Moonstar Channel
141K subscribers
1.92K photos
12K videos
10.2K links
Download Telegram
Siren's Kiss ( နတ်သမီး အနမ်း)

https://t.me/+akgZcyBnMn9kYzM1

ချစ်သူဖြစ်ခဲ့တဲ့ အမျိုးသားတိုင်း လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားတတ်တဲ့ မိန်းကလေးတစ်ယောက်ကို သင် ရဲရဲဝံ့ဝံ့ ချစ်ရဲပါ့မလား။ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ မေးခွန်းနဲ့အတူ အချစ်၊ ရမ္မက်နဲ့ သေဆုံးခြင်းတွေကို ဆွဲဆောင်မှုရှိရှိ ပေါင်းစပ်ထားတဲ့ ကိုရီးယား Romance Thriller ဇာတ်လမ်းတွဲသစ်ကြီး "Siren's Kiss" (세이렌) ဟာ ဒီနေ့ (မတ်လ ၂ ရက်၊ ၂၀၂၆) မှာပဲ Moonstar Channel ကနေတစ်ဆင့် ပရိသတ်တွေရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။ Rom-Com တွေမှာ မြင်တွေ့နေကျ မင်းသမီးချော Park Min-young ကို ဒီကားထဲမှာတော့ ယောကျာ်းတွေကို သေမင်းဆီ ခေါ်ဆောင်သွားတတ်တဲ့ ဆိုက်ရင် (Siren) နတ်သမီးလိုမျိုး အေးစက်ပြီး လျှို့ဝှက်ချက်တွေ ပြည့်နေတဲ့ အနုပညာလေလံပွဲ ခေါင်းဆောင် Han Seol-ah အဖြစ် အမိုက်စား မြင်တွေ့ရမှာပါ။

သူမရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ရောက်လာသူကတော့ အာမခံလိမ်လည်မှုတွေကို စုံစမ်းထောက်လှမ်းတဲ့ နေရာမှာ နာမည်ကြီးတဲ့ စုံထောက် Cha Woo-seok ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်ကိုတော့ သရုပ်ဆောင်ကောင်းလွန်းတဲ့ မင်းသားချော Wi Ha-joon က အသက်သွင်းထားတာပါ။ Woo-seok တစ်ယောက် Seol-ah ရဲ့ အတိတ်က ချစ်သူ (စေ့စပ်ထားသူ) သုံးယောက်စလုံး သေဆုံးခဲ့ရတဲ့ အမှုကို စုံစမ်းရင်း... အမှန်တရားကို ပိုသိရဖို့အတွက် သူမနဲ့ "အတုအယောင် ချစ်သူ" (Fake Relationship) အဖြစ် ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ရာကနေ ပြဿနာတွေ စတင်ပါတော့တယ်။ ဒါပေမဲ့ အမှုတွဲတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ပဲ သူမရဲ့ ဆွဲဆောင်မှုတွေအောက်မှာ ရုန်းထွက်မရအောင် ကျော့ကွင်းမိသွားတဲ့အခါ... တကယ့် လူသတ်သမားက ဘယ်သူလဲ၊ သူမက တကယ်ပဲ လူသတ်သမားလား ဒါမှမဟုတ် သူမကိုယ်တိုင်က သားကောင်လား ဆိုတဲ့ အမှန်တရားနဲ့အတူ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေတွေကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားမှာ Park Min-young နဲ့ Wi Ha-joon တို့ နှစ်ယောက်အပြင် Mr. Queen မင်းသား Kim Jung-hyun ကပါ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်ရုပ်ကနေ အဓိက အားဖြည့်ပါဝင်ထားပါတယ်။ ပုံမှန် အချစ်ကားတွေလို ချိုမြိန်နေတာမျိုး မဟုတ်ဘဲ၊ သံသယတွေ၊ လှည့်ကွက်တွေနဲ့အတူ လူ့စိတ်ရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ပြထားတဲ့ ဆွဲဆောင်မှုပြင်းထန်တဲ့ (Fatal Romance) ဇာတ်လမ်းမျိုးဖြစ်လို့... သာမန်ရိုးကျကားတွေ ကြည့်ရတာ အီနေပြီဖြစ်တဲ့ Thriller ပရိသတ်တွေအတွက်တော့ လုံးဝ အကြိုက်တွေ့စေမယ့် Masterpiece တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။
4
Love Like A Bike

အတိတ်က နာကျင်စရာ ဒဏ်ရာတွေကို ကုစားရင်း စက်ဘီးတစ်စီးနဲ့အတူ အချစ်ကို ရှာဖွေမယ့် ခရီးစဉ်လေးတစ်ခုကို လိုက်ပါစီးမျောချင်ပါသလား။

သာမန် ကျောင်းသားအရွယ် အချစ်ဇာတ်လမ်းတွေကနေ ခွဲထွက်ပြီး၊ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှု (Healing) ကို အသားပေး ရိုက်ကူးထားတဲ့ Love Like A Bike စီးရီးလေး လာပြီနော်

လူငယ် စိတ်ကျန်းမာရေးဆရာဝန်လေးဟာ ထိတ်လန့်ကြောက်ရွံ့တတ်တဲ့ ရောဂါ (Phobia) တစ်ခုကို ခံစားနေရတဲ့ အမွေခံ လူငယ်လေးတစ်ယောက်ကို ကုသပေးဖို့ ကြိုးစားရာကနေ မမျှော်လင့်ထားတဲ့ အချစ်ခရီးစဉ်လေးတစ်ခု စတင်လာပါတော့တယ်။

ဒီအပြင် ပတ္တရားမြို့ရဲ့ နေရောင်ခြည်နွေးနွေးအောက်မှာ စက်ဘီးကဖေး (Bike Cafe) လေး ဖွင့်ထားတဲ့ ညီအစ်ကို သုံးယောက်ရဲ့ ဘဝဖြတ်သန်းမှုတွေ၊ အတိတ်က စိတ်ဒဏ်ရာတွေကို စက်ဘီးစီးရင်း ဘယ်လို ကျော်ဖြတ်ကြမလဲ ဆိုတာတွေကိုပါ သဘာဝကျကျ ရောယှက်တင်ဆက်ထားတာမို့ ကြည့်ရှုသူကို စိတ်အေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

ပါဝင်မယ့် သရုပ်ဆောင်တွေအနေနဲ့ကတော့ 2 Moons ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားချော Tee Thanapon (Sailom အဖြစ်) နဲ့ Channel 3 က မင်းသား Masu Junyangdikul (Nubnueng အဖြစ်) တို့က အဓိက ခေါင်းဆောင် ပါဝင်ထားပါတယ်။ သူတို့နဲ့အတူ KinnPorsche ထဲက အချစ်တော်လေး Ta Nannakun (Dindin အဖြစ်) ကိုလည်း မြင်တွေ့ရဦးမှာပါ။ ဒီလို အမိုက်စား သရုပ်ဆောင်တွေကို နာမည်ကြီး ဒါရိုက်တာ Golf Tanwarin က ပဲ့ကိုင်ရိုက်ကူးပေးထားတာ ဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ အရည်အသွေးကတော့ ယုံကြည်စိတ်ချလို့ ရနေပါပြီ။

ခပ်ကြမ်းကြမ်း Toxic ဇာတ်လမ်းတွေ ကြည့်ရတာ အီနေပြီး၊ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေမယ့် သဘာဝဆန်ဆန် Healing BL ကားကောင်းလေး တစ်ကားကို ရှာနေတယ်ဆိုရင်တော့ ဒီကားလေးက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။

ဇာတ်ကားလေးကို ကြည့်ဖို့ ဒီချန်နယ်လေးကို Join ထားလိုက်တော့နော်

https://t.me/+HbKsg_JgtYM3ODU9
5
Forwarded from Moonstar_Kchannel
Siren's Kiss (နတ်သမီးအနမ်း)

အညွှန်းဖတ်ရန်

Join Channel
https://t.me/+akgZcyBnMn9kYzM1

Episode 01
https://t.me/c/2118023681/25823
3
Lunch Break Lovers (မိနစ် ၅၀ ချစ်သူ)

https://t.me/moonstarjapanchannel01

အလုပ်ခွင်က စိတ်ဖိစီးမှုတွေကို ခဏမေ့ထားပြီး ပြုံးစိစိနဲ့ ကြည့်ရမယ့် ဂျပန် Rom-Com ဇာတ်လမ်းတွဲသစ်လေး "Lunch Break Lovers" လာပါပြီ!

ဂိမ်းဒီဇိုင်နာမလေး Naho တစ်ယောက် ပန်းခြံထဲမှာ နေ့လယ်စာစားရင်း လူစိမ်းတစ်ယောက်ရဲ့ အင်္ကျီပေါ်ကို ကော်ဖီမှောက်ချမိရာကနေ စပါတယ်။ အင်္ကျီဖိုး လျော်စရာမရှိတဲ့ သူမကို အဲဒီလူစိမ်း (Haru) က တောင်းဆိုလိုက်တာက... "မနက်ဖြန်ကစပြီး ငါ့အတွက် နေ့လယ်စာ ထမင်းဘူး ၃၀ ရက်တိတိ လုပ်လာခဲ့ပေး" တဲ့။ 🍱

ဒီလိုနဲ့ နေ့တိုင်း နေ့လယ်စာစားချိန် မိနစ် (၅၀) တိတိ ဆုံတွေ့ရင်း သံယောဇဉ်ဖြစ်လာကြချိန်မှာ... Haru ဟာ Naho တို့ရဲ့ အကြီးဆုံး ပြိုင်ဘက်ကုမ္ပဏီက နာမည်ကြီး Game Creator တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ...

ပြိုင်ဘက်ကုမ္ပဏီက လူနှစ်ယောက်ရဲ့ ခိုးကြောင်ခိုးဝှက် ထမင်းဘူးစား Date လေးတွေက ဘယ်လောက်တောင် ရင်ခုန်စရာကောင်းမလဲဆိုတာ ဒီကားလေးထဲမှာ အတူတူ ကြည့်လိုက်ကြရအောင်နော်!
1
Lunch Break Lovers ( မိနစ် ၅၀ ချစ်သူ)

အညွှန်းဖတ်ရန်

Join Channel
https://t.me/moonstarjapanchannel01

Episode 01
https://t.me/moonstarskura/528
5
Silent

"နားမကြားတော့တာက ဝမ်းနည်းစရာကောင်းပေမဲ့... နားမကြားလို့ မင်းနဲ့ မပတ်သက်ချင်တော့ဘူးဆိုတာက ပိုပြီး နာကျင်ရတယ်"


တကယ်လို့ သင် အရမ်းချစ်ရတဲ့သူက ဘာအကြောင်းပြချက်မှမပေးဘဲ သင့်ဆီကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင်? ပြီးတော့ ၈ နှစ်အကြာမှာ ပြန်ဆုံတဲ့အခါ သူက အသံမထွက်နိုင်တော့တဲ့ အမှောင်လောကထဲ ရောက်နေတာကို သိလိုက်ရရင်?

"တစ်ခါတလေမှာ စကားလုံးတွေထက် ဆိတ်သုဉ်းခြင်းက ပိုပြီး အဓိပ္ပာယ်ရှိတတ်တယ်..."

ကြည့်ရန်ချန်နယ်
https://t.me/JapaneseDramaSunflower
2🍓1
Forwarded from Moonstar_Kchannel
This media is not supported in your browser
VIEW IN TELEGRAM
ဒီကားထဲမှာလည်း မမ Park Min Young တို့က so fine နော် ❤️‍🔥❤️‍🔥

Siren's Kiss
https://t.me/Moonstar_Kchannel/1590
6
အချစ်ရဲ့ အမှောင်ဘက်ခြမ်း

Join Channel
https://t.me/moonstarchannel00

ဒီကားလေးကတော့ ရိုးသားဖြူစင်ပြီး အောင်မြင်မှု သိပ်မရှိသေးတဲ့ အိုင်ဒေါမလေး မီနာဆဲ အာမာ နဲ့ နာမည်ကျော် မင်းသားချော ဟိုရှော ချိအာကီ တို့ကြားက ဆက်ဆံရေးကို အဓိကထားထားပါတယ်။ အာမာအတွက်တော့ ချိအာကီဟာ သူမကို အမှောင်ထဲကနေ ကယ်တင်ပေးမယ့် "ကယ်တင်ရှင်" လို့ ထင်ရပေမဲ့၊ တကယ်တော့ ချိအာကီဟာ သူမရဲ့ ဘဝထဲကို "အမြစ်တွယ် ဝါးမြို" ဖို့ ရောက်လာတဲ့သူ ဖြစ်နေတဲ့အခါမှာတော့...။

ဒီဇာတ်ကားရဲ့ အဓိက ဆွဲဆောင်မှုက "Dual Nature" (နှစ်ခွသဘာဝ) ပါပဲ။ ချိအာကီရဲ့ ဇာတ်ကောင်ဟာ အပြင်ပန်းမှာ အလွန်နွေးထွေးပြီး အားကိုးထိုက်သူဖြစ်ပေမဲ့၊ ကွယ်ရာမှာတော့ တခြားသူတွေရဲ့ ဘဝကို ဖျက်ဆီးရတာကို ပျော်စရာ "လောင်းကစား" တစ်ခုလို သဘောထားတဲ့ Red Flag ဇာတ်ကောင်ဖြစ်ပါတယ်။ ကြည့်ရှုသူတွေကို "သူ တကယ်ပဲ အာမာကို ချစ်သွားမှာလား?" ဒါမှမဟုတ် "အာမာ ရဲ့ ဘဝ ပျက်စီးသွားတော့မှာလား?" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဆွဲခေါ်သွားနိုင်ပါတယ်။
4
အချစ်ရဲ့ အမှောင်ဘက်ခြမ်း (Salvation, Swallowed by the Nest)

အညွှန်းဖတ်ရန်

Join Channel
https://t.me/moonstarchannel00

Episode 01
https://t.me/moonstarskura/545

Episode 02
https://t.me/moonstarskura/553

Episode 03
https://t.me/moonstarskura/556
1
Forwarded from Moonstar_Kchannel
2