BECA Public FAQ
21K subscribers
469 photos
69 videos
38 files
136 links
Download Telegram
BECA Public FAQ pinned «"အင်္ဂလိပ်စာ မေးခွန်းလွှာနမူနာပုံစံ (စနစ်သစ် ဒွါဒသမတန်း) ထုတ်ပြန်အသိပေးခြင်း" ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အင်္ဂလိပ်စာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်‌ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို ဖြေဆိုကြမည့် …»
This media is not supported in your browser
VIEW IN TELEGRAM
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] စနစ်ဟောင်း ဒသမတန်း ဖြေဆိုခွင့်ကာလ ထပ်မံအသိပေးနှိုးဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်‌ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)" စနစ်ဟောင်း ဒသမတန်းဖြေဆိုခွင့်သည် လာမည့် "၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့" တွင် သုံးလတာ‌ဖြေဆိုခွင့် သတ်မှတ်ကာလပြည့်မည်ဖြစ်သောကြောင့် ဖြေဆိုခွင့်အချိန်ကာလ "အချိန်ကာလ (၁၅) ရက်" သာ ကျန်ရှိတော့ပါကြောင်း
BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ အချိန်မီသတိပြု ဖြေဆိုနိုင်ရန် ထပ်မံကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

#NUG #MOENUG #MBEH #BECA
#HomeBasedLearning #Myanmar
"သင်္ချာ မေးခွန်းလွှာနမူနာပုံစံ (စနစ်သစ် ဒွါဒသမတန်း) ထုတ်ပြန်အသိပေးခြင်း"

၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) သင်္ချာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်‌ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို
ဖြေဆိုကြမည့် ပြည်သူ့ကျောင်းသားများ၊ သင်ကြားပေးနေသည့် ဆရာများနှင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

#NUG #NUGMOE #BECA #Grade12
#SampleQuestion

⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️