနေတဲ့ကျောင်းရဲ့နောက်ကွယ်ကအမှန်တရားကျောင်းသားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။

Crd
The WONDERfools (2026)

ရှေ့နေမလေး ဝူယောင်းဝူလို့ လူသိများတဲ့ ပြည့်သူ့အချစ်တော်လေး မင်းသမီး Park Eun Bin နဲ့
ပျိုမေတို့ရဲ့ နှင်းဆီခိုင် Cha Eun Woo တို့အပြင် မင်းသမီးကြီး Kim Hae Sook၊ မင်းသား Choi Dae Hoon၊
Im Sung Jae၊ Son Hyun Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေး ထွက်ရှိလာပါပြီ ပရိသတ်ကြီးတို့ရေ….

ဇာတ်လမ်းအကျဉ်းအနေနဲ့…

၁၉၉၉ ခုနှစ်ကာလ ကိုးရီးယားနိုင်ငံ ဟယ်ဆောင်းမြို့အတွင်းမှာ “နေကမ္ဘာပျက်မယ်” ဆိုတဲ့သတင်းစကားဟာ
လူထုအကြားမှာ ပြန့်နှံ့လာပြီး ကြောက်ရွံ့မှုတွေလည်း တိုးလာခဲ့ပါတယ်။

တစ်နေ့မှာ ဟယ်ဆောင်းမြို့သူလေး အွန်းချယ်နီနဲ့အတူ သူမနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဆွန်းဂယောင်းအွန်နဲ့
ဂန်ရိုဘင်းတို့ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ပါဝင်ပတ်သက်မိရာမှ သဘာဝလွန်စွမ်းအားတွေ ရရှိသွားကြပါတယ်။

အဲဒီအချိန်မှာပဲ မြို့အနှံ့မှာ မသင်္ကာစရာ ထူးဆန်းတဲ့ အခြေအနေတွေ များပြားပြီး လူပျောက်ဆုံးမှုတွေ
ဆက်တိုက်ဖြစ်လာသလို တစ်ဖက်မှာလည်း ဆိုးလ်ကနေ ဟယ်ဆောင်းမြို့ကို ပြောင်းရွေ့လာတဲ့ အစိုးရဝန်ထမ်း
အီအွန်ဂျောင်ဟာလည်း ဒီထူးဆန်းတဲ့အမှုထဲ ပါဝင်ပတ်သက်လာခဲ့ပြီး ဒီပဟေဠိဆန်တဲ့အဖြစ်အပျက်ကြီးရဲ့
လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း နက်ရှိုင်းလာတဲ့အခါ...

ဟယ်ဆောင်းမြို့လေး အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာ အမှတ်မထင် စွမ်းအားတွေရသွားခဲ့ကြတဲ့ ဒီသူရဲကောင်းအဖွဲ့လေးဟာ
ပြင်ပအန္တရာယ်တွေအပြင် ကိုယ့်ရဲ့ အားနည်းချက်တွေကိုပါ ရင်ဆိုင်ရင်း မြို့ကို ကယ်တင်ဖို့ ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ်
mystery, fantasy နဲ့ comedy တို့ ပေါင်းစပ်ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူပရိသတ်တွေအနေနဲ့ မပျင်းမရိဘဲ
စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
Zombies [2018]

Review 📃

ဒါကတော့ Disney Channel က ထွက်ရှိခဲ့တဲ့ နာမည်ကြီး Musical Fantasy ရုပ်ရှင်ဖြစ်ပါတယ်။ သာမန်ဖုတ်ကောင်ကားတွေလို ကြောက်စရာမကောင်းဘဲ သီချင်းတွေ၊ အကတွေနဲ့ တက်ကြွလန်းဆန်းတဲ့ ဆယ်ကျော်သက်ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။


ဇာတ်လမ်းအကျဉ်း

လွန်ခဲ့တဲ့ နှစ် ၅၀ က ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် Seabrook မြို့ဝက်လောက်ဟာ ဇွန်ဘီ (Zombies) တွေ ဖြစ်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဇွန်ဘီတွေဟာ လူသားတွေကို အန္တရာယ်မပြုအောင် ထိန်းချုပ်နိုင်တဲ့ Z-Band လက်ပတ်တွေကို ဝတ်ဆင်ထားကြရပါတယ်။ ဇာတ်လမ်းကတော့ ဇွန်ဘီကျောင်းသားတွေဟာ လူသားကျောင်းသားတွေရှိတဲ့ High School ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရတဲ့အခါမှာ စတင်ပါတယ်။ ဇွန်ဘီကောင်လေး Zed နဲ့ လူသား Cheerleader ကောင်မလေး Addison တို့ ဆုံတွေ့မိပြီး သူတို့ကြားက ကွဲပြားခြားနားမှုတွေကို ကျော်လွှားကာ ချစ်သူတွေ၊ သူငယ်ချင်းတွေ ဖြစ်အောင် ကြိုးစားပုံကို ရိုက်ကူးထားတာပါ။
Zombies 2 [2020]

Review 📃

ပထမကားရဲ့ အောင်မြင်မှုအပြီးမှာ Disney Channel ကနေ ထွက်ရှိလာတဲ့ ဒီနောက်ဆက်တွဲဇာတ်ကားဟာ ပိုမိုဆန်းသစ်တဲ့ ဇာတ်ကောင်အသစ်တွေနဲ့ သီချင်းအသစ်တွေကို သယ်ဆောင်လာပါတယ်။ ဒီတစ်ခါမှာတော့ ဇွန်ဘီတွေတင်မကဘဲ ဝံပုလွေလူသား (Werewolves) တွေပါ ပါဝင်လာပါတယ်။


ဇာတ်လမ်းအကျဉ်း

Seabrook High School မှာ လူသားတွေနဲ့ ဇွန်ဘီတွေ သဟဇာတဖြစ်အောင် နေထိုင်လာကြပြီးနောက်မှာတော့ မြို့အပြင်ဘက်က တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ ဝံပုလွေလူသားအုပ်စု ရောက်ရှိလာပါတယ်။ သူတို့ဟာ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ လျှို့ဝှက်ကျောက်တုံး (Moonstone) ကို ပြန်လည်ရှာဖွေဖို့ ကြိုးစားကြရင်း ကျောင်းကို ရောက်လာတာပါ။ Zed ကတော့ Addison နဲ့အတူ ကျောင်းကပွဲ (Prom) မှာ ပျော်ရွှင်ချင်ပေမဲ့ ဝံပုလွေတွေ ရောက်လာတဲ့အခါမှာတော့ မြို့ထဲမှာ ပဋိပက္ခသစ်တွေ ထပ်မံဖြစ်ပွားလာပါတယ်။ Addison ကိုယ်တိုင်ကလည်း သူမရဲ့ ဆံပင်ဖြူဖြူလေးတွေရဲ့ လျှို့ဝှက်ချက်က ဝံပုလွေတွေနဲ့ ဆက်စပ်နေသလားဆိုတာကို ရှာဖွေရင်း ဇာတ်လမ်းက ပိုမိုစိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။
Zombies 3 [2022]

Review 📃

ဒါကတော့ Seabrook မြို့လေးရဲ့ Zombies Trilogy ကို အဆုံးသတ်ပေးလိုက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇွန်ဘီတွေ၊ ဝံပုလွေတွေအပြင် ဒီတစ်ခါမှာတော့ အာကာသထဲက ဂြိုဟ်သား (Aliens) တွေပါ ရောက်ရှိလာလို့ ဇာတ်လမ်းက ပိုပြီး စိတ်ကူးယဉ်ဆန်လာပါတယ်။


ဇာတ်လမ်းအကျဉ်း

Seabrook မြို့လေးဟာ လူသား၊ ဇွန်ဘီနဲ့ ဝံပုလွေတွေအားလုံး သဟဇာတဖြစ်အောင် နေထိုင်နေကြပြီဖြစ်တဲ့ အေးချမ်းတဲ့ အချိန်ကာလတစ်ခုပါ။ Zed ကတော့ ဇွန်ဘီတွေထဲက ပထမဆုံးအကြိမ် ကောလိပ်တက်ခွင့်ရဖို့ ကြိုးစားနေသလို၊ Addison ကလည်း ကျောင်းရဲ့ Cheerleading ပြိုင်ပွဲကြီးအတွက် ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို အဆင့်မြင့်နည်းပညာတွေပိုင်ဆိုင်တဲ့ ဂြိုဟ်သားတွေ မြို့ထဲကို ဆင်းသက်လာတဲ့အခါမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ သူတို့ဟာ Seabrook မှာ ရှိနေတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေဖို့ ရောက်လာတာဖြစ်ပြီး၊ အဲဒီလျှို့ဝှက်ချက်က Addison ရဲ့ မျိုးရိုးနောက်ခံနဲ့ ဘယ်လိုပတ်သက်နေသလဲဆိုတာကို ရင်ခုန်စရာ မြင်တွေ့ရမှာပါ။
Zombies 4 [2025]

Review 📃

Disney ရဲ့ အောင်မြင်ကျော်ကြားတဲ့ Musical စီးရီးဟာ ၂၀၂၅ ခုနှစ်မှာတော့ Zombies 4 အဖြစ်နဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာပါတယ်။ ဒီတစ်ခါမှာတော့ ဇွန်ဘီ၊ ဝံပုလွေနဲ့ ဂြိုဟ်သားတွေတင်မကဘဲ အသစ်စက်စက် သွေးစုပ်ဖုတ်ကောင် (Vampires) မျိုးနွယ်စုတွေ ပါဝင်လာတာကြောင့် ဇာတ်လမ်းက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။


Seabrook မြို့လေးရဲ့ အေးချမ်းတဲ့ နေ့ရက်တွေထဲကို ထူးဆန်းတဲ့ သွေးစုပ်ဖုတ်ကောင် အုပ်စုတစ်စု ရုတ်တရက် ရောက်ရှိလာပါတယ်။ သူတို့ဟာ လူသားတွေ၊ ဇွန်ဘီတွေနဲ့ ရောနှောနေထိုင်ဖို့ ကြိုးစားကြပေမဲ့ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းအားတွေနဲ့ လျှို့ဝှက်ချက်တွေကြောင့် မြို့ထဲမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ Zed နဲ့ Addison တို့ဟာ အရင်ကားတွေလိုပဲ မြို့သားတွေအားလုံး စည်းလုံးညီညွတ်ဖို့ ကြိုးစားကြရသလို၊ သွေးစုပ်ဖုတ်ကောင်တွေထဲက Rayna နဲ့ Vargas တို့လို ဇာတ်ကောင်အသစ်တွေနဲ့လည်း မိတ်ဆွေဖြစ်အောင် ကြိုးစားပုံကို ရိုက်ကူးထားတာပါ။
The Legend of Rosy Clouds (2026)
ဇာတ်လမ်းအညွှန်း >>>

ဒဏ္ဍာရီလာကိုးမြို့တော်ကြီးထဲမှာ အရှိန်အဝါညှိုးမှိန်သွားခဲ့တဲ့ မှူးမတ်မျိုးနွယ်စုဝင် အမျိုးသမီးလေးဖန့်ယွင်ဟာ လည်လည်ဝယ်ဝယ်ရှိပြီး ရည်မှန်းချက်ကြီးမားလှတဲ့ မြို့စားမင်းချီကျန်းနဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက်မယုံကြည်နိုင်ဘဲ သံသယမျက်လုံးတွေနဲ့စတင်ခဲ့ကြပေမဲ့ မာယာတွေ၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့သစ္စာဖောက်ဖျက်မှုတွေ ပြည့်နှက်နေတဲ့အာဏာလုပွဲကြီးထဲကို ဖြတ်သန်းရင်းနဲ့ သူတို့နှစ်ယောက်ဟာ မဟာမိတ်တွေအဖြစ် လက်တွဲဖြစ်သွားခဲ့ကြပါတော့တယ်။

သူတို့နှစ်ယောက်ဟာ ကိုယ့်ယုံကြည်ချက်တွေကိုစိန်ခေါ်လာမဲ့ ဘေးအန္တရာယ်မှန်သမျှကိုရင်ဆိုင်ရင်းနဲ့ အခက်အခဲတွေကြားထဲကနေ စစ်မှန်တဲ့ယုံကြည်မှု၊ ကူညီဖေးမတတ်မှုတွေနဲ့ တစ်ဦးအပေါ် တစ်ဦးထားရှိတဲ့အချစ်စစ်ကိုပါ ရှာဖွေတွေ့ရှိသွားကြပါတယ်။

မဟာမိတ်ကနေ ချစ်သူဖြစ်သွားတဲ့ဇာတ်အိမ်အပြင် အချစ်ရေးထက် တိုင်းပြည်အရေးကို လက်တွဲဖြေရှင်းရင်း တဖြည်းဖြည်းသံယောဇဉ်ဖြစ်သွားကြမဲ့ Slow-burn Romance မို့လို့ ဇာတ်အိမ်က တော်တော်လေးကိုလေးနက်မှာပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကြဲတွေမို့ ဒီကားလေးကိုလည်း လုံးဝလက်မလွှတ်သင့်ပါနော်။

#TheLegendOfRosyClouds
Avengers Social Club (2017)
ပန်းသုံးပွင့်ရဲ့ရွေရောင်ကလဲ့စား

Episodes 1 to 12 End

စကီ လေး တွေအကြိုက် ရိုမန့် တစ် ဆန် ဆန် အချစ် ဇာတ် လမ်း တွေနဲ့ ရိုးအီ နေပြီလား? ဒီတစ်ခါတင်ဆက် ပေးမှာကတော့ မမတိုအကြိုက် အိမ်ထောင်ရေးဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် အဓိက သရုပ်ဆောင်တွေကတော့ ကင်ဂျောင်ဟဲ အဖြစ် Lee Yo Won ဟုန်ဒိုဟီး အဖြစ် Ra Mi Ran လီမီဆု အဖြစ် Myung Se Bin တို့ပဲဖြစ်ပါတယ်
ဇာတ်လမ်းသေဆုံးသွားပြီးတည် ဂျောင်ဟဲလို ခေါ်တဲ့ သူဌေး ချွေးမတစ် ယောက်ကဇနီး ကောင်းပီသဖို အမြဲကြိုးစားခဲ့ ပေမဲ့လည်း ယောက်ျားရဲ့ အချိန် အတော်ကြာအောင် သစ္စာဖောက်ခံခဲ့ရတာကို သိပြီး ယောက်ျားဖြစ် သူကို လက်စားချေချင် စိတ်ပြင်းပြခဲ့ပါတယ်
ဟုန်ဒိုဟီး ဆိုတဲ့ အမျိုးသမီးက တော့ ယောက်ျားဖြစ် သူ သေဆုံးသွားပြီးတည်းက သားနဲ့သမီးကို ရိုးရိုးသားသားရှာဖွေကျွေးမွေး နေရသူပါ လီမိ ဆုက တော့တက္ကသိုလ်မှာ ပါမောက္ခဖြစ် တဲ့ ယောက်ျားဖြစ် သူရဲ့ ညှဉ်းပန်းနှိပ် စက် တဲ့ဒဏ် ကို အချိန် တော် ကြာ သည်းခံခဲ့ရပါတယ်

ဘဝရဲ့ အချိုးအ ကွေ့မှာ လီမိဆုက ကင်ဂျောင်ဟဲ , ဟုန်ဒိုဟီးတိုနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ကိုယ်ပိုင်ဘဝကို အစပျိုးဖို ဆုံးဖြတ် ချက်ချခဲ့ပါတယ် ကင်ဂျောင်ဟဲ , လီမီဆု နဲ့ ဟုန်ဒိုဟီးတို့ တွေ့ဆုံကြပြီးနောက် သူတိုရဲ့နာကြည်းချက်တွေကို ကလဲ့စား ချေနိုင် ဖို့အုပ်စုဖွဲ့ဖြစ်ခဲ့ကြပါတယ်
အဲ့ဒီ့ နောက် မှာ ဘယ် လို ကလဲ့စား ချေ ကြမလဲ? ဘယ် လိုအလွဲ လေး တွေ တွေ့ရမလဲ? သိချင် ရင် တော့ "ပန်းသုံးပွင့်ရဲ့ရွေရောင်ကလဲ့စား" ကိုးရီးယားဇာတ် လမ်းတွဲမှာစောင့်မျှော် အားပေးနိုင်ပါတယ်
Snow drop (2021)


မထွက်ခင်တည်းက ပိုးဆိုးပက်စက် ဟော့နေတဲ့ စီးရီး ၊ အခက်အခဲ အတိုက်အခိုက်တွေ များနေတဲ့ စီးရီး ၊ ခုတော့ ထွက်ရှိလာပြီ။ ခေါင်းဆောင်မင်းသမီးနေရာကနေ အဓိကပါဝင်သရုပ်ဆောင်သွားမှာကတော့ BLACKPINK အဖွဲဝင် JISOO ဖြစ်ပြီး သူမရဲ့ဇာတ်ကောင်အမည်ကတော့
Eun Young-ro ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung Hae-in ကတော့ Im Soo-ho ဆိုတဲ့ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီစီးရီး ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိအာဏာရှင်အစိုးရကို တရားမျှတမှုရှိစေရန် ရည်ရွယ်ချက်ဖြင့် လူထုဆန္ဒပြလှုပ်ရှားမှုကာလဖြစ်တဲ့ ၁၉၈၇ ခုနှစ်ကို ဇာတ်အိမ်တည်ထားပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေမှုအချိန်ကာလကို အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူထုဆန္ဒပြပွဲတွေရဲ့ ရလဒ်အနေနဲ့ ၁၉၈၇ ခုနှစ် ဒီဇင်ဘာလမှာ ဒီမိုကရေစီနည်းလမ်းကျကျရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာတော့  တောင်ကိုရီးယားနိုင်ငံမှာ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပြီး ဆဋ္ဌမမြောက် ကိုရီးယားသမ္မတနိုင်ငံတော်ကို  ဒီမိုကရေစီလမ်းစဥ်အတိုင်းတည်ထောင်နိုင်ခဲ့ပါတယ်။

Eun Young-ro ဟာ အင်္ဂလိပ်စာမေဂျာကကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ဘွဲရကျောင်းသားတစ်ဦးဖြစ်တဲ့ Im Soo-ho ဟာ ဒီမိုကရေစီကို လိုလားတဲ့ဆန္ဒပြပွဲတစ်ခုမှာ ပါဝင်ခဲ့ပြီးနောက်မှာ Young-ro နေထိုင်ရာ အဆောင်ဆီကို သွေးအလိမ်းလိမ်းနဲ့ ရောက်ရှိလာတာကို Young-ro တစ်ယောက် မြင်တွေ့လိုက်ရပါတော့တယ်။အဲ့တာနဲ့ပဲ ဒဏ်ရာအပြင်းအထန်ရလာတဲ့ Soo-ho ကို ဘေး အန္တရာယ်တွင်းမှ လွတ်မြောက်ဖိုရာအတွက် သူမရဲ့ အမျိုးသမီးတက္ကသိုလ် အဆောင်ခန်းမှာ ဝှက်ထားပေးဖိုအကြောင်းဖန်လာပါတော့တယ်။ဒီလိုနဲ့ပဲ
စီးခြားထားတဲ့လူနှစ်ယောက်အကြား နီးစပ်ဖိုလမ်းစလေးဟာလည်း မသိမသာလေးဝင်ရောက်လာခဲ့ပြီး ဇာတ်လမ်းလေးကလည်း ပိုမိုအသက်ဝင်လာခဲ့ပါတော့တယ်။

နောက်ဆက်တွဲအနေနဲ့ သူတိုနှစ်ဦးရဲ့ ဆန်းကြယ်တဲ့ကံကြမ္မာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။နိုင်ငံရေးအုံကြွမှုကို နောက်ခံထားပြီး ဆန္ဒပြပွဲတစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်တာနဲ့အညီ လူသိခံလိုမဖြစ်တဲ့ လျှိဝှက်ချက်တွေများစွာရှိနေတဲ့ Soo-ho နဲ့ အဲ့လိုလူကိုမှ မြင်မြင်ချင်းချစ်ကြိုက်မိသွားတဲ့ Young-ro တိုနှစ်ယောက်ကြားမှာ ဘယ်လိုစိတ်၀င်စားဖွယ် Romantic ဆန်ဆန်ဆက်ဆံရေး‌တွေဖြစ်လာမလဲဆိုတာကတော့ အဖြေရှိရာ ဇာတ်လမ်းလေးထဲမှာပဲ အဖြေရှာကြည့်မှရပါတော့မယ်။
Forwarded from Channel M ( Movie Channel ) Mmsub
ဇာတ်လမ်းအညွှန်း
=============
Kathy မှာ အရမ်းချစ်စရာကောင်းပြီး သိတတ်တဲ့ မက်ဂျစ်လို့ခေါ်တဲ့
ခွေးလေးတစ်ကောင် ရှိပါတယ်။ သူမရဲ့ အမေရိကန်မှာရှိတဲ့
မိဘတွေဆီ အလည်သွားနေတုန်း ရည်းစားဖြစ်သူ အားကျယ်ဆီ အပ်ခဲ့ပါတယ်။
ဒါပေမဲ့ အားကျယ်က မက်ဂျစ်ကို ကြည့်မရသူ ဖြစ်တဲ့အတွက်
သေချာဂရုမစိုက်ပဲ ဖြစ်သလိုထားခဲ့ပါတယ်။ဒါနဲ့ မက်ဂျစ်ဟာ အိမ်က ထွက်ခဲ့ပြီး ဘုရားကျောင်းတစ်ခုကို ဖြတ်သွားချိန်
ဖယောင်းတိုင်မီးကြောင့် လောင်ကျွမ်းနေတဲ့
အပျော်နတ်ဘုရားရုပ်တုကို ကယ်ခဲ့ပါတယ်။ အပျော်နတ်ဘုရားကလည်း
ကိုယ်ထင်ပြပြီး မက်ဂျစ်ရဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ပါတယ်။မက်ဂျစ်က လူဖြစ်ချင်တယ်လို့ ဆုတောင်းတော့ အပျော်နတ်ဘုရားက
၄၉ ရက်တာ လူဖြစ်ခွင့်ပေးခဲ့ပါတယ်။ ခွေးလေး မက်ဂျစ်ကနေ
လူယောကျာ်းမက်ဂျစ် ဖြစ်သွားပြီးနောက် ဘယ်လိုအလွှဲလေးတွေ ဖြစ်မလဲ……
သူ့သခင် Kathy နဲ့တွေ့ရတဲ့အခါ သူ့ကို မှတ်မိလိမ့်မလား…
Kathy နဲ့ အားကျယ်ကြားမှာ မက်ဂျစ်တစ်ကောင်
ဘယ်လိုဝင်ရှုပ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ရယ်မောလိုက်ရအောင်နော်။
Why Her? (2022)

ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Rom-Com Queen Seo Hyun-Jin နဲ့ True Beauty အပြီးမှာ Sound of Magic နဲ့ ကြည့်ရှုသူတွေကိုဖမ်းစားခဲ့ပြီး ယခုတဖန် ပရိတ်သတ်ရှေ့ရောက်လာမယ့် Hwang In-Yeop တိုရဲ့ ဒရာမာသစ် Why Her? ကို ကြည့်ရှုဖိုအချိန် ရောက်ရှိလိုလာပါပြီ။

Oh Soo-Jae (Seo Hyun-Jin) ဟာ တောင်ကိုရီးယားရဲ့အကောင်းဆုံး ဥပဒေရုံးဖြစ်တဲ့ TK ဥပဒေရုံးရဲ့အသက်အငယ်ဆုံးနဲ့ အထက်မြက်ဆုံးရှေ့နေတစ်ဦးပါ။ Soo-Jae ဟာ အမှုတိုင်းကို နိုင်လိုစိတ်ပြင်းထန်ပြီး သူ့ရဲ့ကိုယ်ပိုင်စည်းမျဥ်းတွေနဲ့ နေတတ်သူပါ။ ဘဝမှာ အောင်မြင်မှုနောက်ကိုပဲလိုက်ဖို ကြိုးစားနေခဲ့ရမှ မထင်မှတ်ထားတဲ့အမှုတစ်ခုမှာ ပါဝင်ပတ်သက်မိပြီး ဥပဒေကျောင်းတစ်ခုမှာ အချိန်ပိုင်းပါမောက္ခအဖြစ် လုပ်ကိုင်ဖို ပြောင်းရွေ့ပေးခြင်းခံခဲ့ရပါတယ်။

အဆိုပါကျောင်းမှာ Oh Soo-Jae ဟာ Gong Chan (Hwang In-Yeop) နဲ့ တွေ့ဆုံခဲ့ပါတယ်။ Gong Chan ကတော့ နာကျင်စရာ၊ ရင်နင့်စရာအတိတ်တွေရှိခဲ့ပေမယ့် အရင်လိုပဲ နွေးထွေးတဲ့စိတ်ထားကို ပိုင်ဆိုင်ထားဆဲလူငယ်လေးပါ။ ဒီလူငယ်လေးဟာ အချိန်ပိုင်းပါမောက္ခကိုမှ ချစ်မြတ်နိုးမိပြီး ချစ်ရသူအတွက် ဘာမဆိုလုပ်ပေးနိုင်တဲ့လူငယ်လေးလည်း ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့နာကျင်စရာအတိတ်က ဘာများဖြစ်နေမလဲ။ ချစ်ရသူကိုရော ကာကွယ်နိုင်မှာလား။

Choi Tae-Kook (Heo Jun-Ho) ကတော့ TK ဥပဒေရုံးရဲ့ ဥက္ကဋ္ဌဖြစ်ပြီး တရားမျှတမှု၊ ကိုယ်ကျင့်တရားဆိုတာတွေကို ဂရုမစိုက်ဘဲ သူ့အလိုလောဘကိုသာ ကြည့်တတ်တဲ့သူပါ။

ဒီကာရိုက်တာတွေကြားက ဆက်နွှယ်မှုက ဘာများဖြစ်နေမလဲ။ အတိတ်က မတရားမှုတွေကို ဖြေရှင်းနိုင်ပါ့မလား။ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေက အကုန်ယုံကြည်ရတဲ့သူတွေပဲမို ဒီလရဲ့ကားသစ်တွေထဲမှာ လုံးဝလက်လွှတ်မခံသင့်တဲ့ကားကောင်းလေးဖြစ်တာကြောင့် အားပေးကြပါဦးနော်။

ďťż
ဇာတ်လမ်းအညွှန်း
=======================
ဟောမွန်းဟိုဟာ တက္ကသိုလ်တစ်ခုရဲ့ ကိုရီးယားစာပေဌာနက ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေါသကြီးသူ၊ ပြတ်သားလွန်းသူအဖြစ် နာမည်ကြီးပါတယ်။ သူဟာ စာရေးဆရာတစ်ဦးအဖြစ် အောင်မြင်ချင်တဲ့ ပြင်းပြတဲ့ဆန္ဒ ရှိခဲ့ဖူးပေမဲ့ ဘယ်တုန်းကမှ သူ့ရဲ့အိမ်မက်ကို မကောင်ထည်ဖော်နိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ သူဟာ စာရေးဆရာတစ်ယောက်အနေနဲ့ ခံစားခဲ့ရတဲ့ သိမ်ငယ်စိတ် တွေကို ရင်ထဲမှာပဲ ဖုံးကွယ်ထားရသူပါ။
တစ်နေ့မှာတော့ သူ့ရဲ့စာပေအတန်းထဲက ကျောင်းသားတစ်ယောက်ဖြစ်တဲ့ အီဂန်ရဲ့ စာရေးသားမှုစွမ်းရည်ကို မြင်ပြီး သူ လုံးဝအံ့အားသင့်သွားခဲ့ရပါတယ်။ အီဂန်ဟာ အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်ပြီး ဟောမွန်းဟိုရဲ့ စာပေအတန်းမှာ နောက်ဆုံးတန်းကနေပဲ အမြဲထိုင်လေ့ရှိသူပါ။
အီဂန်ရဲ့ ပါရမီကို ဟောမွန်းဟိုတစ်ယောက် အသိအမှတ်ပြုမိသွားပြီးတဲ့နောက်မှာတော့ အီဂန်ဟာ ပါမောက္ခဟောဆီကနေ လျှို့ဝှက်စာပေသင်ခန်းစာတွေကို စတင်သင်ယူပါတော့တယ်။ အချိန်တွေကြာလာတာနဲ့အမျှ... ဆရာဖြစ်သူဟာ အီဂန်ရဲ့ စာပေအရေးအသားတွေအပေါ်မှာ တဖြည်းဖြည်းစွဲလမ်းလာတဲ့အခါမှာတော့…
Sniper Butterfly (2025) Mmsub


အခု မိတ်ဆက်ပေမဲ့ဇာတ်ကားလေးကတော့ သိမ်းငှက်သူရဲကောင်း (The Romance of the Condor Heroes - 2014) မှာ ရှောင်လုံနွီ (ဂူးဂူး) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Michelle Chen ရဲ့ Romance ကားပါ။


ကိုယ့်မှာ ငယ်ငယ်လေးကတည်းက တစ်ဖက်သတ်နှစ်သက်ခဲ့ရတဲ့သူရှိခဲ့ဖူးလား ရှိတယ်ဆိုရင်တော့ SoulKingdom ကဒီတစ်ခေါက်ပြသပေးမဲ့ဇာတ်ကားလေးကိုကြည့်လိုက်တော့နော် 👉👈

"ဇာတ်လမ်းအညွှန်း"

"ဇာတ်လမ်းဇာတ်အိမ်လေးကတော့ Cen Jin ဆိုတဲ့ကောင်မလေးရဲ့ဘဝက ရုတ်တရက်အောက်ကိုထိုးကျခဲ့တဲ့အချိန်မှာတော့ သူ တစ်ချိန်ကရွာလေးတစ်ရွာမှာကူညီထောက်ပံ့ပေးဖူးတဲ့ Li Wu က သူ့ဆီအကူအညီပေးဖို့ ပေါ်ပေါက်လာခဲ့တယ်...  Li Wu ဆိုတဲ့ကျောင်းသားလေးဟာ မြို့ပေါ်မှာ သူ့ပညာရေးအတွက်ထောက်ပံ့ပေးမဲ့သူမရှိတာကြောင့် မကြာခင်မှာပဲ ကျောင်းထွက်ရတော့မဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါတယ်... ဒါပေမဲ့လည်း သူ့ရဲ့ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်တဲ့စိတ်ဓာတ်က Cen Jin ကိုလှုံ့ဆော်ပေးခဲ့ပြီး ကျောင်းထွက်ရတော့မဲ့ Li Wu ကို ပညာရေးအတွက် မြို့ကိုခေါ်ဆောင်လာပေးခဲ့ပါတယ်"

"ခြောက်နှစ်အကြာ ယခုအခါမှာတော့ Li Wu ဟာအောင်မြင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် အလုပ်မှာ Cen Jin နဲ့ပြန်လည်တွေ့ဆုံခဲ့ပါတယ်"

"Li Wu ဟာ အတိတ်အကြောင်းကိုလုံးဝထုတ်မပြောခဲ့ပေမဲ့ Cen Jin အပေါ်မှာတော့ နက်နက်ရှိုင်းရှိုင်း ချစ်နေမိခဲ့ပါတယ်"

"ဒါပေမဲ့လည်း ဘဝအချိုးအကွေ့များစွာကြောင့် ဘယ်သူ့ကိုမှမယုံကြည်တော့တဲ့ Cen Jin တစ်ယောက် Lin Wu ရဲ့ခံစားချက်တွေကိုရော ယုံကြည်လက်ခံပေးနိုင်ပါဦးမလား ...

SoulKingdom ကနေတင်ဆက်ပြသပေးနေပြီဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ကြပါပြီရှင့် 🫶
Road to success (2026Ongoing)

ဇာတ်လမ်းအကျဉ်း 📝

ပါရဂူဘွဲ့တက်နေတဲ့ ပါးနပ်ထက်မြက်တဲ့ အမျိုးသမီးလေး Lin Wanxing ဟာ အကြောင်းအရင်းအချို့ကြောင့် မိမိရဲ့ ဇာတိမြေကို ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့ပြီး Hongjing အမှတ် (၈) အထက်တန်းကျောင်း မှာ သာမန်အားကစားပစ္စည်း ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် ခြေချဝင်ရောက် လုပ်ကိုင်ပါတော့တယ်

တစ်ဖက်မှာလည်း UK ရဲ့ နာမည်ကြီး ဘောလုံးကလပ် နည်းပြအလုပ်ကို စွန့်လွှတ်ပြီး မြို့ကလေးဆီ ပြန်လာခဲ့တဲ့ Wang Fa ဟာ Lin Wanxing ရဲ့ အိမ်မှာ လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတဲ့ အိမ်ငှားတစ်ဦး ဖြစ်လာခဲ့ပါတယ်

မမျှော်လင့်ဘဲ Lin Wanxing ဟာ ကျောင်းကနေ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ကျောင်းသားဘောလုံးအသင်းကို ပြန်လည်ဦးဆောင်ပြီး လိဂ်ပြိုင်ပွဲဝင်ဖို့ တာဝန်ပေးခြင်း ခံလိုက်ရပါတယ်

ကနဦးပွဲစဉ်တွေမှာတော့ ထင်ထားတဲ့အတိုင်းပဲ သူတို့အသင်းဟာ သွေးအေးအကွက်ချ ချေမှုန်းခြင်းခံရပြီး အလဲလဲအပြိုပြို ရှုံးနိမ့်ခဲ့ရပေမဲ့ ကံကောင်းချင်တော့ အတွေ့အကြုံရင့်ကျက်တဲ့ နည်းပြ Wang Fa ရဲ့ ကန့်လန့်ကာနောက်ကွယ်က လျှို့ဝှက်လမ်းညွှန်မှုတွေကြောင့် သူတို့အသင်းလေးဟာ ဒဏ်ရာဒဏ်ချက်တွေကြားကနေ ပထမဆုံးနိုင်ပွဲကို ခက်ခက်ခဲခဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်

အဲဒီနောက်မှာတော့ Lin Wanxing ဟာ Wang Fa ကို အသင်းရဲ့ တရားဝင်နည်းပြအဖြစ် တာဝန်ယူဖို့ နည်းလမ်းမျိုးစုံနဲ့ ဖျောင်းဖျခဲ့သလို လူစုကွဲနေတဲ့ ကစားသမားတွေကို ပြန်စုစည်းပြီး အသင်းတွင်းက သံသယတံတိုင်းတွေ ပဋိပက္ခတွေကို ရဲရဲဝံ့ဝံ့ ဖြိုခွဲဖျက်ဆီးပစ်ခဲ့ပါတယ်

အရာအားလုံး လမ်းမှန်ပေါ်ရောက်ခါနီးအချိန်မှာပဲ သူတို့နှစ်ဦးရဲ့ ရင်ထဲက အတိတ်က နာကျင်စရာ ဒဏ်ရာဟောင်းတွေဟာ တရွေ့ရွေ့ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး အစပိုင်းမှာ နှစ်ယောက်စလုံး ရှောင်လွှဲဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ အပြန်အလှန် နားလည်ခွင့်လွှတ်နိုင်ခဲ့ကြပါတယ်
ကျောင်းသားလေးတွေရဲ့ ဗိုလ်လုပွဲနဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီးကလည်း တဖြည်းဖြည်း နီးကပ်လို့လာခဲ့ပါပြီ

Lin Wanxing နဲ့ Wang Fa တို့နှစ်ဦး လက်တွဲပြီး ကလေးတွေကို ဘောလုံးအပေါ်ထားတဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေ ပြန်လည်အမြစ်တွယ်လာအောင် ဘယ်လိုမြေတောင်မြှောက်ပေးမလဲ

သူတို့တွေ အခက်အခဲ ဝင်္ကပါတွေကို ကျော်ဖြတ်ပြီး အိမ်မက်တွေဆီကို ဘယ်လို သွေးချင်းချင်းနီအောင် အောင်မြင်စွာ တက်လှမ်းသွားမလဲဆိုတာကတော့.....

SoulKingdom မှာ ကြည့်လို့ရနေပြီနော် ➰

Native Title : 灿如繁星
English Title : Road to Success
Starring : Esther Yu, Chen Jingke
Episodes : 32
Airs : 5 July 2026
Genre : Youth / Romance / Sports / Drama / Life
Original Network : iQIYI / Tencent Video

#SoulKingdom
#Review
#灿如繁星
#RoadtoSuccess
#klSnn
Love In Sync (2026 Ongoing)
ချာအွန်ဟွမ်ဟာ လူနာတွေရဲ့ စိတ်ဒဏ်ရာတွေကို ထူးခြားတဲ့နည်းလမ်းနဲ့ ကုစားပေးနိုင်လို့ အလွန်အောင်မြင်နေတဲ့ စိတ်ပညာနှစ်သိမ့်ဆွေးနွေးရေး ပါရဂူတစ်ဦးပါ။ ဒါပေမဲ့ သူတစ်ပါးရဲ့ စိတ်ခံစားမှုကို အာရုံခံနိုင်စွမ်း အလွန်ပြင်းထန်လွန်းတဲ့ သူ့ရဲ့ ထူးခြားချက်ကြောင့်ပဲ မျှော်လင့်မထားတဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးတဲ့နောက် နေ့စဉ်ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ ညီမျှခြေတွေ လုံးဝ ပြိုလဲပြီး မျှော်လင့်ချက်မဲ့တဲ့ အမှောင်ထုထဲ ကျဆင်းသွားခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့ အတိတ်နဲ့ ဆက်နွှယ်နေတဲ့ အမျိုးသမီးလေး ယူဂျီအန်းကံကြမ္မာလို ပေါ်ပေါက်လာခဲ့ပါတယ်။ ဂျီအန်းဟာ တစ်ချိန်က "Nation’s Idol" လို့ တစ်နိုင်ငံလုံးက ဝိုင်းချစ်ခဲ့ကြတဲ့ စတားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ မင်းသမီးအဖြစ် ကူးပြောင်းထားသူပါ။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူရဲ့ အရိပ်အောက်မှာ စိတ်ခံစားချက်မှန်သမျှကို ဖိနှိပ်ချုပ်တည်းဖို့ပဲ သင်ယူခဲ့ရလို့ သူမဟာ သူတစ်ပါးကို ကိုယ်ချင်းစာနာစိတ်လုံးဝ သေဆုံးနေခဲ့ပြီး ဒါကြောင့်ပဲ သရုပ်ဆောင်တဲ့အခါ ကျောက်ရုပ်လို အသက်မပါဘူးဆိုပြီး ဘဝရဲ့ အဆိုးဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။

ဘဝချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ဆုံတွေ့မိပြီး "ခံစားချက်ချင်း ကူးစက်ခြင်း" ဆိုတဲ့ ထူးဆန်းတဲ့ ဖြစ်စဉ်ကြီး စတင်လာတဲ့အခါဂျီအန်းဟာ ပျောက်ဆုံးနေတဲ့ လူသားဆန်တဲ့ စိတ်ခံစားမှုတွေကို ပြန်လည်ရှာဖွေတွေ့ရှိလာသလို၊ အွန်ဟွမ်ရဲ့ အမှောင်ဖုံးနေတဲ့ ကမ္ဘာလေးကိုလည်း နွေးထွေးတဲ့ အလင်းရောင်တွေ ပြန်လည် ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတော့တယ်။