Poems you should read before you die
91.2K subscribers
2.07K photos
201 videos
1 file
984 links
Burmese Poetry Community
Ads post service available
Admin 👉🏻 @Pusrbud
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
လိုက်ခေါ်လို့မရတဲ့
အကွာအဝေးဆိုတာ ရှိတတ်ကြောင်း
ကျွန်တော် နည်းနည်းတော့ရိပ်မိပါပြီ။

▪️စစ်ငြိမ်း
GDM Channel / Signature totebag
❤114😢13🍓5
ဘာကိုမှမမျှော်လင့်တဲ့အခါ
ဘာအတွက်ကြောင့်မှ
ငါတို့မတုန်လှုပ်တော့ဘူး ။

▪️ဂန္ဓမာ
❤195❤‍🔥17😢11😭7🏆3💘3🔥2
မလိုအပ်တဲ့အချိန်မှာ ပျောက်ကွယ်ပေးရတာဟာလည်း ချစ်ခြင်းမေတ္တာပါပဲ ။

နေ့စဉ်ဘဝထဲ မပြောဖြစ်ခဲ့တဲ့စကားလုံးတွေ သယ်ဆောင်သွားဖို့အတွက်ဆို
GDM signature totebag လေးတွေကို သတိရလိုက်ပါ

Admin - @Pusrbud

Customer Feedbacks - Click
❤40🍓7❤‍🔥1
အတူရှိချင်ခဲ့ခြင်းဟာ
ဆုတောင်းကနေ
ကျိန်စာအဖြစ်ကိုအံ့မခန်းပြောင်းလဲသွားပုံ
ပညာတတ်ကြီးမင်းကတော့ယုံမှာမဟုတ်ပါဘူး
တကယ်ဆို
လူနှစ်ယောက်ရဲ့ခွဲခွာခြင်းဟာ
ပန်းအိုးနဲ့ အဲ့ဒီ့ပန်းအိုးထဲက
မလိုလို့ အနှုတ်ခံရတဲ့ မြက်ပင်ထက်တော့
ပိုပြီး ဝမ်းနည်းစရာကောင်းသင့်တယ်ထင်တာပဲ
ဒါပေမယ့် မင်းက
မိုးပျံပူဖောင်းလို ပေါ့ပါးသူကြီးလေ
မော့ကြည့်လေ မမြင်ရလေနဲ့
ငါသိပါတယ်
ဆက်ရေးလည်း ဆက်ဝေးနေဦးမှာ...။

▪️ကျော်ထက်ထွေး

👉🏻မေ့ပြီးသတိရနေမိတယ် စာအုပ်မှ

Customers Review - Click
❤60💔12🤩3🔥2
သူမချစ်နိုင်မှန်း
သိတဲ့အခါ
အသည်းတစ်ခြမ်းကွဲတယ်
ကိုယ်က မစွန့်လွှတ်နိုင်မှန်း
သိတဲ့အခါ
နောက်တစ်ခြမ်းပါထပ်ကွဲရတယ်

▪️တက္ကသိုလ်ဘုန်းနိုင်
GDM Channel / Signature totebag
💔132❤73😢34❤‍🔥3⚡2🕊1
အဖေ့သမီးလေးဟာ ရည်းစားတွေ အများကြီးထားပြီး  ပွေရှုပ်ချင် ပွေရှုပ်လိမ့်မယ်။ အဖေကတော့ရယ်နေမှာပဲ။ တစ်ခုပဲ မှာမယ်။ ယောက်ကျ်ားတယောက်ကို တစ်ခါလောက် တူတူအိပ်ဖူးရုံနဲ့ မချစ်ခင်မကြင်နာပဲ လက်ထက်စရာမလိုဘူး။ ဒါပဲ အဖေမှာချင်တယ်။


▪️ပါပီယွန်

👉🏻မက္ကဇင်ပါပီ ရဲ့ ထရော်မာများ စာအုပ်မှ

Customers Review - Click
❤116🍓8💘4🔥3💔2
ငါ့ကိုမှ မရွေးရင်
မင်း ဘယ်သူ့ကိုရွေးမလဲ။

▪️ဂန္ဓမာ
GDM Channel / Signature totebag
❤113😢25🍓4
တချို့အရာတွေက 
လုံးဝမဖြစ်နိုင်ပါဘူး ဒါပေမယ့်
တစ်ယောက်မျက်နှာလေးတစ်ယောက်
ငေးကြည့်နေရတာကိုက ချစ်ခြင်းမေတ္တာပါ။

▪️ဂန္ဓမာ
❤175😭38😢10💘8🏆2
သယ်ဆောင်ထားသူတွေသာ
လေးလံရပါတယ်။

နေ့စဉ်ဘဝထဲ မပြောဖြစ်ခဲ့တဲ့စကားလုံးတွေ သယ်ဆောင်သွားဖို့အတွက်ဆို
GDM signature totebag လေးတွေကို သတိရလိုက်ပါ

Admin - @Pusrbud

Customer Feedbacks - Click
❤32🍓3❤‍🔥1
ငါတို့သည် လူသားများဖြစ်၍
လက်ဖဝါးမှာ အမှားလက္ခဏာပါလေသည်။

- တာရာမင်းဝေ
❤73😢9
မင်းလားကွ ဟမ်ဘာဂါ
မင်းလားကွ ဟမ်ဘာဂါ
မင်းလားကွ ဟမ်ဘာဂါ
မင်းလားကွ ဟမ်ဘာဂါ ။

▪️အောင်ချိမ့်

👉🏻ကဗျာတစ်ဦးတစ်ယောက်များ စာအုပ်မှ

Customers Review - Click
❤52😭6👏2⚡1👀1
This media is not supported in your browser
VIEW IN TELEGRAM
တစ်ချို့အရာတွေ ဆုံရှုံးသွားပုံက
သိပ်အံ့ဩဖို့ကောင်းတယ်

မင်းနေရာမှာမင်းနဲ့ အစားထိုးရင်တောင်
ပြန်မရနိုင်တော့တာတွေရှိတယ်။

▪️ပြည့်စုံဝင်း
GDM Channel / Signature totebag
❤117😭41😢15👾4🍓3⚡2🕊1
" အချစ်ရယ်၊
အရက်ရယ်၊ လောင်းကစားရယ်ဟာ
တော်တော်ကလေး တူညီကြသည် ။
စွဲစေတတ်တဲ့အရာတွေ ချည်းပဲ ။
အစပိုင်းမှာ ဟုတ်မလိုလိုနဲ့နောက်တော့မှ
လှိမ့်ခံရတဲ့နေရာမှာလည်းဘာထူးလဲ။
အစမလုပ်ဘဲနေခဲ့မိရင်အကောင်းသားလို့
နောင်တရမိတတ်တဲ့နေရာမှာလည်း
တစ်ထေရာတည်းပဲ။
ဖြတ်မယ်၊ ဖြတ်မယ်နဲ့ ကြွေးကြော်ရင်းကပဲ
လစ်မစ်တွေ တိုးတိုးလာတဲ့နေရာမှာရော "

- မင်းလူ (အော်ဆွေး/မှ)
❤66💔9😢5
အသက်ကိုနောက်မှရှုမယ်
ကော်ဖီကိုအရင်သောက်မယ်
ငါ့ကိုယ်ငါအရင်ချစ်လည်း
မင်းကို ချစ်တာအရင်ဖြစ်ခဲ့တယ်

▪️စိုင်းဝင်းမြင့်

👉🏻ကျေးဇူးတော်လမ်း စာအုပ်မှ

Customers Review - Click
❤91😭7❤‍🔥5
အသဲကွဲပြီးလွင့်မျှောနေရမှာ
နောင်တနဲ့နာကျင်နေရမှာ
မင်းက မင်းမဟုတ်တော့တဲ့အထိ
ခရီးရောက်သွားမှာ
မကြောက်ပါနဲ့ဘေဘီရယ်

ပြန်လာပါ
မိုးလေကင်းလွတ်တာနဲ့
သက်တံ့လိုပြန်လာပါ။ ။

▪️မြကျေး
GDM Channel / Signature totebag
❤83😭15🕊1🍓1
This media is not supported in your browser
VIEW IN TELEGRAM
ဆုံးရှုံးလိုက်ရတဲ့အရာတွေကို
ဘယ်တုန်းကများ အကောင်းအတိုင်း
ပြန်ရဖူးလို့လဲ ။

▪️ဂန္ဓမာ
😭114❤79💔15😢9💯5💘4
ငါတို့ဘဝတွေက ဓာတ်ပုံရိုက်သလိုပဲ

တစ်ခါတလေ အလင်းများသွားတယ် ။
တစ်ခါတလေ အမှောင်ဖုံးသွားတယ် ။

အဲဒီလိုနဲ့ပဲ မပြည့်စုံတဲ့ နဂ္ဂတစ်တွေ ကြားထဲမှာ
ငါတို့ရဲ့ အမှတ်တရတွေကို သိမ်းဆည်းခဲ့ရတာပါ ။

- နီကိုရဲ
❤90🕊11❤‍🔥3🥰2
ကျနော်က ခရီးလွန်နေတဲ့တိမ်ပါ
အခုထိတော့ အိမ်ပြန်မရောက်သေးဘူး လို့
ကျနော်ပြန်ပြောလိုက်တယ်။ ပြီးတော့...

အဝေးကြီးဆိုတာ
အနီးနားမှာဘယ်သူမှမရှိတော့တာကို
ပြောတာမဟုတ်လား လို့ မေးလိုက်တယ်။
ကျနော်တို့က အခုဆို အဝေးကြီးမှာရောက်နေတဲ့
လူတွေပဲမဟုတ်လား။

▪️စစ်ငြိမ်း

👉🏻ကမ္ဘာမြေရဲ့တစ်နေရာ စာအုပ်မှ

Customers Review - Click
❤60🕊5😭3❤‍🔥1
မမက လွဲရင် နှုတ်ခမ်းမွှေး
ရိတ်ခိုင်းသူမှန်သမျှ
ရန်သူပါဘဲ။

▪️ဂန္ဓမာ
GDM Channel / Signature totebag
1❤134🍓11❤‍🔥7😭7🥰1😢1🏆1
နေ့ဆို အပြုံးအတုတွေနဲ့ ရှင်သန်ရပြီး
ညဆို မျက်ရည်အစစ်တွေနဲ့
အိပ်စက်ရတယ် ။

▪️ဂန္ဓမာ
❤190😭61😢15👏8💯6❤‍🔥5🕊3💔3🍓2🔥1