Channel M (Reviews Channel)
137 subscribers
4 photos
Admin Acc - @Myint_MH @Tg_Thoon
Main Channel 🖇🔗👇🏻
https://t.me/Myint_MH7
Download Telegram
If Wishes Could Kill (2026)

Mystery, Horror ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက်
Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Cast တွေအနေနဲ့ကတော့ Gugudan အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Kang Mi-Na၊
"KICKKICKKICKKICK" ဇာတ်လမ်းတွဲမှ Jeon So-Young နဲ့ Baek Sun-Ho တို့အပြင်
Hyeon Woo-Seok၊ Lee Hyo-Je စတဲ့ လူငယ်သရုပ်ဆောင်များ အဓိကပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအညွှန်း ~

ဆောရင်း အထက်တန်းကျောင်းက ကျောင်းသားတွေဟာ "ဂီရီဂို" ဆိုတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့
App တစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီ App ဟာ အသုံးပြုသူရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့
အလဲအထပ်အနေနဲ့ သေရမယ်ဆိုတဲ့ ကျိန်စာပါ ရှိတာကြောင့် ကျောင်းသားအများစုဟာ
ရုတ်တရက် သေဆုံးသွားရတာတွေ ရှိနေပါတယ်။

ဒီလိုနဲ့ပဲ ကျောင်းတွင်း track and field အဖွဲ့က အလားအလာရှိတဲ့ အားကစားသမား Yoo Se-Ah၊
လှပတဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့ Im Na-Ri ၊ Yoo Se-Ah နဲ့ တိတ်တခိုးတွဲနေကြတဲ့ Kim Gun-Woo၊
ဥာဏ်ကောင်းတဲ့ Kang Ha-Joon နဲ့ ပြဿနာအိုး Hyeong-Wook တို့ သူငယ်ချင်းတစ်စုဟာ ဒီ App ကို
သံသယရှိနေပြီး သေရမယ်ဆိုတဲ့ကျိန်စာကနေ လွတ်မြောက်အောင် ကြိုးပမ်းရင်း App နဲ့ ဆက်နွယ်နေတဲ့
ကြောက်စရာကောင်းလှတဲ့ အမှန်တရားကို သိလာရတဲ့အခါမှာတော့.....

သူတို့တွေ သေခြင်းတရားကနေ လွတ်မြောက်သွားနိုင်မလား...
ဆုတောင်းတစ်ခုက ကိုယ့်အသက်ကို စတေးရလောက်အောင် ထိုက်တန်ရဲ့လား....ဆိုတာကို
ဒီနေ့မှာပဲ Netflix ကနေ အစအဆုံး ထုတ်လွှင့်သွားမဲ့ ဒီကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါ။


Aired: Apr 24, 2026
Aired On: Friday
Genres: Mystery, Horror, Youth, Supernatural
Episodes: 8
Original Network: Netflix
Vengeance (2026)
ဇာတ်လမ်းအညွှန်း
Venganza (Revenge) (JoJ6) ကားလေး တင်ပေးထားပါတယ်။ ဇာတ်လမ်း ကတော့ အထူးတပ်ဖွဲ့ဝင်ဟောင်း ကားလို့စ် အ က်စ်ထရာဒါ (Carlos Estrada) ကို အဓိက ထားထားတယ်။ ဇာတ်လမ်းအစမှာတင် သူ့မိန်းမ ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီးတဲ့နောက် ကားလို့စ်တယောက် လက်စားချေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အသက်ရှင်နေတော့တာပါ။

လုံခြုံရေးအရ သူငယ်ချင်းဖြစ်သူ မီဂဲက သူ့ကို မြို့ငယ်လေးတမြို့မှာ ပုန်းအောင်းနေဖို့ ကူညီ ပေးခဲ့ပေမဲ့ ပုန်းနေရင်းနဲ့ ကံဇာတ်ဆရာက မျက်နှာသာပေးချင်တော့ မထင်မှတ်ဘဲ ထီပေါက်ပြီး သန်းကြွယ်သူဌေးကြီး ဖြစ်သွားပါ လေရော။ ရလာတဲ့ ပိုက်ဆံတွေနဲ့ လက်နက်တိုက်ကြီးတစ်ခုလို တပ်ဆင်၊ သူ့ရဲ့ အ ယုံကြည်ရဆုံး တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ပူးပေါင်း ပြီး မိန်းမကို သတ်သွားတဲ့ လူသတ်ကောင်တွေ ကို အသေအလဲ လိုက်လံရှာဖွေ လက်စားချေ မယ့် အက်ရှင်ကြမ်းကြမ်း ကားမျိုးပါ။John Wick တို့၊ Taken တို့လို ခပ်ကြမ်းကြမ်း လက်စားချေ ဇာတ်လမ်းမျိုးတွေကို သဘောကျ တယ်ဆိုရင် ကြိုက်မှာ သေချာပါတယ်။ မင်းသား Omar Chaparro ကို အရင်က ဟာသကားတွေမှာပဲ မြင်ဖူးပေမဲ့ အခုတော့ အက်ရှင်မင်းသားအနေနဲ့ အသစ်အဆန်း မြင် တွေ့ရမှာပါ။ သေနတ်ပစ်ခတ်ခန်းတွေ၊ လိုက်လံ ဖမ်းဆီးခန်းတွေကို သေချာလေး အချိန်ယူ ရိုက်ကူးထားလို့ အက်ရှင်ရသ အပြည့်ပေးနိုင် မယ့် ဇာတ်ကားကောင်း တကားဖြစ်ပါတယ်။

ďťż
The Green Mile (1999)
Paul Edgecombe လိုအမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးက သူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင်ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ ချွတ်ချော်တိမ်းပါးမှုတွေ ၊ အမှားအယွင်းနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန်ဇာတ်လမ်းတည်ထားတယ်။

ပေါလ်ဟာ ၁၉၃၂ခုနှစ်များဆီတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။ သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကိုသေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့

အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့ ဥပဒေနဲ့ လူ့နူးညွတ်မှု စိတ်ခံစားချက်နှစ်ခုကြားအလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ်ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။

ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့ အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊ အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတိုပါလိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။

အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှ သက်သေအထောက်အထားခိုင်လုံနေခဲ့ရင်လည်း ခံပေါ့။ ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။ လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။

ဒီရုပ်ရှင်ကြည့်ရင်တော့ မျက်ရည်ခိုင်မှကြည့်ဖိုတောင်းဆိုပါတယ်။
Night in paradise (2020) Mmsub
ဇာတ်လမ်းအညွှန်း
=============
ပတ်ထယ်ဂူဆိုတဲ့ ကြေးစားလူမိုက်တစ်ယောက်အကြောင်းပါပဲ။
သူက သူ့ခေါင်းဆောင် ယန်းသူဌေးပေါ်မှာ အလွန် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်ပြီး
တစ်ရက်မှာ သူ့သူဌေးရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဘို့ဆွန်းအဖွဲ့က သူဌေးယန်းဆီက ခွာပြီး
သူတို့အဖွဲ့ဝင်အဖြစ် လာခဲ့ဖို့ ပတ်ထယ်ဂူကို ကမ်းလှမ်းလာပါတယ်။
ဒါပေမယ့် သစ္စာရှိလူမိုက် ပတ်ထယ်ဂူက ဘို့ဆွန်းအဖွဲ့ဆီသွားဖို့ငြင်းပယ်ခဲ့တဲ့အတွက်
သူ့ရဲ့ခင်တွယ်ရာ မိသားစု ဖြစ်တဲ့ သူ့အစ်မနဲ့တူမလေးက ရန်ငြိုးထားအသတ်ခံလိုက်ရပါတယ်။

ဒီအတွက် ထယ်ဂူတစ်ယောက် အစ်မနဲ့တူမလေးအတွက် လက်စားချေဖို့....
18×2 Beyond Youthful Days ( 2024 )
ဇာတ်လမ်းအညွှန်း
============
ထိုင်ဝမ် အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျင်မီဟာ ကုမ္ပဏီတွင်း ပြဿနာတွေဖြစ်ပြီး ကုမ္ပဏီကနားပြီးတစ်ကိုယ်တော် ခရီးထွက်မယ်ဖြစ်လာခဲ့တယ်...

ဒီလိုနဲ့ ဂျပန် ဖူခူရှီမာကို ခရီးထွက်ဖို့ဖြစ်လာတဲ့ ဂျင်မီစိတ်ထဲမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက တင်ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုရှိပါတယ်...

သူ့နာမည်က အာမီတဲ့... သူအထက်တန်းကျောင်းသားအရွယ်မှာ သူရှိတဲ့ ထိုင်ပေကို တစ်ယောက်တည်းလာခဲ့တဲ့ ခရီးသွားဂျပန်မလေးပေါ့... အာမီနဲ့ ဆုံရတဲ့အကြောင်းအရင်းကတော့ အာမီတစ်ယောက် ပိုက်ဆံအိတ်ပျောက်ပြီး...
ထိုင်ဝမ်မှာနေဖို့စရိတ်မရှိသလို ဂျပန်ပြန်ဖို့လည်း စရိတ်မတတ်နိုင်တော့လို့ အလုပ်ရှာရင်း... ဂျင်မီအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်မှာ အလုပ်လာလျှောက်ရင်းဆုံတာပေါ့...

ဂျင်မီတစ်ယောက် အာမီကို စိတ်ဝင်စားခဲ့တယ်... အချစ်ဦးလို့ပြောရလောက်အောင် ကြိုက်ခဲ့တယ်.. ဒါပေမယ့် ဖွင့်ပြောခွင့်မရဘဲ အာမီတစ်ယောက် ဂျပန်ပြန်သွားခဲ့တယ်... ၁၈ နှစ်အရွယ်မှာလွဲခဲ့တဲ့ အာမီကို ၃၆ နှစ်အရွယ်ဂျင်မီတစ်ယောက် ပြန်ရှာနိုင်မလားဆိုတာ ...
Filing for Love (2026 Ongoing) Mmsub

ဇာတ်လမ်းအညွှန်း ~
နိုဂီဂျွန်း (Gong Myung) ဟာ ဟယ်မူလုပ်ငန်စုရဲ့ ရုံးတွင်းစာရင်းစစ်အဖွဲ့ ၁ မှာ အတော်ဆုံးအဖွဲ့ဝင် ဖြစ်ပါတယ် ။ ချောမောတဲ့ရုပ်ရည်၊ ထက်မြက်တဲ့ဦးနှောက်နဲ့ အရာရာ အဆင်ပြေနေခဲ့တဲ့ သူ့ရဲ့ ဝန်ထမ်းဘဝလေးဟာ အထက်လူကြီးဖြစ်တဲ့ ဂျူအင်အာ (Shin Hae-Sun) နဲ့ ပတ်သတ်မိပြီး နောက်မှာတော့ ရုံးတွင်းကောလာဟလတွေနဲ့ အတူ ရာထူးချခံလိုက်ရပြီး အရှုံးသမားတွေများတဲ့ အဖွဲ့ဖြစ်တဲ့ စာရင်းစစ် အဖွဲ့ ၃ ကို ရောက်သွားပါတော့တယ်။

ဒီလိုနဲ့ပဲ နိုဂီဂျွန်းတစ်ယောက် ဂျူအင်အာကို လက်စားပြန်ချေဖို့အတွက် သူမရဲ့ လျှို့ဝှက်ချက်တွေကို
ဖော်ထုတ်ဖို့ လုပ်ရာကနေ
ဂျူအင်အာရဲ့ လျှို့ဝှက်တဲ့ဘဝနဲ့ အတိတ်ဒဏ်ရာတွေ ရှိနေတာကိုပါ သိသွားပြီးနောက်မှာတော့ ..

စိတ်ဒဏ်ရာတွေကို အချင်းချင်းကုစားကြရင်း
လက်စားချေချင်တဲ့ မုန်းတီးတဲ့စိတ်ကနေတစ်ဆင့် မြင်ပါများပြီး ချစ်ကျွမ်းဝင်သွားကြမဲ့
စာရင်းစစ်အဖွဲ့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။
Please open Telegram to view this post
VIEW IN TELEGRAM
ဇာတ်လမ်းအညွှန်း
==============
ဖြစ်ရပ်မှန်တွေကိုစုစည်းပြီး ပုံဖော်ရိုက်ကူးထား တဲ့ ဟိန္ဒူမိန်းကလေးတွေရဲ့ ဘဝငရဲခရီးလမ်းကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးထားတဲ့ ပညာပေး ဇာတ်လမ်းလေးတစ်ကား တင်ဆက်ပေးထားပါ တယ် ငယ်ရွယ်လှပပြီး အင်စတာမှာ follower များတဲ့ influencer ဒီဗီယာ။ ကကွက်လှလှ လေးတွေနဲ့ ဆွဲဆောင်တတ်လို့ မိဘတွေက ဆာရီ ဝတ်ပြီး ကခွင့်ပေးထားခဲ့တယ် ဒါပေမဲ့ ရည်းစား ဖြစ်သူ ဘာသာခြားတစ်ယောက်ရဲ့ အားပေးမှုနဲ့ ခေတ်ဆန်ဆန်ဝတ်ပြီး follower ပိုရှာလာခဲ့ တယ် ။

သူမနာမည်က နေဟာ နိုင်ငံ့ရွှေတံဆိပ်ဆုရှင်ဖြစ် ချင်လွန်းလို့ မိဘတွေရဲ့ အားပေးမှုနဲ့ ကြိုးစားနေ တဲ့သူတစ်ယောက်။ သူ့ကောင်လေးကလည်း သူ့ ဆို အရမ်းအလိုလိုက် အရမ်းဆွဲဆောင်တတ် တော့ ကောင်လေးရဲ့လှည့်စားမှုထဲ နားယောင် ပြီး မိဘတွေမသိအောင် တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့မိတယ်

နောက်တစ်ယောက်က စနေဟာ သူကတော့ မယားကြီးရှိမှန်းသိသိကြီးကို ဆာလင်းဆိုတဲ့ ဘာသာခြားအမျိုးသားနဲ့ ပတ်သက်မိခဲ့တယ်ဒီ၃ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဆက်စပ်နေမလဲ ဘာသာမတူလို့ မိဘတွေ သဘောမတူ မရမကတားမြစ်တဲ့ကြားကနေ ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုဆိုပြီး ရှေ့ဆက်တိုး ခဲ့ကြတဲ့ သူတို့ရဲ့ဘဝတွေက ဇာတ်သိမ်းရော ကောင်းပါ့မလား မျက်နှာဖုံးတွေကွာကျချိန်မှာ ဘယ်လောက်တောင် ကြောက်လန့်တုန်လှုပ်စရာ တွေနဲ့ ကြုံတွေရမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ပါဦး။
ďťż
The shadow's Edge ( 2025 )

အညွှန်း
==
The Shadow's Edge ဆိုတဲရုပ်ရှင်ကားကြီးဟာဆိုရင် ဂျက်ကီချန်းရဲ့ ရဲတပ်ဖွဲဇာတ်ကောင်အနေနဲ့ ပြန်လည်ပေါ်ထွက်လာတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ 2004 ခုနှစ်ကထွက်ရှိထားတဲ့ New Police Story ကို အမီလိုက်နိုင်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။

ခေတ်မီနည်းပညာနဲ့ AI စနစ်တွေကို ကျွမ်းကျင်စွာအသုံးချပြီး မကာအိုရဲတပ်ဖွဲ့ရဲ့ cctv ကင်မရာတွေကိုတောင်လှည့်စားနိုင်တဲ့ အဆင့်မြင့်သူခိုးဂိုဏ်းတစ်ခုဟာ cryptocurrency တွေကို အကြီးအကျယ်ခိုးယူပြီး ခြေရာဖျောက်နေပါတယ်။

ဒီသူခိုးဂိုဏ်းကို ရဲတပ်ဖွဲ့က ဘယ်လိုမှခြေရာမခံနိုင်တဲ့အခါမှာတော့ အရင်က နည်းလမ်းဟောင်းတွေနဲ့ လူတွေကို ခြေရာခံရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ခဲ့တဲ့ အငြိမ်းစားရဲအရာရှိကြီး ဝေါင်တပ်ချွန်း (Jackie Chan) ကို ပြန်လည်ခေါ်ယူပြီး အကူအညီတောင်းခံရပါတော့တယ်။

ဝေါင်ဟာ ရဲအရာရှိပေါက်စလေးတွေကို သူ့ရဲ့ရိုးရာနည်းလမ်းတွေနဲ့ လေ့ကျင့်ပေးပြီး ဒီဂိုဏ်းကိုဖမ်းဖို့ ကြိုးစားပါတယ် ဒီသူခိုးဂိုဏ်းရဲ့ ခေါင်းဆောင်ကတော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ ရာဇဝတ်ကောင်ကြီး "The Shadow" (Tony Leung Ka-fai) ဖြစ်နေမှန်း သူတို့သိလိုက်ရပါတော့တယ်။
High School Return of a Gangster (2024)
***********

ဒီကားလေးကတော့ နာမည်ကြီး BL Novel ရဲ့ ကျောရိုးကိုယူပြီး
ဒရာမာအဖြစ် ပြန်လည်အသက်အသွင်းထားတဲ့ ကားလေးပဲဖြစ်ပါတယ်။
All of Us Are Dead ထဲက မင်းသား Yoon Chan-Young နဲ့
Golden Child အဖွဲ့မှ Bong Jae-Hyun တို့က
အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Lee Seo-Jin  က
cameo ဝင်အားဖြည့်ပေးထားပါတယ်။
အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂန်းစတား Kim Deuk Pal (Lee Seo-Jin) ဟာ
ငယ်ငယ်က တက္ကသိုလ်ကို တက်ချင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့
ချို့တဲ့တဲ့မိဘတွေကြောင့် ကျောင်းစာကောင်းကောင်း မသင်ခဲ့ရသူဖြစ်ပါတယ် ။
တစ်နေ့မှာတော့ Song Yi-Heon (Yoon Chan-Young) ဆိုတဲ့
အထက်တန်းကျောင်းသားလေးတစ်ယောက်က အ‌ဆောက်အအုံပေါ်ကနေ
ခုန်ချ အဆုံးစီရင်ဖို့လုပ်နေတာကို တွေ့ပြီး ဝင်တားရာကနေ
Kim Deuk Pal ရဲ့ဝိဉာဉ်ဟာ အထက်တန်းကျောင်းသားလေးရဲ့
ကိုယ်ထဲရောက်သွားပါတော့တယ် ။
အနိုင်ကျင့်ခံရတဲ့ အထက်တန်းကျောင်းသားလေးရဲ့ အကြောင်းကိုသိသွားတဲ့
Kim Deuk Pal ဟာ အနိုင်ကျင့်ခဲ့တဲ့ သူတွေကိုအပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီးနောက်
စံပြကျောင်းသားဖြစ်ပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ Choi Se-Kyung
(Bong Jae-Hyun) နဲ့ ရင်းနှီးလာပါတော့တယ်။
၁၉ နှစ်အရွယ် ကျောင်းသားလေးရဲ့ ကိုယ်ထဲက ၄၇ နှစ်အရွယ်
ဂန်းစတားတစ်ယောက်က အနိုင်ကျင့်တဲ့ကျောင်းသားတွေကို ဘယ်လို ပညာပြန်ပေးမလဲ
သူငယ်ချင်းကိုလည်း အကြမ်းဖက်မှုကလွတ်အောင် ဘယ်လိုကူညီပေးသွားမလဲဆိုတာကို
အတူကြည့်ရှုလိုက်ကြရအောင်နော်။

(အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။)

Aired: May 29, 2024 - ?
Aired On: Wednesday
Genres: Life, Youth, Fantasy
Episodes: 8
Original Network: TVING
Translated by Shwe Pyae, Esth, Phyu Sin, Zuri & Su Sandi
Encoded by Tiff
Pinocchio ( 2014 ) Mmsub

2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ K Drama ဇာတ်ကားလေးမှာ မင်းသားချော Lee Jong-suk နဲ့ မင်းသမီး ပတ်ရှင်ဟေးကို လိုက်ဖက်ညီစွာ တွဲဖက်သရုပ်ဆောင်ထားပါတယ်.. Ongoing ပြသတဲ့အချိန်တုန်းကလည်း အင်မတန်မှ ပေါက်ခဲ့တဲ့အပြင် ကိုရီးယားနိုင်ငံအတွင်းမှာလည်း ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် pinocchio ဆိုတာဘာလဲ..pinocchio ဆိုတာ လိမ်ပြောရင် ကြို့ထိုးတတ်တဲ့ ထူးဆန်းတဲ့ရောဂါတမျိုးပါ..ချွဲဒယ်ပိုဆိုတဲ့ကောင်လေးငယ်စဉ်က သူ့ရဲ့အဖေဟာ  စက်ရုံမီးလောင်ပေါက်ကွဲမှုတခုရဲ့ တရားခံအဖြစ် မသမာသူတွေက နာမည်ဖျက်ခဲ့ကြတယ်..ဒယ်ပိုခမျှာ အဖေလည်းသေ..နာမည်လည်းပျက် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပါတယ်.. ဒယ်ပိုတစ်ယောက် နောက်ဆုံး အဖေတခုသမီးတခုဘဝနဲ့ ဖြတ်သန်းနေတဲ့ ချွဲအင်ဟာတို့အိမ်ကိုရောက်သွားပါတော့တယ်
ငယ်စဉ်ကတည်းက ဒယ်ပိုနဲ့အင်ဟာ တို့ အတူတူကြီးပြင်းလာခဲ့ကြပြီး ကြီးပြင်းလာတဲ့အခါမှာတော့ ချွဲအင်ဟာ ( ပတ်ရှင်ဟေး ) ဟာ သတင်းထောက်တစ်ယောက်ဖြစ်လာခဲ့ပါတယ်.. ချွဲအင်ဟာမှာ ထူးဆန်းရဲ့ရောဂါတမျိုးရှိနေတယ် ဒါကတော့ လိမ်ပြောရင် ကြို့ထိုးတတ်တဲ့ pinocchio ပါပဲ…သတင်းထောက်တစ်ယောက်ဖြစ်လာခဲ့တဲ့ အင်ဟာ pinocchioကြောင့် ဘာတွေအခက်အခဲတွေ့မလဲ ဒယ်ပိုကလည်း သူ့ဖခင်ရဲ့ နာမည်ဆိုးကို လွတ်မြောက်စေဖို့
ပြန်လည်ကြိုးစားနိုင်ပါ့မလား.. ဒယ်ပိုနဲ့ အင်ဟာတို့ရဲ့ ငယ်ကျွမ်းဆွေ အချစ်ဇာတ်လမ်းလေးဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုပါ
We Are All Trying Here
(2026 Ongoing ) Mmsub

ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးက‌တော့ နေ့စဉ်ဘဝမှာ အဆင်မပြေမှုကြုံတွေ့နေရသူတွေ
စိတ်ဓာတ်ကျနေသူတွေအတွက် "လူတိုင်းက ကိုယ်ပိုင်သိမ်ငယ်စိတ်တွေနဲ့ တိုက်ပွဲဝင်နေကြရတာပါပဲ" ဆိုတဲ့
အားပေးစကားကိုပေးစွမ်းမယ့် Healing Drama လေးပဲဖြစ်ပါတယ်။

Castတွေအဖြစ် "Once We Were Us" ရုပ်ရှင်မှ မင်းသား Koo Kyo Hwan နဲ့ "Can This Love Be Translated?"
ဇာတ်ကားမှ မင်းသမီး Go Youn Jung တို့က အဓိကပါဝင်ထားပြီး "My Mister"နဲ့ "My Liberation Notes"
ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းဆရာမ Park Hae Young က ရေးသားထားပြီး "When the Camellia Blooms" နဲ့
"Welcome to Samdal-ri" ဇာတ်ကားတွေရဲ့ ဒါရိုက်တာCha Young Hoon က ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းကတော့

ရုပ်ရှင်လောကရဲ့ နာမည်ကြီးအဖွဲ့ဖြစ်တဲ့ "The Eight" ထဲမှာ ပွဲဦးထွက်ခွင့်မရသေးတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့အပြင်
သူငယ်ချင်းတွေအောင်မြင်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိဘူးလို့ခံစားနေရတဲ့ ဒါရိုက်တာဖြစ်ဖို့ ကြိုးစားနေသူ
ဟွမ်ဒုံမန် (Koo Kyo Hwan) နဲ့ ရုပ်ရှင်ဇာတ်ညွှန်းတွေကို ပြတ်ပြတ်သားသား ဝေဖန်တတ်လွန်းလို့ "ပုဆိန်" လို့တောင်
တင်စားခေါ်ဝေါ်ခံရပေမဲ့လည်း အတွင်းစိတ်ထဲမှာ ဒေါသနဲ့ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ထားတဲ့ ထုတ်လုပ်သူ
ဗြောင်အွန်းအာ (Go Youn Jung) တို့အပြင် မနာလိုဝန်တိုမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားရတဲ့
သိမ်ငယ်မှုတွေကြားမှာ ရုန်းကန်ရင်း စိတ်အေးချမ်းမှုကို ရှာဖွေကြတဲ့ လူသားတွေရဲ့အကြောင်းကို နက်နက်ရှိုင်းရှိုင်း
ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် အပတ်စဉ် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။



Aired: Apr 18, 2026 - May 24, 2026
Aired On: Saturday, Sunday
Genres: Psychological, Life, Drama
Episodes: 12
Original Network: JTBC
The Legend of Kitchen Soldier (2026 Ongoing )
The King's Warden ရုပ်ရှင်နဲ့ အားလုံးကို မျက်ရည်ဖြိုင်ဖြိုင်မိုးစေခဲ့တဲ့ ဒန်ဂျုံးဘုရင်လေး
Park Ji-Hoon ကတော့ အခုတစ်ခေါက်မှာ စစ်သားကာရိုက်တာလေးနဲ့အတူ Comeback လာပြီ ဖြစ်ပါတယ်။

နာမည်ကြီး Web Novel ကို အခြေခံရိုက်ကူးထားပြီး My Daughter is a Zombie ထဲက မင်းသားကြီး Yoon Kyung-Ho ,
Gyeongseong Creature Season 2 ထဲက မင်းသမီး Han Dong-Hee ,
Dr. Romantic 3 ထဲက မင်းသား Lee Hong-Nae တို့အပြင် Bloodhounds ထဲက မင်းသား Lee Sang-Yi ကလည်း
အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။

- ဇာတ်လမ်းအကျဉ်း -

စစ်သင်တန်းကျောင်းမှာ အတော်ဆုံး သင်တန်းသား ဖြစ်ခဲ့ပေမဲ့ တပ်ထဲမှာတော့
အထူးစောင့်ကြည့်ခံတပ်သားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂန်ဆောင်းဂျယ်(Park Ji-Hoon) ဟာ
ဂန်လင်း တပ်စခန်းဆီ ပြောင်းရွှေ့ချထားခံရပြီးနောက်မှာ စားဖိုမှူးတပ်သားအဖြစ် တာဝန်ပေးအပ်ခံလိုက်ရပါတယ်။

အဲဒီအချိန်မှာပဲ သူ့မျက်စိရှေ့မှာ ဂိမ်းကာရိုက်တာလိုလို အချက်အပြုတ်ဇယားတွေကို ထူးဆန်းစွာ စမြင်လာရပြီး

အဆိုပါ အချက်အပြုတ်ဇယားတွေရဲ့ လမ်းညွှန်ချက်အတိုင်း မစ်ရှင်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ရင်း
ဆောင်းဂျယ်ရဲ့ ဟင်းချက်လက်ရာကလည်း တစ်ဆင့်ထက်တစ်ဆင့် Level ပိုမြင့်လာတဲ့အခါမှာတော့...

ဆောင်းဂျယ်တစ်ယောက် သေနတ်အစား ယောက်ချိုကို ကိုင်စွဲပြီး ရိုးအီနေတဲ့ တပ်ထမင်းဟင်း မီနူးတွေကို
ထူးခြားဆန်းပြားတဲ့ ဟင်းလျာတွေအဖြစ် ဘယ်လိုမျိုး လက်စွမ်းပြ ပြောင်းလဲပေးသွားမလဲဆိုတာကို
အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်အားပေးကြစို့နော်။


Episodes: 12
Aired: May 11, 2026 - Jun 16, 2026
Aired On: Monday, Tuesday
Original Network: TVING, tvN
Duration: 55 min
Genres: Food, Military, Comedy, Fantasy
Subtitle: Myanmar Subtitle (Hardsub)
I Hear Your Voice (2013) Mmsub
ဘတ်ဆူဟျော့ဟာ သားဖြစ်သူနဲ့အတူ အိမ်ပြန်လာတဲ့လမ်းမှာ သူတို့မောင်းနေတဲ့ကားကို ထရပ်ကားကြီးတစ်စီးက ဝင်တိုက်ပြီးလုပ်ကြံတာကို ခံရတယ်
ဒါပေမယ့် ဘတ်ဆူဟျော့ရော သားဖြစ်သူ ဘတ်ဆူဟာပါ အသက်ရှင်နေသေးတဲ့အတွက် လူသတ်သမားက ကားပေါ်ကနေ ဘတ်ဆူဟျော့ကိုအပြင်ကို ဆွဲချပြီး သတ်ပစ်ခဲ့တယ်
အသက် ၉ နှစ်အရွယ် ဘတ်ဆူဟာက ဒီဖြစ်ရပ်တွေကို အစအဆုံးမြင်နေရတဲ့အပြင် လူသတ်သမားရဲ့ စိတ်ထဲက တွေးနေတဲ့အတွေးကိုပါ ကြားနေရတယ်
လူသတ်သမားကလည်း အစအဆုံးမြင်သွားပြီးတဲ့ ဘတ်ဆူဟာကိုပါ သတ်ဖို့ကြိုးစားတော့တယ်
အဲဒီအချိန်မှာ ကျောင်းသူနှစ်ယောက်ဖြစ်တဲ့ ဂျန်ဟယ်ဆောင်းနဲ့ ဆောဒိုယွန်းက ဒီဖြစ်ရပ်ကို မြင်သွားကြလို့ ဘတ်ဆူဟာအသက်ရှင်ခဲ့တယ်
အဲဒီနောက် တရားခွင်မှာ ဂျန်ဟယ်ဆောင်းက လူသတ်မှုရဲ့ သက်သေအဖြစ် ထွက်ဆိုချက်ပေးခဲ့လို့ လူသတ်သမားက ဂျန်ဟယ်ဆောင်းကိုအငြိုးထားခဲ့တယ်

၁၀ နှစ်ကြာပြီးတဲ့နောက်မှာတော့ ဟယ်ဆောင်းတစ်ယောက်ရှေ့နေဖြစ်လာခဲ့တယ်
ဂျန်ဟယ်ဆောင်းက ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပေမယ့် တရားခွင်မှာ သေချာရှေ့နေမလိုက်ပေးတဲ့အတွက် တစ်လကို လစာဝမ် ၈ သိန်းအောက်ပဲရပြီး မိခင်ဖြစ်သူဆီကနေ အမြဲတမ်း ထောက်ပံ့မှု ပြန်ယူနေခဲ့ရတယ်
တစ်ရက်မှာတော့ ပြည်သူ့ရှေ့နေတစ်ယောက်ဖြစ်ဖို့ အင်တာဗျူးဝင်ဖြေခဲ့ပြီးကံကောင်းစွာနဲ့ အလုပ်ရသွားခဲ့တယ်
ပြည်သူ့ရှေ့နေအဖြစ် ပထမဆုံးတရားခွင် စတဲ့နေ့မှာပဲ သူမကိုလိုက်ရှာနေတဲ့ ဘတ်ဆူဟာနဲ့ ပြန်တွေ့ခဲ့ပြီး သူမကို အငြိုးထားနေတဲ့ လူသတ်သမားမင်ဂျွန်ဂုလည်း ထောင်က ပြန်လွတ်လာခဲ့ပါတယ်

သူတို့ကို အငြိုးထားနေတဲ့ မင်ဂျွန်ဂုက ဘယ်လိုမျိုးလက်တုံ့ပြန်ဖို့ ကြိုးစားမလဲ
ဘတ်ဆူဟာကရော ဟယ်ဆောင်းကိုကာကွယ်ပေးနိုင်မလား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါ
The Heir (2026 Ongoing ) Mmsub
======ဇာတ်လမ်းအကျဉ်း======

မင်မင်းဆက်အလယ်ပိုင်းကာလ ဟွေးကျိုးနယ်ရဲ့ နှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့တဲ့ မင်လုပ်ငန်းလောကဟာ နန်းတွင်းကိုဆက်သရမဲ့ "ပဏ္ဏာတော်ဆက် မင်တုံးအမှု"ကြောင့် ရုတ်ချည်းပျက်စီးသွားခဲ့ရပါတယ်။ နှစ်ပေါင်းရာချီ သမိုင်းကြောင်းရှိပြီး မင်လောကရဲ့ ထိပ်သီးဖြစ်ခဲ့တဲ့ လီမိသားစုဟာ ဂုဏ်အသရေကျဆင်းကာ ကျရှုံးသွားခဲ့ရသလို၊ လီမိသားစုရဲ့ အဋ္ဌမမြောက် မျိုးနွယ်ခွဲဆိုရင် မိသားစုဝင်အဖြစ်ကနေပါ အပယ်ခံ ဖြစ်ခဲ့ရပါတယ်။ လီမိသားစု အထိနာနေချိန်မှာတော့ လော့မိသားစုရဲ့ မင်လုပ်ငန်းက တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ လော့မိသားစုဟာ ပြိုင်ဘက်ကင်းအောင် ကြီးကျယ်ခမ်းနားခဲ့ပေမဲ့လည်း အဆုံးသတ်မှာတော့ နန်းတွင်းအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်မိပြီး ပျက်သုဉ်းခြင်းဆီ ဆိုက်ရောက်သွားပါတော့တယ်။အချိန်တွေကုန်လွန်ပြီးနောက်... အပယ်ခံအဋ္ဌမမျိုးနွယ်စုရဲ့ အငယ်ဆုံးသမီးဖြစ်သူ လီကျန်းက မိသားစုစားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မင်ဖော်စပ်တဲ့ လမ်းကြောင်းပေါ်ကို သတ္တိရှိရှိ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ 'မိသားစု အမွေဆိုတာ သားတွေကိုပဲ ပေးရမယ်'ဆိုတဲ့ အမျိုးသမီးတွေကို ကန့်သတ်ထားတဲ့ ရှေးရိုးစွဲဘောင်တွေကို သူမလက်နဲ့ ကိုယ်တိုင်ချိုးဖျက်ခဲ့ပါတယ်။ သူမဘဝတစ်ခုလုံးကို မင်ဖော်စပ်ခြင်းပညာရပ်ထဲမှာပဲ မြှုပ်နှံထားရင်း အရင်က စီးပွားပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ လော့မိသားစုက ဒုတိယသားဖြစ်သူ လော့ဝမ်ချန်းနဲ့ ပူးပေါင်းမိပြီး မိဘတွေရဲ့ ရိုးရာလုပ်ငန်းအမွေကို ဘယ်လိုကာကွယ်ပြီး တိုးတက်အောင်လုပ်သွားမလဲ။
လီကျန်းနဲ့ လော့ဝမ်ချန်းရဲ့ကြားထဲက စိတ်ခံစားချက်တွေကရော တဖြည်းဖြည်းချင်း ဘယ်လိုအဆင့်တက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။မင်မင်းဆက်ကာလကို နောက်ခံထားပြီး လူသုံးနည်းလာတဲ့ မင်ဖော်စပ်ခြင်း အနုပညာကို စီးပွားရေးအားပြိုင်မှုနဲ့ ပေါင်းစပ်တင်ပြထားပြီး အမျိုးသမီးတစ်ဦးရဲ့ ကြိုးပမ်းအားထုတ်မှု၊ မိသားစုဂုဏ်သိက္ခာကို ဆယ်ယူမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းမှုတွေကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမဲ့ဇာတ်လမ်းတွဲလေးကို မကြာခင် GC Chineses ကနေ တင်ဆက်ပေးသွားတော့မှာပဲ ဖြစ်ပါတယ်။
Review Crd
Buried Hearts (2025)

ဇာတ်လမ်းအကျဉ်း
--------------

Seo Dong Juဟာ Daesan လုပ်ငန်းစုမှ ဥက္ကဌအတွင်းရေးမှူးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ...

Daesan ရဲ့အကျိုးအမြတ်အတွက်သာဆို သေဆိုသေ ရှင်ဆိုရှင် သစ္စာစောင့်သိတတ်သူအဖြစ် နာမည်ကြီးပေမဲ့လည်း

တစ်ဖက်မှာတော့ ပြင်းထန်တဲ့ရည်ရွယ်ချက်နဲ့ အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ဖုံးကွယ်ရင်း အချိန်ကျတဲ့အခါ Daesanကို

ဝါးမျိုပစ်ဖို့အတွက် ပုန်းလျှိုးကွယ်လျှိုးစောင့်ဆိုင်းနေသူလည်းဖြစ်ပါတယ်...Yeom Jang Seon (Huh Joon Ho) ကတော့

ဥပဒေတက္ကသိုလ်ပါမောက္ခဖြစ်ပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့  ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပါတယ်...

တောင်ကိုရီးယားရဲ့ နိုင်ငံရေးလောကမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံးလူဖြစ်ပြီး လူတကာကို ရုပ်သေးရုပ်လို ခြယ်လှယ်ထိန်းချုပ်နိုင်လောက်တဲ့အထိ

ငွေကြေးဩဇာအပြည့်နဲ့ အင်အားကြီးလှပါတယ်ဆိုတဲ့လူတစ်ယောက်ဆိုလည်း မမှားပါဘူး...တစ်ရက်မှာတော့ လူတစ်ယောက်ကို သတ်လိုက်ရာက

ဘာမှန်းမသိလိုက်ဘဲ နိုင်ငံရေးရန်ပုံငွေထဲကနေ ဝမ် ၂ ထရီလီယံကို hack ခံရပြီး ဆုံးရှုံလိုက်ရတဲ့အခါ...

အသတ်ခံရတဲ့သူနဲ့ ဒီကိစ္စတွေဟာ ဘယ်လိုပတ်သက်နေမလဲ...

ငွေတွေကို Hack သွားတဲ့လူကရော ဘယ်သူဖြစ်မလဲ...

Seo Dong Ju ကရော ဘယ်လိုအကြောင်းကြောင့် လက်စားချေဖို့ ကြိုးစားနေတာလဲ...

အင်အားကြီးမားတဲ့လူနဲ့ ရည်မှန်းချက်ပြင်းထန်သူတို့ကြား နောက်ဆုံးမှာ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာကို

နိုင်ငံရေးလှည့်ကွက်တွေ လက်စားချေမှုတွေ အကွက်ချစီစဉ်မှုတွေ စသဖြင့် လျှို့ဝှက်နက်နဲမှုတွေနဲ့

ဦးနှောက်ကို အလုပ်ပေးရင်း အတူနစ်မြောကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်...
Extraordinary Attorney Woo (2022) Mmsub


Extraordinary Attorney Woo (2022) Mmsub
ဇာတ်လမ်းအညွှန်း
===========
Woo Young Woo က IQ 164တောင်ရှိပြီး ငယ်စဥ်ကတည်းစာတော်ခဲ့တဲ့အပြင်
ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ စီးပွားရေး နဲ့ ရှေ့နေဘွဲ့နှစ်ဘွဲ့တောင်ရခဲ့တဲ့ ရှေ့နေမလေးပါ။
ဉာဏ်ကောင်းချက်ကတော့ ငယ်စဥ်ကဖတ်မှတ်ခဲ့ရတာတွေကို အကုန်မှတ်မိတဲ့အပြင်
ဥပဒေရေးရာအသုံးအနှုန်းတွေကို သည်၊ ၏ မလွဲ မှတ်နိုင်တဲ့အထိပါပဲ။
ဒီလိုချစ်စရာကောင်းပြီးထက်မြက်တဲ့ရှေ့နေမလေးက ဘာလို့များ “ထူးခြားတဲ့ရှေ့နေ ဝူ” ဖြစ်နေရတာပါလဲ။

မွေးရာပါ Asperger’s Syndrome ရောဂါသည်လေးမို့ ဉာဏ်ရည်မှာသူများတွေထက်အများကြီးသာလွန်ပေမယ့်
သာမန်လူတွေအလွယ်လေးလုပ်နိုင်သမျှကို Yong Woo ခမျာ မလုပ်နိုင်ရှာပါဘူး။
ခံစားချက်ကိုဖော်ပြဖို့ခက်ခဲသလို သူငယ်ချင်းမိတ်ဆွေရယ်လို့လည်း များများစားစားမရှိပါဘူး။
လူတွေကြားထဲမှာနေရတာ သူ့အတွက်ခက်ခဲပြီး များသောအားဖြင့်တစ်ယောက်တည်းအနေများတဲ့
Woo Young Woo ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က လူအများနဲ့ဆက်ဆံရပြီး
တစ်ဖက်လူရဲ့လျှောက်လဲချက်တွေကို အချေအတင်ပြန်ချေပရတဲ့ ရှေ့နေအလုပ်ဖြစ်နေတဲ့အခါ ..

အပတ်စဥ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ Woo Young Woo လေးကိုချစ်ပေးကြပါဦး။

အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ JimX, Laii, Milkeux, Joyz တို့ပဲ ဖြစ်ကြပါတယ်။
Dazzling (2026 Ongoing) Mmsub

ဇာတ်လမ်းအကျဉ်း ~
ချင်ယယ်ဟာ မိသားစုအရေးကိစ္စကြောင့် မြို့ပြကနေ ဝေးလံခေါင်ဖျားတဲ့မြို့ငယ်လေးတစ်မြို့ဆီကို ပြန်လာခဲ့ရပါတယ် အဲဒီအချိန်ကစပြီး သူဟာ ပျင်းရိငြီးငွေ့စရာကောင်းပြီး အသက်မဲ့နေတဲ့ ကျားကျားထင်ဆိုတဲ့မြို့လေးကို အလင်းပေးမဲ့ မီးအိမ်ရှင်ဖြစ်လာသလို သူ့ဘဝတစ်ကွေ့မှာ ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်

ရှင်ဝူအတွက်တော့ သူ့ဘဝအချိုးအကွေ့က ဖုန်မှုန့်တွေ လွင့်ပျံနေတဲ့ မနက်ခင်းတစ်ခုမှာ စတင်ခဲ့ပါတယ် အဲဒီမနက်ခင်းမှာ သူဟာ ဒီလောကကြီးနဲ့မသက်ဆိုင်သလို ထူးခြားလွန်းတဲ့ကောင်မလေးချင်ယယ်နဲ့ ဆုံတွေ့ခဲ့ပါတယ် သူတို့နှစ်ယောက်ဟာ ခန်းဆီးပါးပါးလေးတစ်ခုသာ ခြားထားတဲ့ အခန်းလေးထဲမှာ အတူတူနေထိုင်ခဲ့ကြပေမဲ့ ကမ္ဘာနှစ်ခုမှာ ရှင်သန်နေကြသလိုပါပဲ တစ်ဖက်မှာ သူက ဗီဒီယိုဂိမ်းထဲမှာ အာရုံနစ်ဝင်နေချိန်မှာ နောက်တစ်ဖက်မှာတော့ ချင်ယယ်က စာတွေကို ကြိုးစားပမ်းစား လေ့လာနေခဲ့ပါတယ်

ချင်ယယ် ဒီနေရာကို စရောက်ခါစက ဘယ်သူ့အတွက်နဲ့မှ အခြေချနေထိုင်မှာမဟုတ်ဘူး တစ်နေ့မှာ ဒီမြို့လေးကနေ မဖြစ်မနေ ထွက်ခွာသွားမယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားခဲ့တာပါ ဒါပေမဲ့ ရှင်ဝူနဲ့ ရင်းနှီးလာပြီးနောက်မှာတော့ သူ့စိတ်ကူးတွေ ပြောင်းလဲသွားခဲ့ပါတယ် ချင်ဝူက "ငါ သူ့ကို မတူညီတဲ့ လမ်းကြောင်းသစ်တစ်ခုပေါ် ရောက်အောင် ဆွဲတင်ပေးမယ်" ဆိုတဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ချက်နဲ့အတူ ရှင်ဝူနဲ့ တခြားသော သူငယ်ချင်းတွေကိုပါ ဘဝရည်မှန်းချက်တွေ ရှာဖွေတွေ့ရှိအောင် ကူညီပေးခဲ့ပါတယ်။

အထက်တန်းကျောင်းသားဘဝရဲ့ ခက်ခဲလှတဲ့ အချိန်တွေကို အတူတူကျော်ဖြတ်ပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တက္ကသိုလ်ဘွဲ့ရတဲ့အထိ ကိုယ်စီလမ်းကြောင်းပေါ်မှာ ကြိုးစားခဲ့ကြပါတယ်။ နှစ်အတော်ကြာပြီးနောက်မှာ ကျားကျားထင်ဆိုတဲ့မြို့လေးမှာပဲ ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့... သူတို့နှစ်ယောက်ဟာ ငယ်ဘဝအိပ်မက်တွေကို ကိုယ်စီအကောင်အထည်ဖော်နိုင်ခဲ့ကြသလို၊ အချိန်က သက်သေတည်ပေးခဲ့တဲ့ သူတို့ရဲ့ လှပတဲ့အချစ်ဇာတ်လမ်းလေးကိုပါ ပိုင်ဆိုင်ခွင့်ရရှိသွားခဲ့ပါတော့တယ်။

​မြို့ပြမိန်းကလေးနဲ့ နယ်မြို့လေးက လူငယ်လေးတွေရဲ့ နှစ်ဖက်အကျိုးပြု ဘဝတိုးတက်ပြောင်းလဲမှုကို မြင်တွေ့ရမယ့် ဒီ Dazzling ဆိုတဲ့ ဇာတ်လမ်းလေးကို GC Chinese Team ကနေ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်

Reviewed by Xiao Lan
Translated by GC Chinese Team
Encoded by Feng
Title: Dazzling
Native Title: 耀眼
Also Known As: Wen Rou De Ri Zi , Yao Yan , 温柔的日子 , 溫柔的日子
Type: Drama
Format: Standard Series
Country: China
Episodes: 30
Airs: 2026 - ?
Original Network: Hunan TV, Mango TV

#ရွှန်းလက်ရောင်ခြည်ချစ်ဒိုင်ယာရီ
#耀眼
#Dazzling
Countdown (2019)
Mobile ခေတ် ဖြစ်လာတာနဲ့ အမျှလူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ်နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်…တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာသောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က ” Countdown” ပါထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကိုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်…ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူအရင်သေမလဲ ပြိုင်ကြပါတော့တယ်…အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိနေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်းကောင်မလေး တစ်ယောက်ကတော့၃ နာရီ အတွင်း သေမယ်လို့ App ကသတိပေးလာပါတယ်…အားလုံး အတော်လေး ရယ်လိုက်ရပါတယ်အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ်တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP ကချိန်းခြောက်ခံထားရတဲ့ကောင်မလေးပါပဲ…တကယ်တမ်း ၃နာရီအတွင်းသေမလားရှင်မလားဆိုတာကိုတော့ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြစို့
#credit
My Royal Nemesis (2026 Ongoing) Mmsub

ဇာတ်လမ်းအကျဥ်း
==============
ဂျိုဆွန်းခေတ်က ဉာဏ်ရည်ထက်မြက်တဲ့အပြင် ကောက်ကျစ်စဥ်းလဲပြီး ရည်မှန်းချက်ကြီးတဲ့ “ဂန်ဒန်ရှင်း” ဆိုတဲ့ တော်ဝင်ကိုယ်လုပ်တော်ရဲ့အကြောင်းနဲ့ အစပြုထားပါတယ်။

“ဂန်ဒန်ရှင်း” က နာမည်ဆိုးနဲ့ကျော်ကြားပြီး အကြင်နာတရားမရှိ ရက်စက်တတ်တဲ့သူဖြစ်တဲ့အလျောက် နောက်ဆုံးမှာ အဆိပ်သောက်သေဖို့အတွက် သေဒဏ်ပါချမှတ်ခံလိုက်ရတဲ့သူပေါ့။

ဒီလိုနဲ့သေဒဏ်ချမှတ်ခံလိုက်ရလို့ သေဆုံးသွားတဲ့ “ဂန်ဒန်ရှင်း” ရဲ့ကံကြမ္မာက ဒီမှာတင်အဆုံးမသတ်သွားသေးဘဲ မျက်မှောက်ခေတ် ၂၁ ရာစုနှစ်ရဲ့ မအောင်မြင်မကျော်ကြား ဇာတ်ဝင်ခန်းသေးသေးလေးတွေမှာပဲ​သရုပ်ဆောင်ခွင့်ရတဲ့ သရုပ်ဆောင်မင်းသမီး “ရှင်းဆောရီ” ရဲ့ခန္ဓာကိုယ်ထဲကို “ဂန်ဒန်ရှင်း” ရဲ့ဝိညာဥ်ဝင်ရောက်လာတဲ့အခါ .. ။

ဆိုးသွမ်းတဲ့ ကိုယ်လုပ်တော်ဝိညာဥ်ဝင်ပူးခံထားရတဲ့ ရုပ်ရှင်မင်းသမီး “ရှင်းဆောရီ” တစ်ယောက် ..
အေးစက်တဲ့အကျင့်စရိုက်နဲ့ အာဏာကြီးသူဌေးမျိုးရိုးရဲ့အမွေဆက်ခံသူ “ချာဆယ်ဂယ်” နဲ့တွေ့ဆုံရာကနေ love-hate relationship တစ်ခု စတင်လာတဲ့အခါမှာတော့ ..

ဘယ်လို အလွဲအချော်တွေနဲ့ ရယ်စရာ၊ အသည်းယားစရာတွေ ဖြစ်လာမလဲ ..

ဂျိုဆွန်းခေတ်ရဲ့ ဆိုးသွမ်းတဲ့တော်ဝင်ကိုယ်လုပ်တော် နဲ့ မျက်မှောက်ခေတ်ရဲ့ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ မမ Lim Ji Yeon ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ
မင်းသားချော Heo Nam Jun ကိုလည်း ခေါင်းဆောင်မင်းသားအနေနဲ့တွဲဖက်မြင်တွေ့ရမှာဖြစ်လို့
အပတ်စဥ် သောကြာ နဲ့ စနေနေ့တိုင်းမှာရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။


Episodes:  14
Aired:  May 8, 2026 - Jun 20, 2026
Aired On: Friday, Saturday
Original Network:  SBS
Genres: Comedy, Romance, Drama, Fantasy
𝗧𝗵𝗲 𝗖𝗵𝗼𝘀𝗲𝗻: 𝗙𝗼𝗿𝗯𝗶𝗱𝗱𝗲𝗻 𝗖𝗮𝘃𝗲 (𝟮𝟬𝟭𝟱) Mmsub

#Horror #Thriller

ပုံမှန်လူတွေ မမြင်နိုင်မကြားနိုင်တဲ့အရာတွေကို မြင်နေကြား မြင်နိုင်မှကြားနိုင်တဲ့အရာ နေရင် အဲဒီလူက စိတ်ပိုင်းဆိုင်ရာအရ
င်းနေတာ ဖြစ်ချင်ဖြစ် တစ်ခုခု ချို့ယွင်းနေတာဖြစ်ချင်ဖြစ် ဒါမှမဟုတ် သဘာဝလွန် ကိစ္စတွေနဲ့ ဆက်နွယ်နေမိတဲ့သူပေါ့။
ဒါကိုတချို့က “နတ်ဝင်သည်ရောဂါ” လို့လည်းခေါ်ကြပါသေး တယ်။
နတ်ဝင်သည်ရောဂါဆိုတာက ကိုယ်ကနတ်ဝင်သည်မျိုးရိုးဖြစ် နေရင် အချိန်တန်ရင် ဒီအလုပ်ကို
လုပ်ရမယ်ဆိုတာကို မမြင်အပ်တဲ့အရာတွေက လာလှုံ့ဆော် တာမျိုးပါ။
အဲဒီလိုကံကြမ္မာကို ကိုယ်ကလက်မခံဘူးဆိုရင် ကိုယ့်ဘေး ပတ်ဝန်းကျင်က လူတွေ ဒုက္ခရောက်တာမျိုး
ကိုယ့်မှာလည်း မကောင်းတဲ့ကိစ္စတွေ အမျိုးမျိုးဖြစ်လာတာ မျိုးပေါ့။
“ရှင်းဂျင်မြောင်း” က စိတ်ရောဂါ ပညာရှင်တစ်ဦးအနေနဲ့ရော
ပယောဂဆရာအနေနဲ့ပါ လူတွေကိုကယ်တင်ပေးနေတဲ့ သူပါ။တစ်နေ့မှာ “ရှင်းဂျင်မြောင်း” နဲ့
နတ်ဝင်သည်ရောဂါခံစားနေရတဲ့ “ဂင်ဂွန်း ဂျူ” တို့ ဆုံဖြစ်သွားပါတယ်။
“ဂင်ဂွန်းဂျူ” တွေ့ကြုံနေရတဲ့ အဖြစ်ဆိုးတွေ က နတ်ဝင်သည်လုပ်လိုက်ရုံနဲ့ ပြီးသွားမဲ့အရာတွေလို့
ထင်ထားပေမဲ့ အဲဒီလိုမဟုတ်ဘဲ မျိုးရိုးစဉ် ဆက် အမွေဆက်ခံနေရတဲ့ ကျိန်စာဆိုးကြီးတစ်ခုဖြစ်နေတဲ့ အခါမှာ