Blood Money- သွေးစွန်းငွေ
2.58K subscribers
3.05K photos
146 videos
4 files
351 links
Ban Jet Fuel Exports to Myanmar.
Sanction Aviation Fuel.
Freeze Payments To Junta.
Keep In Escrow Account.
Sanction MOGE.
Download Telegram
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၆၀ကျော် ဦးအထိတွေ့ရှိထားပြီး ထပ်မံရှာဖွေကယ်ဆယ်တာတွေ လုပ်နေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။သေဆုံးမှုနှုန်းဟာ အခုအရေအတွက်ထက် ထပ်မံ မြင့်တက်လာနိုင်သေးတယ်လို့လဲ ခန့်မှန်းထားကြပါတယ်။

မြန်မာတို့ရဲ့ နှစ်ကူးအလို တစ်ရက်မှာပဲ ခုလို သွေးသံတရဲရဲနဲ့ အကြမ်းဖက် စစ်အုပ်စုက နှစ်ကူးကို ကြိုဆိုလိုက်တာ ကျွန်တော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ်။

ဒီလို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နိုင်ဖို့ အကြမ်းဖက် စစ်အုပ်စုကို ထောက်ပံ့နေတာ ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ PTTပါ။

PTTရဲ့ ဒေါ်လာငွေတွေ ထောက်ပံ့မူနဲ့ ခုလို လေကြောင်းက အချိန်မရွေး ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေနိုင်တာပဲ ဖြစ်ပါတယ်။

ဒီနွေဦးဟာ အရင်ထက် ပိုပူပြင်းတယ်

ဒီအ‌တာရေ တကယ် မအေးပါဘူး
မဖျန်းပါနဲ့ အတာသွေး
ငါတို့ ပြည်သူရဲ့သွေး

#PTT-must-stop-payment-to-junta
#SanctionMOGE
Blood Money- သွေးစွန်းငွေ
Photo
မြန်မာပြည်သူနဲ့အတူ ရပ်တည်ပါတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပျားသကာလောင်း ထောက်ခံမှုများ နှင့် နေ့စဉ်နဲ့အမျှ အကြမ်းဖက် သတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူများ

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်အားကိုး အာဏာလုယူပြီးတဲ့နောက် တစ်နိုင်ငံလုံးရှိ ဒီမိုကရေစီ လိုလားကြတဲ့ ပြည်သူလူထုက ကန့်ကွက်ဆန္ဒပြ ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဒီမိုကရေစီ လိုလား မြန်မာပြည်သူများဘက်မှ နိုင်ငံတကာကလည်း ရပ်တည်ခဲ့ကြပြီး စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ရှုံ့ချခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူကို အာဏာလုစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်မှာ ကျည်ဆံအစစ်ဖြင့် စတင်အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ အဲဒီချိန်ကစခဲ့တဲ့ ပြည်သူအပေါ် ဖက်ဆစ် စစ်အုပ်စုရဲ့ လူမဆန်စွာ အကြမ်းဖက်မှုတွေကြောင့် ယခုဆို ပြည်သူ ၃၀၀၀ ကျော် ကျဆုံးခဲ့ရပြီး ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရကာ ထွက်ပြေးတိမ်းရှောင်နေရသူ သန်းနဲ့ချီ ရှိနေခဲ့ပါပြီ။ သို့သော်လည်း နိုင်ငံတကာရဲ့ အမြဲထုတ်နေကြ “ဝမ်းနည်းပါတယ်၊ ကန့်ကွက်ရှုံ့ချပါတယ်၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပါ” စတဲ့ ထုတ်ပြန်ချက်တွေသာ မနားတမ်း ထုတ်နေကြတာပါ။

နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကိုအမှန်တကယ် ကူညီရာရောက်မယ့်၊ စစ်အုပ်စုကို အမြန်ဆုံး ကျဆုံးစေမယ့် နည်းလမ်းတွေ ရှိပါလျက်နဲ့ ကိုယ်ကျိုးစီးပွားတွေကြောင့် ရှောင်လွဲနေခဲ့တာဟာ နေ့စဉ်နဲ့အမျှ မြန်မာပြည်သူတွေ ပိုမိုအကြမ်းဖက် သတ်ဖြတ်ခံရဖို့ ဖြစ်စေမှာပါ။

အနီးစပ်ဆုံး ဥပမာတခုအနေဖြင့် အမေရိကန်အစိုးရက စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး လေယာဉ်ဆီ ၀ယ်ယူမှုကိုသာ ပိတ်ဆို့အ‌ရေးယူခဲ့ပေမဲ့ လေယာဉ်ဆီဝယ်နိုင်တဲ့ ဒေါ်‌လာငွေကြေး စီးဝင်နေမှု MOGE ကိုတော့ လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

အမြင်သာဆုံးမှာ အမေရိကန်အစိုးရအနေနဲ့ စစ်တပ်အာဏာလုပြီး ချက်ချင်းဆိုသလို နယူးယောက်မြို့က Federal Reserve Bank မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အာမခံထားငွေ ဒေါ်လာ ၁ ဘီလီယံ ‌(ဒေါ်လာ သန်း ၁၀၀၀) ကို စစ်အုပ်စု ထုတ်ယူသုံးစွဲ မရအောင် ပိတ်သိမ်းခဲ့သော်လည်း ၎င်း၏ မဟာမိတ် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက ၂၀၂၂ ခုနှစ်အတွင်းမှာပင် ဒေါ်လာ ၂.၄ ဘီလီယံ (ဒေါ်လာ သန်း ၂၄၀၀) ပေးခဲ့သည့် စစ်အုပ်စုလက်အောက်က MOGE ကို ပိတ်ဆို့အရေးယူခြင်း မရှိခဲ့ပေ။

အခုလို ဝင်ငွေရနေတာကြောင့် စစ်အုပ်စုဟာ မြေပြင်အခြေအနေအရ မည်သို့ပင် ကျရှုံးစေကာမူ လေကြောင်းကို အလွယ်တကူ အသုံးပြုပြီး အရပ်သားပြည်သူတွေအပေါ် ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်နေနိုင်တာပါ။

ဒါကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာအနေနဲ့ ဒီမိုကရေစီ လိုလားတောင်းတနေတဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပါတယ်ဆိုရင် မိမိတို့ ကိုယ်ကျိုးစီးပွားထက် စစ်အုပ်စုကို အမှန်တကယ် ထိရောက်သည့် စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေရ ငွေပင်ငွေရင်းများကို အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို ထပ်မံ ပြုလုပ်စေလိုကြောင်း တိုက်တွန်းအပ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ တစ်နှစ်တာ စစ်အသုံးစရိတ်က ဒေါ်လာ သန်းပေါင်း ၁၈၀၀ခန့်ရှိတယ်လို့ တိကျစွာသိရှိရပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာငွေအသုံးပြုမှု ထုတ်ပြန်ချက်အရ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နိုင်ဖို့ စစ်အသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့် သုံးစွဲမယ်လို့လည်းတွေ့ရှိရပါတယ်။ ဒီလောက်ဝင်ငွေတွေကို သုံးနိုင်သရွှေ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကလည်း နေ့စဉ်နှင့်မျှ ဆိုသလို ပိုမိုဆိုးရွားနေဦးမှာပဲဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်နိုင်ဖို့ တော်လှန်ပြည်သူတိုင်း သွေးစွန်းငွေဖြတ်တောက်ရေးမှာ ပါဝင်ပေးကြဖို့လိုအပ်ပါတယ်။

#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
Blackout strike: မီးပိတ် တိတ်ဆိတ်မှုနဲ့ အကျယ်လောင်ဆုံးတုန့်ပြန်မှု

အချိန် ။ ည 8-8:05 နာရီ (၅ မိနစ်)
နေ့ရက် ။ ဧပြီ ၁၇၊ ၂၀၂၃ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)
လုပ်ဆောင်ရန်။ ။ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းစာနာခြင်းကို ဖော်ပြခြင်းအနေဖြင့် နေအိမ်တွင် ဖြစ်စေ၊ မိမိရောက်နေသော နေရာ/အရပ်တွင်ဖြစ်စေ ည ၈ နာရီ မှ ၈:၀၅ အတွင်း ၅ မိနစ်ကြာ မီးပိတ်တိတ်ဆိတ်ငြိမ်သက်ကြပါစို့။

မြန်မာပြည်သူလူထုအနေနဲ့ တော်လှန်သင်္ကြန်ဖြတ်သန်းလာခဲ့တာ အခုဆိုသုံးနှစ်မြောက်ရှိခဲ့ပါပြီ။
နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကိုကူးချိန် ဆေးကြောသန့်စင်အေးမြစေခဲ့တဲ့ သင်္ကြန်ရေဟာလည်း အာဏာရူးတစ်စုရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေ၊သတ်ဖြတ်မှုတွေကြောင့် ပူဆွေးဝမ်းနည်းနေရတဲ့ ရင်အပူကို မအေးမြစေနိုင်တော့ပါ။

ဒီနှစ်မကူးခင်မှာလည်း စစ်ရူး အာဏာရူး လက်ချက်ဖြင့် စစ်ကိုင်းတိုင်း၊ကန့်ဘလူ၊ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားရတဲ့အပြစ်မဲ့ပြည်သူ ၁၇၀ ကျော်အတွက်လည်း ပြည်သူတစ်ရပ်လုံး ငိုကြွေးခဲ့ရပြန်ပါပြီ။

ပြည်သူတွေရဲ့တိတ်တဆိတ်ငိုကြွေးသံတွေဟာ ရင်နှင့်အပြည့် မြည်ဟိန်းလို့နေပါပြီ။ ငိုညည်းသံတွေကို ခဏလေးငြိမ်သက်စွာ အာရုံစိုက်နားထောင်ဖို့ အမှောင်ထဲမှာ အတူတကွ ငြိမ်သက်ရင်း ကြွေလွှင့်သွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တောင်းဆုပြုကြမယ်။

မီးလာသည်ဖြစ်စေ၊မလာသည်ဖြစ်စေ ရပ်ကွက်တိုင်း၊မြို့နယ်တိုင်းနေရာတိုင်းမှာ ၅ မိနစ်တိတိမီးပိတ်ပြီး အတူတကွ

ကြွေလွှင့်ကြယ်ပွင့်တွေအတွက်ဆုတောင်းမယ်။
အမှောင်ညတွေက လွန်မြောက်နိုင်ဖို့ဆုတောင်းမယ်။
အိမ်မက်ပျောက်၊လမ်းပျောက်ခဲ့ရတဲ့ ဘဝတွေအတွက်ဆုတောင်းမယ်။

အနိဌာရုံများ၊ စိတ်ဖိစီးမှုများ၊ အထွေထွေအကြပ်အတည်းများ၊ နာကြည်းမှုများမှ ပြည်သူတို့၏စိတ်ကိုခေတ္တအနားပေးပြီးအားအင်ပြန်သစ်ကြမယ်။

အတိတ်ဆိတ်ဆုံးအသံနဲ့ အကျယ်လောင်ဆုံးတုံ့ပြန်မယ်။
ည ၈ နာရီရဲ့ အမှောင်ထုထဲမှာ ပြည်သူအားလုံးရဲ့ ငိုကြွေးသံတွေဟာ အတူတကွပေါင်းစည်းလို့ တိတ်ဆိတ်ငြိမ်သက်ခြင်းကိုဖြစ်စေမယ်။
တိတ်ဆိတ်ငြိမ်သက်စွာ အာရုံစိုက်နားဆင်ကြည့်ပါ။ ပြည်သူအားလုံးရဲ့ ရင်ထဲကငိုရှိုက်သံတွေ၊တောင်းဆုပြုသံတွေ ကို ကြားနိုင်ပါစေ၊ဝေမျှနိုင်ပါစေ၊အတူတူ ကျော်လွှားနိုင်ပါစေ။
ကျနော့်သမီးမှန်ရန် အတိုအစလေးကအစ
ခြေဖျားလက်ဖျားလေးကအစ တွေ့ပလေ့စေ
ကျနော်မှတ်မိတယ်။ ကျတော်သူ့ကို အမြဲ ထွေးထားနေကြ။

I do remember my daughter even if i see tiny of her fleshes. I used to be cuddling her.

#Kanbalu #ကန့်ဘလူ
ဘာကြောင့် PTT ကို သပိတ်မှောက်ဖို့လိုသလဲ?

PTT ကုမ္ပဏီက အကြမ်းဖက်စစ်တပ်ကို နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာပေးနေလို့ပါ။

#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
ရွှေကူမြို့ အရှေ့ပိုင်းရှိ အိမ်အလုံး ၁၀၀၀ ကျော်အား ၁၉ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည်။

https://www.facebook.com/photo/?fbid=609421094552630&set=a.583637430464330

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
အကြမ်းဖက်စစ်တပ်၏ တစ်နှစ်တာ စစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၀၀ ခန့်ရှိနေချိန် PTT မှ အကြမ်းဖက်စစ်တပ်ကို ထောက်ပံ့သည့် ပမာဏမှာ ဒေါ်လာသန်းပေါင်း ၁၁၀၀ ကျော်ရှိသည်ဟု NUG မှ ပေးပို့လာသော အချက်အလက်များမှ သိရှိရပါသည်။ ထိုဒေါ်လာသန်းပေါင်း ၁၁၀၀ ခန့်သည် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက်ကြီး ၄ ခုအနက် ရတနာစီမံကိန်းတစ်ခုထဲမှဖြစ်ပြီး PTT တစ်ဦးမှသာ ပေးချေသောပိုက်ဆံဖြစ်ပါသည်။ ထိုပမာဏ အားလုံးကိုလည်း စစ်အသုံးစရိတ်အဖြစ်သာ အသုံးပြုသည်ဟုလည်း တွေ့ရှိရပါသည်။

ထိုငွေကြေးများကို မဖြတ်တောက်နိုင်သရွေ့ နေ့စဉ်နှင့် အမျှ ဆိုသလို ပြည်သူအမြောက်အများနေဆုံးနေကြရုံမျှ မကပဲ အကြမ်းဖက်စစ်အာဏာရှင်စနစ်တော်လှန်ရေးကြီးတစ်ရပ်လုံး ပါရှုံးနိမ့်သွားနိုင်ပါသည်။ PTT မှ အကြမ်းဖက်စစ်တပ်ထံ စီးဝင်နေသောငွေကြေးများကို ဖြတ်တောက်နိုင်ရန် မြန်မာပြည်တွင်းသာမက ထိုင်းရောက်မြန်မာများပါ တာဝန်ရှိပါသည်။

#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
သတင်းထုတ်ပြန်ချက် 📣 ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ENEOS Holding နှင့် အခြားကုမ္ပဏီများ နှုတ်ထွက်မှုအပေါ် အရေးကြီးမေးခွန်းများ

သတင်းထုတ်ပြန်ချက် အပြည့်အစုံကို 👉🏽 https://bit.ly/3A3reND

ဧပြီလ ၁၃ ရက်နေ့တွင် ENEOS Holdings (နောက်ပိုင်းတွင် “ENEOS” ဟု ရည်ညွှန်းသုံးစွဲမည်) သည် မြန်မာနိုင်ငံရှိ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၎င်းတို့၏ နှုတ်ထွက်မှုနှင့်ပတ်သက်ပြီး တရားမဝင် စစ်အုပ်စုကို ရည်ညွှန်း၍ “မြန်မာအစိုးရ” က ဧပြီလ ၁၂ ရက်နေ့တွင် အတည်ပြုပေးခဲ့ပြီ ဖြစ်ကြောင်း ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ENEOS ၏ ယင်းကြေညာချက်တွင် သတင်းအချက်အလက်အနည်းငယ်သာပါရှိပြီး၊ ကုမ္ပဏီက “ကျွန်ုပ်တို့၏ စုပေါင်းဘဏ္ဍာရေးရလာဒ်များအပေါ် ယခုရောင်းချမှု၏ အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမည်ဟု မျှော်လင့်ပါသည်” ဟု ဖော်ပြထားသည်။ သို့ရာတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏လမ်းညွှန်အခြေခံမူများ၊ OECD လမ်းညွှန်ချက်များအရ စီးပွားရေး လုပ်ငန်းမှ တာဝန်ယူမှုရှိစွာ နှုတ်ထွက်ရေးအတွက် ကုမ္ပဏီက လိုက်နာရမည့် တာဝန်ဝတ္တရားများကို ရည်ညွှန်းဖော်ပြထားမှုမရှိပေ။

မလေးရှားကုမ္ပဏီ Petronas သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ ထိုင်းကုမ္ပဏီ PTTEP နှင့် ENEOS ၏ လုပ်ငန်းခွဲ Nippon Oil Exploration (Myanmar) တို့နှင့် မိတ်ဖက် ဆောင်ရွက်မှုဖြင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းတွင် အော်ပရေတာအဖြစ် ဆောင်ရွက်နေသည်။ Nippon Oil ၏ အခြားရင်းနှီးမြှုပ်နှံသူများသည် ဂျပန်အစိုးရနှင့် Mitsubishi Corporation တို့ ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်တွင် Petronas ကုမ္ပဏီက စီမံကိန်းမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သော်လည်း၊ ၎င်းတို့ နှုတ်ထွက်မှု၏ လက်ရှိအခြေအနေများ၊ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ရှိစွာ နှုတ်ထွက်ရန်အတွက် ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်တစ်စုံတစ်ရာအပေါ် ထုတ်ပြန်ထားခြင်း မရှိပေ။

ENEOS နှင့် ၎င်းတို့မိတ်ဖက်များအနေဖြင့် တာဝန်သိစွာဖြင့် ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန်၊ ပါဝင်သင့် ပါဝင်ထိုက်သူ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေး တိုင်ပင်မှုမှတဆင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန် Mekong Watch၊ FoE Japan နှင့် Justice For Myanmar တို့က ပြီးခဲ့သည့်နှစ်တွင်လည်းကောင်း၊ ယခုနှစ်တွင်လည်းကောင်း အလေးအနက် တိုက်တွန်းခဲ့သည်။ သို့ရာတွင် ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို လျစ်လျူရှုခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ခွာရာတွင် ENEOS နှင့် ၎င်း၏ နိုင်ငံတကာမိတ်ဖက်များသည် စီမံကိန်းမှ အခွန်၀င်ငွေများကို မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်သို့ မရောက်ရှိစေရေးလုပ်ဆောင်ရန်ကို ထင်ထင်ရှားရှား ပျက်ကွက်ခဲ့သည်။ ထို့အပြင် ENEOS နှင့် ၎င်း၏နိုင်ငံတကာမိတ်ဖက်များသည် ကုန်ခန်းလုနီးဖြစ်မည်ဟု ခန့်မှန်းထားသည့် အဆိုပါသဘာဝဓာတ်ငွေ့လုပ်ကွက်ကို ပိတ်သိမ်းရန် သင့်လျော်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ တရားမ၀င်စစ်အုပ်စု၏ ထိန်းချုပ်မှု အောက်တွင်ရှိနေစဉ် MOGE သည် အဆိုပါသဘာဝဓာတ်ငွေ့လုပ်ကွက်ကို သဘာဝ ပတ်ဝန်းကျင်အပေါ် တာဝန်သိသောနည်းလမ်းဖြင့် ပိတ်သိမ်းမည်ဟု ယုံကြည်နိုင်ခြင်း မရှိပေ။

JFM မှရရှိသောအချက်အလက်များအရ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum အဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Gulf Petroleum Myanmar မှ လွှဲပြောင်းရယူလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က GPM ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည့် အချက်အလက်များအရ (ယင်းအချက် အလက်များကို ယခုအခါ ဖယ်ရှားပြီးဖြစ်) Northern Gulf Petroleum ကို အခွန်ကင်းလွတ်ခွင့်အထူးနိုင်ငံဖြစ်သည့် ဘာမြူဒါရှိ ဟန်ပြကုမ္ပဏီများမှတစ်ဆင့် ဖွဲ့စည်းတည်ထောင်ထားပြီး၊ စင်ကာပူနိုင်ငံတွင်လည်း ဦးပိုင်ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားသည်။ ယင်းသည် စစ်အုပ်စုထံ ငွေပေးချေမှုများကို ကူညီဆောင်ရွက်ပေးနိုင်မည့် လျှို့ဝှက်သိုသိပ်သော စီရင်ခွင့်နယ်မြေကို အသုံးပြုသည့် ကော်ပိုရိတ်ဖွဲ့စည်းမှုတစ်ရပ် ဖြစ်သည်။ GPM ကုမ္ပဏီအား လွှဲပြောင်းဆက်ခံသူအဖြစ် ရွေးချယ်မှုသည် ENEOS၊ ဂျပန်အစိုးရနှင့် Mitsubishi Corporation တို့အနေဖြင့် ၎င်းတို့၏ နှုတ်ထွက်မှုနှင့် ဆက်စပ်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အပေါ် ဆိုးကျိုးများကို ရှာဖွေသတ်မှတ်ရန်၊ ကာကွယ်ရန်၊ လျှော့ချရန်နှင့် ပြန်လည်ကုစားရန်အတွက် လုံလောက်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အဓိပ္ပါယ်သက်ရောက် သည်။

ENEOS၊ ဂျပန်အစိုးရနှင့် Mitsubishi Corporation တို့အနေဖြင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ နှုတ်ထွက်မှုနှင့် စပ်လျဉ်း၍ ၎င်းတို့လုပ်ဆောင်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမည့် ပြဌာန်းချက်များ၊ ဆိုးကျိုးသက်ရောက်မှုများကို ဖြေရှင်းရန်အတွက် ၎င်းတို့လုပ်ဆောင်မည့် လုပ်ငန်းအဆင့်ဆင့်များကို ၎င်းတို့၏ နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်ဝတ္တရားများနှင့်အညီ ထုတ်ပြန်ပေးရန် တောင်းဆိုပါသည်။

#WhatsHappeningInMyanmar #JusticeForMyanmar Mekong Watch FoE Japan
ရုရှားနိုင်ငံသည် ၎င်းတို့၏ရေနံစိမ်းများအား တရုတ်နိုင်ငံသို့ရောင်းချပို့ဆောင်ရာတွင်မြန်မာနိုင်ငံမှတစ်ဆင့် ပို့ဆောင်ပြီး ...... ရေနံတူးဖော်ရေးစီမံကိန်းမှ ပိုက်လိုင်းကို အသုံးပြုလျှက်ရှိပါသည်။

(1). ရတနာ (2). ဇောတိက (3). ရွှေ

#WhatsHappeningInMyanmar
#BloodMoneyCampaignMM