Poems you should read before you die
89.7K subscribers
1.89K photos
176 videos
1 file
848 links
(၂၀၂၃) မေလ ၆ ရက်
Ads post service available
Admin 👉🏻 @Pusrbud
Download Telegram
ကိုယ်ချစ်ရတဲ့သူတွေဆီ လက်ဆောင်ပေးပို့ချင်တာပဲ ဖြစ်ဖြစ် ၊

နေ့စဉ်ဘဝလေးထဲ ကဗျာလေးတစ်ပုဒ်ကို ကိုယ်နဲ့အတူ သယ်ဆောင်သွားချင်တာပဲဖြစ်ဖြစ်

ကိုယ့်ရဲ့ ရိုးရှင်းမှုlifestyle ကို ဖော်ပြချင်တာပဲဖြစ်ဖြစ်

GDM Signature Collection ထဲက

01. Blue Piece Design Totebag 💙 လေးရှိနေပါပြီ

" A story about knowing when to stay,
and when to let go."

မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ ။

ဆိုတဲ့ ကဗျာလေးနဲ့အတူ သင်ချစ်ရသူတွေဆီ လက်ဆောင်လေးတစ်ခု ပေးပို့လိုက်ပါ ။

----------------------------
ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်
(၃)ရက်အတွင်း အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ဗျ

ကြိုတင် Pre-order များကို @Pusrbud မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ပြည်ပနိုင်ငံများသို့လည်း Air cargoများဖြင့် ပို့ဆောင်ပေးပါတယ်။

September 1, 2026 စတင်ထွက်ရှိလာမှာပဲဖြစ်ပါတယ်

( Reseller အဖြစ်မှာယူချင်ညီအကိုမောင်နှမတွေရှိရင်လည်း @Pusrbud လေး မှာဆက်သွယ်စုံစမ်းနိုင်ပါတယ် )
19🥰1🍓1💘1
အချစ်ဆိုတာ
ရိုးစင်းတယ် ရိုးရှင်းတယ်
တကယ့်ကို သွေးရိုးသားရိုး
ကျနော်တို့တကယ့်ကို ရိုးသားခဲ့ပါတယ် ။

စိုက်တော့ မုန်ညှင်းပဲ
စိုက်ရင်းစိုက်ရင်း
ဘိန်းခင်းဖြစ်သွားတာကတော့
ကျနော်လည်း မသိဘူး ။

- စိုင်းဝင်းမြင့်
100😢18😭3
မင်းဆီမရောက်နိုင်ခဲ့တဲ့ အခိုက်များမှာ
ငါ့ဆီ စာတိုလေး တစ်စောင်ဖြစ်ဖြစ်
အမှတ်တရ ပို့ပေးခဲ့ပါလား
သိပ်သတိရတာပဲလို့လေ
ပြေးလာမှာ... ငါ ပြေးလာခဲ့မှာ...
တစ်ဘဝပြီး တစ်ဘဝ... ။

▪️အနီ

👉🏻အိုက်စ်ခရင် စာအုပ်မှ

Customers Review - Click
76💔6😢5
"ဂျင်းဘောင်းဘီတစ်ထည်ရဲ့ဖြောင့်ချက်"

ကျောင်းပြေးတာကအစ
ချိန်းရိုက်တာအဆုံး
မိဘမကြိုက်တာမှန်သမျှ အကုန်လုပ်ဖူးတယ်

ဆေးရှူတာကအစ
သပိတ်မှောက်တာအဆုံး
အစိုးရမကြိုက်တာမှန်သမျှ အကုန်လုပ်ဖူးတယ်

ဘုရားမရှိခိုးတာကအစ
ဘာကိုမှမယုံကြည်တာအဆုံး
လူမုန်းများတာမှန်သမျှ အကုန်လုပ်ဖူးတယ်

အမဲသားကြိုက်တယ်
မိန်းမလိုက်စားတယ်
စီးကရက်ရှိုက်ရင်း
ဝီစကီပုလင်းထဲက အရက်အတုတွေနဲ့
ခြေဆေးခဲ့ဖူးတယ်

ဆေးခါးကြီးတစ်ခွက်လိုအမှန်တရားကို
မျက်စိမှိတ်မျိုချ
ပြီးမှ
လက်ထိုးအန်ပစ်ခဲ့ဖူးတယ်

နံရံကို နားလည်တယ်
မြေအောက်မှတ်စုများကို ခံစားတယ်

ငယ်ငယ်တုန်းကလည်း ဘယ်သူနဲ့မှမတွေ့ချင်ဘူး
ကြီးလာတော့လည်း ဘယ်သူနဲ့မှမတွေ့ချင်ဘူး
ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မတွေ့သေးလို့

ငါက ကျွန်စုပ်ခံရတဲ့သရက်စေ့ပါ
ငါက လှံစိုက်ခံရတဲ့မြေနိမ့်ပါ

တစ်ခုမှမဟုတ်ပါဘူး
ကျွန်တော် လိမ်ပြောနေတာပါ။

▪️ကြည်ဇော်အေး
GDM Channel / Time Limited Edition
183💊4
ဘဝမှာ
ကျောင်းပိတ်ရက်မရှိ ။

•အောင်ချိမ့်
94😭33💔9🔥4💯2🏆2
ကိုယ်ချစ်ရတဲ့သူတွေဆီ လက်ဆောင်ပေးပို့ချင်တာပဲ ဖြစ်ဖြစ် ၊

နေ့စဉ်ဘဝလေးထဲ ကဗျာလေးတစ်ပုဒ်ကို ကိုယ်နဲ့အတူ သယ်ဆောင်သွားချင်တာပဲဖြစ်ဖြစ်

ကိုယ့်ရဲ့ ရိုးရှင်းမှုlifestyle ကို ဖော်ပြချင်တာပဲဖြစ်ဖြစ်

GDM Signature Collection ထဲက

01. Blue Piece Design Totebag 💙 လေးရှိနေပါပြီ

" A story about knowing when to stay,
and when to let go."

မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ ။

ဆိုတဲ့ ကဗျာလေးနဲ့အတူ သင်ချစ်ရသူတွေဆီ လက်ဆောင်လေးတစ်ခု ပေးပို့လိုက်ပါ ။

----------------------------
ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်
(၃)ရက်အတွင်း အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ဗျ

ကြိုတင် Pre-order များကို @Pusrbud မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ပြည်ပနိုင်ငံများသို့လည်း Air cargoများဖြင့် ပို့ဆောင်ပေးပါတယ်။

September 1, 2026 စတင်ထွက်ရှိလာမှာပဲဖြစ်ပါတယ်

( Reseller အဖြစ်မှာယူချင်ညီအကိုမောင်နှမတွေရှိရင်လည်း @Pusrbud လေး မှာဆက်သွယ်စုံစမ်းနိုင်ပါတယ် )
22🍓2
မိုးဦးကျရက်တွေပေါ့...
သတိရခြင်းတွေဟာ သည်းသည်းထန်ထန် ။
ဒါပေမဲ့...
ကိုယ်တည်တည်ငြိမ်ငြိမ်နဲ့ သတိရတတ်ပြီ ။

▪️စဝ်ခွန်ဇ

👉🏻ခင်ဗျားကိုကျွန်တော်ချစ်တယ် စာအုပ်မှ

Customers Review - Click
71😢11❤‍🔥2🥰1
This media is not supported in your browser
VIEW IN TELEGRAM
မင်းက ပါရမီရှင်ပါကွာ
ဆိုလိုတာက စောစောသေမှာ။

▪️ကိုသျှား
GDM Channel / Time Limited Edition
74💯7🕊5😢4🔥2
Forwarded from Y
တစ်စုံတစ်ယောက်ကို ဆင်းရဲဒုက္ခကနေ
လွတ်မြောက်စေလိုတဲ့စိတ်ဟာ
ချစ်ခြင်းမေတ္တာဖြစ်ကြောင်း
ကိုယ်နားလည်လက်ခံခဲ့တယ် ။

- ဂန္ဓမာ
-ဘုရားသခင်တွေရဲ့လမ်း
125💘9❤‍🔥6🍓5🕊1
"Higher standards always choose Art."

​These bags are available for order from  June 1 to August  31
(Limited time only).

​Special set offer for our first 50 guests .

"If you are interested in our collection, please feel free to reach out to us via Admin @Pusrbud for any inquiries."

​• Yangon, Mandalay, Naypyitaw: Cash on delivery (Within 3 days)

• International Shipping: Available via air cargo

Customer Feedbacks - Click

A memory Edition video - Click

June Edition video - Click
9🍓3🔥1
Forwarded from Admin Teams
ကိုယ်တိုင်ရေးကဗျာလေးတွေ တင်ပေးလို့ရလား လာလာမေးကြတယ့် လူငယ်လေးတွေအတွက်
ကျနော်တို့ဘက်က တတ်နိုင်သလောက် စီစဉ်ပေးလိုက်တဲ့ Community လေးတစ်ခုဖြစ်ပါတယ်

ကိုယ်တိုင်ရေးကဗျာလေးတွေကို လွတ်လပ်စွာ Gpလေးမှာ တင်နိုင်ပြီး

Weekly Feature အနေနဲ့

ကျနော်တို့ GDM team ဘက်ကနေ
Creative အကောင်းဆုံး ကဗျာpostလေးတွေကို ရွေးချယ် စီစစ် ပြီး
pageမှာ အပတ်စဉ် တပတ်ကို ၁ပုဒ်ဖြစ်ဖြစ် ပြန်လည်တင်ပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ

( ခေတ်ကာလအရ နိုင်ငံရေးpostလေးတွေကိုတော့ ကျနော်တို့ communityမှာ Banထားပါသေးတယ်ခင်ဗျ )

https://t.me/GDMnextgeneration
20🔥4🥰1
Forwarded from Shikamaru Game Shop (TofuKyaw)
This media is not supported in your browser
VIEW IN TELEGRAM
Shikamaru Game Shop မှာ
Uc လား Diamond လား Spotify premium လား ယုံကြည်စိတ်ချစွာဝယ်ယူလို့ရပါပီဗျ🤍

Ml diamond 💎
စျေးနှုန်းများ - ဒီမှာကြည့်ပါ


Ucစျေးနှုန်းများ - ဒီမှာနှိပ်ကြည့်ပါ

Spotify
premium စျေးနှုန်းများ - ဒီမှာကြည့်ပါ

Alight Motion
Premium စျေးနှုန်းများ - ဒီမှာကြည့်ပါ

Capcut Pro
စျေးနှုန်းများ - ဒီမှာကြည့်ပါ

V2Ray Key - ဒီမှာကြည့်ပါ

Resell Gp - https://t.me/Shikamarushop

Waiting time - 5 mins or 10 mins

ဝယ်ယူလိုပါက
Contact - @kend4like
6
ဒီလောကမှာဆို
သေနတ်တစ်လက်တော့
ဆောင်ထားသင့်တယ်
ကိုယ်ချစ်တဲ့ပန်းတွေကို
ကာကွယ်ဖို့လည်းဖြစ်နိုင်သလို
ကျဉ်းထဲကျပ်ထဲရောက်ရင်
ကိုယ့်နားထင်ကိုယ်
တေ့ပြစ်လိုက်ဖို့လည်း
ဖြစ်နိုင်တယ်။

▪️ဂန္ဓမာ

👉🏻သစ်ရွက်ခြောက်တွေရဲ့အိမ် စာအုပ်မှ

Customers Review - Click
71🍓3❤‍🔥2💔1
တော်ရုံတန်ရုံ
တံခါးပေါက်ကိုလည်း
အသည်းအနာခံ၍ မခေါက်တော့ပါ။

▪️ကြည်ဇော်အေး
GDM Channel / Time Limited Edition
76😢15💔12🐳1
This media is not supported in your browser
VIEW IN TELEGRAM
ဆုံးရှုံးလိုက်ရတဲ့အရာတွေကို
ဘယ်တုန်းကများ အကောင်းအတိုင်း
ပြန်ရဖူးလို့လဲ ။

- ဂန္ဓမာ
61😢19😭16💔15❤‍🔥1
မတုံ့ပြန်သောအချစ်ဟာ
ဩဇာ အရသာ လေးနက်မြဲ။

▪️အောင်ချိမ့်

👉🏻ပြဇာတ်မင်းသား စာအုပ်မှ

Customers Review - Click
59🍓6❤‍🔥1💘1
တစ်ယောက်တည်း ဖြစ်နေသူတွေအတွက်
အတိတ်ဟာ အိမ်တစ်လုံးလိုပဲ
နာကျင်ရတယ် ။

ဒါပေမယ့် ပျော်ခဲ့ရတယ် ။

▪️ဂန္ဓမာ
GDM Channel / Time Limited Edition
66😢14🕊7💔7🍓1
ချစ်နေရခြင်းကို
ဖယ်ကြည့်လိုက်ရင်
အရာအားလုံးဟာ ဒဏ်ရာတွေပဲ ..

ဘာကြောင့် မငိုသလဲ မေးရင်
သိပ်နာလွန်းလို့' လို့ ဖြေရပါလိမ့်မယ် ။

▪️အောင်ချိမ့်
1148💔30💘8🍓4
ထိလိုက်တာနဲ့ ပိတ်ကျသွားတဲ့
ထိကရုဏ်းပင်လေးတွေပဲကောင်းတယ် ဟန်နာ
ပြင်ပကအသံတွေကို သူတို့မကြားတော့ဘူး
ကိုယ့်ကမ္ဘာနဲ့ကိုယ် အနိုင်ပိုင်းပြစ်လိုက်တော့တယ်။
လူတွေကတံခါးဖွင့်ပေးဖို့ မထိုက်တန်တဲ့အခါပေါ့။

▪️ခွန်းညိုသွေး

👉🏻တစ်ဦးတစ်ယောက်အတွက်ပျိုးခဲ့တဲ့ပန်းတွေ စာအုပ်မှ

Customers Review - Click
65🐳3❤‍🔥1
အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ လက်တစ်ပစ်စာရယ်ပါ
သားမှာတော့...
ယူဇနာသန်းပေါင်းများစွာဝေးကွာလို့။
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။

▪️မောင်ချောနွယ်
GDM Channel / Time Limited Edition
😢5629