BECA Public FAQ
21K subscribers
469 photos
69 videos
38 files
136 links
Download Telegram
FAQ
၂၈။ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း(BECA)
(စနစ်သစ် ဒွါဒသမတန်း) စာရင်းသွင်းခြင်း အောင်မြင်ကြောင်း ဘယ်လိုစစ်မလဲ။

၁။ BECA ဖြေဆိုရန် MES ထဲရှိ စာရင်းသွင်းရန်ကို ဖြည့်သွင်းပြီးပါက ပုံတွင်ပြထားသည့်အတိုင်း "စစ်ဆေးအကဲဖြတ်မှုဆိုင်ရာအချက်အလက်များ" MENU ပေါ်/မပေါ်ရှာကြည့်ပါ။

၂။ ထို့နောက် မိမိဖြည့်စွက်ခဲ့သော အချက်အလက်များ ပေါ်/မပေါ်ကိုလည်း စစ်ဆေးကြည့်ပါ။ ထိုအချက်များတွေ့ရှိရပါက စာရင်းသွင်းခြင်းအောင်မြင်ပါသည်။

၃။ စာရင်းသွင်းရန်တွင် စာရင်းသွင်းဖြည့်စွက်ပြီးသော်လည်း စစ်ဆေးအကဲဖြတ်မှုဆိုင်ရာအချက်အလက်များမပေါ်ပါက enquiry@be.moeedu.org (သို့) beca.info@be.moeedu.org သို့ မေးလ်ပို့ပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။