Poems you should read before you die
89.4K subscribers
1.91K photos
179 videos
1 file
868 links
(၂၀၂၃) မေလ ၆ ရက်
Ads post service available
Admin 👉🏻 @Pusrbud
Download Telegram
သစ္စာတရားကို
ဖန်ခွက်ထဲမှာ ပြန်ရှာတွေ့တယ် ခင်ရယ်
အရက်ကသိပ်ကောင်းတယ် ခင်ရဲ့
အရက်လေးများ မူးရင်လေ
ခင့်ကိုလည်း ခွင့်လွှတ်တယ်
ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်တယ်။

▪️စစ်ငြိမ်း
Poetry Book / Signature Collection
101😢15❤‍🔥5🕊3🔥2💘1
ဂျူးခြောက်သန်း သေတဲ့အထိ
ထိုင်ကြည့်နေခဲ့တဲ့ ကမ္ဘာကြီးဆီက
ဘာတွေမျှော်လင့်နေတာလဲ... ။

- သုခမိန်လှိုင်
128😢44💔19💯5🍓4
မင်းကြိုက်တတ်တဲ့ ဟင်းချက်နည်းတွေလေ့လာမယ်
မင်းသဘောကျတဲ့ ရွှေငါးလေးတွေမွေးမယ်

တစ်နေ့နေ့ကျရင်...

မင်းနဲ့တူတဲ့ သမီးလေးလည်း
လက်ဆောင်ပေးမယ်

ဟောဒီ့ကမ္ဘာလောကတစ်ခုလုံးမှာ
ကိုယ်ငြိတွယ်နေချင်တဲ့ တစ်ခုတည်းသောအရာက
"မင်း" ပဲဖြစ်တယ်။

▪️ဖရော်ဆန်

👉🏻အဝါရောင်စုဘူးလေး စာအုပ်မှ

Customers Review - Click
68🍓3😢1
This media is not supported in your browser
VIEW IN TELEGRAM
ယနေ့နံနက်တိုင်း တုန်ခါလျက်
သတိရလျက်။

▪️အောင်ချိမ့်
Poetry Book / Signature Collection
38😭31💔5😢3🔥1
“ အိမ်ပြန်ဖြစ်ရင် ဘာလုပ်မှာလဲ “

အိမ်ပြန်ဖြစ်ရင် ဘာမှမလုပ်ပါဘူး။ နှိုးစက်သံမကြားရတဲ့ မနက်ခင်းတွေမှာ စိတ်ချလက်ချ အိပ်မောကျနေမှာ သေချာတယ်။ ဒါက အိမ်ပဲ၊ ဒါကလုံခြုံမှုပဲဆိုတဲ့ အတွေးနဲ့ အိပ်မက်အရှည်ကြီး မက်ကောင်းမက်နေနိုင်ပါတယ်။

အလုပ်နဲ့လက်နဲ့ ပြတ်သွားတဲ့ခဏတော့ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိ၊ ကြောင်တောင်တောင်ဖြစ်နေနိုင်ပေမဲ့ ကာတွန်းစာအုပ်တွေ ထိုင်ဖတ်နေတာဖြစ်ဖြစ်၊ တူလေးနဲ့ အရောင်စုံခြယ်တာမျိုးဖြစ်ဖြစ် လုပ်ချင်တယ်။

အေးစက်စက်ရေခဲသေတ္တာထဲက နွှေးစားနေကျ ထမင်းဗူးတွေစားနေရာကနေ ၊ ရုတ်တရက် အမေချက်ထားပေးတဲ့ အိမ်ထမင်းဟင်းတွေကို အဝတပြဲစားနိုင်ပါ့မလားတွေးပူမိတယ်။ ကိုယ့်အစာအိမ်က ပြေးလွှားနေတဲ့အလုပ်နားချိန် အချိန်တိုလေးထဲက အဆာပြေစားရုံလေးနဲ့ အသားကျနေခဲ့တာကိုး။

တကယ်လဲ အိမ်ပြန်ရောက် ဘာမှလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အိမ်ဆိုတာ ဘာမှလုပ်စရာမလိုတဲ့နေရာမဟုတ်လား။ ဒီအတိုင်း ငြိမ်ငြိမ်သက်သက်လေးထိုင်နေရုံပဲ။ ထမင်းလက်ဆုံစားပြီး သတင်းကြည့်ရုံပဲ။ လူဆုံတဲ့အခါ စကားဝိုင်းဖွဲ့ရုံပဲ။ တကယ်ပဲ အိမ်ဟာ ဒီအတိုင်းမပြောင်းလဲဘဲ ရှိနေမဲ့နေရာပဲ…။

▪️အယ်လီယာ
116😭25😢7❤‍🔥4🤝2💔1
ပစ္စည်းတွေသယ်ဆောင်သွားဖို့အတွက် အိတ်တွေ အများကြီးရှိပါတယ် ။ ဒါပေမယ့်-
နေ့စဉ်ဘဝထဲက ခံစားချက်တွေ၊
အမှတ်တရတွေ၊ ကိုယ်တိုင်မပြောဖြစ်ခဲ့တဲ့အရာတွေကို
သယ်ဆောင်ဖို့အတွက်တော့
သာမန်အိတ်တစ်လုံးနဲ့ မလုံလောက်ပါဘူး။

အဲ့ဒီခံစားချက်တွေကို ကိုယ်နဲ့အတူ သယ်ဆောင်သွားနိုင်ဖို့အတွက်
GDM က Signature Collection ကို ဖန်တီးဖြစ်ခဲ့ပါတယ် ။

Collection ရဲ့ ပထမဆုံး Design ဖြစ်တဲ့—
01. Blue Piece
ဆရာဂန္ဓမာရဲ့ ကဗျာတစ်ပုဒ်ထဲက
“မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ။”

တစ်ခါတလေ
ချစ်ခြင်းမေတ္တာဆိုတာ အနားမှာရှိနေပေးခြင်းမဟုတ်ဘဲ
မလိုအပ်တော့တဲ့အချိန်မှာ တိတ်တိတ်လေး နောက်ဆုတ်ပေးခြင်းလည်း ဖြစ်နိုင်ပါတယ်။
အဲ့ဒီလို ချစ်ခဲ့ဖူးသူတွေအတွက်

နေ့စဉ်ဘဝမှာ ကိုယ့်ရဲ့ခံစားချက်ကို ကိုယ်တိုင်ဖော်ပြနိုင်မယ့် Signature အိတ်ကလေး တစ်ခုအဖြစ် ဖန်တီးထားပါတယ်။

ရန်ကုန်၊မန္တလေး၊နေပြည်တော်
အိမ်အရောက်ငွေချေစနစ်ဖြင့် (၃) ရက်အတွင်းရောက်အောင် ပို့ဆောင်ပေးပါတယ်။
ပြည်ပနိုင်ငံများသို့လည်း Air Cargo ဖြင့် ပို့ဆောင်ပေးပါတယ်။

For stores & resellers — 30 Pieces မှစတင်၍ ဆက်သွယ်နိုင်ပါတယ်။

Order to Admin - @Pusrbud

Customer Feedbacks - Click
10❤‍🔥1
ကိုယ့်ကို မလိုအပ်ခဲ့ဘူးဆိုတဲ့ အမှန်တရားကို
စကားတွေအကြာကြီးမပြောဖြစ်တဲ့နှစ်တွေမှာ
သိခဲ့ရတယ်။
ကိုယ့်ကိုတကယ်မလိုအပ်တော့ဘူးဆိုတဲ့
ပိုသေချာမယ့်အမှန်တရားကိုတော့
မတွေ့ဖြစ်တဲ့ နှစ်တွေမှာ ကိုယ်သိခဲ့ရတယ်။
ကိုယ်က အရာရာမှာနောက်ကျတတ်တယ်လေ။
နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကိုတောင်
နောက်ကျပြီးမှ သိခဲ့ရတာမျိုးပေါ့။


▪️နွေသစ်ငြိမ်း

👉🏻အဝါရောင်ညနေခင်း စာအုပ်မှ

Customers Review - Click
45💔8🥰1
ပန်းမပွင့်ရင်တောင်
အရွက်လှဖို့ ကြိုးစားခဲ့သူပါ
ကမ္ဘာမြေ ကျေနပ်ပါလိမ့်မည်။

▪️အောင်ခင်မြင့်
Poetry Book / Signature Collection
114😢12👏3
Forwarded from K" X LEO🇦🇷10
မနိုးထခင် အချိန်ထိ
အိမ်မက်တွေဟာ ရှင်သန်တုန်း

ဒါကြောင့် တစ်ချို့လူတွေ
ထာဝရ အိပ်စက်ခဲ့ကြ ။

#Gandamar ¹⁰
100🕊16😭14😢6❤‍🔥5
ပစ္စည်းတွေသယ်ဆောင်သွားဖို့အတွက် အိတ်တွေ အများကြီးရှိပါတယ်။ဒါပေမယ့်-
နေ့စဉ်ဘဝထဲက ခံစားချက်တွေ၊
အမှတ်တရတွေ၊ ကိုယ်တိုင်မပြောဖြစ်ခဲ့တဲ့အရာတွေကို သယ်ဆောင်ဖို့အတွက်တော့ သာမန်အိတ်တစ်လုံးနဲ့ မလုံလောက်ပါဘူး။

အဲ့ဒီခံစားချက်တွေကို ကိုယ်နဲ့အတူ သယ်ဆောင်သွားနိုင်ဖို့အတွက်GDM Signature Collection ထဲက
ပထမဆုံး Design ဖြစ်တဲ့ - Blue Piece အိတ်ကလေးထွက်ရှိလာခဲ့ပါပြီ

ဆရာဂန္ဓမာရဲ့ ကဗျာတစ်ပုဒ်ထဲက
“မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ။” ဆိုတဲ့ စာသားလေးနဲ့အတူ  တစ်ခါတလေ ချစ်ခြင်းမေတ္တာဆိုတာ အနားမှာရှိနေပေးခြင်းမဟုတ်ဘဲ မလိုအပ်တော့တဲ့အချိန်မှာ တိတ်တဆိတ်ပျောက်ကွယ်ပေးခြင်းဖြစ်ကြောင်း နားလည်ခဲ့တဲ့ ကျွန်တော်တို့လိုသူတွေအတွက်

နေ့စဉ်ဘဝမှာ ကိုယ့်ရဲ့ခံစားချက်ကို ကိုယ်တိုင်ဖော်ပြနိုင်မယ့် သယ်ဆောင်သွားနိုင်မယ့်   Signature အိတ်ကလေး တစ်ခုဖြစ်ပါတယ် ။

ရန်ကုန်၊မန္တလေး၊နေပြည်တော်
အိမ်အရောက်ငွေချေစနစ်ဖြင့် (၃) ရက်အတွင်းရောက်အောင် ပို့ဆောင်ပေးပါတယ်။
ပြည်ပနိုင်ငံများသို့လည်း Air Cargo ဖြင့် ပို့ဆောင်ပေးပါတယ်။
(For stores & resellers 30 Pieces မှစတင်၍ ဆက်သွယ်နိုင်ပါတယ်။ )
Order to Admin @Pusrbud
Customer Feedbacks Click
3🍓2❤‍🔥1
နင်နဲ့ဝေးရင် သေမှာ"
အဲ့တာ အလကားပြောတာ
၁၀နှစ်သာကြာတယ် အခုထိငါအသက်ရှင်နေတုန်း
တစ်ခါတစ်ခါတော့ လွမ်းတဲ့စိတ်နဲ့
အသက်ရှူကြပ်တာကလွဲရင်
ငါ့ကျန်းမာရေး အကောင်းတိုင်းပဲ။

▪️ဆန်းကျော်စွာဝင်း

👉🏻စကားလုံးရုပ်ရှင် စာအုပ်မှ

Customers Review - Click
52😢11
ဟင်လင်ကဲလား ပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်

ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီး စောင့်နေမှာမို့လို့လဲ။

▪️သန်းတင့်
Poetry Book / Signature Collection
66😢6🍓2
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်

မြစ်ထဲက ငါးတွေလို
ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။

•လှသန်း
❤‍🔥6145😭16😢8🍓2🫡1💊1
လွတ်လပ်ခြင်း နုပျိုခြင်းတွေ
တဖြည်းဖြည်း ကုန်ဆုံးလို့
၂၀၂၇ရောက်ဖို့ သုံးလသာ လိုပါတော့တယ် ။

▪️ဂန္ဓမာ
❤‍🔥4129😭193🕊2
" မလိုအပ်တဲ့အချိန်မှာ ပျောက်ကွယ်
ပေးရတာဟာလည်း ချစ်ခြင်းမေတ္တာပါပဲ ။ "

" A story about knowing when to stay,
and when to let go."

Ygn,Mdy,Npt
Available cash on delivery

Admin - @Pusrbud

Customer Feedbacks - Click
28🍓4❤‍🔥1🥰1😢1
ကျနော် ပြောမယ် ကိုအောင်ချိမ့်
ဆေးလိပ်ဆိုတာ ဖြတ်လို့မရဘူးဗျ
ခဏပဲ နားလို့ရတယ်။

- မောင်ချောနွယ်
78😢6❤‍🔥1
အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တပစ်စာရယ်ပါ ။
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး ။

▪️မောင်ချောနွယ်

👉🏻ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်  စာအုပ်မှ

Customers Review - Click
28😢3
This media is not supported in your browser
VIEW IN TELEGRAM
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

▪️အောင်ချိမ့်
Poetry Book / Signature Collection
44😢4💔2😭1
အဲ့ဒီ
မျက်မှန်အောက်က မျက်ဝန်းလေးတွေ
ရိုးတွင်းချဉ်ဆီထဲ စိမ့်နေအောင် ချစ်တယ်

▪️ဆန်းကျော်စွာဝင်း

👉🏻 Second call စာအုပ်မှ

Customers Review - Click
13🍓2
တစ်ယောက်ယောက်ကို ချစ်ခဲ့ပြီး
တစ်ယောက်တည်း ဖြစ်ခဲ့ရသူပါ
ချစ်တယ်ဆိုတဲ့စကားကို
နှလုံးသားပါလို့သာ ကြားနေရတာ
ဘယ်လိုမှ ယုံမရတော့ဘူး။

▪️ခန့်သွယ်
Poetry Book / Signature Collection
12🆒1