BECA Public FAQ
21K subscribers
469 photos
69 videos
38 files
136 links
Download Telegram
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်ဟောင်း ဒသမတန်း) ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်" အသိပေးကြေညာခြင်း ⏬ ⏬ ⏬


🎯 အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) အစီအစဉ်၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ (၂၈) ရက်နေ့အတွင်း ဘာသာရပ်အားလုံးကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများအားလုံးသည် Myanmar Education System

(MES Link - https://mes.moeedu.org) ၌

BECA Certificate နှင့် Transcript များကို
🌿(17.5.2025) ရက်နေ့ ၊ မနက် (၉) နာရီအချိန်တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ပါ၍
ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်ကို အသိပေးကြေညာအပ်ပါသည်။

🎯 BECA ဖြေဆိုထားသော ကျောင်းသား/သူများသည် မိမိအဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက Complaint Form တင်နိုင်ပြီး ၎င်း Complaint Form ကို 🚨 (17.5.2025) မှ (17.6.2025) အထိ နောက်ဆုံးထားပြီး

Moodle (LMS -
https://lms-rvy.moeedu.org) တွင်
Technical Support Channel အောက်၏
(https://lms-rvy.moeedu.org/mod/quiz/view.php?id=19

နေရာတွင် Complaint Form ဖောင်ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။

🎯 Complaint Form ဖြည့်သွင်းရာတွင်ကျောင်းသား/သူများအနေဖြင့် အောက်ဖော်ပြပါအချက်များကို ပူးတွဲ၍ ‌ထပ်မံလျှောက်ထားနိုင်မည် ဖြစ်ပါသည်-

၁။ ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင် 
ရေးသားထားသော လျှောက်လွှာ

၂။ မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြိုနယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲအစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်
(မှတ်ချက် - ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို စီဒီအမ် ကျောင်းသားဖြစ်ကြောင်း ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များအားစစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

🎯 BECA Certificate နှင့် Transcript ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာဖြစ်ပါက အောက်ဖော်ပြပါ Channels များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Channel 1
BECA Official Email >>
enquiry@be.moeedu.org

Channel 2
BECA Official Email >>
beca.info@be.moeedu.org

🎯 BECA အစီအစဉ်နှင့်စပ်လျဉ်း၍ မကြာခဏ
စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများနှင့် Update သတင်းအချက်အလက်များကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာရယူနိုင်ပါ‌ကြောင်း အသိပေးကြေညာအပ်ပါသည်။

BECA Public FAQ Telegram Link >>
https://t.me/BECApublicFAQ
        

⏬ ⏬ ⏬ ⏬ ⏬ ⏬
🏆 "၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်ဟောင်း ဒသမတန်း) ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်" 🌿
🚧 🚧 🚧 🚧 🚧 🚧

Myanmar Education System (MES) ကို စနစ်ပြင်ဆင်မှုများ၊ နည်းပညာပိုင်းဆိုင်ရာ ထိန်းသိမ်းမှုများ လုပ်ဆောင်မည်ဖြစ်သည့်အတွက်

MES Site >>
https://mes.moeedu.org ကို

🚨၂၀၂၅ ခုနှစ်၊ မေလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၉) နာရီမှ ည (၁၁) နာရီအထိ ခေတ္တ အသုံးပြုနိုင်မည် မဟုတ်ပါကြောင်း🚨

အသိပေးအပ်ပါသည်။


#NationalUnityGovernment
#NUG #MOE #NUGMOE #BECA #basiceducationcompletionassessment #MES
📣 📣 📣 📣 📣

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) Certificate ထုတ်ယူရန်အတွက် Myanmar Education System (MES) ကို စနစ်ပြင်ဆင်မှုများ၊ နည်းပညာပိုင်းဆိုင်ရာ ထိန်းသိမ်းမှုများ လုပ်ဆောင်မည်ဖြစ်သည့်အတွက်

MES Site >>
https://mes.moeedu.org မှ

🚨BECA Certificate ထုတ်ယူခြင်းကို ၂၀၂၅ ခုနှစ်၊ မေလ (၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၁၁း၃၀) နာရီမှ ည (၁၂) နာရီအထိ မိနစ် (၃၀) ခန့် ခေတ္တ ရပ်နားထားမည်ဖြစ်ပါကြောင်း🚨

အသိပေးအပ်ပါသည်။


#NationalUnityGovernment
#NUG #MOE #NUGMOE #BECA #basiceducationcompletionassessment #MES
🎯 BECA 🔥Hot FAQ (1) Now 🎯

Log in ဝင်မရပါက / Invalid Log in ပြနေပါက ဘယ်လိုလုပ်ရမလဲ ။ ⏬ ⏬ ⏬

......................

Log in ဝင်မရပါက / Invalid Log in ပြနေပါက

1. Invalid Login
2. အမည်
3. ID (လုံးဝ မမှားယွင်းရန်)
4. E mail (လျှောက်လွှာတွင်ဖြည့်ခဲ့သည့်)
5. မှတ်ပုံတင်နောက်ဆုံး (၄) လုံး (လျှောက်လွှာတွင်ဖြည့်ခဲ့သည့်)

တို့ကို လုံးဝမမှားယွင်းစေဘဲ ရေးသား၍

enquiry@be.moeedu.org (သို့မဟုတ်) beca.info@be.moeedu.org

ဆီသို့ Email ပေးပို့ပါ။

Admin Team မှ  Password Reset ပြုလုပ်ပြီး ငါးရက်အတွင်း ဖြည့်သွင်းထားခဲ့သည့် Email ဆီသို့ Password အသစ် ပြန်ပို့ပေးပါလိမ့်မည်။

Online/Offline ဖြေဆိုသူများအားလုံး Password Reset ပြုလုပ်လိုပါက အထက်ပါ Email များထံသို့ Email ပို့၍ ဆက်သွယ်နိုင်ပါသည်။
🎯 BECA 🔥 Hot FAQ (2) Now 🎯

အရင်ထည့်ခဲ့တဲ့ Gmail တွေ ဝင်မရတော့လို့ ဘယ်လိုလုပ်ရမလဲ / Gmail အသစ်ပြောင်းလို့ရမလား ? ⏬ ⏬ ⏬

.............................

Gmail ကို ပြင်ဆင်လိုပါက

enquiry@be.moeedu.org (သို့မဟုတ်) beca.info@be.moeedu.org

Email သို့

1. Email/Gmail ပြင်ရန်
2. အမည်
3. လျှောက်ထားခဲ့တဲ့ Email/Gmail
4. ID Code (ကျောင်းသားနံပါတ်)
5. လျှောက်ထားခဲ့မှတ်ပုံတင်နံပါတ်နောက်ဆုံးလေးလုံး
6. ပြင်လိုသည့် Email/Gmail Address

ပေးပို့ရန် ။

** စာဖြေသူဘက်မှ Email ပေးပို့ပြီးနောက် အမှန်ပြင်ရန် အချိန်တစ်ပတ် စောင့်ဆိုင်းရမည် ဖြစ်သည် ။

Online/Offline ဖြေဆိုသူများအားလုံး အီးမေးလ်ပြင်ဆင်လိုပါက အထက်ပါ Email များထံသို့ Email ပို့၍ ဆက်သွယ်နိုင်ပါသည်။
🎯 BECA 🔥 Hot FAQ (3) Now 🎯

Certificate ထုတ်ယူဖို့ MES Password ကို ကိုယ်တိုင် ဘယ်လိုယူရမလဲ။ ⏬ ⏬ ⏬

..................

ကျောင်းသား/သူ ကိုယ်တိုင် MES Password Reset ချနိုင်ပါတယ်။
MES Password Reset ချရန် နည်းလမ်းအဆင့်ဆင့်ကို ပုံတွင် ဖော်ပြထားပါတယ်။
⤴️ ⤴️ ⤴️ ⤴️ ⤴️