Poems you should read before you die
89.7K subscribers
1.89K photos
176 videos
1 file
851 links
(၂၀၂၃) မေလ ၆ ရက်
Ads post service available
Admin 👉🏻 @Pusrbud
Download Telegram
အချိန်ကာလတွေကို ထိန်းချုပ်ကိုင်တွယ်လို့ရတဲ့ခလုတ်တွေ ရှိရင် သိပ်ကောင်းမှာပဲ
အဲ့လိုသာဆို ငါ့အနား မင်းမရှိတဲ့ ရက်တွေကို
ကျော်ပစ်လိုက်မယ်
အထီးကျန်မှုနဲ့ ငါနေသားကျသွားမှာကိုတော့
မင်းလည်း မလိုလားဘူးမို့လား
မင်းဖုန်းမဟုတ်ရင် ကျန်တဲ့ အသံတွေမှန်သမျှ
ငါလည်း ငြင်းဆန်ပစ်ချင်တယ်

▪️ပိုပိုဖီးနစ်

👉🏻ကျမရဲ့စိတ်ဝပ်ကျင်းများ စာအုပ်မှ

Customers Review - Click
163🔥7💔5🕊3❤‍🔥2🍓1
ဘဝသစ်မှာအခြေကျတဲ့အခါ
ဒဏ်ရာတွေကို ဝေးဝေးကရှောင်ပါတယ်

သိပ်ချစ်တယ် ဆိုတဲ့လူတွေတိုင်းဟာ
မင်းလိုပဲ ဆိုတဲ့စိတ်နဲ့
ငါအဝေးကြီးမှာ နေခဲ့တယ် ။

▪️ဂန္ဓမာ
181💔38😢12❤‍🔥3
အသက်ကလည်း မငယ်တော့
အရွယ်ကလည်း ရင့်ပြီ

ကိုယ့်ရင် ကိုယ်ဖွင့်ကြည့်မိတော့ အံ့အားသင့်စရာ
ပန်းခြောက်လေး တပွင့်တောင်မှမရှိ။

- လှသန်း
123😢12❤‍🔥5💔5🎉1🦄1
ဘဝဆိုတာ ဓားချက်တွေ
မွှန်းထားတဲ့
အရှင်လတ်လတ် ငါးပဲ။

▪️မောင်ချောနွယ်

👉🏻ငှက်ဆိတ်တဲ့သစ်စည်း စာအုပ်မှ

Customers Review - Click
82❤‍🔥2💔21🥰1🤩1😭1
This media is not supported in your browser
VIEW IN TELEGRAM
အိမ်လှေကား အတက်အဆင်း
ပခုံးချင်း ဝင်တိုက်ချင်လို့

ခေါင်းအုံးတစ်လုံး နှစ်ယောက်အုံးပြီး
အိမ်မက်တစ်ခုကို
နှစ်ယောက်ခွဲပြီး မက်ကြရအောင်

ဘဝမှာ
ကျွန်တော့်တီရှပ်တွေ မတော်ပဲယူဝတ်မယ့်
မိန်းကလေးတစ်ဦး လိုအပ်ပါတယ်။

▪️ဆန်းကျော်စွာဝင်း
GDM Channel / Time Limited Edition
146😢12😭9💋1🫡1
ဘုရားမပွင့်တဲ့နှစ်ကာလတွေမှာ
ကိုယ့်ဉာဏ်လေးနဲ့ကိုယ် တတ်နိုင်သလောက်
မထိခိုက်မပွန်းပဲ့အောင်နေထိုင်နေရတယ် ။

▪️ဂန္ဓမာ
▪️ဘုရားမပွင့်သောနှစ်ကာလများ
160😢40😭11💔6❤‍🔥5
ကဗျာဆရာလိုလို
နိုင်ငံရေးသမားလိုလို

ဒီကောင့်ကို ချစ်ရတာ မင့်မှာ
သိပ်ပင်ပန်းခဲ့မှာပဲ ။

- ကေဇဝင်း
109😭21😢10👏4🐳2🔥1
မိုးပျံပူဖောင်းတစ်လုံး
ပြတ်ထွက်သွားတာ
နှစ်ပေါင်းတွေကြာခဲ့ပေါ့
တွေ့လို့
ဘယ်သူ ပြန်ပေးကြမှာလဲ

ပြန်လာပေးမယ်
ထင်ပါတယ် ။     ။

▪️အောင်ချိမ့်

👉🏻ရိုမန့်တစ်ခေတ် စာအုပ်မှ

Customers Review - Click
76💔2🔥1😢1🍓1😘1
ရေဒီယိုအဟောင်းလေးမှာ
ကြားဖြတ်သတင်းတပုဒ် ကြေညာသွားတယ်

" သူလည်း မင်းကို လွမ်းနေသတဲ့ "

နှစ်ယောက်အတူ နွေးရမယ့် ရာသီမှာ
တယောက်တည်း ကွေးရတဲ့အခါ
မိုးဟာ... အေးစက်ပြီးမှ အထီးကျန် လိုက်တာ။ ။

▪️ဆန်းကျော်စွာဝင်း
GDM Channel / Time Limited Edition
132😢36💔111😭1
ဟယ်လင်ကဲလား ပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေမှန်ပါတယ်။
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီး စောင့်နေမှာ မို့လို့လဲ။
ရှေ့ကိုသွားနေတဲ့ရထားမှာ
နောက်ပြန် ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။

▪️သန်းတင့်

👉🏻ခင်ဖုန်းသက်ဝေဂယ်လာရီ စာအုပ်မှ

Customers Review - Click
93💘9🔥5😢3
This media is not supported in your browser
VIEW IN TELEGRAM
သေအောင်ကြိုးစားလည်း
သေသာသွားမယ်
မရတဲ့ အရာတွေရှိတယ် ။ ။

▪️တာရာမင်းဝေ
GDM Channel / Time Limited Edition
154😭40💔12👏6😢6🕊4🎉1🍓1💘1
သူ့ ဘဝကို ရဖို့ဆိုတာ
အတ္တ ဖြစ်ပြီး ။

သူ့ ဘဝကို လှဖို့ဆိုတာကတော့
မေတ္တာဖြစ်တယ် ။

- ရွှေစွန်ညို
175😭17😢6🔥1🕊1🍓1
အသက်ကိုနောက်မှရှုမယ်
ကော်ဖီကိုအရင်သောက်မယ်
ငါ့ကိုယ်ငါအရင်ချစ်လည်း
မင်းကို ချစ်တာအရင်ဖြစ်ခဲ့တယ်

▪️စိုင်းဝင်းမြင့်

👉🏻ကျေးဇူးတော်လမ်း စာအုပ်မှ

Customers Review - Click
89😢4😭3🍓2💘1
အောင်ခြင်းရှစ်ပါးမှာ
ငါတို့က ကျခြင်းငရဲများ
ငါမပြေးသင်တာ အမြဲပြေးသူများဖြစ်ရတယ်။

ပြီးတော့လည်း လမ်းတစ်နေရာမှာ
ရည်းစားဟောင်းနဲ့ ပြန်တွေ့ရတတ်တယ်။

▪️စိုင်းဝင်းမြင့်
GDM Channel / Time Limited Edition
91
မကောင်းတဲ့ ခေတ်ချင်းတူပေမဲ့
ဒီဘက်ခေတ်မှာတော့
သီချင်းတွေ အကျယ်ကြီးဖွင့်ပေးတဲ့
လမ်းဘေးကဖေးဆိုင်တွေ မရှိတော့ဘူး ။

ကိုယ်စားသုံးချင်တဲ့ သီချင်းတွေကို
လမ်းဘေးကဖေးဆိုင်ထိုင်ရင်း
လူရှေ့သူရှေ့ လွင့်မျောခွင့်မရှိတော့ဘူး ။

အခုဆို
ဘယ်သူက ဘယ်သူ့ကို ကြိုက်နေတာမှန်းတောင်
ငါတို့မသိနိုင်တော့ဘူး ။

- အောင်ခိုင်မြတ်
137😢11
ဒဏ်ရာနည်းနည်းနဲ့  ရှင်သန်တော့မှာလို့ ဆုံးဖြတ်ပြီး
ဘဝကိုပြန်ဆွဲထားရတဲ့နေ့ရက်တွေမှာ

ပျော်ရွှင်ဖို့ကိုပဲ အစဉ်တစိုက်ဦးခိုက်ပါတယ်

ဘယ်နှုတ်ခမ်းဆီမှာမှ ထပ်ပြီး မီးခိုလို မှုတ်ထုတ်မခံရဖို့ရယ်

ဘယ်သူ့လက်ထဲမှာမှ ထပ်ပြီး
ပြာတစ်စလို တောက်ချမခံရဖို့ရယ်

ဘာမှထပ်ထည့်လို့မရတော့တဲ့
ခွက်အခွံတစ်ခုလို ဆက်လက်နေထိုင်သွားမယ်

ဒါကလက်ရှိအနေအထားပါပဲ။

▪️နွေသစ်ငြိမ်း
    
👉🏻အဝါရောင်ညနေခင်း စာအုပ်မှ

Customers Review - Click
69👏3
This media is not supported in your browser
VIEW IN TELEGRAM
ဘုရားက ဘဝဟာ
ခံစားမှုဒုက္ခပဲလို့ ဟောတယ်
ကျွန်တော်တို့ကတော့
အဲ့ခံစားမှုကို ဖက်တွယ်တတ်တဲ့
ဝဋ်နာကံနာလေးတွေပါပဲ။

▪️ဂန္ဓမာ
GDM Channel / Time Limited Edition
119😢17💯4💔2❤‍🔥1👏1
ကိုယ်ကသာပြောစရာရှိခဲ့ပြီး
သူကပြောစရာမရှိတော့သော
ယတိပြတ်မှုကို
ငါချိန်းဆိုခဲ့ပါတယ်
ငါစောင့်ခဲ့တယ်။

▪️အောင်ချိမ့်

👉🏻ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ် စာအုပ်မှ

Customers Review - Click
82😢13💔12🕊2😭1
တစ်ယောက်ဆို
တစ်ယောက်ချစ်မိရင်
တဏှာပဲ ။

အားလုံးကိုချစ်လိုက်
မေတ္တာတရားကြီးမားသူ
ဖြစ်သွားရော ။

▪️အကြည်တော်
GDM Channel / Time Limited Edition
138🤩19🫡12👏11🙊5🤗4❤‍🔥3💔2🕊1😇1
အရာအားလုံးကို ဆုံးရှုံးလိုက်ရဖို့သက်သက်
ငါတို့ ပိုင်ဆိုင်ခဲ့ရတယ် ။

▪️ဂန္ဓမာ
▪️ဒုက္ခသစ္စာ
109💔36😭9🏆2🔥1🍓1
ဟောဒီ သြဂတ်စ်ရဲ့
တစ်မနက်မှာ
ငါ သူနဲ့ရင်ဆိုင်လိုက်တယ် ။

ကျွန်တော် ထပ်ရှုံးပေါ့
စကားတစ်လုံးက ချေမှုန်းတယ်
ငါဟာ မင်းအမေလောက်ရှိပါတယ်တဲ့ ။

- အောင်ချိမ့်
91💔16😢6😭3👀1