Blood Money- သွေးစွန်းငွေ
1.57K subscribers
4.96K photos
194 videos
4 files
616 links
Sanction Aviation Fuel.
Cut off Arms flow to the Junta.
Freeze Payments To Junta.
Keep In Escrow Account.
Sanction MOGE.
Download Telegram
• Stop Oil and Gas Payment to Junta. Keep in Escrow Account

#NoMoneyNoAirstrike

• Earthquake from the ground, Airstrikes from the sky

• Thai Government - Stop funding in war crimes

• Thai Government - Must stop gas payments to Myanmar Junta for buying weapons.
#KeepInEscrowAccount
#BusinessAndHumanRights #BHR #MyanmarEarthquake #EarthquakeNews #WhatsHappeningInMyanmar #BloodMoneyCampaignMM
1🍓1
ငါတို့ပြည်သူတွေ.....

လိုအပ်နေတာက အစားအသောက်
လိုက်ပေးနေတာက ကျည်ဆံ

လိုအပ်နေတာက ဆေးဝါး
လိုက်ပေးနေတာက ဒဏ်ရာ

လိုအပ်နေတာက နားခိုရာအရိပ်
လိုက်ပေးနေတာက ဖျက်ဆီးခြင်း

လိုအပ်နေတာက လွတ်လပ်မှု
လိုက်ပေးနေတာက ထိန်းချုပ်မှု

ဘယ်ဘ၀၊ ဘယ်နေ့ရက်တွေအထိ ငါတို့မလိုတာတွေလိုက်ပေးနေအုံးမှာလဲ?
ငါတို့ရဲ့နေ့ရက်တွေမှာ အခက်အခဲတွေက ပြည့်စုံနေပြီးသားကို ဘာလို့အမြဲတစေထပ်လောင်းပေးနေရတာလဲ?

ငါတို့ဟာ ငြိမ်းချမ်းမှုကိုလိုအပ်နေတဲ့ ကမ္ဘာပေါ်က ဤအရပ်မှာမွေးဖွားခဲ့တဲ့ လူသားတွေပါ။

#humanrights #MyanmarEarthquake #EarthquakeNews #WhatsHappeningInMyanmar #BloodMoneyCampaignMM
😢7
แทนที่จะจับกุมฆาตกร มิน อ่อง หล่าย

รัฐบาลไทยกลับจับกุมชาวไทยและเมียนมาที่ออกมาประท้วงอย่างสงบด้วยความรุนแรง

รัฐบาลไทยต้องหยุดสนับสนุนฆาตกรทันที

ထိုင်းအစိုးရသည် လူသတ်ကောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရမည့်အစား

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ထိုင်း/မြန်မာ ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးနေသည်။

ထိုင်းအစိုးရ - လူသတ်အားပေးလုပ်နေတာ ချက်ချင်းရပ်

Instead of arresting the murderer Min Aung Hlaing,

the Thai government is violently arresting peaceful Thai and Burmese protesters.

Thai government - Stop encouraging murderers immediately

#BloodyBIMSTEC #bimstec2025 #Murderer #ThaiGovernment
#Arrested #WhatsHappeninglnMyanmar #BloodMoneyCampaignMM
🍓2
လူသတ်ကောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူများက မကြိုဆိုကြောင်းနှင့်

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူများ ထိခိုက်သေဆုံးနေရပုံ၊ မြန်မာပြည် ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ နှင့် BIMSTEC အစည်းအဝေး ဖိတ်ကြားမှုအပေါ် ကန့်ကွက်ကြောင်း

BIMSTEC summit ပြုလုပ်ရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bangkok Art and Cultural Center တွင် ထိုင်း တက်ကြွလှုပ်ရှားသူများမှ သရုပ်ဖော်လှုပ်ရှားမှုကို ယနေ့ညနေ၌ ပြုလုပ်ခဲ့ကြသည်။

#bimstec2025 #Murderer #BloodyBIMSTEC #ThaiGovernment #BusinessAndHumanRights #BHR #WhatsHappeninglnMyanmar #BloodMoneyCampaignMM
🍓4
🛎️မေးကြည့်မယ် အမေးအဖြေ အစီအစဉ် (အတွဲ ၂၊ အပိုင်း ၂၁)🛎️

🚨မေးခွန်း 🚨

ငလျှင်လှုပ်အပြီး တပတ်အကြာ ကူညီကယ်ဆယ်ရေးများ လုပ်နေစဉ်အတွင်း စစ်အုပ်စုမှ လေကြောင်း တိုက်ခိုက်မှု အကြိမ်အရေ မည်မျှပြုလုပ်ခဲ့သနည်း။

၁. ၄ဝ ကြိမ်
၂. ၄၂ ကြိမ်
၃. ၄၄ ကြိမ်
၄. ၄၆ ကြိမ်

အဖြေမှန်ကို တနင်္ဂနွေနေ့မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

#မေးကြည့်မယ် #AirBus2AirStrikes #Airbusted #BusinessAndHumanRights #WarCrimes #WhatsHappeninglnMyanmar #BloodMoneyCampaignMM
🍓2
Blood Money- သွေးစွန်းငွေ
Photo
ငလျင်ဘေးသင့် ဒေသများအပါအဝင် နိုင်ငံတဝှမ်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ အစိုးရများအား ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ အရေးတကြီး ချမှတ်ပေးရေး တိုက်တွန်းတောင်းဆိုချက်

အမှတ်စဉ် ။ ။ ၆/ ၂၀၂၅

ဧပြီလ (၅) ရက်၊ ၂၀၂၅ ခုနှစ်။

မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ နှင့် မန္တလေးမြို့ကို ဗဟိုပြု၍ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်၊ မြန်မာအချိန် နေ့လည် (၁၂) နာရီ (၅၀) မိနစ်အချိန် တွင် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နေ့လည် (၁)နာရီ (၂) မိနစ် အချိန်တွင် ပြင်းအား ၆.၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့သည်။ ဧပြီလ (၂) ရက်နေ့ အထိ နောက်ဆက်တွဲ ငလျင်များ (၂၇၁) ကြိမ် ထပ်မံလှုပ်ခတ်လျက်ရှိသည်။

အာဏာသိမ်းစစ်အုပ်စုသည် ပြည်သူများ အတိဒုက္ခရောက်နေချိန်တွင် ကိုယ်ထူကိုယ်ထ ကူညီကယ်ဆယ်ရေးများ၊ ကူညီကယ်ဆယ်ခွင့်မပေးထားသလို အဖွဲ့အစည်းများကိုလည်း လှူဒါန်းပစ္စည်းများကို နိုင်ငံတကာမှ အကန့်အသတ်ဖြင့်သာ လွတ်လပ်စွာ ကူညီကယ်ဆယ်ရေး ကူညီခွင့်ပြုထားသည်။ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကိုပင် ပြည်ဝင်ခွင့်မပြုသည် အထိ ကန့်သတ်ခဲ့သည်။ အလွန်အကျည်းတန်လှသည့် အဖြစ်အပျက်တစ်ခုမှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် အကူအညီပေးရန် ဝင်ရောက်လာသော တရုတ်နိုင်ငံ ကြက်ခြေနီအသင်း ကယ်ဆယ်ရေးအဖွဲ့ကို နောင်ချိုမြို့တွင် အကြမ်းဖက်စစ်အုပ်စုမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် နောက်ပြန်ဆုတ်ခဲ့ရသည်။

ထို့အပြင် အဆိုးရွားဆုံးအချက်မှာ မြန်မာပြည်တဝှမ်း ငလျင်ဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများသည် အဆောက်အဦးအပြင်ဘက် မြေကြီးပေါ်တွင် အမိုးအကာမဲ့ အိပ်နေကြရသလို ဧပြီလ (၄) ရက်နေ့အထိ အနည်းဆုံး သေဆုံးသူ (၄,၁၅၉) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၆.၁၆၈) ဦးနှင့် ပျောက်ဆုံးနေသူ (၇၆၉) ဦးထိ ရှိသည့်တိုင်အောင် အာဏာသိမ်းစစ်အုပ်စုသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေလျက်ရှိသည်။ ငလျင်လှုပ်ခတ်ပြီး (၇) ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု (၄၂) ကြိမ် ပြုလုပ်ခဲ့ပြီး အနည်းဆုံး သေဆုံးသူ (၅၁) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူဦးရေ (၃ဝ) ကျော်အထိ ရှိခဲ့သည်။

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) အနေဖြင့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာ အစိုးရများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးများကို ချက်ချင်း ပေးပို့သည့်အပေါ် ဝမ်းသာ ကြိုဆိုအပ်ပါသည်။ သို့သော် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ရန် ထိရောက်သည့် အရေးယူမှုမျိုး အရေးတကြီး ချမှတ်ရန်လည်း ကျွန်ုပ်တို့ တောင်းဆိုပါသည်။

အာဆီယံအပါအဝင် နိုင်ငံတကာ အစိုးရများသို့ တိုက်တွန်းတောင်းဆိုချက်အနေဖြင့်

၁) စစ်အုပ်စု၏ စစ်ရေးတိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်ရေး – စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှု များနှင့် စစ်ရေးဖော်ဆောင်နေမှုများကို ခြွင်းချက်မရှိချက်ခြင်းရပ်တန့်စေရေးထိရောက်စွာ ဆောင်ရွက်ရန် နှင့် ဆက်လက်ဖောက်ဖျက်ပါက ပိုမိုတင်းကြပ်သော၊ ထိရောက်ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန်။

၂) အကူအညီပေးခြင်းကို ကန့်သတ်ပြီး နိုင်ငံရေးအမြတ်ထုတ်၊ ခေါင်းပုံဖြတ်ခြင်းမှ ရပ်တန့်စေရေး ဆက်လက်မပေးပို့တော့ရန် လက်ရှိပေးအပ်ထားသော စစ်အုပ်စုမှတဆင့် နိုင်ငံတကာအကူအညီအသစ်များ အလျင်အမြန် ဆောင်ရွက်ပြီး နိုင်ငံတကာမှ အကူအညီများအား အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများမှတဆင့် စစ်အုပ်စုက နိုင်ငံရေးနှင့် စစ်ရေးအရ အမြတ်ထုတ်ရန်အတွက် ခေါင်းပုံဖြတ်ခြင်း၊ ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ် အသုံးချခြင်းများ မရှိစေရေး သေချာစွာ စီစဉ်ဆောင်ရွက်သည့် စနစ်တစ်ခုဖြင့် စောင့်ကြပ်ကြည့်ရှုရန်။

၃) နိုင်ငံတကာအကူအညီအထောက်အပံ့များ ထိရောက်စွာ အမှန်တကယ်ရောက်ရှိမှုအား တင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးခြင်း – မြန်မာပြည်တွင်းရှိ သတင်းမီဒီယာများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သံရုံးများကို အသုံးပြု၍ စစ်အုပ်စုမှတဆင့် ပေးအပ်ခဲ့သည့် နိုင်ငံတကာ ကူညီထောက်ပံ့ရေး အလှူငွေများနှင့် ပစ္စည်းများကို ငလျင်ဒဏ်ခံရသော ပြည်သူများထံ အမှန်တကယ် ရောက်ရှိနေသည် ဟုတ်မဟုတ်ကို စနစ်တကျ စစ်ဆေးမှုများ လုပ်ဆောင်ရန်။ အထူးသဖြင့် စစ်ရေးတင်းမာမှုရှိသည့် ဒေသများတွင် မျှတစွာ ရောက်ရှိစေရန်။

၄) ယုံကြည်စိတ်ချရသောနည်းလမ်းများမှတဆင့် အကူအညီပေးခြင်း နိုင်ငံတကာ အသိုင်းအဝိုင်းများ အနေဖြင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ အကူအညီများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် ဒေသခံအခြေပြု အရပ်ဘက်လူထု/ လူမှုအဖွဲ့အစည်းများမှတဆင့်/ မြေပြင်ရှိကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများမှတဆင့် ပေးပို့ရန်။ အဆိုပါအဖွဲ့များသည် မြေပြင်တွင် လက်ရှိရှိနေပြီး ယင်းတို့နှင့် လက်တွဲလုပ်ဆောင်နေသည့် ယုံကြည်စိတ်ချရသော လူထုအားကိုးသည့် လူမှုကွန်ယက်များရှိပြီး ချက်ခြင်းအကောင်အထည်ဖော်နိုင်ကြပါသည်။ ဘေးဒဏ်သင့်သူများထံသို့
Blood Money- သွေးစွန်းငွေ
Photo
၅) စစ်အုပ်စုအား တရားဝင်အသိအမှတ်ပြုသည့် ဆက်ဆံရေးများအားလုံးကို ရပ်တန့်ရေး စစ်အုပ်စု အား အာဆီယံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများတွင် တက်ရောက်ခွင့်ပေးခြင်း၊ နိုင်ငံအသီးသီး၏ တာဝန်ရှိသူများနှင့် တရားဝင်ဆက်သွယ်ခြင်းများကို ရပ်ဆိုင်းရန် နှင့် ၎င်းတို့အား အသိအမှတ်ပြုခြင်း၊ တရားဝင်လက်ခံခြင်း လုပ်ငန်းအားလုံးကို ဖြတ်တောက်ရန်။

Royal Thai Embassy, Yangon 在ミャンマー日本国大使館/Embassy of Japan in Myanmar Embassy of Malaysia, Yangon Singapore Embassy in Yangon India in Myanmar (Embassy of India, Yangon) Đại sứ quán Việt Nam tại Myanmar / Embassy of Viet Nam in Myanmar Chinese Embassy in Myanmar
#humanitarianaid #BusinessAndHumanRights #BHR #MyanmarEarthquake #EarthquakeNews #WhatsHappeningInMyanmar #BloodMoneyCampaignMM