Poems you should read before you die
89.7K subscribers
1.89K photos
176 videos
1 file
851 links
(၂၀၂၃) မေလ ၆ ရက်
Ads post service available
Admin 👉🏻 @Pusrbud
Download Telegram
လက်အုပ်ချီနေတာတောင်မှ
လက်ထဲ ဘာတွေဝှက်ထားသလဲ
အမေးခံရသလိုမျိုး

မယုံကြည်ခြင်းတွေဟာ
စောက်ခွက်ကို လာလာထိုးတယ် ။

▪️ဘုန်းပြည့်စုံမင်း
GDM Channel / Time Limited Edition
114😢25💔12😭7💯2
နာရီလက်တံတွေ
နောက်ပြန်လည်တဲ့တစ်နေ့
ပျော်စရာတွေဟာ ငါ့အပေါ်
အားရပါးရ၀ဋ်ပြန်လည်လိမ့်မယ်။

▪️အောင်ချိမ့်
173😭23😢10💔8❤‍🔥2🏆2🍓21
ဒီအချိန်ဆို မင်းလေးလည်းနှစ်ခြိုက်စွာအိပ်မောကျနေရောပေါ့ သတိရခြင်းရဲ့တိတ်ဆိတ်မှုဟာ မင်းအနားမှာ လေပြေလိုအေးပါစေကွယ် ။

▪️ဂန္ဓမာ
114😭40💔13😢12🍓5❤‍🔥1💘1
မင်းကတော့ အမျှဝေပါတယ်
ကိုယ်တိုင်က မကျွတ်လွတ်ချင်သေးလို့
နှုတ်ဆိတ်နေမိတာ ။

▪️ခွန်းညိုသွေး

👉🏻အထပ်ထပ်အခါခါ စာအုပ်မှ

Customers Review - Click
71😢13❤‍🔥3🔥1
မဖြစ်နိုင်တာတွေ အများကြီးနဲ့
မဖြစ်သေးတာတွေ အများကြီးနဲ့

နေ့ရက်တွေ အများကြီးနဲ့
လုပ်ချင်တာတွေ အများကြီးနဲ့
တကယ်မှာ မတတ်နိုင်တာတွေ အများကြီးနဲ့

ဒါကြောင့်ပင်
ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ..

▪️အောင်ချိမ့်
GDM Channel / Time Limited Edition
❤‍🔥6653😭8😢2
Forwarded from Y
အရာအားလုံးကို ဆုံးရှုံးလိုက်ရဖို့သက်သက်
ငါတို့ ပိုင်ဆိုင်ခဲ့ရတယ် ။

-ဂန္ဓမာ
105😢24💔20❤‍🔥4🍓1🤗1
"ဟေ့လူ သေမလို့လား" တဲ့
မဟုတ်ပါဘူး
လေး၊ ငါး၊ ခြောက်မိနစ်
ကိုးမိနစ်၊ ဆယ်မိနစ်လောက်ဖြစ်ဖြစ်
တရေး တမှေး တမှိတ်
ခေတ်ကြီးနဲ့ ဝေးသွားသလို အိပ်ချင်လို့ပါ။

▪️အောင်ချိမ့်

👉🏻ချစ်မိတ်ဆွေနှင့်အခြား စာအုပ်မှ

Customers Review - Click
104🍓3💔1
မျှော်လင့်ချက်တွေဟာ
လုပ်ကြံခံလိုက်ရတယ်

အနာဂတ်ကတော့
အသက်ငင်နေဆဲ ။

▪️လှသန်း
GDM Channel / Time Limited Edition
115💔25😢9😭7
ယောကျာ်းတို့ဇွဲ သေခါမှလျှော့တဲ့
ကျွန်တော် (၆)ကြိမ် ဖွင့်ပြောတာ
(၅)ကြိမ် အငြင်းခံရတယ် ။

- လယ်တွင်းသားစောချစ်
117💔5❤‍🔥4😢4🍓1
ချောက်ကမ်းပါးစွန်းက လူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ။ ။

▪️လှသန်း

👉🏻လှသန်းကဗျာပေါင်းချုပ်၂ စာအုပ်မှ

Customers Review - Click
85😢13💔4🍓1
This media is not supported in your browser
VIEW IN TELEGRAM
နှစ်ယောက်အတူဖြတ်သန်းခဲ့တဲ့
အမှတ်တရတွေကို
တစ်ယောက်ထဲ ဆက်လက်သိမ်းဆည်းထားဖို့
ခံနိုင်ရည် မရှိခဲ့သူတွေ။

▪️ဂန္ဓမာ

GDM Channel / Time Limited Edition
87😢24💔15😭6
ကမ္ဘာကြီးထဲ မိုးရာသီတွေပဲ
ထည့်ထားရင်တောင်
ရေစက်မရှိရင် မဆုံနိုင်ဘူး ။

▪️အောင်ခိုင်မြတ်
💔8952😢11🕊7😭7💯2💘2💊1
မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ ။

▪️ဂန္ဓမာ

A story about knowing when to stay,
and when to let go.

September 1, 2026 မှာ
Chapter အသစ်တစ်ခုဖြစ်တဲ့
GDM Signature Collection ထဲက
01. Blue Piece Designလေး
စတင်ထွက်ရှိလာမှာပဲဖြစ်ပါတယ်။

Admin - @Pusrbud မှာ ကြိုတင်Orderတင်ထားလို့လည်းရပါတယ်ခင်ဗျ

ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်
(၃)ရက်အတွင်း အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ဗျ

ပြည်ပနိုင်ငံများသို့လည်း Air cargoများဖြင့် ပို့ဆောင်ပေးပါတယ်။

( Reseller အဖြစ်မှာယူချင်ညီအကိုမောင်နှမတွေရှိရင်လည်း @Pusrbud မှာဆက်သွယ်စုံစမ်းနိုင်ပါတယ် )
45❤‍🔥5💔5🍓3😢2
တရားနဲ့မဖြေနိုင်သူကတော့
ဝဋ်ရှိသမျှပေါ့။

▪️အောင်ချိမ့်

👉🏻ယခုစာအုပ် စာအုပ်မှ

Customers Review - Click
💔4840😢7❤‍🔥2💘1
ငါတို့ဘဝတွေက ဓာတ်ပုံရိုက်သလိုပဲ

တစ်ခါတလေ အလင်းများသွားတယ် ။
တစ်ခါတလေ အမှောင်ဖုံးသွားတယ် ။

အဲဒီလိုနဲ့ပဲ မပြည့်စုံတဲ့ နဂ္ဂတစ်တွေ ကြားထဲမှာ
ငါတို့ရဲ့ အမှတ်တရတွေကို သိမ်းဆည်းခဲ့ရတာပါ ။

▪️နီကိုရဲ
GDM Channel / Time Limited Edition
78😢20😭5💔3🙊1
ငယ်ရွယ်မှုက
ဘာနဲ့မှတုလို့ မရပါဘူး
ဒါကြောင့် သူတို့ သူတို့
အရူးအမူး ချစ်ကြပါစေ။

▪️အောင်ချိမ့်
1160🍓13❤‍🔥4🦄3💔2🥰1
This media is not supported in your browser
VIEW IN TELEGRAM
မင်းကတော့ အတိတ်တွေထဲက
လွတ်မြောက်သွားခဲ့ပြီ ထင်ပါရဲ့ ။

Admin @Pusrbud
Customer Feedbacks - Click
38💔13💘4🍓2🔥1😢1
မိန်းမ မှန်ရင်
အရက်သောက်စရာမလိုဘူး ။

ပုံမှန်အခြေအနေမှာကိုက
" ရမ် " သုံးပက်စာ ရှိတယ် ။

- တာရာမင်းဝေ
88🫡17👀41👏1🍓1
ငါက အဆင်မပြေတဲ့အခါတိုင်း
သဘော်ပျက်ကြီးနဲ့ ခရီးထွက်မယ်
အဝေးကြီးဆိုတဲ့ တစ်နေရာမှာ
အဝေးဆုံးဆိုတဲ့စိတ်နဲ့နေမယ်

▪️နွေသစ်ငြိမ်း

👉🏻 Only me စာအုပ်မှ

Customers Review - Click
71💔6😢5❤‍🔥1
This media is not supported in your browser
VIEW IN TELEGRAM
ချစ်တယ်ဆိုတာ
လွတ်လပ်ခွင့်ကို မကျူးကျော်ခြင်းပါ ။
ဘယ်တော့မှ မလေးလံစေခြင်းပါ ။

တကယ်တော့ ချစ်တယ်ဆိုတာ
အသက်ရှူပေးနေရုံနဲ့တင်
ကျေးဇူးတင်နေရခြင်းပါ ။

▪️မြကျေး
GDM Channel / Time Limited Edition
145🍓13❤‍🔥4🍾1
GDM Signature Collection

01. Blue Piece Design

September 1, 2026


" A story about knowing when to stay,
and when to let go."

မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ ။

----------------------------------

ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်
(၃)ရက်အတွင်း အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ဗျ

ကြိုတင် Pre-order  များကို Admin - @Pusrbud မှာတင်ထားလို့ရပါတယ်ခင်ဗျ

ပြည်ပနိုင်ငံများသို့လည်း Air cargoများဖြင့် ပို့ဆောင်ပေးပါတယ်။

( Reseller အဖြစ်မှာယူချင်ညီအကိုမောင်နှမတွေရှိရင်လည်း @Pusrbud မှာဆက်သွယ်စုံစမ်းနိုင်ပါတယ် )
12😭7🍓3