ကာတွန်းကမ္ဘာ ( Fan Sub ) ❄️Links collection ☃️
81.2K subscribers
2.42K photos
430 videos
1.54K links
Link Collections
Download Telegram
Review - Konohoshi Umika ဆိုတဲ့ကောင်မလေးမှာ ဆက်ဆံရေးညံ့တဲ့ပြဿနာလေးတစ်ခုရှိနေပါတယ်။ အဲဒီအချက်ကြောင့်နဲ့ စကားကောင်းကောင်း မပြောနိုင်တော့ သူငယ်ချင်းဖွဲ့ဖို့ကို လက်လျှော့ခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သူတက်နေတဲ့ကျောင်းကို ပြောင်းလာတဲ့ Yuu ဆိုတဲ့ကောင်မလေးနဲ့ တွေ့ကြပါတော့တယ်။ ဒါပေမဲ့ Yuu ရဲ့သရုပ်မှန်က "Alien" ဂြိုလ်သားမလေးဖြစ်နေခဲ့ရာ ထူးခြားတဲ့အချက်လေး တစ်ခုရှိနေပြန်ပါတယ်။ အဲဒါကတော့ တစ်ဖက်လူနဲ့ နဖူးချင်း ထိကပ်လိုက်ရင် အဲဒီလူရဲ့ခံစားချက်တွေကို နားလည်တဲ့ စွမ်းရည်ပါတဲ့။

ဆိုတော့ ကောင်မလေးနှစ်ယောက်ကြားမှာ Connection လေးတစ်ခု ဘယ်လိုဖြစ်လာမှာလဲ။ Umika ဆိုတဲ့ကောင်မလေးက စကားကို သေချာထုတ်မပြောနိုင်ပေမဲ့ Yuu က သူ့ခံစားချက်တွေ၊ ပြောချင်တာတွေကို ဖွင့်ဟနိုင်မယ့်သူသာဆိုရင် ဒီဇာတ်လမ်းလေးက Yuri နဲ့ Sci Fi ရဲ့အသွားအလာလေးနဲ့ ဘယ်လိုကွဲပြားတဲ့ ဇာတ်ကွက်မျိုးကို ပုံဖော်သွားမလဲဆိုတာ ကျွန်တော်တို့
ကာတွန်းကမ္ဘာ ( Fan Sub )နဲ့အတူ ရှုစားကြည့်ရအောင်ဗျာ။
26👍8🤔2🍓1
Review - "Belgrieve ဟာ Adventurer ဘဝကနေ အနားယူပြီးတဲ့ အချိန်မှာ နယ်မှာရှိတဲ့ သူ့အိမ်ဆီ ပြန်လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ herbs စုဆောင်းတာ၊ ရွာသားတွေကို ကူညီတာ၊ Monster အသေးလေးတွေကို နှိမ်နှင်းတာ အစရှိတဲ့ အလုပ်အသေးလေးတွေပဲ လုပ်နေခဲ့တာပေါ့။ တစ်နေ့မှာ တောင်တွေပေါ် herbs တွေ သွားရှာတုန်း စွန့်ပစ်ထားတဲ့ ကလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ မထားခဲ့နိုင်တဲ့ သူလည်း ခေါ်လာပြီး မွေးစားခဲ့တာပေါ့။ နှစ်တွေ ကြာလာပြီးနောက် ကလေးမလေး အရွယ်ရောက်လာတဲ့အခါ အဖေ ဖြစ်သူဆီက ဓာတ်ကူးပြီး Adventurer ဖြစ်ချင်လာတဲ့အခါ အဖေဖြစ်သူကလည်း မြို့တော်ဆီ ပို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ငါးနှစ် ကြာပြီးတဲ့ အထိ အိမ်ပြန် မလာတဲ့ သမီးဖြစ်သူက ... မြို့တော်မှာ S-Rank Adventurer ဖြစ်နေပြီတဲ့လား ..."

သည်ဇာတ်လမ်းရဲ့ မူရင်း Light Novel ကိုတော့ Mojikakiya က ရေးသားခဲ့ပြီး toi8 က Illustrated ပေးခဲ့ပါတယ်။ အစပိုင်းမှာ Shōsetsuka ni Narō Website ကနေ ကိုယ်တိုင် published ခဲ့ရာကနေ နောက်ပိုင်းမှာ Earth Star Entertainment ကနေ ဝယ်ယူခဲ့ပြီး ဒီဇင်ဘာလ၊ ၂၀၁၈ ခုနှစ်ကနေ နိုဝင်ဘာ၊ ၂၀၂၁ ခုနှစ် အထိ ၄င်းရဲ့ ပုံနှိပ် လက်အောက်ကနေ ထုတ်ဝေခဲ့ပါတယ်။ Manga ကိုတော့ Comic Earth Star လက်အောက်ကနေ ထုတ်ဝေခဲ့ပြီး Mojikakiya ကပဲ ရေးသားပေးကာ Kyū Urushibara က ဆွဲသားပေးထားပြီး ယနေ့အထိ On going ပါ။ ယခု Anime Adaptation ကိုတော့ Typhoon Graphics ကနေ တာဝန်ယူပေးသွားမှာ ဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့၊ ၂၀၂၃ ခုနှစ်က စတင်ကာ ထုတ်လွှင့် ပြသနေပြီပဲ ဖြစ်ပါတယ်။
👍3024
Potion

Review - "Kaoru Nagase တစ်ယောက် ညဘက် ရုံးကနေ ပြန်လာစဥ်မှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက် အရှေ့မှာ ရပ်နေတာကို သတိထားမိခဲ့ပြီး ထိုလူက သူ့ကိုယ်သူ God ဖြစ်ကြောင်း မိတ်ဆက်ခဲ့တာပေါ့။ အဲ့နောက်မှာတော့ God ဖြစ်သူဟာ Kaoru အား အကြောင်းအရင်း တစ်ခုကြောင့် တခြားကမ္ဘာမှာ လူပြန်ဝင်စားခွင့်ပေးခဲ့ပါတယ်။ အဆိုပါ ကမ္ဘာရဲ့ နတ်ဘုရားမ Celestine ဟာ Kaoru ကို ၁၅ နှစ် အရွယ် ခန္ဓာကိုယ်နဲ့ စွမ်းရည် တစ်ခုပေးခဲ့ရာမှာ အဆိုပါ စွမ်းရည်က Kaoru ကို အဲ့ ကမ္ဘာမှာ နေထိုင်နိုင်ဖို့အတွက် ဘယ်လို အကျိုးပြုမလဲ။ ဒါဖြင့်ရင် အဲ့ စွမ်းရည်ကရော ဘာလဲ။ God ကရော Kaoru ကို ဘာကြောင့် တခြားကမ္ဘာမှာ ပြန်ဝင်စားစေခဲ့တာလဲ။ အစရှိတဲ့ အကြောင်းအရာတွေကို သိချင်တယ်ဆိုရင်တော့ ယခုဇာတ်လမ်းလေးထဲမှာ ကိုယ်တိုင် အဖြေရှာကြည့်နိုင်ပါတယ် ခင်ဗျာ"

စာရေးဆရာ FUNA ရေးသားထားတဲ့ မူရင်း Novel ကတော့ Shōsetsuka ni Narō website မှာ ၂၀၁၅ ခုနှစ်ကတည်းက published ခဲ့တာဖြစ်ပါတယ်။ Light Novel adaptation ကိုတော့ Kodansha က ဝယ်ယူအပြီး ၂၀၁၇ ခုနှစ် အလယ်လောက်မှာ စတင် ထုတ်ဝေခဲ့ကာ Sukima က illustrated ပေးခဲ့ပါတယ်။ Manga adaptation ကိုတော့ Hibiki Kokonoe က ဆွဲသားပေးထားပြီး Suiyōbi no Sirius မှာ ၂၀၁၇ ခုနှစ်မှာပဲ Light Novel နဲ့ ၆ ရက်သာ ခြားပြီး စတင် ထုတ်ဝေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လမှာ ပထမ Manga series က Volumes ပေါင်း ၉ ခုနဲ့ အဆုံးသတ်သွားခဲ့ပေမယ့်လည်း Sequel series ကို အဲ့နှစ်ရဲ့ သြဂုတ်လ မှာ ဆက်လက် ဖြန့်ချီခဲ့ပြီး Futsū Onshin က ဆွဲသားပေးထားကာ လက်ရှိ Volume ၁ ခုနဲ့ On-going ဖြစ်နေဆဲပါ။ ယခု Anime adaptation ကိုတော့ Jumondou ဆိုတဲ့ စတူဒီယိုက တာဝန်ယူထားတာဖြစ်ပြီး အောက်တိုဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်မှာ စတင်ထုတ်လွှတ်ပြသနေပြီပဲ ဖြစ်ပါတယ်။ Kaoru တစ်ယောက် အဘယ့်ကြောင့် လမ်းမှာ ရုတ်တရက် ဘဝတစ်ပါး ကူးပြောင်းသွားရသလဲ ဆိုတာကို မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုခံစားချင်တယ် ဆိုရင်တော့ အခုပဲကြည့်ရှုလိုက်ပါ
👍3214
Tian Guan Cifu Er

Heaven Official's Blessing

Type :ONA
Episodes :Unknown
Status :Not yet aired
Aired :Oct 2023 to ?
Producers :bilibili, Red Dog Culture House
Licensors :Unknown
StudiosUnknown
Source :Web novel
Genres :Action, Adventure, Drama, Fantasy
Themes :Historical, Mythology
Duration :Unknown
Rating :PG-13 - Teens 13 or older

Review ကြိုရေးပေးလိုက်ပါမယ်
Bromance ပါ power system ကောင်းလို့ကြိုက်ရင်ကြည့်နိုင်ပါတယ် Chinese anime ပါ

Video channel

https://t.me/cartoonfansub2110

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

#CTW
171👍51🔥7🥰72🍓2👏1😁1
Tearmoon Empire

"ငါ့မှာ ... ခေါင်း ရှိတယ်လား" "ပြီးတော့ ... ပိုလည်း ငယ်သွားတယ်ဟ" ပုန်ကန်သူတွေ လက်ချက်နဲ့ ခေါင်းဖြတ်စက်မှာ ကွပ်မျက် ခံလိုက်ရတဲ့ တကိုယ်ကောင်း မင်းသမီး အမည်ခံ ကျဆုံးလေပြီးသော Tearmoon တိုင်းပြည်ရဲ့ အသက် နှစ်ဆယ်ယ် အရွယ် မင်းသမီး Mia ဟာ ရုတ်တရက် နိုးထလာပြီးတဲ့နောက်မှာ အသက် တစ်ဆယ့်နှစ် နှစ်အရွယ် ကောင်မလေး အဖြစ် ပြန်လည်ရောက်ရှိသွားပြီ ပြတ်သွားခဲ့တဲ့ ခေါင်းဟာလည်း ပြန်လည်ရောက်ရှိနေခဲ့ပါတယ်။ ဒုတိယအကြိမ် အခွင့်အရေးရရှိခဲ့တဲ့ Mia ဟာ ခေါင်းဖြတ်မခံရခင်က ခေါင်းအုံးဘေးမှာ ထားရစ်ခဲ့သော သွေးစွန်းဒိုင်ဟာရီအုပ်နဲ့အတူ Tearmoon တိုင်းပြည် ကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းပါတော့တယ်။ ဆိုတော့ ... ဘာလို့ တကိုယ်ကောင်း ဆန်တဲ့ Mia လို လူမျိုးက Tearmoon တိုင်းပြည် ကို ပြန်လည် ထူးထောင်ဖို့ ကြိုးစားရတာလဲ။ နောက်ကွယ်က ရည်ရွယ်ချက်တွေက ဘာများဖြစ်မလဲ။ Mia ဖန်တီးမယ် Tearmoon တိုင်းပြည်ကြီးကရော ဘယ်လိုပုံစံ ဖြစ်မလဲ။ အစရှိတာတွေကို သည်ဇာတ်လမ်းထဲမှာ ရှုစားရမှာဖြစ်ပါတယ် ခင်ဗျာ။




သည်ကားရဲ့ မူရင်း Light Novel ကိုတော့ Nozomu Mochitsuki-sensei က ရေးသားထားပြီး Shōsetsuka ni Narō website မှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၌ ကိုယ်တိုင် စတင် Publish ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ TO Books က ဝယ်ယူခဲ့ပြီး Gilse က illustrated ပေးကာ ယခုအချိန်အထိ ဆက်လက် ဖြန့်ချီနေခဲ့ပါတယ်။ Manga adapatation ကိုတော့ Mizu Morino က ဆွဲသားပေးထားပြီး Comic Corona manga website မှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ စပြီး ထုတ်ဝေခဲ့ပါတယ်။ Manga ဟာဆိုရင်လည်း 2021 ခုနှစ်၊ Next Manga Award ရဲ့ Web Manga Category မှာ Nominated ဝင်ဖူးပါသေးတယ်။ ယခု Anime Adaptation ကိုတော့ Silver Link ကနေ တာဝန်ယူထားပြီး Screenwriter အနေနဲ့လည်း Pokémon 2019 series၊ Detective is already dead၊ Case Study of Vanitas၊ Komi-san၊ Kizuma no Allele၊ Higehiro၊ Genius Prince's Guide၊ Another World Smart Phone၊ Room mate is cat၊ After the rain အစရှိသဖြင့် နာမည် အကြီးအတာ့ အကြီးဆုံး series များစွာကို ရေးသားပေးခဲ့ဖူးသူ ဆရာမ Deko Akao (Hitomi Mieno as Singer) က တာဝန်ယူ ရေးသားပေးထားကာ အောက်တိုဘာလ ၈ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှာ စတင်ပြသသွားမှာ ဖြစ်တာကြောင့် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျ။
👍4233🌚3🔥1😁1
Kusuriya no Hitorigoto (Fall 2023)

Titles
English : The Apothecary Diaries
Japanese : 薬屋のひとりごと
Type : TV
Episodes : 24
Status : Currently Airing
Premiered : Fall 2023
Studios : OLM, TOHO animation STUDIO
Source : Light novel
Genres : Drama, Mystery
Themes : Historical, Medical

Video channel link
https://t.me/cartoonfansub2110

Reviewကြည့်ရန်-ဒီကိုနှိပ်ပါ

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Episode 16

Episode 17

Episode 18

Episode 19

Episode 20

Episode 21

Episode 22

Episode 23

Episode 24

#CTW
228👍73🥰19❤‍🔥11😢11🍓3💋32👎2
Review
အသက် ၁၇ နှစ် အရွယ်ကောင်မလေး MaoMao ဟာ ဖမ်းဆီးခြင်းခံရပြီး တရုတ်အင်ပါယာနန်းတော်ကြီးမှာ အဆင့်နိမ့်အစေခံအဖြစ်အလုပ်လုပ်ရန် အတင်းစေခိုင်းခံခဲ့ရပါတော့တယ်။

ဒါပေမယ့်လည်း MaoMao ဟာ သူ့ရဲ့သိချင်စူးစမ်းလေ့လာချင်စိတ်နဲ့ လက်တွေ့ကျကျလုပ်တတ်တဲ့စိတ်ဓာတ်တွေ ပျောက်မသွားအောင်ထိန်းထားခဲ့ပြီး သူမ ကျွန်ခံရမယ့်နှစ်တွေကုန်ဆုံးသွားမှာကိုဘဲ အောင့်အီးသည်းခံကာစောင့်ဆိုင်းနေခဲ့ပါတော့တယ်။

တစ်နေ့မှာတော့ ဧကရာဇ်ဘုရင်ကြီးရဲ့ကလေးနှစ်ယောက်ဟာ အပြင်းအထန်နေမကောင်းဖြစ်ကြပြီး ဆင်းရဲလွန်းလှတဲ့ မီးနီရပ်ကွက်ထဲမှာ ကြီးပြင်းလာတဲ့ ဆေးဝါးပညာရှင်အဖြစ် အတွေ့အကြုံရှိတဲ့ MaoMao ဟာ မိမိကိုယ်ကိုဖုန်းကွယ်ပြီး ဧကရာဇ်ဘုရင်ကြီးရဲ့ ကလေးနှစ်ယောက်ကို ကယ်ပေးခဲ့ပြီးချိန်မှာတော့.....

#CrdReview
👍5352
Pluto

Type :ONA
Episodes :8
Status :Not yet aired
Aired :Oct 26, 2023
Producers :Genco, Tezuka Productions
Licensors :Unknown
Studios :Studio M2
Source :Manga
Genres :Action, Mystery, Sci-Fi, Suspense
Themes :Mecha, Psychological
Demographic :Seinen
Duration :1 hr. per ep.
Rating :None

Review-click here

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

#CTW
👍4210👎2🥰2
ဇာတ်လမ်းရဲ့အစမှာ၃၉ကြိမ်မြောက် Asian စစ်ပွဲမှာအကြမ်းဆုံးဖြစ်ပြီးဆွစ်ဇလန်ထုတ်စက်ရုပ်ဖြစ်တဲ့ Montblanc ကြီးဟာရုတ်တရက်ရက်စက်စွာဖျက်စီးခြင်းခံလိုက်ရတဲ့အတွက်လူသားတွေရောစက်ရုပ်တွေရောဟာပူဆွေးနေကြပါတယ်။အဲ့စက်ရုပ်ကြီး Montblanc ဟာစစ်အပွဲအပြီးကာလများမှာမှသူရဲ့ရဲစွမ်းသတ္တိနဲ့သူရဲ့ချစ်တက်တဲ့ပင်ကိုယ်စရိုက်တွေကြောင့်နာမည်ကြီးလာတဲ့စက်ရုပ်ကြီးပဲဖြစ်ပါတယ်။တစ်နေ့မှတော့စစ်မှူထမ်းဟောင်းစက်ရုပ်ဖြစ်တဲ့ Gesicht ကို Europol စုံထောက်အဖြစ် Montblanc ရဲ့သေဆုံးမှူရဲ့ နောက်ကြောင်းကို စုံစမ်းထောက်လှမ်းဖို့စေလွှတ်ခဲ့ပါတော့တယ်။အဲ့လိုနဲ့ Gesicht ရဲ့စုံစမ်းထောက်လှမ်းမှုကြောင့် Pluto ဆိုတဲ့အရာတဲ့အကြောင်းတွေလည်းအများကြီးဖော်ထုတ်နိုင်ခဲ့တဲ့အပြင်စစ်ပွဲမှာပါ၀င်ခဲ့တဲ့စက်ရုပ်တွေထဲကအကြမ်းဆုံးစက်ရုပ် 8 ကောင်ကိုသုတ်သင်မယ့်အစီအစဉ်ကိုလည်းသိရှိသွားခဲ့ပါတယ်။ဒီလိုနဲ့အစီအစဉ်တွေသိသွားပြီးတဲ့နောက်မှာတော့သုတ်သင်ခံရတော့မယ့်စက်ရုပ်တွေကိုလိုက်လံကယ်တင်ရင်းလူသားနဲ့စက်ရုပ်တွေကြားဆက်ဆံရေးတည်မြဲအောင်ဘယ်လိုတွေလုပ်မလဲဆိုတာကို Mysteryဆန်ဆန်လေးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။
👍246