Aye NeWin အေးနေဝင်း
3.6K subscribers
340 photos
137 videos
43 links
Aye Ne Win's views are presented here
Download Telegram
Happy 91st Birthday Your Majesty.

May Queen Sirikit, the Queen Mother of Thailand have a long and enlightened live.

ယနေ့ကျရောက်သော ထိုင်းဘုရင့် မယ်တော်ကြီး သီရိခေတ်ရဲ့ (၉၁) နှစ်ပြည့် မွေးနေ့မင်္ဂလာရက်မြတ်မှာ ဘုန်းတော်ကြီးလို့ သက်တော်ရှည်ပြီး တရားထူး တရားမြတ်ကို ကျင့်ကြံ မျက်မောက်ပြု မွေ့လျော် တော်မူနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်

အေးနေဝင်း
ထမင်းတစ်နပ် စားတာကို ကျပ် သိန်း ၁၀၀ ကျော်ကုန်တယ်ဆိုပြီး အလန့်တကြားတွေ သတင်းဖြန့်နေကြတာ၊ တစ်ပုလင်း ​ဒေါ်လာ ၂ ထောင်၊ ၃ ထောင်အထက် ဝိုင် အရက်ပုလင်းတွေ မှာသောက်တာကျတော့ ထည့်မပြောကြဘူး၊ ဒီအရည်တွေ မကြိုက်လို့ မသောက်ရင် ဘယ်သူမှ အဲလောက်မကုန်ဘူး။ ရန်ကုန်၊ မန္တလေး ဟိုတယ် အချို့မှာ ရောင်းတဲ့ Louis XIII Cognac တစ်ပုလင်းဆိုရင် ဒေါ်လာ သောင်းဂဏန်းဆိုတော့ သက်တန်းနုရင့်ပေါ်မူတည်ပြီး ကျပ်ငွေ သိန်း လေး၊ ငါး၊ ရှစ်ရာအထိတန်တယ်၊ ဒါမျိုးအရက်ကို ကိုယ့်ဟာကိုယ် ဖင်ယားပြီးမှာသောက်၊ ဖောက်သောက်ရင် ဟိုတယ်တက်စားစား၊ လက်ဖက်ရည်ဆိုင် အကင်ဆိုင် ကိုယူသွားပြီး အဖွဲ့နှင့်ဖောက်သောက်သောက် ထမင်းတစ်နပ်စားရင်း ကို သိန်း ၇ ရာ ၈ ရာ ကုန်မှာပဲ။

ဆိုင်က အစားအသောက် တန်ဖိုးနှင့် ဘာမှမဆိုင်ဘူး

ရှင်းရှင်းပြောရရင် မသောက်တတ်အောင်နေကြ၊ အကုန်အကျမများအောင်လို့

အေးနေဝင်း
Happy 73rd Birthday Your Royal Highness. May you have a great and wonderful year ahead.

(The Princess Royal visiting Burma on 21st November 1987)

ဗြိတိန်နိုင်ငံ အန်းမင်းသမီးကြီး သက်တော် (၇၃) နှစ်ပြည့် မွေးနေ့မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းအပ်ပါသည်

(ပုံ - အန်းမင်းသမီး [လက်ရှိချားလ်စ် ဘုရင်မင်းမြတ်ရဲ့ နှမတော်] ၁၉၈၇ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့သို့ လာရောက်စဥ် စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာတွင် အမှတ်တရရိုက်ကူးခဲ့ပုံ)

အေးနေဝင်း
ကောင်းသော ပြန်လာခြင်းနှင့် ထိုင်းကိုဆိုက်ရောက်လာသူကြီး အမြန်ကျန်းမာပြီး ဆေးရုံကဆင်းကာ တစ်ကျော့ပြန် အောင်သီးအောင်နှံများ ဆွတ်ခူးနိုင်ပါစေ

အေးနေဝင်း

(၂၀၁၉ စင်ကာပူမှာ တွေ့ဆုံခဲ့စဥ် အမှတ်တရပုံ၊ ထိုစဥ်က သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ အခြေအနေတွေကြောင့် တွေ့သာတွေ့တယ်၊ သူစင်ကာပူရောက်နေတယ်ဆိုတာ လူမသိအောင် public ကိုချမပြခဲ့)

May the one who returned home for the best of cause regain great health and released from hospital to reap the harvest of success very soon.

Aye NeWin
(The picture taken at our 2019 meeting in Singapore. We didn't publish this photo because of the situations in both our countries so that his stay in the city state remains private.)
လူဝတ်ကြောင်ဘဝတုန်းက ...
*ဆရာဝန်ဘွဲ့ရ ပညာတတ် လူငယ်တစ်ယောက်
*Fuse တို့၊ Brave Bar တို့ Vibe တို့ NYC တို့ဆိုတဲ့ Club ကြီးတွေမှာ တီး
ခတ်တဲ့ အောင်မြင်သူ DJ တစ်ယောက်
*သူ့အဖိုးအရင်းကလည်း တပ်မတော်မှာ စစ်ရေးချုပ်တာဝန်အထိ ထမ်းဆောင်ခဲ့တဲ့ ဆွေကြီးမျိုးကြီး အဖြစ် ပျိုတိုင်းကြိုက်တဲ့ နှင့်ဆီခိုင်ဖြစ်နေခဲ့လို့

ပညာဂုဏ်၊ မိတ္တဂုဏ်၊ ဓနဂုဏ်၊ ကုလဂုဏ် တွေနှင့် လောကကြီးမှာ ပျော်မွေ့နေနိုင်ပါလျက်

သာသနာ့ဘောင်ဝင်သွားချိနိမှာ ခဏနေလူပြန်ထွက်မယ်ထင်ခဲ့မိပေမယ့်

(၅) ဝါကျော် (၆) ဝါထဲရောက်နေတာတောင်ပြန်မထွက်ဘဲ တစ်သက်လုံးဝတ်တော့မယ်ဆိုတဲ့ ....

တစ်နေ့တစ်နေ့ ရေချိုးဖို့တောင် ဧရာဝတီမြစ်ကမ်းသောင်ကို (၁) မိုင်လောက်လမ်းလျှောက်သွားရတဲ့ တောရကျောင်းလေးမှာသီတင်းသုံးနေတဲ့

ဘဒ္ဒန္တ ဒေါက်တာသီလာနန္ဒကို သူရန်ကုန်ခဏကြွပြီး မဟာစည်သာသနာ့ရိပ်သာမှာ ရက်ရှည်စခန်းဝင်ရောက်အောင်မြင်ပြီး ထွက်တဲ့နေ့မှာ ပြန်မကြွခင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့တဲ့ ကုသိုလ်ကို ထပ်တူမျှဝေလိုက်ပါတယ်။ [မကြာခင်လည်း ကာလကတ္တား တက္ကသိုလ်မှာ ပါရဂူဘွဲ့တက်ရောက်ဖို့ ကြွချီတော်မူမှာဖြစ်ပါတယ်]

အေးနေဝင်း
စင်ကာပူ သမ္မတအဖြစ် ဝါရင့်ဝန်ကြီးဟောင်း Tharman Shanmugaratnam အရွေးခံရကြောင်း လွန်ခဲ့သော မိနစ်ပိုင်းက ကြေညာချက်ထွက်ပေါ်
ဒီနေ့ နွားရူးကြီးတွေ D day ဆိုပြီး ကြေညာခဲ့တာ ၂ နှစ်ပြည့်လေ၊ ဘာမှ ဂုဏ်ပြု နှစ်ပတ်လည် အခမ်းအနားလုပ်တာ၊ သဝဏ်လွှာ ဖတ်တာတွေလည်း မလုပ်ကြပါလား။ လချီးလ ကြီးက မသိချင်ယောင်ဆောင်နေပြီး ငရည်မွန် ကတော့ D day ပြီသအောင် သစ္စာရှိရှိ drinking day ဆက်လုပ်နေတယ်ထင်ပါရဲ့။

အေးနေဝင်း
This media is not supported in your browser
VIEW IN TELEGRAM
သမိုင်းထဲက စက်တင်ဘာ (၁၈) အမှတ်တရ
This media is not supported in your browser
VIEW IN TELEGRAM
သော့တွဲနှင့် နတ်ရုပ် ဖြစ်ခဲ့သော ဘောင်မဝင် တန်းမဝင် တီမောသမ္မတနှင့် အစိုးရလုပ်တန်း ကစားနေတဲ့ နွားရူးကြီးတို့ တွေ့ကြသည်ဆိုရာဝယ်
နှစ်ထောင်ချီသမိုင်းနဲ့ နိုင်ငံကြီးကို ပြန်ခေါင်းဆောင်ချင်လို့တဲ့။

၂၅ နှစ်တောင် မပြည့်သေးတဲ့ နိုင်ငံကို အားကိုးဖို့ကြိုးစားနေ ကြလေရဲ့။ ကောင်းပေစွ။

အကျိုးဆက်ကတော့ .... လောလောဆယ် ဆိုင်သာထိုင်ခဲ့လိုက်ရတယ် .....

ကော်ဖီတောင် မသောက်ခဲ့ကြရဘူး

အေးနေဝင်း

🤣🤣🤣
"Alea iacta est"

ဒီ Latin စကားကို ရောမဧကရာဇ် ဂျူးလီးယက်ဆီဇာက ဘီစီ ၄၉ ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့ ရူဘီကွန်မြစ်ကြီးကို ဖြစ်ပြီး အီတလီကိုဝင်တိုက်ခါနီးပြောခဲ့တယ်။ ကစားပွဲစဖို့အံစာတုံးလှိမ့်လိုက်တော့လို့အနက်ပြန်နိုင်ပေမယ့် သူတကယ်ဆိုလိုတာ လောင်းကစားမှုအားပေးတာမဟုတ်ဘူး၊ အံစာတုံးလှိမ့်ပြီးရင် ရှုံးရင်လည်းလျော်ရမယ်၊နိုင်ရင်လည်းကောက်စားမယ်၊ ပြန်လမ်းမရှိတဲ့ ကတိကဝတ်တစ်ခုကိုငါတို့ပြုလိုက်ပြီလို့ဆိုလိုတာပဲ။

စစ်သူကြီးဂျူးလီးယက်ဆီဇာက ပွန်ပေဦးဆောင်တဲ့ ဆီးနိပ်လွှတ်တော်ကို စစ်ကြေညာလိုက်ပြီ။ လွှတ်တော်ဖျက်ပြီးအကုန်အရေးယူလိုက်ပြီ၊ ဘာမှနောက်ကြောင်းပြန်စရာ အကြောင်းမရှိဘူး၊ လုပ်သင့်တာ ရဲဝံ့မှုအပြည့်နှင့် ဆက်လုပ်ဖို့ပဲရှိတယ်။ သမိုင်းဆိုတာ နိုင်သူကပြဋ္ဌာန်းတာပဲ၊ ဒီနေ့ဆီဇာနှင့် ပွန်ပေ ဘယ်သူကသမိုင်းသူရဲကောင်းအဖြစ်မှတ်မိနေသလဲသာကြည့်တော့။

အောက်တိုဘာလကျရင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးခြေလှမ်းသစ်စတော့မှာမို့ တိုင်းရင်းသားညီအစ်ကိုတွေအတွက်ရင်ခုန်မျှော်လင့်မိတယ်၊ ဒါပေမယ့် အာဏာထိမ်းပြီးနောက်ပေါ်လာတဲ့ NUG PDF တွေရောယောင်ပြီးခွေးတိုးပေါက်က ပြန်ဝင်လာမယ်ဆိုရင် လက်နက်ချအညံ့ခံဖို့လာတာကလွဲလို့ အန်ကယ်တွေကတော့ No ပါဆိုတာလေးပဲဖြစ်စေချင်ပါတယ်

အေးနေဝင်း
This media is not supported in your browser
VIEW IN TELEGRAM
ထမင်းမစားခင် လက်ဆော့တော့ ကလေးတွေခုတလော ဆိုဆိုနေတဲ့ သီချင်းလေး အလိုလိုလက်ထိပ်ကိုရောက်လာရော
သီတင်းကျွတ် အထိမ်းအမှတ်ပုံ ဝတ်စုံတွေကို ထမီမို့လို့ အူကြောင်ကြောင် အပြစ်တင်နေကြသူတွေ သေခါနီးလို့မျက်စိမွဲနေသလားမသိ၊ ဘုရားပုံတွေပါတာလည်းမဟုတ်။

အဲဒီလူတွေဟာ ထမီမို့လို့ယုတ်ညံ့တယ်ဆိုတဲ့ ကျားမခွဲခြားနှိမ့်ချတဲ့ အောက်တန်းကျကျစိတ်ရှိသူတွေလည်းပါတယ်။ ဗမာ့ရိုးရာ တီထွင်ဆန်းသစ်မှုကို အကြံသစ်ဉာဏ်သစ် မှန်သမျှ လိုက်ပြစ်တင်ပြီး သူများတွေတီထွင်ပြီး ရေပန်းစားလာမှ ယိုးဒယားက ခိုးသလေး၊ တရုတ်ကခိုးသလေး ငယ်သံပါအောင် ထထအော်ကြတယ်။

ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်သီလနှင့်ပဲ လူ့တန်ဖိုးကိူဆုံးဖြတ်တယ်။ ကျားမ မခွဲခြားအပ်ဘူး၊


အေးနေဝင်း
ဒီနေ့မြင်တာလေး
......

အထာကျကျ အစိုးရ
လခ တိုးပေးသည်၊

စိုးရအတု၊ ခွေးသံအု
ခွက်ထုတောင်းစားသည်။

အေးနေဝင်း
အလွန်အံ့သြစရာ တိုက်ဆိုင်မှုတစ်ခု၊ အခုဖွင့်ကြည့်နေတဲ့ရုပ်ရှင်က dialogue မှာ ရက်စွဲနှင့်အချိန်က အတိအကျဖြစ်နေတယ်

ရုပ်ရှင် character က အချိန်အတိအကျမှာ အဲလိုကြီးပြောချလိုက်တာ ဟုတ်ရဲ့လားလို့စာပြန်ဖတ်ယူရတယ်
ဗမာပြည်မှာ နေတာချင်းတူတူ ဗမာတွေက တရုတ်၊ ကုလားနောက် စီးပွားရေး နောက်ကျတယ် ဆိုတာ အပျင်းထူလို့လည်းပါတယ်၊ အစားအသောက်ရောင်းတာချင်းပဲကြည့်၊ ဗမာက စောစောရောင်းလို့ကုန်သွားရင် နားရတယ်ဆိုပြီးပျော်နေတာ၊ တရုတ် ကုလားက ရောင်းရမှန်းသိရင် အချိန်တိုးဖွင့်တယ်၊ ပိုများများတင်တယ်။ အခုခေတ် ညအထွက်ရအမိန့်ရှိလို့ ဝန်ထမ်းတွေ အမီပြန်ဖို့စီစဥ်တာ၊ ဒါမှမဟုတ် ဆိုင်မှာပဲ အိပ်လို့ရတာ ဝန်ထမ်းအဆောင် တစ်ခုခုပါထည့်စဥ်းစားတယ်၊ အလုပ်ချိန်လျော့ပြီးစောစောပိတ်ဖို့ အကြောင်းမရှိဘူး။ ဗမာတွေက ညနေစောင်းရင် ပိတ်ချင်တာ ဖင်တကြွကြွ။

ညဖက်ကို ၁၁ နာရိအထိ ဖွင့်တဲ့ဆိုင်တွေဆိုရင် အခွန်လျော့ကောက်မယ်လို့ ရန်ကုန် မန္တလေး စည်ပင်တွေက သတ်မှတ်လိုက်ရင် မြို့တွေပိုစည်ကားလာမယ်ထင်တယ်။ နို့မို့ဆို ဟိုနား တစ်ဖောက်ဖောက် ဒီနားတစ်ဖောက်ဖောက် အနည်းအကျင်း ပစ်တာခတ်တာလေးကြည့်ပြီး မြို့ပြတွေခြောက်သွေ့နေတယ်လို့ ပုံရိပ်အမှားဖြစ်မယ်။ နယူးယောက်လိုမြို့မှာ သီတင်းတစ်ပတ်ကို (၁၀) ယောက်ကနေ အယောက်(၃၀) နီးပါး ပစ်ခတ်သေဆုံးနေတာ၊ ဒီမှာလို လန့်ဖြန့်ပြမနေကြပါဘူး။ စည်ကားမြဲပဲ။

အေးနေဝင်း။
Congratulations guys. You did great!

မနေ့က ပွဲကြီး ရန်ကုန်မှာ အောင်အောင်မြင်မြင်ပျော်ရွှင်စွာပြီးဆုံးနိုင်တာ ဂုဏ်ယူပါတယ်။

မြန်မာပြည်သူတွေ ပျော်ရွှင်နေကြောင်း ကမ္ဘာက အဖြစ်မှန်သိအောင် (အခု videoထဲကလိုမျိုး မနေ့ကရန်ကုန်ပွဲကို) ချပြနိုင်ခွင့် ရတော့မှမို့ လေးစားမိပါတယ်

မှတ်ချက်။ ။ နောက်ဆုံးပုံဟာ ၂၀၂၃ အောက်တိုဘာ (၇) ရက်ညရန်ကုန်ပုံဖြစ်ပါတယ်

အေးနေဝင်း