Blood Money- သွေးစွန်းငွေ
2.42K subscribers
2.86K photos
127 videos
4 files
329 links
Ban Jet Fuel Exports to Myanmar.
Sanction Aviation Fuel.
Freeze Payments To Junta.
Keep In Escrow Account.
Sanction MOGE.
Download Telegram
Blood Money- သွေးစွန်းငွေ
Photo
အာဏာသိမ်း မင်းအောင်လှိုင်အုပ်စုဟာ လျှပ်စစ်မီးကို ၄ နာရီ (၂) ခါဖြတ် အလှည့်ကျကနေ ခုဆို လာချင်သလိုလာ ဖြတ်ချင်သလိုဖြတ်နဲ့ စိတ်တိုင်းကျ ပြုမူနေပုံများ ကျွန်တော်တို့ကို လူရယ်လို့တောင် ထင်ပုံ မရပါဘူး။

ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေကို တဖြည်းဖြည်းနဲ့ အာဏာသိမ်း အုပ်စုဟာ သူတို့ပေးမှ ရမယ့် အခြေအနေတွေ ဖန်တီးပါတော့တယ်။

ကျွန်တော်တို့ကို လျှပ်စစ်၀န်ဆောင်မူ့ အပြည့်အ၀မပေးနိုင်သော်လဲ ကျွန်တော်တို့ကိုသတ်ဖို့ စစ်အင်အားဘဏ္ဍာ ငွေကြေးကတော့ အပြည့်အ၀ပါပဲ။

ကျွန်တော်တို့အပေါ် ဘယ်တုန်းကမှ စေတနာမရှိတဲ့ စစ်အာဏာရှင်တွေရဲ့ကျေးဇူးတွေဟာ မူးလို့တောင် တကယ် ရူစရာ မရှိပါဘူး။
တစ်နေ့လုံး မီးမလာတာထက်စာရင် ခုလိုလေး မီးလာနေတော့ တော်သေးတာပေါ့ဆိုပြီး ကျွန်တော်တို့ ကြံဖန် ကျေးဇူးတင်စရာကို မလိုတာပါ။

ကျွန်တော်တို့လည်း ကျွန်တော်တို့မှာ လျှပ်စစ်မီးကို အပြည့်အ၀ခံစားပိုင်ခွင့်ရှိတယ်ဆိုတာလဲ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ပြည်သူတွေပိုင်တဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့က ငွေတွေဟာ ကျွန်တော်တို့ ငွေတွေပါ။ကျွန်တော်တို့ ပိုင်တာပါ။ စိတ်မကောင်းစရာက ဒီငွေတွေဟာ ကျွန်တော်တို့ရဲ့ အသက်ကို သတ်မယ့် ငွေတွေ ဖြစ်နေတဲ့အပြင် ကျွန်တော်တို့ ပြည်သူတွေခဗျာ ကိုယ့်သေတွင်း ကိုတူးနေရတဲ့ အဖြစ်မျိုးပါ။ ကိုယ့်နိုင်ငံက ထွက်တဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ့က တစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အ၀ မခံစားရတဲ့အပြင် ဒီငွေတွေကပဲ ကျွန်တော်တို့ကို ပြန်သတ်နေတာပါ။

ဆုပ်လဲစူး စားလဲ ရူးရမယ့် အဖြစ်မျိုးထက် မစားရတဲ့ အမဲ သဲနဲ့ပက်ရအောင် PTT က ထွက်တဲ့ ထုတ်ကုန်တွေကို မသုံးဘဲ စစ်အုပ်စုကို အထိနာစေမယ့် Sanctions MOGE ဖြစ်ဖို့ အားလုံး ဝိုင်းတွန်းရအောင် 💪💪💪

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
Blood Money- သွေးစွန်းငွေ
Photo
How many dead bodies do UN and International Governments need to take action?

တစ်နိုင်ငံလုံးအနှံ့ သွေးညှီနံ့တွေ……
အသက်ကို ပြင်းပြင်းရှူ….. ကျုပ်တို့နှာခေါင်းဝမှာ ပဇီကြီးက သွေးညှီနံ့တွေ …….
မမေ့နဲ့ ၊ ပဇီကြီးဆိုတဲ့ အမည်နာမကို မမေ့နဲ့ ...၊ နန့်နိမ်၊ အနန့်ပါ မမေ့နဲ့၊ လက်ယက်ကုန်းကို မမေ့နဲ့၊ ဒီအမည်နာမတွေထဲမှာ ကျုပ်တို့ရဲ့ ဒေါသတွေကို ပစ်ထည့်ကြ၊ ခံပြင်းမှုတွေကို ပစ်ထည့်ကြ…။ လောင်ကျွမ်းနေတဲ့ ခံပြင်းမှုတွေနဲ့ ကမ္ဘာကို ကိုင်လှုပ်ပစ်ကြ၊ ကျုပ်တို့နိုင်ငံက သွေးညှီနံ့တွေနဲ့ ကမ္ဘာကို လှုပ်နှိုးပစ်ကြ…

အိပ်ပျော်နေတဲ့ နိုင်ငံတကာရဲ့ အိမ်မက်လှလှလေးထဲ ပဇီကြီးက အရိုးခေါင်းတွေ သွားပစ်ထည့်ကြ၊ ပဇီကြီးက အော်ဟစ်သံတွေကို နားစွင့်ကြ၊ အွန်လိုင်းပေါ်က status တွေကို တော်လှန်လုပ်ရပ်တွေ အဖြစ် ပြောင်းလဲကြ ၊ ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးတွေနဲ့ နိုင်ငံတကာကို ရိုက်နှိုးကြ။

အာဏာရှင်ကို မကြောက်ကြနဲ့၊ ပဇီကြီးက မကြောက်ခဲ့ဘူး။

ပဇီကြီးက သွေးအလိမ်းလိမ်းကို အကျီတွေပေါ် သုတ်လိမ်း၊ မြို့နယ်အနှံ့အပြားက သပိတ်ကော်မတီတွေ ပေါင်းစု နှိုးဆော်တဲ့ ပဇီကြီး လှုပ်ရှားမှုမှာ ပူးပေါင်းကြ။

ပူးပေါင်းကြလော့... ပဇီကြီးအတွက်ကျခဲ့တဲ့ မျက်ရည်တွေကို တော်လှန်မိုးတွေအဖြစ် ပြောင်းလဲကြ။

ပဇီကြီးလှုပ်ရှားမှုမှာ ပါဝင်ကြ။

စစ်ရာဇဝတ်ကောင် အကြမ်းဖက် စစ်တပ်ကို အရေးယူဖို့ ငါတို့ ပြည်သူတွေရဲ့ အလောင်းတွေ ဘယ်လောက်လိုဦးမှာလဲလို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရတွေကို မေးခွန်းထုတ်ကြ။

GSCB ၏ တိုက်တွန်းနှိုးဆော်ချက်။

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကို အကြောင်းပြု၍ အကြမ်းဖက်စစ်တပ်အား အရေးယူမှုများ ပြုလုပ်နိုင်စေရန်နှင့် လျစ်လျူရှု ခံထားရသော မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများအား နိုင်ငံတကာမှ ပြန်လည် သတိပြုလာစေရန်အတွက် ‘’ ပဇီကြီး လှုပ်ရှားမှု ‘’ ဟူသော အမည်ဖြင့် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆန္ဒပြသပိတ်တိုက်ပွဲများ ဖော်ဆောင်မည်၊ သွေးစွန်းနေသော ပုံသဏ္ဍာန်များဖြင့် ဓာတ်ပုံရိုက်၍ နိုင်ငံတကာတွင် လူမှုကွန်ရက်မီဒီယာများတွင် ထိုးဖောက်နိုင်ရန်ကြိုးစားဆောင်ရွက်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပဇီကြီး ဖြစ်ရပ်အား ရွံရှာမုန်းတီးသူ ပြည်သူလူထုအနေဖြင့် ပဇီကြီးလှုပ်ရှားမှု ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

#ပဇီကြီးလှုပ်ရှားမှု
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#GSCB
#GMSR
#BMC
ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် PTT ဆီဆိုင်များကို အထူး ရှောင်ကြဖို့မေတ္တာရပ်ခံအပ်ပါသည်

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
ကမ္ဘာ့အကြီးဆုံးနှင့်အချမ်းသာဆုံးဖြစ်သည့် နော်ဝေ ဗဟိုဘဏ်၏ ပင်စင်ရံပုံငွေအဖွဲ့မှ တောင်ကိုရီးယား အစိုးရပိုင် ကုမ္ပဏီဖြစ်သည့် South Korea's state-run Korea Gas Corp (KOGAS) နှင့် အိန္ဒိယ ကုမ္ပဏီဖြစ်သော GAIL တို့အား ကြာသပတေးနေ့တွင် ထုတ်ပယ်လိုက်ပါသည်။အကြောင်းအရင်းမှာ အကြမ်းဖက် မြန်မာစစ်အုပ်စုနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများအတူ ပူးပေါင်းလုပ်ဆောင်‌နေခြင်းနှင့် မြန်မာနိုင်ငံ၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အဓိကရုန်းများအား ကူညီထောက်ပံ့နေခြင်းတို့ကြောင့် လက်ခံနိုင်စရာမရှိသော နောက်ဆက်တွဲ အန္တရာယ်များကြောင့် ထိုကုမ္ပဏီနှစ်ခုအား ထုတ်ပယ်ခြင်းဖြစ်သည်ဟု တွေ့ရပါသည်။KOGAS နှင့် GAIL ကုမ္ပဏီနှစ်ခုသည် ရွှေသဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းအတွင်း ရှယ်ယာရှင်အဖြစ်ပါဝင်နေသူများဖြစ်ကြပြီး GAIL ကုမ္ပဏီမှာ ရှယ်ယာ 8.5% ရာခိုင်နှုန်းနှင့် KOGAS ကုမ္ပဏီမှာ 8.5%တို့ ပိုင်ဆိုင်ထားကြပါသည်။
အပြည့်အစုံကိုဖတ်ရန်
https://www.reuters.com/business/sustainable-business/norway-sovereign-wealth-fund-excludes-korea-gas-indias-gail-over-myanmar-link-2023-04-27/?fbclid=IwAR1rAfnZPrAw1kaawtGAyswTW2kKfxt2EG9kSUrFqgkM7WF41_nFM0OesC4
Blood Money- သွေးစွန်းငွေ
Photo
How many dead bodies do UN and International Governments need to take action?

The smell of blood is all over the country...
Take a deep breath..and there is the smell of blood permeating our nose
Don't forget. Don't forget the name Pazigyi... Don't forget Nan Nane, and Anantpa..Don't forget Latyatkone..
Pour your anger and frustration into these names......shake the world with burning passion, and awaken the world with the smell of blood from our country."

Throw the skulls and bones of Pazigyi into the beautiful dreams of the sleeping international. Listen to Pazigyi's cries and turn online statements into revolutionary acts. Strike the international with clenched fists.

Don't be afraid of the tyrant. Pazigyi was not.

Smear the blood of Pazigyi on your clothes and join the strike committees from all over the townships in the Pazigyi movement. Join us and let's turn the tears we shed for Pazigyi into revolutionary rain by participating in the Pazigyi movement

Question the UN and international governments: how many more of our people must die before action is taken against this military criminal terrorist army?

GSCB's exhortation.

In response to the air attack on Pazigyi village and the ongoing violence in Myanmar that has been ignored by the international community, we will take action under the name of the 'Pazigyi Movement.' We will carry out strikes and try to take photos with blood-stained figures to bring attention to the situation on international social media.

Therefore, we encourage people who are outraged by the Pazigyi incident to join the Pazigyi movement.

"The Fascist Army must be rooted out."
"Blood Shed will never be debated."

#PazigyiMovement
#GSCB
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
27.4.23 တွင် နော်ဝေ ဗဟိုဘဏ်၏ ပင်စင်ရံပုံငွေအဖွဲ့မှ ရွှေသဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင် ရှယ်ယာရှင် ကုမ္ပဏီများဖြစ်ကြသည့်..........ကုမ္ပဏီ နှစ်ခုတို့အား ထုတ်ပယ်လိုက်ပါသည်။

1. KOGAS ကုမ္ပဏီနှင့် GAIL ကုမ္ပဏီ 2.PTTEP ကုမ္ပဏီနှင့် POSCO ကုမ္ပဏီ 3.MOGE နှင့် ONGC ကုမ္ပဏီ

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
ငယ်ရွယ်လတ်ဆတ်တဲ့ အူတွေ အသည်းတွေ ကလီစာတွေ ရမယ်နော်။ လူမျိုး ဘာသာ မရွေးတဲ့ အသွေးအသားတွေကိုလဲ စိတ်ကြိုက် စားသုံးလို့ရအောင် စီစဉ်ထားပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေရဲ့ နှလုံးကို စားချင်လား၊ ဦးနှောက်ကို စားမလား၊ ခလေးငယ်ငယ်လေးတွေရဲ့ အရိုးနုလေးတွေကို စားမလား။ လိုချင်တာ ရစေရမယ်နော်။

ဒီလိုတွေ စားသောက်နိုင်ဖို့အတွက်

Myanmar Beer၊ Andaman Gold၊ Army Rum၊ Dragon Beer၊ Black Shield Stout စတာတွေ သောက်ဖို့ လိုအပ်ပါတယ်။
Internet data သက်သာတဲ့ Mytel SIM cardတွေ သုံးဖို့ လိုပါတယ်။
Boycott ထားတဲ့ ကုန်ပစ္စည်းတွေကို ရှောင်ဖို့လဲ မလိုအပ်ပါဘူး။ ဖယ်ကြဉ်ခံထားရဖို့ ထိုက်တန်တဲ့ လူတွေကိုလဲ ဖက်လဲတကင်း Social Punishment လုပ်ဖို့ မလိုအပ်ပါဘူး။

တော်လှန်ရေးအတွက် ကူစရာမလိုပဲ စစ်အာဏာရှင်အတွက် ပိုမိုလိုအပ်တဲ့ ငွေကြေးလမ်းကြောင်းကို ကူညီထောက်ပံ့ပေးရုံနဲ့ ဒီလို အသွေးအသားတွေကို သင်လဲ ထပ်တူ စားသုံးနိုင်ပါပြီ။

အူစုံတွေ ရမယ်နော်။
Cafe Amazon မှာထိုင်ပြီးလဲ စားသောက်လို့ ရပါတယ်။ PTT ဆီဆိုင်တွေမှာ ဆီဖြည့်ရင်း အော်ဒါတင်လို့ ရပါတယ်။ online ကနေ Delivery များဖြင့် လူကြီးမင်းတို့ မျက်စိရှေ့ အရောက် ပို့ဆောင်ပေးပါတယ်။နီလာရိုးမ၊ ရွှေဗျိုင်းဖြူ၊ New Day ၊ Star Height တွေမှာ ဆီဖြည့်ပါ။

ဒီလိုတွေ လုပ်ဆောင်နေရင်တော့ သင်လဲ သွေးသံတရဲရဲ လတ်ဆတ်နေတဲ့ အသွေးအသားတွေကို စားသုံးနေပါပြီ။

ယခု နွေဦး တော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ စုစုပေါင်း အရေအတွက်မှာ ( 3447 )ဦး ရှိပြီဖြစ်ကြောင်း AAPPက ဖော်ပြထားပါတယ်။

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
သောကြာနေ့တိုင်း မေးခွန်းတွေရှိနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

PTT ကုမ္ပဏီမှ အကြမ်းဖက်စစ်တပ်ထံပေးနေသော ငွေကြေးများရပ်တန့်နိုင်ရေး ဖိအားပေးလုပ်ဆောင်မှုတွင်.......................များပါဝင်လာရေးသည် အလွန်အရေးကြီးပါသည်။

၁. ထိုင်းနိုင်ငံသားများ ၂. အမေရိကန်နိုင်ငံသားများ ၃. ထိုင်းရောက်မြန်မာနိုင်ငံသားများ

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
စနေနေ့တိုင်း အဖြေတွေရှိနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်” အစီအစဉ်
…………………………………………………………………………………………………………………………………….

PTT ကုမ္ပဏီမှ အကြမ်းဖက်စစ်တပ်ထံပေးနေသော ငွေကြေးများရပ်တန့်နိုင်ရေး ဖိအားပေးလုပ်ဆောင်မှုတွင် ထိုင်းနိုင်ငံသားများ ပါဝင်လာရေးသည် အလွန်အရေးကြီးပါသည်။

၁. ထိုင်းနိုင်ငံသားများ

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
Blood Money- သွေးစွန်းငွေ
Photo
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် ရက်ပေါင်း ၂၇၀ အတွင်း ပြည်သူ ၃၀၀ ထက်မနည်း သေဆုံးခဲ့ (အခြား မီးရှို့သတ်ဖြတ်ခံရခြင်း မပါဝင်ပါ)

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က လက်နက်အားကိုး အာဏာလုယူခဲ့တာကို နိုင်ငံတဝှမ်း ပြည်သူလူထုက ဆန့်ကျင်‌သပိတ်မှောက်ခဲ့ကြရာ လက်နက်စွဲကိုင် တော်လှန်ရသည်အထိ ဖြစ်လာခဲ့ပါတယ်။ တူမီးမှစခဲ့တဲ့ ဒီလိုလက်နက်ကိုင် တော်လှန်မှုကို အကြမ်းဖက်စစ်တပ်က သာလွန်အင်အား လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပါ နိုင်ငံတကာရဲ့ ဆိုးရိမ်တုန်လှုပ်မှုတွေကြားကပဲ ပြောင်ပြောင်တင်းတင်း လုပ်ပြနေတာပါ။ ‌ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၂ နောက်ပိုင်းမှာ အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးနှုန်း မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ၈ လပိုင်းမှ ၂၀၂၃ ခုနှစ် ၄ လပိုင်းအထိ ၉ လတာ ( ရက်ပေါင်း ၂၇၀ ) ကာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုတည်း‌ဖြင့်ပင် ပြည်သူ အနည်းဆုံး ၃၀၀ ကျော် အသက်သေဆုံးခဲ့ရပါတယ်။ (Myanmar Now ၏ အရပ်သားထိခိုက်၊သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။) ဤသည်မှာ ပြည်သူ ထိခိုက်‌ သေဆုံးမှုအများဆုံးဖြစ်စဉ်များမှ အရေအတွက်သာဖြစ်ပြီး ပြည်သူ အနည်းဆုံး ၁ ဦး ၂ ဦး စသဖြင့် သေဆုံးခဲ့ရသည့် ပမာဏ မပါဝင်ပါ။

အကြမ်းဖက်စစ်တပ်က နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်းများ၊ ဆေးရုံများ၊ စစ်ရှောင်နေရာများကိုပါ ပြုလုပ်နေတာကြောင့် တစ်နေ့လျှင် ပြည်သူ တစ်ဦး နှုန်းထက်မနည်း အသက်သေဆုံးနေရပါတယ်။

နိုင်ငံတကာက ၎င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကြောင့် အကျိုးသက်ရောက်မှုမရှိတဲ့ စာရွက်ပေါ်က စိုးရိမ်တုန်လှုပ်မှု‌တွေ၊ စစ်အုပ်စုက လိုက်နာမှုမရှိတဲ့၊ အလုပ်မဖြစ်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေ၊ ထိရောက်မှုအားနည်း‌တဲ့ ပိတ်ဆို့မှုတွေကို ကျော်လွန်ပြီး တကယ့်လက်တွေ့ကျတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လုပ်ဆောင်သင့်ပါပြီ။ ဒီလိုသာမလုပ်ဘဲ စိုးရိမ်တုန်လှုပ်ကြောင်းသာ ပြောနေရင်တော့ အနာဂတ်မြန်မာပြည်မှာ ပြည်သူပေါင်းများစွာဟာ အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ ဆက်လက် သတ်ဖြတ်ခြင်း ခံနေရမှာပါ။

ဒါကြောင့် နိုင်ငံတကာနဲ့ ၎င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားကြောင့် အကျိုးသက်ရောက်မှုမရှိတဲ့ ထုတ်ပြန်စာတွေကို ကျနော်တို့အနေနဲ့ အများကြီး မျှော်လင့်လို့ မရပါဘူး။ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်တိုင်း အနည်းဆုံး ဒေါ်လာသိန်းချီ ကုန်ကျနေတဲ့ စစ်တပ်ရဲ့ငွေကြေးလမ်းကြောင်းကို အမှန်တကယ် ဖြတ်တောက်နေရဲ့လားဆိုတာလဲ စဉ်းစားစရာပါ။ ထိရောက်မှုရှိပြီး လက်တွေ့ကျတဲ့ ပိတ်ဆို့ အရေးယူမှု၊ မှန်ကန်တဲ့ မူဝါဒတွေချမှတ်ပြီး စစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်ဖို့ လုပ်ရပ်တွေ အမှန်တကယ် လိုအပ်နေပါပြီ။

အစုအလိုက် အပြုံလိုက် သေဆုံးမှု မြင့်တက်နေတဲ့ မြန်မာ့အရေး နွေဦးတော်လှန်ရေးကို အာဆီယံ အပါအ၀င် နိုင်ငံတကာအနေနဲ့ လစ်လျူခြင်းမရှိဘဲ အမြန်ဆုံး ဖြေရှင်းမှသာ လိုရာ ခရီး ပိုတွင်နိုင်မှာပါ။

ကမ္ဘာ့စစ်ရာဇ၀တ်ဂိုဏ်းအဆင့် ဖက်ဆစ်စစ်တပ်ကို အမြန်ဖြိုလှဲဖို့ နိုင်ရာဘက်ကနေ ပါ၀င်ပေးဖို့ မိမိတို့အနေနဲ့ တောင်းဆိုချင်ပါတယ်။

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
Media is too big
VIEW IN TELEGRAM
ဆိုင်ကယ်စီးပါမိတ်ဆွေ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့...

Myanmar Version

#BloodMoneyCampaignMM
တော်လှန်ပြည်သူများခင်ဗျာ

လာမည့် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပပြုလုပ်မယ့် G7 နိုင်ငံများ အစည်းအဝေးသို့ မြန်မာနိုင်ငံသားများရဲ့ အသံများကို ကိုယ်စားပြုတဲ့ တောင်းဆိုချက်တွေ ပါဝင်တဲ့ အိတ်ဖွင့် ပေးစာတစ်စောင်ကို ပေးပို့သွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီအိတ်ဖွင့်ပေးစာ ပေးပို့တဲ့ နေရာမှာ တော်လှန်ပြည်သူတစ်ဦးချင်းစီရဲ့ လက်မှတ်တွေနဲ့အတူ ပေးပို့သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါ့ကြောင့် မိတ်ဆွေတို့ တစ်ဦးယောက်ချင်းစီတိုင်း လက်မှတ် များပါဝင်ရေးထိုးပေးပါရန် အထူးပင် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ…

Deadline : 12.5.2023 (မြန်မာစံတော်ချိန် ည ၁၂ နာရီ)
Petition link : https://actionnetwork.org/petitions/g7-leaders-take-strong-action-to-stop-massacre-in-myanmar

ရေးသားပေးပို့မည့်စာ - 👇 Comment တွင်ဖတ်ရှုနိုင်ပါသည်👇

#BloodMoneyCampaignMM
တော်လှန်မိတ်ဆွေတို့ရေ လက်မှတ် က ၃၀၀ကျော်ပဲရှိပါသေးတယ်။ အနည်းဆုံး လက်မှတ် ၂၀၀၀လောက်ရနိုင်ရင် ပိုပြီး အင်အားရှိနိုင်မှာမို့လို့ အားလုံးရဲ့ ပါဝင်မှုလေးတွေလိုအပ်ပါတယ်။ ပါဝင်ကူညီပေးကြဖို့လည်း အနူးညွတ်မေတ္တာရပ်ခံအပ်ပါတယ်။

https://actionnetwork.org/petitions/g7-leaders-take-strong-action-to-stop-massacre-in-myanmar

#BloodMoneyCampaignMM
Blood Money- သွေးစွန်းငွေ
https://actionnetwork.org/petitions/g7-leaders-take-strong-action-to-stop-massacre-in-myanmar #BloodMoneyCampaignMM
တစ်နေ့တော့ ဦးပေါ်ဦးဟာ သူ့အမူထမ်းနေတဲ့ ဘုရင့်ရဲ့ကြောင်ကိုခိုးပြီး သူ့အိမ်ကို ယူလာခဲ့လိုက်တယ်။

ဘုရင့်ကြောင်ဆိုတော့ သိတဲ့အတိုင်းပဲ ကောင်းပေ့ဆိုတဲ့ အစာတွေပဲ စားရတာကိုး။ ဦးပေါ်ဦးအိမ်က ကြောင်စာလို ပေါပေါပဲပဲ ဘယ်စားနိုင်မလဲ။ တစ်သက်လုံးကောင်းတာတွေချည်း စားလာရတဲ့ ဘုရင့်ကြောင်ကို ဦးပေါ်ဦးက အငတ်ထားလိုက်တယ်။ အစာမစားရင်လဲ ဗျင်းတယ်။

ဘုရင်ကျွေးတဲ့ခွက်နဲ့ သူ့အိမ်က ခွက်စုတ်လေး အစာ နှစ်ခုယှဉ်ချထားလို့ ခွက်အကောင်းကိုရွေးရင်လဲ ဦးပေါ်ဦးက ဗျင်းသတဲ့။ကြောင်ခမျာ မတူတဲ့ခွက် နှစ်ခုချထားရင် ကောင်းတာကို မရွေးရဲဘူး။ ရွေးရင် ဦးပေါ်ဦးက ဗျင်းတာကိုး။ ကြာတော့ အဆာမခံနိုင်တဲ့ကြောင်ဟာ ဦးပေါ်ဦးကျွေးတဲ့ ခပ်ညံ့ညံ့အစာကိုပဲ စားရပါတော့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဦးပေါ်ဦးဟာ ဘုရင့်ကြောင်ကို လက်ထဲပိုက်ပြီး နန်းတော်ထဲ ၀င်လာခဲ့တယ်။ ဘုရင်ကတွေ့တော့ သူ့ကြောင်ပါလို့ ပြောတာပေါ့။ ဦးပေါ်ဦးကလဲ အရောင်တူတာပါဆိုပြီး ဘုရင်ကိုငြင်းတယ်။

ဘုရင်ကလဲ သက်သေပြမယ်ဆိုပြီး ရွှေခွက်နဲ့ အတူ မတူတဲ့ခွက်နဲ့ အစာကျွေးတာပေါ့။ ဘုရင့်ကြောင်ခဗျာ ရွှေခွက်ကို နိူက်ရင် ဦးပေါ်ဦး ဗျင်းမှာ ကြောက်လို့ ခွက်အစုတ်ထဲကအစာပဲ စားသတဲ့။

ဒီလိုပါပဲ အကြောက်တရားနဲ့ အုပ်ချုပ်ခံရတဲ့လူတွေဟာ ဘ၀မှန်ကို မေ့သွားတတ်ကြပါတယ်။

ကျနော်တို့ စစ်အုပ်ချုပ်ရေးလက်အောင်ရောက်နေတဲ့ ပြည်သူတွေလဲ ဒီလိုမျိုး အဖြစ်ကို မရောက်ဖို့ ကြိုးစားရပါမယ်။ကျနော်တို့ရဲ့ တော်လှန်ရေးတာ၀န်ဟာ ကျနော်တို့ လက်ထဲမှာ အပြည့်အ၀ရှိပါတယ်။ ဒါမို့ သွေးစွန်းငွေတွေကို ဖြတ်တောက်ဖို့ ပိုလိုအပ်ပါတယ်။

အရှင်မင်းကြီး ။။ ဟဲ့ ပေါ်ဦး ....သွေးငွေပဲ ဖြတ်တာလား

ပေါ်ဦး ။ ။ လက်မှတ်လေးနဲ့ပါ ဘုရား ။

အခုဆို သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ်ပိန်းအနေနဲ့ လာမည့် မေ ၁၉မှ ၂၁ရက်နေ့အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပပြုလုပ်မယ့် G7နိုင်ငံများ အစည်းအဝေးသို့ မြန်မာနိုင်ငံသားများရဲ့ ကိုယ်စားပြုအသံပါ၀င်တဲ့ တောင်းဆိုချက် အိတ်ဖွင့်ပေးစာပေးပို့ဖို့ ရှိပါတယ်။ တော်လှန်လူထုတိုင်း လက်မှတ်ထိုး ပါ၀င်ကြပါစို့လား ခင်ဗျာ။

လက်မှတ်ထိုးရန်

https://actionnetwork.org/petitions/g7-leaders-take-strong-action-to-stop-massacre-in-myanmar

#BloodMoneyCampaignMM
မိတ်ဆွေတို့ G7ကိုစာပို့ဖို့ သင်လက်မှတ်ထိုးပြီးပြီလား?
👇👇👇👇👇

https://actionnetwork.org/petitions/g7-leaders-take-strong-action-to-stop-massacre-in-myanmar

#BloodMoneyCampaignMM