Channel M (Reviews Channel)
137 subscribers
4 photos
Admin Acc - @Myint_MH @Tg_Thoon
Main Channel 🖇🔗👇🏻
https://t.me/Myint_MH7
Download Telegram
The Legend of Kitchen Soldier (2026 Ongoing )
The King's Warden ရုပ်ရှင်နဲ့ အားလုံးကို မျက်ရည်ဖြိုင်ဖြိုင်မိုးစေခဲ့တဲ့ ဒန်ဂျုံးဘုရင်လေး
Park Ji-Hoon ကတော့ အခုတစ်ခေါက်မှာ စစ်သားကာရိုက်တာလေးနဲ့အတူ Comeback လာပြီ ဖြစ်ပါတယ်။

နာမည်ကြီး Web Novel ကို အခြေခံရိုက်ကူးထားပြီး My Daughter is a Zombie ထဲက မင်းသားကြီး Yoon Kyung-Ho ,
Gyeongseong Creature Season 2 ထဲက မင်းသမီး Han Dong-Hee ,
Dr. Romantic 3 ထဲက မင်းသား Lee Hong-Nae တို့အပြင် Bloodhounds ထဲက မင်းသား Lee Sang-Yi ကလည်း
အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။

- ဇာတ်လမ်းအကျဉ်း -

စစ်သင်တန်းကျောင်းမှာ အတော်ဆုံး သင်တန်းသား ဖြစ်ခဲ့ပေမဲ့ တပ်ထဲမှာတော့
အထူးစောင့်ကြည့်ခံတပ်သားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂန်ဆောင်းဂျယ်(Park Ji-Hoon) ဟာ
ဂန်လင်း တပ်စခန်းဆီ ပြောင်းရွှေ့ချထားခံရပြီးနောက်မှာ စားဖိုမှူးတပ်သားအဖြစ် တာဝန်ပေးအပ်ခံလိုက်ရပါတယ်။

အဲဒီအချိန်မှာပဲ သူ့မျက်စိရှေ့မှာ ဂိမ်းကာရိုက်တာလိုလို အချက်အပြုတ်ဇယားတွေကို ထူးဆန်းစွာ စမြင်လာရပြီး

အဆိုပါ အချက်အပြုတ်ဇယားတွေရဲ့ လမ်းညွှန်ချက်အတိုင်း မစ်ရှင်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ရင်း
ဆောင်းဂျယ်ရဲ့ ဟင်းချက်လက်ရာကလည်း တစ်ဆင့်ထက်တစ်ဆင့် Level ပိုမြင့်လာတဲ့အခါမှာတော့...

ဆောင်းဂျယ်တစ်ယောက် သေနတ်အစား ယောက်ချိုကို ကိုင်စွဲပြီး ရိုးအီနေတဲ့ တပ်ထမင်းဟင်း မီနူးတွေကို
ထူးခြားဆန်းပြားတဲ့ ဟင်းလျာတွေအဖြစ် ဘယ်လိုမျိုး လက်စွမ်းပြ ပြောင်းလဲပေးသွားမလဲဆိုတာကို
အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်အားပေးကြစို့နော်။


Episodes: 12
Aired: May 11, 2026 - Jun 16, 2026
Aired On: Monday, Tuesday
Original Network: TVING, tvN
Duration: 55 min
Genres: Food, Military, Comedy, Fantasy
Subtitle: Myanmar Subtitle (Hardsub)
I Hear Your Voice (2013) Mmsub
ဘတ်ဆူဟျော့ဟာ သားဖြစ်သူနဲ့အတူ အိမ်ပြန်လာတဲ့လမ်းမှာ သူတို့မောင်းနေတဲ့ကားကို ထရပ်ကားကြီးတစ်စီးက ဝင်တိုက်ပြီးလုပ်ကြံတာကို ခံရတယ်
ဒါပေမယ့် ဘတ်ဆူဟျော့ရော သားဖြစ်သူ ဘတ်ဆူဟာပါ အသက်ရှင်နေသေးတဲ့အတွက် လူသတ်သမားက ကားပေါ်ကနေ ဘတ်ဆူဟျော့ကိုအပြင်ကို ဆွဲချပြီး သတ်ပစ်ခဲ့တယ်
အသက် ၉ နှစ်အရွယ် ဘတ်ဆူဟာက ဒီဖြစ်ရပ်တွေကို အစအဆုံးမြင်နေရတဲ့အပြင် လူသတ်သမားရဲ့ စိတ်ထဲက တွေးနေတဲ့အတွေးကိုပါ ကြားနေရတယ်
လူသတ်သမားကလည်း အစအဆုံးမြင်သွားပြီးတဲ့ ဘတ်ဆူဟာကိုပါ သတ်ဖို့ကြိုးစားတော့တယ်
အဲဒီအချိန်မှာ ကျောင်းသူနှစ်ယောက်ဖြစ်တဲ့ ဂျန်ဟယ်ဆောင်းနဲ့ ဆောဒိုယွန်းက ဒီဖြစ်ရပ်ကို မြင်သွားကြလို့ ဘတ်ဆူဟာအသက်ရှင်ခဲ့တယ်
အဲဒီနောက် တရားခွင်မှာ ဂျန်ဟယ်ဆောင်းက လူသတ်မှုရဲ့ သက်သေအဖြစ် ထွက်ဆိုချက်ပေးခဲ့လို့ လူသတ်သမားက ဂျန်ဟယ်ဆောင်းကိုအငြိုးထားခဲ့တယ်

၁၀ နှစ်ကြာပြီးတဲ့နောက်မှာတော့ ဟယ်ဆောင်းတစ်ယောက်ရှေ့နေဖြစ်လာခဲ့တယ်
ဂျန်ဟယ်ဆောင်းက ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပေမယ့် တရားခွင်မှာ သေချာရှေ့နေမလိုက်ပေးတဲ့အတွက် တစ်လကို လစာဝမ် ၈ သိန်းအောက်ပဲရပြီး မိခင်ဖြစ်သူဆီကနေ အမြဲတမ်း ထောက်ပံ့မှု ပြန်ယူနေခဲ့ရတယ်
တစ်ရက်မှာတော့ ပြည်သူ့ရှေ့နေတစ်ယောက်ဖြစ်ဖို့ အင်တာဗျူးဝင်ဖြေခဲ့ပြီးကံကောင်းစွာနဲ့ အလုပ်ရသွားခဲ့တယ်
ပြည်သူ့ရှေ့နေအဖြစ် ပထမဆုံးတရားခွင် စတဲ့နေ့မှာပဲ သူမကိုလိုက်ရှာနေတဲ့ ဘတ်ဆူဟာနဲ့ ပြန်တွေ့ခဲ့ပြီး သူမကို အငြိုးထားနေတဲ့ လူသတ်သမားမင်ဂျွန်ဂုလည်း ထောင်က ပြန်လွတ်လာခဲ့ပါတယ်

သူတို့ကို အငြိုးထားနေတဲ့ မင်ဂျွန်ဂုက ဘယ်လိုမျိုးလက်တုံ့ပြန်ဖို့ ကြိုးစားမလဲ
ဘတ်ဆူဟာကရော ဟယ်ဆောင်းကိုကာကွယ်ပေးနိုင်မလား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါ
The Heir (2026 Ongoing ) Mmsub
======ဇာတ်လမ်းအကျဉ်း======

မင်မင်းဆက်အလယ်ပိုင်းကာလ ဟွေးကျိုးနယ်ရဲ့ နှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့တဲ့ မင်လုပ်ငန်းလောကဟာ နန်းတွင်းကိုဆက်သရမဲ့ "ပဏ္ဏာတော်ဆက် မင်တုံးအမှု"ကြောင့် ရုတ်ချည်းပျက်စီးသွားခဲ့ရပါတယ်။ နှစ်ပေါင်းရာချီ သမိုင်းကြောင်းရှိပြီး မင်လောကရဲ့ ထိပ်သီးဖြစ်ခဲ့တဲ့ လီမိသားစုဟာ ဂုဏ်အသရေကျဆင်းကာ ကျရှုံးသွားခဲ့ရသလို၊ လီမိသားစုရဲ့ အဋ္ဌမမြောက် မျိုးနွယ်ခွဲဆိုရင် မိသားစုဝင်အဖြစ်ကနေပါ အပယ်ခံ ဖြစ်ခဲ့ရပါတယ်။ လီမိသားစု အထိနာနေချိန်မှာတော့ လော့မိသားစုရဲ့ မင်လုပ်ငန်းက တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ လော့မိသားစုဟာ ပြိုင်ဘက်ကင်းအောင် ကြီးကျယ်ခမ်းနားခဲ့ပေမဲ့လည်း အဆုံးသတ်မှာတော့ နန်းတွင်းအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်မိပြီး ပျက်သုဉ်းခြင်းဆီ ဆိုက်ရောက်သွားပါတော့တယ်။အချိန်တွေကုန်လွန်ပြီးနောက်... အပယ်ခံအဋ္ဌမမျိုးနွယ်စုရဲ့ အငယ်ဆုံးသမီးဖြစ်သူ လီကျန်းက မိသားစုစားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မင်ဖော်စပ်တဲ့ လမ်းကြောင်းပေါ်ကို သတ္တိရှိရှိ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ 'မိသားစု အမွေဆိုတာ သားတွေကိုပဲ ပေးရမယ်'ဆိုတဲ့ အမျိုးသမီးတွေကို ကန့်သတ်ထားတဲ့ ရှေးရိုးစွဲဘောင်တွေကို သူမလက်နဲ့ ကိုယ်တိုင်ချိုးဖျက်ခဲ့ပါတယ်။ သူမဘဝတစ်ခုလုံးကို မင်ဖော်စပ်ခြင်းပညာရပ်ထဲမှာပဲ မြှုပ်နှံထားရင်း အရင်က စီးပွားပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ လော့မိသားစုက ဒုတိယသားဖြစ်သူ လော့ဝမ်ချန်းနဲ့ ပူးပေါင်းမိပြီး မိဘတွေရဲ့ ရိုးရာလုပ်ငန်းအမွေကို ဘယ်လိုကာကွယ်ပြီး တိုးတက်အောင်လုပ်သွားမလဲ။
လီကျန်းနဲ့ လော့ဝမ်ချန်းရဲ့ကြားထဲက စိတ်ခံစားချက်တွေကရော တဖြည်းဖြည်းချင်း ဘယ်လိုအဆင့်တက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။မင်မင်းဆက်ကာလကို နောက်ခံထားပြီး လူသုံးနည်းလာတဲ့ မင်ဖော်စပ်ခြင်း အနုပညာကို စီးပွားရေးအားပြိုင်မှုနဲ့ ပေါင်းစပ်တင်ပြထားပြီး အမျိုးသမီးတစ်ဦးရဲ့ ကြိုးပမ်းအားထုတ်မှု၊ မိသားစုဂုဏ်သိက္ခာကို ဆယ်ယူမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းမှုတွေကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမဲ့ဇာတ်လမ်းတွဲလေးကို မကြာခင် GC Chineses ကနေ တင်ဆက်ပေးသွားတော့မှာပဲ ဖြစ်ပါတယ်။
Review Crd
Buried Hearts (2025)

ဇာတ်လမ်းအကျဉ်း
--------------

Seo Dong Juဟာ Daesan လုပ်ငန်းစုမှ ဥက္ကဌအတွင်းရေးမှူးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ...

Daesan ရဲ့အကျိုးအမြတ်အတွက်သာဆို သေဆိုသေ ရှင်ဆိုရှင် သစ္စာစောင့်သိတတ်သူအဖြစ် နာမည်ကြီးပေမဲ့လည်း

တစ်ဖက်မှာတော့ ပြင်းထန်တဲ့ရည်ရွယ်ချက်နဲ့ အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ဖုံးကွယ်ရင်း အချိန်ကျတဲ့အခါ Daesanကို

ဝါးမျိုပစ်ဖို့အတွက် ပုန်းလျှိုးကွယ်လျှိုးစောင့်ဆိုင်းနေသူလည်းဖြစ်ပါတယ်...Yeom Jang Seon (Huh Joon Ho) ကတော့

ဥပဒေတက္ကသိုလ်ပါမောက္ခဖြစ်ပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့  ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပါတယ်...

တောင်ကိုရီးယားရဲ့ နိုင်ငံရေးလောကမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံးလူဖြစ်ပြီး လူတကာကို ရုပ်သေးရုပ်လို ခြယ်လှယ်ထိန်းချုပ်နိုင်လောက်တဲ့အထိ

ငွေကြေးဩဇာအပြည့်နဲ့ အင်အားကြီးလှပါတယ်ဆိုတဲ့လူတစ်ယောက်ဆိုလည်း မမှားပါဘူး...တစ်ရက်မှာတော့ လူတစ်ယောက်ကို သတ်လိုက်ရာက

ဘာမှန်းမသိလိုက်ဘဲ နိုင်ငံရေးရန်ပုံငွေထဲကနေ ဝမ် ၂ ထရီလီယံကို hack ခံရပြီး ဆုံးရှုံလိုက်ရတဲ့အခါ...

အသတ်ခံရတဲ့သူနဲ့ ဒီကိစ္စတွေဟာ ဘယ်လိုပတ်သက်နေမလဲ...

ငွေတွေကို Hack သွားတဲ့လူကရော ဘယ်သူဖြစ်မလဲ...

Seo Dong Ju ကရော ဘယ်လိုအကြောင်းကြောင့် လက်စားချေဖို့ ကြိုးစားနေတာလဲ...

အင်အားကြီးမားတဲ့လူနဲ့ ရည်မှန်းချက်ပြင်းထန်သူတို့ကြား နောက်ဆုံးမှာ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာကို

နိုင်ငံရေးလှည့်ကွက်တွေ လက်စားချေမှုတွေ အကွက်ချစီစဉ်မှုတွေ စသဖြင့် လျှို့ဝှက်နက်နဲမှုတွေနဲ့

ဦးနှောက်ကို အလုပ်ပေးရင်း အတူနစ်မြောကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်...
Extraordinary Attorney Woo (2022) Mmsub


Extraordinary Attorney Woo (2022) Mmsub
ဇာတ်လမ်းအညွှန်း
===========
Woo Young Woo က IQ 164တောင်ရှိပြီး ငယ်စဥ်ကတည်းစာတော်ခဲ့တဲ့အပြင်
ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ စီးပွားရေး နဲ့ ရှေ့နေဘွဲ့နှစ်ဘွဲ့တောင်ရခဲ့တဲ့ ရှေ့နေမလေးပါ။
ဉာဏ်ကောင်းချက်ကတော့ ငယ်စဥ်ကဖတ်မှတ်ခဲ့ရတာတွေကို အကုန်မှတ်မိတဲ့အပြင်
ဥပဒေရေးရာအသုံးအနှုန်းတွေကို သည်၊ ၏ မလွဲ မှတ်နိုင်တဲ့အထိပါပဲ။
ဒီလိုချစ်စရာကောင်းပြီးထက်မြက်တဲ့ရှေ့နေမလေးက ဘာလို့များ “ထူးခြားတဲ့ရှေ့နေ ဝူ” ဖြစ်နေရတာပါလဲ။

မွေးရာပါ Asperger’s Syndrome ရောဂါသည်လေးမို့ ဉာဏ်ရည်မှာသူများတွေထက်အများကြီးသာလွန်ပေမယ့်
သာမန်လူတွေအလွယ်လေးလုပ်နိုင်သမျှကို Yong Woo ခမျာ မလုပ်နိုင်ရှာပါဘူး။
ခံစားချက်ကိုဖော်ပြဖို့ခက်ခဲသလို သူငယ်ချင်းမိတ်ဆွေရယ်လို့လည်း များများစားစားမရှိပါဘူး။
လူတွေကြားထဲမှာနေရတာ သူ့အတွက်ခက်ခဲပြီး များသောအားဖြင့်တစ်ယောက်တည်းအနေများတဲ့
Woo Young Woo ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က လူအများနဲ့ဆက်ဆံရပြီး
တစ်ဖက်လူရဲ့လျှောက်လဲချက်တွေကို အချေအတင်ပြန်ချေပရတဲ့ ရှေ့နေအလုပ်ဖြစ်နေတဲ့အခါ ..

အပတ်စဥ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ Woo Young Woo လေးကိုချစ်ပေးကြပါဦး။

အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ JimX, Laii, Milkeux, Joyz တို့ပဲ ဖြစ်ကြပါတယ်။
Dazzling (2026 Ongoing) Mmsub

ဇာတ်လမ်းအကျဉ်း ~
ချင်ယယ်ဟာ မိသားစုအရေးကိစ္စကြောင့် မြို့ပြကနေ ဝေးလံခေါင်ဖျားတဲ့မြို့ငယ်လေးတစ်မြို့ဆီကို ပြန်လာခဲ့ရပါတယ် အဲဒီအချိန်ကစပြီး သူဟာ ပျင်းရိငြီးငွေ့စရာကောင်းပြီး အသက်မဲ့နေတဲ့ ကျားကျားထင်ဆိုတဲ့မြို့လေးကို အလင်းပေးမဲ့ မီးအိမ်ရှင်ဖြစ်လာသလို သူ့ဘဝတစ်ကွေ့မှာ ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်

ရှင်ဝူအတွက်တော့ သူ့ဘဝအချိုးအကွေ့က ဖုန်မှုန့်တွေ လွင့်ပျံနေတဲ့ မနက်ခင်းတစ်ခုမှာ စတင်ခဲ့ပါတယ် အဲဒီမနက်ခင်းမှာ သူဟာ ဒီလောကကြီးနဲ့မသက်ဆိုင်သလို ထူးခြားလွန်းတဲ့ကောင်မလေးချင်ယယ်နဲ့ ဆုံတွေ့ခဲ့ပါတယ် သူတို့နှစ်ယောက်ဟာ ခန်းဆီးပါးပါးလေးတစ်ခုသာ ခြားထားတဲ့ အခန်းလေးထဲမှာ အတူတူနေထိုင်ခဲ့ကြပေမဲ့ ကမ္ဘာနှစ်ခုမှာ ရှင်သန်နေကြသလိုပါပဲ တစ်ဖက်မှာ သူက ဗီဒီယိုဂိမ်းထဲမှာ အာရုံနစ်ဝင်နေချိန်မှာ နောက်တစ်ဖက်မှာတော့ ချင်ယယ်က စာတွေကို ကြိုးစားပမ်းစား လေ့လာနေခဲ့ပါတယ်

ချင်ယယ် ဒီနေရာကို စရောက်ခါစက ဘယ်သူ့အတွက်နဲ့မှ အခြေချနေထိုင်မှာမဟုတ်ဘူး တစ်နေ့မှာ ဒီမြို့လေးကနေ မဖြစ်မနေ ထွက်ခွာသွားမယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားခဲ့တာပါ ဒါပေမဲ့ ရှင်ဝူနဲ့ ရင်းနှီးလာပြီးနောက်မှာတော့ သူ့စိတ်ကူးတွေ ပြောင်းလဲသွားခဲ့ပါတယ် ချင်ဝူက "ငါ သူ့ကို မတူညီတဲ့ လမ်းကြောင်းသစ်တစ်ခုပေါ် ရောက်အောင် ဆွဲတင်ပေးမယ်" ဆိုတဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ချက်နဲ့အတူ ရှင်ဝူနဲ့ တခြားသော သူငယ်ချင်းတွေကိုပါ ဘဝရည်မှန်းချက်တွေ ရှာဖွေတွေ့ရှိအောင် ကူညီပေးခဲ့ပါတယ်။

အထက်တန်းကျောင်းသားဘဝရဲ့ ခက်ခဲလှတဲ့ အချိန်တွေကို အတူတူကျော်ဖြတ်ပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တက္ကသိုလ်ဘွဲ့ရတဲ့အထိ ကိုယ်စီလမ်းကြောင်းပေါ်မှာ ကြိုးစားခဲ့ကြပါတယ်။ နှစ်အတော်ကြာပြီးနောက်မှာ ကျားကျားထင်ဆိုတဲ့မြို့လေးမှာပဲ ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့... သူတို့နှစ်ယောက်ဟာ ငယ်ဘဝအိပ်မက်တွေကို ကိုယ်စီအကောင်အထည်ဖော်နိုင်ခဲ့ကြသလို၊ အချိန်က သက်သေတည်ပေးခဲ့တဲ့ သူတို့ရဲ့ လှပတဲ့အချစ်ဇာတ်လမ်းလေးကိုပါ ပိုင်ဆိုင်ခွင့်ရရှိသွားခဲ့ပါတော့တယ်။

​မြို့ပြမိန်းကလေးနဲ့ နယ်မြို့လေးက လူငယ်လေးတွေရဲ့ နှစ်ဖက်အကျိုးပြု ဘဝတိုးတက်ပြောင်းလဲမှုကို မြင်တွေ့ရမယ့် ဒီ Dazzling ဆိုတဲ့ ဇာတ်လမ်းလေးကို GC Chinese Team ကနေ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်

Reviewed by Xiao Lan
Translated by GC Chinese Team
Encoded by Feng
Title: Dazzling
Native Title: 耀眼
Also Known As: Wen Rou De Ri Zi , Yao Yan , 温柔的日子 , 溫柔的日子
Type: Drama
Format: Standard Series
Country: China
Episodes: 30
Airs: 2026 - ?
Original Network: Hunan TV, Mango TV

#ရွှန်းလက်ရောင်ခြည်ချစ်ဒိုင်ယာရီ
#耀眼
#Dazzling
Countdown (2019)
Mobile ခေတ် ဖြစ်လာတာနဲ့ အမျှလူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ်နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်…တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာသောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က ” Countdown” ပါထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကိုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်…ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူအရင်သေမလဲ ပြိုင်ကြပါတော့တယ်…အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိနေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်းကောင်မလေး တစ်ယောက်ကတော့၃ နာရီ အတွင်း သေမယ်လို့ App ကသတိပေးလာပါတယ်…အားလုံး အတော်လေး ရယ်လိုက်ရပါတယ်အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ်တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP ကချိန်းခြောက်ခံထားရတဲ့ကောင်မလေးပါပဲ…တကယ်တမ်း ၃နာရီအတွင်းသေမလားရှင်မလားဆိုတာကိုတော့ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြစို့
#credit
My Royal Nemesis (2026 Ongoing) Mmsub

ဇာတ်လမ်းအကျဥ်း
==============
ဂျိုဆွန်းခေတ်က ဉာဏ်ရည်ထက်မြက်တဲ့အပြင် ကောက်ကျစ်စဥ်းလဲပြီး ရည်မှန်းချက်ကြီးတဲ့ “ဂန်ဒန်ရှင်း” ဆိုတဲ့ တော်ဝင်ကိုယ်လုပ်တော်ရဲ့အကြောင်းနဲ့ အစပြုထားပါတယ်။

“ဂန်ဒန်ရှင်း” က နာမည်ဆိုးနဲ့ကျော်ကြားပြီး အကြင်နာတရားမရှိ ရက်စက်တတ်တဲ့သူဖြစ်တဲ့အလျောက် နောက်ဆုံးမှာ အဆိပ်သောက်သေဖို့အတွက် သေဒဏ်ပါချမှတ်ခံလိုက်ရတဲ့သူပေါ့။

ဒီလိုနဲ့သေဒဏ်ချမှတ်ခံလိုက်ရလို့ သေဆုံးသွားတဲ့ “ဂန်ဒန်ရှင်း” ရဲ့ကံကြမ္မာက ဒီမှာတင်အဆုံးမသတ်သွားသေးဘဲ မျက်မှောက်ခေတ် ၂၁ ရာစုနှစ်ရဲ့ မအောင်မြင်မကျော်ကြား ဇာတ်ဝင်ခန်းသေးသေးလေးတွေမှာပဲ​သရုပ်ဆောင်ခွင့်ရတဲ့ သရုပ်ဆောင်မင်းသမီး “ရှင်းဆောရီ” ရဲ့ခန္ဓာကိုယ်ထဲကို “ဂန်ဒန်ရှင်း” ရဲ့ဝိညာဥ်ဝင်ရောက်လာတဲ့အခါ .. ။

ဆိုးသွမ်းတဲ့ ကိုယ်လုပ်တော်ဝိညာဥ်ဝင်ပူးခံထားရတဲ့ ရုပ်ရှင်မင်းသမီး “ရှင်းဆောရီ” တစ်ယောက် ..
အေးစက်တဲ့အကျင့်စရိုက်နဲ့ အာဏာကြီးသူဌေးမျိုးရိုးရဲ့အမွေဆက်ခံသူ “ချာဆယ်ဂယ်” နဲ့တွေ့ဆုံရာကနေ love-hate relationship တစ်ခု စတင်လာတဲ့အခါမှာတော့ ..

ဘယ်လို အလွဲအချော်တွေနဲ့ ရယ်စရာ၊ အသည်းယားစရာတွေ ဖြစ်လာမလဲ ..

ဂျိုဆွန်းခေတ်ရဲ့ ဆိုးသွမ်းတဲ့တော်ဝင်ကိုယ်လုပ်တော် နဲ့ မျက်မှောက်ခေတ်ရဲ့ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ မမ Lim Ji Yeon ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ
မင်းသားချော Heo Nam Jun ကိုလည်း ခေါင်းဆောင်မင်းသားအနေနဲ့တွဲဖက်မြင်တွေ့ရမှာဖြစ်လို့
အပတ်စဥ် သောကြာ နဲ့ စနေနေ့တိုင်းမှာရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။


Episodes:  14
Aired:  May 8, 2026 - Jun 20, 2026
Aired On: Friday, Saturday
Original Network:  SBS
Genres: Comedy, Romance, Drama, Fantasy
𝗧𝗵𝗲 𝗖𝗵𝗼𝘀𝗲𝗻: 𝗙𝗼𝗿𝗯𝗶𝗱𝗱𝗲𝗻 𝗖𝗮𝘃𝗲 (𝟮𝟬𝟭𝟱) Mmsub

#Horror #Thriller

ပုံမှန်လူတွေ မမြင်နိုင်မကြားနိုင်တဲ့အရာတွေကို မြင်နေကြား မြင်နိုင်မှကြားနိုင်တဲ့အရာ နေရင် အဲဒီလူက စိတ်ပိုင်းဆိုင်ရာအရ
င်းနေတာ ဖြစ်ချင်ဖြစ် တစ်ခုခု ချို့ယွင်းနေတာဖြစ်ချင်ဖြစ် ဒါမှမဟုတ် သဘာဝလွန် ကိစ္စတွေနဲ့ ဆက်နွယ်နေမိတဲ့သူပေါ့။
ဒါကိုတချို့က “နတ်ဝင်သည်ရောဂါ” လို့လည်းခေါ်ကြပါသေး တယ်။
နတ်ဝင်သည်ရောဂါဆိုတာက ကိုယ်ကနတ်ဝင်သည်မျိုးရိုးဖြစ် နေရင် အချိန်တန်ရင် ဒီအလုပ်ကို
လုပ်ရမယ်ဆိုတာကို မမြင်အပ်တဲ့အရာတွေက လာလှုံ့ဆော် တာမျိုးပါ။
အဲဒီလိုကံကြမ္မာကို ကိုယ်ကလက်မခံဘူးဆိုရင် ကိုယ့်ဘေး ပတ်ဝန်းကျင်က လူတွေ ဒုက္ခရောက်တာမျိုး
ကိုယ့်မှာလည်း မကောင်းတဲ့ကိစ္စတွေ အမျိုးမျိုးဖြစ်လာတာ မျိုးပေါ့။
“ရှင်းဂျင်မြောင်း” က စိတ်ရောဂါ ပညာရှင်တစ်ဦးအနေနဲ့ရော
ပယောဂဆရာအနေနဲ့ပါ လူတွေကိုကယ်တင်ပေးနေတဲ့ သူပါ။တစ်နေ့မှာ “ရှင်းဂျင်မြောင်း” နဲ့
နတ်ဝင်သည်ရောဂါခံစားနေရတဲ့ “ဂင်ဂွန်း ဂျူ” တို့ ဆုံဖြစ်သွားပါတယ်။
“ဂင်ဂွန်းဂျူ” တွေ့ကြုံနေရတဲ့ အဖြစ်ဆိုးတွေ က နတ်ဝင်သည်လုပ်လိုက်ရုံနဲ့ ပြီးသွားမဲ့အရာတွေလို့
ထင်ထားပေမဲ့ အဲဒီလိုမဟုတ်ဘဲ မျိုးရိုးစဉ် ဆက် အမွေဆက်ခံနေရတဲ့ ကျိန်စာဆိုးကြီးတစ်ခုဖြစ်နေတဲ့ အခါမှာ
Never Twice (2019) Mmsub
အခုတစ်ခါမှာတော့ FOF ပရိသတ်ကြီးအတွက် ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် MBC မိသားစုဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

မင်းသားကတော့ ကိုရီးယား ပရိသတ်တွေနဲ့မစိမ်းတဲ့ moonlight drawn by clouds , radio romance တို့မှာပါဝင်ခဲ့တဲ့ မင်းသား Na hae joon (kwak-dong yeon) ဖြစ်ပြီးမင်းသမီးကတော့ school 2017 ,I'm not a robot ဇာတ်ကားတွေမှာ ပါဝင်တဲ့ Geum Bak ha (Park se wan) က
ဇာတ်ကားက ဒရာမဇာတ်လမ်းဖြစ်ပြီး မိသားစုကားလေးဖြစ်ပါတယ်။

Bak ha က ပူပူနွေးနွေးလက်ထပ်ထားတဲ့မိန်းကလေးတစ်ယောက်ပါ။ကံမကောင်းစွာနဲ့ ခင်ပွန်းကဆုံးပါးသွားပြီးတဲ့နောက် သူ့ဘဝကိုဘယ်လိုရပ်တည်မလဲ Hae joonကလည်း အရမ်းအောင်မြင်တဲ့ ဟိုတယ်တစ်ခုက မြေးပါ အဲ့ဒါအပြင် နောက်ထပ်ဇာတ်ဆောင်တွေက မင်းသမီးကြီး Bok mak rye(Youn yuh jung) လည်းပါဝင်ထားပါတယ်။

သူကတော့ တည်းခိုခန်းဖွင့်ထားပါတယ် သူ့ရဲ့တည်းခိုခန်းက ရက်ရှည်နေမယ့်သူတွေပဲနေလို့ရတာပါ။Bak ha က ခင်ပွန်းဆုံးပြီးနောက်တည်းခိုခန်းကို အမှတ်မထင်ရောက်တဲ့အခါ ချမ်းသာတဲ့ hae joonနဲ့ ဘယ်လို တွေ့ဆုံမလဲ ဆိုတာကတော့ စောင့်ကြည့်ပေးကြပါဦးနော်..

Crd
လျှို့ဝှက်ဆန်းကြယ် နန်ယန်းမြေဝယ် (南部档案)
Archives: The Nanyang Mystery

ဒီဇတ်ကားမှာတော့ ဝါရင့်မင်းသားချောတွေဖြစ်တဲ့ Zhang Xincheng နဲ့ Ding Yuxi တိုက စုံထောက်ညီအစ်ကို Double Lead (Bromance) အဖြစ် အဓိကတွဲဖက်သရုပ်ဆောင်ထားကြပြီး၊ မင်းသမီးချော Jiang Peiyao၊ ဝါရင့်မင်းသားကြီး Fu Dalong နဲ့ Liu Lingzi တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ပါးနပ်ထက်မြက်တည်ကြည်တဲ့ အေးဂျင့်ကျန်းဟိုင်ရှား/ကျန်းဟိုင်ရှာ(Ding Yuxi)နဲ့ ညဏ်ထက်ပေမဲ့ ပေါက်ကရလုပ်တတ်လွန်းသူ အေးဂျင့်ကျန်းဟိုင်လုန်/ကျန်းဟိုင်ယန်(Zhang Xincheng)တို့ရဲ့ သေတစ်ပန်သက်ဆုံးBrotherhoodက ကံကြမ္မာဆိုးကြားမှာ ဘယ်လိုရှင်သန်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း~

ဇာတ်ကြောင်းလေးကတော့ ၁၉ ရာစုအစောပိုင်း ၁၈၇၀ ပြည့်လွန်နှစ်တွေမှာ တရုတ်ပြည်ရဲ့ လူဦးရေထက်ဝက်နီးပါး သေကျေပျက်စီးခဲ့ရတဲ့ သမိုင်းဝင် "တင်းဝု ငတ်မွတ်ခေါင်းပါးမှုကပ်ဘေး"ကနေ မြစ်ဖျားခံထားပါတယ်။ အဲဒီလို ပြင်းထန်လှတဲ့ ဘဝလှိုင်းတံပိုးတွေကြားမှာ မိဘမဲ့အောက်ခြေလူတန်းစားဘဝကနေ ရုန်းကန်ခဲ့ရတဲ့ ကျန်းဟိုင်လုန်/ကျန်းဟိုင်ယန်နဲ့ ကျန်းဟိုင်ရှား/ကျန်းဟိုင်ရှာတို့ဟာ ကျန်းမိသားစုရဲ့ ကယ်တင်မှုကိုခံရပြီး ပင်လယ်ရပ်ခြားက ထူးဆန်းဆန်းပြားတဲ့ ဖြစ်ရပ်တွေကို စုံစမ်းမှတ်တမ်းတင်ရတဲ့ တောင်ပိုင်းမော်ကွန်းတိုက်ရဲ့ ထိပ်တန်းအေးဂျင့်တွေ ဖြစ်လာခဲ့ကြပါတယ်။

သူတို့နှစ်ဦးသား အိမ်ပြန်ချင်ကြတဲ့ရေတ‌စ္ဆေများဆိုတဲ့အမှုကို လိုက်လံစုံစမ်းနေရာကနေပြီးတော့ ဖန်ဟွားသန္တာကျောက်တန်းအမှုဆီကို ဦးတည်လို့လာခဲ့ပါတယ်။ ဒီအမှုကတော့ ၁၉၀၆ခုနှစ်မှာ တရုတ်နိုင်ငံရှမန်ကနေ မလေးရှားနိုင်ငံက မလက်ကာ(Malacca)ကို သွားတဲ့ ပင်လယ်ရေကြောင်းလမ်းမှာရှိတဲ့ ဖန်ဟွားသန္တာကျောက်တန်းအနီးမှာ ကုန်တင်သင်္ဘောတွေဟာ ရာသီဥတုကောင်းနေပါလျက်နဲ့ အစအနမကျန် ပျောက်ဆုံးကုန်ပြီး အလောင်းလည်းမကျန်၊ ဓားပြတောင်းငွေလည်း မရှိပါဘူး။ "ပင်လယ်ကြမ်းပြင်က သဲကန္တာရထဲမှာ သင်္ဘောတွေကို မျိုချတဲ့ နဂါးကြီးရှိတယ်" ဆိုတဲ့ ကောလာဟလကြောင့် တောင်ပိုင်းမော်ကွန်းတိုက်ပင်လယ်ရေကြောင်းရုံးကနေ သူတို့နှစ်ယောက်ကို အသေးစိတ်စုံစမ်းဖို့ အထူးတာဝန်ပေးလွှတ်လိုက်ပါတော့တယ်။

သူတို့နှစ်ဦးသား အမှုကိုနက်နက်နဲနဲ လိုက်လံစုံစမ်းကြည့်တဲ့အခါမှာတော့ ပျောက်ဆုံးသွားတဲ့ လူတွေအားလုံးဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင် မော့ယွင်ကောင်းနဲ့ သူ့လက်ပါးစေChen Xifengတို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးတော့ ရေအောက်ကိုနစ်မြုပ်သွားတဲ့ သင်္ဘောပျက်တွေထဲကနေ အဆိပ်အပြင်းဆုံး ကပ်ရောဂါပိုးဖြစ်တဲ့ ပလိပ်ရောဂါမျိုးစေ့ငါးမျိုးကို တူးဖော်ဖို့အတွက် အတင်းအဓမ္မခိုင်းစေခံရတဲ့ ကျွန်လုပ်သားတွေ ဖြစ်နေကြတာကို သိလိုက်ရပြီးတော့ ပိုပြီး ကြောက်စရာကောင်းတာက ရောဂါပိုးမပြန့်ပွားအောင် ကျွန်လုပ်သားကို အသုံးချပြီးတာနဲ့ နေလှန်းအခြောက်ခံ သတ်ပစ်ကြတာပါပဲ။

စစ်ဘုရင် မော့ယွင်‌ကောင်းက ဆည်းဆာမြက်ကိုသုံးပြီးတော့ ပလိပ်ရောဂါဖြန့်ဖို့ လုပ်နေတယ်လို့ သံသယရှိလာလို့ ထပ်မံစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရင်းနဲ့ ဒါဟာ တကယ်တမ်းမှာ ကျန်းမိသားစုဝင်တွေကို ပင်လယ်ပြင်မှာ လက်စ‌ဖျောက်ဖို့ထောင်ထားတဲ့ သေမင်းထောင်ချောက်တစ်ခုဖြစ်နေခဲ့မှန်း သိလိုက်ရပါတယ်။ ထောင်ချောက်ကနေ ဖောက်ထွက်ဖို ကြိုးစားရင်း ကျန်းဟိုင်ရှား တစ်ယောက် ကိုယ်တစ်ပိုင်းသေသွားခဲ့ရပေမဲ့လည်း သူ့ရဲ့အရင်းနှီးဆုံးညီအစ်ကို ကျန်းဟိုင်ယန်တစ်ယောက်ကို‌တော့ သဲလွန်စတွေအားလုံးက ညွှန်ပြနေတဲ့ နန်အန်းဆိုတဲ့ သင်္ဘောကြီးပေါ် ကို တင်ပေးလိုက်ပါတော့တယ်။ နန်အန်းသင်္ဘော ရှမန်ကိုဆိုက်လို့ ရှမန်မြေကို ကျန်းဟိုင်ယန်/ကျန်းဟိုင်လုန်တစ်ယောက် ခြေချလိုက်တဲ့အခိုက်အတန့်ကနေစပြီး သူတို့နှစ်ဦးသားရဲ့ စစ်မှန်တဲ့ ကံကြမ္မာဆိုးကြီးက အရှိန်အဟုန်နဲ့ စတင် လည်ပတ်ပါတော့တယ်။

ကျန်းဟိုင်ရှားရဲ့ အရင်းနှီးဆုံးသူငယ်ချင်းအတွက် စတေးခံပုံတွေ ကျန်းဟိုင်ယန်ရဲ့ တစ်ကိုယ်တော်လက်စားချေပုံတွေနဲ့ အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ ကျန်းမိသားစုရဲ့ သမိုင်းကြောင်းတွေ ကံကြမ္မာလှည့်ကွက်တွေကို ရသအစုံအလင်နဲ့ မြင်တွေ့ခံစားရမှာဖြစ်လို့ သမုဒ္ဒရာအလယ်က ကျန်းမိသားစုရဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ သင်္ဘောကြီးနန်အန်း‌ပေါ်မှာ လိုက်ပါစီးနင်းဖို့ အဆင်သင့်ပြင်ထားလိုက်ကြပါဦးနော်။

Reviewed by Luna
Encoded by Feng
Translated by GC Chinese Team
My Undead Yokai Girlfriend (2024) Mmsub

Episode (1To8) စ/ဆုံး

ငယ်ငယ်တုန်းကတည်းက လူကြောက်တတ်တဲ့ ဟာချီဆိုတဲ့ကောင်လေးဟာ
လူမှုဆက်ဆံရေးပိုင်းမှာ အားနည်းတဲ့အတွက်နဲ့ ကျောင်းမှာ အမြဲ အနိုင်ကျင့်ခံ
ဖြစ်နေရတဲ့သူတစ်ယောက်ပေါ့။

တစ်ရက်ကျတော့ သူတို့အတန်းထဲက ကိုအုကီ ရှိကာဇိုနိုဆိုတဲ့ ကောင်လေး ရုတ်တရက်
ပျောက်ဆုံးသွားပါတယ်။ ကိုအုကီ ရှိကာဇိုနိုဟာလည်း ကြောင်တောင်တောင်ပုံစံလေးပေမဲ့
သူဟာ မှော်ပညာကို စွဲလန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ကိုအုကီ ရှိကာဇိုနို မပျောက်ခင် နောက်ဆုံးတင်ခဲ့တဲ့ ဆိုရှယ်မီဒီယာက စတိုရီမှာ
အချစ်ဂါထာတစ်ခုကို ဟာချီနဲ့ သူ့သူငယ်ချင်း တာနူကီတို့ ရှာတွေ့ခဲ့ကြပြီး
ဟာချီတစ်ယောက် လိုက်လုပ်တဲ့အခါ နတ်ဆိုးမြေခွေးကို ချိတ်ပိတ်ထားရာကနေ
လွှတ်လိုက်သလိုဖြစ်ပြီးတော့ နတ်ဆိုးမြေခွေးဟာ ကမ္ဘာမြေကို ရောက်လာပါတော့တယ်။

အိဇီနဲ့ ဟာချီတို့ရဲ့ ချည်နှောင်မှုတွေကနေ ဘာတွေဆက်ဖြစ်မလဲ ........

အိဇီတစ်ယောက် ကမ္ဘာမြေပေါ်ရောက်လာပြီးနောက်မှာရော သူ့အတွက်
ဘာတာဝန်တွေရှိနေဦးမှာလဲ .....

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က လူသားမိသားစုနဲ့ဖြစ်ခဲ့ရတဲ့ ရန်ငြှိုးတွေအပေါ်
လက်စားချေလိုတဲ့ အိဇီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ ဆိုတာတွေကို
စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
Never-Ending Summer (2026 Ongoing) Mmsub
ဇာတ်လမ်းအညွှန်း >>>

စာတော်ပြီး စိတ်ဓာတ်ကြံ့ခိုင်လှတဲ့ကျောင်းသူလေး ကျိုးဝမ်ဟာ အသည်းအသန်ဖျားနာနေတဲ့အဘွားကို ကယ်တင်နိုင်မဲ့နည်းလမ်းကို အပူတပြင်းရှာဖွေနေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူဆီကနေတောင် အကူအညီမရခဲ့တဲ့နောက်မှာတော့ ကျိုးဝမ်ဟာ မိခင်ရဲ့လင်ပါသားဖြစ်သူ ဂျစ်လည်းဂျစ် ဆိုးလည်းဆိုးတဲ့လူငယ်လေး လုရှီးရှောင်ဆီကို တမင်ချဉ်းကပ်ခဲ့ပါတော့တယ်။ အဲလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လုရှီးရှောင်ကတစ်ဆင့် အဘွားရဲ့ခွဲစိတ်မှုအတွက် လိုအပ်တဲ့ငွေကြေးကို ရယူဖို့ပါပဲ။

ဒါပေမဲ့ ကျောင်းပြီးသွားတဲ့နွေရာသီကာလအတွင်းမှာတော့ ကျိုးဝမ်နဲ့လုရှီးရှောင်တို့ဟာ မရေရာမှုတွေ၊ ရင်ထဲကအတားအဆီးတွေကို အတူတူဖြတ်သန်းရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက် ဘဝရဲ့အခက်အခဲနဲ့အလှည့်အပြောင်းတွေကိုပါ အပြန်အလှန်ကူညီကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခါးသီးလှတဲ့လူ့လောကရဲ့လက်တွေ့အရှိတရားတွေက ပျိုမျစ်ဆွတ်ပျံ့နေတဲ့အချစ်ခရီးလမ်းလေးကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့တဲ့အပြင် ကြီးမားတဲ့အထင်လွဲမှားမှုတွေကြောင့် သူတို့နှစ်ယောက်ဟာ ဝေးကွာသွားခဲ့ရပါတော့တယ်။

(၁၀) နှစ်ကြာပြီးနောက်မှာတော့ အလုပ်ခွင်ထဲမှာ နှစ်ဦးသား မထင်မှတ်ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အတိတ်ကနာကျင်မှုတွေကို ရင်ထဲက ထုတ်မပစ်နိုင်သေးတဲ့လုရှီးရှောင်ဟာ ကျိုးဝမ်ကို အလုပ်ခွင်ထဲမှာအနားမရအောင် အမျိုးမျိုး နှိပ်စက်ခဲ့ပေမဲ့ တကယ်တော့ ကျိုးဝမ်အပေါ်ထားတဲ့ သူ့အချစ်တွေက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူးဆိုတာကို ပြန်လည်သတိပြုမိလာခဲ့ပါတယ်။ အတိတ်က မေ့လျော့နေခဲ့ကြတဲ့ စက်ရုံမတော်တဆမှုတစ်ခုရဲ့နောက်ကွယ်ကအမှန်တရားကို နှစ်ယောက်သား အတူတူပူးပေါင်းဖော်ထုတ်ရင်းနဲ့ပဲ နှလုံးသားနှစ်ခုဟာ တစ်ကျော့ပြန်ဆွဲငင်ခြင်းခံရပြီး ပြန်လည်နီးစပ်သွားခဲ့ကြပါတော့တယ်။

ဒီဇာတ်လမ်းက အသည်းကွဲပြီးမှ ပြန်ဆုံတဲ့အမျိုးအစားဖြစ်တဲ့အပြင် ပရိသတ်တွေကို အစပိုင်းမှာ ငိုအောင်လုပ်ပြီးမှ အချိုပြန်ကျွေးမယ့် Melodrama ကောင်းလေးတစ်ခုဖြစ်သလို မြင်ရခဲတဲ့ဇာတ်အိမ်မျိုးလေးမို့ ကြည့်ရှုသူအပေါင်းလည်း နွေအလယ်မှာ လွမ်းနာကျသလို ခံစားရမှာ အသေအချာပါပဲနော်။

#NeverEndingSummer
Class Of Lies (2019) Mmsub

ဇာတ်လမ်းအကျဥ်း
စုံထောက်မှုခင်းကားများကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်တာကတော့ OCN လိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ Class Of Lies ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။

အထက်တန်းကျောင်းတစ်ကျောင်းမှာဖြစ်ပွားခဲ့တဲ့လူသတ်မှုအကြောင်းပဲဖြစ်ပါတယ် ထိုကျောင်းမှာပြစ်မှုတွေအများကြီးဖြစ်ပွားခဲ့ပေမယ့်ထိုအမှုတွေအတွက်အပြစ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူးတဲ့နော်။ဘာကြောင့်လဲဆိုတော့
ကျောင်းသားတွေကအရွယ်မရောက်သေးလို့ပဲဖြစ်ပါတယ်။

Gi Moo Hyukဟာအောင်မြင်မှုအမြင့်ဆုံးရှေ့နေတစ်ယောက်ပါကိစ္စတစ်ခုကြောင့်သူရဲ့ဂုဏ်သိက္ခာတွေဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့ Moohyukအထက်တန်းကျောင်းတစ်ခုရဲ့ယာယီခန့်ထားခြင်းခံရတဲ့ကျောင်းဆရာတစ်ယောက်ဖြစ်လာပါခဲ့ပါတယ်။

သူဟာအခြေခံအားဖြင့်ပိုက်ဆံကိုသာဂရုစိုက်ပြီးအခုလိုကျောင်းဆရာအဖြစ်လုပ်တာကလည်းသူရဲ့ရှေ့နေဆိုတဲ့ဂုဏ်သက္ခာကိုပြန်အဖတ်ဆယ်ဖို့အတွက်ပါသူ့ကိုယ်ကျိုးအတွက်သာထိုအထက်တန်းကျောင်းကိုသွားလိုက်တဲ့အခါမှာတော့ရာဇ၀တ်မှုဖြစ်ပွားမှုနဲ့စတင်ကြုံတွေ့ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့Moo Hyukဟာထိုရာဇ၀တ်မှုတွေဖြစ်ပွားနေတဲ့ကျောင်းရဲ့နောက်ကွယ်ကအမှန်တရားကျောင်းသားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။

Crd
The WONDERfools (2026)

ရှေ့နေမလေး ဝူယောင်းဝူလို့ လူသိများတဲ့ ပြည့်သူ့အချစ်တော်လေး မင်းသမီး Park Eun Bin နဲ့
ပျိုမေတို့ရဲ့ နှင်းဆီခိုင် Cha Eun Woo တို့အပြင် မင်းသမီးကြီး Kim Hae Sook၊ မင်းသား Choi Dae Hoon၊
Im Sung Jae၊ Son Hyun Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေး ထွက်ရှိလာပါပြီ ပရိသတ်ကြီးတို့ရေ….

ဇာတ်လမ်းအကျဉ်းအနေနဲ့…

၁၉၉၉ ခုနှစ်ကာလ ကိုးရီးယားနိုင်ငံ ဟယ်ဆောင်းမြို့အတွင်းမှာ “နေကမ္ဘာပျက်မယ်” ဆိုတဲ့သတင်းစကားဟာ
လူထုအကြားမှာ ပြန့်နှံ့လာပြီး ကြောက်ရွံ့မှုတွေလည်း တိုးလာခဲ့ပါတယ်။

တစ်နေ့မှာ ဟယ်ဆောင်းမြို့သူလေး အွန်းချယ်နီနဲ့အတူ သူမနဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ဆွန်းဂယောင်းအွန်နဲ့
ဂန်ရိုဘင်းတို့ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ပါဝင်ပတ်သက်မိရာမှ သဘာဝလွန်စွမ်းအားတွေ ရရှိသွားကြပါတယ်။

အဲဒီအချိန်မှာပဲ မြို့အနှံ့မှာ မသင်္ကာစရာ ထူးဆန်းတဲ့ အခြေအနေတွေ များပြားပြီး လူပျောက်ဆုံးမှုတွေ
ဆက်တိုက်ဖြစ်လာသလို တစ်ဖက်မှာလည်း ဆိုးလ်ကနေ ဟယ်ဆောင်းမြို့ကို ပြောင်းရွေ့လာတဲ့ အစိုးရဝန်ထမ်း
အီအွန်ဂျောင်ဟာလည်း ဒီထူးဆန်းတဲ့အမှုထဲ ပါဝင်ပတ်သက်လာခဲ့ပြီး ဒီပဟေဠိဆန်တဲ့အဖြစ်အပျက်ကြီးရဲ့
လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း နက်ရှိုင်းလာတဲ့အခါ...

ဟယ်ဆောင်းမြို့လေး အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာ အမှတ်မထင် စွမ်းအားတွေရသွားခဲ့ကြတဲ့ ဒီသူရဲကောင်းအဖွဲ့လေးဟာ
ပြင်ပအန္တရာယ်တွေအပြင် ကိုယ့်ရဲ့ အားနည်းချက်တွေကိုပါ ရင်ဆိုင်ရင်း မြို့ကို ကယ်တင်ဖို့ ကြိုးစားပုံတွေကို စိတ်ဝင်စားဖွယ်
mystery, fantasy နဲ့ comedy တို့ ပေါင်းစပ်ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူပရိသတ်တွေအနေနဲ့ မပျင်းမရိဘဲ
စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
Zombies [2018]

Review 📃

ဒါကတော့ Disney Channel က ထွက်ရှိခဲ့တဲ့ နာမည်ကြီး Musical Fantasy ရုပ်ရှင်ဖြစ်ပါတယ်။ သာမန်ဖုတ်ကောင်ကားတွေလို ကြောက်စရာမကောင်းဘဲ သီချင်းတွေ၊ အကတွေနဲ့ တက်ကြွလန်းဆန်းတဲ့ ဆယ်ကျော်သက်ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။


ဇာတ်လမ်းအကျဉ်း

လွန်ခဲ့တဲ့ နှစ် ၅၀ က ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် Seabrook မြို့ဝက်လောက်ဟာ ဇွန်ဘီ (Zombies) တွေ ဖြစ်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဇွန်ဘီတွေဟာ လူသားတွေကို အန္တရာယ်မပြုအောင် ထိန်းချုပ်နိုင်တဲ့ Z-Band လက်ပတ်တွေကို ဝတ်ဆင်ထားကြရပါတယ်။ ဇာတ်လမ်းကတော့ ဇွန်ဘီကျောင်းသားတွေဟာ လူသားကျောင်းသားတွေရှိတဲ့ High School ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရတဲ့အခါမှာ စတင်ပါတယ်။ ဇွန်ဘီကောင်လေး Zed နဲ့ လူသား Cheerleader ကောင်မလေး Addison တို့ ဆုံတွေ့မိပြီး သူတို့ကြားက ကွဲပြားခြားနားမှုတွေကို ကျော်လွှားကာ ချစ်သူတွေ၊ သူငယ်ချင်းတွေ ဖြစ်အောင် ကြိုးစားပုံကို ရိုက်ကူးထားတာပါ။
Zombies 2 [2020]

Review 📃

ပထမကားရဲ့ အောင်မြင်မှုအပြီးမှာ Disney Channel ကနေ ထွက်ရှိလာတဲ့ ဒီနောက်ဆက်တွဲဇာတ်ကားဟာ ပိုမိုဆန်းသစ်တဲ့ ဇာတ်ကောင်အသစ်တွေနဲ့ သီချင်းအသစ်တွေကို သယ်ဆောင်လာပါတယ်။ ဒီတစ်ခါမှာတော့ ဇွန်ဘီတွေတင်မကဘဲ ဝံပုလွေလူသား (Werewolves) တွေပါ ပါဝင်လာပါတယ်။


ဇာတ်လမ်းအကျဉ်း

Seabrook High School မှာ လူသားတွေနဲ့ ဇွန်ဘီတွေ သဟဇာတဖြစ်အောင် နေထိုင်လာကြပြီးနောက်မှာတော့ မြို့အပြင်ဘက်က တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ ဝံပုလွေလူသားအုပ်စု ရောက်ရှိလာပါတယ်။ သူတို့ဟာ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ လျှို့ဝှက်ကျောက်တုံး (Moonstone) ကို ပြန်လည်ရှာဖွေဖို့ ကြိုးစားကြရင်း ကျောင်းကို ရောက်လာတာပါ။ Zed ကတော့ Addison နဲ့အတူ ကျောင်းကပွဲ (Prom) မှာ ပျော်ရွှင်ချင်ပေမဲ့ ဝံပုလွေတွေ ရောက်လာတဲ့အခါမှာတော့ မြို့ထဲမှာ ပဋိပက္ခသစ်တွေ ထပ်မံဖြစ်ပွားလာပါတယ်။ Addison ကိုယ်တိုင်ကလည်း သူမရဲ့ ဆံပင်ဖြူဖြူလေးတွေရဲ့ လျှို့ဝှက်ချက်က ဝံပုလွေတွေနဲ့ ဆက်စပ်နေသလားဆိုတာကို ရှာဖွေရင်း ဇာတ်လမ်းက ပိုမိုစိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။
Zombies 3 [2022]

Review 📃

ဒါကတော့ Seabrook မြို့လေးရဲ့ Zombies Trilogy ကို အဆုံးသတ်ပေးလိုက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇွန်ဘီတွေ၊ ဝံပုလွေတွေအပြင် ဒီတစ်ခါမှာတော့ အာကာသထဲက ဂြိုဟ်သား (Aliens) တွေပါ ရောက်ရှိလာလို့ ဇာတ်လမ်းက ပိုပြီး စိတ်ကူးယဉ်ဆန်လာပါတယ်။


ဇာတ်လမ်းအကျဉ်း

Seabrook မြို့လေးဟာ လူသား၊ ဇွန်ဘီနဲ့ ဝံပုလွေတွေအားလုံး သဟဇာတဖြစ်အောင် နေထိုင်နေကြပြီဖြစ်တဲ့ အေးချမ်းတဲ့ အချိန်ကာလတစ်ခုပါ။ Zed ကတော့ ဇွန်ဘီတွေထဲက ပထမဆုံးအကြိမ် ကောလိပ်တက်ခွင့်ရဖို့ ကြိုးစားနေသလို၊ Addison ကလည်း ကျောင်းရဲ့ Cheerleading ပြိုင်ပွဲကြီးအတွက် ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို အဆင့်မြင့်နည်းပညာတွေပိုင်ဆိုင်တဲ့ ဂြိုဟ်သားတွေ မြို့ထဲကို ဆင်းသက်လာတဲ့အခါမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ သူတို့ဟာ Seabrook မှာ ရှိနေတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေဖို့ ရောက်လာတာဖြစ်ပြီး၊ အဲဒီလျှို့ဝှက်ချက်က Addison ရဲ့ မျိုးရိုးနောက်ခံနဲ့ ဘယ်လိုပတ်သက်နေသလဲဆိုတာကို ရင်ခုန်စရာ မြင်တွေ့ရမှာပါ။
Zombies 4 [2025]

Review 📃

Disney ရဲ့ အောင်မြင်ကျော်ကြားတဲ့ Musical စီးရီးဟာ ၂၀၂၅ ခုနှစ်မှာတော့ Zombies 4 အဖြစ်နဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာပါတယ်။ ဒီတစ်ခါမှာတော့ ဇွန်ဘီ၊ ဝံပုလွေနဲ့ ဂြိုဟ်သားတွေတင်မကဘဲ အသစ်စက်စက် သွေးစုပ်ဖုတ်ကောင် (Vampires) မျိုးနွယ်စုတွေ ပါဝင်လာတာကြောင့် ဇာတ်လမ်းက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါတယ်။


Seabrook မြို့လေးရဲ့ အေးချမ်းတဲ့ နေ့ရက်တွေထဲကို ထူးဆန်းတဲ့ သွေးစုပ်ဖုတ်ကောင် အုပ်စုတစ်စု ရုတ်တရက် ရောက်ရှိလာပါတယ်။ သူတို့ဟာ လူသားတွေ၊ ဇွန်ဘီတွေနဲ့ ရောနှောနေထိုင်ဖို့ ကြိုးစားကြပေမဲ့ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းအားတွေနဲ့ လျှို့ဝှက်ချက်တွေကြောင့် မြို့ထဲမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ Zed နဲ့ Addison တို့ဟာ အရင်ကားတွေလိုပဲ မြို့သားတွေအားလုံး စည်းလုံးညီညွတ်ဖို့ ကြိုးစားကြရသလို၊ သွေးစုပ်ဖုတ်ကောင်တွေထဲက Rayna နဲ့ Vargas တို့လို ဇာတ်ကောင်အသစ်တွေနဲ့လည်း မိတ်ဆွေဖြစ်အောင် ကြိုးစားပုံကို ရိုက်ကူးထားတာပါ။
The Legend of Rosy Clouds (2026)
ဇာတ်လမ်းအညွှန်း >>>

ဒဏ္ဍာရီလာကိုးမြို့တော်ကြီးထဲမှာ အရှိန်အဝါညှိုးမှိန်သွားခဲ့တဲ့ မှူးမတ်မျိုးနွယ်စုဝင် အမျိုးသမီးလေးဖန့်ယွင်ဟာ လည်လည်ဝယ်ဝယ်ရှိပြီး ရည်မှန်းချက်ကြီးမားလှတဲ့ မြို့စားမင်းချီကျန်းနဲ့ မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက်မယုံကြည်နိုင်ဘဲ သံသယမျက်လုံးတွေနဲ့စတင်ခဲ့ကြပေမဲ့ မာယာတွေ၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့သစ္စာဖောက်ဖျက်မှုတွေ ပြည့်နှက်နေတဲ့အာဏာလုပွဲကြီးထဲကို ဖြတ်သန်းရင်းနဲ့ သူတို့နှစ်ယောက်ဟာ မဟာမိတ်တွေအဖြစ် လက်တွဲဖြစ်သွားခဲ့ကြပါတော့တယ်။

သူတို့နှစ်ယောက်ဟာ ကိုယ့်ယုံကြည်ချက်တွေကိုစိန်ခေါ်လာမဲ့ ဘေးအန္တရာယ်မှန်သမျှကိုရင်ဆိုင်ရင်းနဲ့ အခက်အခဲတွေကြားထဲကနေ စစ်မှန်တဲ့ယုံကြည်မှု၊ ကူညီဖေးမတတ်မှုတွေနဲ့ တစ်ဦးအပေါ် တစ်ဦးထားရှိတဲ့အချစ်စစ်ကိုပါ ရှာဖွေတွေ့ရှိသွားကြပါတယ်။

မဟာမိတ်ကနေ ချစ်သူဖြစ်သွားတဲ့ဇာတ်အိမ်အပြင် အချစ်ရေးထက် တိုင်းပြည်အရေးကို လက်တွဲဖြေရှင်းရင်း တဖြည်းဖြည်းသံယောဇဉ်ဖြစ်သွားကြမဲ့ Slow-burn Romance မို့လို့ ဇာတ်အိမ်က တော်တော်လေးကိုလေးနက်မှာပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကြဲတွေမို့ ဒီကားလေးကိုလည်း လုံးဝလက်မလွှတ်သင့်ပါနော်။

#TheLegendOfRosyClouds
Avengers Social Club (2017)
ပန်းသုံးပွင့်ရဲ့ရွေရောင်ကလဲ့စား

Episodes 1 to 12 End

စကီ လေး တွေအကြိုက် ရိုမန့် တစ် ဆန် ဆန် အချစ် ဇာတ် လမ်း တွေနဲ့ ရိုးအီ နေပြီလား? ဒီတစ်ခါတင်ဆက် ပေးမှာကတော့ မမတိုအကြိုက် အိမ်ထောင်ရေးဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် အဓိက သရုပ်ဆောင်တွေကတော့ ကင်ဂျောင်ဟဲ အဖြစ် Lee Yo Won ဟုန်ဒိုဟီး အဖြစ် Ra Mi Ran လီမီဆု အဖြစ် Myung Se Bin တို့ပဲဖြစ်ပါတယ်
ဇာတ်လမ်းသေဆုံးသွားပြီးတည် ဂျောင်ဟဲလို ခေါ်တဲ့ သူဌေး ချွေးမတစ် ယောက်ကဇနီး ကောင်းပီသဖို အမြဲကြိုးစားခဲ့ ပေမဲ့လည်း ယောက်ျားရဲ့ အချိန် အတော်ကြာအောင် သစ္စာဖောက်ခံခဲ့ရတာကို သိပြီး ယောက်ျားဖြစ် သူကို လက်စားချေချင် စိတ်ပြင်းပြခဲ့ပါတယ်
ဟုန်ဒိုဟီး ဆိုတဲ့ အမျိုးသမီးက တော့ ယောက်ျားဖြစ် သူ သေဆုံးသွားပြီးတည်းက သားနဲ့သမီးကို ရိုးရိုးသားသားရှာဖွေကျွေးမွေး နေရသူပါ လီမိ ဆုက တော့တက္ကသိုလ်မှာ ပါမောက္ခဖြစ် တဲ့ ယောက်ျားဖြစ် သူရဲ့ ညှဉ်းပန်းနှိပ် စက် တဲ့ဒဏ် ကို အချိန် တော် ကြာ သည်းခံခဲ့ရပါတယ်

ဘဝရဲ့ အချိုးအ ကွေ့မှာ လီမိဆုက ကင်ဂျောင်ဟဲ , ဟုန်ဒိုဟီးတိုနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ကိုယ်ပိုင်ဘဝကို အစပျိုးဖို ဆုံးဖြတ် ချက်ချခဲ့ပါတယ် ကင်ဂျောင်ဟဲ , လီမီဆု နဲ့ ဟုန်ဒိုဟီးတို့ တွေ့ဆုံကြပြီးနောက် သူတိုရဲ့နာကြည်းချက်တွေကို ကလဲ့စား ချေနိုင် ဖို့အုပ်စုဖွဲ့ဖြစ်ခဲ့ကြပါတယ်
အဲ့ဒီ့ နောက် မှာ ဘယ် လို ကလဲ့စား ချေ ကြမလဲ? ဘယ် လိုအလွဲ လေး တွေ တွေ့ရမလဲ? သိချင် ရင် တော့ "ပန်းသုံးပွင့်ရဲ့ရွေရောင်ကလဲ့စား" ကိုးရီးယားဇာတ် လမ်းတွဲမှာစောင့်မျှော် အားပေးနိုင်ပါတယ်