Channel M (Reviews Channel)
137 subscribers
4 photos
Admin Acc - @Myint_MH @Tg_Thoon
Main Channel 🖇🔗👇🏻
https://t.me/Myint_MH7
Download Telegram
Channel photo updated
Channel name was changed to ÂŤChannel M (Reviews Channel)Âť
Border 2 (2026) Mmsub

ဇာတ်လမ်းအညွှန်း
=============
Border 2 ဟာ ပရိသတ်တွေ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ အကြီးကျယ်ဆုံး စစ်ကားကြီးတွေထဲက တစ်ခုပါ။ ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအတွင်းက မမေ့နိုင်စရာ ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး၊ ဒီတစ်ခါမှာတော့ ရှေ့တန်းက စစ်သားတွေရဲ့ ရဲရင့်မှုတင်မကဘဲ သူတို့ရဲ့ ပေးဆပ်မှုနဲ့ ရင်တွင်းခံစားချက်တွေကို ပိုပြီး ခိုင်ခိုင်မာမာ ပုံဖော်ထားပါတယ်။

ဂန္ထဝင်မင်းသားကြီး Sunny Deol ကတော့ သူ့ရဲ့ အားမာန်အပြည့်နဲ့ အော်ဟစ်သံတွေ၊ မျိုးချစ်စိတ်ဓာတ်တွေကို ပြန်လည်သယ်ဆောင်လာပြီး လူငယ်မျိုးဆက်သစ် စစ်သားတွေကို ဦးဆောင်သွားမှာပါ။ နယ်စပ်မျဉ်းပေါ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေက ရိုးရိုးတိုက်ပွဲတွေတင် မဟုတ်ဘဲ မိသားစု၊ တိုင်းပြည်နဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတို့ကြားက အားပြိုင်မှုကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ခေတ်မီတဲ့ ရိုက်ကူးရေး နည်းပညာတွေကြောင့် စစ်မြေပြင်ရဲ့ ကြမ်းတမ်းမှုနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို အပြင်မှာ တကယ်ဖြစ်နေသလို ခံစားရစေမှာပါ။

ဟိုးအရင် 'Border' ကားကို ကြည့်ဖူးတဲ့သူတွေအတွက် ဒီကားကအလွမ်းပြေစေသလို၊ စစ်ကားအကြမ်းစား ကြိုက်တဲ့သူတွေအတွက်လည်း အားရကျေနပ်စေမယ့် ကားမျိုးပါ။ Sunny Deol အပြင် Varun Dhawan နဲ့ Diljit Dosanjh တို့လို နာမည်ကြီး သရုပ်ဆောင်တွေပါဝင်လို့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုအောင် အားကောင်းပါတယ်။ အက်ရှင်ခန်းတွေ၊ ပေါက်ကွဲခန်းတွေက တကယ့်ကို အကြီးစား (Big Scale) ဖြစ်တာကြောင့် ကြည့်ရတာ တန်စေမယ့် ကားမျိုးပါ။
Perfect Crown (2026 Ongoing )

ဇာတ်လမ်းအညွှန်း
============
Sung Hui-ju (IU) ဟာ ထိပ်တန်း လူချမ်းသာမိသားစုရဲ့ ဒုတိယမြောက်သမီး ဖြစ်ပေမဲ့လည်း
လူချမ်းသာအသိုင်းအဝိုင်းထဲမှာ သာမန်အရပ်သားတစ်ယောက်လိုပဲ ခံစားနေရပြီး
အမြဲတမ်း ဘဝကို အားမလိုအားမရ ဖြစ်နေသူပါ။

တစ်ဖက်မှာလည်း ဘုရင်ရဲ့ ဒုတိယမြောက်သားတော် Prince I-an (Byeon Woo-seok) ဆိုတာ ရှိပါတယ်။
သူဟာ မင်းသားတစ်ပါး ဖြစ်ပေမဲ့လည်း တကယ့်လက်တွေ့မှာတော့ ဘာအဆောင်အယောင်မှ မရှိဘဲ
ဝမ်းနည်းကြေကွဲမှုတွေနဲ့ ဘဝကို ဖြတ်သန်းနေရသူပါ။

ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ဒီလိုဆန့်ကျင်ဘက် အခြေအနေရှိတဲ့ သူနှစ်ယောက်ဟာ
"စာချုပ်လက်ထပ်ပွဲ" တစ်ခုကို ဖန်တီးခဲ့ကြရပါတယ်။ အာဏာ၊ ငွေကြေးနဲ့ နန်းတွင်းစည်းမျဉ်းတွေကြားမှာ
တစ်ယောက်နဲ့တစ်ယောက် ရုန်းကန်ရင်းကနေ ဘယ်လိုမျိုး သံယောဇဉ်တွေ ငြိတွယ်လာမလဲဆိုတာကို​တော့...။

၂၁ ရာစုရဲ့ ခေတ်သစ်နန်းတွင်းနောက်ခံနဲ့ လူချမ်းသာလောကကို ရောယှက်ထားတဲ့ Perfect Crown ကို
လာမယ့် ဧပြီလ ၁၀ ရက်နေ့ (၂၀၂၆) မှစတင်ပြီး အပတ်စဉ် သောကြာ၊ စနေနေ့တိုင်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။


Episodes: 12
Aired: Apr 10, 2026 - May 16, 2026
Aired On: Friday, Saturday
Original Network: MBC
Duration: 1h 30m
Subtitle: Myanmar Subtitle (Hard Sub)

#Crd
Silo (2023) Season 1+2 Mmsub
အညွှန်းဖတ်ရန်
==========
Siloဆိုတာကတော့ ၁၄၄ ထပ်ရှိတဲ့ မြေအောက်မျှော်စင်မြို့တော်ကြီးတစ်ခု၊
အထဲမှာ မြို့တစ်မြို့နဲ့ညီမျှတဲ့အင်္ဂါရပ်တွေ အကုန်အစုံရှိပြီးတော့ ပဋိညာဉ်တစ်ခုကို နေထိုင်သူအားလုံး လိုက်နာရတဲ့နေရာတစ်ခုပေါ့။

1ပြင်ပကမ္ဘာကြီးကတော့ ကပ်ဆိုက်ပျက်စီးပြီးတော့ အဆိပ်သင့်နယ်မြေလို့ ယူဆကြပြီးတော့
ဒီSiloထဲက လူတစ်စုကတော့ Siloရဲ့ပြင်ပကိုထွက်ချင်ပါတယ်လို့ လုံးဝမပြောပါဘူးဆိုတဲ့
အဓိကဥပ‌ဒေတစ်ခုအပါအဝင် တခြားမြောက်များစွာသောစည်းကမ်းတွေကို မဖြစ်မနေလိုက်နာရပါတယ်။

ဒီမှာမေးစရာရှိလာတာက စည်းကမ်းမလိုက်နာရင် Siloရင်ပြင်ပကိုထွက်ချင်ပါတယ်လို့ ပြောလာတဲ့လူအတွက် ဘာပြစ်ဒဏ်ရှိလဲ။

ဒီလို အပြင်ထွက်ချင်တယ်လို့ ပြောလာသူတိုင်းကို အပြင်ထွက်ခွင့်ပေးပါတယ်။

အလဲအလှယ်အနေနဲ့ Siloရဲ့1အပြင်ဘက်မှာတပ်ဆင်ထားတဲ့ ပြင်ပအာရုံခံစက်တွေကို သန့်ရှင်းရေးလုပ်ရပါတယ်။

ဒါပေမဲ့ထူးခြားတာကတော့ အပြင်ကိုထွက်ချင်တယ်ပြောမိသူတိုင်း မဖြစ်မနေ သန့်ရှင်းရေးလုပ်စရာမလိုပေမဲ့ သန့်ရှင်းရေးလုပ်ပြီးသူတိုင်းတော့ မိနစ်ပိုင်းအတွင်း သေဆုံးကုန်ကြပါတယ်...

Siloရဲ့အပြင်ဘက်ကမ္ဘာမှာ ဘာတွေရှိနေမလဲ...
Jana Nayagan (2026) Mmsub

ဇာတ်လမ်းအညွှန်း
============
ကတိစကားတခွန်းကြောင့် မိတ်ဆွေဖြစ်သူရဲ့သမီးလေး ဗီဂျာယာကို သမီးအရင်းလို စောင့်ရှောက်ပေးနေတဲ့ သာလာပါသီ။

ဗီဂျာယာဟာ ငယ်ဘဝက အဖြစ်ဆိုးတခုကြောင့် စိတ်ဒဏ်ရာရထားသူဖြစ်ပြီး
သာလာပါသီကတော့ အေးအေးချမ်းချမ်းနေဖို့ကြိုးစားနေတဲ့ ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။

သာလာပါသီဟာ ဗီဂျာယာကို စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးရင်း ဗီဂျာယာကို စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူတွေက အိန္ဒိယနိုင်ငံကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်နေမှန်းသိသွားတဲ့အခါမှာတော့...
9-1-1: Lone Star (2020 -2023)
ဇာတ်လမ်းအညွှန်း
=============
9-1-1 Lone Star ကတော့ 9-1-1 ရဲ့ Spin off ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာတော့ တက္ကဆပ်ပြည်နယ်ကို ယခင်က Lone Star လို့ ခေါ်ခဲ့တာပါ။
ဒီဇာတ်လမ်းကတော့ တက္ကဆပ်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဘေးအန္တရာယ်တွေကို အမှတ် ၁၂၆ မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန၊ ရဲဌာန တို့ရဲ့ကြိုးပမ်းမှုတွေကို ဇာတ်လမ်းအချိတ်အဆက်မိမိ ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ပြထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မီးသတ်ဌာနမှူး ကပ္ပတိန် အိုဝင် စထရန်းဟာ တက္တဆပ်ပြည်နယ်၊ အော်စတင်မြို့လေးဆီကို ပြောင်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူနဲ့အတူ သူ့ရဲ့သား တီကေ စထရန်းလည်း ပါလာခဲ့ပါတယ်။
အော်စတင်မြို့ရဲ့ အမှတ် ၁၂၆ မီးသတ်ဌာနမှူး ဂျဒ်ဟာလည်း တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူအနေနဲ့ စိတ်ဒဏ်ရာ ရနေခဲ့ပါတယ်။
ခေါင်းဆောင်အဟောင်း နဲ့ အသစ်တို့ကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်သလို ရယ်မောစရာ ဟာသခန်းတွေကိုလည်း သဘာဝကျကျ မြင်ရမှာ ဖြစ်လို့ 9-1-1 ပရိသတ်များ သဘောတွေ့စေဦးမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။
Memorist (2020) Mmsub

ဇာတ်လမ်းအကျဉ်း🔂
Dong Baek (Yoo SeungHo)ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ သဘာဝလွန်စွမ်းအားတစ်ခုကို ရရှိခဲ့ပါတယ်။

သူ့ရဲ့စွမ်းအားကတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုထိလိလူတစ်နဲ့ အဲ့လူရဲ့မှတ်ဥာဏ်ကိုဖတ်နိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ်။

သူဟာတိုက်ရည်ခိုက်ရည်ရှိတဲ့အပြင် ရရှိထားတဲ့စွမ်းအားတွေကိုအသုံးချလေတော့ အထက်မြက်ဆုံးသောစုံထောက်ကောင်းတစ်ယောက်ဖြစ်လာခဲ့တယ်။

တစ်နေ့တော့ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်တယ်။သိပ်မကြာခင် မှာပဲနောက်တစ်ယောက်ဆက်ပြီးအသတ်ခံရတယ်။သဲလွန်စတွေလည်းမကျန်သလို လူသတ်သမားကလည်းခေါင်းကောင်းတဲ့ကြေးစားလူသတ်သမားဖြစ်တယ်။

အဲ့ဒီအမှုတွေကိုHan Sun Mi (Lee Se Young)ဆိုတဲ့ ခပ်ချောချောအထူးစုံထောက်မလေးလည်းလိုက်နေတယ်။ဒီလိုနဲ့Dong Baek(Yoo SeungHo)နဲ့Han Sun Mi(Lee Se Young)တို့ပူးပေါင်းမိပြီး

ဒီထူးဆန်းပြီးလူမဆန်တဲ့ကွင်းဆက်လူသတ်မှုတွေကိုထော်ထုတ်နိုင်မှာလား? မတားဆီးနိုင်တဲ့အပြင်နောက်ထပ်လူသတ်မှုတွေထပ်ဖြစ်မှာလား? လူသတ်သမားကရောဘယ်သူလဲဆိုတာကိုတော့...ဇာတ်ကားလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်ရှု့ကြပါ....🔂
The Tyrant (2024) Mmsub

ဇာတ်လမ်းအညွှန်း
============
မင်းသားကြီး Cha Seung-Won နဲ့ Kim Sun-Ho တို့သာမက မင်းသား Kim Kang-Woo နဲ့ မင်းသမီး Joo Yoon-su တို့အပြင် အခြားနာမည်ကြီးတွေပါဝင်ထားတဲ့ အမိုက်စားအက်ရှင်ကားသစ်ကြီး ထွက်လာပါပြီ။

ဇာတ်လမ်းအညွှန်းကတော့-
Tyrant လို့ခေါ်တဲ့ Program ရဲ့ နောက်ဆုံးနမူနာဟာ တစ်နေရာကိုပို့ဆောင်ရင်း မတော်တဆ ပျောက်ဆုံးသွားပါတော့တယ်။

ဒါရိုက်တာ ချွဲ (Kim Sun-Ho)ကတော့ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ ဗျူရိုဒါရိုက်တာဖြစ်ပေမဲ့ ဒီ Tyrant program ကို တရားမဝင်ခွဲခြမ်းစိတ်ဖြာနေတဲ့သူပါ။

အင်ဆန်း (Cha Seung-Won) ကတော့ အေးဂျင့်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ Tyrant Program နဲ့ ပတ်သတ်တဲ့သူမှန်သမျှကို လိုက်ရှင်းပစ်နေတဲ့သူပမတူညီတဲ့ရည်ရွယ် Kang-Woo)ကတော့ နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီတစ်ခုရဲ့အေးဂျင့်တစ်ဦးဖြစ်ပြီး Tyrant Program ရဲ့ နောက်ဆုံးနမူနာကို ဖျက်ဆီးပစ်ဖို့အတွက် အမိန့်ရထားတဲ့သူပါ။

ဒီလိုနဲ့ ပျောက်ဆုံးသွားတဲ့ Tyrant Program ကို မတူညီတဲ့ရည်ရွယ်ချက်အသီးသီးနဲ့ ပြန်လည်ရယူဖို့ကြိုးစားရင်း အချင်းချင်း ဘယ်လိုဘယ်ပုံ ရင်ဆိုင်တိုက်ခိုက်သွားကြမလဲဆိုတာကို
စိတ်ဝင်တစား ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။
ďťż
Forwarded from Channel M ( Movie Channel ) Mmsub
The 40 Year Old Virgin ( 2005 ) 🔞

ဇာတ်လမ်းအညွှန်း
========================
“အသက် ၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ” ဆိုတာကြားဖူးကြတယ်ဟုတ်။ အဲဒီလို ရုပ်ရှင်မျိုးပါပဲ ဒီကားလဲ။ ဒါပေမယ့် ဒီကားမှာ သဘောကျစရာလေးတွေပါနေပြန်ပါတယ်။ ကြိုတော့ ပြောထားပါရစေ။ ဒီကားက 18+ ပါ။ ဒါမယ့် အရမ်းရိုင်းတဲ့အခန်းတွေမပါပါဘူး။ အကုန်လုံးလဲ American Pie တို့ဘာတို့ ကြည့်ကြတာပဲမဟုတ်လား။ ဒီလိုပါပဲ။
သူက အသက် ၄၀ သာပြည့်သွားတယ်။ အဲဒီအချိန်အထိ လိင်မဆက်ဆံဖူးဘူး။ ပြောရရင် လူပျိုကြီးပေ့ါ။ အိမ်မှာပဲ တစ်ယောက်တည်းနေတယ်။ ရည်းစားလည်းမရှိ၊ အပေါင်းအသင်းလည်းမရှိ။ အိမ်မှာ တီဗီရှိုးတွေကြည့်လိုက်၊ အားကစားလုပ်လိုက်၊ အရုပ်တွေဝယ်စုလိုက်နဲ့ ဘဝကိုလွတ်လွတ်လပ်လပ်နေနေခဲ့တယ်။ ဒါပေမယ့် တစ်ရက်သား အလုပ်ထဲမှာ ဝိုင်းဖွဲ့စားသောက်ရင်း ရည်းစားနဲ့ကြုံဖူးခဲ့တဲ့ အမှတ်တရတွေပြောကြတဲ့အခါမှာတော့ သူ့အကြောင်းကို တစ်ခြားသူတွေသိသွားရော။
အဲဒီအချိန်မှာပဲသူ့ကို တွေ့သမျှကောင်မလေးနဲ့ ချိတ်ပေးတော့တယ်။ ရည်းစားစကားဘယ်လိုပြောရလဲ။ intro ဘယ်လို ဝင်ရတယ်ဘာညာ။ သူကလည်း လူအေးအေးကြီး။ စကားကိုလည်း ခပ်ပြတ်ပြတ်ပဲပြောတယ်။ ပြီးတော့ sex ကိစ္စကိုလည်း အသည်းအသန်မဟုတ်တော့ သူ့ကိုတွန်းရတာ အတော်လေးကိုလက်ပေါက်ကပ်တယ်။ ကြားထဲ ပြဿနာတွေဖြစ်၊ ဟာသတွေဖြစ်နဲ့ နောက်ဆုံးမှာတော့ သူလည်းသူချစ်တဲ့သူနဲ့တွေ့သွားပါတယ်။
ဒီကားမှာဆိုရင် sex ဆိုတာထက် ချစ်ခြင်းမေတ္တာကပိုအရေးကြီးတယ်ဆိုတာ ဟာသနှောပြီးပြသွားတယ်။ ပြီးတော့ အချစ်အတွက် စွန့်လွှတ်ရမှာတွေရှိတယ်။ လူဆိုတာ အများနဲ့ယှဉ်လာရင် ကိုယ့်ဘို့ပဲကိုယ်ကြည့်တယ်ဆိုတာတွေ ပါးပါးလေးနဲ့ပုတ်သွားတာအများကြီးပါ။
Steve Carell တို့ Seth Rogen တို့ရဲ့ သရုပ်ဆောင်ပုံတွေက အခုခေတ်မှာပြန်ကြည့်ရင် တစ်မျိုးကြီးဖြစ်နိုင်ပေမယ့် ကြည့်နေရင်းကို အဲဒါတွေသတိထားမိတော့မှာမဟုတ်ပါဘူး။ သာမန်ဟာသကားတွေ၊ အချစ်အကြောင်းတွေကြည့်ရတာ ပျင်းလာပြီ၊ လေးတယ်လို့ထင်နေရင်တော့ ဒီကားသာကြည့်ပါ။ ပထမဆုံးအပိုဒ်မှာ သတိပေးခဲ့တာလည်း မမေ့ကြနဲ့ဦးနော်…
ďťż
Tee Yod 1" Death Whisperer " (2023)

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် Movie လေးက “Death Whisperer ” လို့အမည်ရတဲ့ Horror Movie လေးပါ။ ဇာတ်လမ်းလေးကတော့ ၁၉၇၂ ခုနှစ်က မြို့ပြယဉ်ကျေးမှုနဲ့ ဝေးကွာလှတဲ့ ကန်ချနပူရီခရိုင်က ထိုင်း-တရုတ် လယ်သမားမိသားစုတစ်ခုရဲ့ ဇာတ်ကြောင်းလေးကို ရိုက်ကူးပုံဖော်ထားတာမျိုးပါ။

ဒီလယ်သမားမိသားစုကတော့ ရွာထဲမှာ သား ၃ ယောက် သမီး ၃ ယောက်နဲ့ ဘဝကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့ မိသားစုတစ်စုပါ။ တစ်နေ့မှာတော့ ရွာထဲက ကလေးမလေးတစ်ယောက်ဆီမှာ ဆန်းကြယ်စရာဖြစ်ရပ်တွေဖြစ်ပြီး အဲဒီကလေးမလေးက ဆုံးသွားရှာတယ်။ အဲဒီဆန်းကြယ်မှုကြီးက ဒီမိသားစုဆီ ရောက်လာပါတော့တယ်။ သမီးဖြစ်သူ ၃ ယောက် ကျောင်းသွားရာလမ်းမှာ ထူးဆန်းတဲ့ အနက်ရောက်ဝတ်စုံပြည့်နဲ့ မိန်းမတစ်ယောက်ကို တွေ့ခဲ့ရပြီး မကြာခင်မှာပဲ သမီး ၃ ယောက်ထဲက အလတ်မလေးက ထူးဆန်းတဲ့ ဖျားနာမှုတွေ ညသန်းခေါင် ဆူညံတွေသံအော်ဟစ်နေတာမျိုးတွေကို စတင်ခံစားခဲ့ရပါတော့တယ်။ ဒီလိုမျိုး သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ..
Tee Yod 2 "Death Whisperer “
( 2024 ) Mmsub

ဇာတ်လမ်းအကျဉ်း
=============
ဒီmovie လေးကတော့ အထူးတလည်ညွှန်းနေစရာမလိုတဲ့ Horror ဖန်တွေရဲ့အကြိုက်တွေ့စေတဲ့ Horror ကားကြမ်းကြမ်းလေးပဲဖြစ်ပါတယ် ထိုင်း Horror တွေကို မကြိုက်တဲ့လူတွေကိုတောင် ဆွဲဆောင်နိုင်ပြီး ကောင်းလိုက်တာလို့ ချီးကျူးစေတဲ့movie တစ်ကားပဲဖြစ်ပါတယ်...

Death Whisperer 1 ဟာဆိုရင် ရုံတင်တဲ့အချိန်မှာ ဝင်ငွေတွေစံချိန်ချိုးပြီး အခု Death Whisperer 2ဟာလည်း 2024 မှာ ဝင်ငွေတွေ စံချိန်တွေချိုးပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ဒီကားကိုစောင့်နေကြတဲ့ပရိသတ်တွေ များစွာရှိမယ်လည်းထင်ပါတယ်...

ဇာတ်လမ်းကတော့ ပြန်နွှေးရရင် ၁၉၇၂ခုနှစ်က မြို့ပြယဉ်ကျေးမှုနဲ့ ဝေးကွာလှတဲ့ ကန်ချနပူရီခရိုင်က ထိုင်း-တရုတ် လယ်သမားမိသားစုတစ်စုရဲ့ ဇာတ်ကြောင်းလေးကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်...
Tee Yod 3 "Death Whisperer “
( 2025 ) Mmsub

( ရှယ်ကြောက်ဖို့ကောင်းတဲ့
ရုံကားသစ်ကြီးပါ) 🔥🔥

Horror Fan တွေရော၊ P'Yak (Nadech) Fan တွေပါ အမျှော်လင့်ဆုံးဖြစ်နေတဲ့ ထီယော့သရီး ထွက်ရှိလာပါပြီ။

ဒီတစ်ခါတော့ သာမန်သရဲကားထက် ပိုကြမ်းပြီး လက်စားချေမှုတွေ ပိုပြင်းထန်လာမဲ့ ပွဲပါပဲ။

2 မှာတုန်းက ယက်တစ်ယောက် သရဲကို မမှု၊ ကျည်တွေကိုအံတုလို့ ဒေါင်ခမုတ်တောအုပ်ကြီးထဲထိ လိုက်ပြီးမကောင်းဆိုးဝါးကို အသေအလဲ တိုက်ခိုက်ခဲ့ပေမဲ့... မကောင်းဆိုးဝါးဆိုတာ အမြစ်ပြတ်ဖို့ ခက်ခဲလွန်းနေပြန်ပါရော......

မကောင်းဆိုးဝါးကို ရှင်းလင်းပြီး မိသားစုလေး ပျော်မယ်ကြံခါမှ လွတ်မြောက်သွားတဲ့ မကောင်းဆိုးဝါးဝိညာဉ်က အငြိုးအတေးတွေနဲ့အတူ ပြန်လာပါပြီ။
Evil Dead Rise (2023)
ဇာတ်လမ်းအညွှန်း
============
Evil Dead ဆိုတာ ဟော်ရာရုပ်ရှင်လောကရဲ့ နာမည် အကြီးဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ ဟောဒီ ရုပ်ရှင်ကတော့ Evil Dead ရဲ့ ၅ ကားမြောက်ရုပ်ရှင် ပဲဖြစ်ပါတယ်။ ကျန်တဲ့လေးကားကိုလည်း ချန်နယ် မြန်မာမှာ တင်ပေးထားပြီးပါပြီ။ ဒါရိုက်တာ Lee Cronin ဟာ အရင်က The Hole in the Ground ဆိုတဲ့ဟော်ရာကားတစ်ကားလောက်ပဲ ကြီးကြီးမား မားရိုက်ဖူးပေမဲ့ ဒီ Evil Dead ရုပ်ရှင်မှာတော့ ရှား ရှားပါးပါး IMDb - 7.1/10 ရတဲ့အထိ လက်စွမ်းပြ နိုင်ခဲ့ပါတယ်။ သူ့ရဲ့ The Hole in the Ground ကို လည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဒီ ရုပ်ရှင်က အစတုန်းက HBO Max ကနေ ပြဖို့ လောက်ပဲ စီစဉ်ထားပေမဲ့ အကြိုပွဲတွေမှာအရမ်းကို လူကြိုက်များလွန်းတာကြောင့် ရုံတင်ဖို့ဆုံးဖြတ် လိုက်ရတဲ့အထိ ဖြစ်သွားတာပါ။ မူရင်းသုံးကားမှာ အဓိကပါဝင်ခဲ့တဲ့ မင်းသား ဘရုစ်ကမ်းဘဲ မပါဝင် တော့ပေမဲ့ သူ့အသံကိုတော့ အသံဖမ်းတိတ်ခွေတစ် နေရာမှာ ထည့်သွင်းအသုံးပြုပေးထားသလို အရင် ရုပ်ရှင်တွေထဲက ကြောက်စရာအကောင်းဆုံး စကားလုံးတွေကိုလည်း ပြန်လည်ထည့်သွင်းပေး ထားပါတယ်။

အယ်လီဟာ ကလေးသုံးယောက်အမေ တက်တူး ပညာရှင် တစ်ကိုယ်ရည်မိခင် ဖြစ်ပါတယ်။ သူ့ရဲ့ ညီမ ဘက်သ်ကတော့ ဂစ်တာနည်းပညာရှင်ဖြစ်ပြီး တစ်နေ့မှာ သူ့အစ်မအိမ်ကိုလာလည်တဲ့အချိန်မှာပဲ Evil Dead ရုပ်ရှင်တွေရဲ့ မပါမဖြစ် သေမင်းစာအုပ် ကြီးကို ကလေးတစ်ယောက် မတော်တဆတွေ့သွား ပြီး မိစ္ဆာတွေလွတ်မြောက်လာတဲ့အခါ… ဒီမိသားစု ၅ ယောက်ဘယ်သူတွေသေပြီး ဘယ်သူ တွေဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ရမလဲ တွေ့ရပါလိမ့်မယ်.။
Uncontained (2025) Mmsub
ဇာတ်လမ်းအညွှန်း
=============
“Uncontained” (2025) ဆိုတဲ့ ရုပ်ရှင်က ဆောင်းရာသီရဲ့ အေးခဲတဲ့ မြောက်အမေရိက သစ်တောထဲက ထိတ်လန့်စရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ဒရစ်ဖ်တာ (drifter) တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အတိတ်က သိပ်မသန့်ရှင်းတဲ့ ပုံစံမျိုးပါ။
သူဟာ စွန့်ပစ်ခံထားရတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ညီမလေးတို့နဲ့ ဆုံမိရာကနေ ဇာတ်လမ်းစတယ်။ ဒီကလေးနှစ်ယောက်ကို သူတို့ရဲ့ မိဘတွေမရှိတဲ့အချိန်မှာ ကာကွယ်ပေးရမယ့် တာဝန်က သူ့ပုခုံးပေါ်ကို ရောက်လာတယ်။
ဒါပေမယ့် ဒီလောကမှာ ဘာမဆိုဖြစ်နိုင်တယ်။ လူတွေကို ရိုင်းစိုင်းပြီး တိရစ္ဆာန်ဆန်တဲ့ အနေအထားကို ပြောင်းလဲစေတဲ့ ကူးစက်ရောဂါတစ်ခုက ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတယ်။ ဒီကူးစက်ရောဂါက လူတွေကို ဆိုးရွားတဲ့ သတ္တဝါတွေအဖြစ် ပြောင်းလဲစေပြီး ဒရစ်ဖ်တာနဲ့ ကလေးတွေကို အဆက်မပြတ် ခြိမ်းခြောက်နေတယ်။
ဒါတင်မကဘူး သူ့ရဲ့ပျောက်ဆုံးနေတဲ့ သမီးကို ရှာဖွေနေတဲ့ ရက်စက်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရတယ်။ ဒီကြားထဲမှာ အစိုးရရဲ့ အေးဂျင့်တွေကလည်း သူတို့ကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတယ်။
ဒရစ်ဖ်တာတစ်ယောက် ဒီကလေးနှစ်ယောက်ကို ကာကွယ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အတိတ်က အဖြစ်ဆိုးတွေနဲ့လည်း ရင်ဆိုင်ရတယ်။ ဒီလောကထဲမှာ ယုံကြည်မှုဆိုတာ ရှားပါးပြီး ရှင်သန်ဖို့ဆိုတာ ကြီးမားတဲ့ စွန့်လွှတ်မှုတွေနဲ့ လဲလှယ်ရတယ်။
ဒီရုပ်ရှင်က “ဇွန်ဘီး” အမျိုးအစားကို ပုံမှန်ထက် ကွဲပြားတဲ့ပုံစံနဲ့ ပြသထားပြီး လူသားဆန်မှု မိသားစုနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေတဲ့ အကြောင်းအရာတွေကို အဓိကထား ဖော်ပြထားလို့ ကြည့်ရတာ တန်မယ်လို့ ထင်ပါတယ်ဗျ။