Poems you should read before you die
89.6K subscribers
1.9K photos
178 videos
1 file
857 links
(၂၀၂၃) မေလ ၆ ရက်
Ads post service available
Admin 👉🏻 @Pusrbud
Download Telegram
"Higher standards always choose Art."

​Special set offer for our first 50 guests .

"If you are interested in our collection, please feel free to reach out to us via Admin @Pusrbud for any inquiries."

​• Yangon, Mandalay, Naypyitaw: Cash on delivery (Within 3 days)

• International Shipping: Available via air cargo

Customer Feedbacks - Click

A memory Edition video - Click

June Edition video - Click

Write down your idea - Click
🍓117❤‍🔥1🥰1
နောက်တစ်ကြိမ်တစ်ခါ
သို့မဟုတ် အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်။

သို့သော်...
မင်းကိုငါချစ်တယ် ။      ။

▪️အောင်ချိမ့်

👉🏻ကဗျာတစ်ဦးတစ်ယောက်များ စာအုပ်မှ

Customers Review - Click
75😢2🍓2
ဘဝမှာမင်းရှိခဲ့ဖူးကြောင်း
အထောက်အထားဆိုလို့
ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့
ငါကိုယ်တိုင်ပဲ ကျန်တော့တယ် ။

▪️ဆပ်ရိပ်

Poetry Book / Signature Collection
73😢27❤‍🔥3💊2
အဆုံးနဲ့အစဟာ
ဘာမဆို ခြေတစ်လှမ်းစာပါပဲ


စောင့်နေသူအတွက်
ခြေတစ်လှမ်းဟာ
ကမ္ဘာတစ်ခြမ်းပါ

▪️စံနှုန်း
GDM Next Generation
108😢18❤‍🔥2💘2😭1
GDM Signature Collection

01. Blue Piece Design

September 1, 2026


" A story about knowing when to stay,
and when to let go."

မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ ။

----------------------------------

ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်
(၃)ရက်အတွင်း အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ဗျ

ကြိုတင် Pre-order  များကို Admin - @Pusrbud မှာတင်ထားလို့ရပါတယ်ခင်ဗျ

ပြည်ပနိုင်ငံများသို့လည်း Air cargoများဖြင့် ပို့ဆောင်ပေးပါတယ်။

( Reseller အဖြစ်မှာယူချင်ညီအကိုမောင်နှမတွေရှိရင်လည်း @Pusrbud မှာဆက်သွယ်စုံစမ်းနိုင်ပါတယ် )
14🍓3🥰1
ပိုက်ဆံမရှိသောနေ့များ

စီးကရက်တစ်လိပ်
ပေါင်မုန့်တစ်လုံး၊ လက်ဖက်ရည်တစ်ခွက်ပဲ
တမ်းတပါတယ် ။

မာဇဒါ၊ ရီကော်ဒါ
မန္တလေးဘီယာ
ဒေါက်တာ ဇီးဗားဂိုးရုပ်ရှင်၊
တင်တင်လှ၏ တေးသံဂီတများ
သတိမရနိုင်ပါ ။

- သုခမိန်လှိုင်
82🍓2
သီချင်းတစ်ပုဒ်ကိုငြီးတယ်
တိမ်တွေကို ငေးတယ်
သတိရနေတဲ့ ပုံမပေါက်အောင် နေထိုင်ခဲ့ပါတယ်။

▪️ဂန္ဓမာ

👉🏻မသိချင်ယောင်ဆောင်ခဲ့သော(၂၀၂၂) စာအုပ်မှ

Customers Review - Click
66🕊6😢2😭2
This media is not supported in your browser
VIEW IN TELEGRAM
ငါတို့ဘဝတွေဟာ
လူတစ်ယောက်ကို ချစ်မိခဲ့ခြင်းနဲ့စပြီး
အဲ့ လူတစ်ယောက်ကို
တခြားလူလက်ထဲ မြင်တွေ့ခဲ့ရခြင်းနဲ့
အဆုံးသတ်တယ် ။

▪️ဂန္ဓမာ
Poetry Book / Signature Collection
71😢31💔8❤‍🔥1🔥1🕊1
ဦးနှောက်သန်စွမ်းဖို့ စာဖတ်ခဲ့တယ်
နှလုံးသားသန်စွမ်းဖို့ ဂစ်တာတီးကျင့်ခဲ့တယ်
ခု ငါစာသိပ်မဖတ်ဖြစ်တော့ပါ
ခု ငါဂစ်တာကို အရူးအမူးမတီးတော့ပါ။

ငါ
မနက်ဖြန်အလေးမဖို့ ဆုံးဖြတ်လိုက်ပြီ။
ခန္ဓာကိုယ်သန်စွမ်းဖို့
တစ်စုံတစ်ရာကိုမကျေနပ်တဲ့အခါ
ငါ့ကြွက်သားတွေကို ညှစ်ထုတ်ပြနိုင်ဖို့။


▪️ပါပီယွန်

👉🏻ပယ်ရီပယ်ရီ ချစ်ကန်း စာအုပ်မှ

Customers Review - Click
55💔3🥰1
သစ္စာတရားကို
ဖန်ခွက်ထဲမှာ ပြန်ရှာတွေ့တယ် ခင်ရယ်
အရက်ကသိပ်ကောင်းတယ် ခင်ရဲ့
အရက်လေးများ မူးရင်လေ
ခင့်ကိုလည်း ခွင့်လွှတ်တယ်
ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်တယ်။

▪️စစ်ငြိမ်း
Poetry Book / Signature Collection
85😢12❤‍🔥3🔥1🕊1💘1
ဂျူးခြောက်သန်း သေတဲ့အထိ
ထိုင်ကြည့်နေခဲ့တဲ့ ကမ္ဘာကြီးဆီက
ဘာတွေမျှော်လင့်နေတာလဲ... ။

- သုခမိန်လှိုင်
104😢40💔14💯5🍓4
မင်းကြိုက်တတ်တဲ့ ဟင်းချက်နည်းတွေလေ့လာမယ်
မင်းသဘောကျတဲ့ ရွှေငါးလေးတွေမွေးမယ်

တစ်နေ့နေ့ကျရင်...

မင်းနဲ့တူတဲ့ သမီးလေးလည်း
လက်ဆောင်ပေးမယ်

ဟောဒီ့ကမ္ဘာလောကတစ်ခုလုံးမှာ
ကိုယ်ငြိတွယ်နေချင်တဲ့ တစ်ခုတည်းသောအရာက
"မင်း" ပဲဖြစ်တယ်။

▪️ဖရော်ဆန်

👉🏻အဝါရောင်စုဘူးလေး စာအုပ်မှ

Customers Review - Click
46🍓2😢1
This media is not supported in your browser
VIEW IN TELEGRAM
ယနေ့နံနက်တိုင်း တုန်ခါလျက်
သတိရလျက်။

▪️အောင်ချိမ့်
Poetry Book / Signature Collection
😭2318💔4😢2🔥1
“ အိမ်ပြန်ဖြစ်ရင် ဘာလုပ်မှာလဲ “

အိမ်ပြန်ဖြစ်ရင် ဘာမှမလုပ်ပါဘူး။ နှိုးစက်သံမကြားရတဲ့ မနက်ခင်းတွေမှာ စိတ်ချလက်ချ အိပ်မောကျနေမှာ သေချာတယ်။ ဒါက အိမ်ပဲ၊ ဒါကလုံခြုံမှုပဲဆိုတဲ့ အတွေးနဲ့ အိပ်မက်အရှည်ကြီး မက်ကောင်းမက်နေနိုင်ပါတယ်။

အလုပ်နဲ့လက်နဲ့ ပြတ်သွားတဲ့ခဏတော့ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိ၊ ကြောင်တောင်တောင်ဖြစ်နေနိုင်ပေမဲ့ ကာတွန်းစာအုပ်တွေ ထိုင်ဖတ်နေတာဖြစ်ဖြစ်၊ တူလေးနဲ့ အရောင်စုံခြယ်တာမျိုးဖြစ်ဖြစ် လုပ်ချင်တယ်။

အေးစက်စက်ရေခဲသေတ္တာထဲက နွှေးစားနေကျ ထမင်းဗူးတွေစားနေရာကနေ ၊ ရုတ်တရက် အမေချက်ထားပေးတဲ့ အိမ်ထမင်းဟင်းတွေကို အဝတပြဲစားနိုင်ပါ့မလားတွေးပူမိတယ်။ ကိုယ့်အစာအိမ်က ပြေးလွှားနေတဲ့အလုပ်နားချိန် အချိန်တိုလေးထဲက အဆာပြေစားရုံလေးနဲ့ အသားကျနေခဲ့တာကိုး။

တကယ်လဲ အိမ်ပြန်ရောက် ဘာမှလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အိမ်ဆိုတာ ဘာမှလုပ်စရာမလိုတဲ့နေရာမဟုတ်လား။ ဒီအတိုင်း ငြိမ်ငြိမ်သက်သက်လေးထိုင်နေရုံပဲ။ ထမင်းလက်ဆုံစားပြီး သတင်းကြည့်ရုံပဲ။ လူဆုံတဲ့အခါ စကားဝိုင်းဖွဲ့ရုံပဲ။ တကယ်ပဲ အိမ်ဟာ ဒီအတိုင်းမပြောင်းလဲဘဲ ရှိနေမဲ့နေရာပဲ…။

▪️အယ်လီယာ
61😭17😢5❤‍🔥2💔1🤝1